ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)
Chapter (34)
အမှောင်ထု
ဤ "လူ" သည် ထူးဆန်းသော ရုပ်ပုံမျိုးရှိသည်။ မီးခြစ်ဆီက အလင်းရောင်သည် အလွန်မှိန်နေသဖြင့် မီးခိုးရောင် ကောက်ကြောင်းကိုသာ လင်းထိန်စေပြီး တစ်ဖက်လူရဲ့ အသွင်အပြင်မှာ မပြည့်စုံသော်လည်း ၎င်း၏လည်ပင်းသည် အနည်းငယ် ထူးဆန်းနေတာကိုတော့ မြင်နေရဆဲ ဖြစ်သည်။ ထိုလူသည် မတ်တပ်မရပ်ဘဲတောင် မိမိအား သူ့မျက်နှာရှေ့မှာ ကပ်ထားသလို ခံစားရစေသည်။
၎င်းဟာ အခုနက သူထိုင်နေခဲ့တဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ သွယ်လျတဲ့ လက်နှစ်ချောင်းက သူ့ခေါင်းကို လှည့်ပတ်ပြီး ထူးဆန်းတဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားနေ၏။ ထိုလူက ဆံပင်တွေကို ဖြီးနေတာမှန်း မသိခင်အထိ ဝူရှဲ့ ခဏလောက် အံ့အားသင့်သွားသည်။ အဲဒီနောက် ချက်ချင်းပဲ တစ်ကိုယ်လုံး အေးစက်လာပြီး ခန္ဓာကိုယ်ပေါ်က ချွေးပေါက်တွေ ယားယံလာတော့သည်။
ဆယ်နှစ်ကျော်ကြာ စွန့်ပစ်ထားတဲ့ မြေအောက်ခန်းရဲ့ အမှောင်ထဲမှာ ဆံပင်ဖြီးနေတဲ့ လူတစ်ယောက်ကို သူ ရုတ်တရက် တွေ့လိုက်ရတယ်တဲ့လေ။
အေးစက်စက် ချွေးတွေ ရုတ်ချည်း စီးကျလာပြီး ဒီလူက ဘယ်သူလဲလို့ တွေးမိလာသည်။ ဘယ်တုန်းက ပေါ်လာတာလဲ။ သူ မှတ်စုစာအုပ်ကို ရှာတွေ့ချိန်ကနေ ထိုင်ဖတ်ချိန်အထိ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတာကို ဘာလို့သတိ မထားမိတာလဲ။ ဒါက စွန့်ပစ်ထားတဲ့ အဆောက်အဦးရဲ့ လျှို့ဝှက်မြေအောက်ခန်းပါ။ ဒီမှာ တခြားတစ်ယောက်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ဒီထူးဆန်းတဲ့ လုပ်ရပ်နဲ့ အတူ ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ဟော့လင် သူ့ဆံပင်တွေကို ဖြီးရင်ကြည့်တတ်တဲ့ မှန်ကို ကြည့်ရင်း လုပ်နေတာကြောင့် ဟော့လင်က တခြားသူတွေနဲ့ လိုက်မသွားဘူးလားဟု တွေးနေမိလာသည်။ ဒီ "လူ" က ဟော့လင်လား။
