Vol 4🐉61🐉စပါးအုံးအန္တရာယ်

55 16 7
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (61)
စပါးအုံးအန္တရာယ်

သူတို့၏ ဦးခေါင်းအထက်ရှိ သစ်ပင်ထိပ်ပိုင်းသည် သူတို့နှင့် အလွန် နီးကပ်နေသောကြောင့် နှစ်မီတာ သို့မဟုတ် သုံးမီတာနီးပါး အကွာတွင်ရှိ မြွေအကြေးခွံများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဤသည်မှာ သစ်ပင်စပါးအုံး မြွေမျိုး ဖြစ်ပြီး ရေပုံးတစ်ပုံစာ အထူရှိသည်။

သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုသည် သစ်ရွက်များ အတွင်းဘက်တွင် ပုန်းနေပြီး မြွေအကြေးခွံများက နီညိုရောင် ရှိနေသည်။ မိုင်းတွင်းမီးအိမ်၏ အလင်းရောင်အောက်တွင် မြွေမှာ ရွှေရောင် တောက်​နေသလိုတောင် ရှိ၏။

အခုနက သူတို့တက်တုန်းက ဒီမြွေမရှိခဲ့ပေ။ သူတို့အနားယူနေချိန်မှ ရှုပ်ယှက်ခတ်နေတဲ့ သစ်ပင်တွေပေါ်မှာ တွားသွားနေတာ ဖြစ်မယ်။  စပါးအုံးမြွေများသည် အမဲလိုက်ချိန်မှလွဲ၍ အလွန်နှေးကွေးစွာ လှုပ်ရှားကြပြီး အပြင်ဘက်တွင် လေအနည်းငယ် တိုက်ခတ်နေသေးပြီး သစ်ရွက်သံများနှင့် ပြည့်နေသည့် တောထဲတွင် သူ့အသံကို လုံးဝမခံစားရပေ။  ညဘက်စောင့်ကြပ်နေသော ဖန့်ကျစ်ပင် ၎င်း၏ချဉ်းကပ်မှုကို သတိမပြုမိခဲ့။

သို့သော် ဤနေရာတွင် စပါးအုံးမြွေ ပေါ်လာတာက အံ့သြစရာ​တော့ မဟုတ်။ အပူပိုင်းမိုးသစ်တောသည် စပါးအုံးမြွေများ၏ မွေးရပ်မြေဖြစ်သည်။ ထူးဆန်းသည့် အရာများစွာကို မြင်တွေ့ပြီးနောက် မြွေကြီးက သူတို့၏ အာရုံကြောများကို တင်းကျပ်သွားအောင် လုပ်ဆောင်ဖို့ မလုံလောက်တော့ပေ။

ဖန့်ကျစ်နှင့် အခြားသူများ အားလုံးဟာ ကမ္ဘာကြီးကို မြင်ဖူးကြတာကြောင့် ဘယ်သူမှ မလှုပ်မရှားဘဲ ငြိမ်သက်နေကြသည်။ ဤမြွေမျိုးသည် အလွန်ရှည်လျားသော တိုက်ခိုက်မှု အကွာအဝေးရှိပြီး သူတို့ကို ယခုအချိန်မှာ စိတ်ဝင်စားခြင်းရှိမရှိ မသိနိုင်ဘဲ ဖြစ်နေသည်။

သူတို့ခမျာ ရှေ့မတိုးနောက်မသာ ဖြစ်လျက် ရှိကာ သစ်ပင်စပါးအုံးမြွေသည် ဖြည်းညှင်းစွာ လိမ့်ဆင်းလာကာ သစ်ကိုင်းအောက်တွင် မြွေခေါင်းကို ချိတ်ဆွဲကာ အဝါရောင်နှင့် ကြမ်းတမ်းသော မြွေမျက်လုံးများဖြင့် ဝေ့ကြည့်နေရာ မှောင်မိုက်သောညတွင် လူအများကို လွန်စွာ စိတ်မသက်မသာ ဖြစ်စေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now