Vol 5🐉34🐉တတိယည - ရွှံ့နွံမကောင်းဆိုးဝါးအရိပ်

44 14 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (34)
တတိယည - ရွှံ့နွံမကောင်းဆိုးဝါးအရိပ်

သေသေချာချာ ကြည့်လိုက်ရင် ရေကန်ရဲ့အောက်ခြေမှာ ရှိနေတဲ့ ရွှံ့အလွှာတွေက အနက်ရောင်လေထုကြီး အဖြစ် အသွင်ပြောင်းသွားသည့် အတိုင်းပင်။ ရေကန်အောက်ခြေ တစ်ခုလုံးက ရွေ့လျားနေပြီး ရွှံ့ထဲတွင် ပုံမှန်မဟုတ်သော ရေပိုက်ခေါင်းတစ်ခု ရှိနေသည့်နှယ် အလောင်းများကို ထုပ်ပိုးကာ ထွေးထုတ်ပစ်လိုက်သည်။

ရွှံ့လှုပ်ရှားမှုတွေ ပိုပြင်းထန်လာသည်နှင့်အမျှ အောက်မှ အနက်ရောင်လေထုသည် ပို၍ပို၍ မြင့်တက်လာသည်။ ဝူရှဲ့ခမျာ ကြောက်ရွံ့ရန် ခွန်အား မရှိတော့သော်လည်း သွားများကို တင်းတင်းကြပ်ကြပ် စေ့ကာ ခန္ဓာကိုယ်အတွင်းရှိ တင်းမာမှုများလည်း ပိုဆိုးလာသည်။ နောက်ထပ် ခြေတစ်လှမ်း လှမ်းဖို့တောင် မဖြစ်နိုင်တော့သလိုပင်။ သူ့စိတ်နဲ့ အတွေးတွေက လျင်မြန်စွာ လည်ပတ်နေပြီး ဘာလုပ်ရမလဲ ဆိုတာကို တွေးရင်းနဲ့ အောက်က အခြေအနေကို သတိထား ကြည့်နေခဲ့သည်။

ဤအငွေ့များသည် စိမ့်မိုးသစ်တောများတွင် အရွက်အများအပြား ဆွေးမြေ့သွားခြင်းကြောင့် ဖြစ်ပေါ်လာသော အဆိပ်ဓာတ်ငွေ့များ ဖြစ်ကာ ယခုလို ရွှံ့နွံများနှင့် မိုးသစ်တောများတွင် မကြာခဏ တည်ရှိတတ်ပြီး သဘာဝရာသီဥတု၏ ပြောင်းလဲမှု ကြီးကြီးမားမားရှိပါက ထွက်လာတတ်သည်။

အပူပိုင်းမိုးသစ်တော အများအပြားသည် ဤအဆိပ်ပြင်းဓာတ်ငွေ့များ တည်ရှိနေခြင်းကြောင့် လူများ မဝင်ရောက်ရန် နေရာ အများအပြားကို ပိတ်ဆို့ထား​​ကြသည်။ တချို့သော အဆိပ်သင့်ဓာတ်ငွေ့များသည် အထူးသတ္တုများ သို့မဟုတ် မီးတောင်ဓာတ်ငွေ့များ မငြိမ်မသက် ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပေ၏။

အဆိပ်သင့်သော တိမ်တိုက်များ သို့မဟုတ် မြူခိုးများ ရောနှောနေသည့် အနေအထားကြောင့် ဤအဆိပ်ဓာတ်ငွေ့ ရှိရာ နေရာမျိုးသည် ကမ္ဘာပေါ်တွင် ငှက်များပင် မပျံသန်းနိုင်သော "သေမင်းတောင်ကြားများ" ကဲ့သို့ နေရာများ အများအပြား ဖြစ်လာတာပဲ ဖြစ်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now