Vol 5🐉36🐉တတိယည - မြူထဲကလူ

74 16 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (36)
တတိယည - မြူထဲကလူ

အဝေးက ထွက်လာတဲ့ ရေတွေရဲ့ တဟုန်ထိုး ထွက်ကျလာတဲ့ အသံကလွဲလို့ တခြား ဘာသံမှ မရှိသလောက်ပါပဲ။ ဒီအသံက အရမ်းရုတ်တရက်ဆန်စွာ ထွက်လာတာကြောင့် သတိမမူမိဘဲ အေးစက်စက်နဲ့ ချွေးတွေ ထွက်ကျလာခဲ့သည်။

ပထမဆုံး တုံ့ပြန်မှုမှာ ဦးလေးသုံးရဲ့ လူများလားဟု တွေးမိတာပါပဲ။ ဤနေရာတွင် အသက်ရှင်ကျန်ရစ်သူများ ရှိ​နေတာလားဟု တစ်ယောက်တည်း တွေးနေမိသည်။ အခုနတုန်းက အသံက သေချာ​ပေါက် စကားပြောနေတဲ့ လူတစ်ယောက်ပင်။ သက်ရှိလူသား တစ်ယောက်နဲ့တွေ့ဖို့ တစ်ခါမှ မမျှော်လင့်ထားမိဘူး ဆိုတာတော့ အမှန်ပါပဲ။

လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်တာကြောင့် ဝူရှဲ့စိတ်ထဲ နည်းနည်း အေးချမ်းသွားသည်။ ဒါကြောင့် ဖက်တီးနောက်ကို လှမ်းကြည့်လိုက်မိသည်။ ဖက်တီးနောက်မှာလည်း သစ်ကိုင်းခြောက်တွေ ရောယှက်နေပြီး မီးအိမ် အလင်းရောင်က အားနည်းတဲ့အတွက် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။

ဒီတောထဲမှာ တစ်စုံတစ်ယောက် ရုတ်တရက် ပြေးဝင်လာခဲ့ရင် ဖြစ်နိုင်ခြေ အရှိဆုံးလူက ဦးလေးသုံးပါပဲ။ ဤသူသည် အခုနတုန်းက သူ့နာမည်ကို ခေါ်သောသူ ဖြစ်နိုင်သည်။ သူသည် ချောက်ထဲ ကျသွားပြီးနောက် ရေထဲကနေ ဤနေရာအထိ မျောပါသွားခြင်း ဖြစ်နိုင်သည်။ သူအခုနတုန်းက ပြောသည့်စကားအရ သူသည် တခြားတစ်ယောက်နှင့် စကားပြောနေပုံရပြီး သူ့အနားတွင် လူတစ်ဦးထက်ပို၍ ရှိနေနိုင်သည်။

"အဲဒီမှာ ဘယ်သူလဲ"

ဝူရှဲ့ အော်ရင်း မျက်လုံးတွေကို မှေးကာ အဲဒီဘက်ကို ကြည့်လိုက်သည်။ ဦးလေးသုံးရဲ့ လူတွေနဲ့ တွေ့ခဲ့ရင် ဒါက ဘုရားသခင်ရဲ့ ကောင်းချီးတစ်ခုပဲ။ ဒါဆိုရင် ဦးလေးသုံးရဲ့ အတွေ့အကြုံနဲ့ ဘာတွေဖြစ်နေလဲ သိလိမ့်မယ်။

သို့သော်လည်း အချိန်အတော် ကြာအောင် စောင့်ဆိုင်းပြီးနောက် ဖက်တီး၏ နောက်ကွယ်ကလူဟာ တစ်စုံတစ်ရာ အကြောင်းမပြန်ဘဲ တိတ်ဆိတ်သွားခဲ့သည်။ ထိုနေရာတွင် အကိုင်းအခက်များဖြင့် ဖုံးအုပ်ထားရာ သားရဲပါးစပ်သည် အေးခဲသွားခဲ့သလို လှုပ်ရှားမှု မရှိလာခဲ့ပေ။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Dove le storie prendono vita. Scoprilo ora