Vol 4🐉42🐉မိစ္ဆာမြို့တော်

78 19 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (42)
မိစ္ဆာမြို့တော်

အားနင်က အရမ်းအံ့သြသွားပြီး ပြန်လှည့်မေးလိုက်သည်။

"ဘာလို့လဲ?"

ကျားရှီးက "ကျွန်​​တော့်အဖွားက ပြောတယ်... ခင်ဗျားတို့ရှေ့က ဒီမိစ္ဆာမြို့တော်က ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာမဟုတ်ဘူးတဲ့.... ဒီရတနာမြေပုံစံက ၈၇ စတုရန်းကီလိုမီတာလောက် ကျယ်တယ်... လမ်းဆိုင်းဘုတ်မပါတဲ့ ရှေးရိုးအကျဆုံး အခြေအနေတွေလည်း ရှိသေးတယ်... ညဘက်ခရီးသွားတဲ့အခါ ပတ်ဝန်းကျင်နဲ့ မရင်းနှီးရင် ပျောက်ဆုံးသွားဖို့ အရမ်းလွယ်ကူတယ်... အဲဒါအပြင် ၁၉၉၇ ခုနှစ်တုန်းက ဘူမိဗေဒလေ့လာရေး အဖွဲ့တစ်ဖွဲ့ အထဲမှာ ပျောက်ဆုံးသွားဖူးတယ်... လိုက်ရှာပေမယ့် မတွေ့ဘူး.... ၁၉၉၉ ခုနှစ်မှာ လေပြင်းတွေ တိုက်တော့မှ ဓာတ်ပုံဆရာတွေ ဓာတ်ပုံရိုက်နေရင်း သဲတွင်းထဲမှာ မံမီရုပ်အ​လောင်းနှစ်ကောင်ကို ရှာတွေ့ခဲ့တာ"

ဒါကိုကြားတော့ အားနင်က ခေါင်းခါယမ်းပြီး ပြောလေသည်။

"ဒါကို စိတ်မပူပါနဲ့... ငါတို့မှာ GPS ရှိတယ် မင်းပြောသလိုပဲ ဒီမြေပြင်က ရှုပ်ထွေးနေတယ်ဆိုရင် ငါတို့ ဝင်ရမယ်...မဟုတ်ရင် သူတို့တွေ တစ်ခုခုဖြစ်သွားနိုင်တယ်"

ထိုသို့ပြောပြီးနောက် အားနင်က လူအနည်းငယ်ခေါ်ကာ ကျားရှီး၏ အကြံပေးမှုကို လျစ်လျူရှုလိုက်လေသည်။ သူမက ဓာတ်မီးကိုဖွင့်ကာ ပိုမိုနက်ရှိုင်းစွာသွားရန် စီစဉ်ထားလေ၏။

ဝူရှဲ့လည်း အားနင်ပြောတာက မှန်တယ်လို့ ထင်မိပါသည်။ ကျားရှီးသည် နှိုးဆော်သူ၏ အခန်းကဏ္ဍကို အမြဲလိုလို ထုတ်ဖော်တတ်တာကြောင့် အားနင်က သူ့စကားတွေကို သဘာဝကျကျ ခေါင်းထဲထည့်မည် မဟုတ်ချေ။ ပြီးတော့ နိုင်ငံခြားသား သုံးယောက်ကို ဒီအတိုင်း လွှတ်ထားလိုက်တာက ကိုယ့်လက်နဲ့ အဲဒီလူတွေကို သတ်လိုက်သလိုပါပဲ။

ထုံးစံအတိုင်း ဒီလူသုံးယောက်ဟာ သူနဲ့ အတူရှိစဉ်တုန်းက ပျောက်ကွယ်သွားခဲ့တာကြောင့် သူတို့နောက်ကို လိုက်ကာ ရှာဖွေ​ပေးချင်သည်။ ဒါကြောင့် ဝူရှဲ့ဟာ သူအတတ်နိုင်ဆုံး ကြိုးစားရမယ်လို့ တွေးထားသည်။ မဟုတ်ဘဲ အဲဒီသုံးယောင် မတော်တဆ ဖြစ်သွားရင် သူလည်း အေးချမ်းမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမှာထိုင်ပြီး အိပ်ပျော်​နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now