ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

By Swae_Nyoe

182K 24.6K 680

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... More

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108

Part 94

1K 160 6
By Swae_Nyoe

အပိုင်း (94)

ပထမတစ်ပွဲပြီးနောက် ၁၀မိနစ် နားချိန်ရသည်။ CYC၏ နည်းပြက ချက်ချင်းဆိုသလို အသင်း၏ အသံလုံခန်းထဲသို့ အပြေးသွားကာ ပြောသည်။

"အရင် ဂိမ်းတစ်ပွဲကတော့ ပြီးသွားပြီ၊ အားလုံးပဲ အတွေးမများကြနဲ့၊ မင်းတို့ရဲ့ စိတ်အခြေအနေကို ခပ်မြန်မြန် ထိန်းညှိကြ"

ကစားသမားတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာထားက အမျိုးမျိုးဖြစ်နေကြသည်။

မကြာခဏဆိုသလို ချီပွေ့သွားပြီး ထောင်ချောက်ထဲသို့ ပစ်ချခံရကာ အချိန်အများစုတိုင်းလိုလို အသတ်ခံနေရသည့် maskman၏ မျက်နှာကမူ အတော်လေး မသက်မသာ ​ဖြစ်နေလေသည်။

နည်းပြက သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ထျန်းဟွမ်ရဲ့ မတ်တပ်ရပ်နေရုံနဲ့ အပြစ်ပေးခံရတယ်ဆိုတဲ့ စနစ်က တော်တော်လေးကို ရက်စက်ပြီး ပုံမှန်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့တွေသာ ဂရုတစိုက် တွေးကြည့်မယ်ဆိုရင် တောက်ပတဲ့ နတ်မိမယ်ရဲ့ စွမ်းရည်က ကစားသမားတစ်ယောက်ကို ရေတိုအတောအတွင်းပဲ သယ်သွားနိုင်တာကို သိရမှာပဲ၊ နောက်ပြီး ဒါက သံကြိုးနဲ့ရိတ်သိမ်းသူရဲ့ ချိတ်ကောက်ပဲဖြစ်ဖြစ်၊ နဂါးနက်သူရဲ့ကောင်းရဲ့ tauntပဲဖြစ်ဖြစ် တူညီနေတာပဲမဟုတ်လား၊ killတစ်ခုရဖို့အတွက် အဝေးကရန်သူကို နေရာရွှေ့ပြောင်းတဲ့ skillတွေပဲလေ"

"ဘာပဲ ဖြစ်ဖြစ် သူတို့က ဒီအတိုင်း လူတွေကို ဆွဲချဖို့ အထောက်အပံ့တစ်ယောက်ကို သုံးခဲ့တယ်၊ နောက် junglerက လူတွေကို ထိန်းချုပ်ပေးတယ်၊ ဒါက ပုံမှန်အတိုင်း အဖွဲ့လိုက်ထိန်းချုပ်တဲ့ စွမ်းရည်ပါပဲ၊ ထျန်းဟွမ်က ဒီ comboကို လေ့ကျင့်နေတာ ကြာလောက်ပြီ၊ ဒါကြောင့် ငါတို့က သူတို့ဆီမှာ ရှုံးသွားတာက သာမန်ပါပဲ၊ ငါတ်ို့ရဲ့ maskmanကသာ cleaseကို အချိန်မီ သုံးလိုက်နိုင်မယ်ဆိုရင် ငါတို့ရဲ့ အထောက်အပံ့ကလည်း တောထဲကို ကြိုတင်ဝင်ပြီး ထောင်ချောက်တွေကို စစ်ဆေးထားမယ်ဆိုရင် ဒီလိုအခြေအနေမျိုးက ဖြစ်လာမှာမဟုတ်ဘဲ သူတို့ ချောချောမွေ့မွေ့ မနိုင်မှာသေချာတယ်"

နည်းပြက ထိုစကားများကို ပြောသည်မှာ အရာအားလုံး၏ သက်သေက သိသာနေသော်လည်း သူ၏ ဂိမ်းအပေါ်ခွဲခြမ်းစိတ်ဖြာမှုက ကစားပြီးခါစ ကစားသမားများကို ပို၍သာ ခါးသည်းသော ခံစားချက်ကို ရသွားစေသည်။ သူတို့က ဂိမ်းပွဲတွင် ထိုသို့တောက်ပသော comboတစ်ခုကို တိုးမိသောအခါ ပုံမှန်အားဖြင့် အခြားတစ်ဖက်ထံ ရှုံးသွားသည်မှာ လက်ခံနိုင်သေးသည်။

နည်းပြက ထပ်ဖြည့်ပြောသည်။

"ထျန်းဟွမ်က သူတို့ရဲ့ midlanerကို ထောက်ပံ့တဲ့ ဗျူဟာကို အာရုံစိုက်ထားတာ၊ သူတို့က သူတို့ရဲ့ midlanerကို killsတွေ ဆက်တိုက်ယူစေပြီး mvpဘွဲ့ကို ရစေချင်တာ၊ ဒီတော့ ငါတို့က နောက်တစ်ပွဲမှာ သူတို့ရဲ့ အင်အားကိုရှောင်ပြီး အပြင်ဘက်laneတွေကနေ သူတို့ကို ​ပစ်မှတ်ထားသင့်တယ်"

CYC၏ ခေါင်းဆောင်က မေးသည်။

"ငါတို့တွေ သူတို့ရဲ့ အောက်ခြေလမ်းကျဥ်းကို ဖျက်ဆီးသင့်တယ်မဟုတ်ဘူးလား၊ သူတို့ရဲ့ ဖန်းရှင်းက အဲလောက်ထိ အင်အားမကြီးဘူးလို့ ငါထင်တယ်"

နည်းပြက ခေါင်းခါသည်။

"မဟုတ်ဘူး၊ ဖန်းရှင်းက ချွီကျန်းရဲ့ အကာကွယ်ရှိတယ်၊ ဒီတော့ သူ့ကို သတ်ဖို့ မလွယ်ဘူး၊ လူတိုင်းကလည်း toplanerတွေကသာ မိဘမဲ့တွေလို့ ပြောကြတယ်မဟုတ်လား၊ ဒီတော့ နောက်တစ်ပွဲမှာ ငါတို့က toplanerကို အာရုံစိုက်ထားရမယ်၊ သူတို့ရဲ့toplaneကို ဝင်စီးရမယ်"

CYC၏နည်းပြက ထိုသို့ တွေးသည်မှာ မှန်ကန်လေသည်။ ထျန်းဟွမ်က သူတို့၏ toplanerကို midlanerအတွက် အရင်းမြစ်များ ချန်ထားပေးလေသည်။ ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက်က သူတို့၏ toplaneကို ဖျက်ဆီးသည့်အခါ သူတို့ ထိုသို့ လုပ်နိုင်တော့မည်မဟုတ်ချေ။ သူတို့ကလည်း midrlanerဖို့ အပိုအရင်းမြစ်များ ရှိတော့မည်မဟုတ်ချေ။

သူတို့၏ ဒုတိယမြောက်ဂိမ်းပွဲက အလွန်လျှင်မြန်စွာ စတင်လာသည်။ ဒီဂိမ်းပွဲတွင် ထျန်းဟွမ်က အပြာဘက်မှ ဖြစ်သည်။ သူတို့က ပထမဦးဆုံး banပိုင်ခွင့် ရှိ၏။

နည်းပြလင်းက ရှောင်ရှင်းအပေါ် ဖိအားအချို့ မရှိလိုရန်အလို့ငှာ အင်အားကြီးသော အထောက်အပံ့ heroတိုင်းကို banလိုက်သည်။ သူတို့၏ အလှည့်သို့ ရောက်လာသောအခါ CYCက အသူရာအရှင်သခင်ကို banပြန်သည်။ သူတို့က တစ်ဖန်ထပ်ပြီး ကောင်းချီးပေး ဘုန်းတော်ကြီးကို banလိုက်ပြီး အရှိန်နှုန်းမြှင့် buffကို ချိတ်ပိတ်လိုက်သည်။

