ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)
Chapter (66)
အလောင်းနားက ခြေရာများ
ပုံမှန်အချိန်များတွင် ကောပိနှင့် အိုအေစစ်ထဲသို့ မဝင်မီတွင် သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားများကို မချွတ်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းကို နွေးထွေးစေရန် အတွက် အိပ်ရာအိတ်ထဲတွင် ဖုံးအုပ်ထားတတ်သည်။ ဒါက အရေးပေါ် အခြေအနေမှာ မြန်မြန်ထနိုင်သည်။ အားနင် ဒီလိုအိပ်နေတဲ့ အိတ်ကို ဘယ်နှစ်ခါမြင်ဖူးလဲ မသိပေမယ့် အခု တွေးကြည့်တော့ သူမက သေသွားပြီ ဆိုတာ သတိရသွားသည်။
ဒါပေမဲ့ သူ အိပ်ပျော်သွားချိန်မှာတော့ အလောင်းက အိပ်ရာအိတ်ထဲမှာ ကောင်းကောင်းမွန်မွန် လဲလျောင်းနေခဲ့သည်။ ဒါဆို အလောင်းကို ဘယ်သူက တူးဆွထားတာလဲ။ ဖန့်ကျစ် ဖြစ်နိုင်လား။ သူက ဘာလုပ်မှာလဲ။
ဝူရှဲ့ မတ်တပ်ထရပ်ပြီး အားနင်ရဲ့ ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်တော့ တစ်ခုခု မှားနေပုံပေါ်တာကို သိလိုက်ရသည်။ အလောင်းကို တစ်စုံတစ်ဦးမှ ထိသွားတာ အမှန်ပင်။ မသိရသေးသော အကြောင်းရင်း တစ်ခုကြောင့် လက်များသည် သဘာဝအတိုင်း ကွေးကောက်နေပြီး အလောင်းတစ်ခုလုံးမှာ အနည်းငယ် ထူးဆန်းနေပုံရသည်။
ပတ်ဝန်းကျင်ကို မသိစိတ်က လျှောက်ကြည့်မိတော့ မီးခိုးရောင်တွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်က ချောက်ကြီးနဲ့ မတူချေ။ သစ်ပင်တွေကလည်း ခပ်ကျဲကျဲဖြင့် မူမမှန်တာ တစ်ခုမှ မမြင်ရသလို မီးရောင်ကလည်း ခပ်ဝေးဝေးကို မရောက်နိုင်တာမို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ဝူရှဲ့ ဖန့်ကျစ်ဘက် လှည့်ကာ လှုပ်နှိုးလိုက်သည်။ ဖန့်ကျစ်က ကောင်းကောင်း အိပ်မပျော်လို့ ချက်ချင်း နိုးလာခဲ့သည်။ ဝူရှဲ့လည်း အားနင်ဘက်ကို လက်ညှိုးထိုး၍ သူလုပ်တာလားလို့ မေးလိုက်သည်။
ဖန့်ကျစ် စိတ်ရှုပ်သွားကာ ခေါင်းခါပြလာသည်။ သူက ဝူရှဲ့ကို မယုံသင်္ကာဖြင့် ကြည့်လေ၏။ သူ့မျက်နှာထားက ဟန်ဆောင်နေတယ်လို့ မထင်ရတာကြောင့် ဝူရှဲ့ ပို၍ပင် အံသြသွားမိသည်။
ရုတ်တရက် ဝူရှဲ့ ဖက်တီးကို ပြန်တွေးကြည့်မိသည်။ ကိုယ့်ဘာသာကိုယ် ပြန်တွေးကြည့်တော့ ဖက်တီးဟာ အားနင်ရဲ့ ခန္ဓာကိုယ်ပေါ်က ရတနာတွေကို စိတ်ဝင်စားနိုင်ပါ့မလား။ ဤလူယုတ်မာသည် မိမိလူမျိုး၏ ဥစ္စာကို နှမြောသည် မဟုတ်လော။ သို့သော် သူ့အမြင်အရတော့ ဖက်တီးက ပိုက်ဆံလိုချင်လို့ လောဘကြီးပေမယ့် ဒီလိုမျိုးတော့ မလုပ်နိုင်ပါဘူး။
