Vol 4🐉28🐉တစ္ဆေအဆောက်အအုံ

59 16 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (28)
တစ္ဆေအဆောက်အအုံ

နောက်တစ်နေ့မှာတော့ ကောအာမုကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

အဲဒီနေရာကို မရောက်ဖူးတဲ့အတွက် ခရီးသွားအေဂျင်စီတစ်ခုက သူငယ်ချင်းကို လမ်းညွှန်ခိုင်းလိုက်သည်။ ကောအာမုကို တိုက်ရိုက်လေယာဉ် မရှိတာကြောင့် သူငယ်ချင်းက ချန်တူးမှာရှိတဲ့ ရွှမ်းလျိုကို အရင်ပျံသန်းပြီးမှ ထပ်သွားရမယ်လို့ ပြောပြလေသည်။

သို့နှင့် ဝူရှဲ့လည်း ထိုသူငယ်ချင်အား လေယာဉ်လက်မှတ်နဲ့ ပြည်တွင်း ဟိုတယ်တွေကိုတောင် ကိုင်တွယ်ခွင့် ပေးလိုက်သည်။ သူသည် ဒီကနေ မထွက်ခွာနိုင်​သေးတာကြောင့် သူ့အတွက် ကိုင်တွယ်ဖြေရှင်းပေးဖို့ သူငယ်ချင်းကို တောင်းဆိုခဲ့သည်။ နှစ်ရက်အကြာမှာတော့ လေယာဉ်လက်မှတ်ကို ကြိုတင်စာရင်းသွင်းခဲ့ပါသည်။

ဒီတစ်ခါတော့ ဂူဖောက်ဖို့ သွားမှာ မဟုတ်ဘဲ ကောအာမုမြို့ပြမှာ ဈေးဝယ်ထွက်သလို သွားမှာဖြစ်ကာ အချိန်ကလည်း သိပ်မကြာဘူးဆိုတော့ အနီးကပ် အဝတ်အစား အနည်းငယ်နဲ့ ငွေသားတချို့သာ ယူလာခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ စုစုပေါင်းမှ ကျောပိုးအိတ်ပြားလေးပဲ ပါလေသည်။

အဲဒီနေ့က ဖက်တီးလည်း ပေကျင်းကို ပြန်သွားခဲ့သည်။ ဒီကိစ္စကိုတော့ သူ့အား မပြောပြခဲ့သလို ဘယ်သူ့ကိုမှလည်း မပြောဖို့ ဆုံးဖြတ်ထားတဲ့အတွက် ဖက်တီးက ခြွင်းချက်မရှိပေ။

လွန်ခဲ့တဲ့နှစ်ရက်က ဝမ်မန်ကို နှုတ်ဆက်ပြီး ဆိုင်မှာ ပစ္စည်းတွေကို ကိုင်တွယ်ခိုင်းသည်။ အိမ်မှာ အဆင်မပြေတဲ့ ရှင်းလင်းချက်တချို့ကို ပေးခဲ့ပြီး ဆက်ဆံရေးကို ပြေလည်စေခဲ့ကာ နောက်နှစ်ရက်အကြာမှာ လေယာဉ်ပေါ် တက်ခဲ့လိုက်သည်။

ဝူရှဲ့ တစ်လမ်းလုံး အိပ်ပျော်​နေပြီး ချန်တူးက ရွှမ်းလျိုကိုရောက်တဲ့အထိ အရမ်းသက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။ ကောအာမုကို လေယာဉ်စီးချိန်မှာ နာရီအနည်းငယ်ပဲ ကြာတော့ လေယာဉ်ပေါ်မှာလည်း ထိုအကြောင်းအရာတွေကိုပဲ တွေးနေခဲ့၏။ အဲဒီည ရှစ်နာရီလောက်မှာ ကုန်းမြင့်အင်းလို့ ခေါ်တဲ့ ကောအာမုမြို့ကို ရောက်လာခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now