ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (16)
သေရာက ပြန်ရှင်လာသူ
ရုတ်တရက် ဝူရှဲ့ တစ်ကိုယ်လုံးမှာ အေးစက်တောင့်တင်းသွား၏။ ဦးလေးသုံးက အဲဒီလူရဲ့ နာမည်ပြောလာမယ်လို့ မမျှော်လင့်ဘူးလေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်ဘူး ဟုတ်လား... ငါတို့က ဝမ်းကွဲတွေလည်း ဖြစ်နေတယ် အထူးသဖြင့် အဲဒီခေတ်တုန်းက ပုံစံအမျိုးမျိုးနဲ့ အရမ်းဆင်တူတဲ့ ဝတ်စုံတွေလည်း လူတိုင်းနီးပါး ဝတ်ကြတယ်.... အ၀တ်အစားနဲ့ ဆံပင်ပုံစံကလည်း တူတယ်... ဒီကိစ္စကို အခြေခံရင် သူကသာ ငါနဲ့ အတူဆုံးပဲ "
"ဒါပေမဲ့ အဲဒီတုန်းက သူသေနေပြီ မဟုတ်ဘူးလား"
ဝူရှဲ့ ထုံထိုင်းစွာ ပြောလိုက်မိသည်။ ဦးလေးသုံးလည်း အသက်ပြင်းပြင်းရှူကာ မျက်မှောင်ကြုတ်သွား၏။
“အမှန်ပဲ... အဲဒီအချိန်တုန်းက သူသေသွားခဲ့ပြီးသား... အလောင်းကို တွေ့တုန်းကဆို တောင့်တင်း ရောင်ရမ်းနေပြီ.... ဒီလိုလည်း လုံးဝ မဖြစ်နိုင်ဘူး... ဒီရှင်းပြချက်ကလွဲလို့ အဲ့အစ်ကိုလေးနဲ့ ငါက မလိမ်ပါဘူး ဆိုတာကို သက်သေပြဖို့ တခြားနည်းလမ်းကို မစဉ်းစားနိုင်တော့ဘူး...အလောင်းကို သယ်တဲ့ လှေက တံငါသည်တွေနဲ့ အတူတူ ဆိပ်ကမ်းဘက်ကို ပြန်သွားပြီး ပြန်မလာတော့ဘူး...ငါတို့လူအုပ်စုက ပင်လယ်ထဲမှာ ပျောက်ကွယ်သွားတော့ သူတို့လည်း ပျောက်ပြီလို့ ယူဆလိုက်ပုံပဲ”
ဦးလေးသုံးက ခေတ္တရပ်ပြီး။
“တကယ်တော့ တစ်ခါတလေမှာ ငါရှဲ့လျန်းဟွမ်ကို လျှော့တွက်မိလားလို့လည်း စဉ်းစားမိတယ်”
“ဘာကိုဆိုလိုတာလဲ”
ဝူရှဲ့ နည်းနည်း အေးစက်သွားသလို ခံစားလိုက်ရပြန်သည်။
"ဆိုလိုတာက သူက သေတာကို အတုလုပ်ထားတာလား?"
ဦးလေးသုံးက ခေါင်းညိတ်ပြသည်။
"လူတိုင်းရဲ့ နောက်ခံသမိုင်းကြောင်းကို ငါစုံစမ်းပြီးပြီ... သံသယဖြစ်စရာ ဘာမှမရှိပါဘူး အဲဒီအချိန်တုန်းက ရှဲ့လျန်းဟွမ်က မသေဘူးလား... ဒီအဆင့်ကို တွေးပြီး သင်္ချိုင်းထဲ ခိုးဝင်ဖို့ ဟော့လင်နဲ့ ပူးပေါင်းခဲ့တယ်... နောက်ပြီး ပူးပေါင်းကြံစည်မှုလည်း ပြီးမြောက်ခဲ့ပါတယ် ဒါဆို အားလုံးပြီးပြီ... ဒါပေမဲ့ အဲဒီအချိန်က ငါက သူ့အလောင်းကို စစ်ဆေးတဲ့သူပဲ... လူသေခန္ဓာကိုယ်က ဘယ်တော့မှ အတုမရှိနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်... ဒါကြောင့် နောက်ပိုင်းမှာ ဒီဖြစ်နိုင်ချေကို ငါ့ဘာသာ ငြင်းဆန်ခဲ့တာ ဒါပေမဲ့ အခု မင်းပြောတာကို နားထောင်ကြည့်ရ သလောက်ဆို သူတကယ် မသေသေးဘူး... ဒါဆို အားလုံးကို ရှင်းပြမယ်လို့ ခံစားမိတယ်”