အေးစက်နေတဲ့ ချွေးတွေက ရေတံခွန်လို ကျဆင်းလာခဲ့သည်။ ကံကောင်းထောက်မစွာပဲ သူ့အာရုံကြောတွေက အရင်ကလို ထုံထိုင်းမနေတော့ချေ။ သူ့ရှေ့က ဖြစ်ပျက်နေတာကို နားမလည်နိုင်ပေမယ့် ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်နေတုန်းပဲ။ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်ကာ သတိအပြည့်ဖြင့် တစ်ဖက်လူကို မျက်စိဒေါက်ထောက် ကြည့်နေလိုက်သည်။
တီဗီစီးရီး တစ်ခုမှာဆို သူဒါကို ထိတ်လန့်တကြား ကြည့်နေရင် အမှောင်ထဲမှာ ပုန်းနေတဲ့လူက သုံးခါလောက် ရယ်တော့မှာ သေချာသည်။ ပြီးတော့ ဒါရိုက်တာက အနီးကပ်ပစ်ခိုင်းမယ်၊ ဒါမှမဟုတ် ပစ္စတိုအသေး တစ်လက်ကို ဆွဲထုတ်ပြီး “မမျှော်လင့်ထားဘူးမလား? မစ္စတာရှဲ့" ဟု ဆိုလိမ့်မည်။ ဒါပေမဲ့ အခုက တီဗီရှိုးတစ်ခုထဲ မဟုတ်ပါဘူး။
ဝူရှဲ့ ဆုတ်သွားချိန်မှာတော့ အဲဒီလူက လုံးဝ မလှုပ်ရှားဘဲ စက်ရုပ်လို ဆံပင်ဖြီးနေတဲ့ လှုပ်ရှားမှုတွေ လုပ်နေတုန်းပါပဲ။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတာနဲ့ လွှဲနေတဲ့ မီးခြစ်က ပိုနက်လာသည်။ အကွာအဝေးက ပိုဝေးလာသည်နှင့် အမြင်အာရုံကလည်း မှောင်မိုက်သွားသည်။
ခြေလှမ်းငါးလှမ်း ခြောက်လှမ်းလောက် နောက်ပြန် ဆုတ်သွားပြီးတဲ့အခါ နည်းနည်းတော့ လုံခြုံသွားတယ်လို့ ခံစားမိတဲ့အတွက် ရပ်လိုက်ပြီး “မင်းက ဘယ်သူလဲ” လို့ မေးရဲတဲ့ သတ္တိကို စုစည်းလိုက်သည်။
အောက်ထပ်ကို ရောက်ပြီးနောက် မိမိဘာသာပင် စကားမပြော ဖြစ်လုနီးပါး ဖြစ်နေပြီ။ ဒီစကားတွေ ပြောတဲ့အခါ သူ့အသံက အက်ကွဲနေသလို အသံကလည်း မထွက်သလောက်ပါပဲ။ ကိုယ့်ဘာသာ ကြားရတာတောင် တုန်လှုပ်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် မြေအောက်ခန်းတွင် ဤအသံပြာတာကလည်း အလွန် ရှင်းလင်းစွာ ကြားရလေ၏။
သို့သော် သူမေးပြီးနောက် တစ်ဖက်လူက ပြန်မဖြေပေ။ စာရေးစားပွဲ အနောက်ဘက်ကနေ ဘာသံမှလည်း မကြားရရာ သူ့ခမျာ လေနဲ့စကားပြောနေသလိုပဲ ဖြစ်လာသည်။
သူ့ကိုကြောက်အောင် ခြောက်ပစ်ဖို့ ကြိုးစားနေတာလား။ ဝူရှဲ့ တိတ်တိတ်လေး ကျိန်ဆဲပြီး ကြောက်လန့်တကြား ဖြစ်သွားသည်။ ခုနက မြင်လိုက်ရတဲ့ ထူးဆန်းတဲ့ အနေအထိုင်ကို တွေးရင်း ကိုယ့်ကိုကိုယ် တွေးနေမိတာက ဒီအရာဟာ လူ မဖြစ်နိုင်ဘူးလားဟုပင်။
