ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm...

By hinnthawethadar

6.7K 1.7K 172

Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ေရွ႕ book မွာ ဖတ္ေပးပါ More

Vol 4🐉13🐉အမှောင်ထဲက တတိယလူ
Vol 4🐉14🐉 ရွေးချယ်မှု
Vol 4🐉15🐉၁၀မိနစ်
Vol 4🐉16🐉သေရာက ပြန်ရှင်လာသူ
Vol 4🐉17🐉ပြန်လည်စတင်ခြင်း
Vol 4🐉18🐉ဆေးရုံက ဆင်းပြီ
Vol 4🐉19🐉ဖန်သားပြင်
Vol 4🐉20🐉၁၁ယောက်မြောက်လူ
Vol 4🐉21🐉 အဆုံး
Vol 4🐉22🐉ရှားပါးဧည့်သည်
Vol 4🐉23🐉သဲလွန်စ အသစ်များ
Vol 4🐉24🐉ဗွီဒီယိုတိပ်ခွေထဲက အိမ်ဟောင်း
Vol 4🐉25🐉အကုန် ပရမ်းပတာတွေ ဖြစ်ကုန်ပြီ
Vol 4🐉26🐉ဗွီဒီယိုတိပ်ခွေရဲ့ အစစ်အမှန် လျှို့ဝှက်ချက်
Vol 4🐉27🐉ငရဲမှ ဖိတ်ကြားခြင်း
Vol 4🐉28🐉တစ္ဆေအဆောက်အအုံ
Vol 4🐉29🐉 306
Vol 4🐉30🐉သဲလွန်စ
Vol 4🐉31🐉စီမံချက်
Vol 4🐉32🐉ဂူဖောက်မှတ်တမ်း
Vol 4🐉33🐉ဝမ်းကျင်ရဲ့ ဒိုင်ယာရီ
Vol 4🐉34🐉အမှောင်ထု
Vol 4🐉35🐉ထိတ်လန့်ဖွယ်ရာပြောင်းလဲမှု
Vol 4🐉37🐉စခန်း
Vol 4🐉38🐉ထွက်ခွာခြင်း
Vol 4🐉39🐉ဝမ်းကျင်ရဲ့ သတင်းစကား
Vol 4🐉40🐉ထပ်မံထွက်ခွာခြင်း
Vol 4🐉41🐉လမ်းပျောက်ပြီ
Vol 4🐉42🐉မိစ္ဆာမြို့တော်
Vol 4🐉43🐉မိစ္ဆာအော်သံ
Vol 4🐉44🐉သဲပင်လယ်ထဲက သင်္ဘောပျက်
Vol 4🐉45🐉ရှီးဝမ်းမယ်တော်ရဲ့ အိုးများ
Vol 4🐉46🐉တစ္ဆေခေါင်း
Vol 4🐉47🐉နိမိတ်
Vol 4🐉48🐉ပထမဆုံးမိုး
Vol 4🐉49🐉အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၁)
Vol 4🐉50🐉အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၂)
Vol 4🐉51🐉ဒုတိယမိုး (၁)
Vol 4🐉52🐉ဒုတိယမိုး (၂)
Vol 4🐉53🐉ရေညှိအောက်က လျှို့ဝှက်ချက် (၁)
Vol 4🐉54🐉ရေညှိအောက်က လျှို့ဝှက်ချက် (၂)
Vol 4🐉55🐉မြွေအရိုး (၁)
Vol 4🐉56🐉မြွေအရိုး (၂)
Vol 4🐉57🐉မြွေအရိုး (၃)
Vol 4🐉58🐉ရွှံ့နွံဧရိယာ (၁)
Vol 4🐉59🐉ရွှံ့နွံဧရိယာ (၂)
Vol 4🐉60🐉ရွှံ့နွံဧရိယာ (၃)
Vol 4🐉61🐉စပါးအုံးအန္တရာယ်
Vol 4🐉62🐉မြွေဘုရင်
Vol 4🐉63🐉ရွှံ့မြွေတစ္ဆေမြို့တော် (၁)
Vol 4🐉64🐉ရွှံ့မြွေတစ္ဆေမြို့တော် (၂)
Vol 4🐉65🐉ရွှံ့မြွေတစ္ဆေမြို့တော် (၃)
Vol 4🐉66🐉အလောင်းနားက ခြေရာများ
Vol 4 End🐉67🐉မြွေရဲ့ကြံစည်မှု
Vol 5🐉1🐉လိုက်ခြင်း
Vol 5🐉2🐉ပျောက်သွားပြီ
Vol 5🐉3🐉အချက်ပြမီးခိုး
Vol 5🐉4🐉အသံတိတ်တောင်ကြား
Vol 5🐉5🐉ကျောက်ရုပ်တု
Vol 5🐉6🐉ရုပ်တု၏ ဦးတည်ရာ
Vol 5🐉7🐉အက်ကွဲ
Vol 5🐉8🐉မြူထူထပ်တဲ့ ပထမည
Vol 5🐉9🐉ပထမည လက်ကောက်
Vol 5🐉10🐉ပထမည တောတွင်းတစ္ဆေအသံများ
Vol 5🐉11🐉ပထမည - ချဥ်းကပ်ခြင်း
Vol 5🐉12🐉ပထမည - ခိုးဝင်တိုက်ခိုက်ခြင်း
Vol 5🐉13🐉ပထမည - ပဋိပက္ခ ပိုမိုပြင်းထန်လာ
Vol 5🐉14🐉ပထမည - လိုက်!
Vol 5🐉15🐉ပထမည - တိုက်ပွဲ
Vol 5🐉16🐉အရုဏ်ဦး - သွေးထွက်သံယိုဘေးအန္တရာယ်
Vol 5🐉17🐉အရုဏ်ဦး - အသံတိတ်စခန်း
Vol 5🐉18🐉ဒုတိယည - ပြန်လည်ဆုံစည်းပြီ
Vol 5🐉19🐉ဒုတိယည - လျှို့ဝှက်ချက်
Vol 5🐉20🐉ဒုတိယည - ရုတ်တရက် ပြောင်းလဲမှု
Vol 5🐉21🐉ဒုတိယည - အဲဒါ
Vol 5🐉22🐉ဒုတိယည - မျက်မမြင်
Vol 5🐉23🐉ဒုတိယည - အရိပ်လှုပ်ရှားမှု
Vol 5🐉24🐉အရုဏ်ဦး - လွှဲပြောင်း
Vol 5🐉25🐉တတိယည - ရုပ်ကြွ
Vol 5🐉26🐉တတိယည - အသိအကျွမ်းလို့ထင်ရ
Vol 5🐉27🐉တတိယည - မြွေမိခင်
Vol 5🐉28🐉တတိယည - အမဲလိုက်ခြင်း
Vol 5🐉29🐉တတိယည - လျှို့ဝှက်တိုက်ပွဲ
Vol 5🐉30🐉တတိယည - ဗွက်အိုင်
Vol 5🐉31🐉တတိယည - အလောင်းဖျောက်
Vol 5🐉32🐉တတိယည - နောက်တစ်ယောက်
Vol 5🐉33🐉တတိယည - အိမ်ရှင်
Vol 5🐉34🐉တတိယည - ရွှံ့နွံမကောင်းဆိုးဝါးအရိပ်
Vol 5🐉35🐉တတိယည - တစ္ဆေအသံ ထပ်ပေါ်လာပြီ
Vol 5🐉36🐉တတိယည - မြူထဲကလူ
Vol 5🐉37🐉တတိယည- သူလျှိုလိုလုပ်နေသူ
Vol 5🐉38🐉တတိယည - ရက်စက်တယ်
Vol 5🐉39🐉တတိယည - မြွေအသံ
Vol 5🐉40🐉တတိယည - ကယ်တင်ခံရပြီ
Vol 5🐉41🐉တတိယည - ဝင်ပေါက်
Vol 5🐉42🐉တတိယည - ခိုလုံရာ
Vol 5🐉43🐉တတိယည - ဗွီဒီယိုတိပ်
Vol 5🐉44🐉စုဝေးရာ
Vol 5🐉45🐉အနက်ပိုင်းထဲက
Vol 5🐉46🐉အမှတ်အသား
Vol 5🐉47🐉သုံးခုထဲက တစ်ခုကိုရွေး
Vol 5🐉48🐉အမှန်တရား
Vol 5🐉49🐉အဖျက်သမား
Vol 5🐉50🐉အကျဥ်းထောင်
Vol 5🐉51🐉ဆုံရပ်
Vol 5🐉52🐉အမှတ်အသားရဲ့ အဆုံး
Vol 5🐉53🐉အဂ္ဂိရတ်အခန်း
Vol 5🐉54🐉ယန္တရား
Vol 5🐉55🐉 နီးလာပြီ
Vol 5🐉56🐉အဆုံးသတ်
Vol 5🐉57🐉ကောင်းကင်ကျောက်တုံး
Vol 5🐉58🐉စောင့်ဆိုင်းခြင်း
Vol 5🐉59🐉ဆက်လက် စောင့်ဆိုင်းခြင်း
Vol 5🐉60🐉ထွက်ခွာခြင်း
Vol 5🐉61🐉တွင်း
Vol 5🐉62🐉 ရေနွေးအိုး
Vol 5🐉63🐉 အဆုံး
Vol 5🐉64🐉ဂူဖောက်မှတ်တမ်း
Vol 5🐉65🐉ဆွေးနွေးခြင်း
Vol 5🐉66🐉 ဒုတိယဓာတ်ပုံဟောင်း
Vol 5🐉67🐉တူညီသော ဆင်းရဲဒုက္ခများ
Vol 5🐉68🐉နောက်တစ်ကြိမ် ထွက်ခွာခြင်း
Vol 5🐉69🐉အမွေဆက်ခံခြင်း
Vol 5🐉70🐉အရိပ်ဒဏ္ဍာရီ

Vol 4🐉36🐉ပြန်လည်ဆုံစည်းပြီ

84 16 3
By hinnthawethadar

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (36)
ပြန်လည်ဆုံစည်းပြီ

အသံကို မှတ်မိသွားတဲ့အခိုက်မှာ စိတ်ရှုပ်ထွေးမှု၊ ဒေါသ၊ အံ့သြမှု၊ သံသယ၊ ကြောက်ရွံ့မှု စသဖြင့် မရေမတွက်နိုင်တဲ့ တုံ့ပြန်မှုတွေက သူ့ခေါင်းထဲ စုံသွားသည်။