ဝူရှဲ့ ခေါင်းခါလိုက်ပြီး "သူသေသွားပြီဆိုတာ သေချာတယ် ဆိုမှတော့ ဒီဖြစ်နိုင်ချေကို မစဉ်းစားမိတာ မဆန်းပါဘူး...အဲဒီရှဲ့လျန်းဟွမ်က ဖုတ်ကောင် မဟုတ်ဘူးဆိုရင် သူအဲ့မှာပေါ်လာတာ တခြားအကြောင်းတွေ ရှိရမယ်"
ဦးလေးသုံးမှာ သက်ပြင်းချပြီး လောလောဆယ် ဒီကိစ္စကို မစဉ်းစားသင့်သေးဘူးလို့ ပြောခဲ့လာသည်။ အခုလောလောဆယ် သူတို့သိနိုင်တဲ့ သတင်းအချက်အလတ်တွေ နည်းလွန်းသလို ဒီအကြောင်း ဆွေးနွေးဖို့ အစ်ကိုလေးကလည်း ဘေးမှာ ရှိမနေလို့ ရလဒ်တွေ ရှိလာမှာ မဟုတ်ဘူး။ စကားပြောကြည့်ပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်ရင်တော့ အကျိုးကျေးဇူးတွေ ရှိကောင်းရှိလာလိမ့်မယ်။
တစ်ဖက်က ဦးလေးသုံးကလည်း ပြောသလို မျက်နှာသေကလည်း သူမှန်ကြောင်း ပြောထားသည်။ သူတို့မှာ ပြင်ပသက်သေတွေလည်း မရှိကာ ထင်ကြေးပေးတာတွေပဲ ရှိလေရာ ဒါနဲ့ပဲ ဝူရှဲ့ ဦးလေးသုံးကိုပဲ ဆက်ပြောခိုင်းလိုက်သည်။
ဦးလေးသုံးက ထိုအဖြစ်အပျက်ကို အကျဉ်းချုံးပြောပြပြီး ရေအောက်သင်္ချိုင်းတွင်းမှ ထွက်လာပြီးနောက် ထိုကိစ္စအားလုံးကို စတင်စုံစမ်းခဲ့သည်။ ရှဲ့လျန်းဟွမ်ထံမှ ချိုသဲ့ခေါင်၏ အစီအစဥ်ကို သိရှိထားသောကြောင့် ထိုလူအကြောင်း စုံစမ်းစစ်ဆေးရင်း ပဟေဠိကို ဖြေရှင်းရန်နှင့် ပျောက်ဆုံးနေသော လူများ၏ နေရာကို ရှာဖွေရန် သော့ချက်တစ်ခုကို ထည့်သွင်းထားခဲ့သည်။
ထို့နောက်တွင် ချိုသဲ့ခေါင်နှင့် အဆက်အသွယ်များစွာ ရှိခဲ့သော်လည်း ချိုသဲ့ခေါင်သည် ဘုရင်လုနန်းတော်တွင် ထပ်မံ မအောင်မြင်မီအထိ သူ့အား ဘယ်လို အချက်အလက်များကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
ထိုအချိန်တွင် သူ၏စစ်တပ် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းခဲ့ရာတွင် ဦးလေးသုံးနှင့် အဖွဲ့သည် ဆုံးရှုံးမှုများစွာ မရှိဘဲ လွတ်မြောက်နိုင်ခဲ့ကြောင်း သိမြင်လာကာမှ ချိုသဲ့ခေါင်က ဦးလေးသုံးနှင့် တွေ့ဆုံခဲ့သည်။ နှစ်ယောက်သား ပြောခဲ့တာတွေအကြောင်း ဦးလေးသုံးက အကြာကြီး ပြောပြသည်။
