Vol 5🐉15🐉ပထမည - တိုက်ပွဲ

60 17 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)

Chapter (15)
ပထမည - တိုက်ပွဲ

ဝူရှဲ့ရဲ့ အမူအရာ အပြောင်းအလဲကို မြင်လိုက်တာနဲ့ ဖက်တီးက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူက လှည့်တောင် မကြည့်တော့လဲ သေနတ်ဖင်နဲ့ နောက်ပြန် တွယ်လိုက်၏။ သို့သော်လည်း အရမ်းနောက်ကျသွားပြီ။ အမှောင်ထဲက အရာသည် လျှပ်စီးလက်သလို ဖက်တီးဆီ ပြေးထွက်လာတာကို တွေ့လိုက်ရလေသည်။

ဖက်တီးကောင်က တကယ်ကို ဆီစားသက်သာတဲ့ မီးအိမ် မဟုတ်ပေ။ သူကခန္ဓာကိုယ် လှည့်၍ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သော်လည်း ဘယ်လိုမှ အချိန်မမှီလိုက်။ သူ မှောက်ကျသွားသည်နှင့် ဝူရှဲ့လက်မှ မီးတုတ်သည်လည်း သူ့နောက်သို့ လင်းထိန်သွားသည်။ ချက်ချင်းပင် အရိပ်၏ မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

၎င်းသည် စည်ထူအညိုရောင်-ရွှေစပါးအုံး မြွေကြီးပဲ ဖြစ်လေသည်။ ၎င်းက ခေါင်းကို ငိုက်စိုက်ချကာ ကျည်ဆံရာတွေကြောင့် အသားများက သွေးတွေနဲ့ ဖုံးအုပ်ထားတာကို တွေ့လိုက်ရသည်။

ဝူရှဲ့စိတ်တွေ တဆက်ဆက် တုန်ရီသွား၏။ ဒီအကောင်ကြီးကို မြင်တာနဲ့ သူချက်ချင်းပင် မှတ်မိသွားပြီ။ ဒါက ချောက်ထဲမှာ သူတို့ကို တိုက်ခိုက်ခဲ့တဲ့ ဧရာမစပါးအုံးမြွေကြီး တစ်ကောင်ဖြစ်ပြီး ဒီမှာ ပြန်တွေ့ကြပြန်တာပဲ ဖြစ်သည်။

ဧရာမစပါးအုံး မြွေကြီးသည် ထိုးနှက်ချက် တစ်ချက်ကြောင့် ယိုင်ထွက်သွားသော်လည်း ခေတ္တရပ်ကာ ခေါင်းကို ပြန်ဆွဲလှည့်လာသည်။ ၎င်းက သွေးထွက်နေသော ပါးစပ်ကိုဖွင့်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေသော ဖက်တီးကို လှမ်းကိုက်လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ ဖက်တီးလည်း မရှောင်နိုင်ဘဲ စပါးအုံးမြွေကြီးရဲ့ တင်ပါးကို ကိုက်တာ ခံလိုက်ရလေသည်။ မြွေကြီးက အလွန်အစွမ်းထက်တဲ့ ဖက်တီးရဲ့ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါပြီး ညှစ်သတ်ဖို့ လေထဲကို ဆွဲတင်လိုက်ပါသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now