Vol 4🐉35🐉ထိတ်လန့်ဖွယ်ရာပြောင်းလဲမှု

72 16 5
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (35)
ထိတ်လန့်ဖွယ်ရာပြောင်းလဲမှု

ဝူရှဲ့မှာ များသောအားဖြင့် ဆေးလိပ်မသောက်တတ်ပါဘူး။ အရမ်းစိတ်ဓာတ် ကျတဲ့အခါမှသာ ဖုံအနည်းငယ် သောက်တတ်လေသည်။ ဒါကြောင့် မီးခြစ်ကို ဝယ်တုန်းကနေ အခုထိ ဂတ်စ်မဖြည့်ထားမိချေ။ ရုတ်တရက် ဂတ်စ်ကုန်သွားတော့ မီးကလည်း ငြိမ်သွားရာ ဒီလိုနေရာမျိုးမှာ မတုန်လှုပ်ဘဲ မနေနိုင်ပေ။ ဒီလို ပတ်ဝန်းကျင်က အလင်းရောင်မရှိရင် တကယ်ကို ကြောက်စရာ ကောင်းသွားပြီ။

ဝူရှဲ့ခမျာ ဘာလုပ်ရမလဲ တွေးနေရင်းတုန်း မိန်းမတစ်ယောက် ရယ်နေသလိုပဲ သူ့ခေါင်းထက်မှာ "ငေါက်ငေါက်" အသံတစ်ခု ကြားလိုက်ရလေသည်။ လည်ပင်းနောက်ဖက်က အေးစက်သွားသည်။ မြေအောက်ခန်းက နိမ့်လွန်းတော့ လက်ကို မြှောက်ပြီး ခုန်လိုက်တာနဲ့ အမိုးကို ထိသွား၏။ ဘာမှ မမြင်ရတာမှန်ပေမဲ့ အပေါ်ကို မော့ကြည့်လိုက်သေးသည်။

မော့ကြည့်လိုက်တော့ တကယ်လည်း ဘာမှမမြင်ရပေ။ သို့ပေမယ့် သူ့မျက်နှာပေါ်မှာ အမွေးပွတွေ တွဲလောင်းကျနေတာကို ခံစားရလေ၏။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်ရာ ဆံပင်တစ်ဆုပ် ဖမ်းမိသွားကာ စိုစွတ်ပြီး စေးကပ်နေသေးတာကို တွေ့ရတော့ အံ့သြသွားရသည်။

ပင်လယ်အောက်မှာ သင်္ချိုင်းတွင်းကတည်းက စိုစွတ်နေတဲ့ ဆံပင်တွေကို ခံနိုင်ရည်ရှိနေပြီ။ ကြွက်တစ်ကောင်ကို မျိုချလိုက်သလိုမျိုး လည်ချောင်းထဲမှာ အမွေးအမှင်တွေ ယားယံလာသလို ခံစားလာရသည်။ တစ်ချိန်တည်းမှာပဲ လူက အနောက်ကို တည့်တည့် ပြန်ဆုတ်သွားရင်း ခေါင်းကိုမော့ပြီး အမှောင်ခေါင်မိုးကို စိုက်ကြည့်လိုက်သည်။

ဒီလို အမှောင်ထုဟာ လုံးဝ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြောက်စိတ်တွေ ဖုံးလွှမ်းလာစေသည်။ အိမ်ခေါင်မိုးပေါ်မှာ မိန်းမတစ်ယောက် ရှိနေ၏။ ဒါဆို ခုနကလူက အိမ်ခေါင်မိုးပေါ်မှာ ကြိုးဆွဲချနေတာ ဖြစ်နိုင်လား။ ဘုရားရေ။ အဲဒါက ခြေလေးချောင်း မြွေတစ်ကောင်လို ဖြစ်နေတာလား။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now