ဒါပေမဲ့ ဦးလေးသုံးကတော့ ချိုသဲ့ခေါင်ရဲ့ မကောင်းဆိုးဝါး ကြယ်ပွင့် ဖြစ်လာခဲ့လေ၏။ သူနဲ့ ချိုသဲ့ခေါင်တို့ ပူးပေါင်းပြီး ပင်လယ်အောက် ဂူသင်္ချိုင်းထဲကို ထပ်မံဝင်ရောက်ဖို့ ချိန်းဆိုခဲ့ကြသာ်။ သို့သော် ချိုသဲ့ခေါင်သည် ချောင်ရှားတွင် အဖိုးကို သစ္စာဖောက်သောကြောင့် ဦးလေးသုံးသည် ထိုလူ၏ အရင်းအမြစ်များကိုသာ အသုံးပြုခဲ့သည်။
ချိုသဲ့ခေါင်ရဲ့ ရည်ရွယ်ချက်ကို သူသိထားပြီးပြီ ဖြစ်သည်။ သူသည် ရှေးဟောင်း ဂူသင်္ချိုင်း အတွင်းသို့ ဝင်ရောက်ကာ လျှို့ဝှက်ချက်များစွာကို ထုတ်ဖေါ်ရန် ခိုင်းစေခဲ့သည်။ ထိုအချက်အလက်များကို အသုံးပြု၍ ခန့်မှန်းကြည့်ရာ ၎င်းတို့၏ နောက်ပစ်မှတ်မှာ ကောင်းကင်နန်းတော် ဖြစ်ကြောင်း သိလိုက်သောကြောင့် စတင်ခဲ့သည်။
ဒီအတောအတွင်း စွန့်စားမှုတွေ အများကြီးရှိခဲ့ပေမယ့် အဲဒါတွေကို ချရေးရတာ ခက်လိမ့်မယ်။ ဒါကြောင့် သူတို့ကို အတိုချုံးပဲ ပြောပြနိုင်တော့မည်။
ပြီးတော့ အားနင်နဲ့ တခြားသူတွေက သူ့ဆီ လာရှာတာကလည်း ဦးလေးသုံးရဲ့ အစီအစဉ် မဟုတ်ပေ။ သူ့အား အဲဒီကိုလာခိုင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း နားလည်ထားဖို့ပဲ လိုသည်။ သူ့အဆင့်နဲ့ဆိုရင် သူ့ရဲ့ ဂူဖောက်မှုဟာ သေလမ်းကို သွားသလိုပဲ ဖြစ်လိမ့်မယ်။
တကယ်တော့ အားနင် သူ့ကို လှည့်စားခဲ့တာပဲ ဖြစ်သည်။ အဲဒီအချိန်တုန်းက သူတို့က မိမိမှာ လုနန်းတော်ထဲက အသက်ရှင်လျက် ထွက်လာတာကြောင့် သခင်တစ်ယောက်လို့ ထင်နေကြရာ သူ့ကို လှည့်စားဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့ကြတာ ဖြစ်သည်။
ဦးလေးသုံး အဲဒီတုန်းက သူ့ကို ဒီလောက်အများကြီး မပြောချင်ရတဲ့ အကြောင်းရင်းက ဒီကိစ္စမှာ သူပါဝင်မှာကို ကြောက်လို့ဆိုပြီး ပြောခဲ့ပါသည်။ ကံမကောင်းစွာဖြင့် ချိုသဲ့ခေါင်ဟာ ဘုရင်လုနန်းတော်ထဲက ကိစ္စတွေကို ကောင်းကောင်း သိနေရခဲ့သည်။ အဲဒီနောက်မှာတော့ လုနန်းတော်ထဲက ထွက်လာတဲ့ တခြားသြဇာရှိများကိုလည်း သူက ဆက်သွယ်လာခဲ့သည်။
ဝူရှဲ့က အလိမ်ခံလိုက်ရပြီး ဖက်တီးလည်း ရောင်းစားခံလိုက်ရသည်။ အဲဒီအစ်ကိုလေးက ဒီအကြောင်းကို သိပြီးနောက် အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါ၏။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေကတော့ သူ့အတွက် အလွန်ရှင်းရှင်းလင်းလင်း သိသာထင်ရှားလှပါသည်။ ဦးလေးသုံးသည် ပန်းချီကားကို ရပြီးနောက်မှာတော့ အားနင်နဲ့ တခြားသူတွေထက် ကောင်းကင်နန်းတော်ကို စောစီးစွာ ရောက်ရှိဖို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဒီလိုကြီးကြီးမားမား ခိုးယူမှုအတွက် အပြစ်ရှိတယ်လို့ ခံစားမိတဲ့အတွက် ဖန့်ကျစ်အတွက် စာချန်ထားခဲ့လေ၏။