မဖြစ်နိုင်ပါဘူး။ အကယ်၍ ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ ဆိုရင်တော့ ဒီအတွေးက ဖြစ်နိုင်သေးတယ်လို့ ကိုယ့်ကိုကိုယ် ငြင်းဆိုလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ခေတ်မီတဲ့ အဆောက်အဦးပဲလေ။ ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး။ ဒီမှာ ခေါင်းတလား မရှိဘူးဟု တွေးလိုက်မိခိုက် တစ်ခုခု မှားယွင်းနေမှန်း သိလိုက်သည်။ ဒီမှာ ခေါင်းတလားတစ်လုံး ရှိနေတယ် မဟုတ်ဘူးလား။
စိတ်တွေ တုန်လှုပ်သွားပြီး အဲဒီတုန်းက အခေါင်းထဲမှာ ဖုတ်ကောင်တစ်ကောင် ရှိနေတာ ဖြစ်နိုင်မလားလို့ တွေးမိလာသည်။ ခေါင်းကို ခါယမ်းပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းဖို့ အသက်အနည်းငယ် ရှူဖို့ ကြိုးစားခဲ့လိုက်သည်။
ခေါင်းတလားကို ထိလိုက်ရုံနဲ့ ဖုတ်ကောင် ပေါ်လာနိုင်ဖို့ အကြောင်းပြချက် မရှိပါဘူး။ ဒါသာမှန်ရင် အသုဘအိမ်က လူတွေအားလုံး ဘွဲ့ယူဖို့ မောင်ရှန်ကိုသွားပြီး ပြန်လာရလိမ့်မယ်။ အဲဒီအချိန်မှာ သူ့စိတ်ထဲ အတွေးတစ်ခုက ရုတ်တရတ် ပေါ်လာသာ်။ ဒါက သူ့ကို ဗီဒီယို ပို့လာတဲ့သူ ဖြစ်နိုင်လား။ သူ့ကိုဒီမှာ စောင့်နေတာလား။
ဝူရှဲ့သည် သူမြင်လိုက်သော မှတ်စုစာအုပ်ကို ကြည့်ပြီးနောက် ဗွီဒီယိုတိပ်ခွေပို့ရန် စီစဉ်သူမှာ ဝမ်ကျင်း ဖြစ်ကြောင်း ခန့်မှန်းမိပါသည်။ သို့သော် တကယ်တမ်းတွင် သူမက ဗီဒီယိုတိပ်ခွေကို ပေးပို့သူဖြစ်ကြောင်း သေချာ မသိရသေးပါ။ ၎င်းသည် သူမ စီစဉ်ပေးသည့် အခြားသူတစ်ဦးလည်း ဖြစ်နိုင်သည်။
ဒီအချက်ကို တွေးကြည့်တော့ အရမ်း ဖြစ်နိုင်တယ်လို့ ခံစားရ၏။ သာမန်လူတွေက ဒီလို မြေအောက်ခန်း အကြောင်းကို သိဖို့ မဖြစ်နိုင်ဘူး။ ဒီထဲဝင်နိုင်သူဟာ အတွင်းလူပဲ ဖြစ်ရမယ်။ အနီးအနားမှာ စောင့်နေတဲ့ တိပ်ခွေ ပေးပို့သူလည်း ဖြစ်နိုင်၏။
သူဝင်လာတာ တွေ့တော့ သူ့နောက်က လိုက်လာခဲ့တာ ဖြစ်လိမ့်မည်။ ဒါကိုတွေးပြီး နည်းနည်းတော့ ငြိမ်ကျသွား၏။ သက်ရှိသတ္တဝါဖြစ်ရင် မကြောက်ဘူးလို့ တွေးပြီး သတ္တိကို စုစည်းမိတော့ မျက်မှောင်ကြုတ်ပြီး ပေါ့ပါးမှုဖြင့် ခြေထောက်ကို ရှေ့ဆန့်ထုတ်လိုက်သည်။