ဒုတိယဂိမ်းပွဲ၏ pick and ban ကဏ္ဍက ပထမဂိမ်းပွဲလောက် လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိပေ။ ထင်မြင်သုံးသပ်ချက်ပေးသူတစ်ယောက်က မနေနိုင်ဘဲ မှတ်ချက်ချလိုက်သည်။

"သူတို့က ထျန်းဟွမ်ရဲ့ မတ်တပ်ရပ်နေရုံနဲ့ အပြစ်ပေးခံရမယ်ဆိုတဲ့ စနစ်ကို ထပ်သုံးခံရမှာကို မကြောက်ကြဘူးလား၊ ဒါမှမဟုတ် သူတို့က CYCရဲ့ နည်းပြက ဒီcomboကို ကာကွယ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားလို့လား"

"ငါတွေးနေတာကတော့...ထျန်းဟွမ်က တူညီတဲ့ comboကို နှစ်ကြိမ်မသုံးဘူးဆိုတဲ့ ကိစ္စပဲ"

သူတို့၏ ဒီဂိမ်းပွဲမှ first pickအတွက် ထျန်းဟွမ်က စက်ဂွန်းဟန့်စ်မန်းကို ရွေးချယ်လိုက်သည်။ ဒီmaskman heroက ရှောင်ရှင်း နောက်ပိုင်းတွင် ကစားရအလွန်သဘောကျနေသော heroလည်း ဖြစ်သည်။ ထိုheroက အလွန်အမင်း လျင်မြန်စွာ တိုက်ခိုက်နိုင်သည့် အရှိန်နှုန်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက သူ၏ ကျည်ဆန်များကို သုံးပြ minionများကို ရှင်းရာတွင် တော်သည်။ သူ့အနေဖြင့် သူ၏ လမ်းကျဥ်းတွင် ဖိအားပေးခံရန် မလွယ်နိုင်ချေ။

CYCကမူ သူတို့၏ အထောက်အပံ့အဖြစ် ကောင်းချီးပေးအလင်းကို ရွေးချယ်လိုက်သည်။ သူတို့၏ midlanerအဖြစ် မြောက်ပင်လယ်၏ မဟာစုန်းကို ရွေးချယ်လိုက်သည်။

"ငါရပြီ"

ထင်မြင်သုံးသပ်ချက်ပေးသူ တစ်ယောက်က ပြောသည်။

"CYCက ထျန်းဟွမ်ရဲ့ မတ်တပ်ရပ်နေရုံနဲ့ အပြစ်ပေးခံရမယ်ဆိုတဲ့ စနစ်ကို မbanတာက ဒီ comboကို ရင်ဆိုင်ဖို့ နည်းလမ်းကို သိသွားလို့ပဲ၊ ကောင်းချီးပေး အလင်းက တစ်သင်းလုံးကို အကာကွယ်ပေးထားနိုင်တဲ့ အထောက်အပံ့မဟုတ်လား၊ ဒီလိုဆိုရင် အသင်းဖော်တွေက ချက်ချင်း အသတ်ခံရစရာအကြောင်း မရှိတော့ဘူး၊ ဒါ့အပြင် သူ့ရဲ့ultက အသင်းဖော်တွေကို ၁.၅စက္ကန့်အတွင်း မလှုပ်ရှားနိုင်အောင် အေးခဲသွားစေတဲ့ skillတွေကနေ လွတ်မြောက်ခွင့်ပေးနိုင်စွမ်းအား ရှိတယ်၊ ထျန်းဟွမ်က သူတို့ကို ဒီအချိန်အတောတွင်း အေးခဲအောင် လုပ်နိုင်မှာမဟုတ်ဘူး"

"ဒါက အတော်လေးတော့ မှန်တာပဲ၊ CYCက တော်တော်ကောင်းကောင်း ပြင်ဆင်ထားတဲ့ပုံပဲ၊ သူတို့ရဲ့ အထောက်အပံ့က ထျန်းဟွမ်ရဲ့ မတ်တပ်ရပ်နေရုံနဲ့ အပြစ်ပေးခံရမယ် ဆိုတဲ့စနစ်ကို ပိတ်ထားရုံတင်မကဘူး၊ CYCရဲ့ maskmanကလည်း သတ်ဖို့ အရမ်းခက်သွားလိမ့်မယ်၊ အထောက်အပံ့ရဲ့ ဒိုင်းတစ်ခုနဲ့ ရှင်းလင်းပေးနိုင်တဲ့ ultကို ပိုင်ဆိုင်ထားတဲ့အခါ best manက ဘယ်လိုနည်းနဲ့မှ ထွက်ပြေးဖို့ မလိုတော့ဘူးမဟုတ်လား"

"အရင်ဆုံး ထျန်းဟွမ်က ရွေးချယ်တဲ့ ပုံစံကို ကြည့်ရအောင်၊ သူတို့က သူတို့ရဲ့ second pickအတွက် နဂါးနက်သူရဲကောင်းကို ရွေးလိုက်တယ်၊ ဒါက ချင်းယွီကျူး အခုနောက်ပိုင်း မကြာခဏ ကစားနေတဲ့ heroမဟုတ်လား၊ သူ့ရဲ့ အနိုင်ရနိုင်နှုန်းကလည်း အတော်လေး မြင့်တယ်၊ ထျန်းဟွမ်ရဲ့ third pickကတော့ စက်ဆရာတဲ့၊ ဒီစက်ဆရာနဲ့ စက်ဂွန်းဟန့်စ်မန်းတို့က မျှော်စင်ဖြို အတွဲမဟုတ်လား"

"ထျန်းဟွမ်က သူတို့ရဲ့ midlanerနဲ့ junglerကို မရွေးရသေးဘူး ၊ သူတို့က နောက်တစ်ခေါက်အတွက် ပစ်မှတ်ထားခံ​တော့ရမှာကို မကြောက်ဘူးလား"

ထိုသို့ဖြင့် pick ပထမတစ်လှည့်တွင် ထျမ်းဟွမ်က သူတို့ toplanerနှင့် bottomlanerကိုသာ ရွေးလိုက်သည်။ CYCက သူတို့၏ midlanerနှင့် အထောက်အပံ့ကို ယူသွားပြီလေပြီ။

ရလဒ်အနေဖြင့် ထျန်းဟွမ်က ဒုတိယတစ်ခေါက် banသောအခါ toplaneကိုသာ ပစ်မှတ်ထားလိုက်သည်။ ထိုအချိန်တွင် CYCက ဆက်လက်ပြီး midlaneကိုသာ အရူးလို ပစ်မှတ်ထားနေခဲ့၏။ သူတို့က ပုံရိပ်ယောင်ပညာရှင်ကို banသည်။ ထို့နောက် ဖျက်ဆီးခြင်း မှော်ဆရာကိုလည်း ပိတ်လိုက်သည်။

ထင်မြင်သုံးသပ်ချက် ပေးသူတစ်ယောက်က ပြောသည်။

"CYCက ဒီလိုနဲ့ midlaner hero၃ခုကို တောက်လျှောက် banလိုက်တာပဲ၊ သူတို့က midlanerကိုပဲ အဆုံးထိ ပစ်မှတ်ထားတော့မှာထင်တယ်"

"လဲ့ယန်က ဘယ်လို heroမျိုးကို ရွေးလောက်လဲ"

ထျန်းဟွမ်မှ အသံလုံခန်းထဲတွင် နည်းပြလင်းက ပြောသည်။

"ရန်သူဘက်က အထောက်အပံ့က clease နိုင်စွမ်းအားရှိတယ်၊ ဒီတော့ ငါတို့တွေ ဒီတစ်ကြိမ် အဖွဲ့လိုက် ထိန်းချုပ်တဲ့ စွမ်းရည်အပေါ် မှီခိုလို့မရနိုင်ဘူး၊ ငါတို့တွေ ဒီတစ်လှည့်မှာ အောက်ခြေလမ်းကျဥ်းက မျှော်စင်ဖြို စွမ်းအားကိုပဲ အာရုံစိူက်ထားသင့်တယ်၊ ဒါမှမဟုတ် မင်းတို့ စမ်းကြည့်ချင်တဲ့ အခြားကစားတဲ့ပုံစံမျိုးများ ရှိလား"