ဦးလေးသုံးမှာ ဝူရှဲ့ကို လွှတ်ဖို့ မစီစဉ်ထားပေမယ့် အစ်ကိုချူ သတင်းပေါက်ကြားစေပြီး ချန်ဖီအားစစ်ဆီ ထိုအကြောင်းကို ပြောပြခဲ့သည်။ အဲ့အဘိုးအိုက အစ်ကိုချူကနေ တစ်ဆင့် သူ့(ဝူရှဲ့) ကို ဆွဲသွင်းခိုင်းထားသည်။ အချိန်ကျရင် သူ့ကို အသုံးချပြီး ဦးလေးသုံးကို အကြပ်ကိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်လေသည်။ အဲဒီလူအုပ်စုက အားကောင်းပေ၏။ အထူးသဖြင့် တာယာအပိုအဖြစ်သုံးဖို့ ခြေထောက်ပျော့ ပုဇွန်ကို ရှာထားကြတတ်ကြသည်။
ဦးလေးသုံးက ဒီလိုပြောပြီးတဲ့အခါ သူ့ခေါင်းကို ယမ်းပြီးပြောလိုက်သည်။
"နှစ်ပေါင်းများစွာ လက်တွဲလုပ်ခဲ့တဲ့သူက သူ့လုပ်ငန်း ပျက်နေတာကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ ချန်ဖီအားစစ်ဘက်ကို လှည့်သွားတာပဲ... အခု ထောင်ကျနေပြီ ဆိုတော့ လက်စားချေလိုက်ပြီလို့ ဆိုရမှာပေါ့"
ချိုသဲ့ခေါင်က အဘိုးကို သစ္စာဖောက်တယ်၊ ဦးလေးသုံးက ချိုသဲ့ခေါင်ကို သစ္စာဖောက်တယ်၊ အစ်ကိုချူက ဦးလေးသုံးကို သစ္စာဖောက်တယ်၊ ပြီးတော့ အားနင်က ဝူရှဲ့တို့ကို သစ္စာဖောက်တယ်။ သူတို့က တကယ့်ကို ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တွေပဲ။
တိမ်ထိပ် ကောင်းကင်နန်းတော်မှာတုန်းက သူ့ရဲ့ အတွေ့အကြုံက အလွန်ကြောက်စရာ ကောင်းပါသည်။ အမှန်မှာ ဦးလေးသုံးသည်လည်း လူတစ်ဦး ဖြစ်သည်။ သူသည် ပန်းချီကားများမှ ပေးထားသော သဲလွန်စများကို လိုက်ကြည့်သော်လည်း အဆုံးတွင် လှည့်စားခံရပြီး သူတို့ဆီက ကယ်တင်ခံခဲ့ရသည်။
အသေးစိတ် အချက်များမှာလည်း အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါသည်။ သို့သော် ဤနေရာတွင် အကျယ်တဝင့် ပြောရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဦးလေးသုံးသည် ထိုအကြောင်းကို အလျင်စလို ပြောပြနေခဲ့သည်။ အဲဒီတုန်းက အရင် ဇာတ်ကြောင်းတွေကို နားထောင်ပြီး ချွေးအေးတွေ ဖုံးလွှမ်းနေတာမို့ ဝူရှဲ့လည်း သိပ်ပြီး မတွေးရဲတော့ပေ။
