Vol 5🐉46🐉အမှတ်အသား

34 10 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (46)
အမှတ်အသား

ဝူရှဲ့ ခေါင်းကို ခါယမ်းလိုက်ပြီး ပွက်ပွက်ဆူနေတဲ့ ရွှံ့နွံတွေလို စိတ်တွေလည်း ရှုပ်ပွကုန်တော့သည်။

"ကျွန်​တော် နားမလည်ဘူး.... သူ အရင်တစ်ခေါက် လာတုန်းက ဆိုတာက ဘာကို ဆိုလိုတာလဲ... သူ ဒီကို လာခဲ့သေးတာလား"

ဦးလေးဖြစ်သူက သင်္ကေတတွေကို တို့ထိပြီး ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်... ဒီအပျက်အစီးတွေမှာ ဒီအမှတ်အသားကို ငါ တစ်ကြိမ်ထက်ပိုပြီး မြင်ဖူးတယ်... နေရာတိုင်းလိုလိုမှာပဲ... ငါ ဒီအမှတ်အသားတွေ အတိုင်းလိုက်ရင်း မိုးသစ်တောကို အမြန် ဖြတ်လျှောက်ပြီး မင်းတို့ တွေ့တဲ့စခန်းကို ရောက်သွားခဲ့တာ... ဒါပေမယ့် ဒီအစ်ကိုလေး လက်ရေးလား... ငါလည်း မသေချာဘူး ဖြစ်နေတာ သူအရင်ကဒီကို လာခဲ့ဖူးတာ ဖြစ်မယ်...အဲဒါကလည်း နှစ်တွေ ကြာနေပြီ"

"ဒါပေမဲ့ ဘယ်လိုဖြစ်တာလဲ"

ဝူရှဲ့ ဆိုပြီး ခဏလောက် စကားမပြောဘဲ ရပ်သွားသည်။ သူ့ခမျာ မေးခွန်းတစ်ခု မေးချင်ပေမယ့် ဘယ်လိုမေးရမှန်းပင် မသိတော့ချေ။

ဝူရှဲ့ဟာ ရှေးဟောင်းပစ္စည်း ပွတ်တိုက်သည့် လုပ်ငန်း၌ အတွေ့အကြုံ ရင့်သဖြင့် လက်ရေးရုပ်ကြွများ၊ အထူးသဖြင့် ရေးထွင်းထားသော လက်ရေးအပေါ် အလွန်အမင်း အာရုံခံစားတတ်သူ ဖြစ်သောကြောင့် ဤသင်္ကေတက မျက်နှာသေမှ အမှန်ပင် ထွင်းထားခဲ့ကြောင်း အတည်ပြုနိုင်သည်။ သို့သော် ၎င်းအပေါ်ရှိ ကျောက်တုံးက မလိမ်ညာနိုင်ပေ။ ၎င်းက အမှန်ပင် မကြာသေးမီက ထွင်းထုထားခြင်း မဟုတ်ဘဲ အတော်ကြာခဲ့ပြီဖြစ်ကာ တစ်ခုတည်းသော ရှင်းလင်းချက်က မျက်နှာသေ ဤနေရာကို လာခဲ့ဖူးလေသည်။

ဒါက သူ မှတ်ဉာဏ် မပျောက်ခင်မှာ ဖြစ်ပျက်ခဲ့တာလား။ ဒါဆို သူသည်လည်း ဝမ်းကျင်နဲ့ ဟော့လင်တို့ရဲ့ လေ့လာရေးခရီး အဖွဲ့ထဲတွင် ပါဝင်နေနိုင်သည်။ ဒါကလည်း မဖြစ်နိုင်ပါဘူး။ သူ ရှီးရှားမှာ ရှိတုန်းကတည်းက သူ့မှတ်ဥာဏ်တွေ လုံးဝ ဆုံးရှုံးသွားခဲ့တယ် မဟုတ်လား။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now