ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (13)
အမှောင်ထဲက တတိယလူ
ဦးလေးသုံးမှာ ဒီအချက်ကို တွေးကြည့်ရင်း မယုံနိုင်ပေမယ့် အေးစက်စက် ချွေးတွေက ထွက်နေတုန်းပါပဲ။ သူက ရှဲ့လျန်းဟွမ်ကို ချလိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်သည်။
ပတ်ပတ်လည်ကို စကင်န်ဖတ်ကြည့်ပြီးနောက် ဘာကိုမှ မတွေ့ရပေ။ တိတ်ဆိတ်သော သင်္ချိုင်းဂူထဲတွင် ဘာမျှမရှိ။ ဓာတ်မီးအလင်းရောင် မှိန်မှိန်လေးသည် အုတ်ဂူနံရံများကို ဖြတ်ကျော်သွားကာ နားမလည်နိုင်သော အေးစက်မှုတစ်ခုက ဦးလေးသုံး၏ အတွင်းအင်္ဂါများ အတွင်းထိပါ လွှမ်းမိုး ဝင်ရောက်လာသည်။
ဦးလေးသုံးက တခြားလူများနှင့် မတူပေ။ ကလေးဘဝကတည်းက မြေအောက် ကစားသူတစ်ဦး အနေဖြင့် နေထိုင်ခဲ့ရာ လူသေများသည် အရာဝတ္ထုများသာ ဖြစ်သောကြောင့် လူသေများသည် ကြောက်စရာ မဟုတ်ကြောင်း နှလုံးသွင်းခဲ့သည်။ သို့သော် လူကတော့ ကွဲပြားသည်။ ဦးလေးသုံးသည် သင်္ချိုင်းအတွင်း၌ တတိယလူရှိမည်ကို တွေးလိုက်သောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။
ရှဲ့လျန်းဟွမ်၏ ဦးခေါင်း အနောက်ဘက်သို့ ထိုးနှက်ထားတာက ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ယခုခေတ်တွင် ဘယ်တီဗီစီးရီး သို့မဟုတ် ရုပ်ရှင်များကို ကြည့်ကြည့် တစ်စုံတစ်ဦးကို မူးမေ့သွားစေလိုပါက တစ်စုံတစ်ခုဖြင့် ဦးခေါင်းနောက်ဘက်သို့ ရိုက်ထားမှ ရလိမ့်မည်။ တကယ်တော့ ဦးလေးသုံးတို့လို လူတွေအတွက် လူတစ်ယောက်ကို သတိမေ့အောင် ရိုက်ဖို့သုံးတဲ့ စွမ်းအားက သူတို့ကို သေအောင် ရိုက်တဲ့ စွမ်းအားနဲ့ အတူတူပဲဆိုတာ သိထားကြပါသည်။
လူက အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူ့ကို အားသုံး၍ ရိုက်လိုက်တဲ့အခါ ကံတရားအပေါ်မှာ လုံးလုံးလျားလျား မူတည်သွားပြီ။ အားပျော့ပျော့ဖြင့် အကြိမ်နည်းနည်း ရိုက်တာ များသွားလျှင် စက္ကန့်အနည်းငယ် ကြာလျှင် မူးမေ့လဲသွားပါလိမ့်မယ်။ တကယ်တော့ လူကို မရိုက်ဘဲ လည်ပင်းကို ရိုက်လိုက်တာဟာ လူကို လည်ပင်း ညှစ်သတ်လိုက်သလိုပါပဲ။
ထို့ကြောင့် ရှဲ့လျန်းဟွမ်သည် သူရရှိခဲ့သော ထိုးနှက်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အကယ်၍ ၎င်းသည် သူ့ကိုတိတိကျကျ ရိုက်သွားတာ ဖြစ်ပါက တစ်ဖက်လူဟာ လူသတ်သမား ဖြစ်လာမှာ သိသာသည်။ ချော်လဲကျရင် ဘယ်တော့မှ ဒီလို ပြင်းထန်စွာ ကျမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီမှာ တတိယလူက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
အကယ်၍ ဤနေရာသည် မြေကြီးပေါ်က ရှေးခေတ်သင်္ချိုင်း တစ်ခုဖြစ်ခဲ့လျှင် အသိမိတ်ဆွေ တစ်ဦးနှင့်တွေ့ခြင်းက အလွန်အမင်း ထူးဆန်းပေလိမ့်မည်။ သို့သော် အဓိပ္ပာယ်တော့ ရှိဦးမည်။ သို့သော် လက်ရှိနေရာက ပင်လယ်၏ အောက်ခြေမှာ ဖြစ်သည်။ လူတစ်ယောက် ခိုးလိုက်လာပြီး ပုန်းနေတာ ဖြစ်နိုင်ပါ့မလား။
ဖြစ်နိုင်ချေက နည်းလွန်းလှသည်။ ဦးလေးသုံး၏ စိတ်သည် အလွန်လျင်မြန်စွာ လည်ပတ်နေပြီး ဖြစ်နိုင်ခြေ တစ်ခုအကြောင်း ချက်ချင်းစဉ်းစားမိသည်။
သူ ရှဲ့လျန်းဟွမ်နဲ့ ပေါင်းပြီး ရေထဲကို ဆင်းသွားတဲ့အခါတုန်းက လှေပေါ်က လူတွေထဲက တစ်ယောက်ယောက် မြင်သွားလို့ သူတို့နောက်ကို လိုက်လာခဲ့လား။
အခု ပြန်စဉ်းစားကြည့်တော့ ဒါက သေချာပေါက် ဖြစ်နိုင်တယ်လို့ ခံစားရလေသည်။ အနီးနားမှာ တခြားသင်္ဘောတွေ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ လှေပေါ်မှာ သူ ရှဲ့လျန်းဟွမ်ကို မှောက်ထားတုန်းက ဆူနေလို့ တစ်ယောက်ယောက် နိုးသွားတာလား။ အဲဒီလူက သူတို့ကို အသိမပေးဘဲ တောက်လျှောက် လိုက်လာနေခဲ့တာလား။