ဒီနေရာမှာ သူ့အသံကို ကြားလိုက်ရခြင်းက ဝူရှဲ့စိတ်ထဲတွင် အမှန်တကယ် မျှော်လင့်ထားတဲ့ အရာမဟုတ်ပေ။ မျက်နှာသေသည် ယခုကမ္ဘာပေါ်က မည်သည့်နေရာ၌မဆို ရှိနေနိုင်သည် သို့မဟုတ် ဤကမ္ဘာတွင်ပင် မရှိနိုင်​တော့ သော်လည်း ယခုလိုနေရာတွင် ပေါ်လာနိုင်တဲ့ အကြောင်းပြချက်တော့ လုံးဝ မရှိပေ။

တကယ်ပဲ သူဘာလို့ဒီမှာ ရှိ​နေတာလဲ။ သူဒီမှာ ဘာလုပ်နေတာလဲ။ ဗီဒီယိုတိပ်ကို ပေးပို့ခဲ့သူက တကယ်ပဲသူလား။ သူဒီမှာ ပုန်းနေတာလား။ ဒါမှမဟုတ် သူက မိမိလိုပဲ သဲလွန်စတချို့ကြောင့် ဒီကိုလာခဲ့တာလား။

ဝူရှဲ့စိတ်တွေ လွတ်သွားပြီးနောက် မရေမတွက်နိုင်တဲ့ မေးခွန်းတွေက ဒီရေလို တက်လာပြီး တစ်ချိန်တည်းမှာပဲ ကြေးနန်းတံခါးထဲကို သူလမ်းလျှောက်သွားခဲ့တဲ့ မြင်ကွင်းက အတွေးထဲ ဝင်လာခဲ့သည်။ စိတ်အားထက်သန်မှု တစ်ခုက ဝူရှဲ့ဆီရောက်လာပြီး လည်ပင်းကိုညှစ်ကာ သူဘာလုပ်နေတာလဲ ဆိုတာကို အတိအကျ မေးလိုက်ချင်သည်။

ဒါပေမဲ့ တကယ့်အဖြစ်မှန်က အမှောင်ထဲမှာ တစ်ဖက်လူက သူ့ပါးစပ်ကို ဖုံးထားလေသည်။ သူ့ခမျာ ညည်းတွားပြီး မလှုပ်နိုင်တော့ပေ။ သူ့အစွမ်းအစက ဆက်ပြီး သန်မာနေတုန်းပဲ ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားလာရသည်။ တစ်ဖက်လူကလက်ကို လုံးဝ မလွှတ်တဲ့အပြင် သူ့ကိုလည်း ဒီအတိုင်း ဖိချထားသည်။ အဲဒါက သူ့အား အရမ်း စိတ်မသက်မသာ ဖြစ်စေတာကြောင့် ဝူရှဲ့မှာ ထပ်ပြီး ရုန်းကန်ရပြန်သည်။

အဲဒီအချိန်မှာ သူပိတ်ထားခဲ့တဲ့ သစ်သားတံခါးဆီက ပြင်းပြင်းထန်ထန် အော်ဟစ်သံ တစ်ခုကြားရပြီး တစ်စုံတစ်ခုက တွန်းဖွင့်လိုက်တာကို ကြားရလိုက်သည်။ ဝူရှဲ့ အသက်ပြင်းပြင်းရှူပြီး ချက်ချင်း ငြိမ်သက်သွားကာ အသက်ရှုရပ်သွားသည်။ နောက်ပြီး အမှောင်ထုထဲမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေကို ခံစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားလေသည်။

ရုတ်တရက် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး သူအသံဖြင့် ဘာအနှောင့်အယှက်မှ မပေးနိုင်တော့ပေ။ ထိုစဥ် သူ့ခေါင်းနားနီးနီးမှာ အလွန်ပေါ့ပါးတဲ့ အသက်ရှူသံတွေ ထပ်ကြားလိုက်ရသည်။ မျက်နှာသေရဲ့ အသက်ရှုသံ။ ငရဲကို ရောက်သွားပေမယ့် သူ အသက်ရှင်နေသေးတာပဲ။

မျက်နှာသေသည် သူ့ရဲ့ ငြိမ်သက်မှုကို ခံစားမိတာကြောင့် ချုပ်ထားတဲ့လက်ကို အနည်းငယ် ဖြေလျှော့နိုင်သော်လည်း လွှတ်ရန် ရည်ရွယ်ချက် မရှိခဲ့သေးပေ။ မကြာခင်မှာပဲ ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်သွားတော့ ဝူရှဲ့ခမျာ သူ့နှလုံးခုန်သံကိုသာ ​ပြန်ကြားလာရလေသည်။

အချိန်က ဘယ်လောက်ကြာသွားတယ် မသိ။ လက်ရှိနေရာက မတည်​ငြိမ်နေမှန်း မသိပေမယ့် တံခါးဆီက ဦးတည်လာတဲ့ အလွန်ထူးဆန်းတဲ့ "ပေါ့ပ်"ဆိုတဲ့ အသံကို ကြားလိုက်ရ၏။ ခဏကြာတော့ ဘာသံမှ မကြားရတော့ဘဲ ပါးစပ်ကို အုပ်ထားတဲ့ လက်ကလည်း ပြန်ရုတ်သွားကာ ရုတ်တရက် မျက်လုံးတွေ မှုန်ဝါးစေတဲ့အထိ အလင်းရောင်တစ်ချက် တောက်သွားသည်။

အလင်းရောင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အချိန်အတော်ကြာ ကြိုးစားခဲ့ရပြီ။ မျက်လုံးစွေလိုက်တဲ့အခါ နောက်ဆုံးတော့ ရင်းနှီး​နေတဲ့ မျက်နှာက သူ့ရှေ့မှာ ထင်ရှားလာပါတော့သည်။

ဒီမျက်နှာသေနဲ့ လွန်ခဲ့တဲ့လ အနည်းငယ်က ပျောက်သွားတဲ့ မျက်နှာသေကြားက ခြားနားချက်တစ်ခုက သူ့မျက်နှာမှာ နှုတ်ခမ်းမွေးတွေ နည်းနည်း ရှည်လာတာပါပဲ။ ဒါပေမဲ့ အနီးကပ် ကြည့်လိုက်တော့ အဲဒါတွေက နှုတ်ခမ်းမွေးတွေ မဟုတ်ဘဲ မျက်နှာပေါ်က ဖုန်မှုန့်တွေ ဖြစ်နေတာ တွေ့လိုက်ရသည်။

သူ့စိတ်တွေ လုံးဝ အေးခဲသွားပြီ။ သူသည် မျက်နှာသေကို ရူးသွပ်မတတ် စိုက်ကြည့်ရင်း သူအရင်က တွေးခဲ့ဖူးတဲ့ မေးခွန်းတွေ အားလုံးကို မေ့သွားခဲ့ပြီး ခဏတာလောက် ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပေ။ ဒါပေမဲ့ တစ်ဖက်လူက သူ့ကို ဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး ကြည့်ရုံသာ ကြည့်လာသည်။ အဲဒီနောက် ဘာမှ မမေးဘဲ တံခါးဆီကို သတိထားပြီး လှမ်းကြည့်လိုက်သည်။ လက်ထဲက မီးတုတ်ကလေးကို တံခါးအတွင်းဘက်သို့ ထွန်းလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။

တံခါးကိုပိတ်ပြီးနောက် သူက မတ်တတ်ထရပ်ကာ မီးချောင်းကို မျက်နှာကျက်သို့ မြှောက်ကာ တစ်ခုခုကို ရှာကြည့်​​နေသည်။ ဝူရှဲ့မှာတော့ ဒေါသထွက်လွန်းလို့ အကြိမ်ကြိမ် စကားပြောဖို့ ကြိုးစားပေမယ့် မျက်နှာသေက သူ့ကို အမူအယာနဲ့ တားလိုက်သည်။

သူ့လှုပ်ရှားမှုတွေရဲ့ ပြင်းထန်မှုက အရမ်းမြန်တာကြောင့် အရေးကြီးတဲ့ အခိုက်ပဲလို့ ခံစားလိုက်ရသည်။ သူ့ရဲ့အမူအရာက ဝူရှဲ့ကို ထိတ်လန့်သွားစေပြီး မျက်လုံးတွေက သူ့မီး​ရောင်သွားတဲ့ နောက်ကို လိုက်သွား၏။

မီးတုတ်လေးရဲ့ အလင်းရောင်က အလွန်တောက်ပခြင်း မရှိသော်လည်း ယခုလို အမှောင်ထဲတွင်တော့ ဤအိမ်ရဲ့ အခြေအနေကို လျင်မြန်စွာ နားလည်နိုင်သည်။

ဝင်လာတုန်း အိမ်အောက်ထပ်ရဲ့ ခေါင်မိုးကို လှမ်းကြည့်လိုက်မိပါသေးသည်။ ပိုက်လုံးတွေက အခုလက်ရှိခေတ် ကားဂိုဒေါင်နဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီနေရာကို အကြိမ်ပေါင်းများစွာ ပြန်လည်မွမ်းမံပြီး ဆေးသုတ်ထားတုန်းပဲလို့ ပြောနိုင်သည်။ ခေါင်မိုးကို အင်္ဂတေအဖြူဖြင့် သုတ်ထားပြီး အုတ်၏ အပြင်ဘက်ရှိ အင်္ဂတေမျက်နှာပြင်သည် အခွံခွာခံရလုနီးပါး ဖြစ်ကာ အုတ်မျက်နှာပြင်၏ အပိုင်းများပေါ်၌ ထိုတားမြစ်မိန်းမပျိုက တွားသွားနေပုံရသည်။

ဒါပေမဲ့ အသံက ဘယ်ကလာတာလဲ။

မျက်နှာသေသည် ပတ်ပတ်လည်ကို စေ့စေ့ကြည့်ကာ အလွန်လျင်မြန်စွာ လှုပ်ရှားသွားသည်။ မီးတုတ်လေး ငြိမ်းသွားပေမယ့် သူက နောက်တစ်ခုကို အမြန်ထွန်းလိုက်ပြီးနောက် ဝူရှဲ့ထံ ပြန်လာခဲ့သည်။

"လိုက်မလာဘူး"

တိုးတိုးလေး ပြောပြီး တံခါးကို လှမ်းကြည့်လိုက်သည်။

ဝူရှဲ့မှယမေးခွန်းတွေအားလုံး ပါးစပ်ကနေ ပေါက်ကွဲလုနီးပါး ဖြစ်​​နေခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ အရာကတော့ သူက ဝူရှဲ့ကိုကြည့်ဖို့ သူ့ခေါင်းကို လှည့်ပြီး တတ်နိုင်သမျှ ငြိမ်ငြိမ်လေး လှုပ်ရှားပြီးတော့ ပေါ့ပေါ့ပါးပါး မေးလာသည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ??"

