Vol 4🐉57🐉မြွေအရိုး (၃)

56 15 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (57)
မြွေအရိုး (၃)

02200059သည် အားနင်၏ အဆိုအရ ဤဂဏန်းများသည် နောက်ဆုံး စစ်မတ်ကာလ ပိုးထည်စာအုပ်တွင် ဝှက်ထားသော လျှို့ဝှက်ဆန်းကြယ် နံပါတ်တစ်ခု ဖြစ်ပြီး ၎င်းကို ဖြေရှင်းပြီးနောက်တွင် ချိုသဲ့ခေါင်လည်း အံ့ဩသွားခဲ့သည်။ အဲဒီနောက် ဤအရေအတွက်ကို သူ့ကိုယ်ပိုင် စကားဝှက်အဖြစ် အသုံးပြုခဲ့သည်။

ဝမ်းချောင်ဟိုင်က သူ့ရဲ့ နောက်ဆုံးဖဲစာအုပ်ထဲမှာ ဒီထူးဆန်းတဲ့ ဂဏန်းတွေကို ဘာကြောင့် ဖုံးကွယ်ထားတာလဲ။ ဤအကြောင်းအရာသည် ပိုမို၍ လျှို့ဝှက်ထားသော အဓိပ္ပာယ်များ ရှိနိုင်သော်လည်း ယခု သူတို့ တွေ့ကြုံနေရသည့် အရာနှင့်တော့ ဘာမှမဆိုင်ပါ။ ထို့ကြောင့် ဝူရှဲ့သည် ထိုအကြောင်းကို ဤနေရာတွင် ဖော်ပြမည်မဟုတ်ချေ။ အားနင်၏သူဌေး ချိုသဲ့ခေါင်သည် ဝမ်းချောင်ဟိုင်ကို အလွန်စိတ်ဝင်စားခဲ့သည်။

ထို့ကြောင့် ဆက်သွယ်မှုများ မှတဆင့် သူသည် ဤနံပါတ်ကို သူ၏အရင်းအမြစ် ကုမ္ပဏီ၏ မှတ်ပုံတင်ကုဒ်အဖြစ် အသုံးပြုခဲ့သည်။ အားနင်တို့ အဖွဲ့၏ စက်ပစ္စည်းများနှင့် ကားများအားလုံးတွင်လည်း ရှိကာ ယခင်လေ့လာရေးခရီးများတွင် ပထမဆုံး ရှာဖွေတွေ့ရှိသူကို ဖော်ထုတ်ရာတွင် အလွန်အရေးကြီးပါသည်။ ဤခါးပတ်ကြိုးသည် သေဆုံးသွားသော အဖွဲ့ဝင်ကို ဆုံးဖြတ်ရန် သက်သေအထောက်အထား ဖြစ်သည်ဟု ဆိုနိုင်သည်။

အားနင်က ပထမတော့ သူပြောနေတာကို နားမလည်​ပေ။ ဒါ့ကြောင့် သူ့ကို အနီးကပ်ကြည့်ရင်း ပထမတစ်ချက်မှာ သူမမျက်နှာက ဖြူဖျော့သွားခဲ့သည်။

"ဒါ....."

"ဒါက မင်းကုမ္ပဏီရဲ့ မှတ်ပုံတင်ကုဒ်ပဲ မဟုတ်လား"

ဝူရှဲ့ ထပ်မေးလိုက်တော့ အားနင်က ခေါင်းညိတ်ပြလိုက်သည်။ အားနင်ကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဆွံ့အနေပုံရသည်။ ဒါကြောင့် သူမက အားလုံးကို လျစ်လျူရှုပြီး တူးထားတဲ့ ကွက်လပ်ထဲကို ခုန်ဆင်းသွား၏။ နေရာလွတ်ထဲ၌ ထိုင်ချလိုက်ပြီး အရိုးစုကို သေချာမြင်ရအောင် မိုင်းတွင်းမီးခွက်ကို သုံးလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now