လမ်းတလျှောက်မှာ ပင်လယ်က မည်းမှောင်ပြီး ပတ်ဝန်းကျင်ကလည်း မှောင်နေရာ ပရမ်းပတာ အခြေအနေမှာဆို ဘာမှ သဲသဲကွဲကွဲ မမြင်နိုင်ရာ လူတစ်ယောက် အမှောင်ထဲက လိုက်လာလို့ရှိရင် ဘယ်သူကမှ လိုက်ရှာလို့လည်း တွေ့မှာ မဟုတ်ချေ။ ထို့အပြင် သူတို့နှစ်ဦးသည် လာတုန်းက ထိုအကြောင်းအရာများကို လုံးဝ ထည့်မစဉ်းစားခဲ့ကြပေ။
ရိုးရိုးသားသား ပြောရလျှင် ဦးလေးသုံးသည် ထိုအချိန်က ရှေးဟောင်း သုတေသနအဖွဲ့ကို အလေးအနက် မထားခဲ့ပေ။ သူသည် တစ်စုံတစ်ခုကို သိချင်လို့ဟုဆိုကာ ဝမ်ကျင်းအား ဖုံးကွယ်ထားနိုင်သည်။ အဲဒီလူတွေ သံသယဝင်ရင်တော့ သိပ်ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က သူတို့နောက်ကို တိတ်တိတ်လေး လိုက်လာလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားပါဘူး။
ဘယ်သူဖြစ်မလဲ။ ရှေးဟောင်း သုတေသနအဖွဲ့မှ လူအများစုကို သူသိသည်။ မရင်းနှီးသော မျက်နှာ အနည်းငယ် ရှိသော်လည်း ထိုလူများကို အတော်လေး တိကျစွာ အကဲဖြတ်နိုင်သည်။ ရှဲ့လျန်းဟွမ်ကလွဲလို့ ဘယ်သူမှ သံသယဝင်စရာ မကောင်းပေ။ လှေသမားဆိုရင်တော့ ဖြစ်နိုင်သည်။ လှေသမားက သူတို့ ရေထဲ ဝင်လာတာကို မြင်ပြီး အနောက်က လိုက်လာတာများလား။
ဒါပေမဲ့ ဒီကိုလာဖို့ ရေငုပ်ကိရိယာတွေ ရှိထားရမယ်။ အဲဒီလှေသမားတွေက ရေကူးကောင်းပေမယ့် ရေငုပ်ကိရိယာတွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာ မသိကြဘူးမလား။ ဒီတော့ ရှေးဟောင်း သုတေသန အဖွဲ့ထဲက တစ်ယောက်ယောက်ဆို ဘယ်သူများ ဖြစ်မလဲ။
ဦးလေးသုံး ဆက်မစဉ်းစားနိုင်တော့ပေ။ စိတ်ထဲမှာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီလူက လိုက်လာရင် ဒီအချိန်မှာ သူတို့နဲ့ ညှိနှိုင်းဖို့ အသံပေးသင့်တယ် မဟုတ်လား။ အခုတော့ ၎င်းက နှုတ်ဆိတ်နေပြီး ရှဲ့လျန်းဟွမ်ကိုတောင် ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်သေးသည်။
အစောတုန်းက ဘာအသံမှ မကြားရပေ။ ဒါဟာ သေချာပေါက် ခိုးဝင်တိုက်ခိုက်ခဲ့တာပဲ ဖြစ်မည်။ သူ့ကိုအရင်ချုပ်ထိန်းပြီး သူဘယ်လို လူလဲဆိုတာ ကြည့်ရမည်။
ထိုအတွေးများသည် ဦးလေးသုံး၏ စိတ်ထဲတွင် လျှပ်စီးလက်သလို လင်းလက်သွားသည်။ ထိုအချက်ကို တွေးပြီးသည်နှင့် ဓာတ်မီးကို ပိတ်လိုက်ရာ အနီးပတ်ဝန်းကျင်က ရုတ်တရက် မှောင်မိုက်သွားသည်။ ကျန်သော တစ်ခုတည်းသော အလင်းရောင်မှာ ရှဲ့လျန်းဟွမ်၏ လှုပ်နေသော ဓာတ်မီးအလင်းပဲ ဖြစ်သည်။ ရှဲ့လျန်းဟွမ်ကို တစ်ချက် တွန်းလိုက်ရာ မြေကြီးပေါ်သို့ လှိမ့်သွား၏။
ဒါက သူရဲ့ အနေအထားကို မသိအောင် ဟန့်တားဖို့ပါပဲ။ အခုအချိန်မှာ ရန်သူဟာ လျှို့ဝှက်ဖို့ အကောင်းဆုံး အခွင့်အလမ်း ရှိနေပြီ။ လှဲလျောင်းနေတာဟာ ဦးလေးသုံးရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ တစ်ဖက်သားရဲ့ အသံတချို့ကို ကြားပြီး တစ်ခုခုကို ပစ်ပေါက်လာမှာ ကြောက်ရသည်။ ဥပမာ ချန်ဖီအားစစ်လိုမျိုး လူတစ်ယောက်အတွက် ရန်သူက မတ်တပ်ရပ်နေပါက သူသည် နှလုံးခုန်သံကို နားထောင်ရင် တစ်ချက်တည်းဖြင့် ပစ်ခတ်လိုက်နိုင်သည်။
ခြေလှမ်း ဆယ်လှမ်းကျော် လှိမ့်လိုက်ပြီးနောက် သံခေါင်းတလားနှင့် ဝေးကွာသွားတာကို ခံစားလိုက်ရသဖြင့် ငြိမ်သက်လိုက်ကာ ပတ်ဝန်းကျင်ရှိ အသံများကို နားထောင်ရန် ကြိုးစားလိုက်သည်။
သင်္ချိုင်းဂူက အလွန်တိတ်ဆိတ်နေပြီ။ ရေတစ်စက်တစ်စက် ကျသံကိုသာ ကြားနိုင်သည်။ ဦးလေးသုံးကိုယ်တိုင် တိတ်ဆိတ်သွားသောအခါတွင် ပတ်ဝန်းကျင်ကလည်း ပို၍တိတ်ဆိတ်သွားသည်။
နှလုံးခုန်သံတွေအပြင် နားမလည်နိုင်တဲ့ အသံတချို့ကိုလည်း သူကြားလိုက်ရ၏။ ထိုအသံက အရမ်းအားပျော့ပြီး ဦးတည်ရာကိုပင် သူ မပြောနိုင်ပေမယ့် သေချာပေါက် အနီးအနားမှာ ရှိနေသည်။ အသက်ရှူသံ ဒါမှမဟုတ် တစ်စုံတစ်ခုကို ပွတ်တိုက်သွားတဲ့ အသံလိုပဲမို့ ဦးလေးသုံးအား အေးစက်နေတဲ့ ချွေးတွေအား ထွက်ကျလာစေသည်။
