Vol 5🐉50🐉အကျဥ်းထောင်

106 21 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (50)
အကျဥ်းထောင်

ဦးလေးသုံးကြောင့် သတိလစ်သွားပြီးနောက် ဝမ်ကျင်း၏ မှတ်ဉာဏ်သည် သူမ နိုးလာသောအခါတွင် ကောအာမုရှိ ပြန်လည်ထူထောင်ရေး အဆောက်အအုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒီစကားကြားတော့ ဝူရှဲ့လည်း အရမ်းစိတ်ရှုပ်သွား၏။ ဒါကြီးက လျှို့ဝှက်ဆန်းကြယ် လွန်းလှတယ် မဟုတ်လား။

ဝမ်းကျင်ရဲ့ စကားအတိုင်းဆို ဦးလေးသုံးသည် သူတို့ကို အံ့အားသင့်စေပြီးနောက် ဝမ်းကျင်တို့ နိုးလာပါက ၎င်းတို့အား ရှင်းပြကာ တန်ပြန်အရေးယူမှုများကို ဆွေးနွေးမည် ဖြစ်သည်။ ဒါပေမယ့် ဝမ်းကျင်က နိုးမလာဘဲ တစ်ပတ်ကျော်လောက် သတိလစ်သွားပြီးနောက် တစ်ခုခုဖြစ်သွားပုံရသည်။

"ဝူစန်းရှင်က အန်တီတို့အထဲမှာ မရှိဘူးလား?"

ဝမ်းကျင်က ခေါင်းခါလိုက်သည်။

"ဒါက ထူးဆန်းတယ်.... အန်တီကို ဘယ်သူက ပြန်ပေးဆွဲခဲ့တာလဲ"

"အဲ့ဟာ...." ဝမ်းကျင်က တိတ်တိတ်လေး ပြောသည်။

ဝူရှဲ့မှာလည်း ဒီအကြောင်းကို အမြဲတမ်း စိတ်ရှုပ်နေခဲ့ရတာကြောင့် ထပ်မေးလိုက်၏။

"အဲ့ဟာဆိုတာ ဘာလဲ"

ဝမ်းကျင်မှာ စကားအများကြီး ပြောခဲ့ရတာကြောင့် ရေတစ်ကျိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။

"အဲ့ဟာက ဘာလဲဆိုတာ ငါ ရှင်းမပြတတ်ဘူး.. ဒါအကုန်လုံးကို လေ့လာနေတဲ့ အချိန်မှာ တွေ့ခဲ့ရတာပဲ.... အဲဒါကို ဘယ်လို သဘောထားရမလဲဆိုရင် 'စွမ်းအား' တစ်မျိုးလို့ ပြောလို့ရတယ်"

"စွမ်းအား?" ဝူရှဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"အန်တီတို့ လွတ်မြောက်ပြီးတဲ့ နောက်မှာတော့ အဲဒီအမှောင်ခန်းထဲမှာ အရာအားလုံးကို အစကနေ အဆုံးအထိ မှန်းဆခဲ့ကြတယ်... ဒါပေမဲ့ အန်တီတို့ ချိတ်ဆက်လို့မရတဲ့ လင့်တွေ အများကြီးရှိခဲ့တယ် အဆုံးမှာတော့ အရာအားလုံးကို နေရာတော်တော်များများမှာ တွေ့ခဲ့ရတယ်... နောက်ဆုံး လူတစ်ယောက် ပျောက်နေတာကိုလည်း တွေ့လိုက်ရတယ်"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now