Vol 4🐉50🐉အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၂)

64 14 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (50)
အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၂)

ရေညှိများထဲတွင် ရှိနေသော အရာမှာ လူမျက်နှာနှင့် ငှက်တစ်ကောင်၏ ကိုယ်ခန္ဓာပါသော နတ်ဘုရား၏ ကျောက်ဆင်းတုတော်ဖြစ်ပြီး ၎င်းသည် ရှေး​ဟောင်း သင်္ဘောပျက်ထဲတွင် တွေ့ရှိခဲ့ရသည့် အိုးများပေါ်က ထွင်းထုထားသည့် ပုံစံအတိုင်းပဲ ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ သံချေးတက်ပြီးနောက် ကျောက်ထွင်းထု၏ မျက်နှာပြင်ကို ရေညှိများဖြင့် အထပ်ထပ် ဖုံးအုပ်ထားသောကြောင့် မှုန်ဝါးနေပုံပေါ်သည်။

အပေါ်မှ ရေညှိများ အားလုံးကို ဖယ်ရှားပြီးနောက် ရုပ်လုံးတစ်ခုလုံး ထွက်ပေါ်လာသည်။ ၎င်းဟာ ချောက်ကမ်းပါးမှ တိုက်ရိုက် ထွင်းထုထားသည့် မတ်ရပ် ရုပ်တုတစ်ခုဖြစ်ပြီး ငှက်၏ဦးခေါင်းမှာ လူသားမဆန်သော မိန်းမမျက်နှာ ဖြစ်သည်။ ထူးဆန်းသော မျက်လုံးနှစ်လုံးပါရှိပြီး အသွင်အပြင်က အေးစက်နေပါသည်။

ခြေနှစ်ဘက်အောက်တွင် ဦးခေါင်းခွံငါးခုကို ထွင်းထုထားပြီး လူမျက်နှာငှက်သည် ထိုဦးခေါင်းခွံများပေါ်တွင် မတ်တပ်ရပ်နေပါသည်။ ဖက်တီးလည်း ထိုအရာကို အထက် အောက်ကို ငုံ့ကြည့်ကာ အံ့သြသွား၏။

"အို ဘုရားသခင်... ဝူလေး...မင်းဒါ မဟုတ်....."

ဝူရှဲ့ ရုပ်ကြွပေါ်က ခုန်ဆင်းလိုက်သည်။ ကျောက်ဆစ်ရုပ်​ကြွ တစ်ခုလုံးကို မြင်ပြီးနောက် သူ့ခမျာ လေကို ပြင်းပြင်းထန်ထန် ရှုရှိုက်လိုက်မိသည်။

ဤချောက်ကမ်းပါးရှိ လူမျက်နှာနှင့် ငှက်တစ်ကောင်၏ ကိုယ်ထည်ရှိသော ကျောက်ရုပ်တုသည် ချောင်ပိုင်တောင်၏ မြေအောက်အကွဲအပြဲ ချိုင့်ဝှမ်းများတွင် တွေ့ခဲ့ရသည့် ထူးဆန်းသော ငှက်နှင့် လုံးဝနီးပါးတူကြောင်း တွေ့ရှိရပေသည်။

ကျောက်တုံးတွေရဲ့ မျက်နှာပြင်ကို ကြည့်လိုက်လို့ ရေညှိတွေနဲ့ မဖုံးလွှမ်းထားဘူးဆိုရင် ချောင်ပိုင်တောင်က ငှက်တွေ ဒီမှောင်မိုက်တဲ့ တောနက်ကြီးထဲအထိ ပျံသန်းလာခဲ့​ကြတာလားဟုပင် ထင်မိလိမ့်မည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now