ယဲ့ရှောင်းယန်က ပြောသည်။

"သူတို့ရဲ့ အထောက်အပံ့က status အခြေအနေ အတိုင်းအတာအတွင်း clease လုပ်ပေးနိုင်စွမ်းရှိတယ်၊ ဒါပေမဲ့ အချို့ကိုတော့ အဲဒီလို မလုပ်နိုင်ဘူး၊ ဥပမာ အဆိပ်ပေါ့"

နည်းပြလင်းက သူ့ကို ကြည့်သည်။

"မင်းက မြွေဟောက်ဘုရင်ကို ကစားချင်တာလား"

ယဲ့ရှောင်းယန်က မျက်လုံးများကွေးသွားသည်အထိ ပြုံးသည်။

"ငါက မြွေဟောက်ဘုရင်ကို မကြိုက်ပါဘူး၊ ငါ့မှာ အခြားတစ်ခု ရှိတယ်"

CYC၏ အသံလုံခန်းထဲတွင် နည်းပြက တောက်ပစွာ ပြုံးသည်။

"ငါတို့ရဲ့ cleasing အထောက်အပံ့က ထျန်းဟွမ်ရဲ့ support/jungleအထောက်အပံ့ comboကို ဖြိုနိုင်တယ်၊ သူတို့ကသာ အလယ်လမ်းကျဥ်းမှာ ဒီရေနတ်ဘုရားမကို သုံးလာမယ်ဆိုရင်တောင်မှ သူမရဲ့ နှေးကွေးတဲ့ D buffတွေကြောင့် ငါတို့အပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး၊ ယဲ့ရှောင်းယန်က အခု ဘယ်လိုheroမျိုးကို ကစားမလဲဆိုတာကို ကြည့်ရအောင်"

ထိုစကားပြောပြီးပြီးချင်း သိပ်မကြာခင် ယဲ့ရှောင်းယန်က လျင်မြန်ချောမွေ့စွာဖြင့် တစ်စုံတစ်ရာကို ရွေးချယ်လိုက်သည်။ CYC၏ နည်းပြက ယဲ့ရှောင်းယန် ရွေးလိုက်သည့် heroကို မြင်သောအခါ သူ၏ မျက်နှာရှိ အပြုံးက ပျောက်ကွယ်သွားသည်။

"ပန်းစောင့်နတ်သမီးလား"

ထင်မြင်သုံးသပ်ချက်ပေးသူ ၂ယောက်ကလည်း ကြောင်အကာ ပြောသည်။

"ပန်းစောင့်နတ်သမီးဟုတ်လား"

သူတို့က တစ်ယောက်ကိုယ်တစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

"ပန်းစောင့်နတ်သမီးကို သူတို့ရဲ့ midlanerအဖြစ် ရွေးချယ်တယ်၊ နောက်ပြီး အထောက်အပံ့junglerက တော်ဝင်သူရဲကောင်းတဲ့လား၊ သူတို့က တော်ဝင်သူရဲကောင်းကို ပန်းစောင့်နတ်သမီးရဲ့ ကိုယ်ပိုင်သက်တော်စောင့်အဖြစ် သုံးဖို့ ဆန္ဒရှိတာလား၊ ဒီလိုနဲ့ လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်စေမယ်ပေါ့လေ"

CYC၏ နည်းပြကလည်း သူ၏ နားထင်များက ခပ်ကြမ်းကြမ်း ထိုးစောင့်လာသလို ခံစားလိုက်ရသည်။

ထျန်းဟွမ်၏ ညစ်ပတ်သော လှည့်ကွက်များက အဆုံးအသတ်ရှိပုံမရချေ။

တိုက်ရိုက်ထုတ်လွှင်မှုအခန်းတွင်လည်း commentများက ပြုံလာပြန်သည်။

[သောက်ကျိုးနည်း၊ ဒီရွံစရာကောင်းတဲ့ heroက တကယ်ပေါ်လာသေးတယ် ]

[သူမက နေရာတိုင်း ပန်းတွေလိုက်စိုက်လိမ့်မယ်၊ တက်နင်းမိတာနဲ့ အဆိပ်မိသွားမှာပဲ]

[ဂိမ်းနှောင်းပိုင်းမှာ ဂီယာသာ ပြီးပြည့်စုံသွားရင် အသားစားပန်းပင်နဲ့ တစ်ကိုက်လောက် ကိုက်ခိုင်းလိုက်ရုံနဲ့ hpတစ်ဝက်လောက်ကို ယူသွားမှာပဲ၊ သူမက ကစားဖို့ တော်တော်လေးကို ခက်ခဲလွန်းတဲ့ heroမျိုးပဲ]

[အဲဒီအသားစားအပင်က ငါ့ကို တော်တော်လေးကို စိတ်ဒဏ်ရာရစေတဲ့ အကောင်မျိုးပဲ၊ ငါအဆင့်တက်ကစားတဲ့အခါ ဒီလို heroမျိုးကို တွေ့ရမှာကို အမုန်းဆုံးပဲ]

ပန်းစောင့်နတ်သမီးက နာမည်ကြီး heroဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သူမက လှသည်။ ဆွဲဆောင်မှုပြင်းသည့် ကျဲကျဲ ဖြစ်၏။ ထို့အပြင် အတော်လေး စိတ်လှုံ့ဆော်ပေးနိုင်သည့် အသံမျိုးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် onlineကစားသမားများ ဝန်းကျင်အတောအတွင်း ပရိသတ်အလွန်များသည်။ ဂိမ်းကလည်း သူမအတွက် အထူးတလည် ထုတ်ပေးထားသည့် တရားဝင် skinများစွာ ဖြန့်ချီထားလေသည်။

ထို hero၏ စိတ်ရှုပ်စရာအကောင်းဆုံး အပိုင်းက ရန်သူကို ချက်ချင်း သတ်နိုင်သည့် သူမ၏ စွမ်းရည်ကြောင့် မဟုတ်ချေ။ ထို့အစား သူမ၏ စွမ်းရည်က လူသားစားပန်းမျိုးစေ့များကို တောက်လျှောက်ကျဲချနိုင်သောကြောင့်​ဖြစ်သည်။

အသားစားပန်းများထဲက တစ်ပင်က မည်သူကမဆို တက်နင်းလိုက်မိသည့် နောက်တွင် မှော်damageပေါင်းများစွာကို ယူနိုင်စွမ်းအား ရှိသည်။ သူက ရန်သူheroကို အဆိပ်များဖြင့်လည်း တိုက်ခိုက်နိုင်သေး၏။

ထိုသို့သော အသားစာပန်းမျိုးကို တိုက်ပွဲအတောတွင်း ရှောင်ရသော ကိစ္စက အလွန်အမင်း ဒုက္ခများသည်။ ထိုသို့ဖြင့် pick and ban ကဏ္ဍက လျင်မြန်စွာ အဆုံးသတ်သွားသည်။

ဒီဂိမ်းတွင် ထျန်းဟွမ်က အဖွဲ့လိုက်ထိန်းချုပ်သည့် စွမ်းရည်အပေါ် အာရုံမစိုက်တော့ချေ။ အထောက်အပံ့နှင့် maskmanက bottom laneတွင်သာနေပြီး မျှော်စင်ဖြိုရန် အားစိုက်ထားမည်ဖြစ်သည်။ toplanerကမူ အပေါ်တွင် တက်တက်ကြွကြွနေပြီး သူ့ဘာသာ ကစားနေ၍ ရသည်။ midlanerနှင့် junglerအတွက်ကမူ....ထိုhero ၂ ကောင်ကမူ တစ်စုံတစ်ရာကို လုပ်ချင်ပုံရသည်။

မျှော်လင့်ထားသည့်အတိုင်း ဂိမ်းပွဲစတင်ပြီး အစောဆုံးကာလတွင်ပင် ချီရှို့က ယဲ့ရှောင်းယန်ကို CYC၏ တောထဲသို့ ခေါ်သွားပြီး သူတို့၏ အပြာရောင် buffကို သွားခိုးသည်။

