Vol 4🐉23🐉သဲလွန်စ အသစ်များ

110 23 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (23)
သဲလွန်စ အသစ်များ

ဟန်ကျိုးက အဆောက်အဦး တစ်ခု၏ အပြင်ဘက်တွင် အားနင်သည် ရှာလကာရည်ငါး၏ နောက်ဆုံးအပိုင်းကို ပြီးအောင်ကြည့်ရင်း ကျေနပ်စွာဖြင့် ပါးစပ်ကို သုတ်လိုက်ကာ မူးဝေသွားသည့် အမူအရာပြ၍ ဆိုလာသည်။

"ဟန်ကျိုးက အစားအသောက်တွေက တကယ်ကောင်းပေမယ့် နည်းနည်းတော့ ချိုလွန်းတယ်"

ဝူရှဲ့၏ စိတ်မရှည်မှုသည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း အခုအချိန်မှာ ဒေါသမထွက်ချင်တော့ရာ အားတင်း ပြုံး​ပြပြီး လက်ဝှေ့ယမ်းကာ စားပွဲထိုး ငွေရှင်းရန် အချက်ပြလိုက်သည်။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် အသိမိတ်ဆွေ တစ်ယောက်အနေနဲ့ သူမကို ထမင်းကျွေးရတာ သိပ်ပြီး ဆိုးလှတယ်လို့လည်း မဟုတ်ပေ။ မိမိမှာ သူစိမ်းတွေနဲ့ တစ်ခါမှ မစားဖူးတဲ့လူ မဟုတ်ပေမယ့် ဟင်းက လှည့်စားသလိုဖြစ်ပြီး နှစ်နာရီကြာအောင် မစားခဲ့ရပါဘူး။ အားနင်က စကားတစ်ခွန်းမှ မပြောဘဲ သူတို့ကို ကြည့်ရင်း ရယ်မောလိုက်ရာ တကယ်ကို သည်းမခံနိုင်အောင် ဖြစ်လာသည်။

သူမအပေါ် အထင်ကြီးတတ်တဲ့ ဖက်တီးတစ်ယောက်လည်း စိတ်ဓာတ်ကျနေ​​ပြီ။ သူသည် အစကတော့ သူ့တင်ပါးကိုပုတ်ပြီး ထွက်သွားဖို့ ကြံစည်ခဲ့ပေမယ့် ဝူရှဲ့မှာ ဒီအမျိုးသမီးနဲ့ နှစ်ယောက်တည်း မစားချင်တာကြောင့် သူ့ကိုပါ အရက်ဆိုင်ထဲကို ဆွဲခေါ်သွားခဲ့​လေသည်။

သူတို့နှစ်ယောက်လုံးက အများကြီး မစားနိုင်ကြပါဘူး။ ဖက်တီးကောင်က အဲဒီမှာပဲ သောက်နေတော့ သူတို့နှစ်ယောက်လုံးက လေးနက်တဲ့မျက်နှာနဲ့ ထိုင်နေရသည်။ သူ့ဆီ ဘာလို့လာတာလဲလို့ စိတ်ထဲမှာ တွေးရင်း တစ်ဖက်ကလည်း ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ တွေးနေ၏။ ဒါ့အပြင် ရုတ်တရက် ခုန်ပေါက်ပြီး မြှားပစ်တတ်တဲ့ ဒီအမျိုးသမီးကို သတိထားဖို့ကလည်း စဉ်းစားထားသည်။

စားပွဲထိုးက ​ဘေလ်ပေးချေရန် လာသောအခါ သူတို့ကြားက လေထုကြောင့် ပဟေဠိဆန်သော မျက်လုံးများဖြင့် ကြည့်​နေ​လေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Hikayelerin yaşadığı yer. Şimdi keşfedin