တော်တော်ကြာမှ ဦးလေးသုံးဟာ ဒီနေရာမှာလည်း တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ခံစားလိုက်ရပေမယ့် တော်တော်ကြာနေတဲ့ ကိစ္စဖြစ်လို့ ခန့်မှန်းကြည့်လို့ မရနေချေ။
ဂူေဖာက္သူတို႔ဒ႑ာရီ (volume 4)
Author - (nan pai san shu)
translater - Hninthawethadar
႐ႊံ႕ေႁမြတစ္ေဆၿမိဳ႕ေတာ္ (ပထမပိုင္း)
Chapter (16)
ေသရာက ျပန္ရွင္လာသူ
႐ုတ္တရက္ ဝူရွဲ႕ တစ္ကိုယ္လုံးမွာ ေအးစက္ေတာင့္တင္းသြား၏။ ဦးေလးသုံးက အဲဒီလူရဲ႕ နာမည္ေျပာလာမယ္လို႔ မေမွ်ာ္လင့္ဘူးေလ။
"ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ"
"မျဖစ္နိုင္ဘူး ဟုတ္လား... ငါတို႔က ဝမ္းကြဲေတြလည္း ျဖစ္ေနတယ္ အထူးသျဖင့္ အဲဒီေခတ္တုန္းက ပုံစံအမ်ိဳးမ်ိဳးနဲ႕ အရမ္းဆင္တူတဲ့ ဝတ္စုံေတြလည္း လူတိုင္းနီးပါး ဝတ္ၾကတယ္.... အ၀တ္အစားနဲ႕ ဆံပင္ပုံစံကလည္း တူတယ္... ဒီကိစၥကို အေျခခံရင္ သူကသာ ငါနဲ႕ အတူဆုံးပဲ "
"ဒါေပမဲ့ အဲဒီတုန္းက သူေသေနၿပီ မဟုတ္ဘူးလား"
ဝူရွဲ႕ ထုံထိုင္းစြာ ေျပာလိုက္မိသည္။ ဦးေလးသုံးလည္း အသက္ျပင္းျပင္းရႉကာ မ်က္ေမွာင္ၾကဳတ္သြား၏။
အမွန္ပဲ... အဲဒီအခ်ိန္တုန္းက သူေသသြားခဲ့ၿပီးသား... အေလာင္းကို ေတြ႕တုန္းကဆို ေတာင့္တင္း ေရာင္ရမ္းေနၿပီ.... ဒီလိုလည္း လုံးဝ မျဖစ္နိုင္ဘူး... ဒီရွင္းျပခ်က္ကလြဲလို႔ အဲ့အစ္ကိုေလးနဲ႕ ငါက မလိမ္ပါဘူး ဆိုတာကို သက္ေသျပဖို႔ တျခားနည္းလမ္းကို မစဥ္းစားနိုင္ေတာ့ဘူး...အေလာင္းကို သယ္တဲ့ ေလွက တံငါသည္ေတြနဲ႕ အတူတူ ဆိပ္ကမ္းဘက္ကို ျပန္သြားၿပီး ျပန္မလာေတာ့ဘူး...ငါတို႔လူအုပ္စုက ပင္လယ္ထဲမွာ ေပ်ာက္ကြယ္သြားေတာ့ သူတို႔လည္း ေပ်ာက္ၿပီလို႔ ယူဆလိုက္ပုံပဲ
ဦးေလးသုံးက ေခတၱရပ္ၿပီး။
တကယ္ေတာ့ တစ္ခါတေလမွာ ငါရွဲ႕လ်န္းဟြမ္ကို ေလွ်ာ့တြက္မိလားလို႔လည္း စဥ္းစားမိတယ္
ဘာကိုဆိုလိုတာလဲ
ဝူရွဲ႕ နည္းနည္း ေအးစက္သြားသလို ခံစားလိုက္ရျပန္သည္။
"ဆိုလိုတာက သူက ေသတာကို အတုလုပ္ထားတာလား?"
ဦးေလးသုံးက ေခါင္းညိတ္ျပသည္။
"လူတိုင္းရဲ႕ ေနာက္ခံသမိုင္းေၾကာင္းကို ငါစုံစမ္းၿပီးၿပီ... သံသယျဖစ္စရာ ဘာမွမရွိပါဘူး အဲဒီအခ်ိန္တုန္းက ရွဲ႕လ်န္းဟြမ္က မေသဘူးလား... ဒီအဆင့္ကို ေတြးၿပီး သခၤ်ိဳင္းထဲ ခိုးဝင္ဖို႔ ေဟာ့လင္နဲ႕ ပူးေပါင္းခဲ့တယ္... ေနာက္ၿပီး ပူးေပါင္းႀကံစည္မႈလည္း ၿပီးေျမာက္ခဲ့ပါတယ္ ဒါဆို အားလုံးၿပီးၿပီ... ဒါေပမဲ့ အဲဒီအခ်ိန္က ငါက