Vol 5🐉45🐉အနက်ပိုင်းထဲက

81 17 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (45)
အနက်ပိုင်းထဲက

ဝူရှဲ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဟာ ဒီလူတွေထဲမှာ အညံ့ဆုံး ဖြစ်တာကြောင့် အရိုက်ခံရတာတောင်မှ မလှုပ်ရှားသင့်ပေ။ ဦးလေးသုံးကလည်း ဒီအချက်ကို သိပေသည်။ သူ့ခွန်အားကို သိရဲ့သားနဲ့ ဆင်းလာခိုင်းတယ် ဆိုတာ သူ့မှာ အကြောင်းပြချက်တွေ ရှိမယ်ထင်ပါရဲ့။ ဒါပေမဲ့ ဒီတူးမြောင်းရဲ့ အနံ့ကို ရှူရှိုက်မိတော့ ဝူရှဲ့ မဆင်းချင်ချေ။

ဒါပေမဲ့ လူတိုင်းက သူ့ကို ကြည့်​နေကြသည်။ ဝူရှဲ့မှာ တစ်ဖက်ကလည်း အောက်ဖက်က အခြေအနေကို သိချင်နေသည်။ တစ်ဖက်ကလည်း ဟေးရန်ကျင်းက ဘာမှတ်ချက်မှ ပေးစရာ မရှိသလို နှုတ်ဆိတ်နေရာ နောက်ဆုံးမှာတော့ ဝူရှဲ့တစ်ယောက် ဟေးရန်ကျင်းရဲ့ အကာအကွယ်နဲ့ ဆင်းသွားရတော့သည်။

အမြင်အာရုံကို အားကောင်းစေသော စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ ဖြစ်နိုင်သည်။ ဆင်းပြီးပြီးချင်း ဆီးနံ့ပြင်းပြင်းက အသက်ရှူမဝနိုင်လောက်အောင် ပြင်းထန်စွာ နှာခေါင်းထဲ တိုးဝင်လာလေသည်။ အောက်ဖက်က အက်ကြောင်းဟာ သူထင်ထားသလောက် သွားလာရတာ မလွယ်ကူပါ။

နံရံထောင့်က အရမ်းကြီးသည်။ ဦးလေးသုံး ချောချောမောမော ဆင်းသွားတာကို ကြည့်ပြီး သူ့ခွန်အားတွေ နည်းနည်း ထပ်ထည့်လိုက်စဥ် ရုတ်တရက် ချောလဲသွားလေရာ ဆီးတွေ ရွှံ့တွေနဲ့ ရောနေတဲ့ အညစ်အကြေးတွေ အများကြီး သူ့အပေါ် ဖုံးလွှမ်းသွားလေရာ ဝူရှဲ့လည်း ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်မိတော့သည်။

သူ့အပေါ်က ဟေးရန်ကျင်းက ပြုံးပြီး ပြောလေသည်။

"တောင်းပန်ပါတယ် သူငယ်ချင်းလေးရေ.... ဒါပေမဲ့ ဆီးက အရေပြားအတွက် ကောင်းပါတယ်"

"သောက်ကျိုးနည်းကိုပဲ ကောင်း! ခင်ဗျား သူတို့ကို ဒီထဲစိမ့်မ၀င်လာအောင် လုပ်လိုက်တာကမှ ကောင်းတာ!"

အပေါ်က လူတွေက တစ်ခုခုဖြစ်သွားပြီလို့ ထင်သွားတာကြောင့် အချက်ပြလေရာ ဟေးရန်ကျင်းက ကြိုးကို ဆက်နှိမ့်ဖို့ အချက် ပြန်ပြလိုက်လေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now