Vol 4🐉58🐉ရွှံ့နွံဧရိယာ (၁)

109 25 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (58)
ရွှံ့နွံဧရိယာ (၁)

မျက်နှာသေ ပြောပြီးသည်နှင့် သူဘာကိုဆိုလိုသလဲ ဆိုတာကို ဝူရှဲ့တို့ ခဏတာမျှ နားမလည်ခဲ့ပေ။ ဖြစ်ပျက်နေတာကို သိလိုက်ရသောအခါတွင် ဝူရှဲ့ အံ့ဩသွားပါသည်။ ဒီလူသေ​ကောင်​က သေထားတာ ကြာပြီလို့ မပြောဘူးလား။ ဘယ်လိုလုပ် အားနင် ဖြစ်သွားတာလဲ။ အားနင်က ဒီ​နေရာမှာ ​သေ​သေချာချာ မတ်တတ်နေတာပဲ မဟုတ်ဘူးလား။

လူအတော်များများ စိတ်ရှုပ်နေကြသော်လည်း အားနင်သည် မျက်နှာသေ၏ ဆိုလိုရင်းကို မသိသဖြင့် မျက်မှောင်ကြုတ်သွားကြသည်။

မျက်နှာသေသည် သူတို့၏ အသွင်အပြင်ကို ဂရုမစိုက်ဘဲ မြင်​နေရသော အလောင်း၏လက်ရိုးမှ လက်ကောက်ကို ဂရုတစိုက် ချွတ်ကာ အားနင်အား ပေး၍ သေချာ ကြည့်စေလိုက်သည်။

အားနင်မှာလည်း နားမလည်နိုင်စွာ ယူကာ လက်ကောက်ကို ကြည့်လိုက်သည်။ ပထမတော့ သူမရဲ့အမူအရာက အရမ်းရှုပ်ထွေးနေပေမယ့် လက်ကောက်ကို စိုက်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာမှာတော့ သူမရဲ့မျက်နှာဟာ ပြောင်းလဲသွားပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားပါတော့သည်။

ဝူရှဲ့မှာ ဘေးကနေ ကြည့်နေတာကြောင့် သူမအမူအရာကို မြင်လိုက်ရတော့ ချွေးတွေပါ စို့လာ၏။ ဒါက ဘာမှားလို့လဲ။ ဘယ်လို အမူအရာမျိုးလဲ။

အားနင်က စကားမပြောပေမယ့် လှည့်ကြည့်လာတဲ့ သူမမျက်နှာက နည်းနည်းပြာနေပြီ။ မျက်နှာသေ ပေးထားတဲ့ လက်ကောက်ကို ပြကာ သူမရဲ့ညာလက်ကို ဝူရှဲ့​တို့ရှေ့မှာ ဆန့်ထုတ်ပြလိုက်သည်။

အားနင်ရဲ့ ဘယ်ဘက်လက်မှာ ကြေးနီဒင်္ဂါးပြားတစ်ကုံးကို ဟိုင်နန်မှာ ရှိနေချိန်ကတည်းက သတိပြုမိပြီး မိစ္ဆာမြို့တော်မှာတုန်းကလည်း ဒီကြေးနီဒင်္ဂါးပြားတွေကို အမှတ်အသားအဖြစ် အသုံးပြုခဲ့သည်။ အန်းချင်ကြေးနီ ဗျူရိုမှ ပြုလုပ်သော ကြေးနီဒင်္ဂါး စုစုပေါင်း ခုနစ်ပြား ဖြစ်ကာ သူမ လက်ကောက်တစ်ခု ပြုလုပ်ရန် ဤကြေးနီဒင်္ဂါးကို အသုံးပြုရခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ဒုတိယလက်ကောက် လုံးဝ မရှိသောကြောင့် ဖြစ်ကြောင်း သူမက စနောက်ရင်း ပြောပြခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now