'တကယ် လူရှိနေတာပဲ'
ဦးလေးသုံး တိတ်တဆိတ် ကျိန်ဆဲပြီး မျက်လုံးမှိတ်ကာ သူကြားရသော အသံများကို နားထောင်လျက် အသံ၏ ဦးတည်ရာကို ဖော်ထုတ်ရန် ကြိုးစားသည်။ ဒါပေမဲ့ ခဏလောက် နားထောင်ပြီးတဲ့ နောက်မှာတော့ တစ်ဖက်လူက သူ့ကိုတွေ့သွားသလို အသံ ပျောက်သွားရာ အသက်ရှုကြပ်သွားတော့သည်။
ဦးလေးသုံး၏ နှလုံးခုန်သံသည် ဖြည်းညှင်းစွာ ခုန်နေပါပြီ။ သူက ဖြည်းဖြည်းချင်း ထလိုက်သည်။ ထိုလူသည် အနီးနားရှိလို့ သူ့ကို မတော်တဆ နင်းမိလျှင် လဲလျောင်းနေရပေလိမ့်မည်။
လမ်းတစ်ဝက်လောက် အရောက်မှာပဲ ဘယ်ဘက်အနောက်နားက အရိုးအဆစ် လှုပ်ရှားသံကို ရုတ်တရက် ကြားလိုက်ရတော့ အရမ်းနီးကပ်လာတာ သိလိုက်ရရာ ဦးလေးသုံးလည်း ရုတ်တရက် ထိတ်လန့်တကြားနဲ့ နောက်ပြန်လှည့်ပြီး ထိုအသံနှင့် ခပ်ဝေးဝေး နေချင်ခဲ့သည်။
ထိုအချိန်တွင် သူ့မျက်နှာမှ လေနုအေးကို ရုတ်တရက် ခံစားလိုက်ရရာ မယုံနိုင်စွာဖြင့် ခေါင်းငုံ့ရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားပြီ။ ရုတ်တရက် အမှောင်ထဲမှ လေပြင်းများ တိုက်ခတ်လာကာ လူတစ်ဦး ရုတ်တရက် ပြေးထွက်လာခဲ့သည်။ ထိုလူက ဦးလေးသုံးအား တစ်ချက်တည်းဖြင့် ကိုင်ပေါက်ပစ်လိုက်ရာ ဦးလေးသုံးခမျာ လဲကျသွားတော့သည်။
ဦးလေးသုံးသည် သူ့ခါးတွင် ထည့်ထားသော ဓာတ်မီးကို တစ်ဖက်လူက ဆွဲထုတ်သွားတာ ခံစားလိုက်ရသည်။ တစ်ဆက်တည်း သူ့အင်အားများ လျော့သွားတာကိုလည်း ခံစားလိုက်ရသည်။ ဒါကြောင့် ရုတ်တရက် ခေါင်းငုံ့၍ လွတ်မြောက်ရန် ကြိုးစားလေသည်။ သို့သော် မေးရိုးက ထုံကျင်သွား၏။ အကြောင်းမှာ ရတ်သူက သူ့ကိုဓာတ်မီးဖြင့် ရိုက်ပစ်လိုက်တာကြောင့် သူ့ပါးစပ်ထဲ သွေးတွေ ပြည့်သွားသည်။
'သူငါ့ကို မြင်နိုင်တယ်'
ထိုအချိန်တွင် တတိယဦးလေးမှာ ဤအတွေးမျိုးသာ ရှိခဲ့သည်။ တစ်ဖက်လူက သူ့ကို အမှောင်ထဲတွင် တိကျစွာ တိုက်ခိုက်နိုင်ခဲ့ပြီး သူ၏ ဓာတ်မီးကို တစ်ချက်တည်း ဆွဲထုတ်နိုင်ခဲ့သည်အထိ ရှင်းရှင်းလင်းလင်း မြင်နိုင်လေ၏။
ဘာဖြစ်နေတာလဲ တစ်ဖက်လူမှာ ကြောင်မျက်လုံး ရှိနေလို့လား။
ဦးလေးသုံးမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ခေါင်းကို တစ်ဖက်သို့ ရွှေ့လိုက်သော်လည်း တစ်ဖက်သားက သူ့နှာခေါင်းကို ဒုတိယအကြိမ် တိတိပပ ရိုက်ချလိုက်လေသည်။ ဒီတစ်ခါတော့ ခေါင်းတောင် မထောင်နိုင်လောက်အောင် ပြင်းထန်စွာ ရိုက်ခံရပြီး ငန်တဲ့အရသာတွေ ပါးစပ်ထဲ ပြည့်သွားသည်။
ဒီတစ်ခါကတော့ ငယ်ငယ်ကတည်းက ဘုရင် ဖြစ်ခဲ့တဲ့ ဦးလေးသုံးခမျာတော့ အရှက်ကွဲသွားချေပြီ။ အဖိုးရဲ့ ရိုက်နှက်ဆုံးမမှုတွေက လွဲလို့ ဘယ်တုန်းကများ ဒီလိုမရှုံးဖူးချေ။ သူချက်ချင်း လူသတ်ချင်စိတ်တွေ ပေါက်ဖွားလာပြီး ခေါင်းကို မော့ကာ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။
လူသတ်သမားသည် သူ့မေးစေ့ကို နောက်ထပ် ပြင်းပြင်းထန်ထန် ထိုးနှက်လာမှာကို စောင့်နေမယ့်အစား ဦးလေးသုံးသည် မေးစေ့က နာကျင်မှုကိုတောင် မခံစားနိုင်တော့ပေ။ ထိုအခိုက် တစ်ဖက်လူက ဓားမြှောင်ကို ကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါသည်။
'မင်းကငါ့ကို မုဒိမ်းကျင့်ချင်သေးတယ်ပေါ့' လို့ တွေးရင်း တစ်ဖက်လူရဲ့ လက်တွေကို ဆွဲကိုင်ကာ မြေကြီးပေါ် တွန်းချလိုက်သည်။ သူ့ဘာသာသူလည်း ကျယ်လောင်စွာ ကျိန်ဆဲရင်း ခေါင်းကို ရုတ်တရက် မြှောက်ကာ တံတွေးတွေနဲ့ ထွေးလိုက်သော်လည်း သူ့ပါးစပ်ထဲက သွေးတွေသာ အများကြီး ထွက်ကျလာလေ၏။
တစ်ဖက်လူသည် သူလုပ်တော့မှာကို ခံစားမိပုံရကာ ရှောင်ထွက်သွားတာ သိလိုက်သည်။ ထိုအချိန်တွင် ဦးလေးသုံးသည်လည်း လှည့်၍ သူ့ကိုယ်သူ လွတ်မြောက်နိုင်ခဲ့သည်။ တစ်ဖက်လူကလည်း ဦးလေးသုံး လွတ်မြောက်နိုင်ဦးမယ်လို့ မမျှော်လင့်ထားတာကြောင့် ချက်ချင်း ထကာ ဦးလေးသုံးရဲ့ ဒူးကောက်ကွေးကို ကန်ထည့်လိုက်ရာ ဦးလေးသုံးခမျာ ပြင်းပြင်းထန်ထန် လဲကျသွားတော့သည်။