သူ႕အေလာင္းကို စစ္ေဆးတဲ့သူပဲ... လူေသခႏၶာကိုယ္က ဘယ္ေတာ့မွ အတုမရွိနိုင္ဘူးဆိုတာကို ရွင္းရွင္းလင္းလင္း မွတ္မိတယ္... ဒါေၾကာင့္ ေနာက္ပိုင္းမွာ ဒီျဖစ္နိုင္ေခ်ကိဳ ငါ့ဘာသာ ျငင္းဆန္ခဲ့တာ ဒါေပမဲ့ အခု မင္းေျပာတာကို နားေထာင္ၾကည့္ရ သေလာက္ဆို သူတကယ္ မေသေသးဘူး... ဒါဆို အားလုံးကို ရွင္းျပမယ္လို႔ ခံစားမိတယ္
ဝူရွဲ႕ ေခါင္းခါလိုက္ၿပီး "သူေသသြားၿပီဆိုတာ ေသခ်ာတယ္ ဆိုမွေတာ့ ဒီျဖစ္နိုင္ေခ်ကိဳ မစဥ္းစားမိတာ မဆန္းပါဘူး...အဲဒီရွဲ႕လ်န္းဟြမ္က ဖုတ္ေကာင္ မဟုတ္ဘူးဆိုရင္ သူအဲ့မွာေပၚလာတာ တျခားအေၾကာင္းေတြ ရွိရမယ္"
ဦးေလးသုံးမွာ သက္ျပင္းခ်ၿပီး ေလာေလာဆယ္ ဒီကိစၥကို မစဥ္းစားသင့္ေသးဘူးလို႔ ေျပာခဲ့လာသည္။ အခုေလာေလာဆယ္ သူတို႔သိနိုင္တဲ့ သတင္းအခ်က္အလတ္ေတြ နည္းလြန္းသလို ဒီအေၾကာင္း ေဆြးႏြေးဖို႔ အစ္ကိုေလးကလည္း ေဘးမွာ ရွိမေနလို႔ ရလဒ္ေတြ ရွိလာမွာ မဟုတ္ဘူး။ စကားေျပာၾကည့္ၿပီး ခြဲျခမ္းစိတ္ျဖာ ၾကည့္ရင္ေတာ့ အက်ိဳးေက်းဇူးေတြ ရွိေကာင္းရွိလာလိမ့္မယ္။
တစ္ဖက္က ဦးေလးသုံးကလည္း ေျပာသလို မ်က္ႏွာေသကလည္း သူမွန္ေၾကာင္း ေျပာထားသည္။ သူတို႔မွာ ျပင္ပသက္ေသေတြလည္း မရွိကာ ထင္ေၾကးေပးတာေတြပဲ ရွိေလရာ ဒါနဲ႕ပဲ ဝူရွဲ႕ ဦးေလးသုံးကိုပဲ ဆက္ေျပာခိုင္းလိုက္သည္။
ဦးေလးသုံးက ထိုအျဖစ္အပ်က္ကို အက်ဥ္းခ်ဳံးေျပာျပၿပီး ေရေအာက္သခၤ်ိဳင္းတြင္းမွ ထြက္လာၿပီးေနာက္ ထိုကိစၥအားလုံးကို စတင္စုံစမ္းခဲ့သည္။ ရွဲ႕လ်န္းဟြမ္ထံမွ ခ်ိဳသဲ့ေခါင္၏ အစီအစဥ္ကို သိရွိထားေသာေၾကာင့္ ထိုလူအေၾကာင္း စုံစမ္းစစ္ေဆးရင္း ပေဟဠိကို ေျဖရွင္းရန္ႏွင့္ ေပ်ာက္ဆုံးေနေသာ လူမ်ား၏ ေနရာကို ရွာေဖြရန္ ေသာ့ခ်က္တစ္ခုကို ထည့္သြင္းထားခဲ့သည္။
ထို႔ေနာက္တြင္ ခ်ိဳသဲ့ေခါင္ႏွင့္ အဆက္အသြယ္မ်ားစြာ ရွိခဲ့ေသာ္လည္း ခ်ိဳသဲ့ေခါင္သည္ ဘုရင္လုနန္းေတာ္တြင္ ထပ္မံ မေအာင္ျမင္မီအထိ သူ႕အား ဘယ္လို အခ်က္အလက္မ်ားကိုမွ် ထုတ္ေဖာ္ေျပာဆိုျခင္း မရွိခဲ့ေပ။
ထိုအခ်ိန္တြင္ သူ၏စစ္တပ္ တစ္ခုလုံးကို သုတ္သင္ ရွင္းလင္းခဲ့ရာတြင္ ဦးေလးသုံးႏွင့္ အဖြဲ႕သည္ ဆုံးရႈံးမႈမ်ားစြာ မရွိဘဲ လြတ္ေျမာက္နိုင္ခဲ့ေၾကာင္း သိျမင္လာကာမွ ခ်ိဳသဲ့ေခါင္က ဦးေလးသုံးႏွင့္ ေတြ႕ဆုံခဲ့သည္။ ႏွစ္ေယာက္သား ေျပာခဲ့တာေတြအေၾကာင္း ဦးေလးသုံးက အၾကာႀကီး ေျပာျပသည္။