ဝူရှဲ့ခမျာ ဦးနှောက်က ရုတ်တရက် သွေးတွေပြည့်နေပြီး ခုန်ထလိုက်သည်။ ဒီမျက်နှာသေကို လည်ပင်းညှစ် သတ်ချင်လိုက်တာ အသေပါပဲ။ 'ငါတောင် မင်းကို မမေးသေးဘူး!... ငါဒီကိုလာချင်တယ်လို့များ ထင်လား အဲဒီဗီဒီယို တိပ်ခွေတွေကြောင့်သာ မဟုတ်ရင် သေတောင် ဒီကို လာမှာ မဟုတ်ဘူး' လို့ စိတ်ထဲကနေသာ အော်ဟစ်လိုက်၏။

အံကြိတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောချင်ပေမယ့် သူ့မျက်နှာကို ကြည့်ပြီး ဖက်တီးလို ရိုင်းစိုင်းတဲ့ စကားလုံးတွေက မထွက်လာပေ။ ကိုယ့်ဘာသာကို အံကြိတ့ရင်း ဒဏ်ရာတွေ ရလုနီးနီးပင် ဖြစ်သွားသည်။

"ဇာတ်လမ်းက အရှည်ကြီးပဲ.... ခင်ဗျားကရော ဘာလို့ ဒီကိုရောက်နေတာလဲ ဒီနေရာက ဘာကြီးလဲ... ခင်ဗျား... ခင်ဗျား အဲဒီတုန်းက ကြေးတံခါးထဲကို ဝင်သွားခဲ့တာ မဟုတ်ဘူးလား ဘာဖြစ်ခဲ့တာလဲ"

ဒီမေးခွန်းတွေက မေးရခက်ကာ သူ့စိတ်တွေလည်း လောလောဆယ်မှာ ရှုပ်ပွနေတာကြောင့် ဘယ်လိုပြောရမှန်း မသိတော့ပေ။

"ပြောရရင် အရှည်ကြီးပဲ..."

မျက်နှာသေက သူ့မေးခွန်းကို မဖြေချင်တာလား ဒါမှမဟုတ် ရှောင်နေသလား မသိပါဘူး။ ဝူရှဲ့ ကြည့်လိုက်တော့ မျက်နှာသေက ခေါင်းတလားကြီးကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူက အဖုံးကို တွန်းဖွင့်လိုက်တော့ ကြီးမားတဲ့ ကွက်လပ်​ကြီးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရပေမယ့် အတွင်းပိုင်းမှာတော့ မည်းမှောင်နေပြီး ဘာရှိသလဲ မသိရပေ။

သူဒီလိုလုပ်လိုက်မှာကို အကြောက်ဆုံးပဲ။ ဒါပေမဲ့ ဝူရှဲ့တစ်ယောက် ပါးစပ်မဖွင့်ခင်မှာပဲ မျက်နှာသေက သူ့လက်ကို ဝှေ့ယမ်းပြီး စကားမပြောဖို့ အချက်ပြကာ ခေါင်းတလားထဲကို ငုံ့ကြည့်လိုက်လေသည်။

ဒီလုပ်ရပ်ကို ဝူရှဲ့လည်း အရမ်းရင်းနှီးပါသည်။ သူ ဘာဖြစ်နေမှန်းကို မသိပေမယ့် တုံ့ပြန်မှုတစ်ခုအနေနဲ့ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး ခေါင်းတလားထဲကို ငုံ့ကြည့်လိုက်သည်။ မျက်နှာသေ မီးချောင်းကို ဆန့်ထုတ်လိုက်တာကြောင့် အခေါင်းထဲမှာ သန့်ရှင်းနေတဲ့ အကြောတွေကို တွေ့လိုက်ရကာ ခေါင်းတလားအောက်မှာ အပေါက်တစ်ခုလည်း ရှိနေ၏။

ဂရုတစိုက် နားထောင်လိုက်စဥ် ဘာဆိုတာ မပြောနိုင်ဘဲ တွင်းထဲက ဆူညံသံတချို့ကို ကြားလိုက်ရတော့ ဝူရှဲ့ စပ်စုမိသွားသည်။ ခဏလောက် စောင့်ပြီးနောက် တွင်းထဲကနေ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး လူတယောက်က တွင်းကြီးထဲက တွားသွားပြီးတော့ ထွက်လာလေသည်။ သူက ခေါင်းတလား အဖုံးရဲ့ ကွာဟချက်ကနေ ထွက်လာပြီး သူတို့ရှေ့မှာ ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။

ဝူရှဲ့ လန့်သွား၏။ ထိုလူက ဆင်းသက်ပြီးနောက်မှသာ ခေါင်းပေါ်မှ ချွေးအေးများကို သုတ်လိုက်ပြီး မျက်နှာသေကို မော့ကြည့်လိုက်ပြီးနောက် လက်ထဲတွင်ရှိ အရာအား မြှောက်ကာ “ရပြီ” ဟု တိုးတိုးလေး ပြောသည်။

ခဏနေတော့ ဘာတွေ ဖြစ်နေသလဲ သိချင်သဖြင့် စောင့်နေသလို ရပ်နေသော ဝူရှဲ့အား လက်နဲ့ ပုတ်ပြီး ဆိုလာသည်။

"သွားရအောင်!"

ဝူရှဲ့ သူတို့နောက်ကို ဂရုတစိုက်နဲ့ ခြေဖျားထောက်ပြီး မူလလမ်းအတိုင်း လိုက်သွားခဲ့ပေမယ့် နှစ်လှမ်းသုံးလှမ်းလောက် တက်ပြီးတာနဲ့ သူ့အနောက်က စင်္ကြံတံခါးဆီက ဗုန်းကနဲ အသံကို ကြားလိုက်ရ​လေသည်။

ရှေ့ကလူက ကျိန်ဆဲပြီး ပြေးတော့သည်။ ဝူရှဲ့လည်း သူတို့နောက်ကို ပြေးလိုက်ရလေ၏။ တလမ်းလုံး လှိမ့်ပြီးတစ်လှည့် တွားသွားပြီးတစ်လှည့် ခြံထဲကို အမြန် ပြန်ပြေးထွက်လရသည်။ နံရံကို ကျော်တက်ပြီးကာမှ ဝူရှဲ့မှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူက မောပန်းနွမ်းနယ်နေပေမယ့် အရှေ့က နှစ်ယောက်သားကတော့ ရပ်တန့်ဖို့ ရည်ရွယ်ချက် မရှိကြဘဲ ထွက်လာပြီးနောက် သူတို့ဟာ ဝူရှဲ့ကို ဂရုမစိုက်ဘဲ ဆက်ပြေးကြပါ၏။ ဝူရှဲ့လည်း 'ဒီတခေါက်တော့ မင်းကို ထွက်ပြေးခွင့် မပြုနိုင်ဘူး' လို့ ကိုယ့်ဘာသာကိုယ် တွေးရင်း သူတို့နောက်ကို ပြေးလိုက်ရတော့သည်။

မြို့ဟောင်းထဲက ပြေးထွက်လာပြီး ရုတ်တရက် အမှောင်ထုထဲက ကားတစ်စင်း ပြေးထွက်လာပြီး ကားတံခါးကို အသင့်ဖွင့်လိုက်သည်။ ကားက ဝူရှဲ့ကိုစောင့်ဖို့ လုံးဝ မစီစဉ်ထားဘဲ တံခါးက ချက်ချင်း ပိတ်တော့မယ်။ တံခါးပိတ်ဖို့ ဘယ်သူက တားလိုက်မှန်း မသိပေမယ့် ဝူရှဲ့ကတော့ မကျေမနပ် ခုန်တက်သွားလိုက်၏။

ဝူရှဲ့ခမျာ အသက်ရှုမဝတော့ပေ။ ကားပေါ်ရောက်တော့ မှောင်မည်းနေကာ မျက်စိမှိတ်ပြီး အသက်ရှူမှန်လာဖို့ တော်တော် ကြာသွားသည်။

ထို့နောက် သူ့နောက်ကျောဘက်ကို လှည့်ကြည့်လိုက်တော့ ကားထဲမှာ လူတွေ ပြည့်နေပြီး အားလုံးက အပြုံးတစ်ဝက်နဲ့ ကျွန်တော့်ကို ကြည့်နေကြတာ တွေ့လိုက်ရသည်။ ပြီးတော့ မမျှော်လင့်ဆုံးအရာက လူတော်တော်များများကို သူသိနေတာပါပဲ။ တစ်ချက် ကြည့်လိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ မျက်နှာလေးတွေကို တွေ့လိုက်ရသည်။

သူတို့အားလုံးက တိမ်ထိပ်ကောင်းကင်နန်းတော်ထဲက လွတ်မြောက်လာတဲ့ အားနင်ရဲ့ အဖွဲ့သားတွေပါပဲ။ ဒီတရုတ်နဲ့ နိုင်ငံခြားလူတစ်စုက သူနဲ့ ကျီလင်မှာ အတူရှိခဲ့ကြဖူးသူတွေပင်။

ဝူရှဲ့ရဲ့ အံ့အားသင့်နေတဲ့ အမူအရာကို မြင်တော့ သူနဲ့ရင်းနှီးတဲ့ လူတော်တော်များများထဲက ကုလားဖြူတစ်ယောက်က

“စူပါဝူ.... မင်းကိုတွေ့ဖို့ မိုင်ထောင်ချီပြီး လာခဲ့တာနော်”

ထို့နောက်တွင် ကုလားထိုင်နောက်ကွယ်မှ အားနင်ရဲ့ ခေါင်းက ပြူးထွက်လာကာ ဝူရှဲ့ကို အံ့သြစွာ ကြည့်နေခဲ့သည်။

(စူပါဝူ - အားနင် ဝူရှဲ့ကို ပေးထားတဲ့ နာမည်ပြောင်)

ဝူရှဲ့ မျက်နှာသေကို ကြည့်လိုက်သည်။ အခုနတုန်းက ကျောက်တုံး ခေါင်းတလားကြီးထဲက ခုန်ထွက်လာတဲ့ နေကာမျက်မှန် တပ်ထားတဲ့ ထူးဆန်းတဲ့ လူငယ်တစ်ယောက်လည်း ပါကာ နှစ်ယောက်စလုံးက ဝူရှဲ့ကို ကြည့်နေကြသည်။ ဝူရှဲ့ ရုတ်​တရက်​ စိတ်​ရှုပ်​သွားပြီး။

"သောက်ကျိုးနည်း! ဘာဖြစ်​​နေ​ကြတာလဲ ငါ့ကို ဘယ်သူ​ ပြောပြနိုင်လဲ"

အားနင်က "ဒါကျွန်မ မေးသင့်တာ မဟုတ်ဘူးလား? ရှင်ဘာလို့ မြေအောက်ခန်းထဲ ရောက်နေတာလဲ?"