သာမာန်လူတွေ ရန်ဖြစ်တဲ့အခါ တစ်ယောက်ယောက်က တခြားလူဆီမှ ဖိနှိပ်ခံရစဥ် သူ့ခွန်အားတွေလည်း ပြေလျော့သွားလိမ့်မည်။ အဲဒီအချိန်မှာ ပထမဆုံး အတွေးက လွတ်မြောက်ဖို့ပါပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က မင်းရဲ့အပေါ်ကို ရောက်နေတယ်ဆိုရင် မင်းကို ထပ်ချုပ်နှောင်ဖို့က အရမ်းလွယ်သွားပြီ။
ထို့ကြောင့် ဦးလေးသုံးသည် လွတ်မြောက်ရန် ဟန်ဆောင်ကာ တစ်ဖက်လူကို ပြန်လည် ဖိချလိုက်သည်။ ထို့နောက် လူ့ဦးခေါင်းခွံပါရှိသော သားရေအိတ်ကို တခြားလက်ဖြင့် ဆုပ်ကိုင်ကာ ရိုက်ချပစ်လိုက်သည်။
အဲဒီတုန်းက ဘယ်နေရာကို ထိသွားမှန်းမသိပေမယ့် တစ်ဖက်လူဆီက ညည်းညူသံ တစ်ချက်ကိုတော့ ကြားလိုက်ရ၏။ ဦးလေးသုံးကတော့ ရယ်မောပြီး အပေါ်ကို လှည့်ကာ သားရေအိတ်ကို ကောက်ကိုင်ကာ တစ်ဖက်သား ညည်းတွားနေတဲ့ နေရာကိုပဲ ထပ်မံ ရိုက်ချလိုက်သည်။
အထဲမှာ အရိုးတွေ အပိုင်းပိုင်း ကွဲကြေသွားတာတော့ နှမြောစရာ ကောင်းလှပေသည်။ သနားစရာက သူသည် ရေအိတ်ကို ထပ်မြှောက်နိုင်တဲ့ အစွမ်းမရှိတော့ချေ။ သူသည် ရိုက်မိလား မရိုက်မိဘူးလား ဆိုတာ ဂရုမစိုက်တော့ဘဲ ရှဲ့လျန်းဟွမ် သံဓာတ်မီးထိုးထားတဲ့ နေရာကို အသည်းအသန် ပြေးသွားလိုက်သည်။ ဓာတ်မီးကို ဆွဲကိုင်ပြီး သူအနောက်ကို လှည့်ထွန်းလိုက်၏။
အရင်က ထင်ထားတဲ့ အမှောင်ထဲမှာ ထိပ်တိုက်ရင်ဆိုင်မှုဟာ အသုံးမဝင်လှပါဘူး။ တစ်ဖက်လူက သူ့ကို တကယ်မြင်နေရပါသည်။ နောက်တော့ သူ့ဓာတ်မီးကို ပိတ်ပြီး လှည့်ပတ်လိုက်တာဟာ ရယ်စရာ ပြကွက်ကို ဖြစ်သွားသည်။ တစ်ဖက်သားကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ တစ်ဖက်လူကို ထွက်ပြေးသွားဖို့ တွန်းအားပေးခြင်းပါပဲ။
သို့သော် တစ်ဖက်လူသည် လျှပ်စီးကြောင်းကဲ့သို့ ဓာတ်မီး အလင်းရောင်ကို ဖြတ်ကျော်သွားသလိုပဲ ဦးလေးသုံးသည် တိုက်ခိုက်သူကို ဘယ်မှာမှ ရှာမတွေ့တော့ပေ။
ဒေါသတွေထွက်ပြီး တည်ငြိမ်မှုကလည်း မရှိတော့ဘဲ ပုန်းအောင်းနေတဲ့လူကို မြင်လို့ကတော့ ဓားမြှောင်နဲ့ အသေထိုးသတ်ပစ်မယ်လို့ ကျယ်လောင်စွာ ကျိန်ဆဲပြီး ခေါင်းတလားဘက်ကို လှည့်ကြည့်လိုက်သော် ရေသံတစ်ချက် ကြားလိုက်ရ၏။ ထိုလူက ရေထဲက ထွက်လာခဲ့ခြင်းပင်။
သူ ပြေးသွားတာလား?။ ဦးလေးသုံး ခုန်ပေါက်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။ ရေဝင်ပေါက်ကို အမြန်ပြေး ကြည့်လိုက်တော့ အဲဒီလူက ရေထဲကို ငုပ်သွားပြီဆိုတာ မြင်လိုက်ရ၏။ ရေထဲမှာ လှိုင်းဂယက်တွေ ရှိနေသေးသည်။ သူ့ခမျာ ဒေါသထွက်ပြီး ခုန်ချချင်လာပေမယ့် ဓာတ်မီးအောက်မှာ ရေတွေက မည်းနေတာ မြင်လိုက်ရလေသည်။
တစ်ဖက်လူက ချောင်းမြောင်း ခုတ်ထွင်လာရင် ခက်တော့မည် ဖြစ်တာကြောင့် ရေကိုသာ လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်လေ၏။ အဲဒီလူက ဘယ်သူလဲဆိုတာ မသိတာကြောင့် ဝမ်ကျင်းကလွဲလို့ သင်္ဘောပေါ်ရှိ လူတိုင်းကို နာမည်တပ်ကာ ဆဲဆိုကြိမ်းမောင်းခဲ့သည်။
သို့သော် သူကျိန်ဆဲနေစဉ်တွင် တစ်စုံတစ်ခု မူမမှန်တော့တာကို ခံစားလိုက်ရ၍ သူ့အနီးတစ်ဝိုက်တွင် ထူးထူးခြားခြား ဆူညံသံအချို့ ရှိနေသလို နားရွက်များက ယားယံလာသည်။
ဦးလေးသုံးလည်း အသံထွက်လာသည့် နေရာတွင် ဓာတ်မီးကို ထွန်းလိုက်သောအခါ သူ့တစ်ကိုယ်လုံး အေးစက်လာပြီး မူးလဲလုနီးပါး ဖြစ်သွားရသည်။
သူတို့ အောက်ဆီဂျင်ဘူး၏ ပလပ်ပေါက်မှ ဝက်အူလမ်းကြောင်းကို ဘယ်အချိန်က ဖြုတ်သွားတယ်မသိ။ အောက်ဆီဂျင်တွေက ဆူညံသွားသံတွေနဲ့အတူ စိမ့်ထွက်နေတာကို တွေ့လိုက်ရပေသည်။