ဒါေပမဲ့ ဦးေလးသုံးကေတာ့ ခ်ိဳသဲ့ေခါင္ရဲ႕ မေကာင္းဆိုးဝါး ၾကယ္ပြင့္ ျဖစ္လာခဲ့ေလ၏။ သူနဲ႕ ခ်ိဳသဲ့ေခါင္တို႔ ပူးေပါင္းၿပီး ပင္လယ္ေအာက္ ဂူသခၤ်ိဳင္းထဲကို ထပ္မံဝင္ေရာက္ဖို႔ ခ်ိန္းဆိုခဲ့ၾကသာ္။ သို႔ေသာ္ ခ်ိဳသဲ့ေခါင္သည္ ေခ်ာင္ရွားတြင္ အဖိုးကို သစၥာေဖာက္ေသာေၾကာင့္ ဦးေလးသုံးသည္ ထိုလူ၏ အရင္းအျမစ္မ်ားကိုသာ အသုံးျပဳခဲ့သည္။
ခ်ိဳသဲ့ေခါင္ရဲ႕ ရည္႐ြယ္ခ်က္ကို သူသိထားၿပီးၿပီ ျဖစ္သည္။ သူသည္ ေရွးေဟာင္း ဂူသခၤ်ိဳင္း အတြင္းသို႔ ဝင္ေရာက္ကာ လွ်ို႔ဝွက္ခ်က္မ်ားစြာကို ထုတ္ေဖၚရန္ ခိုင္းေစခဲ့သည္။ ထိုအခ်က္အလက္မ်ားကို အသုံးျပဳ၍ ခန့္မွန္းၾကည့္ရာ ၎တို႔၏ ေနာက္ပစ္မွတ္မွာ ေကာင္းကင္နန္းေတာ္ ျဖစ္ေၾကာင္း သိလိုက္ေသာေၾကာင့္ စတင္ခဲ့သည္။
ဒီအေတာအတြင္း စြန႔္စားမႈေတြ အမ်ားႀကီးရွိခဲ့ေပမယ့္ အဲဒါေတြကို ခ်ေရးရတာ ခက္လိမ့္မယ္။ ဒါေၾကာင့္ သူတို႔ကို အတိုခ်ဳံးပဲ ေျပာျပနိုင္ေတာ့မည္။
ၿပီးေတာ့ အားနင္နဲ႕ တျခားသူေတြက သူ႕ဆီ လာရွာတာကလည္း ဦးေလးသုံးရဲ႕ အစီအစဥ္ မဟုတ္ေပ။ သူ႕အား အဲဒီကိုလာခိုင္းဖို႔ဆိုတာ မျဖစ္နိုင္ေၾကာင္း နားလည္ထားဖို႔ပဲ လိုသည္။ သူ႕အဆင့္နဲ႕ဆိုရင္ သူ႕ရဲ႕ ဂူေဖာက္မႈဟာ ေသလမ္းကို သြားသလိုပဲ ျဖစ္လိမ့္မယ္။
တကယ္ေတာ့ အားနင္ သူ႕ကို လွည့္စားခဲ့တာပဲ ျဖစ္သည္။ အဲဒီအခ်ိန္တုန္းက သူတို႔က မိမိမွာ လုနန္းေတာ္ထဲက အသက္ရွင္လ်က္ ထြက္လာတာေၾကာင့္ သခင္တစ္ေယာက္လို႔ ထင္ေနၾကရာ သူ႕ကို လွည့္စားဖို႔ ဒီနည္းလမ္းကို အသုံးျပဳခဲ့ၾကတာ ျဖစ္သည္။
ဦးေလးသုံး အဲဒီတုန္းက သူ႕ကို ဒီေလာက္အမ်ားႀကီး မေျပာခ်င္ရတဲ့ အေၾကာင္းရင္းက ဒီကိစၥမွာ သူပါဝင္မွာကို ေၾကာက္လို႔ဆိုၿပီး ေျပာခဲ့ပါသည္။ ကံမေကာင္းစြာျဖင့္ ခ်ိဳသဲ့ေခါင္ဟာ ဘုရင္လုနန္းေတာ္ထဲက ကိစၥေတြကို ေကာင္းေကာင္း သိေနရခဲ့သည္။ အဲဒီေနာက္မွာေတာ့ လုနန္းေတာ္ထဲက ထြက္လာတဲ့ တျခားၾသဇာရွိမ်ားကိုလည္း သူက ဆက္သြယ္လာခဲ့သည္။
ဝူရွဲ႕က အလိမ္ခံလိုက္ရၿပီး ဖက္တီးလည္း ေရာင္းစားခံလိုက္ရသည္။ အဲဒီအစ္ကိုေလးက ဒီအေၾကာင္းကို သိၿပီးေနာက္ အဖြဲ႕ထဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္နိုင္ပါ၏။