Ivecoကားသည် တစ်လမ်းလုံး အရှိန်ပြင်းပြင်း မောင်းထွက်လာသည်။ ကောအာမု မြို့ပြဧရိယာမှ တိုက်ရိုက် မောင်းလာပြီး မြု့ပြင်အထိ ပြေးထွက်သွားသော်လည်း ဝူရှဲ့ခမျာ ကားထဲတွင် ရှိနေပြီး ကားပြတင်းပေါက် အပြင်ဘက်တွင်လည်း မှောင်မည်းနေသဖြင့် ဘာမှ မသိလိုက်ချေ။

လမ်းတစ်လျှောက်မှာ သူသည် အားနင်နဲ့ အကြာကြီး စကားစမြည်ပြောပြီး နှစ်ဘက်စလုံးက လက်ရှိကိစ္စရဲ့ အရာအားလုံးကို ဆွေးနွေး​နေခဲ့ကြသည်။

အားနင်သည်လည်း ဗီဒီယိုတိပ်ခွေထဲက လိပ်စာနှင့် သော့ကို တွေ့ခဲ့လေသည်။ ထင်ရှားသည်မှာ ဝမ်းကျင်၏ မှတ်စုများထဲတွင် ရေးထားသော "လူသုံးယောက်" ထဲမှ တစ်ဦးမှာ သူမ ဖြစ်ခဲ့သည်။ လျှို့ဝှက်ချက်ကို သူမ ရှာဖွေတွေ့ရှိပြီးနောက် တစ်ဖက်တွင် သူမသည် လိပ်စာကိုရှာဖွေရန် လူများအား ဤနေရာသို့လာရန် တောင်းဆိုခဲ့ပြီး တခြားတစ်ဖက်တွင် သူမသည် ဝူရှဲ့အား စမ်းသပ်ရန် ဟန်ကျိုးသို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။ တိပ်ခွေထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သူမလည်း သိချင်၏။

သို့သော် သူမ မျှော်လင့်ထားသည့် အရာမှာ ဝူရှဲ့သည် တိပ်ခွေကို အမှန်တကယ် လက်ခံရရှိခြင်း ဖြစ်သည်။ သူမ ရောက်လာပြီးနောက် ကောအာမုသို့ အမြန်ဆုံးထွက်ခွာခဲ့ပြီး ၎င်းတို့နှင့် တချိန်တည်းနီးပါးတွင် တစ္ဆေအဆောက်အအုံထဲ၌ တွေ့ရှိခဲ့သည်။

ကံကောင်းထောက်မစွာ ဒီတစ်ကြိမ်တော့ အရမ်း မဆိုင်းမတွဘဲ မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်နိုင်ခဲ့သည်။ မဟုတ်ရင် မှတ်စုစာအုပ်ကို မမြင်နိုင်တော့မှာ သေချာပါ၏။ အဲဒါကို တွေးပြီး ကြောက်လန့်သွားပေမယ့် တစ်ချိန်တည်းမှာပဲ နည်းနည်းလည်း ပျော်သွားသည်။ လွတ်လပ်သော လှုပ်ရှားမှုတစ်ခုတွင် ဤမျှကြီးမားသော ရလဒ်များကို ရရှိခဲ့ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

အဲဒီနောက်မှာတော့ မျက်နှာသေနဲ့ ဘယ်လိုဖြစ်လို့ အတူရှိနေတာလဲလို့ အားနင်အား မေးလိုက်သည်။ အားနင်က ပြုံးပြီးပြောလေ၏။

"ဘာလဲ? ရှင့်ရဲ့ဦးလေးက တတ်နိုင်တာကို ကျွန်မက မတတ်နိုင်ဘူး ထင်လို့လား? ဒီနှစ်ယောက်က စျေးနှုန်းကို ရှင်းရှင်းလင်းလင်း မှတ်သားထားပြီးသား... အခု သူတို့က ကျွန်မတို့ရဲ့ အတိုင်ပင်ခံတွေပဲ"

သူပြောပြီးသည်နှင့် မျက်မှန်အနက်နဲ့ လူက ပြုံးကာ ဝူရှဲ့ကို လက်ဝှေ့ယမ်းပြ​လေသည်။

"အတိုင်ပင်ခံ?"

ဝူရှဲ့ ဖက်တီးကို သတိရသွားသည်။ သူ ဒီတစ်ခါတော့ အားနင်ဆီက သင်ခန်းစာကို သင်ယူခဲ့ပြီ ထင်ပါရဲ့။ ဒါကြောင့် အားနင်က ယုံကြည်ရတဲ့ တခြားလူ တစ်ယောက်ကို ငှားလိုက်လေသည်။ ဝူရှဲ့မှာ သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားချက်ကို ထူးဆန်းစွာပဲ ခံစားလိုက်ရသည်။

ထိုအချိန်တွင် တစ်ဖက်မှ ကုလားဖြူက ဝင်ပြောလာသည်။

"သူမရဲ့ အဓိပ္ပာယ် မရှိတဲ့ စကား​တွေကို နားမထောင်နဲ့....သူတို့နှစ်ယောက်က ကျုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကျုပ်တို့ သူဌေး တိုက်ရိုက်ခန့်အပ်ထားတာ... အားနင်က လက်ထောက်တစ်ဦးပဲ...အခု သူတို့နှစ်ယောက်က အဓိက လုပ်ဆောင်ချက်​တွေ အတွက် တာဝန်ရှိတယ်... သူတို့က ဉာဏ်ရည်နဲ့ တုံ့ပြန်မှုတွေအတွက် တာဝန်ရှိတယ်လေ သူဌေးက ပရော်ဖက်ရှင်နယ် ကိစ္စ​တွေကို သူတို့ လုပ်ဆောင်ပေးနိုင်တယ်တဲ့"

ကောင်းကင်နန်းတော်မှာတုန်းက သေသွားတဲ့ လူတွေများလွန်းလှသည်။ ဝူရှဲ့လည်း အဲဒီတုန်းက အခြေအနေတွေကို တွေးပြီး ခေါင်းညိတ်လိုက်၏။

"ဒါဆို ဒီကိစ္စက ဘာဖြစ်နေတာလဲဏ ဗီဒီယိုတိပ်ခွေထဲက အကြောင်းအရာနဲ့ တားမြစ်မိန်းမပျို အကြောင်း မင်းတို့သိလား?"

ဤလူများ အားလုံး ခေါင်းယမ်းလိုက်ကြပြီး မျက်နှာသေနဲ့ ဟေးရန်ကျင်းကို ကြည့်လိုက်ကြသည်။ အားနင်ကလည်း သူတို့ကို စိုက်ကြည့်ကာ ဝူရှဲ့အမေးကို ဖြေလိုက်သည်။

“ကျွန်မတို့လည်း အတိအကျ မသိဘူး... ရှင်သိထားတာနဲ့လည်း သိပ်မကွာဘူး... အခုက သူတို့ပြောသလို လုပ်နေတာ ဒီလူနှစ်ယောက်က ဆက်သွယ်ဖို့ ခက်တယ်"

ဒီစကားကို နားထောင်ပြီးနောက် မျက်နှာသေဘက်ကို လှည့်ပြီး စိတ်ထဲမှာ မနေနိုင်တော့ဘဲ သူ့ကို ရှင်းရှင်းလင်းလင်း မေးပြီး သူဘာတွေဖြစ်နေတာလဲ ပြောပြစေချင်သည်။

ဒါပေမဲ့ ဝူရှဲ့ အဆင်သင့် မဖြစ်ခင်မှာပဲ ကားထဲမှာ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး တိဗက်ယာဉ်မောင်းက အော်ပြောလာလေရာ အားလုံးက သူတို့ရဲ့ ခရီးဆောင်အိတ်ကို ကောက်ကိုင်လိုက်ကြ၏။

ထို့နောက် ကားသည် ဖြည်းညှင်းစွာ ရပ်သွားကာ တံခါးကို ရုတ်တရက် ပွင့်လာသည်။ တံခါးအပြင်ဘက်တွင်တော့ မနက်ခင်း နေရောင်ခြည်ကို မြင်လိုက်ရပြီး ကောပိသဲကန္တာရမှ အေးစက်သော လေသည် ရုတ်တရက် တိုက်ခတ်သွားသည်။

ကားထဲက ညှစ်ထွက်လိုက်ပြီးနောက်မှာ LandRover ကားအစီးရေ တစ်ဒါဇင်ကျော်ဟာ ကောပိသဲကန္တာရမှာ ရိက္ခာတွေ အမြောက်အမြားနဲ့ စုပုံနေတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။ လေကာအင်္ကျီများ ဝတ်ဆင်ထားသည့် လူများက နေရာတိုင်းတွင် ရှိနေကြပြီး တစ်ဖက်တွင် ကြီးမားသော ဂြိုလ်တုပန်းကန်ပြားများနှင့် မီးထွန်းထားသော ဂက်စ်မီးချောင်းများ ပါရှိသည့် အိပ်စက်အိတ်ထဲတွင် လဲလျောင်းနေသူများလည်း ရှိနေသည်။

