Vol 5🐉40🐉တတိယည - ကယ်တင်ခံရပြီ

58 12 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (40)
တတိယည - ကယ်တင်ခံရပြီ

ခေါင်းငုံ့မ​ကြည့်ဝံ့ပေမယ့် မကြာခင်မှာပဲ ရေထဲမှာ ပွက်ပွက်ဆူနေတဲ့ ရေပူဖောင်းတွေ ထလာရာ ဝူရှဲ့ သူ့မျက်လုံးတွေကို ငုံ့ကြည့်လိုက်တဲ့အခိုက် ရေအောက်မှာ အဖြူရောင် လူပုံသဏ္ဌာန် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အရိပ်က သူ့ခြေရင်းမှာ ရှိနေပြီး အဲဒါက လူလား တစ္ဆေလား မပြောနိုင်ပေ။ ဒါပေမဲ့ အရိပ်ဖြူရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် ဒါက လူတစ်ယောက် ဆိုတာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ခံစားရ၏။

ဘယ်သူလဲ?

ဘေးနားက ဖက်တီး နိုးလာတာ မဖြစ်နိုင်သလို ဖန့်ကျစ်ကလည်း ဘုရားကျောင်း မျှော်စင်ထဲမှာ ရှိနေတုန်းပင်။ သူတို့ နှစ်ယောက် ဆိုရင်တောင် ဒီလောက် ဖြူနေမှာ မဟုတ်။ ဒီအချိန်မှာ သူဘာမှ မလုပ်နိုင်တော့တာမို့ မြွေကို စိုက်ကြည့်ရင်း သူ့ရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်နေခဲ့သည်။

ဝူရှဲ့ ပတ်ဝန်းကျင်မှာ ရေတွေက တပွက်ပွက်တွေ ပေါ်လာပြီး အဲဒီလူက ရေအောက်မှ သစ်ပင်တွေရဲ့ အမြစ်တွေကို ဆုပ်ကိုင် ဖယ်ရှားနေပုံရကာ ရေထဲမှာ လှိုင်းတွေ လှုပ်ခတ်နေတာကို ခံစားခဲ့ရလေသည်။

မြွေသည်လည်း ဝူရှဲ့ကို စိုက်ကြည့်နေခဲ့ရာမှ ချက်ချင်း သတိပြန်ဝင်လာကာ လှည့်ကြည့်လိုက်စဥ် ပတ်ဝန်းကျင် ရေပြင်က တုန်လှုပ်သွားတာကို ကြည့်ရင်း နားမလည်နိုင်ဘဲ ချက်ချင်းပင် ခေါင်းကို မော့ကာ ကြက်ဖတစ်ကောင် တွန်လိုက်သလို စူးစူးဝါးဝါး အော်လိုက်​​တော့သည်။

တခဏ အတွင်းမှာတော့ မြွေဟာ နီရဲလာပြီး မြွေတစ်ကိုယ်လုံး ဖောင်းကြွလာပုံမှာ သွေးတွေထွက်လုနီးနီးပင်။ ဒါက သတိပေးချက်လား ဒါမှမဟုတ် အဖော်ခေါ်​နေတာလား မပြောတတ်ချေ။

တစ်ချိန်တည်းမှာပဲ ခြေကျင်းဝတ်ကို ကိုက်နေတဲ့ ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။ ခြေချင်းဝတ်နေရာကို တစ်စုံတစ်ယောက် ကုတ်ခြစ်နေသလို နာကျင်နေပေမယ့် သွားတွေကို အံကြိတ်ပြီး သေသေချာချာ ခံစားလိုက်တော့မှ အဲဒီလူက တစ်ခုခု ရေးနေတာမှန်း သိလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Место, где живут истории. Откройте их для себя