ဖန့်ကျစ်သည် သူ့မျက်နှာကို စိမ့်ရေအနည်းငယ်ဖြင့် ဆေးကြောပြီးနောက် အားနင်၏ ခန္ဓာကိုယ်ဘက်သို့ လျှောက်သွားကာ မိုင်းတွင်းမီးခွက်ကို ဘာတွေဖြစ်နေလဲ ဆိုတာကို ကြည့်ရန် ထွန်းညှိလိုက်သည်။
အားနင်၏ မျက်နှာသည် ယခုသေဆုံးချိန်တွင် အနည်းငယ် ကြောက်စရာ ကောင်းနေသည့် အရိပ်အယောင်များ ရှိနေသေးသည်။ မိုးရေကြောင့် တစ်ကိုယ်လုံး စိုစွတ်စွတ်စွတ် ဖြစ်နေကာ အကိုက်ခံရသော ဒဏ်ရာသည် ညိုမဲလာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားမှာ ခရမ်းရောင် အမဲစက်များ ထွက်လာတာကို တွေ့လိုက်ရသည်။ ဤနေရာက အပူချိန် မြင့်မားမှုက ဤလှပသောအလောင်းကို ယိုယွင်းသွားစေသည်။
ဖန့်ကျစ် အလောင်းကို ကြည့်လိုက်တော့ အလောင်းပေါ်မှာ ရွှံ့နွံအရာတွေ အများကြီး ရှိနေတာ တွေ့လာရသည်။ အလောင်း၏ အဝတ်အစားများ ပေါ်မှာလည်း ရွှံ့ခြေရာများကဲ့သို့ သေးငယ်သော အရာများ ရှိနေသည်။
ဖန့်ကျစ်က ဝူရှဲ့ တစ်ချက်ကြည့်လိုက်ပြီး ရွှံ့နွံအမှတ်အသားတွေကို လိုက်ကြည့်တော့ မိုးရွာနေတာကြောင့် ခြေရာတွေက သဲသဲကွဲကွဲ မရှိတော့တာကို တွေ့လိုက်ရသည်။
'ရွှံ့ထဲမှာ တစ်ခုခုရှိနေတယ်!'
သူတို့ရဲ့ အာရုံကြောတွေ တင်းမာနေပြီး လည်ချောင်းတွေ တင်းတင်းကျပ်ကျပ် ဖြစ်လာသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဝူရှဲ့က ဖက်တီးကို နှိုးဖို့ လှည့်ကြည့်လိုက်သည်။ ဖန့်ကျစ်ကတော့ မတ်တပ်ထရပ်ကာ သေနတ်ကို ကောက်ကိုင်၍ စိမ့်၏အစွန်းက ခြေရာများနောက် လိုက်ကာ ငုတ်တုတ်ထိုင်ကာ ရေထဲသို့ ငုံ့ကြည့်လိုက်သည်။
ဝူရှဲ့ မျက်နှာသေကို ထိလိုက်တာနဲ့ သူက မျက်လုံးတွေကို ဖွဖွလေး ဖွင့်လိုက်သည်။ သူက အိပ်ပျော်နေသလား အိပ်မပျော်နေတာလားတော့ မသိချေ။ အခြေအနေကို ပြောပြပြီးတာနဲ့ သူက မျက်မှောင်ကြုတ်လေသည်။
သူတို့နှစ်ယောက်နဲ့ ဖန့်ကျစ် ဆီ လမ်းလျှောက်လာခဲ့သည်။ ရေတွေက အရမ်းစိုနေ၏။ ဖန့်ကျစ်က ရွှံ့ခြေရာတွေကို ဖက်တီးနဲ့ မျက်နှာသေတို့ကို ပြပြီး ပြောပြသည်။
“အဲဒါကြီးက ငါတို့အိပ်နေတုန်းက ရောက်လာတာ ဖြစ်မယ်... ကြည့်ရတာ နောက်တစ်ခါ သေတဲ့အထိ ရိုက်နှက်ခံရရင်တောင် အရမ်း အိပ်ပစ်လို့ မဖြစ်တော့ဘူး"
ခြေရာများကို ကြည့်ရှုပြီးနောက် မျက်နှာသေရဲ့ အမူအရာက ပြောင်းလဲသွားသည်။ သူက မိုင်းတွင်းမီးခွက်ကို ယူကာ အားနင်ရဲ့ ခန္ဓာကိုယ် ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေး၍ ဝူရှဲ့တို့အား အလောင်းရဲ့ ခန္ဓာကိုယ်အနီးသို့ ထပ်မံ ချဥ်းကပ်ခြင်း မပြုရန် တားဆီးလိုက်သည်။
ဝူရှဲ့က "ဘာဖြစ်လို့လဲ?"