ေနာက္ဆက္တြဲ ျဖစ္ပ်က္ခဲ့တာေတြကေတာ့ သူ႕အတြက္ အလြန္ရွင္းရွင္းလင္းလင္း သိသာထင္ရွားလွပါသည္။ ဦးေလးသုံးသည္ ပန္းခ်ီကားကို ရၿပီးေနာက္မွာေတာ့ အားနင္နဲ႕ တျခားသူေတြထက္ ေကာင္းကင္နန္းေတာ္ကို ေစာစီးစြာ ေရာက္ရွိဖို႔ တိုက္ရိုက္ ထြက္ခြာသြားခဲ့သည္။ ဒါေပမဲ့ လူတစ္ေယာက္ဟာ ဒီလိုႀကီးႀကီးမားမား ခိုးယူမႈအတြက္ အျပစ္ရွိတယ္လို႔ ခံစားမိတဲ့အတြက္ ဖန့္က်စ္အတြက္ စာခ်န္ထားခဲ့ေလ၏။
ဦးေလးသုံးမွာ ဝူရွဲ႕ကို လႊတ္ဖို႔ မစီစဥ္ထားေပမယ့္ အစ္ကိုခ်ဴ သတင္းေပါက္ၾကားေစၿပီး ခ်န္ဖီအားစစ္ဆီ ထိုအေၾကာင္းကို ေျပာျပခဲ့သည္။ အဲ့အဘိုးအိုက အစ္ကိုခ်ဴကေန တစ္ဆင့္ သူ႕(ဝူရွဲ႕) ကို ဆြဲသြင္းခိုင္းထားသည္။ အခ်ိန္က်ရင္ သူ႕ကို အသုံးခ်ၿပီး ဦးေလးသုံးကို အၾကပ္ကိုင္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ေလသည္။ အဲဒီလူအုပ္စုက အားေကာင္းေပ၏။ အထူးသျဖင့္ တာယာအပိုအျဖစ္သုံးဖို႔ ေျခေထာက္ေပ်ာ့ ပုဇြန္ကို ရွာထားၾကတတ္ၾကသည္။
ဦးေလးသုံးက ဒီလိုေျပာၿပီးတဲ့အခါ သူ႕ေခါင္းကို ယမ္းၿပီးေျပာလိုက္သည္။
"ႏွစ္ေပါင္းမ်ားစြာ လက္တြဲလုပ္ခဲ့တဲ့သူက သူ႕လုပ္ငန္း ပ်က္ေနတာကို ျမင္လိုက္တာနဲ႕ ခ်က္ခ်င္းပဲ ခ်န္ဖီအားစစ္ဘက္ကို လွည့္သြားတာပဲ... အခု ေထာင္က်ေနၿပီ ဆိုေတာ့ လက္စားေခ်လိဳက္ၿပီလို႔ ဆိုရမွာေပါ့"
ခ်ိဳသဲ့ေခါင္က အဘိုးကို သစၥာေဖာက္တယ္၊ ဦးေလးသုံးက ခ်ိဳသဲ့ေခါင္ကို သစၥာေဖာက္တယ္၊ အစ္ကိုခ်ဴက ဦးေလးသုံးကို သစၥာေဖာက္တယ္၊ ၿပီးေတာ့ အားနင္က ဝူရွဲ႕တို႔ကို သစၥာေဖာက္တယ္။ သူတို႔က တကယ့္ကို ေၾကာက္စရာေကာင္းတဲ့ တိရစ္ဆာန္ေတြပဲ။
တိမ္ထိပ္ ေကာင္းကင္နန္းေတာ္မွာတုန္းက သူ႕ရဲ႕ အေတြ႕အႀကဳံက အလြန္ေၾကာက္စရာ ေကာင္းပါသည္။ အမွန္မွာ ဦးေလးသုံးသည္လည္း လူတစ္ဦး ျဖစ္သည္။ သူသည္ ပန္းခ်ီကားမ်ားမွ ေပးထားေသာ သဲလြန္စမ်ားကို လိုက္ၾကည့္ေသာ္လည္း အဆုံးတြင္ လွည့္စားခံရၿပီး သူတို႔ဆီက ကယ္တင္ခံခဲ့ရသည္။
အေသးစိတ္ အခ်က္မ်ားမွာလည္း အလြန္စိတ္လႈပ္ရွားစရာ ေကာင္းပါသည္။ သို႔ေသာ္ ဤေနရာတြင္ အက်ယ္တဝင့္ ေျပာရန္ မလိုအပ္ေတာ့ေပ။ ထို႔ေၾကာင့္ ဦးေလးသုံးသည္ ထိုအေၾကာင္းကို အလ်င္စလို ေျပာျပေနခဲ့သည္။ အဲဒီတုန္းက အရင္ ဇာတ္ေၾကာင္းေတြကို နားေထာင္ၿပီး ေခြၽးေအးေတြ ဖုံးလႊမ္းေနတာမို႔ ဝူရွဲ႕လည္း သိပ္ၿပီး မေတြးရဲေတာ့ေပ။
ေတာ္ေတာ္ၾကာမွ ဦးေလးသုံးဟာ ဒီေနရာမွာလည္း တစ္ခုခုကို ဖုံးကြယ္ထားတယ္လို႔ ခံစားလိုက္ရေပမယ့္ ေတာ္ေတာ္ၾကာေနတဲ့ ကိစၥျဖစ္လို႔ ခန့္မွန္းၾကည့္လို႔ မရေနေခ်။