ပန်းစောင့်နတ်သမီးက အဆင့်၁ တိုက်ပွဲတွင်ပင် အလွန်အမင်းအင်အားကြီးနေပြီဖြစ်သည်။ သူမက အသားစားပန်းများကို သူမ၏ q skillကိုသုံးပြီး နေရာတိုင်တွင်ကျဲချထားသည်။ သူမက အခြေစိုက်စခန်းမှ ထွက်သွားပြီး မြစ်နားသို့ ရောက်သွားသောအချိန်တွင်ပင် တိုက်ခိုက်မှုskill ၅ကြိမ်သုံးလိုက်သည်နှင့်ညီမျှသော မျိုးစေ့ငါးခုကို ချထားပြီးသား ဖြစ်သည်။ အခြားသော အဆင့်၁တွင်ရှိသည့် midlanerများဆိုလျှင် တစ်ကြိမ်သာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့သော် သူမကမူ ၅ကြိမ်တိုက်ခိုက်နိုင်၏။ ထို့အပြင် မျိုးစေ့တစ်ခုချင်းစီတိုင်းက damage ပမာဏအနည်းငယ်ကိုသာ ထုတ်နိုင်လောက်သော်လည်း ၅ကြိမ်ထိသွားလျှင်မူ အဆိပ်၅ခါမိမည်ဟု ဆိုလိုသည်။

ဂိမ်းအစပိုင်းတွင် မည်သူကမှ မှော်စွမ်းအင်အကာကွယ် ဂီယာမပိုင်သေးချေ။ ထိုသို့သော အခြေအနေမျိုးတွင် အဆိပ်မိသွားခြင်းက အလွန်အမင်း ကြောက်စရာကောင်းသော ကိစ္စဖြစ်သွားသည်။ ထိုအတွက်ကြောင့်လည်း အစောပိုင်းဂိမ်းများတွင် အဆိပ်comboများက အလွန်အမင်း အင်အားကြီးနေခြင်း ဖြစ်သည်။

CYC၏ ခေါင်းဆောင်က ချက်ချင်းဆိုသလိုပြောသည်။

"တိုက်ပွဲကိုရှောင်၊ ငါတို့တွေ သူတို့ရဲ့ အပြာရောင် buffကို သွားခိုးမယ်"

ထိုကိစ္စက အကြံကောင်းဖြစ်သည်။ သို့သော် အပြောကပို၍ လွယ်နေ၏။

CYC၏ junglerက ထျန်းဟွမ်၏ တောထဲသို့ဝင်ကာ သူတို့၏ အပြာရောင် buffကို ခိုးလိုက်သည်နှင့် ရုတ်တရက် စက်ဆရာက လွှတ်ထားသည့် စက်ရုပ်များထဲမှ တစ်ခုကို တွေ့လိုက်ရပြီး မှင်တက်ကြောင်အသွားသည်။ ထို့နောက် ချက်ချင်းဆိုသလို နဂါးနက်သူရဲကောင်းက လေးလံသည့် ဒိုင်းအကာကွယ်လွှာနှင့်အတူ ခုန်ထွက်လာသည်။

CYCမှ junglerက အော်သည်။

"သူတို့က အပြာရောင် buffကို ကာကွယ်ထားတယ် "

သူ၏ midlanerနှင့် toplanerတို့က ချက်ချင်းဆိုသလို လာကူသည်။

သို့ရာတွင် ချွီကျန်းနှင့် လူအိုကြီးချင်တို့က ဒီဂိမ်းပွဲတွင် အလွန် tankဖြစ်သော heroများကို ကစားနေကြခြင်း ဖြစ်သည်။ သူတို့က 2v3ကိုပင် ယှဥ်နိုင်ကြ၏။ ရလဒ်အနေဖြင့် CYC၏ ထျန်းဟွမ်၏ အပြာရောင် buffကိုယူသော တိုက်ပွဲက အဆုံးမသတ်ခင် ကျော့ရှင်းကြည့်ကောင်းသော ပန်းစောင့်နတ်သမီးက ပေါ်ထွက်လာသော မြင်ကွင်းကို မြင်လိုက်ကြရသည်။ ထိုသို့ဖြင့် CYC၏ တောအတွင်းမှ အပြာရောင် buffမှ အလင်းများက သူမကို လွှမ်းခြုံထားသောကြောင့် ခမ်းနားလွန်းနေလေသည်။ ထိုသို့ဖြင့် အရှိန်အဝါကြီးမြတ်ပြီး အထက်တန်းဆန်လှသော တော်ဝင်သူရဲကောင်းက သူမ၏ ညာဘက်ခြမ်းတွင် အနီးကပ်သက်တော်စောင့်လို ပေါ်လာပြန်သည်။

ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က CYC၏ အပြာရောင် buffကို အလွယ်တကူလျင်မြန်စွာ ဆွဲချနိုင်ခဲ့သည်။ မည်သူကမှ သူတို့ကို ဝင်ရှုပ်ရန် မကြိုးစားခဲ့ကြချေ။

အပြာရောင် buffကို ယူပြီးနောက် ယဲ့ရှောင်းယန်၏ပန်းစောင့်နတ်သမီးက အဆင့်၂သို့ ရောက်သွားသည်။ သူ၏ q skill လူသားစားပန်းမျိုးစေ့များနှင့် သူ၏ w skillဖြစ်သည့် အဆိပ်​မြေကိုလည်း ရလိုက်သည်။ ယဲ့ရှောင်းယန်က ထျန်းဟွမ်၏ အပြာရောင် buffသို့ ရောက်သောအခါ သူ၏ လက်က လျင်မြန်စွာဖြင့် ကီးဘုတ်တွင် ပျံသန်းသွားပြီးနောက် ရုတ်တရက်-

ပန်းတစ်ပွင့်က ပွင့်ထွက်လာသည်။ ထို့နောက် ပန်းတစ်ပွင့်က ထွက်ပေါ်လာ၏။

မျက်တောင်တစ်ခတ်အချိန်အတွင်း ပန်း၅ပွင့် မြေကြီးထဲမှ ထွက်ကာ အညှောင့်ပေါက်လာကာ CYC၏ heroများကို ဝိုင်းလိုက်သည်။

CYC၏ midlanerက သူ၏ flash skillကိုသုံးပြီး ထွက်ပြေးသည်။ toplanerနှင့် junglerတို့အနည်းငယ် နှေးသွားပြီး သူတို့က ပန်းစက်ကွင်းအတွင်း မိသွားလေသည်။

ယဲ့ရှောင်းယန်က သူ၏ w skillအဆိပ်မြူကို ထုတ်သုံးလိုက်သောအခါ ခရမ်းရောင်တိမ်ဆိုင်များက ပန်းများထဲမှ စတင်ကာ ထွက်ပေါ်လာသည်။

အဆိပ် အဆိပ်။

သူတို့၏ မျက်လုံးရှေ့တွင်ပင် ထို အဆိပ်များကို မြင်လိုက်ရသည်။ CYCကစားသမားများကလည်း သူတို့၏ heroမှ status effect များက စတင်ကာ ထိုးကျလာကြောင်း သိလိုက်ရ၏။ အပိတ်ခံထားရသော ကစားသမား၂ယောက်က ရွေးချယ်စရာမရှိဘဲ အံကိုကြိတ်ကာ ထိုပန်းများကြားမှ လွတ်မြောက်အောင် ထွက်ပြေးသည်။ ထိုသို့ဖြင့် နောက်ထပ်အဆိပ်တစ်သုတ်နှင့် မိသွားပြန်သည်။ သူတို့၏ ကိုယ်ပေါ်သို့ အဆိက်၃ကြိမ်ရောက်လာသောအခါ သူတို့အနေဖြင့် အသက်ကိုရင်းပြီး ကပ်သီးလေး လွတ်မြောက်သွားခဲ့သည်။ ထိုနည်းအားဖြင့် အခြေစိုက်စခန်းသို့ပြန်ကာ ကုရသည်။

ယဲ့ရှောင်းယန်က CYC၏ ကစားသမားများကို နောက်ဆုတ်ရန် အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ချက်ချင်းဆိုသလို ချီရှို့က သူတို့၏ ကိုယ်ပိုင် အပြာရောင် buffကို ယူလိုက်သည်။ ထိုသို့ဖြင့် ချီရှို့ကလည်း သူတို့၏ အနီရောင် buffကို သွားယူသည်။ သူနှင့် ယဲ့ရှောင်းယန်တို့က buff၃ခု အတူယူလိုက်ကြသည်။ ထို့ကြောင့်သူတို့က အဆင့်တက်သွားကြပြန်သည်။