"ခြေရာတွေ တန်းစီပြီး ကျန်ခဲ့တာ... ပြီးတော့ အဲဒါကြီးက မသွားသေးဘူး" ဟု မျက်နှာသေမှ တိုးတိုးလေး ပြောလေသည်။
ဂူေဖာက္သူတို႔ဒ႑ာရီ (volume 4)
Author - (nan pai san shu)
translater - Hninthawethadar
႐ႊံ႕ေႁမြတစ္ေဆၿမိဳ႕ေတာ္ (ဒုတိယပိုင္း)
Chapter (66)
အေလာင္းနားက ေျခရာမ်ား
ပုံမွန္အခ်ိန္မ်ားတြင္ ေကာပိႏွင့္ အိုေအစစ္ထဲသို႔ မဝင္မီတြင္ သူတို႔၏ ခႏၶာကိုယ္အေပၚပိုင္းအဝတ္အစားမ်ားကို မခြၽတ္ဘဲ ခႏၶာကိုယ္ေအာက္ပိုင္းကို ႏြေးေထြးေစရန္ အတြက္ အိပ္ရာအိတ္ထဲတြင္ ဖုံးအုပ္ထားတတ္သည္။ ဒါက အေရးေပၚ အေျခအေနမွာ ျမန္ျမန္ထနိုင္သည္။ အားနင္ ဒီလိုအိပ္ေနတဲ့ အိတ္ကို ဘယ္ႏွစ္ခါျမင္ဖူးလဲ မသိေပမယ့္ အခု ေတြးၾကည့္ေတာ့ သူမက ေသသြားၿပီ ဆိုတာ သတိရသြားသည္။
ဒါေပမဲ့ သူ အိပ္ေပ်ာ္သြားခ်ိန္မွာေတာ့ အေလာင္းက အိပ္ရာအိတ္ထဲမွာ ေကာင္းေကာင္းမြန္မြန္ လဲေလ်ာင္းေနခဲ့သည္။ ဒါဆို အေလာင္းကို ဘယ္သူက တူးဆြထားတာလဲ။ ဖန့္က်စ္ ျဖစ္နိုင္လား။ သူက ဘာလုပ္မွာလဲ။
ဝူရွဲ႕ မတ္တပ္ထရပ္ၿပီး အားနင္ရဲ႕ ခႏၶာကိုယ္ကို လွမ္းၾကည့္လိုက္ေတာ့ တစ္ခုခု မွားေနပုံေပၚတာကို သိလိုက္ရသည္။ အေလာင္းကို တစ္စုံတစ္ဦးမွ ထိသြားတာ အမွန္ပင္။ မသိရေသးေသာ အေၾကာင္းရင္း တစ္ခုေၾကာင့္ လက္မ်ားသည္ သဘာဝအတိုင္း ေကြးေကာက္ေနၿပီး အေလာင္းတစ္ခုလုံးမွာ အနည္းငယ္ ထူးဆန္းေနပုံရသည္။
ပတ္ဝန္းက်င္ကို မသိစိတ္က ေလွ်ာက္ၾကည့္မိေတာ့ မီးခိုးေရာင္ေတြ ျပည့္ေနတဲ့ ပတ္ဝန္းက်င္က ေခ်ာက္ႀကီးနဲ႕ မတူေခ်။ သစ္ပင္ေတြကလည္း ခပ္က်ဲက်ဲျဖင့္ မူမမွန္တာ တစ္ခုမွ မျမင္ရသလို မီးေရာင္ကလည္း ခပ္ေဝးေဝးကို မေရာက္နိုင္တာမို႔ ရွင္းရွင္းလင္းလင္း မျမင္ရေပ။
ဝူရွဲ႕ ဖန့္က်စ္ဘက္ လွည့္ကာ လႈပ္ႏွိုးလိုက္သည္။ ဖန့္က်စ္က ေကာင္းေကာင္း အိပ္မေပ်ာ္လို႔ ခ်က္ခ်င္း နိုးလာခဲ့သည္။ ဝူရွဲ႕လည္း အားနင္ဘက္ကို လက္ညွိုးထိုး၍ သူလုပ္တာလားလို႔ ေမးလိုက္သည္။