ရှေ့ကို နှစ်လှမ်း သုံးလှမ်းလောက် သတိထားပြီး စားပွဲပေါ်ကနေ မြင်ကွင်းကို ယောင်ဝါးဝါး မြင်လိုက်ရပေမယ့် ရုတ်တရက် လန့်ဖြတ်သွားရသည်။ အကြောင်းမှာ အဲဒီ့မှာ ထိုင်နေတဲ့ "လူ" က မရှိတော့ပေ။
ဝူရှဲ့ မျက်လုံးတွေကို မှိတ်ထားပြီး အနီးကပ်ကြည့်လိုက်တော့ လူက ပျောက်သွားတာ အမှန်ဘဲ။ ထိုင်ခုံမှာ တစ်ယောက်မှ မရှိတော့ပေ။ ကိုယ့်ဘာသာကိုယ် ဇဝေဇဝါဖြစ်သွားပြီး အခုနတုန်းက မြင်မှားတာလားလို့ တွေးလိုက်မိသည်။ ထင်ယောင်ထင်မှား ဖြစ်တာလား။
အအေးဓာတ် မြင့်နေတာတောင် ချွေးထွက်များနေပြီမလို့ လွဲမှားနိုင်စရာ မရှိနိုင်တော့ပေ။ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားပြီး မီးခြစ်ကို ဆောလျင်စွာ မြှောက်ကာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ မီးခြစ်ကို ခြစ်လိုက်သောအခါတွင်မူ အလွန် စိတ်လောနေ၍ မီးခြစ်သည် ရုတ်တရက် လင်းလာပြီး လက်ထဲကပါ ခုန်ထွက်သွားသည်။
ပတ်ဝန်းကျင်က ချက်ချင်း မည်းမှောင်လာပြီး သူ့လက်ချောင်းတွေကိုလည်း မမြင်ရတော့ဘဲ ဖြစ်သွားသည်။ အလင်းရောင် လုံးဝ မရှိပေ။ လုံးဝ မှောင်မိုက်သွားတာကြောင့် သူ့နှလုံးသားကလည်း တင်းကျပ်လာပြီး အလွန်ပူပြင်းလာတဲ့ ခေါင်းကို လျစ်လျူမရှုနိုင်ခင် အကြိမ်ပေါင်းများစွာ ပတ်လှည့်လိုက်မိသည်။
မီးခြစ်ကို ကောက်ကိုင်ဿ လှုပ်ခါပြီး ဆက်တိုက် ရိုက်ပြီးနောက်မှာတော့ ဒီအရာဟာ မျှော်မှန်းချက်အတိုင်း မဖြစ်လာပါဘူး။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် လှုပ်နေပါစေ နေရာတိုင်းကို ပျံဝဲနေတဲ့ မီးပွားတွေကိုသာ မြင်နေရရယ အသက်ရှူမဝသလိုပင် ဖြစ်လာသည်။
ဝူရှဲ့ သူ သေရတော့မယ်လို့ ထင်ခဲ့လိုက်သည်။ သူ့ပတ်ဝန်းကျင် တစ်ခုလုံးက အမှောင်ထုကို ကြည့်လိုက်ပြီး အလွန်တရာမှ မထင်မှတ်ထားတဲ့ ကြိုတင် သတိပေးချက်ကို ခံစားလိုက်ရ၏။ ထိုစဥ် အိတ်ထဲသို့ မှတ်စုစာအုပ်ကို ထည့်ကာ ဝင်လာတဲ့ တံခါးကို ထိဖို့ နောက်ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ရုတ်တရက် ပြန်ခါနီးမှာ မိန်းမတစ်ယောက် ရယ်နေသလိုမျိုး သူ့ခေါင်းပေါ်ကနေ အသံတစ်သံ ကြားလိုက်ရလေသည်။
