Vol 4🐉40🐉ထပ်မံထွက်ခွာခြင်း

72 17 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (40)
ထပ်မံထွက်ခွာခြင်း

နောက်နေ့ မနက်စောစောမှာ ယာဉ်တန်းက ဆက်လက် ထွက်ခွာခဲ့သည်။

လန်ဆော့ဟုခေါ်သော ဤရွာငယ်လေးမှ ထွက်ခွာ၍ ကောပိထဲသို့ ပိုမိုနက်ရှိုင်းစွာ သွားပြီးနောက် မြေပုံပေါ်တွင် ပြထားသည့် လူမနေသော နေရာများသို့ ဝင်ရောက်လာခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကားဘီးများ သွားထားသည့် အခြေခံလမ်းများပင် မရှိချေ။ ၁၀နှစ် သို့မဟုတ် နှစ်ရာနှင့်ချီ၍ လူမရောက်နိုင်သော မြေယာနှင့် လမ်းအခြေအနေ၊ သို့မဟုတ် လမ်းကြမ်းကားများ ရောက်ရော ရောက်ဖူးသလား မသိသောကြောင့် ဝူရှဲ့မှာ ကားစီးရင်း တုန်လှုပ်ချောက်ချားသွားသည်။ 

ကောပိ၏ သဲနှင့် မြေမှုန့်အောက်တွင် ကျောက်တုံးများ ရှိနေမလား သို့မဟုတ် နက်နဲသော တွင်း​တွေဖြစ်နေမလား မပြောတတ်သော်လည်း ကားကတော့ အတော်လေး ယမ်းခါနေသည်။ တင့်ကျူကျောမာ၏ နိမိတ် တိုးတက်မှု အရိပ်အယောင်များ ရှာဖွေရန် လေတိုက်စားထားသော ကျောက်ဆောင်များနှင့် မြစ်ချိုင့်များပေါ် မှီခိုရမှာ ဖြစ်တာကြောင့် အဖွဲ့သားတွေလည်း အဆိုပါ တောင်များနှင့် ကျောက်ဆောင်များ၊ မတ်စောက်သော တောင်စောင်းများ အနီးသို့ ချဉ်းကပ် မောင်းနှင်ခဲ့ရသည်။

ကောင်းကင်မှာက နေရောင် ပြင်းပြင်း ထိုးချထားသည်။ မြေပြင်မှာလည်း ပြင်းထန်တဲ့ အဖုအထစ်တွေရှိရာ အစပိုင်းမှာ စိတ်အားထက်သန်သူတွေ တစ်ယောက်ပြီး တစ်ယောက် ချက်ချင်းဆိုသလို စိတ်ဓာတ်ကျလာကြသည်။ အစပိုင်းမှာတော့ လူတချို့က နေပူပူမှာ စကား​ပြော ပြိုင်ကြပေမယ့် နောက်ပိုင်းမှာတော့ အားလုံး နာခံစွာ တိတ်ဆိတ်သွားကြသည်။

စူးစမ်းရှာဖွေရေးနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာရေး လှုပ်ရှားမှုများအရ ကြည့်လျှင် ကောပိသဲကန္တာရက လုပ်ဆောင်မှုများသည် အမှန်တကယ်တမ်းတော့ တောတွင်း သို့မဟုတ် သမုဒ္ဒရာများထဲ ရှာဖွေရခြင်းများနှင့် လုံးဝ ခြားနားပါသည်။ တစ်နည်းအားဖြင့် ဆိုရသော် သမုဒ္ဒရာနှင့် တောတွင်း၌ ရှင်သန်နိုင်မှုစွမ်းရည် အရင်းအမြစ် များစွာရှိသည်။ ဤနေရာနှစ်ခုတွင် အချိန်အကြာကြီး ရှင်သန်နိုင်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Opowieści tętniące życiem. Odkryj je teraz