ဖန့္က်စ္ စိတ္ရႈပ္သြားကာ ေခါင္းခါျပလာသည္။ သူက ဝူရွဲ႕ကို မယုံသကၤာျဖင့္ ၾကည့္ေလ၏။ သူ႕မ်က္ႏွာထားက ဟန္ေဆာင္ေနတယ္လို႔ မထင္ရတာေၾကာင့္ ဝူရွဲ႕ ပို၍ပင္ အံၾသသြားမိသည္။
႐ုတ္တရက္ ဝူရွဲ႕ ဖက္တီးကို ျပန္ေတြးၾကည့္မိသည္။ ကိုယ့္ဘာသာကိုယ္ ျပန္ေတြးၾကည့္ေတာ့ ဖက္တီးဟာ အားနင္ရဲ႕ ခႏၶာကိုယ္ေပၚက ရတနာေတြကို စိတ္ဝင္စားနိုင္ပါ့မလား။ ဤလူယုတ္မာသည္ မိမိလူမ်ိဳး၏ ဥစၥာကို ႏွေျမာသည္ မဟုတ္ေလာ။ သို႔ေသာ္ သူ႕အျမင္အရေတာ့ ဖက္တီးက ပိုက္ဆံလိုခ်င္လို႔ ေလာဘႀကီးေပမယ့္ ဒီလိုမ်ိဳးေတာ့ မလုပ္နိုင္ပါဘူး။
ဖန့္က်စ္သည္ သူ႕မ်က္ႏွာကို စိမ့္ေရအနည္းငယ္ျဖင့္ ေဆးေၾကာၿပီးေနာက္ အားနင္၏ ခႏၶာကိုယ္ဘက္သို႔ ေလွ်ာက္သြားကာ မိုင္းတြင္းမီးခြက္ကို ဘာေတြျဖစ္ေနလဲ ဆိုတာကို ၾကည့္ရန္ ထြန္းညွိလိုက္သည္။
အားနင္၏ မ်က္ႏွာသည္ ယခုေသဆုံးခ်ိန္တြင္ အနည္းငယ္ ေၾကာက္စရာ ေကာင္းေနသည့္ အရိပ္အေယာင္မ်ား ရွိေနေသးသည္။ မိုးေရေၾကာင့္ တစ္ကိုယ္လုံး စိုစြတ္စြတ္စြတ္ ျဖစ္ေနကာ အကိုက္ခံရေသာ ဒဏ္ရာသည္ ညိုမဲလာၿပီး သူမ၏ ခႏၶာကိုယ္ေပၚရွိ အေရျပားမွာ ခရမ္းေရာင္ အမဲစက္မ်ား ထြက္လာတာကို ေတြ႕လိုက္ရသည္။ ဤေနရာက အပူခ်ိန္ ျမင့္မားမႈက ဤလွပေသာအေလာင္းကို ယိုယြင္းသြားေစသည္။
ဖန့္က်စ္ အေလာင္းကို ၾကည့္လိုက္ေတာ့ အေလာင္းေပၚမွာ ႐ႊံ႕ႏြံအရာေတြ အမ်ားႀကီး ရွိေနတာ ေတြ႕လာရသည္။ အေလာင္း၏ အဝတ္အစားမ်ား ေပၚမွာလည္း ႐ႊံ႕ေျခရာမ်ားကဲ့သို႔ ေသးငယ္ေသာ အရာမ်ား ရွိေနသည္။
ဖန့္က်စ္က ဝူရွဲ႕ တစ္ခ်က္ၾကည့္လိုက္ၿပီး ႐ႊံ႕ႏြံအမွတ္အသားေတြကို လိုက္ၾကည့္ေတာ့ မိုး႐ြာေနတာေၾကာင့္ ေျခရာေတြက သဲသဲကြဲကြဲ မရွိေတာ့တာကို ေတြ႕လိုက္ရသည္။
'႐ႊံ႕ထဲမွာ တစ္ခုခုရွိေနတယ္!'