ဂူေဖာက္သူတို႔ဒ႑ာရီ (volume 4)
Author - (nan pai san shu)
translater - Hninthawethadar
႐ႊံ႕ေႁမြတစ္ေဆၿမိဳ႕ေတာ္ (ဒုတိယပိုင္း)
Chapter (34)
အေမွာင္ထု
ဤ "လူ" သည္ ထူးဆန္းေသာ ႐ုပ္ပုံမ်ိဳးရွိသည္။ မီးျခစ္ဆီက အလင္းေရာင္သည္ အလြန္မွိန္ေနသျဖင့္ မီးခိုးေရာင္ ေကာက္ေၾကာင္းကိုသာ လင္းထိန္ေစၿပီး တစ္ဖက္လူရဲ႕ အသြင္အျပင္မွာ မျပည့္စုံေသာ္လည္း ၎၏လည္ပင္းသည္ အနည္းငယ္ ထူးဆန္းေနတာကိုေတာ့ ျမင္ေနရဆဲ ျဖစ္သည္။ ထိုလူသည္ မတ္တပ္မရပ္ဘဲေတာင္ မိမိအား သူ႕မ်က္ႏွာေရွ႕မွာ ကပ္ထားသလို ခံစားရေစသည္။
၎ဟာ အခုနက သူထိုင္ေနခဲ့တဲ့ ကုလားထိုင္ေပၚမွာ ထိုင္ေနၿပီး သူ႕ရဲ႕ သြယ္လ်တဲ့ လက္ႏွစ္ေခ်ာင္းက သူ႕ေခါင္းကို လွည့္ပတ္ၿပီး ထူးဆန္းတဲ့ ပုံစံမ်ိဳးနဲ႕ လႈပ္ရွားေန၏။ ထိုလူက ဆံပင္ေတြကို ၿဖီးေနတာမွန္း မသိခင္အထိ ဝူရွဲ႕ ခဏေလာက္ အံ့အားသင့္သြားသည္။ အဲဒီေနာက္ ခ်က္ခ်င္းပဲ တစ္ကိုယ္လုံး ေအးစက္လာၿပီး ခႏၶာကိုယ္ေပၚက ေခြၽးေပါက္ေတြ ယားယံလာေတာ့သည္။
ဆယ္ႏွစ္ေက်ာ္ၾကာ စြန႔္ပစ္ထားတဲ့ ေျမေအာက္ခန္းရဲ႕ အေမွာင္ထဲမွာ ဆံပင္ၿဖီးေနတဲ့ လူတစ္ေယာက္ကို သူ ႐ုတ္တရက္ ေတြ႕လိုက္ရတယ္တဲ့ေလ။
ေအးစက္စက္ ေခြၽးေတြ ႐ုတ္ခ်ည္း စီးက်လာၿပီး ဒီလူက ဘယ္သူလဲလို႔ ေတြးမိလာသည္။ ဘယ္တုန္းက ေပၚလာတာလဲ။ သူ မွတ္စုစာအုပ္ကို ရွာေတြ႕ခ်ိန္ကေန ထိုင္ဖတ္ခ်ိန္အထိ မိနစ္ႏွစ္ဆယ္ေလာက္ပဲ ၾကာတာကို ဘာလို႔သတိ မထားမိတာလဲ။ ဒါက စြန႔္ပစ္ထားတဲ့ အေဆာက္အဦးရဲ႕ လွ်ို႔ဝွက္ေျမေအာက္ခန္းပါ။ ဒီမွာ တျခားတစ္ေယာက္ေယာက္ ဘယ္လိုလုပ္ ရွိနိုင္မွာလဲ။
ဒီထူးဆန္းတဲ့ လုပ္ရပ္နဲ႕ အတူ ကုလားထိုင္ေပၚမွာ ထိုင္ေနတဲ့ ေဟာ့လင္ သူ႕ဆံပင္ေတြကို ၿဖီးရင္ၾကည့္တတ္တဲ့ မွန္ကို ၾကည့္ရင္း လုပ္ေနတာေၾကာင့္ ေဟာ့လင္က တျခားသူေတြနဲ႕ လိုက္မသြားဘူးလားဟု ေတြးေနမိလာသည္။ ဒီ "လူ" က ေဟာ့လင္လား။