TN - ဒါနဲ့လေ အမှောင်ထဲကလူကို တရုတ်ဖန်တွေကတော့ အစ်ကိုလေးလို့ ခန့်မှန်းထားကြပါတယ်။ တကယ် အစ်ကိုလေးသာဆိုရင် ဦးလေးသုံးနဲ့ ရှဲ့လျန်းဟွမ်က ခေါင်းတလားကို မီးရှို့၊ သေးပန်းလို့ ဝင်တိုက်ခိုက်တာလား စဥ်းစားစရာပေါ့နော်။ ပြီးတော့ တော်တော်လေးလည်း မြန်တယ်။ မျက်စိအားကောင်းတယ်။
ဂူေဖာက္သူတို႔ဒ႑ာရီ (volume 4)
Author - (nan pai san shu)
translater - Hninthawethadar
႐ႊံ႕ေႁမြတစ္ေဆၿမိဳ႕ေတာ္ (ပထမပိုင္း)
Chapter (13)
အေမွာင္ထဲက တတိယလူ
ဦးေလးသုံးမွာ ဒီအခ်က္ကို ေတြးၾကည့္ရင္း မယုံနိုင္ေပမယ့္ ေအးစက္စက္ ေခြၽးေတြက ထြက္ေနတုန္းပါပဲ။ သူက ရွဲ႕လ်န္းဟြမ္ကို ခ်လိဳက္ၿပီး ပတ္ပတ္လည္ကို တစ္ခ်က္ ၾကည့္လိုက္သည္။
ပတ္ပတ္လည္ကို စကင္န္ဖတ္ၾကည့္ၿပီးေနာက္ ဘာကိုမွ မေတြ႕ရေပ။ တိတ္ဆိတ္ေသာ သခၤ်ိဳင္းဂူထဲတြင္ ဘာမွ်မရွိ။ ဓာတ္မီးအလင္းေရာင္ မွိန္မွိန္ေလးသည္ အုတ္ဂူနံရံမ်ားကို ျဖတ္ေက်ာ္သြားကာ နားမလည္နိုင္ေသာ ေအးစက္မႈတစ္ခုက ဦးေလးသုံး၏ အတြင္းအဂၤါမ်ား အတြင္းထိပါ လႊမ္းမိုး ဝင္ေရာက္လာသည္။
ဦးေလးသုံးက တျခားလူမ်ားႏွင့္ မတူေပ။ ကေလးဘဝကတည္းက ေျမေအာက္ ကစားသူတစ္ဦး အေနျဖင့္ ေနထိုင္ခဲ့ရာ လူေသမ်ားသည္ အရာဝတၳဳမ်ားသာ ျဖစ္ေသာေၾကာင့္ လူေသမ်ားသည္ ေၾကာက္စရာ မဟုတ္ေၾကာင္း ႏွလုံးသြင္းခဲ့သည္။ သို႔ေသာ္ လူကေတာ့ ကြဲျပားသည္။ ဦးေလးသုံးသည္ သခၤ်ိဳင္းအတြင္း၌ တတိယလူရွိမည္ကို ေတြးလိုက္ေသာအခါ ႐ုတ္တရက္ ထိတ္လန႔္သြားသည္။
ရွဲ႕လ်န္းဟြမ္၏ ဦးေခါင္း အေနာက္ဘက္သို႔ ထိုးႏွက္ထားတာက ႀကီးသည္ျဖစ္ေစ ေသးသည္ျဖစ္ေစ ယခုေခတ္တြင္ ဘယ္တီဗီစီးရီး သို႔မဟုတ္ ႐ုပ္ရွင္မ်ားကို ၾကည့္ၾကည့္ တစ္စုံတစ္ဦးကို မူးေမ့သြားေစလိုပါက တစ္စုံတစ္ခုျဖင့္ ဦးေခါင္းေနာက္ဘက္သို႔ ရိုက္ထားမွ ရလိမ့္မည္။ တကယ္ေတာ့ ဦးေလးသုံးတို႔လို လူေတြအတြက္ လူတစ္ေယာက္ကို သတိေမ့ေအာင္ ရိုက္ဖို႔သုံးတဲ့ စြမ္းအားက သူတို႔ကို ေသေအာင္ ရိုက္တဲ့ စြမ္းအားနဲ႕ အတူတူပဲဆိုတာ သိထားၾကပါသည္။
လူက အသက္ရွင္သည္ျဖစ္ေစ ေသသည္ျဖစ္ေစ သူ႕ကို အားသုံး၍ ရိုက္လိုက္တဲ့အခါ ကံတရားအေပၚမွာ လုံးလုံးလ်ားလ်ား မူတည္သြားၿပီ။ အားေပ်ာ့ေပ်ာ့ျဖင့္ အႀကိမ္နည္းနည္း ရိုက္တာ မ်ားသြားလွ်င္ စကၠန႔္အနည္းငယ္ ၾကာလွ်င္ မူးေမ့လဲသြားပါလိမ့္မယ္။ တကယ္ေတာ့ လူကို မရိုက္ဘဲ လည္ပင္းကို ရိုက္လိုက္တာဟာ လူကို လည္ပင္း ညွစ္သတ္လိုက္သလိုပါပဲ။
ထို႔ေၾကာင့္ ရွဲ႕လ်န္းဟြမ္သည္ သူရရွိခဲ့ေသာ ထိုးႏွက္မႈ အေျခအေနႏွင့္ ပတ္သက္၍ ရွင္းရွင္းလင္းလင္း မသိရေသးေပ။ အကယ္၍ ၎သည္ သူ႕ကိုတိတိက်က် ရိုက္သြားတာ ျဖစ္ပါက တစ္ဖက္လူဟာ လူသတ္သမား ျဖစ္လာမွာ သိသာသည္။ ေခ်ာ္လဲက်ရင္ ဘယ္ေတာ့မွ ဒီလို ျပင္းထန္စြာ က်မွာ မဟုတ္ပါဘူး။
ဒါေပမဲ့ ဒီမွာ တတိယလူက ဘယ္လိုလုပ္ ရွိနိုင္မွာလဲ။
အကယ္၍ ဤေနရာသည္ ေျမႀကီးေပၚက ေရွးေခတ္သခၤ်ိဳင္း တစ္ခုျဖစ္ခဲ့လွ်င္ အသိမိတ္ေဆြ တစ္ဦးႏွင့္ေတြ႕ျခင္းက အလြန္အမင္း ထူးဆန္းေပလိမ့္မည္။ သို႔ေသာ္ အဓိပၸာယ္ေတာ့ ရွိဦးမည္။ သို႔ေသာ္ လက္ရွိေနရာက ပင္လယ္၏ ေအာက္ေျခမွာ ျဖစ္သည္။ လူတစ္ေယာက္ ခိုးလိုက္လာၿပီး ပုန္းေနတာ ျဖစ္နိုင္ပါ့မလား။
ျဖစ္နိုင္ေခ်က နည္းလြန္းလွသည္။ ဦးေလးသုံး၏ စိတ္သည္ အလြန္လ်င္ျမန္စြာ လည္ပတ္ေနၿပီး ျဖစ္နိုင္ေျခ တစ္ခုအေၾကာင္း ခ်က္ခ်င္းစဥ္းစားမိသည္။
သူ ရွဲ႕လ်န္းဟြမ္နဲ႕ ေပါင္းၿပီး ေရထဲကို ဆင္းသြားတဲ့အခါတုန္းက ေလွေပၚက လူေတြထဲက တစ္ေယာက္ေယာက္ ျမင္သြားလို႔ သူတို႔ေနာက္ကို လိုက္လာခဲ့လား။
အခု ျပန္စဥ္းစားၾကည့္ေတာ့ ဒါက ေသခ်ာေပါက္ ျဖစ္နိုင္တယ္လို႔ ခံစားရေလသည္။ အနီးနားမွာ တျခားသေဘၤာေတြ ရွိဖို႔ဆိုတာ မျဖစ္နိုင္ဘူး။ ၿပီးေတာ့ ေလွေပၚမွာ သူ ရွဲ႕လ်န္းဟြမ္ကို ေမွာက္ထားတုန္းက ဆူေနလို႔ တစ္ေယာက္ေယာက္ နိုးသြားတာလား။ အဲဒီလူက သူတို႔ကို အသိမေပးဘဲ ေတာက္ေလွ်ာက္ လိုက္လာေနခဲ့တာလား။