"ထျန်းဟွမ်က buff၃ခုနဲ့ စဖွင့်တယ်၊ တစ်ဖက်အသင်းက midlanerက flash skillကို သုံးလိုက်ရပြီ၊ ဒီတော့ CYCအတွက် အရှုံးကြီးပဲ"

"ပန်းစောင့်နတ်သမီးက ဂိမ်းအစောပိုင်းမှာ အင်အားအရမ်းကြီးတာ၊ သံသယ ဝင်ဖို့တောင်မလိုဘူး၊ သူမက ပန်း၅ပွင့်ကို ပွင့်လန်းစေနိုင်တယ်၊ တင်နင်းမိတဲ့အခါ အဆိပ်ပမာဏအများကြီး ထိမှန်တာကို ခံရဦးမှာပဲ၊ ဒီ heroက ကစားသမားရဲ့ လှည့်ပတ်ထိန်းချုပ်နိုင်တဲ့ skillကို အများကြီး ဆက်စပ်နေတဲ့ ပုံစံမျိုးပဲ၊ ဒိီလိုမျိုးစေ့တွေကို ကျဲချတဲ့အခါ လုံလောက်အောင် လျင်မြန်ရဦးမယ်၊ ဒီလိုနဲ့ နေရာမှန်ကိုလည်း စိုက်ပျိိုးနိုင်ရမယ်၊ အဲဒီလိုမှမဟုတ်ရင် အခြားကစားသမားတွေက ဒီပန်းတွေကို ရှောင်ဖို့ လွယ်သွားလိမ့်မယ်၊ ဒါကြောင့် လက်အရှိန်နှုန်းမမြန်တဲ့ ကစားသမားတွေအတွက်တော့ ဒီလို heroမျိုးကို မရွေးစေချင်ဘူး"

"အဟမ်း ဟုတ်တယ်၊ ငါ့အတွက်ကတော့ ဒီ heroက မသင့်တော်ဘူး"

ထိုသို့ဖြင့် commentများက ဖန်သားပြင်တွင် ပြည့်နှက်သွားပြန်သည်-

[နားလည်ပြီ၊ ဒီheroက ငါ့လို လက်ကျိုးနေတဲ့လူတွေအတွက် မသင့်တော်ဘူး ]

[ငါ ပန်းတွေကို တစ်ဖြောင့်တည်းပဲ ကျဲချနိုင်တယ်၊ ထောင့်ဖြတ်ပုံစံသတ်ဖြတ်တဲ့အတိုင်း ဒါမှမဟုတ် ဝိုင်းပတ်ပြီး ချတဲ့ ဗျူဟာမျိုးတွေအတွက်ကတော့.....ငါရဲ့မျက်လုံးနဲ့ ကစားကြည့်ပြီးတော့ပဲ နားလည်နိုင်တယ်၊ ငါ့ရဲ့လက်ကတော့ အမီမလိုက်နိုင်ဘူး ]

[ယန်ယန် 66666 ၊ သူ့ရဲ့ နိုင်ငံတကာအဆင့် ဝင်ထားတဲ့ ၈ယောက်ကိုပဲ သူကစားနိုင်တယ်လို့ ထင်တာ၊ ဒါပေမဲ့ သူက ပန်းစောင့်နတ်သမီးကိုတောင် ကစားတတ်နေတာပဲ ]

ဂိမ်းအစပိုင်းတွင် CYC၏ ခန့်မှန်းသုံးသပ်မှုအမှားက ထျန်းဟွမ်ကို အပြာရောင် buff၂ခု ရသွားစေခဲ့သည်။ အဖွဲ့ချုပ်တွင်မူ ဒါက အလွန်အမင်း မြင်တွေ့နေကျဖြစ်သော မြင်ကွင်းမျိုးလည်း ဖြစ်သည်။ CYCက လျင်မြန်စွာဖြင့် သူတို့၏ စိတ်အခြေအနေကို ထိန်ညှိလိုက်ပြီး minionများကို farmလုပ်ကာ အဆင့်တက်ရန် ကြိုးစားသည်။ သူတို့၏ ပန်းတိုင်ကမူ toplanerကိုသွားကာ gankလုပ်ပြီး ချင်းယီကျူးကို ဖျက်ဆီးရန်ဖြစ်သည်။

CYC၏ ပထမနဂါးအသေးက တိုက်ခိုက်စရာပင် မလိုခဲ့ချေ။ ထို့အစား သူတို့၏ ကစားသမား ၄​ယောက်က toplaneသို့သွားပြီး ချင်းယီကျူးကို တိုက်ခိုက်သည်။ ချင်းယီကျူးကလည်း ကစားသမား၄ယောက်ကို တစ်ယောက်တည်းဖြင့် ရင်မဆိုင်နိုင်ချေ။ သို့သော် သေချာစွာပင် သူတို့၏ ကျည်ဆံများက သူ၏ မျှော်စင်အတွင်းသို့ ရောက်သွားခဲ့ပြီး သူ၏ခေါင်းကို ယူလိုက်သည်။ ထိုသို့ဖြင့် လူတိုင်း၏ နားအတွင်းတွင် first bloodဆိုသော ကြေညာချက်က ထွက်ပေါ်လာသည်။

ချင်းယီကျူးက ​ခေါင်းကို ကုတ်လျက် ပြောသည်။

"အပေါ်လမ်းကျဥ်းကို ၄ယောက်လုံး လာကြတယ်၊ သူတို့ငါ့ကို ဘယ်လောက်တောင် မုန်းနေတာလဲ"

ယဲ့ရှောင်းယန်က ပြောသည်။

"သူတို့က toplaneကို သုံးပြီး ဒီဂိမ်းရဲ့အပြောင်းအလဲကို ဖြစ်သွားစေချင်တာ၊ အကူအညီလိုလား"

ချီရှို့က တည်​ငြိမ်စွာ ပြောသည်။

"အဘိုးကြီးချင် သူတို့ကို ခဏလောက် ထိန်းထားလိုက်၊ ငါတို့ သူတို့ရဲ့ အောက်ခြေလမ်းကျဥ်းက အပြင်ဘက်မျှော်စင်ကို ဖျက်ဆီးပြီးတဲ့အခါ လာခဲ့မယ်"

CYC၏ အကြံနှင့် ပတ်သက်ပြီး မှားယွင်းခြင်း မရှိချေ။ ချန်းရှင်းက သတ်ရန်ခက်သည်။ ထို့ကြောင့် သူတို့အနေဖြင့် toplanerကိုသွားကာ မဲခြင်းဖြစ်သည်။ ထျန်းဟွမ်၏ toplaneအပြင်ဘက်မျှော်စင်ကို ဆွဲချပြီးနောက် သူတို့က ထျန်းဟွမ်၏ တောကို ကျူးကျော်ပြီး အပြာရောင် buffကို ခိုးနိုင်သည်။ ထို့နောက် သူတို့က အားသာချက် ရရှိသွားမည်ဖြစ်သည်။

သို့သော် ထျန်းဟွမ်ကလည်း ချင်းယီကျူးကိုသွားကာ အပြေးအလွှားမကူညီချေ။ ထို့အစား အခြားသော ထျန်းဟွမ်ကစားသမား၄ယောက်က အောက်ခြေလမ်းကျဥ်းကို သွားဖြိုသည်။ သူတို့က CYC၏ bottom lanerနှစ်​ယောက်လုံးကို အိမ်ပြန်ပြေးသွားစေခဲ့သည်။ အဆုံးသတ်ရလဒ်ကမူ CYCက ထျန်းဟွမ်၏ toplaneအပြင်ဘက်မျှော်စင်ကို ဖျက်ဆီးခဲ့ပြီး ထျန်းဟွမ်ကမူ CYC၏ bottom lane အပြင်ဘက်မျှော်စင်ကို ချက်ချင်းလိုလို ဖျက်ဆီးလိုက်သည်။