ေအးစက္ေနတဲ့ ေခြၽးေတြက ေရတံခြန္လို က်ဆင္းလာခဲ့သည္။ ကံေကာင္းေထာက္မစြာပဲ သူ႕အာ႐ုံေၾကာေတြက အရင္ကလို ထုံထိုင္းမေနေတာ့ေခ်။ သူ႕ေရွ႕က ျဖစ္ပ်က္ေနတာကို နားမလည္နိုင္ေပမယ့္ ခႏၶာကိုယ္က အလိုအေလ်ာက္ တုံ႕ျပန္ေနတုန္းပဲ။ ေျခလွမ္းေပါင္းမ်ားစြာ ေနာက္ျပန္ဆုတ္ကာ သတိအျပည့္ျဖင့္ တစ္ဖက္လူကို မ်က္စိေဒါက္ေထာက္ ၾကည့္ေနလိုက္သည္။
တီဗီစီးရီး တစ္ခုမွာဆို သူဒါကို ထိတ္လန႔္တၾကား ၾကည့္ေနရင္ အေမွာင္ထဲမွာ ပုန္းေနတဲ့လူက သုံးခါေလာက္ ရယ္ေတာ့မွာ ေသခ်ာသည္။ ၿပီးေတာ့ ဒါရိုက္တာက အနီးကပ္ပစ္ခိုင္းမယ္၊ ဒါမွမဟုတ္ ပစၥတိုအေသး တစ္လက္ကို ဆြဲထုတ္ၿပီး မေမွ်ာ္လင့္ထားဘူးမလား? မစၥတာရွဲ႕" ဟု ဆိုလိမ့္မည္။ ဒါေပမဲ့ အခုက တီဗီရွိုးတစ္ခုထဲ မဟုတ္ပါဘူး။
ဝူရွဲ႕ ဆုတ္သြားခ်ိန္မွာေတာ့ အဲဒီလူက လုံးဝ မလႈပ္ရွားဘဲ စက္႐ုပ္လို ဆံပင္ၿဖီးေနတဲ့ လႈပ္ရွားမႈေတြ လုပ္ေနတုန္းပါပဲ။ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးတာနဲ႕ လႊဲေနတဲ့ မီးျခစ္က ပိုနက္လာသည္။ အကြာအေဝးက ပိုေဝးလာသည္ႏွင့္ အျမင္အာ႐ုံကလည္း ေမွာင္မိုက္သြားသည္။
ေျခလွမ္းငါးလွမ္း ေျခာက္လွမ္းေလာက္ ေနာက္ျပန္ ဆုတ္သြားၿပီးတဲ့အခါ နည္းနည္းေတာ့ လုံၿခဳံသြားတယ္လို႔ ခံစားမိတဲ့အတြက္ ရပ္လိုက္ၿပီး မင္းက ဘယ္သူလဲ လို႔ ေမးရဲတဲ့ သတၱိကို စုစည္းလိုက္သည္။
ေအာက္ထပ္ကို ေရာက္ၿပီးေနာက္ မိမိဘာသာပင္ စကားမေျပာ ျဖစ္လုနီးပါး ျဖစ္ေနၿပီ။ ဒီစကားေတြ ေျပာတဲ့အခါ သူ႕အသံက အက္ကြဲေနသလို အသံကလည္း မထြက္သေလာက္ပါပဲ။ ကိုယ့္ဘာသာ ၾကားရတာေတာင္ တုန္လႈပ္သြားမိသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေျမေအာက္ခန္းတြင္ ဤအသံျပာတာကလည္း အလြန္ ရွင္းလင္းစြာ ၾကားရေလ၏။
သို႔ေသာ္ သူေမးၿပီးေနာက္ တစ္ဖက္လူက ျပန္မေျဖေပ။ စာေရးစားပြဲ အေနာက္ဘက္ကေန ဘာသံမွလည္း မၾကားရရာ သူ႕ခမ်ာ ေလနဲ႕စကားေျပာေနသလိုပဲ ျဖစ္လာသည္။
သူ႕ကိုေၾကာက္ေအာင္ ေျခာက္ပစ္ဖို႔ ႀကိဳးစားေနတာလား။ ဝူရွဲ႕ တိတ္တိတ္ေလး က်ိန္ဆဲၿပီး ေၾကာက္လန႔္တၾကား ျဖစ္သြားသည္။ ခုနက ျမင္လိုက္ရတဲ့ ထူးဆန္းတဲ့ အေနအထိုင္ကို ေတြးရင္း ကိုယ့္ကိုကိုယ္ ေတြးေနမိတာက ဒီအရာဟာ လူ မျဖစ္နိုင္ဘူးလားဟုပင္။
