Vol 5🐉24🐉အရုဏ်ဦး - လွှဲပြောင်း

38 11 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (24)
အရုဏ်ဦး - လွှဲပြောင်း

နှစ်ယောက်သား မျက်နှာသေကို တဲထဲသို့ ပြန်ခေါ်သွားပြီး သူ့ဒဏ်ရာကို ချက်ချင်း စစ်ကြည့်တော့ သူအကိုက်ခံရတဲ့ နေရာက လက်ကောက်ဝတ်မှာ ဖြစ်ပြီး သွေးထွက်​​နေတဲ့ အပေါက်နှစ်ပေါက် ရှိပေမယ့် ဒဏ်ရာက မနက်တာကြောင့် ဝူရှဲ့လည်း သက်ပြင်းချမိသည်။ ​မြွေကိုတော့ သူအဲဒီနေရာမှာပဲ ပွဲသိမ်းပေးလိုက်ပုံပဲ။ ဝူရှဲ့မှာ တခဏအတွင်း သူ့မှာ ဒီလို ဒဏ်ရာမျိုး ပေါ်လာလိမ့်မယ် လို့ တွေးကြည့်လို့တောင် မရခဲ့ပါဘူး။

ဖက်တီးက သူ့ရဲ့ သွေးလွှတ်ကြောကို ချက်ချင်းဖောက်ပြီး အဆိပ်ရှိတဲ့ သွေးကို စုပ်ထုတ်ပစ်ရမယ်လို့ ဆိုလေသည်။ သွေးထွက်အောင် ဒဏ်ရာနားကို လက်ဝါးကပ်တိုင် ပုံစံ ဖြတ်လိုက်ရမည်။ အဆိပ်တချို့က သူ့ကိုယ်ထဲ ဝင်သွားပြီးလောက်ပြီ။ ကံကောင်း ထောက်မစွာပင် အစ်ကိုလေးသည် လျင်မြန်စွာပြုမူကာ မြွေ၏ ဦးခေါင်းကို ဖြတ်ပစ်ခဲ့၏။ မဟုတ်ပါက အစ်ကိုလေး အတွက်လည်း စိုးရိမ်ရပြီဟု ဖက်တီးက ဆိုလေသည်။

ဝူရှဲ့သည် မျက်နှာသေအား သွေးရည်ကြည် ထိုးသွင်းပြီး သူ့ပုခုံးတွေကို နှိပ်နယ်ပေးလိုက်သည်။ သူ့အသက်ရှုသံတွေ ပြေလျော့လာတော့ သူ့လက်​တွေကို ဖျစ်ညှစ်ကြည့်သည်။ ယောင်ကိုင်းနေတာတွေ မပြင်းထန်ဘူး ဆိုတော့မှ စိတ်သက်သာသွားသည်။

ဖက်တီးကတော့ အစ်ကိုလေး ဘာမှမဖြစ်လောက်ဘူးဟု ဆိုပါသည်။ ဒီအရာက ဘယ်လောက်ပဲ အဆိပ်သင့်နေပါစေ မြေကြီးပေါ်မှာ ပင်လယ်ထဲက ဘယ်အရာလောက်မှ အဆိပ်မရှိပေမယ့် သူ့ကို မလှုပ်ခိုင်းရင် အဆင်ပြေနိုင်ကြောင်း ဖက်တီးက ပြောသည်။

ဖန့်ကျစ်က လဲလျောင်းနေတုန်းပါပဲ။ နှစ်ယောက်သား မျက်နှာသေကိုလည်း သေချာ နေရာချပေးလိုက်သည်။ သူတို့နှစ်ယောက် လဲလျောင်းနေတာကို ကြည့်လိုက်ရုံနဲ့ သူတို့ စောစောသေသွားရတာနဲ့ အတူတူပဲလို့ တွေးရင်း နှစ်ယောက်သား ခေါင်းကိုက်သွားကြသည်။ ဒီနေရာက သူတို့သွားဖူးတဲ့ နေရာနဲ့ လုံးဝ မတူဘူးလေ။ ဒီနှစ်ယောက်ကြောင့်သာ သူတို့အခုထိ အသက်ရှင်နေတာ ဖြစ်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now