လမ္းတေလွ်ာက္မွာ ပင္လယ္က မည္းေမွာင္ၿပီး ပတ္ဝန္းက်င္ကလည္း ေမွာင္ေနရာ ပရမ္းပတာ အေျခအေနမွာဆို ဘာမွ သဲသဲကြဲကြဲ မျမင္နိုင္ရာ လူတစ္ေယာက္ အေမွာင္ထဲက လိုက္လာလို႔ရွိရင္ ဘယ္သူကမွ လိုက္ရွာလို႔လည္း ေတြ႕မွာ မဟုတ္ေခ်။ ထို႔အျပင္ သူတို႔ႏွစ္ဦးသည္ လာတုန္းက ထိုအေၾကာင္းအရာမ်ားကို လုံးဝ ထည့္မစဥ္းစားခဲ့ၾကေပ။
ရိုးရိုးသားသား ေျပာရလွ်င္ ဦးေလးသုံးသည္ ထိုအခ်ိန္က ေရွးေဟာင္း သုေတသနအဖြဲ႕ကို အေလးအနက္ မထားခဲ့ေပ။ သူသည္ တစ္စုံတစ္ခုကို သိခ်င္လို႔ဟုဆိုကာ ဝမ္က်င္းအား ဖုံးကြယ္ထားနိုင္သည္။ အဲဒီလူေတြ သံသယဝင္ရင္ေတာ့ သိပ္ဂ႐ုမစိုက္ပါဘူး။ ဒါေပမဲ့ တစ္ေယာက္ေယာက္က သူတို႔ေနာက္ကို တိတ္တိတ္ေလး လိုက္လာလိမ့္မယ္လို႔ တကယ္ကို မေမွ်ာ္လင့္ထားပါဘူး။
ဘယ္သူျဖစ္မလဲ။ ေရွးေဟာင္း သုေတသနအဖြဲ႕မွ လူအမ်ားစုကို သူသိသည္။ မရင္းႏွီးေသာ မ်က္ႏွာ အနည္းငယ္ ရွိေသာ္လည္း ထိုလူမ်ားကို အေတာ္ေလး တိက်စြာ အကဲျဖတ္နိုင္သည္။ ရွဲ႕လ်န္းဟြမ္ကလြဲလို႔ ဘယ္သူမွ သံသယဝင္စရာ မေကာင္းေပ။ ေလွသမားဆိုရင္ေတာ့ ျဖစ္နိုင္သည္။ ေလွသမားက သူတို႔ ေရထဲ ဝင္လာတာကို ျမင္ၿပီး အေနာက္က လိုက္လာတာမ်ားလား။
ဒါေပမဲ့ ဒီကိုလာဖို႔ ေရငုပ္ကိရိယာေတြ ရွိထားရမယ္။ အဲဒီေလွသမားေတြက ေရကူးေကာင္းေပမယ့္ ေရငုပ္ကိရိယာေတြကို ဘယ္လို လုပ္ေဆာင္ရမလဲ ဆိုတာ မသိၾကဘူးမလား။ ဒီေတာ့ ေရွးေဟာင္း သုေတသန အဖြဲ႕ထဲက တစ္ေယာက္ေယာက္ဆို ဘယ္သူမ်ား ျဖစ္မလဲ။
ဦးေလးသုံး ဆက္မစဥ္းစားနိုင္ေတာ့ေပ။ စိတ္ထဲမွာေတာ့ ဘယ္လိုပဲ ျဖစ္ျဖစ္ အဲဒီလူက လိုက္လာရင္ ဒီအခ်ိန္မွာ သူတို႔နဲ႕ ညွိႏွိုင္းဖို႔ အသံေပးသင့္တယ္ မဟုတ္လား။ အခုေတာ့ ၎က ႏႈတ္ဆိတ္ေနၿပီး ရွဲ႕လ်န္းဟြမ္ကိုေတာင္ ျပင္းျပင္းထန္ထန္ ရိုက္ပစ္လိုက္ေသးသည္။
အေစာတုန္းက ဘာအသံမွ မၾကားရေပ။ ဒါဟာ ေသခ်ာေပါက္ ခိုးဝင္တိုက္ခိုက္ခဲ့တာပဲ ျဖစ္မည္။ သူ႕ကိုအရင္ခ်ဳပ္ထိန္းၿပီး သူဘယ္လို လူလဲဆိုတာ ၾကည့္ရမည္။
ထိုအေတြးမ်ားသည္ ဦးေလးသုံး၏ စိတ္ထဲတြင္ လွ်ပ္စီးလက္သလို လင္းလက္သြားသည္။ ထိုအခ်က္ကို ေတြးၿပီးသည္ႏွင့္ ဓာတ္မီးကို ပိတ္လိုက္ရာ အနီးပတ္ဝန္းက်င္က ႐ုတ္တရက္ ေမွာင္မိုက္သြားသည္။ က်န္ေသာ တစ္ခုတည္းေသာ အလင္းေရာင္မွာ ရွဲ႕လ်န္းဟြမ္၏ လႈပ္ေနေသာ ဓာတ္မီးအလင္းပဲ ျဖစ္သည္။ ရွဲ႕လ်န္းဟြမ္ကို တစ္ခ်က္ တြန္းလိုက္ရာ ေျမႀကီးေပၚသို႔ လွိမ့္သြား၏။
ဒါက သူရဲ႕ အေနအထားကို မသိေအာင္ ဟန႔္တားဖို႔ပါပဲ။ အခုအခ်ိန္မွာ ရန္သူဟာ လွ်ို႔ဝွက္ဖို႔ အေကာင္းဆုံး အခြင့္အလမ္း ရွိေနၿပီ။ လွဲေလ်ာင္းေနတာဟာ ဦးေလးသုံးရဲ႕ ထူးျခားတဲ့ လႈပ္ရွားမႈတစ္ခုပါပဲ။ တစ္ဖက္သားရဲ႕ အသံတခ်ိဳ႕ကို ၾကားၿပီး တစ္ခုခုကို ပစ္ေပါက္လာမွာ ေၾကာက္ရသည္။ ဥပမာ ခ်န္ဖီအားစစ္လိုမ်ိဳး လူတစ္ေယာက္အတြက္ ရန္သူက မတ္တပ္ရပ္ေနပါက သူသည္ ႏွလုံးခုန္သံကို နားေထာင္ရင္ တစ္ခ်က္တည္းျဖင့္ ပစ္ခတ္လိုက္နိုင္သည္။
ေျခလွမ္း ဆယ္လွမ္းေက်ာ္ လွိမ့္လိုက္ၿပီးေနာက္ သံေခါင္းတလားႏွင့္ ေဝးကြာသြားတာကို ခံစားလိုက္ရသျဖင့္ ၿငိမ္သက္လိုက္ကာ ပတ္ဝန္းက်င္ရွိ အသံမ်ားကို နားေထာင္ရန္ ႀကိဳးစားလိုက္သည္။
သခၤ်ိဳင္းဂူက အလြန္တိတ္ဆိတ္ေနၿပီ။ ေရတစ္စက္တစ္စက္ က်သံကိုသာ ၾကားနိုင္သည္။ ဦးေလးသုံးကိုယ္တိုင္ တိတ္ဆိတ္သြားေသာအခါတြင္ ပတ္ဝန္းက်င္ကလည္း ပို၍တိတ္ဆိတ္သြားသည္။
ႏွလုံးခုန္သံေတြအျပင္ နားမလည္နိုင္တဲ့ အသံတခ်ိဳ႕ကိုလည္း သူၾကားလိုက္ရ၏။ ထိုအသံက အရမ္းအားေပ်ာ့ၿပီး ဦးတည္ရာကိုပင္ သူ မေျပာနိုင္ေပမယ့္ ေသခ်ာေပါက္ အနီးအနားမွာ ရွိေနသည္။ အသက္ရႉသံ ဒါမွမဟုတ္ တစ္စုံတစ္ခုကို ပြတ္တိုက္သြားတဲ့ အသံလိုပဲမို႔ ဦးေလးသုံးအား ေအးစက္ေနတဲ့ ေခြၽးေတြအား ထြက္က်လာေစသည္။
'တကယ္ လူရွိေနတာပဲ'