မျဖစ္နိုင္ပါဘူး။ အကယ္၍ ေရွးေဟာင္း ဂူသခၤ်ိဳင္းထဲမွာ ဆိုရင္ေတာ့ ဒီအေတြးက ျဖစ္နိုင္ေသးတယ္လို႔ ကိုယ့္ကိုကိုယ္ ျငင္းဆိုလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါက ေခတ္မီတဲ့ အေဆာက္အဦးပဲေလ။ ဒီလိုမ်ိဳး ျဖစ္မွာမဟုတ္ဘူး။ ဒီမွာ ေခါင္းတလား မရွိဘူးဟု ေတြးလိုက္မိခိုက္ တစ္ခုခု မွားယြင္းေနမွန္း သိလိုက္သည္။ ဒီမွာ ေခါင္းတလားတစ္လုံး ရွိေနတယ္ မဟုတ္ဘူးလား။
စိတ္ေတြ တုန္လႈပ္သြားၿပီး အဲဒီတုန္းက အေခါင္းထဲမွာ ဖုတ္ေကာင္တစ္ေကာင္ ရွိေနတာ ျဖစ္နိုင္မလားလို႔ ေတြးမိလာသည္။ ေခါင္းကို ခါယမ္းၿပီး စိတ္ကို တည္ၿငိမ္ေအာင္ ထိန္းဖို႔ အသက္အနည္းငယ္ ရႉဖို႔ ႀကိဳးစားခဲ့လိုက္သည္။
ေခါင္းတလားကို ထိလိုက္႐ုံနဲ႕ ဖုတ္ေကာင္ ေပၚလာနိုင္ဖို႔ အေၾကာင္းျပခ်က္ မရွိပါဘူး။ ဒါသာမွန္ရင္ အသုဘအိမ္က လူေတြအားလုံး ဘြဲ႕ယူဖို႔ ေမာင္ရွန္ကိုသြားၿပီး ျပန္လာရလိမ့္မယ္။ အဲဒီအခ်ိန္မွာ သူ႕စိတ္ထဲ အေတြးတစ္ခုက ႐ုတ္တရတ္ ေပၚလာသာ္။ ဒါက သူ႕ကို ဗီဒီယို ပို႔လာတဲ့သူ ျဖစ္နိုင္လား။ သူ႕ကိုဒီမွာ ေစာင့္ေနတာလား။
ဝူရွဲ႕သည္ သူျမင္လိုက္ေသာ မွတ္စုစာအုပ္ကို ၾကည့္ၿပီးေနာက္ ဗြီဒီယိုတိပ္ေခြပို႔ရန္ စီစဥ္သူမွာ ဝမ္က်င္း ျဖစ္ေၾကာင္း ခန့္မွန္းမိပါသည္။ သို႔ေသာ္ တကယ္တမ္းတြင္ သူမက ဗီဒီယိုတိပ္ေခြကို ေပးပို႔သူျဖစ္ေၾကာင္း ေသခ်ာ မသိရေသးပါ။ ၎သည္ သူမ စီစဥ္ေပးသည့္ အျခားသူတစ္ဦးလည္း ျဖစ္နိုင္သည္။
ဒီအခ်က္ကို ေတြးၾကည့္ေတာ့ အရမ္း ျဖစ္နိုင္တယ္လို႔ ခံစားရ၏။ သာမန္လူေတြက ဒီလို ေျမေအာက္ခန္း အေၾကာင္းကို သိဖို႔ မျဖစ္နိုင္ဘူး။ ဒီထဲဝင္နိုင္သူဟာ အတြင္းလူပဲ ျဖစ္ရမယ္။ အနီးအနားမွာ ေစာင့္ေနတဲ့ တိပ္ေခြ ေပးပို႔သူလည္း ျဖစ္နိုင္၏။
သူဝင္လာတာ ေတြ႕ေတာ့ သူ႕ေနာက္က လိုက္လာခဲ့တာ ျဖစ္လိမ့္မည္။ ဒါကိုေတြးၿပီး နည္းနည္းေတာ့ ၿငိမ္က်သြား၏။ သက္ရွိသတၱဝါျဖစ္ရင္ မေၾကာက္ဘူးလို႔ ေတြးၿပီး သတၱိကို စုစည္းမိေတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး ေပါ့ပါးမႈျဖင့္ ေျခေထာက္ကို ေရွ႕ဆန႔္ထုတ္လိုက္သည္။
