Vol 5🐉47🐉သုံးခုထဲက တစ်ခုကိုရွေး

75 14 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (47)
သုံးခုထဲက တစ်ခုကိုရွေး

ဤအခိုက်အတန့်တွင် သူတို့အားလုံး မီးနီတဖျပ်ဖျပ် ပြေးလာတာကို မြင်လိုက်ရပြီး ထိုလူလည်း အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ တစ်စုံတစ်ခုကြောင့်မှန်း သိလိုက်တာကြောင့် သူတို့အားလုံးလည်း အံ့အားသင့်သွားကြသည်။

သူတို့တစ်ယောက်မှ မတုံ့ပြန်နိုင်မီတွင် ရေတွင်းဝင်ပေါက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာကာ ထိုလူလည်း ဝင်ပေါက်ထဲမှ ခုန်ချလိုက်လေ၏။ သို့သော်လည်း သူ မြေပြင်ကို မထိမီတွင် ဧရာမစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ရေတွင်းထဲမှ ပြေးထွက်လာခဲ့ကာ သူ့ကို လေထဲမှာပဲ ရစ်ပတ်ပစ်လိုက်သည်။

၎င်းမှာ အရေခွံခွာထားသော စပါးအုံးမြွေကြီးဖြစ်ပြီး မူလက ဝူရှဲထင်ထားသည့် အတိုင်းပင်။ သူအစက အညိုရောင် ရွှေမြွေကြီးကို မြင်တွေ့ရသော်လည်း မြင်လိုက်ရသည်မှာ သွေးနီရောင်ဖြစ်သည်။ ဝူရှဲ့ ချက်ချင်းသဘော ပေါက်သွားသည်။ ဒါက ဒီမြွေတွေဟာ အမှန်ပင် အပြင်ကမြွေနဲ့ အတူတူပဲ ဖြစ်သွား၏။

ကျည်တစ်ချက်က ဝူရှဲ့ အနီးတစ်ဝိုက်မှ စတင် ပစ်ခတ်လိုက်သည်။ သေနတ်သံသည် ဤကျဉ်းကျပ်သော နေရာ၌ ကျယ်လောင်စွာ ထွက်ပေါ်လာတာကြောင့် ဝူရှဲ့ခမျာ နားမကြားလုနီးပါး ဖြစ်သွားခဲ့သည်။

ဧရာမစပါးအုံး မြွေကြီးသည် ၎င်း၏အရေခွံကို အစောကမှ ခွာထားခြင်းဖြစ်လို့ အကြေးခွံများ မမာသေးသဖြင့် ကျည်ဆံတွေ​ရဲ့ အစွမ်းကြောင့် နာကျင် လွန်းသဖြင့် ဒေါသတကြီး အော်ဟစ်ကာ တွန့်လိမ်နေတာကြောင့် လူတွေလည်း နံရံနှင့် ထိသွားခဲ့သည်။ ထို့နောက် ၎င်းက ရေလှောင်ကန်နံရံတလျှောက် လေ​ပွေကဲ့သို့ ရစ်ပတ်လိုက်သည်။ ကြီးမားသော ကိုယ်ထည်ကြောင့် ၎င်းတို့ထဲမှ အများအပြားကို လွင့်စင်သွားစေသည်။

ဦးလေးသုံး၏ လူများမှာ ထိတ်လန့် တုန်လှုပ်သွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။ ဦးလေးသုံးလည်း။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now