"နှစ်သင်လုံးက မျှော်စင်တစ်ခုစီ ဖြိုပြီးသွားပြီ"

ထင်မြင်သုံးသပ်ချက် ပေးသူက ပြောသည်။

"ကြည့်ရတာ ဘယ်သူကမှ မရှုံးသလိုပဲ"

"ငါ့အထင် CYCက ထျန်းဟွမ်ကို သူတို့ရဲ့ midlanerကို လမ်းကျဥ်းနှစ်ခုလုံးက minionတွေကို farmမလုပ်ဖို့အတွက် toplaneကို ပစ်မှတ်ထားတာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ ငါတို့မြင်ထားတဲ့အတိုင်းဆိုရင် ထျန်းဟွမ်ရဲ့ midlanerက minionတွေအတွက် toplaneကို လာတာမှ မဟုတ်တာ၊ သူက တောထဲမှာသွားပြီး farmingလုပ်နေတာမဟုတ်လား"

"ဟုတ်တယ်၊ တော်ဝင်သူရဲကောင်းက ဒီဂိမ်းမှာ အပြာရောင် buffကို ယူလိုက်တယ်၊ အဲဒီနောက် သူက အတင့်၆ကို ရောက်သွားပြီးတဲ့အခါ အရာအားလုံးကို ပြန်ပေးလိမ့်မယ်၊ တောထဲမှာ မကောင်းဆိုးဝါးတွေ ပေါက်ဖွားလာရင်တောင်မှ သူက လဲ့ယန်ကို ပေးမှာ၊ ဒီတော့ သူက လုံးဝကို ပြိုင်ဘက်ကင်းတဲ့ သက်တော်စောင့်လို့ ပြောလို့ရတယ်"

"လဲ့ယန်က မြေပုံပေါ်က ဘယ်ကစားသမားအတွက်မဆို အရင်းမြစ်အများဆုံး ရနိုင်တဲ့သူ ဖြစ်သွားပြီ၊ ထျန်းဟွမ်ရဲ့ သူတို့ရဲ့ midlanerကို အားဖြည့်ပေးတယ်ဆိုတဲ့ ဗျူဟာက တော်တော်လေးကို ကိုင်တွယ်ရခက်တယ်၊ သူတို့ရဲ့ midlanerကို ရန်သူက မသတ်နိုင်သမျှ သူတို့ရဲ့ ဟန်ချက်ကို အစောပိုင်းကတည်းက မဖြတ်နိုင်သမျှ ဂိမ်းနှောင်းပိုင်းမှာ အားလုံး ဒုက္ခရောက်မှာပဲ"

CYC၏ ခေါင်းဆောင်က ထိုအချက်ကို ကောင်းကောင်းနားလည်သည်။ သူက ချက်ချင်းဆိုသလို အသင်းကို အဖွဲ့လိုက်စုရန် အချက်ပြပြီးနောက် အလယ်လမ်းကျဥ်းသို့ သွားသည်။

"midlanerကိုသတ်"

သူတို့က ဒီဂိမ်းတွင် ရွေးချယ်ထားသည့် အထောက်အပံ့က ဒိုင်းကာပေးနိုင်ပြီး အသင်းဖော်များကို cleaseလုပ်ပေးနိုင်သည်။ သို့သော် သူတို့တွင် အဖွဲ့လိုက် ထိန်းချုပ်သည့် skillမရှိချေ။

သူတို့၏ toplanerက ထိန်းချုပ်သည့် skillနှင့် tankဖြစ်သည်။ သူတို့၏ jumglerက အဖွဲ့လိုက် ထိန်းချုပ်သည့် skillကိုပိုင်ထား၏။ သူတို့က တိုက်ပွဲထဲသို့ ခုန်ဝင်သွားပြီး ရန်သူ midlanerကို အားသုံးကာ ဖိနှိပ်နိုင်သေးသည်။ ထို့နောက် 5v5 အသင်းတိုက်ပွဲက ဖြစ်ပေါ်လာသောအခါ CYC၏ ရှေ့တန်းမှ heroများက ယဲ့ရှောင်းယန်ကို ရူးသွပ်စွာ ပစ်မှတ်ထားသည်။ toplanerက သူ့ကို လုပ်ကြံသတ်ဖြတ်ရန်ပင် ဖြတ်ခနဲဆိုသလို ဝင်ရောက်လာ၏။ junglerက ရွေ့လျားမှု skillကိုသုံးပြီး သူ့အနားသို့ ကပ်လာကာ သူ့ကို မလှုပ်နိုင်အောင် လုပ်သည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန် မသေမချင်း လက်မလျှော့ကြောင်း ပြသလာသည်။

ယဲ့ရှောင်းယန်က ဆွံ့အသွားသည်။

ထားလိုက်ပါ။ ဒါက ကြောက်စရာပဲ။ သူပြေးရမယ်။

သို့ရာတွင် သူက flash skillကိုသုံးပြီး နောက်ဆုတ်ကာ မပြေးချေ။ ထို့အစားသူက flash skillကိုသုံးပြီး ဆန့်ကျင်ဘက်သို့သွားသည်။ နောက်ဆုတ်ရမည့်အစား သူက ရန်သူ၏ midlanerနှင့် maskmanဆီ တိုက်ရိုက်တိုးဝင်သွား၏။ ထိုနေရာသို့ ရောက်သောအခါ သူက skillတစ်စုံလိုက် ထုတ်သုံးလိုက်ပြန်သည်။

သူက နောက်ဆုတ်ရမည့်အစား ရှေ့သို့ တက်လိုက်ပြီး CYC၏ ကစားသမားများကို ရင်ဆိုင်ရန် ကြံစည်သည်။

သူတို့က မတုန့်ပြန်နိုင်ခင် သူတို့ကို ပန်းများက ဝိုင်းသွားပြီဖြစ်သည်။

ဒီဂိမ်းတွင် ယဲ့ရှောင်းယန်၏ ပန်းစောင့်နတ်သမီးက မနှစ်ကမှ ထုတ်ထားသည့် စိတ်ကူးယဥ်ပန်းဆိုသော skinကို ဝတ်ထားသည်။ သူမ၏ outfitက ခရမ်းရောင်ဖြစ်ပြီး သူမစိုက်သော ပန်းတိုင်းကလည်း ခရမ်းရောင်ဖြစ်သည်။ ထွက်လာသော အဆိပ်မြူကပင် ခရမ်းရင့်ရောင်ဖြစ်၏။ အားလုံးပေါင်းလိုက်သောအခါ အလွန်အမင်း ကြည့်ကောင်းလွန်းသော မြင်ကွင်းမျိုး ဖြစ်သွားသည်။

ဂိမ်းမြေပုံက အစပိုင်းကတည်းက မှောင်ပြီးသားဖြစ်သည်။ ယခုအခါ အချို့သော ကစားသမားများက ရုတ်တရက် ခရမရင့်ရောင်ပန်းများက ပွင့်လန်းလာပြီး ထူးဆန်းသော တိမ်ဆိုင်များကို လွှတ်ထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။ ထိုတိမ်ဆိုင်များကပင် ခရမ်းရင့်ရောင် မြူထုဖြစ်သည်။ ထို့အပြင် သူတို့၏ မှောင်မည်းနေသော မြင်ကွင်းဖြင့် ပေါင်းစပ်လိုက်သော် အတော်လေး ခြောက်ခြားဖွယ် ကောင်းသွားသည်။ ထို့အပြင် ဆွဲဆောင်မှု ပြင်းထန်သည့် စာသားကလည်း ထွက်ပေါ်လာသေးသည်။

"ဒီမှာ ငါနင့်ကို ပန်းတစ်ပွင့်ပေးမယ်၊ ကျေးဇူးတင်ဖို့ မလိုဘူး"

CYC၏ midlanerနှင့် maskmanတို့က ချက်ချင်းဆိုသလို ကျိန်ဆဲချင်သွားသည်။

ဒါက အစားအစာအမျိုးအစားပဲ။

တိုက်ရိုက်ထုတ်လွှင့်မီုအခန်းထဲမှ ကြည့်ရှုသူများကမူ ရူးသွပ်လောက်အောင် ရယ်ချင်သွားသည်။