ဤနေရာသည် အမှန်တကယ် မောင်းသူမဲ့ ကားဝါသနာအိုးများအတွက် ဖြန့်ဖြူးရေးစင်တာတစ်ခုဟု ထင်ရသော်လည်း အနီးကပ် ကြည့်ခြင်းဖြင့် တစ်စုံတစ်ခု မှားယွင်းနေတာ တွေ့လာရသည်။ ကားတွေ အကုန်လုံးက တစ်ပုံစံတည်းတွေ။ တံခါးပေါ်တွင် ပျော့ပြောင်းသော သန္တာလိုဂိုတံဆိပ် ပါရှိပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အားနင်တို့ ကုမ္ပဏီကဆိုတာ ထင်ရှာပေသည်။

အားနင်က ဆင်းလာတာကို မြင်တော့ လူတွေက ဝိုင်းစုလာသည်။ အားနင် တစ်ခုခု ပြောလိုက်တော့ လူတော်တော်များများ ဝိုင်းအော်ကြလေသည်။

ဒီမြင်ကွင်းက ဝူရှဲ့ကို အရမ်း ထိတ်လန့်သွားစေသည်။ သို့နှင့် သူသည် အရပ်မြင့်မြင့်နဲ့ တခြားသူတွေကို ချီးကျူးဂုဏ်ပြုနေတဲ့ နိုင်ငံခြား အမျိုးသားတစ်ယောက်ကို ဖမ်းဆွဲပြီး သူတို့ ဘာလုပ်နေတာလဲလို့ မေးလိုက်သည်။

ကုလားဖြူလူက ဝူရှဲ့လက်မောင်း လက်သီးနဲ့ထိုးကာ ဆိုလာသည်။

"သူငယ်ချင်း... ငါတို့ 'ထမုထို' ကို သွားရတော့မယ်!"




ဂူေဖာက္သူတို႔ဒ႑ာရီ  (volume 4)
Author - (nan pai san shu)
translater - Hninthawethadar
႐ႊံ႕ေႁမြတစ္ေဆၿမိဳ႕ေတာ္ (ဒုတိယပိုင္း)

Chapter (36)
ျပန္လည္ဆုံစည္းၿပီ

အသံကို မွတ္မိသြားတဲ့အခိုက္မွာ စိတ္ရႈပ္ေထြးမႈ၊ ေဒါသ၊ အံ့ၾသမႈ၊ သံသယ၊ ေၾကာက္႐ြံ႕မႈ စသျဖင့္ မေရမတြက္နိုင္တဲ့ တုံ႕ျပန္မႈေတြက သူ႕ေခါင္းထဲ စုံသြားသည္။

ဒီေနရာမွာ သူ႕အသံကို ၾကားလိုက္ရျခင္းက ဝူရွဲ႕စိတ္ထဲတြင္ အမွန္တကယ္ ေမွ်ာ္လင့္ထားတဲ့ အရာမဟုတ္ေပ။ မ်က္ႏွာေသသည္ ယခုကမၻာေပၚက မည္သည့္ေနရာ၌မဆို ရွိေနနိုင္သည္ သို႔မဟုတ္ ဤကမၻာတြင္ပင္ မရွိနိုင္ေတာ့ ေသာ္လည္း ယခုလိုေနရာတြင္ ေပၚလာနိုင္တဲ့ အေၾကာင္းျပခ်က္ေတာ့ လုံးဝ မရွိေပ။

တကယ္ပဲ သူဘာလို႔ဒီမွာ ရွိေနတာလဲ။ သူဒီမွာ ဘာလုပ္ေနတာလဲ။ ဗီဒီယိုတိပ္ကို ေပးပို႔ခဲ့သူက တကယ္ပဲသူလား။ သူဒီမွာ ပုန္းေနတာလား။ ဒါမွမဟုတ္ သူက မိမိလိုပဲ သဲလြန္စတခ်ိဳ႕ေၾကာင့္ ဒီကိုလာခဲ့တာလား။

ဝူရွဲ႕စိတ္ေတြ လြတ္သြားၿပီးေနာက္ မေရမတြက္နိုင္တဲ့ ေမးခြန္းေတြက ဒီေရလို တက္လာၿပီး တစ္ခ်ိန္တည္းမွာပဲ ေၾကးနန္းတံခါးထဲကို သူလမ္းေလွ်ာက္သြားခဲ့တဲ့ ျမင္ကြင္းက အေတြးထဲ ဝင္လာခဲ့သည္။ စိတ္အားထက္သန္မႈ တစ္ခုက ဝူရွဲ႕ဆီေရာက္လာၿပီး လည္ပင္းကိုညွစ္ကာ သူဘာလုပ္ေနတာလဲ ဆိုတာကို အတိအက် ေမးလိုက္ခ်င္သည္။

ဒါေပမဲ့ တကယ့္အျဖစ္မွန္က အေမွာင္ထဲမွာ တစ္ဖက္လူက သူ႕ပါးစပ္ကို ဖုံးထားေလသည္။ သူ႕ခမ်ာ ညည္းတြားၿပီး မလႈပ္နိုင္ေတာ့ေပ။ သူ႕အစြမ္းအစက ဆက္ၿပီး သန္မာေနတုန္းပဲ ဆိုတာ ရွင္းရွင္းလင္းလင္း ခံစားလာရသည္။ တစ္ဖက္လူကလက္ကို လုံးဝ မလႊတ္တဲ့အျပင္ သူ႕ကိုလည္း ဒီအတိုင္း ဖိခ်ထားသည္။ အဲဒါက သူ႕အား အရမ္း စိတ္မသက္မသာ ျဖစ္ေစတာေၾကာင့္ ဝူရွဲ႕မွာ ထပ္ၿပီး ႐ုန္းကန္ရျပန္သည္။

အဲဒီအခ်ိန္မွာ သူပိတ္ထားခဲ့တဲ့ သစ္သားတံခါးဆီက ျပင္းျပင္းထန္ထန္ ေအာ္ဟစ္သံ တစ္ခုၾကားရၿပီး တစ္စုံတစ္ခုက တြန္းဖြင့္လိုက္တာကို ၾကားရလိုက္သည္။ ဝူရွဲ႕ အသက္ျပင္းျပင္းရႉၿပီး ခ်က္ခ်င္း ၿငိမ္သက္သြားကာ အသက္ရႈရပ္သြားသည္။ ေနာက္ၿပီး အေမွာင္ထုထဲမွာ ထူးဆန္းတဲ့ လႈပ္ရွားမႈေတြကို ခံစားနိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားေလသည္။

႐ုတ္တရက္ တစ္ခန္းလုံး တိတ္ဆိတ္သြားၿပီး သူအသံျဖင့္ ဘာအႏွောင့္အယွက္မွ မေပးနိုင္ေတာ့ေပ။ ထိုစဥ္ သူ႕ေခါင္းနားနီးနီးမွာ အလြန္ေပါ့ပါးတဲ့ အသက္ရႉသံေတြ ထပ္ၾကားလိုက္ရသည္။ မ်က္ႏွာေသရဲ႕ အသက္ရႈသံ။ ငရဲကို ေရာက္သြားေပမယ့္ သူ အသက္ရွင္ေနေသးတာပဲ။

မ်က္ႏွာေသသည္ သူ႕ရဲ႕ ၿငိမ္သက္မႈကို ခံစားမိတာေၾကာင့္ ခ်ဳပ္ထားတဲ့လက္ကို အနည္းငယ္ ေျဖေလွ်ာ့နိုင္ေသာ္လည္း လႊတ္ရန္ ရည္႐ြယ္ခ်က္ မရွိခဲ့ေသးေပ။ မၾကာခင္မွာပဲ ပတ္ဝန္းက်င္က တိတ္ဆိတ္ ၿငိမ္သက္သြားေတာ့ ဝူရွဲ႕ခမ်ာ သူ႕ႏွလုံးခုန္သံကိုသာ ျပန္ၾကားလာရေလသည္။

အခ်ိန္က ဘယ္ေလာက္ၾကာသြားတယ္ မသိ။ လက္ရွိေနရာက မတည္ၿငိမ္ေနမွန္း မသိေပမယ့္ တံခါးဆီက ဦးတည္လာတဲ့ အလြန္ထူးဆန္းတဲ့ "ေပါ့ပ္"ဆိုတဲ့ အသံကို ၾကားလိုက္ရ၏။ ခဏၾကာေတာ့ ဘာသံမွ မၾကားရေတာ့ဘဲ ပါးစပ္ကို အုပ္ထားတဲ့ လက္ကလည္း ျပန္႐ုတ္သြားကာ ႐ုတ္တရက္ မ်က္လုံးေတြ မႈန္ဝါးေစတဲ့အထိ အလင္းေရာင္တစ္ခ်က္ ေတာက္သြားသည္။

အလင္းေရာင္နဲ႕ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ အခ်ိန္အေတာ္ၾကာ ႀကိဳးစားခဲ့ရၿပီ။ မ်က္လုံးေစြလိုက္တဲ့အခါ ေနာက္ဆုံးေတာ့ ရင္းႏွီးေနတဲ့ မ်က္ႏွာက သူ႕ေရွ႕မွာ ထင္ရွားလာပါေတာ့သည္။

ဒီမ်က္ႏွာေသနဲ႕ လြန္ခဲ့တဲ့လ အနည္းငယ္က ေပ်ာက္သြားတဲ့ မ်က္ႏွာေသၾကားက ျခားနားခ်က္တစ္ခုက သူ႕မ်က္ႏွာမွာ ႏႈတ္ခမ္းေမြးေတြ နည္းနည္း ရွည္လာတာပါပဲ။ ဒါေပမဲ့ အနီးကပ္ ၾကည့္လိုက္ေတာ့ အဲဒါေတြက ႏႈတ္ခမ္းေမြးေတြ မဟုတ္ဘဲ မ်က္ႏွာေပၚက ဖုန္မႈန႔္ေတြ ျဖစ္ေနတာ ေတြ႕လိုက္ရသည္။

