Vol 5🐉7🐉အက်ကွဲ

86 18 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)

Chapter (7)
အက်ကွဲ

ဝူရှဲ့ခမျာ ဦးရေပြား​တွေ ပေါက်ကွဲလာပြီး ဒီအရာကြီးက တကယ်​​ကြီး အသက်ရှင်နေတာလားလို့ တွေးလိုက်၏။ ဖက်တီးက သူတို့ရှေ့မှာ ပြေးနေပြီ။ သူက ရပ်တန့်မနေဘဲ ဝူရှဲ့တို့ကို ဆွဲကိုင်ပြီး ပြေးလေသည်။

"မင်းတို့ဒီမှာ ဘာလုပ်နေတာလဲဟ!"

ဖက်တီးသည် ခြေလှမ်းများစွာဖြင့် ထွက်ခွာသွားသော်လည်း ဖန့်ကျစ်နဲ့ ဝူရှဲ့ကတော့ တုံ့ပြန်ခြင်းမပြုသေးပေ။ နောက်သို့ ပြန်ကြည့်လိုက်ရာ ကျောက်ရုပ်ထု၏ မျက်နှာသည် အပိုင်းပိုင်း ကွဲသွားကာ မျက်နှာအသွင်အပြင်မှာ တစ်ခုခုဖြစ်နေသလို ဖြစ်လာသည်။ ထွက်လာမည့် အရာတစ်ခုကို ကျောက်တုံးထဲတွင် ဝှက်ထားသကဲ့သို့ပင်။

"ဘယ်လိုကြီးလဲဟ!"

ဝူရှဲ့လည်း အော်လိုက်ကာ ဖက်တီးစကားက အမှန်ပဲလို့ တွေးရင်း ချက်ချင်း ထွက်ပြေးတော့သည်။

ကျောက်တုံးတွေနဲ့ စပျစ်နွယ်ပင်တွေ အောက်မှာ ရှိတဲ့ အပျက်အစီးတွေက အများကြီးရှိတဲ့အတွက် သူတို့သည် အရှိန်မြှင့်ဖို့ ခက်ခဲနေသည်။ အပျက်အစီးတွေရဲ့ တောင်ကုန်းမြေပြင်ကို လိုက်လျှောက်ပြီး အဆင်ပြေတဲ့ နေရာတိုင်းကို ပြေးပေမယ့် ဝူရှဲ့မှာ အကြိမ်ပေါင်းများစွာ လဲကျကာ ဒူးတွေလည်း ပွန်းပဲ့သွားသည်။ နောက်ပြန် လှည့်ကြည့်လိုက်တော့ မိမိမှာ အဝေးကြီးကို မပြေးနိုင်သေးမှန်း သိလိုက်ရသည်။ ဒါပေမဲ့ ကျောက်ဆစ်ရုပ်က အခုထိ သူ့နောက်ကို မလိုက်သေးချေ။

သူတို့ ရိုင်းစိုင်းစွာ ပြေးနေတုန်းပင်။ သူတို့ရဲ့ ကာယခွန်အားက တစ်ယောက်နဲ့ တစ်ယောက် မတူရာ ဖန့်ကျစ်တို့ နှစ်ယောက်စလုံး သူထက်အဝေးကို ရောက်သွားကို ရှေ့ကို ပြေးနေကြလေသည်။ သူချော်လဲသွားတာကြောင့် သူတို့က ပြန်ပြေးလာပြီး သူ့ကို ဆွဲခေါ်လာလိုက်သည်။ ထို့နောက် သုံးယောက်သား အရင်ပုန်း၍ အဝေးက ကျောက်ရုပ်တွေကို လှမ်းကြည့်လိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now