Vol 5🐉41🐉တတိယည - ဝင်ပေါက်

33 11 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (41)
တတိယည - ဝင်ပေါက်

ဦးလေးသုံးဆီက နားရင်းအုပ် ခံလိုက်ရတာကြောင့် သူ့မျက်လုံးထဲ ကြယ်တွေလတွေ မြင်သွားပေမယ့် ဒေါသမထွက်နိုင်တော့ပေ။ ဒီအခြေအနေမှာ ဘာမှ မပြောဝံ့တာကြောင့် သူ့ကျောပြင်ကို နက်နက်နဲနဲ စိုက်ကြည့်ရင်း လူက ဆွဲထုတ်ခံရကာ အကွေးအကောက် တော်တော်များများကို ဆွဲထုတ်ခံခဲ့ရသည်။

ကျဉ်းမြောင်းသော ဂူနံရံထဲကို ဖြတ်သွားသောအခါ ဝူရှဲ့သည် ယခင် ပြိုကျထားပုံရတဲ့ လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရလေသည်။ အောက်ခြေတွင် ကြီးမားသော ကျောက်တုံးကြီးများလည်း ရှိနေပုံပေါ်သည်။ မြေပြင်ပေါ်ရှိ အပျက်အစီးများ၊ ကျောက်တုံးများပေါ်တွင် ညှိုးနွမ်းနေသော သစ်ပင်များက အများအပြား ရှိနေတာ မြင်လိုက်ရသည်။

ဝူရှဲ့ လမ်းလျှောက်လာရင်း တင်းတင်းကြပ်ကြပ် အဖက်ခံထားရသည်။ သူ သတိလစ်နေတုန်း တစ်စုံတစ်ယောက်က သူ့ကို ဆေးထိုးပေးနေတာကို တွေ့ရတော့ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ဘုရားသခင်က ကောင်းချီးပေးလေပြီ။ တခြားတစ်ယောက်ယောက်က ဖက်တီးကို ကယ်တင်နိုင်ခဲ့ပါ၏။ ဖက်တီးဆိုတဲ့ သေနာကြီးကတော့ အတော်လေး ကံကောင်းလှသည်။

တစ်ချိန်တည်းမှာပင် ပုပ်ပွနေသော သစ်ပင်ကြီးပေါ်တွင် အဖြူရောင် ၀တ်စုံဖြင့် ထိုင်နေသည့် အမျိုးသားကိုလည်း လှမ်းတွေ့လိုက်ရသည်။ ထိုလူက ဂတ်စ်မျက်နှာဖုံးကို ဝတ်ဆင်ကာ သစ်ပင်အမြစ်များ ကြားတွင် ထိုင်နေခဲ့သည်။ ဖြူဖွေးသော အသားအရည်ကြောင့် ရေထဲတွင် နှင်းဖြူများလို ဖြစ်နေသော်လည်း အပေါ်စီးမှ ကြည့်ပါက အလွန်ပင် ထူးဆန်းနေပုံ ပေါ်လေ၏။

တခြားလူတွေကို ကြည့်လိုက်ရင် အားလုံးနီးပါးက ဝတ်စုံတွေ ဝတ်ထားပေမယ့် သူတို့အားလုံးက လူအသစ် ဖြစ်နေတယ်ဆိုတာ ထင်ရှားပါသည်။

အဲဒီလူက သူ့ကို ဂရုမစိုက်ဘဲ သူ့မျက်နှာကို တခြားနေရာသို့ လှည့်ထားလေသည်။ အခုမှ မြင်ဖူးတာလို့ တွေးမိပေမယ့် ဒါက တကယ် ကျေးဇူးရှင်ပဲမလို့ ဝူရှဲ့အနေဖြင့် သူ့ကို ကောင်းကောင်းကြီး ကျေးဇူးတင်သင့်တယ်လို့ ထင်ပါသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Dove le storie prendono vita. Scoprilo ora