ဦးေလးသုံး တိတ္တဆိတ္ က်ိန္ဆဲၿပီး မ်က္လုံးမွိတ္ကာ သူၾကားရေသာ အသံမ်ားကို နားေထာင္လ်က္ အသံ၏ ဦးတည္ရာကို ေဖာ္ထုတ္ရန္ ႀကိဳးစားသည္။ ဒါေပမဲ့ ခဏေလာက္ နားေထာင္ၿပီးတဲ့ ေနာက္မွာေတာ့ တစ္ဖက္လူက သူ႕ကိုေတြ႕သြားသလို အသံ ေပ်ာက္သြားရာ အသက္ရႈၾကပ္သြားေတာ့သည္။
ဦးေလးသုံး၏ ႏွလုံးခုန္သံသည္ ျဖည္းညွင္းစြာ ခုန္ေနပါၿပီ။ သူက ျဖည္းျဖည္းခ်င္း ထလိုက္သည္။ ထိုလူသည္ အနီးနားရွိလို႔ သူ႕ကို မေတာ္တဆ နင္းမိလွ်င္ လဲေလ်ာင္းေနရေပလိမ့္မည္။
လမ္းတစ္ဝက္ေလာက္ အေရာက္မွာပဲ ဘယ္ဘက္အေနာက္နားက အရိုးအဆစ္ လႈပ္ရွားသံကို ႐ုတ္တရက္ ၾကားလိုက္ရေတာ့ အရမ္းနီးကပ္လာတာ သိလိုက္ရရာ ဦးေလးသုံးလည္း ႐ုတ္တရက္ ထိတ္လန႔္တၾကားနဲ႕ ေနာက္ျပန္လွည့္ၿပီး ထိုအသံႏွင့္ ခပ္ေဝးေဝး ေနခ်င္ခဲ့သည္။
ထိုအခ်ိန္တြင္ သူ႕မ်က္ႏွာမွ ေလႏုေအးကို ႐ုတ္တရက္ ခံစားလိုက္ရရာ မယုံနိုင္စြာျဖင့္ ေခါင္းငုံ႕ရန္ ႀကိဳးစားလိုက္ေသာ္လည္း အခ်ိန္ႏွောင္းသြားၿပီ။ ႐ုတ္တရက္ အေမွာင္ထဲမွ ေလျပင္းမ်ား တိုက္ခတ္လာကာ လူတစ္ဦး ႐ုတ္တရက္ ေျပးထြက္လာခဲ့သည္။ ထိုလူက ဦးေလးသုံးအား တစ္ခ်က္တည္းျဖင့္ ကိုင္ေပါက္ပစ္လိုက္ရာ ဦးေလးသုံးခမ်ာ လဲက်သြားေတာ့သည္။
ဦးေလးသုံးသည္ သူ႕ခါးတြင္ ထည့္ထားေသာ ဓာတ္မီးကို တစ္ဖက္လူက ဆြဲထုတ္သြားတာ ခံစားလိုက္ရသည္။ တစ္ဆက္တည္း သူ႕အင္အားမ်ား ေလ်ာ့သြားတာကိုလည္း ခံစားလိုက္ရသည္။ ဒါေၾကာင့္ ႐ုတ္တရက္ ေခါင္းငုံ႕၍ လြတ္ေျမာက္ရန္ ႀကိဳးစားေလသည္။ သို႔ေသာ္ ေမးရိုးက ထုံက်င္သြား၏။ အေၾကာင္းမွာ ရတ္သူက သူ႕ကိုဓာတ္မီးျဖင့္ ရိုက္ပစ္လိုက္တာေၾကာင့္ သူ႕ပါးစပ္ထဲ ေသြးေတြ ျပည့္သြားသည္။
'သူငါ့ကို ျမင္နိုင္တယ္'
ထိုအခ်ိန္တြင္ တတိယဦးေလးမွာ ဤအေတြးမ်ိဳးသာ ရွိခဲ့သည္။ တစ္ဖက္လူက သူ႕ကို အေမွာင္ထဲတြင္ တိက်စြာ တိုက္ခိုက္နိုင္ခဲ့ၿပီး သူ၏ ဓာတ္မီးကို တစ္ခ်က္တည္း ဆြဲထုတ္နိုင္ခဲ့သည္အထိ ရွင္းရွင္းလင္းလင္း ျမင္နိုင္ေလ၏။
ဘာျဖစ္ေနတာလဲ တစ္ဖက္လူမွာ ေၾကာင္မ်က္လုံး ရွိေနလို႔လား။
ဦးေလးသုံးမွာ ထိတ္လန႔္ တုန္လႈပ္စြာျဖင့္ ေခါင္းကို တစ္ဖက္သို႔ ေ႐ႊ႕လိုက္ေသာ္လည္း တစ္ဖက္သားက သူ႕ႏွာေခါင္းကို ဒုတိယအႀကိမ္ တိတိပပ ရိုက္ခ်လိဳက္ေလသည္။ ဒီတစ္ခါေတာ့ ေခါင္းေတာင္ မေထာင္နိုင္ေလာက္ေအာင္ ျပင္းထန္စြာ ရိုက္ခံရၿပီး ငန္တဲ့အရသာေတြ ပါးစပ္ထဲ ျပည့္သြားသည္။
ဒီတစ္ခါကေတာ့ ငယ္ငယ္ကတည္းက ဘုရင္ ျဖစ္ခဲ့တဲ့ ဦးေလးသုံးခမ်ာေတာ့ အရွက္ကြဲသြားေခ်ၿပီ။ အဖိုးရဲ႕ ရိုက္ႏွက္ဆုံးမမႈေတြက လြဲလို႔ ဘယ္တုန္းကမ်ား ဒီလိုမရႈံးဖူးေခ်။ သူခ်က္ခ်င္း လူသတ္ခ်င္စိတ္ေတြ ေပါက္ဖြားလာၿပီး ေခါင္းကို ေမာ့ကာ ဓားျမႇောင္ကို ဆြဲထုတ္လိုက္သည္။
လူသတ္သမားသည္ သူ႕ေမးေစ့ကို ေနာက္ထပ္ ျပင္းျပင္းထန္ထန္ ထိုးႏွက္လာမွာကို ေစာင့္ေနမယ့္အစား ဦးေလးသုံးသည္ ေမးေစ့က နာက်င္မႈကိုေတာင္ မခံစားနိုင္ေတာ့ေပ။ ထိုအခိုက္ တစ္ဖက္လူက ဓားျမႇောင္ကို ကိုင္ထားတဲ့ သူ႕လက္ေကာက္ဝတ္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္ပါသည္။
'မင္းကငါ့ကို မုဒိမ္းက်င့္ခ်င္ေသးတယ္ေပါ့' လို႔ ေတြးရင္း တစ္ဖက္လူရဲ႕ လက္ေတြကို ဆြဲကိုင္ကာ ေျမႀကီးေပၚ တြန္းခ်လိဳက္သည္။ သူ႕ဘာသာသူလည္း က်ယ္ေလာင္စြာ က်ိန္ဆဲရင္း ေခါင္းကို ႐ုတ္တရက္ ျမႇောက္ကာ တံေတြးေတြနဲ႕ ေထြးလိုက္ေသာ္လည္း သူ႕ပါးစပ္ထဲက ေသြးေတြသာ အမ်ားႀကီး ထြက္က်လာေလ၏။
တစ္ဖက္လူသည္ သူလုပ္ေတာ့မွာကို ခံစားမိပုံရကာ ေရွာင္ထြက္သြားတာ သိလိုက္သည္။ ထိုအခ်ိန္တြင္ ဦးေလးသုံးသည္လည္း လွည့္၍ သူ႕ကိုယ္သူ လြတ္ေျမာက္နိုင္ခဲ့သည္။ တစ္ဖက္လူကလည္း ဦးေလးသုံး လြတ္ေျမာက္နိုင္ဦးမယ္လို႔ မေမွ်ာ္လင့္ထားတာေၾကာင့္ ခ်က္ခ်င္း ထကာ ဦးေလးသုံးရဲ႕ ဒူးေကာက္ေကြးကို ကန္ထည့္လိုက္ရာ ဦးေလးသုံးခမ်ာ ျပင္းျပင္းထန္ထန္ လဲက်သြားေတာ့သည္။