[မိစ္ဆာဘုရင်က ပြန်လာပြီ၊ ငါသူ့ပန်းတွေ မလိုချင်ပါဘူး]

[ငါမယူရဲပါဘူး၊ ကျေးဇူးပြုပြီး ငါ့ဆီ ပို့မလာပါနဲ့]

[မစိုက်ပါနဲ့တော့၊ မစိုက်ပါနဲ့တော့၊ မြေပုံမှာ ခရမ်းရောင်ပန်းတွေ ပွင့်နေပါပြီ၊ မျက်စိတစ်ဆုံး မြင်နိုင်သမျှက ခရမ်းရောင်ပန်းတွေကြီးပဲ၊ ငါတော့ ကန်းတော့မယ် ]

[အသင်းတိုက်ပွဲမှာ ရှုံးလို့ရတယ်၊ ဒါပေမဲ့ ယဲ့ရှောင်းယန်ကတော့ သေရမယ်၊ တိုက်ပွဲထဲကို ခုန်ဝင်သွားပြီး သူ့ရဲ့ အဆိပ်ပန်းတွေအားလုံးကို စိုက်လိုက်တာက တအားကို ရက်စက်လွန်းရာ မကျဘူးလား ]

ယဲ့ရှောင်းယန်က တိုက်ရိုက်ပင် ရန်သူများရှိနေရာနေရာသို့ ချက်ချင်းဆိုသလို ခုန်ဝင်သွားသည်။

မည်သူကမှ ထိုဒဏ်ကို သည်းမခံနိုင်ချေ။

CYC၏ midlanerနှင့် maskmanတို့က သူ့ကို ချက်ချင်းဆိုသလို တိုက်ခိုက်ကြပြီး ထိုheroအပေါ် သူတို့၏ skillတိုင်းကို ထုတ်သုံးနေကြသည်။

တစ်ချိန်တည်းလိုလို ထျန်းဟွမ်မှ ချန်းရှင်းက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သူ၏ ကိုယ်ပိုင် skillကို အဝေးမှ လှမ်းသုံးလိုက်သည်။ သူက ခပ်ကြမ်းကြမ်း ပစ်ခတ်လိုက်သည်။

ယဲ့ရှောင်းယန်က နဂိုကတည်းက ဖန်သားအမြှောက်နှင့် စတင်ထားခဲ့သည်။ ထိုသို့ဖြင့် ရန်သူအဖွဲ့ထဲသို့ တိုက်ရိုက် ခုန်ဝင်သွားပြီးနောက် သူက လျင်မြန်စွာ သေဆုံးသွားခဲ့သည်။ သို့သော် CYCမှ ကစားသမား၃ယောက်ကလည်း သူ၏ အဆိပ်တိုက်ခိုက်မှု ၅ခုအတွင်း ဒုက္ခိတဖြစ်သွားသည်။

အသားစားပန်းမျိုးစေ့ တစ်ခုချင်းဆီတိုင်းက ပန်းတစ်သုတ် ထုတ်ပေးနိုင်သည်။ ယဲ့ရှောင်းယန်က တစ်ချိန်တည်းလိုလို တိုက်ပွဲစတင်ကတည်းက ထုတ်သုံးလိုက်ပြီးနောက် ခရမ်းရင့်ရောင်မြူထုက လိမ့်တက်လာပြီး ဝိုင်းအုံသွားသော မြင်ကွင်းကို ရိုးသားစွာပြောရသော် အလွန်အမင်း ကြောက်စရာကောင်းလေသည်။

CYCမှ မည်သည့် ကစားသမားကမှ ခုခံခြင်းမှော်ဂီယာမျိုးကို မတပ်ဆင်ရသေးပေ။ သူတို့ကလည်း အဆိပ်တိုက်ခိုက်မှု ၅ခုစလုံးကို မတောင့်ခံနိုင်ခဲ့ချေ။ သူတို့ ရှေ့သို့ ခြေလှမ်းချိန်တိုင်း hpများ တက်တိုက် လျော့နေလေသည်။

Double kill။

Triple kill။

ယဲ့ရှောင်းယန်၏ အလောင်းကလည်း အနားတွင် လဲနေပြီးသားဖြစ်သည်။

သူက သေသွားသော်လည်း သူ၏ အဆိပ်က ကစားသမား ၃ယောက်ကို ဆက်တိုက် ကြိတ်ဝါးနေလေသည်။

အသက်တစ်ခုအတွက် kill၃ခု ရလိုက်သည်။ ထို့ကြောင့်သူက နိုင်သွားသည်ဟု ဆို၍ ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကမူ ရယ်ကြသည်။

[သောက်ကျိုးနည်း၊ သူသေပြီးတာတောင် လူတွေသတ်နိုင်နေတုန်းပဲလား ]

[ဒါက ဒီပန်းစောင့်နတ်သမီးရဲ့ ရွံစရာအကောင်းဆုံး အပိုင်းလေ၊ သူမကို သတ်လို့ရတယ်၊ ဒါပေမဲ့ သူ့ရဲ့ အဆိပ်တွေကတော့ မင်းကို ဆက်လက်ပြီး တိုက်စားနေမှာပဲ]

[ဘယ်သူက ဒီအဆိပ်တွေရဲ့ ဒဏ်ကို ခံနိုင်မှာလဲ]

[ရန်သူထဲကို ခုန်ဝင်သွားပြီး အသက်တစ်သက်အတွက် kills ၃ခု ယူလိုက်တယ်၊ ယန်ယန် တအားတော်တယ်]

CYC၏ junglerနှင့် toplanerတို့က ငိုချင်နေကြလေပြီ။ သူတို့က ယဲ့ရှောင်းယန်ကို သေအောင် ချက်ချင်းလိုလို ခုတ်ပိုင်းချင်ကြသည်။ သို့သော် ယဲ့ရှောင်းယန်ကမူ နောက်တန်းသို့ ခုန်ဝင်လာပြီး သူ၏ အသက်နှင့် kills၃ခု လဲသွားသည်။ CYC၏ ရှေ့တန်းမှ heroများက 2v2ကို အချိန်ကြာအောင် ရင်ဆိုင်နေခဲ့ရာမှ သူတို့၏ နောက်တန်းကမူ ရှင်းပစ်ခံရပြီးသား ဖြစ်သွားသည်။

ခေါင်းဆောင်က အံကိုကြိတ်ကာ နောက်ဆုံးတွင် အမိန့်ပေးလိုက်သည်။

"နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ်"

ဒီနေ့ပွဲတွင် ထိုစကားလုံးကို သူအများဆုံး ပြောနေရသည်။

ထင်မြင်သုံးသပ်ချက် ပေးသူတစ်ယောက်က မနေနိုင်ဘဲ မှတ်ချက်ချသည်။

"အသက်တစ်ခုအတွက် အသက်၃သက်ပေးလိုက်တဲ့ အလဲအလှယ်အရ CYCကတော့ အားသာနေတဲ့ အနေအထားကနေ ကျသွားပြီ"

"ဟုတ်တယ်၊ လဲ့ယန်က သူတို့ဆီတိုက်ရိုက် တိုးဝင်သွားတာ ၊ သူက သူ့ရဲ့အသက်ကို စတေးပြီး ရန်သူhero ၃ယောက်ကို ယူလိုက်တယ်"

"သေသွားတာတောင်မှသူက နိုင်သွားတုန်းပဲ၊ လဲ့ယန်ကတော့ ငါတို့ကို ကောင်းကောင်းကြီး ပြသလိုက်နိုင်တာပါပဲ"

Kills ၃ခုယူပြီးနောက် ယဲ့ရှောင်းယန်က သာသာယာယာပင် ပျံသန်းနိုင်သွားပြီဖြစ်သည်။

သူက ပြန်မွေးလာသည်။ ချန်းရှင်းနှင့် ချွီကျန်းတို့က ရန်သူ၏ midlaneအပြင်မျှော်စင်ကို သွားဖြိုနေကြရာတွင် ပူးပေါင်းလိုက်၏။ ထို့​နောက်သူက စတင်ပြီး ရန်သူ၏ တောထဲတွင် ပန်းများ တောက်လျှောက် ကျဲခဲ့သည်။ သူက တစ်စုံတစ်ရာကို ပြောနေသလို ထင်ရသည်။