သူ႕စိတ္ေတြ လုံးဝ ေအးခဲသြားၿပီ။ သူသည္ မ်က္ႏွာေသကို ႐ူးသြပ္မတတ္ စိုက္ၾကည့္ရင္း သူအရင္က ေတြးခဲ့ဖူးတဲ့ ေမးခြန္းေတြ အားလုံးကို ေမ့သြားခဲ့ၿပီး ခဏတာေလာက္ ဘာစကားမွ ျပန္မေျပာနိုင္ခဲ့ေပ။ ဒါေပမဲ့ တစ္ဖက္လူက သူ႕ကို ဂ႐ုမစိုက္သလို ေပါ့ေပါ့ပါးပါး ၾကည့္႐ုံသာ ၾကည့္လာသည္။ အဲဒီေနာက္ ဘာမွ မေမးဘဲ တံခါးဆီကို သတိထားၿပီး လွမ္းၾကည့္လိုက္သည္။ လက္ထဲက မီးတုတ္ကေလးကို တံခါးအတြင္းဘက္သို႔ ထြန္းလိုက္ၿပီး တံခါးကို ပိတ္လိုက္သည္။

တံခါးကိုပိတ္ၿပီးေနာက္ သူက မတ္တတ္ထရပ္ကာ မီးေခ်ာင္းကို မ်က္ႏွာက်က္သို႔ ျမႇောက္ကာ တစ္ခုခုကို ရွာၾကည့္ေနသည္။ ဝူရွဲ႕မွာေတာ့ ေဒါသထြက္လြန္းလို႔ အႀကိမ္ႀကိမ္ စကားေျပာဖို႔ ႀကိဳးစားေပမယ့္ မ်က္ႏွာေသက သူ႕ကို အမူအယာနဲ႕ တားလိုက္သည္။

သူ႕လႈပ္ရွားမႈေတြရဲ႕ ျပင္းထန္မႈက အရမ္းျမန္တာေၾကာင့္ အေရးႀကီးတဲ့ အခိုက္ပဲလို႔ ခံစားလိုက္ရသည္။ သူ႕ရဲ႕အမူအရာက ဝူရွဲ႕ကို ထိတ္လန႔္သြားေစၿပီး မ်က္လုံးေတြက သူ႕မီးေရာင္သြားတဲ့ ေနာက္ကို လိုက္သြား၏။

မီးတုတ္ေလးရဲ႕ အလင္းေရာင္က အလြန္ေတာက္ပျခင္း မရွိေသာ္လည္း ယခုလို အေမွာင္ထဲတြင္ေတာ့ ဤအိမ္ရဲ႕ အေျခအေနကို လ်င္ျမန္စြာ နားလည္နိုင္သည္။

ဝင္လာတုန္း အိမ္ေအာက္ထပ္ရဲ႕ ေခါင္မိုးကို လွမ္းၾကည့္လိုက္မိပါေသးသည္။ ပိုက္လုံးေတြက အခုလက္ရွိေခတ္ ကားဂိုေဒါင္နဲ႕ အတူတူပါပဲ။ ဒါေၾကာင့္ ဒီေနရာကို အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္မြမ္းမံၿပီး ေဆးသုတ္ထားတုန္းပဲလို႔ ေျပာနိုင္သည္။ ေခါင္မိုးကို အဂၤေတအျဖဴျဖင့္ သုတ္ထားၿပီး အုတ္၏ အျပင္ဘက္ရွိ အဂၤေတမ်က္ႏွာျပင္သည္ အခြံခြာခံရလုနီးပါး ျဖစ္ကာ အုတ္မ်က္ႏွာျပင္၏ အပိုင္းမ်ားေပၚ၌ ထိုတားျမစ္မိန္းမပ်ိဳက တြားသြားေနပုံရသည္။

ဒါေပမဲ့ အသံက ဘယ္ကလာတာလဲ။

မ်က္ႏွာေသသည္ ပတ္ပတ္လည္ကို ေစ့ေစ့ၾကည့္ကာ အလြန္လ်င္ျမန္စြာ လႈပ္ရွားသြားသည္။ မီးတုတ္ေလး ၿငိမ္းသြားေပမယ့္ သူက ေနာက္တစ္ခုကို အျမန္ထြန္းလိုက္ၿပီးေနာက္ ဝူရွဲ႕ထံ ျပန္လာခဲ့သည္။

"လိုက္မလာဘူး"

တိုးတိုးေလး ေျပာၿပီး တံခါးကို လွမ္းၾကည့္လိုက္သည္။

ဝူရွဲ႕မွယေမးခြန္းေတြအားလုံး ပါးစပ္ကေန ေပါက္ကြဲလုနီးပါး ျဖစ္ေနခဲ့ေပမယ့္ မေမွ်ာ္လင့္ထားတဲ့ အရာကေတာ့ သူက ဝူရွဲ႕ကိုၾကည့္ဖို႔ သူ႕ေခါင္းကို လွည့္ၿပီး တတ္နိုင္သမွ် ၿငိမ္ၿငိမ္ေလး လႈပ္ရွားၿပီးေတာ့ ေပါ့ေပါ့ပါးပါး ေမးလာသည္။

"မင္း ဒီမွာ ဘာလုပ္ေနတာလဲ??"

ဝူရွဲ႕ခမ်ာ ဦးႏွောက္က ႐ုတ္တရက္ ေသြးေတြျပည့္ေနၿပီး ခုန္ထလိုက္သည္။ ဒီမ်က္ႏွာေသကို လည္ပင္းညွစ္ သတ္ခ်င္လိုက္တာ အေသပါပဲ။ 'ငါေတာင္ မင္းကို မေမးေသးဘူး!... ငါဒီကိုလာခ်င္တယ္လို႔မ်ား ထင္လား အဲဒီဗီဒီယို တိပ္ေခြေတြေၾကာင့္သာ မဟုတ္ရင္ ေသေတာင္ ဒီကို လာမွာ မဟုတ္ဘူး' လို႔ စိတ္ထဲကေနသာ ေအာ္ဟစ္လိုက္၏။

အံႀကိတ္ၿပီး ရိုင္းရိုင္းစိုင္းစိုင္း ေျပာခ်င္ေပမယ့္ သူ႕မ်က္ႏွာကို ၾကည့္ၿပီး ဖက္တီးလို ရိုင္းစိုင္းတဲ့ စကားလုံးေတြက မထြက္လာေပ။ ကိုယ့္ဘာသာကို အံႀကိတ့ရင္း ဒဏ္ရာေတြ ရလုနီးနီးပင္ ျဖစ္သြားသည္။

"ဇာတ္လမ္းက အရွည္ႀကီးပဲ.... ခင္ဗ်ားကေရာ ဘာလို႔ ဒီကိုေရာက္ေနတာလဲ ဒီေနရာက ဘာႀကီးလဲ... ခင္ဗ်ား... ခင္ဗ်ား အဲဒီတုန္းက ေၾကးတံခါးထဲကို ဝင္သြားခဲ့တာ မဟုတ္ဘူးလား ဘာျဖစ္ခဲ့တာလဲ"

ဒီေမးခြန္းေတြက ေမးရခက္ကာ သူ႕စိတ္ေတြလည္း ေလာေလာဆယ္မွာ ရႈပ္ပြေနတာေၾကာင့္ ဘယ္လိုေျပာရမွန္း မသိေတာ့ေပ။

"ေျပာရရင္ အရွည္ႀကီးပဲ..."

မ်က္ႏွာေသက သူ႕ေမးခြန္းကို မေျဖခ်င္တာလား ဒါမွမဟုတ္ ေရွာင္ေနသလား မသိပါဘူး။ ဝူရွဲ႕ ၾကည့္လိုက္ေတာ့ မ်က္ႏွာေသက ေခါင္းတလားႀကီးကို စိုက္ၾကည့္ေနတာ ေတြ႕လိုက္ရသည္။ သူက အဖုံးကို တြန္းဖြင့္လိုက္ေတာ့ ႀကီးမားတဲ့ ကြက္လပ္ႀကီးတစ္ခု ေပၚလာတာကို ေတြ႕လိုက္ရေပမယ့္ အတြင္းပိုင္းမွာေတာ့ မည္းေမွာင္ေနၿပီး ဘာရွိသလဲ မသိရေပ။

သူဒီလိုလုပ္လိုက္မွာကို အေၾကာက္ဆုံးပဲ။ ဒါေပမဲ့ ဝူရွဲ႕တစ္ေယာက္ ပါးစပ္မဖြင့္ခင္မွာပဲ မ်က္ႏွာေသက သူ႕လက္ကို ေဝွ႕ယမ္းၿပီး စကားမေျပာဖို႔ အခ်က္ျပကာ ေခါင္းတလားထဲကို ငုံ႕ၾကည့္လိုက္ေလသည္။

ဒီလုပ္ရပ္ကို ဝူရွဲ႕လည္း အရမ္းရင္းႏွီးပါသည္။ သူ ဘာျဖစ္ေနမွန္းကို မသိေပမယ့္ တုံ႕ျပန္မႈတစ္ခုအေနနဲ႕ ပါးစပ္ကို ခ်က္ခ်င္း ပိတ္လိုက္ၿပီး ေခါင္းတလားထဲကို ငုံ႕ၾကည့္လိုက္သည္။ မ်က္ႏွာေသ မီးေခ်ာင္းကို ဆန႔္ထုတ္လိုက္တာေၾကာင့္ အေခါင္းထဲမွာ သန႔္ရွင္းေနတဲ့ အေၾကာေတြကို ေတြ႕လိုက္ရကာ ေခါင္းတလားေအာက္မွာ အေပါက္တစ္ခုလည္း ရွိေန၏။

ဂ႐ုတစိုက္ နားေထာင္လိုက္စဥ္ ဘာဆိုတာ မေျပာနိုင္ဘဲ တြင္းထဲက ဆူညံသံတခ်ိဳ႕ကို ၾကားလိုက္ရေတာ့ ဝူရွဲ႕ စပ္စုမိသြားသည္။ ခဏေလာက္ ေစာင့္ၿပီးေနာက္ တြင္းထဲကေန လက္တစ္ဖက္ ႐ုတ္တရက္ ဆန႔္ထြက္လာၿပီး လူတေယာက္က တြင္းႀကီးထဲက တြားသြားၿပီးေတာ့ ထြက္လာေလသည္။ သူက ေခါင္းတလား အဖုံးရဲ႕ ကြာဟခ်က္ကေန ထြက္လာၿပီး သူတို႔ေရွ႕မွာ ေပါ့ေပါ့ပါးပါး ဆင္းသက္လိုက္သည္။

ဝူရွဲ႕ လန႔္သြား၏။ ထိုလူက ဆင္းသက္ၿပီးေနာက္မွသာ ေခါင္းေပၚမွ ေခြၽးေအးမ်ားကို သုတ္လိုက္ၿပီး မ်က္ႏွာေသကို ေမာ့ၾကည့္လိုက္ၿပီးေနာက္ လက္ထဲတြင္ရွိ အရာအား ျမႇောက္ကာ ရၿပီ ဟု တိုးတိုးေလး ေျပာသည္။

ခဏေနေတာ့ ဘာေတြ ျဖစ္ေနသလဲ သိခ်င္သျဖင့္ ေစာင့္ေနသလို ရပ္ေနေသာ ဝူရွဲ႕အား လက္နဲ႕ ပုတ္ၿပီး ဆိုလာသည္။

"သြားရေအာင္!"

ဝူရွဲ႕ သူတို႔ေနာက္ကို ဂ႐ုတစိုက္နဲ႕ ေျခဖ်ားေထာက္ၿပီး မူလလမ္းအတိုင္း လိုက္သြားခဲ့ေပမယ့္ ႏွစ္လွမ္းသုံးလွမ္းေလာက္ တက္ၿပီးတာနဲ႕ သူ႕အေနာက္က စၾကၤံတံခါးဆီက ဗုန္းကနဲ အသံကို ၾကားလိုက္ရေလသည္။

ေရွ႕ကလူက က်ိန္ဆဲၿပီး ေျပးေတာ့သည္။ ဝူရွဲ႕လည္း သူတို႔ေနာက္ကို ေျပးလိုက္ရေလ၏။ တလမ္းလုံး လွိမ့္ၿပီးတစ္လွည့္ တြားသြားၿပီးတစ္လွည့္ ၿခံထဲကို အျမန္ ျပန္ေျပးထြက္လရသည္။ နံရံကို ေက်ာ္တက္ၿပီးကာမွ ဝူရွဲ႕မွာ သက္ျပင္းတစ္ခ်က္ ခ်လိဳက္မိသည္။

သူက ေမာပန္းႏြမ္းနယ္ေနေပမယ့္ အေရွ႕က ႏွစ္ေယာက္သားကေတာ့ ရပ္တန႔္ဖို႔ ရည္႐ြယ္ခ်က္ မရွိၾကဘဲ ထြက္လာၿပီးေနာက္ သူတို႔ဟာ ဝူရွဲ႕ကို ဂ႐ုမစိုက္ဘဲ ဆက္ေျပးၾကပါ၏။ ဝူရွဲ႕လည္း 'ဒီတေခါက္ေတာ့ မင္းကို ထြက္ေျပးခြင့္ မျပဳနိုင္ဘူး' လို႔ ကိုယ့္ဘာသာကိုယ္ ေတြးရင္း သူတို႔ေနာက္ကို ေျပးလိုက္ရေတာ့သည္။

ၿမိဳ႕ေဟာင္းထဲက ေျပးထြက္လာၿပီး ႐ုတ္တရက္ အေမွာင္ထုထဲက ကားတစ္စင္း ေျပးထြက္လာၿပီး ကားတံခါးကို အသင့္ဖြင့္လိုက္သည္။ ကားက ဝူရွဲ႕ကိုေစာင့္ဖို႔ လုံးဝ မစီစဥ္ထားဘဲ တံခါးက ခ်က္ခ်င္း ပိတ္ေတာ့မယ္။ တံခါးပိတ္ဖို႔ ဘယ္သူက တားလိုက္မွန္း မသိေပမယ့္ ဝူရွဲ႕ကေတာ့ မေက်မနပ္ ခုန္တက္သြားလိုက္၏။

ဝူရွဲ႕ခမ်ာ အသက္ရႈမဝေတာ့ေပ။ ကားေပၚေရာက္ေတာ့ ေမွာင္မည္းေနကာ မ်က္စိမွိတ္ၿပီး အသက္ရႉမွန္လာဖို႔ ေတာ္ေတာ္ ၾကာသြားသည္။

ထို႔ေနာက္ သူ႕ေနာက္ေက်ာဘက္ကို လွည့္ၾကည့္လိုက္ေတာ့ ကားထဲမွာ လူေတြ ျပည့္ေနၿပီး အားလုံးက အၿပဳံးတစ္ဝက္နဲ႕ ကြၽန္ေတာ့္ကို ၾကည့္ေနၾကတာ ေတြ႕လိုက္ရသည္။ ၿပီးေတာ့ မေမွ်ာ္လင့္ဆုံးအရာက လူေတာ္ေတာ္မ်ားမ်ားကို သူသိေနတာပါပဲ။ တစ္ခ်က္ ၾကည့္လိုက္တာနဲ႕ အရမ္းရင္းႏွီးတဲ့ မ်က္ႏွာေလးေတြကို ေတြ႕လိုက္ရသည္။

သူတို႔အားလုံးက တိမ္ထိပ္ေကာင္းကင္နန္းေတာ္ထဲက လြတ္ေျမာက္လာတဲ့ အားနင္ရဲ႕ အဖြဲ႕သားေတြပါပဲ။ ဒီတ႐ုတ္နဲ႕ နိုင္ငံျခားလူတစ္စုက သူနဲ႕ က်ီလင္မွာ အတူရွိခဲ့ၾကဖူးသူေတြပင္။

ဝူရွဲ႕ရဲ႕ အံ့အားသင့္ေနတဲ့ အမူအရာကို ျမင္ေတာ့ သူနဲ႕ရင္းႏွီးတဲ့ လူေတာ္ေတာ္မ်ားမ်ားထဲက ကုလားျဖဴတစ္ေယာက္က

စူပါဝူ.... မင္းကိုေတြ႕ဖို႔ မိုင္ေထာင္ခ်ီၿပီး လာခဲ့တာေနာ္

ထို႔ေနာက္တြင္ ကုလားထိုင္ေနာက္ကြယ္မွ အားနင္ရဲ႕ ေခါင္းက ျပဴးထြက္လာကာ ဝူရွဲ႕ကို အံ့ၾသစြာ ၾကည့္ေနခဲ့သည္။

(စူပါဝူ - အားနင္ ဝူရွဲ႕ကို ေပးထားတဲ့ နာမည္ေျပာင္)

ဝူရွဲ႕ မ်က္ႏွာေသကို ၾကည့္လိုက္သည္။ အခုနတုန္းက ေက်ာက္တုံး ေခါင္းတလားႀကီးထဲက ခုန္ထြက္လာတဲ့ ေနကာမ်က္မွန္ တပ္ထားတဲ့ ထူးဆန္းတဲ့ လူငယ္တစ္ေယာက္လည္း ပါကာ ႏွစ္ေယာက္စလုံးက ဝူရွဲ႕ကို ၾကည့္ေနၾကသည္။ ဝူရွဲ႕ ႐ုတ္တရက္ စိတ္ရႈပ္သြားၿပီး။

"ေသာက္က်ိဳးနည္း! ဘာျဖစ္ေနၾကတာလဲ ငါ့ကို ဘယ္သူ ေျပာျပနိုင္လဲ"

အားနင္က "ဒါကြၽန္မ ေမးသင့္တာ မဟုတ္ဘူးလား? ရွင္ဘာလို႔ ေျမေအာက္ခန္းထဲ ေရာက္ေနတာလဲ?"

Ivecoကားသည္ တစ္လမ္းလုံး အရွိန္ျပင္းျပင္း ေမာင္းထြက္လာသည္။ ေကာအာမု ၿမိဳ႕ျပဧရိယာမွ တိုက္ရိုက္ ေမာင္းလာၿပီး ျမဳ႕ျပင္အထိ ေျပးထြက္သြားေသာ္လည္း ဝူရွဲ႕ခမ်ာ ကားထဲတြင္ ရွိေနၿပီး ကားျပတင္းေပါက္ အျပင္ဘက္တြင္လည္း ေမွာင္မည္းေနသျဖင့္ ဘာမွ မသိလိုက္ေခ်။

လမ္းတစ္ေလွ်ာက္မွာ သူသည္ အားနင္နဲ႕ အၾကာႀကီး စကားစျမည္ေျပာၿပီး ႏွစ္ဘက္စလုံးက လက္ရွိကိစၥရဲ႕ အရာအားလုံးကို ေဆြးႏြေးေနခဲ့ၾကသည္။

အားနင္သည္လည္း ဗီဒီယိုတိပ္ေခြထဲက လိပ္စာႏွင့္ ေသာ့ကို ေတြ႕ခဲ့ေလသည္။ ထင္ရွားသည္မွာ ဝမ္းက်င္၏ မွတ္စုမ်ားထဲတြင္ ေရးထားေသာ "လူသုံးေယာက္" ထဲမွ တစ္ဦးမွာ သူမ ျဖစ္ခဲ့သည္။ လွ်ို႔ဝွက္ခ်က္ကို သူမ ရွာေဖြေတြ႕ရွိၿပီးေနာက္ တစ္ဖက္တြင္ သူမသည္ လိပ္စာကိုရွာေဖြရန္ လူမ်ားအား ဤေနရာသို႔လာရန္ ေတာင္းဆိုခဲ့ၿပီး တျခားတစ္ဖက္တြင္ သူမသည္ ဝူရွဲ႕အား စမ္းသပ္ရန္ ဟန္က်ိဳးသို႔ ကိုယ္တိုင္သြားေရာက္ခဲ့သည္။ တိပ္ေခြထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာကို သူမလည္း သိခ်င္၏။

သို႔ေသာ္ သူမ ေမွ်ာ္လင့္ထားသည့္ အရာမွာ ဝူရွဲ႕သည္ တိပ္ေခြကို အမွန္တကယ္ လက္ခံရရွိျခင္း ျဖစ္သည္။ သူမ ေရာက္လာၿပီးေနာက္ ေကာအာမုသို႔ အျမန္ဆုံးထြက္ခြာခဲ့ၿပီး ၎တို႔ႏွင့္ တခ်ိန္တည္းနီးပါးတြင္ တစ္ေဆအေဆာက္အအုံထဲ၌ ေတြ႕ရွိခဲ့သည္။

