Vol 5🐉17🐉အရုဏ်ဦး - အသံတိတ်စခန်း

37 13 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)

Chapter (17)
အရုဏ်ဦး - အသံတိတ်စခန်း

သူတို့နှစ်ယောက်မှာ အရှေ့က ထူးဆန်းတဲ့ စခန်းတစ်ခုကြောင့် စိတ်လှုပ်ရှားမှုတွေ ချက်ချင်း ငြိမ်းကျသွားကာ ခေါင်းငုံ့ပြီး ငိုချင်လာတော့သည်။ ဒီသစ်တောက သူတို့ကို ရူးသွပ်သွားအောင် တွန်းပို့နေသလို ခံစားနေရလေသည်။

ဖက်တီးရဲ့ အာရုံကြောတွေက သူထက်အများကြီး ပိုသန်မာပေသည်။ သူက ဖန့်ကျစ်ကို ကျောက်တုံးပေါ် ထောက်ကူကာ လှဲခိုင်းလိုက်ရင်း ဝူရှဲ့ကိုလည်း ပတ်ဝန်းကျင်ကို စုံစမ်းခိုင်းလိုက်သည်။ သူတို့ ပတ်လည်မှာ မြူခိုးတွေ မရှိတော့ပါဘူး။ စတင်စစ်ဆေးရန် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး နှစ်ယောက်သား တဲများဆီကို သတိထားကာ ချဥ်းကပ်သွားခဲ့ကြသည်။

ဝူရှဲ့ လှမ်းဝင်လိုက်သည်နှင့် သူ့ဦးလေး ဘယ်လောက်တောင် အဆင်သင့် ပြင်ဆင်ထားခဲ့သလဲ သဘောပေါက်လိုက်သည်။  ခေါင်မိုးအောက်မှာ စာရွက်တွေ အများကြီးပါတဲ့ စားပွဲတွေရှိသလို ကျောက်တုံးကြီးတစ်တုံးကို တစ်ဖက်မှာ သွားပွတ်တံ ခွက်လေးတွေနဲ့ ကပ်ထား၏။ တဲနှစ်လုံးကြားက ဆွဲတံကို စက္ကူနဲ့ အုပ်၍ နွယ်ပင်တွေနဲ့ ချည်နှောင်ပြီး အဝတ်တွေလည်း ချိတ်ဆွဲထားတယ်။ ဤသည်မှာ ရိုးရှင်းသော လူနေအခြေချနေထိုင်ခြင်း ကဲ့သို့ပင်။

ဘာမှမထူးဆန်းပါဘူး၊ တိုက်ပွဲဝင်ထားတဲ့ လက္ခဏာမရှိသလို သွေးလည်း မရှိပေမယ့် စခန်းကလူတွေ တောင်တက်သွားသလိုမျိုး တစ်ယောက်မှ မရှိတော့ချေ။ စခန်းအလယ်မှာတော့ မီးလုံးကြီးတစ်လုံးကို တွေ့ရသည်။ အဲဒီမီးပုံကြီးထဲမှာ ကျန်နေတဲ့ မီးခိုးလုံးတွေကို ကြည့်လိုက်တော့ ဒီနေရာဟာ မနေ့က မီးခိုးနီတွေ တက်လာတဲ့ နေရာပဲ ဆိုတာ သေချာသွားသည်။

တဲရဲ့ ကန့်လန့်ကာတွေ ပွင့်နေကာ အထဲမှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်ရသည်။ အထဲမှာ အားကစားသမား ဖိနပ်ရဲ့ ခြေထောက်နံ့ကိုတောင် မရချေ။ ခြေဖျားထောက်​ကြည့်ပြီး ဘာမှ ရှာမတွေ့တော့တဲ့ အဆုံး ဖက်တီးနဲ့ ဝူရှဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now