Vol 4🐉37🐉စခန်း

67 16 6
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (37)
စခန်း

ဝမ်းကျင်ရဲ့ မှတ်စုထဲမှာ ဖော်ပြထားတဲ့ ဒီနေရာကို ကြားလိုက်ရတာကြောင့် စိတ်ထဲ ဒိတ်ကနဲ ဖြစ်သွားသည်။ သူ့ခမျာ ခဏအတွင်း မတုံ့ပြန်နိုင်ခဲ့ပေ။ သူတို့ဟာ ဝမ်းကျင်ရဲ့ မှတ်စုတွေကို မဖတ်ဖူးဘဲ ဒီနေရာရဲ့ တည်ရှိမှုကို ဘယ်လိုများ သိခဲ့ကြတာလဲ။

"ဘာဖြစ်နေတာလဲ"

ကုလားဖြူက သူ့ရဲ့ ထူးဆန်းတဲ့ အမူအရာကို မြင်ပြီး မေးလာခဲ့သည်။

"မျက်နှာက ရုတ်တရက် ဖြူဖျော့သွားတာပဲ"

"ဘာမှမဟုတ်ပါဘူး ကျွန်တော် လန့်သွားလို့"

ဝူရှဲ့ သူ့အမူအရာကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး ထူးဆန်းဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

"ထမုထိုက ဘယ်မှာလဲ? ခင်ဗျားတို့ ဘာသွားလုပ်ကြမှာလဲ"

"ထမုထိုလား? ဇာတ်လမ်းက အရှည်ကြီးပဲကွ"

ကုလားဖြူက သူ့ရှေ့က လျှောက်သွားနေတဲ့ အားနင်ကိုကြည့်ပြီး တိုးတိုးလေး ဆက်ပြောလိုက်သည်။

"နောက်မှ ပြောမယ် ဟိုအစ်ကိုလေး နှစ်ယောက် ဘာတွေယူလာလဲ အရင်ကြည့်ရအောင်"

သူပေးခဲ့တဲ့ အကြည့်အတိုင်း ကြည့်လိုက်တော့ အားနင်က မပြောစေချင်ကြောင်း နားလည်သွားရာ ဝူရှဲ့ ဘာမှဆက်မမေးတော့ချ။

စခန်းထဲရှိလူများ အချင်းချင်း အပြေးအလွှား ပြောကြပြီး အိတ်ထဲတွင် အိပ်နေသော လူတိုင်းပင် နိုးလာကြသည်။ ဝူရှဲ့တို့သည် လူအိပ်အိတ်များကြား ဂရုတစိုက် လျှောက်လှမ်းကာ အားနင်နှင့် အခြားသူများနောက်သို့ လိုက်သွားကြသည်။

စခန်းတစ်ခုလုံးသည် အလွန်ကျယ်ဝန်းပြီး လမ်းဘေးရှိ တဲများစုဝေးရာ နေရာကို ဖြတ်သွားကာ ၎င်းတို့အနက်မှ အကြီးဆုံး အမိုးခုံးတဲမှာ အချင်း လေးငါးမီတာရှိပြီး တဲပေါ်တွင် တိဗက်လိုဂိုများ ပါသော တံဆိပ်များကို တပ်ဆင်ထားရာ ဒေသခံများ ဖြစ်ပုံရမည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now