ေရွ႕ကို ႏွစ္လွမ္း သုံးလွမ္းေလာက္ သတိထားၿပီး စားပြဲေပၚကေန ျမင္ကြင္းကို ေယာင္ဝါးဝါး ျမင္လိုက္ရေပမယ့္ ႐ုတ္တရက္ လန႔္ျဖတ္သြားရသည္။ အေၾကာင္းမွာ အဲဒီ့မွာ ထိုင္ေနတဲ့ "လူ" က မရွိေတာ့ေပ။
ဝူရွဲ႕ မ်က္လုံးေတြကို မွိတ္ထားၿပီး အနီးကပ္ၾကည့္လိုက္ေတာ့ လူက ေပ်ာက္သြားတာ အမွန္ဘဲ။ ထိုင္ခုံမွာ တစ္ေယာက္မွ မရွိေတာ့ေပ။ ကိုယ့္ဘာသာကိုယ္ ဇေဝဇဝါျဖစ္သြားၿပီး အခုနတုန္းက ျမင္မွားတာလားလို႔ ေတြးလိုက္မိသည္။ ထင္ေယာင္ထင္မွား ျဖစ္တာလား။
အေအးဓာတ္ ျမင့္ေနတာေတာင္ ေခြၽးထြက္မ်ားေနၿပီမလို႔ လြဲမွားနိုင္စရာ မရွိနိုင္ေတာ့ေပ။ ခ်က္ခ်င္း ထိတ္လန႔္တုန္လႈပ္သြားၿပီး မီးျခစ္ကို ေဆာလ်င္စြာ ျမႇောက္ကာ ပတ္ပတ္လည္ကို လွည့္ၾကည့္လိုက္သည္။ မီးျခစ္ကို ျခစ္လိုက္ေသာအခါတြင္မူ အလြန္ စိတ္ေလာေန၍ မီးျခစ္သည္ ႐ုတ္တရက္ လင္းလာၿပီး လက္ထဲကပါ ခုန္ထြက္သြားသည္။
ပတ္ဝန္းက်င္က ခ်က္ခ်င္း မည္းေမွာင္လာၿပီး သူ႕လက္ေခ်ာင္းေတြကိုလည္း မျမင္ရေတာ့ဘဲ ျဖစ္သြားသည္။ အလင္းေရာင္ လုံးဝ မရွိေပ။ လုံးဝ ေမွာင္မိုက္သြားတာေၾကာင့္ သူ႕ႏွလုံးသားကလည္း တင္းက်ပ္လာၿပီး အလြန္ပူျပင္းလာတဲ့ ေခါင္းကို လ်စ္လ်ဴမရႈနိုင္ခင္ အႀကိမ္ေပါင္းမ်ားစြာ ပတ္လွည့္လိုက္မိသည္။
မီးျခစ္ကို ေကာက္ကိုင္ႆ လႈပ္ခါၿပီး ဆက္တိုက္ ရိုက္ၿပီးေနာက္မွာေတာ့ ဒီအရာဟာ ေမွ်ာ္မွန္းခ်က္အတိုင္း မျဖစ္လာပါဘူး။ ဘယ္ေလာက္ပဲ ျပင္းျပင္းထန္ထန္ လႈပ္ေနပါေစ ေနရာတိုင္းကို ပ်ံဝဲေနတဲ့ မီးပြားေတြကိုသာ ျမင္ေနရရယ အသက္ရႉမဝသလိုပင္ ျဖစ္လာသည္။
ဝူရွဲ႕ သူ ေသရေတာ့မယ္လို႔ ထင္ခဲ့လိုက္သည္။ သူ႕ပတ္ဝန္းက်င္ တစ္ခုလုံးက အေမွာင္ထုကို ၾကည့္လိုက္ၿပီး အလြန္တရာမွ မထင္မွတ္ထားတဲ့ ႀကိဳတင္ သတိေပးခ်က္ကို ခံစားလိုက္ရ၏။ ထိုစဥ္ အိတ္ထဲသို႔ မွတ္စုစာအုပ္ကို ထည့္ကာ ဝင္လာတဲ့ တံခါးကို ထိဖို႔ ေနာက္ကို ေျခလွမ္းအနည္းငယ္ လွမ္းလိုက္သည္။ ႐ုတ္တရက္ ျပန္ခါနီးမွာ မိန္းမတစ္ေယာက္ ရယ္ေနသလိုမ်ိဳး သူ႕ေခါင္းေပၚကေန အသံတစ္သံ ၾကားလိုက္ရေလသည္။