ကံေကာင္းေထာက္မစြာ ဒီတစ္ႀကိမ္ေတာ့ အရမ္း မဆိုင္းမတြဘဲ ျမန္ျမန္ဆန္ဆန္နဲ႕ လုပ္ေဆာင္နိုင္ခဲ့သည္။ မဟုတ္ရင္ မွတ္စုစာအုပ္ကို မျမင္နိုင္ေတာ့မွာ ေသခ်ာပါ၏။ အဲဒါကို ေတြးၿပီး ေၾကာက္လန႔္သြားေပမယ့္ တစ္ခ်ိန္တည္းမွာပဲ နည္းနည္းလည္း ေပ်ာ္သြားသည္။ လြတ္လပ္ေသာ လႈပ္ရွားမႈတစ္ခုတြင္ ဤမွ်ႀကီးမားေသာ ရလဒ္မ်ားကို ရရွိခဲ့ျခင္းမွာ သူ႕အတြက္ ပထမဆုံးအႀကိမ္ ျဖစ္သည္။

အဲဒီေနာက္မွာေတာ့ မ်က္ႏွာေသနဲ႕ ဘယ္လိုျဖစ္လို႔ အတူရွိေနတာလဲလို႔ အားနင္အား ေမးလိုက္သည္။ အားနင္က ၿပဳံးၿပီးေျပာေလ၏။

"ဘာလဲ? ရွင့္ရဲ႕ဦးေလးက တတ္နိုင္တာကို ကြၽန္မက မတတ္နိုင္ဘူး ထင္လို႔လား? ဒီႏွစ္ေယာက္က ေစ်းႏႈန္းကို ရွင္းရွင္းလင္းလင္း မွတ္သားထားၿပီးသား... အခု သူတို႔က ကြၽန္မတို႔ရဲ႕ အတိုင္ပင္ခံေတြပဲ"

သူေျပာၿပီးသည္ႏွင့္ မ်က္မွန္အနက္နဲ႕ လူက ၿပဳံးကာ ဝူရွဲ႕ကို လက္ေဝွ႕ယမ္းျပေလသည္။

"အတိုင္ပင္ခံ?"

ဝူရွဲ႕ ဖက္တီးကို သတိရသြားသည္။ သူ ဒီတစ္ခါေတာ့ အားနင္ဆီက သင္ခန္းစာကို သင္ယူခဲ့ၿပီ ထင္ပါရဲ႕။ ဒါေၾကာင့္ အားနင္က ယုံၾကည္ရတဲ့ တျခားလူ တစ္ေယာက္ကို ငွားလိုက္ေလသည္။ ဝူရွဲ႕မွာ သစၥာေဖာက္ခံလိုက္ရတဲ့ ခံစားခ်က္ကို ထူးဆန္းစြာပဲ ခံစားလိုက္ရသည္။

ထိုအခ်ိန္တြင္ တစ္ဖက္မွ ကုလားျဖဴက ဝင္ေျပာလာသည္။

"သူမရဲ႕ အဓိပၸာယ္ မရွိတဲ့ စကားေတြကို နားမေထာင္နဲ႕....သူတို႔ႏွစ္ေယာက္က က်ဳပ္တို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ က်ဳပ္တို႔ သူေဌး တိုက္ရိုက္ခန႔္အပ္ထားတာ... အားနင္က လက္ေထာက္တစ္ဦးပဲ...အခု သူတို႔ႏွစ္ေယာက္က အဓိက လုပ္ေဆာင္ခ်က္ေတြ အတြက္ တာဝန္ရွိတယ္... သူတို႔က ဉာဏ္ရည္နဲ႕ တုံ႕ျပန္မႈေတြအတြက္ တာဝန္ရွိတယ္ေလ သူေဌးက ပေရာ္ဖက္ရွင္နယ္ ကိစၥေတြကို သူတို႔ လုပ္ေဆာင္ေပးနိုင္တယ္တဲ့"

ေကာင္းကင္နန္းေတာ္မွာတုန္းက ေသသြားတဲ့ လူေတြမ်ားလြန္းလွသည္။ ဝူရွဲ႕လည္း အဲဒီတုန္းက အေျခအေနေတြကို ေတြးၿပီး ေခါင္းညိတ္လိုက္၏။

"ဒါဆို ဒီကိစၥက ဘာျဖစ္ေနတာလဲဏ ဗီဒီယိုတိပ္ေခြထဲက အေၾကာင္းအရာနဲ႕ တားျမစ္မိန္းမပ်ိဳ အေၾကာင္း မင္းတို႔သိလား?"

ဤလူမ်ား အားလုံး ေခါင္းယမ္းလိုက္ၾကၿပီး မ်က္ႏွာေသနဲ႕ ေဟးရန္က်င္းကို ၾကည့္လိုက္ၾကသည္။ အားနင္ကလည္း သူတို႔ကို စိုက္ၾကည့္ကာ ဝူရွဲ႕အေမးကို ေျဖလိုက္သည္။

ကြၽန္မတို႔လည္း အတိအက် မသိဘူး... ရွင္သိထားတာနဲ႕လည္း သိပ္မကြာဘူး... အခုက သူတို႔ေျပာသလို လုပ္ေနတာ ဒီလူႏွစ္ေယာက္က ဆက္သြယ္ဖို႔ ခက္တယ္"

ဒီစကားကို နားေထာင္ၿပီးေနာက္ မ်က္ႏွာေသဘက္ကို လွည့္ၿပီး စိတ္ထဲမွာ မေနနိုင္ေတာ့ဘဲ သူ႕ကို ရွင္းရွင္းလင္းလင္း ေမးၿပီး သူဘာေတြျဖစ္ေနတာလဲ ေျပာျပေစခ်င္သည္။

ဒါေပမဲ့ ဝူရွဲ႕ အဆင္သင့္ မျဖစ္ခင္မွာပဲ ကားထဲမွာ ႐ုတ္တရက္ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားၿပီး တိဗက္ယာဥ္ေမာင္းက ေအာ္ေျပာလာေလရာ အားလုံးက သူတို႔ရဲ႕ ခရီးေဆာင္အိတ္ကို ေကာက္ကိုင္လိုက္ၾက၏။

ထို႔ေနာက္ ကားသည္ ျဖည္းညွင္းစြာ ရပ္သြားကာ တံခါးကို ႐ုတ္တရက္ ပြင့္လာသည္။ တံခါးအျပင္ဘက္တြင္ေတာ့ မနက္ခင္း ေနေရာင္ျခည္ကို ျမင္လိုက္ရၿပီး ေကာပိသဲကႏၱာရမွ ေအးစက္ေသာ ေလသည္ ႐ုတ္တရက္ တိုက္ခတ္သြားသည္။

ကားထဲက ညွစ္ထြက္လိုက္ၿပီးေနာက္မွာ LandRover ကားအစီးေရ တစ္ဒါဇင္ေက်ာ္ဟာ ေကာပိသဲကႏၱာရမွာ ရိကၡာေတြ အေျမာက္အျမားနဲ႕ စုပုံေနတဲ့ ျမင္ကြင္းတစ္ခုကို ေတြ႕လိုက္ရေလသည္။ ေလကာအကၤ်ီမ်ား ဝတ္ဆင္ထားသည့္ လူမ်ားက ေနရာတိုင္းတြင္ ရွိေနၾကၿပီး တစ္ဖက္တြင္ ႀကီးမားေသာ ၿဂိဳလ္တုပန္းကန္ျပားမ်ားႏွင့္ မီးထြန္းထားေသာ ဂက္စ္မီးေခ်ာင္းမ်ား ပါရွိသည့္ အိပ္စက္အိတ္ထဲတြင္ လဲေလ်ာင္းေနသူမ်ားလည္း ရွိေနသည္။

ဤေနရာသည္ အမွန္တကယ္ ေမာင္းသူမဲ့ ကားဝါသနာအိုးမ်ားအတြက္ ျဖန႔္ျဖဴးေရးစင္တာတစ္ခုဟု ထင္ရေသာ္လည္း အနီးကပ္ ၾကည့္ျခင္းျဖင့္ တစ္စုံတစ္ခု မွားယြင္းေနတာ ေတြ႕လာရသည္။ ကားေတြ အကုန္လုံးက တစ္ပုံစံတည္းေတြ။ တံခါးေပၚတြင္ ေပ်ာ့ေျပာင္းေသာ သႏၱာလိုဂိုတံဆိပ္ ပါရွိၿပီး တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ အားနင္တို႔ ကုမၸဏီကဆိုတာ ထင္ရွာေပသည္။

အားနင္က ဆင္းလာတာကို ျမင္ေတာ့ လူေတြက ဝိုင္းစုလာသည္။ အားနင္ တစ္ခုခု ေျပာလိုက္ေတာ့ လူေတာ္ေတာ္မ်ားမ်ား ဝိုင္းေအာ္ၾကေလသည္။

ဒီျမင္ကြင္းက ဝူရွဲ႕ကို အရမ္း ထိတ္လန႔္သြားေစသည္။ သို႔ႏွင့္ သူသည္ အရပ္ျမင့္ျမင့္နဲ႕ တျခားသူေတြကို ခ်ီးက်ဴးဂုဏ္ျပဳေနတဲ့ နိုင္ငံျခား အမ်ိဳးသားတစ္ေယာက္ကို ဖမ္းဆြဲၿပီး သူတို႔ ဘာလုပ္ေနတာလဲလို႔ ေမးလိုက္သည္။

ကုလားျဖဴလူက ဝူရွဲ႕လက္ေမာင္း လက္သီးနဲ႕ထိုးကာ ဆိုလာသည္။

"သူငယ္ခ်င္း... ငါတို႔ 'ထမုထို' ကို သြားရေတာ့မယ္!"

Continue Reading

You'll Also Like

1.4K 305 11
"කිසි වැදගැම්මකට නැති මනුස්සයෙක් වුන මට එදා ඉදන් ලග තිබ්බ වටිනම දේ ඔයා මැණික...ඔයාට බෑ එහෙම මෙච්චර දුරක් ඇවිත් මාව දාල යන්න!"
1.8K 178 9
သာမန်တက္ကသိုလ်ကျောင်းသား ဖုန်းရှီ ကျောင်းကအပြန် ကားတိုက်ခံရပြီး စနစ်ကိုရခဲ့ပြီးသူဖတ်နေတဲ့ ဝတ္တုရဲ့ဇာတ်လိုက်ပန်းနတ်ဘုရားဖြစ်လာမယ့်သူရဲ့ခန္ဓာကိုယ်ထဲကို...
10.2K 467 196
Horror Game Boss Always Covets Me (Unlimited Flow) 恐怖游戲BOSS總觊觎我【無限流】 Author: 一顆枸杞 Chapters: 196 Chapters (Completed) Description: [After entering a h...