Vol 5🐉25🐉တတိယည - ရုပ်ကြွ

105 16 4
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (25)
တတိယည - ရုပ်ကြွ

သူတို့ သုံးနိုင်သမျှ ပစ္စည်းအားလုံးကို ရွှေ့ပြီး ရွှံ့ပုံးပေါင်းများစွာလည်း ပြင်ဆင်ခဲ့သည်။ မီးတောက် အကြီးကြီး မထွန်းရဲတော့တာကြောင့် မီးသွေးခဲသေးသေးလေးကိုသာ အလင်းရောင်ရအောင် လုပ်ထားရသည်။ ဖက်တီးက ညစာအတွက် စည်သွတ်ဘူးကို အထဲမှာ ချက်ဖို့ မဝံ့တော့တဲ့အတွက် အပျက်အစီးရဲ့ အပြင်ဘက်မှာ မီးဖိုကို ညှိလိုက်သည်။

မြူခိုးတွေ လေထဲမှာ ပြည့်သွားပြီးရင် မြွေတွေဟာ ကျိန်းသေပေါက် လှုပ်ရှားလာမယ်လို့ ခန့်မှန်းထားတာကြောင့် ညနေစောင်းမှာ ဝူရှဲ့လည်း ဖက်တီးကို ဟင်းချက်ရာမှာ ကူညီပေးပြီး မျက်နှာသေကလည်း အပေါ်ကနေ ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထားသည်။

ဒါပေမဲ့ ဖက်တီးက အရမ်းမြန်သည်။ သူ စည်သွပ်ဗူးကို ဖွင့်ပြီးတာနဲ့ ဝူရှဲ့ သူ့ကို မကူညီနိုင်တော့ပေ။ အကြောင်းမှာ သူ့ခမျာ ဗူးဖွင့်ပြီးတော့ ငြိမ်နေလို့ပါပဲ။

ဖက်တီးမှာ သူ့ရဲ့ ယခုလိုပုံစံမျိုး စိတ်အနှောက်အယှက် အဖြစ်ဆုံးဟု ဆို၏။ လင်တယွိအတိုင်း တစ်နေ့လုံး တွေးရလွယ်တဲ့ အရာတွေ အများကြီးကို ကောက်တွေးနေတဲ့သူလို့ ပြော​ပါသည်။ သူဒီလိုပဲ ထိုင်တွေးနေရင် ယန္တရားတွေ အကုန်လုံး သူ့ကို သတ်ပစ်လောက်ပြီ။ ဥပမာ ဘောလုံးကွင်းထဲ၌ ဖိနပ်ကြိုး ချည်နေတုန်း ခြေထောက်တွေကို အသေကန်ပစ် ခံလိုက်ရသလိုမျိုးပင်။ အဆုံးသတ်က အတူတူပဲ ဖြစ်သွားလိမ့်မည်။

ဖက်တီးဆီက “ဖိနပ်ကြိုး” ဟူသော စကားလုံးကို တွေးတော ပြီးသောအခါတွင် သူ့ဆိုလိုရင်း အကြောင်းကို သိလိုက်ရသဖြင့် ရှိုက်ကြီးတငင် မပြုံးနိုင်ဘဲ ဖြစ်သွားသည်။ အဲဒါကို တွေးနေတုန်း ဖက်တီးက မေးလာ၏။

"ငါ ပြောမယ် ငဒူလေး.... အဲဒီအစ်ကိုလေး ဘာလုပ်နေတယ်လို့ ထင်လဲ"

ဝူရှဲ့ လှည့်ကြည့်လိုက်တဲ့အခါ မျက်နှာသေသည် ဘုရားကျောင်းမျှော်စင် အပေါ်က ကျောက်နံရံကို သုတ်ဖို့ တစ်ခုခုသုံးနေတာကို တွေ့တော့ ဝူရှဲ့ လှမ်းအော်လိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now