Vol 5🐉4🐉အသံတိတ်တောင်ကြား

45 14 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)

Chapter (4)
အသံတိတ်တောင်ကြား

အဝေးက အချက်ပြမီးခိုးတွေ ပိုပါးလာပြီ။ ပါးလွှာလာတာကို လှမ်းကြည့်လိုက်တော့ အဲဒီမှာ တစ်ခုခု ဖြစ်သွားတာလား ဒါမှမဟုတ် မီးခိုးလုံးတွေ ထပ်မထည့်ဘူးလား ဆိုတာ မသိတော့ချေ။ ယခုအခြေအနေကို ကြည့်လိုက်လျှင် မီးခိုးက သူတို့ရောက်တဲ့ အချိန်အထိ မတည်မြဲနိုင်တော့ပါဘူး။

မီးခိုးငွေ့တွေရဲ့ လမ်းညွှန်မှုမရှိဘဲ တောထဲက လမ်းကြောင်းကို မသိဘဲတော့ အဲဒီနေရာကို မရောက်နိုင်ပါဘူး။ ဖန့်ကျစ်ကို ဘာလုပ်ရမလဲလို့ လှည့်မေးကြည့်တော့ သူသည် သစ်ပင်ထိပ်ဖျားကို တက်ကာ မီးခိုးငွေ့၏ ဗဟိုဝင်ရိုးအဖြစ် သံလိုက်အိမ်မြှောင်အား အချက်ပြသည့် အနေအထားဘက် ချိန်ယူကာ မှတ်ထားလိုက်သည်။

အဝေးသို့သွားလျှင် အဆင်ပြေနိုင်စေရန် သံလိုက်အိမ်မြှောင်ကို အမှတ်အသား အဖြစ် သုံး၍ ကမ်းပါးစွန်း ချောက်ကမ်းပါးပေါ်ရှိ ထူးဆန်းသော ကျောက်တုံးများကိုပါ မှတ်ထားလိုက်သည်။ ၎င်းတို့ကြားတွင် အဓိကကျသော အနေအထားကို ရောက်အောင် အချက်ပြမီးခိုးကို အားကိုး၍ သေချာပေါက် မသွားနိုင်ပေ။

မသိလိုက်ဘဲ ကျော်သွားလိမ့်မည်။ သို့သော် တောတွင်းသည် ဆယ်မီတာအကွာတွင်ပင် လွတ်သွားနိုင်သောကြောင့် မီးခိုးမတိတ်မီ တတ်နိုင်သမျှ နီးတဲ့နေရာကို မှတ်ထားရမည်ဖြစ်သည်။

နှောင့်နှေးနေစရာ မလိုတော့တဲ့အတွက် သုံးယောက်သား စက်ပစ္စည်းများကို ချက်ချင်း ပြန်လည်ပြင်ဆင်လိုက်သည်။ ဖန့်ကျစ်က သံလိုက် အိမ်မြှောင်ကို စစ်ဆေးကာ စိမ့်ရေထဲသို့ လမ်းလျှောက်သွားကာ အချက်ပြမီးခိုးများဆီသို့ ဦးတည်သွားခဲ့သည်။

မိုးရေတွေ စုဆောင်းထားတဲ့ စိမ့်ရေက အရမ်းမြင့်ပြီး ကြည်လင်နေတဲ့အတွက် နေ့ခင်းဘက်မှာ စိမ့်ရဲ့အစွန်းမှာရှိတဲ့ ရေဧရိယာကို ဖြတ်သွားရတာ အရမ်းလွယ်ပါသည်။ မတ်တပ်ရပ်ပြီး ကူးခတ်ဖို့ နေရာမရှိရင်တောင် စီးကရက်တစ်လိပ်စာ အချိန်ကုန်ပြီးရင် စိမ့်ရဲ့အစွန်းကို ရောက်သွားနိုင်သည်။ ဤနေရာသည် ကျယ်ပြန့်သော မိုးသစ်တောဇုန် တစ်ခုဖြစ်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now