သူတို႔ရဲ႕ အာ႐ုံေၾကာေတြ တင္းမာေနၿပီး လည္ေခ်ာင္းေတြ တင္းတင္းက်ပ္က်ပ္ ျဖစ္လာသည္။ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ရင္း ဝူရွဲ႕က ဖက္တီးကို ႏွိုးဖို႔ လွည့္ၾကည့္လိုက္သည္။ ဖန့္က်စ္ကေတာ့ မတ္တပ္ထရပ္ကာ ေသနတ္ကို ေကာက္ကိုင္၍ စိမ့္၏အစြန္းက ေျခရာမ်ားေနာက္ လိုက္ကာ ငုတ္တုတ္ထိုင္ကာ ေရထဲသို႔ ငုံ႕ၾကည့္လိုက္သည္။
ဝူရွဲ႕ မ်က္ႏွာေသကို ထိလိုက္တာနဲ႕ သူက မ်က္လုံးေတြကို ဖြဖြေလး ဖြင့္လိုက္သည္။ သူက အိပ္ေပ်ာ္ေနသလား အိပ္မေပ်ာ္ေနတာလားေတာ့ မသိေခ်။ အေျခအေနကို ေျပာျပၿပီးတာနဲ႕ သူက မ်က္ေမွာင္ၾကဳတ္ေလသည္။
သူတို႔ႏွစ္ေယာက္နဲ႕ ဖန့္က်စ္ ဆီ လမ္းေလွ်ာက္လာခဲ့သည္။ ေရေတြက အရမ္းစိုေန၏။ ဖန့္က်စ္က ႐ႊံ႕ေျခရာေတြကို ဖက္တီးနဲ႕ မ်က္ႏွာေသတို႔ကို ျပၿပီး ေျပာျပသည္။
အဲဒါႀကီးက ငါတို႔အိပ္ေနတုန္းက ေရာက္လာတာ ျဖစ္မယ္... ၾကည့္ရတာ ေနာက္တစ္ခါ ေသတဲ့အထိ ရိုက္ႏွက္ခံရရင္ေတာင္ အရမ္း အိပ္ပစ္လို႔ မျဖစ္ေတာ့ဘူး"
ေျခရာမ်ားကို ၾကည့္ရႈၿပီးေနာက္ မ်က္ႏွာေသရဲ႕ အမူအရာက ေျပာင္းလဲသြားသည္။ သူက မိုင္းတြင္းမီးခြက္ကို ယူကာ အားနင္ရဲ႕ ခႏၶာကိုယ္ ပတ္ဝန္းက်င္ကို အလ်င္အျမန္ စစ္ေဆး၍ ဝူရွဲ႕တို႔အား အေလာင္းရဲ႕ ခႏၶာကိုယ္အနီးသို႔ ထပ္မံ ခ်ဥ္းကပ္ျခင္း မျပဳရန္ တားဆီးလိုက္သည္။
ဝူရွဲ႕က "ဘာျဖစ္လို႔လဲ?"
"ေျခရာေတြ တန္းစီၿပီး က်န္ခဲ့တာ... ၿပီးေတာ့ အဲဒါႀကီးက မသြားေသးဘူး" ဟု မ်က္ႏွာေသမွ တိုးတိုးေလး ေျပာေလသည္။