Vol 5🐉16🐉အရုဏ်ဦး - သွေးထွက်သံယိုဘေးအန္တရာယ်

37 11 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)

Chapter (16)
အရုဏ်ဦး - သွေးထွက်သံယိုဘေးအန္တရာယ်

မြက်မွှားတွေက သွေးဆာနေတဲ့ အင်းဆက်တွေပဲ ဖြစ်သည်။ ဒီနေရာက မြွေသွေးရဲ့ ဆွဲဆောင်မှုကြောင့် တောထဲမှာရှိတဲ့ မြက်မွှားကောင် အရေအတွက်က အရမ်းကြောက်စရာ ကောင်းလောက်အောင် စုရုံးလာကြလေသည်။ သူတို့က ငတ်ပြတ်နေတာမလို့ အားလုံးက ဒီကို ပြေးလာကြတာပဲ ဖြစ်လေသည်။

မီးတုတ်ကို နှိမ့်ချပြီး အနီးနားရှိ ချုံပုတ်တွေပေါ်က မြက်ပင်တွေကို မီးရှို့လိုက်သည်။ လက်တွေက အကြိမ်ပေါင်းများစွာ အကိုက်ခံလာရတော့ ဒီအချိန်မှာ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိတော့ရာ ထွက်သွားဖို့ နည်းလမ်းရှာခဲ့ရသည်။

ဖက်တီးသည် ပေါက်ကွဲထားသော သေနတ်ဖြင့် ယာယီ မီးရှူးမီးပန်းသုံး၍ ထိုအကောင်တွေကို တွန်းထုတ်သည်။ ဝူရှဲ့ ဖန့်ကျစ်ကို ဆွဲထူ ကြည့်လိုက်တော့ ဖန့်ကျစ်ရဲ့ ကျောပြင်တစ်ခုလုံး အကိုက်ခံထားရတာကို တွေ့လိုက်ရသည်။ မြက်ပင်​တွေအောက်မှာ မြက်မွှားတွေကိုလည်း မတွေ့ရချေ။

ဖက်တီးသည် မီးရှူးမီးပန်းကို ချက်ချင်း အသုံးပြုပြီး ကြီးမားသော ချုံပုတ်ကြီးကို မီးရှို့ချလိုက်သည်။ တစ်ဖက်က ဖန့်ကျစ်ရဲ့ ကျောပိုးအိတ်ကို ဆွဲထုတ်ကာ အမြန်ထွက်ခွာသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဖန့်ကျစ်ရဲ့ သွေးများက ရပ်တန့်သွားပြီ။ နောက်ပြန် ကြည့်လိုက်သောအခါ စပါးအုံးမြွေရဲ့ ခန္ဓာကိုယ်မှာ အနက်ရောင် အစက်အပြောက်များ ချက်ချင်း ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ သူတို့ ရောက်ရှိလာသော အရိုးစုနဲ့ အရေပြား အလွှာတစ်ခုသာ ကျန်ရှိသည်အထိ စုပ်ယူသွားခဲ့သည်။

"ဒါကြီးက မကောင်းမှုလေးပါး အကဲဖြတ်မှုထဲမှာ မပါဝင်ခဲ့ဘူးဟ.... ရှေးလူကြီးတွေ တကယ်မှားနေပြီ ထင်တယ်"

ဖက်တီးက ၎င်းကို ကြည့်ရင်း အော်ပြောလိုက်သည်။

ဖန့်ကျစ်ကို ရွှံ့နွံထဲကနေ တစ်လျှောက်လုံး သယ်သွားကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေက အဲဒီမြက်မွှားတွေကို ထပ်ပြီး ဆွဲဆောင်မိမှာကို ကြောက်တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေ အကုန်လုံးနဲ့ ဖန့်ကျစ်ရဲ့ ကျောပိုးအိတ်ကိုပါ ရေနဲ့ ဆေးချလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now