Vol 4🐉59🐉ရွှံ့နွံဧရိယာ (၂)

77 18 4
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (59)
ရွှံ့နွံဧရိယာ (၂)

ဝူရှဲ့ ချက်ချင်း လန့်နိုးလာပြီး ရုတ်တရက် ထထိုင်လိုက်သည်။ ထိုအခိုက် တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ပေါ် ခေါင်းနဲ့ တိုက်မိသွားကာ သူတိုက်မိသူ အားနင်မှာ သစ်ပင်ပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ဝူရှဲ့ သူမကို သစ်ကိုင်ပေါ် ဆွဲတင်လိုက်ရင်း အိပ်မက်ထဲက လန့်နိုးလာခဲ့သည်။ သူဟာ မြွေအရိုးတူးဖော်တဲ့ နေရာမှာ ရှိနေတုန်း ဖြစ်ပြီး ခါးပတ်ဖြည်တာက လမ်းတစ်ဝက်လောက် ရောက်နေပြီ။ အနီးတဝိုက်မှာ မိုင်းတွင်းမီးခွက်တွေ ရှိနေတော့ မျက်လုံးကတော့ မဖွင့်နိုင်လောက်အောင် နာကျင်နေပြီ။

အားလုံးက သူ့ကို ကြည့်နေကြ၏။ မြွေအရိုးတွေပေါ်မှာ ရေစိုနေတဲ့ အဝတ်တစ်ထည်ကို ဖုံးအုပ်ထားပြီး မိုင်းတွင်းမီးအိမ်ကို သစ်ကိုင်းတွေမှာ ချိတ်ထားသည်။ မျက်နှာသေနဲ့ ဖန့်ကျစ်က အဲဒီနေရာမှာ ထိုင်နေကြတုန်းပင်။ အားနင်က သူ့ရင်ဘတ်ကို ကိုင်ထားလျက် အရမ်းနာကျင်နေမှန်း သိသာသည်။ ဖက်တီးက သူ့ဘေးမှာ မိုးခြိမ်းသံလို ဟောက်နေဆဲပင်။

အိပ်မက်မက်နေမှန်း သိလိုက်သည်နှင့် မနေ့ညက မိုးရွာနေသလား မရွာနေသလားပင် မသိတော့ချေ။

သူ ဘယ်အချိန်မှာ အိပ်ပျော်သွားသလဲ မသိ။ မြွေအရိုးတွေကို တူးဖို့ ခေါ်ခဲ့တာကို အမှတ်တမဲ့ သတိရမိပေမယ့် မြွေအရိုးတွေဟာ စပျစ်နွယ်ပင်တွေထဲမှာ ဆယ်နှစ်လောက် မြုပ်ထားရာ တစ်ဝက်လောက် တူပြီးနောက် အနားယူကြရာ မထင်မှတ်ဘဲ အိပ်ပျော်သွားခဲ့သည်။ ခရီးတစ်လျှောက်လုံး ပင်ပန်းလွန်းသဖြင့် ချက်ချင်း အိပ်မောကျသွားသည်။ သူ့မျက်နှာကို မိုးရေတွေနဲ့ ဖုံးထားတုန်းပဲ။ အိပ်မက်ထဲမှာဆို ဒါက အားနင်ရဲ့ တံတွေးတွေပဲ ဖြစ်သည်။

ဝူရှဲ့လည်း ရှက်ရွံ့စွာ ပြုံးကာ မတ်တပ်ထရပ်၍ မျက်နှာကို သုတ်ကာ ဆက်လက် ကူညီရန် လျှောက်သွားသည်။ ဖန့်ကျစ်က မနာလိုစွာ မေးလာလေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now