သာမာန္လူေတြ ရန္ျဖစ္တဲ့အခါ တစ္ေယာက္ေယာက္က တျခားလူဆီမွ ဖိႏွိပ္ခံရစဥ္ သူ႕ခြန္အားေတြလည္း ေျပေလ်ာ့သြားလိမ့္မည္။ အဲဒီအခ်ိန္မွာ ပထမဆုံး အေတြးက လြတ္ေျမာက္ဖို႔ပါပဲ။ ဒါေပမဲ့ တစ္ေယာက္ေယာက္က မင္းရဲ႕အေပၚကို ေရာက္ေနတယ္ဆိုရင္ မင္းကို ထပ္ခ်ဳပ္ႏွောင္ဖို႔က အရမ္းလြယ္သြားၿပီ။
ထို႔ေၾကာင့္ ဦးေလးသုံးသည္ လြတ္ေျမာက္ရန္ ဟန္ေဆာင္ကာ တစ္ဖက္လူကို ျပန္လည္ ဖိခ်လိဳက္သည္။ ထို႔ေနာက္ လူ႕ဦးေခါင္းခြံပါရွိေသာ သားေရအိတ္ကို တျခားလက္ျဖင့္ ဆုပ္ကိုင္ကာ ရိုက္ခ်ပစ္လိုက္သည္။
အဲဒီတုန္းက ဘယ္ေနရာကို ထိသြားမွန္းမသိေပမယ့္ တစ္ဖက္လူဆီက ညည္းၫူသံ တစ္ခ်က္ကိုေတာ့ ၾကားလိုက္ရ၏။ ဦးေလးသုံးကေတာ့ ရယ္ေမာၿပီး အေပၚကို လွည့္ကာ သားေရအိတ္ကို ေကာက္ကိုင္ကာ တစ္ဖက္သား ညည္းတြားေနတဲ့ ေနရာကိုပဲ ထပ္မံ ရိုက္ခ်လိဳက္သည္။
အထဲမွာ အရိုးေတြ အပိုင္းပိုင္း ကြဲေၾကသြားတာေတာ့ ႏွေျမာစရာ ေကာင္းလွေပသည္။ သနားစရာက သူသည္ ေရအိတ္ကို ထပ္ျမႇောက္နိုင္တဲ့ အစြမ္းမရွိေတာ့ေခ်။ သူသည္ ရိုက္မိလား မရိုက္မိဘူးလား ဆိုတာ ဂ႐ုမစိုက္ေတာ့ဘဲ ရွဲ႕လ်န္းဟြမ္ သံဓာတ္မီးထိုးထားတဲ့ ေနရာကို အသည္းအသန္ ေျပးသြားလိုက္သည္။ ဓာတ္မီးကို ဆြဲကိုင္ၿပီး သူအေနာက္ကို လွည့္ထြန္းလိုက္၏။
အရင္က ထင္ထားတဲ့ အေမွာင္ထဲမွာ ထိပ္တိုက္ရင္ဆိုင္မႈဟာ အသုံးမဝင္လွပါဘူး။ တစ္ဖက္လူက သူ႕ကို တကယ္ျမင္ေနရပါသည္။ ေနာက္ေတာ့ သူ႕ဓာတ္မီးကို ပိတ္ၿပီး လွည့္ပတ္လိုက္တာဟာ ရယ္စရာ ျပကြက္ကို ျဖစ္သြားသည္။ တစ္ဖက္သားကို ထိန္းထားနိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ တစ္ဖက္လူကို ထြက္ေျပးသြားဖို႔ တြန္းအားေပးျခင္းပါပဲ။
သို႔ေသာ္ တစ္ဖက္လူသည္ လွ်ပ္စီးေၾကာင္းကဲ့သို႔ ဓာတ္မီး အလင္းေရာင္ကို ျဖတ္ေက်ာ္သြားသလိုပဲ ဦးေလးသုံးသည္ တိုက္ခိုက္သူကို ဘယ္မွာမွ ရွာမေတြ႕ေတာ့ေပ။
ေဒါသေတြထြက္ၿပီး တည္ၿငိမ္မႈကလည္း မရွိေတာ့ဘဲ ပုန္းေအာင္းေနတဲ့လူကို ျမင္လို႔ကေတာ့ ဓားျမႇောင္နဲ႕ အေသထိုးသတ္ပစ္မယ္လို႔ က်ယ္ေလာင္စြာ က်ိန္ဆဲၿပီး ေခါင္းတလားဘက္ကို လွည့္ၾကည့္လိုက္ေသာ္ ေရသံတစ္ခ်က္ ၾကားလိုက္ရ၏။ ထိုလူက ေရထဲက ထြက္လာခဲ့ျခင္းပင္။
သူ ေျပးသြားတာလား?။ ဦးေလးသုံး ခုန္ေပါက္ၿပီး သူ႕ေနာက္ကို လိုက္သြားခဲ့သည္။ ေရဝင္ေပါက္ကို အျမန္ေျပး ၾကည့္လိုက္ေတာ့ အဲဒီလူက ေရထဲကို ငုပ္သြားၿပီဆိုတာ ျမင္လိုက္ရ၏။ ေရထဲမွာ လွိုင္းဂယက္ေတြ ရွိေနေသးသည္။ သူ႕ခမ်ာ ေဒါသထြက္ၿပီး ခုန္ခ်ခ်င္လာေပမယ့္ ဓာတ္မီးေအာက္မွာ ေရေတြက မည္းေနတာ ျမင္လိုက္ရေလသည္။
တစ္ဖက္လူက ေခ်ာင္းေျမာင္း ခုတ္ထြင္လာရင္ ခက္ေတာ့မည္ ျဖစ္တာေၾကာင့္ ေရကိုသာ လက္ညွိုးထိုးၿပီး က်ိန္ဆဲလိုက္ေလ၏။ အဲဒီလူက ဘယ္သူလဲဆိုတာ မသိတာေၾကာင့္ ဝမ္က်င္းကလြဲလို႔ သေဘၤာေပၚရွိ လူတိုင္းကို နာမည္တပ္ကာ ဆဲဆိုႀကိမ္းေမာင္းခဲ့သည္။
သို႔ေသာ္ သူက်ိန္ဆဲေနစဥ္တြင္ တစ္စုံတစ္ခု မူမမွန္ေတာ့တာကို ခံစားလိုက္ရ၍ သူ႕အနီးတစ္ဝိုက္တြင္ ထူးထူးျခားျခား ဆူညံသံအခ်ိဳ႕ ရွိေနသလို နား႐ြက္မ်ားက ယားယံလာသည္။
ဦးေလးသုံးလည္း အသံထြက္လာသည့္ ေနရာတြင္ ဓာတ္မီးကို ထြန္းလိုက္ေသာအခါ သူ႕တစ္ကိုယ္လုံး ေအးစက္လာၿပီး မူးလဲလုနီးပါး ျဖစ္သြားရသည္။
သူတို႔ ေအာက္ဆီဂ်င္ဘူး၏ ပလပ္ေပါက္မွ ဝက္အူလမ္းေၾကာင္းကို ဘယ္အခ်ိန္က ျဖဳတ္သြားတယ္မသိ။ ေအာက္ဆီဂ်င္ေတြက ဆူညံသြားသံေတြနဲ႕အတူ စိမ့္ထြက္ေနတာကို ေတြ႕လိုက္ရေပသည္။
TN - ဒါနဲ႕ေလ အေမွာင္ထဲကလူကို တ႐ုတ္ဖန္ေတြကေတာ့ အစ္ကိုေလးလို႔ ခန့္မွန္းထားၾကပါတယ္။ တကယ္ အစ္ကိုေလးသာဆိုရင္ ဦးေလးသုံးနဲ႕ ရွဲ႕လ်န္းဟြမ္က ေခါင္းတလားကို မီးရွို႔၊ ေသးပန္းလို႔ ဝင္တိုက္ခိုက္တာလား စဥ္းစားစရာေပါ့ေနာ္။ ၿပီးေတာ့ ေတာ္ေတာ္ေလးလည္း ျမန္တယ္။ မ်က္စိအားေကာင္းတယ္။