မင်းတို့ရဲ့တောက ငါ့ရဲ့ နောက်ဖေးခြံပဲ။

ယဲ့ရှောင်းယန်က သူ၏ လုပ်ဆောင်မှုများနှင့် သူ၏ ဆိုလိုရင်းကို ပြသခဲ့သည်။

CYC၏ တောက ထျန်းဟွမ်၏ လက်အတွင်းကျသွားသည်။ ထိုတောတွင်ရှိသော လမ်းကလည်း ကျဥ်းသည်။ ထို့အပြင် အဆိပ်ပန်းများကလည်း ပေါက်နေသေး၏။ ထို့ကြောင့် ဝင်၍မရသလို ထွက်၍လည်း မရတော့ချေ။ ရန်သူများကမူ ဒီအတိုင်း အပြင်ဘက်တွင် နေနေရသည်။ တစ်စုံတစ်​ယောက်ကသာ ပန်းများအပေါ် ဖြတ်သွားရဲလျှင် သူတို့၏ hpများက ခြေတစ်လှမ်းလှမ်းတိုင်း ဆက်တိုက်ထိုးကျသွားကြောင်း သိရမည်သာ ဖြစ်သည်။

ထျန်းဟွမ်ကလည်း ရူးသွပ်စွာဖြင့် အားသာမှုအပြည့်ဖြင့် အင်အားကြီးအောင် လုပ်သည်။ ယဲ့ရှောင်းယန်က သူ့ကိုယ်သူ နတ်ဘုရားဂီယာ ၆ခုလုံးအပြည့်တပ်ဆင်လိုက်သည်။ ထိုအချိန်က ဂိမ်း၏ မိနစ်၂၀အထိပင် မရောက်သေးချေ။ ချီရှို့ကမူ အလွန်အမင်း အဆင့်မြင့်သော ခုခံခြင်းဂီယာ လေးခုကို တပ်ဆင်လိုက်သည်။ ချန်းရှင်းကလည်း လိုအပ်သောနေရာသို့ သွားနေပြီးနောက် မျှော်စင်ကိုသာ ဖြိုနေခဲ့သည်။ ထို့ကြောင့်သူကလည်း ရွှေအများကြီး ရထား၏။ ဂိမ်းနှောင်းပိုင်း အသင်းလိုက်တိုက်ပွဲတွင် CYCက အခွင့်အရေးတစ်ခုရှာပြီး ယဲ့ရှောင်းယန်ကို သတ်ချင်သေးသည်။ သို့သော် ချီရှို့က တောက်လျှောက်ကာကွယ်ပေးနေသောကြောင့် မည်သည့်အခွင့်အရေးကိုမှ ရှာတွေ့နိုင်ခြင်း မရှိခဲ့ချေ။

နှစ်သင်းက မဟာနဂါးကြီးတွင်း၏ အပြင်ဘက်တွင် နောက်ထပ် အသင်းလိုက်တိုက်ပွဲကို ဆင်နွှဲပြန်သည်။ ယဲ့ရှောင်းယန်ကလည်း မျက်တောင်တစ်ခတ်အချိန်အတွင်း ပန်းခင်းတစ်ခင်းကို စိုက်ပျိုးကျဲချလိုက်ပြန်သည်။ ထိုသို့ဖြင့် ခရမ်းရင့်ရောင်အသားစားပန်းများက ရန်သူကို ဝိုင်းလိုက်ပြီး ပန်းစောင့်နတ်သမီးကျဲကျဲ၏ ဆွဲဆောင်မှု ပြင်းထန်သော ညှို့ငင်သံက ထပ်ထွက်လာပြန်သည်။

"ဒီမှာ ငါနင့်ကို ပန်းတစ်ပွင့်ပေးမယ်၊ ကျေးဇူးတင်ဖို့ မလိုဘူး"

ဟုတ်တယ် ဟုတ်တယ်။ ဘယ်သူက ကျေးဇူးတင်မှာလဲ။

CYCကစားသမား ၅ယောက်လုံးက သွေးအန်တော့မည်ဟုပင် ခံစားနေရသည်။ သူတို့၏ နည်းပြက စင်အောက်မှ ပွဲကို ကြည့်နေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကပင် ခံစားချက်များ ရှုပ်ထွေးသွားသည်။

သူတို့၏ အထောက်အပံ့အဖြစ် ကောင်းချီး​ပေးအလင်းကို ရွေးချယ်ခဲ့ချိန်ကလည်း သူတို့က ထျန်းဟွမ်၏အထောက်အပံ့/jungler comboကို ဖြိုချင်ခဲ့သည်။ သို့သော် ဒီတစ်လှည့်တွင် ထျန်းဟွမ်က ထိုcomboကိုသုံးပြီး ပြိုင်ဘက်များကို ထိန်းချုပ်ရန်ပင် မကြိုးစားခဲ့ချေ။ ဒီအတိုင်း သူတို့၏ midlaner၏ ပန်းများကိုသာ တိုက်ရိုက်မှီခိုလိုက်ပြီး ရန်သူများကို အဆိပ်ဖြင့် တိုက်ခိုက်သည်။

CYC၏ အထောက်အပံ့က အဆိပ်များကို မရှင်းနိုင်ချေ။ သူတို့၏ junglerနှင့် toplanerတို့ကလည်း ယဲ့ရှောင်းယန်ကို သေသည်အထိ ခုတ်မသတ်နိုင်ချေ။ ထို့ကြောင့် သူတို့က ဆက်တိုက်ရှုံးနေပြီး ဒေါသသာ ထွက်လာရသည်။

မိနစ်၂၀ကြာပြီးနောက် ဂိမ်းက အဆုံးသတ်သွားသည်။ ယဲ့ရှောင်းယန်က mvpဘွဲ့ရသွားပြန်သည်။

ချီရှို့က ဒုတိယဂိမ်းပွဲတွင် သူ့ကို အရင်းမြစ်အများကြီးပေးခဲ့သည်။ သို့သော် ထျန်းဟွမ်၏ junglerနှင့် အထောက်အပံ့ကမူ သူ့အတွက် ရန်သူheroများကို ထိန်းချုပ်ရန်အတွက် အတူမပူးပေါင်းနိုင်ခဲ့ချေ။ ယဲ့ရှောင်းယန်ကလည်း သူ၏ ကိုယ်ပိုင်ဂိမ်းကို အာရုံခံနိုင်စွမ်းအားကိုသာ မှီခိုလိုက်ပြီး လက်အရှိန်နှုန်းကို သုံးလျက် ပန်းခင်းများကို ထုတ်ဖော်ကာ ရန်သူအသင်းကို ဖျက်ဆီးခဲ့ခြင်း ​ဖြစ်သည်။

National #1ရထားတဲ့ hero၈ခုကိုပဲ ကစားနိုင်တယ်ဆိုတာ သူလား။

သူကဒီအတိုင်း အဓိကအသင်းတွေက သူ့ရဲ့ အိမ်တံခါးကို တံခါးခေါက် လာစေချင်တာပါ။ အမှန်အတိုင်းပြောရရင် ထျန်းဟွမ်နဲ့ သုံးလလောက် လေ့ကျင့်ပြီးတဲ့နောက်မှာ သူ midlane hero တိုင်းကို လေ့ကျင့်ပြီးပြီ။ ဆိုတော့ banစရာတော့ မရှိပါဘူး^_^။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

60.7K 8.7K 41
လင်းယုတုန်သည်ရှစ်နှစ်ကြာတွဲခဲ့သောချစ်သူကကိုးထပ်မှတွန်းချခံရပြီးနောက်လွန်ခဲ့သောရှစ်နှစ်တွင်ပြန်လည်မွေးဖွားလာသည့်အခါသူရဲ့အမှားတွကိုဘယ်လိုပြင်ဆင်ခွင့်ရြ...
42.1K 3.6K 35
Name - ငါ့ရဲ့မသန်စွမ်းစစ်နတ်ဘုရား Web name - After the disabled god of war became my concubine Author - Liu Gou Hua Translator - Galene Genre - Adul...
10K 1.4K 29
ဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ...