Vol 4🐉24🐉ဗွီဒီယိုတိပ်ခွေထဲက အိမ်ဟောင်း

65 19 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (24)
ဗွီဒီယိုတိပ်ခွေထဲက အိမ်ဟောင်း

ကျီလင်​မှာတုန်းက ဗီဒီယို အသံဖမ်းစက် တော်တော်များများကို ဝယ်ပြီး ပြန်ပို့လိုက်ပါပြီ။ အခု သူ့အိမ်မှာလည်း တစ်ခုရှိထားသည်။ သူ့ရဲ့ လိပ်စာအမှန်ကို အားနင်က သိပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမ သိလား မသိလား မသိချင်တော့တဲ့အတွက် ဝမ်မန့်​ကိုပဲ အိမ်ကနေ လာယူ​ပေးဖို့ စာပို့ထားလိုက်သည်။

ထို့နောက် စက်ကို ဆိုင်ရဲ့ အတွင်းခန်းထဲမှာ ထားလိုက်သည်။ ချိတ်ဆက်ပြီးတာနဲ့ တိပ်အသစ်လေးကို TV ပေါ်မှာ ဖွင့်လိုက်သည်။ တိပ်ခွေက အရင်အတိုင်း အဖြူအမည်းသာ ဖြစ်ပြီး နှင်းပွင့်များ လွန်သွားပြီးနောက် ခေတ်ဟောင်း အိမ်ကြီး၏ အတွင်းခန်းတစ်ခု ပေါ်ထွက်လာသည်။

ပထမတော့ ဝူရှဲ့ အံ့သြသွားသည်။ ဒါပေမဲ့ အိမ်ရဲ့ အပြင်အဆင်က ကျီလင်မှာတုန်းက တွေ့ရတဲ့ ပုံစံနဲ့ မတူတော့ဘူးဆိုတာ သိလိုက်ရသည်။ နေရာက မတူတော့ဘူး။ ဒီနေရာက ပိုကျယ်ကာ ပရိဘောဂတွေကလည်း မတူပေ။ ဘယ်ကလာပြန်​ပြီလဲ မသိ။

ကျီလင်မှာတုန်းက ဦးလေးသုံးနဲ့အတူ တိပ်ခွေနှစ်ခွေကို ​ကြည့်ဖူးပြီး နှစ်ခုစလုံးက နှင်းပွင့်တွေသာ ရှိနေသည်။ ​​အဲဒါတွေကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးတဲ့နောက်မှာ သဲလွန်စတစ်ခုမှ မတွေ့ခဲ့ရပါဘူး။ အခုအချိန်မှာတော့ တိပ်ခွေက အသစ်ထွက်လာပြီ။ ဝူရှဲ့လည်း အဲဒီထဲမှာ သဲလွန်စတွေ ရှိမယ်လို့ ထင်တဲ့အတွက် သတိထား၍ နောက်တစ်ကြိမ် ကြည့်ရှုရန် နှိပ်လိုက်သည်။

ဝမ်မန့်က လူတိုင်းအတွက် လက်ဖက်ရည် ပြင်ပေးသည်။ ဖက်တီး လူတစ်ယောက်ကတော့ သူ့ရဲ့လျောင်းစက်ပေါ် လှဲချလိုက်တာကြောင့် ဝူရှဲ့ခမျာ ဘေးနားမှာ ထိုင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ဆိုင်ကို ကြည့်ထားဖို့ ဝမ်မန့်အား အပြင်ကို ပြန်လွှတ်လိုက်သည်။ ဝူရှဲ့သည် ဘေးနားက အားနင်နဲ့လည်း ခပ်ဝေးဝေးမှာနေဖို့ ကြိုးစားနေသည်။ သို့သော် ထိုအချိန်တွင် အားနင်ရဲ့ မျက်နှာထားက လေးနက်လာသည်။ သူမမျက်နှာမှာ ထုတ်ဖော်ပြောဆိုမှု ကင်းမဲ့နေပြီး ယခင်က အပျော်အပါး လုပ်ချင်သူနဲ့ လုံးဝ မတူတော့ပေ။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now