Vol 5🐉38🐉တတိယည - ရက်စက်တယ်

30 9 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (38)
တတိယည - ရက်စက်တယ်

သူတကယ် ကံမကောင်းရှာပေ။ ဒါကအလောင်းအတု ဖြစ်နိုင်မလားလို့ တွေးရင်း တိတ်တိတ်လေး ကျိန်ဆဲမိပြန်သည်။

ဒါပေမဲ့ အခုအချိန်မှာတော့ အလောင်းအတု ဖြစ်ရင်တောင်မှ ဒီဖုတ်ကောင်မှာ မေးစေ့မပါတဲ့အတွက် အသေမကိုက်နိုင်ဘူးလို့ ထင်ခဲ့သည်။ ၎င်းရဲ့ လျှာအောက်မှာ ပြူးထွက်နေတဲ့ မြွေခေါင်းက လက်သီးအရွယ်လောက် ရှိလေသည်။ မြွေတစ်ကောင်လုံး လျှာအောက်ကနေ တွားထွက်လာကာ အကိုင်းအခက်တွေပေါ် တက်လာခဲ့သည်။

အကိုင်းအခက် အစုအဝေးမှ နှစ်မီတာ သို့မဟုတ် သုံးမီတာထက်မနည်း ဝေးသည်။ အလောင်းရှိရာ ရေတွင်းအဝင်ဝမှနေ၍ မြွေသည် အကိုင်းအခက်များပေါ်သို့ တက်သွားပြီးနောက် အကိုင်းအခက်များပေါ်မှ တစ်ဆင့် အလျားလိုက် ပေါက်နေသော အကိုင်းအခက်များဆီသို့ ဖြည်းညှင်းစွာ ကူးခတ်သွားခဲ့သည်။ ဤမြွေ၏ ခန္ဓာကိုယ်သည် တစ်မီတာထက် ပိုရှည်ကာ အားနင်ကို သတ်တဲ့ အကောင်ထက် ပိုရှည်လေ၏။

မြွေသည် ဒီအကိုင်းအခက်တွေကြားက အလောင်းရဲ့ ကိုယ်ထဲမှာ ပုန်းနေခဲ့တယ် ဆိုတာ သိသာထင်ရှားလှသည်။ မြွေသည် အကိုင်းအခက်တွေကြားက ကျောက်နံရံပေါ်ကို အလျင်အမြန် တွယ်တက်သွားသည်။ ကျောက်နံရံက မချောမွတ်ချေ။ ဝူရှဲ့လည်း အခြေအနေ မကောင်းတော့တာကို မြင်ပေမယ့် ရှောင်ဖို့ အချိန်မရှိတော့ပေ။

ဒါကြောင့် အလျင်စလိုနဲ့ ရေတွင်းခေါင်းထဲက တိတ်တဆိတ် လျှောချပြီး ရေထဲသို့ ထိုးဆင်းလိုက်ဘေသည်။ စိတ်ပျက်အားငယ်စွာဖြင့် ရေတွင်းခေါင်းမှ တိတ်တဆိတ် ချော်လဲကာ ရေထဲသို့ ကျသွားသည်။

အစကတော့ သူတို့ကို ဒီမြွေကို ခြောက်လန့်မယ်၊ ပြီးတော့ ရေထဲက ပြေးထွက်လာမယ်လို့ ထင်လိုက်ပေမယ့် အကိုင်းအခက်တွေကနေ နှစ်မီတာကျော်လောက် ဝေးတဲ့ နေရာရောက်တော့ မြွေက ဖက်တီးဆီမှာ ဆွဲဆောင်ခံနေရတာကို တွေ့လိုက်ရသည်။ ၎င်းမြွေက တံတိုင်းအဝင်ဝရှိ ကျောက်နံရံအုတ် တံတိုင်းကို တွယ်တက်သွားစဥ် ဖက်တီးက အသက်ရှင်နေ​​သေးကြောင်း ရိပ်မိလိုက်ပုံဖြင့် ရပ်သွားတာကို တွေ့လိုက်ရသည်။ ၎င်းက ခေါင်းကို အကြိမ်အနည်းငယ် လှည့်နေ၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now