ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

Galing kay Boss_want_to_eat_you

115K 24.1K 512

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ Higit pa

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.8K 408 5
Galing kay Boss_want_to_eat_you

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၅)။

ချန်ပေါ်အရိုက်ခံလိုက်ရတာမြင်တော့ ကစားသမားအသစ်နှစ်ယောက်မှာအနည်းငယ်ဇဝေဇဝါဖြစ်သွားကာ ဘာဖြစ်သွားမှန်းနားမလည်ကြပေ။

ဝါရင့်ကစားသမားများကတော့လူငယ်လေးကမြေပြင်ပေါ်ပြုတ်ကျနေပြီး သူ၏ပိုးသားအကျီကော်လာမှာဆွဲဖွင့်ခံထားရသည့်အပြင် သူ၏နူးညံ့လှပသောမျက်နှာလေးမှာလည်းထိတ်လန့်မှုနှင့်အမျက်ဒေါသတို့ပြည့်နေတာမြင်လိုက်ရတော့ တွေးကြည့်စရာပင်မလိုဘဲ အကြောင်းရင်းကိုရုတ်ခြည်းခန့်မှန်းမိလိုက်သည်။

ချန်ပေါ်၊ အဲ့အရူးကသခင်လေးကိုခုနကအနိုင်ကျင့်ချင်ခဲ့တာပဲ။ ဘောပဲ၊ သူတို့ထောင်ကိုဒီလိုဝက်အသင်းဖော်မျိုးနဲ့ရောက်လာမိတာပဲ။

ယွမ်ရှီးချွမ်းကသူ၏ရွှေကိုင်းမျက်မှန်ကိုပင့်တင်ကာပြုံးနေတုန်းဆိုပေမဲ့သူ့မျက်လုံးများမှာတော့အနည်းငယ်ပိုအေးစက်သွားလေသည်။

အမျိုးသမီးကစားသမားနှစ်ယောက်ဖြစ်သည့်ကျိချင်းချင်းနှင့်ဝမ်ရန်မှာတော့ပို၍ပင်စက်ဆုပ်ရွံရှာသွားပုံပင်။ အမြဲတစေနှုတ်ဆိတ်နေတတ်သည့်ယန်ဖုန်းကရှေ့တိုးကာခြေထောက်မြှောက်ပြီး ချန်ပေါ်၏နောက်လက်တစ်ဖက်ကိုတက်နင်းကာ စနစ်နေရာလွတ်ထဲကလက်နက်ထုတ်ယူနေတာကိုတားလိုက်ပြီး လင်ခုံးလုနှင့်အိမ်တော်ထိန်းကိုပြောလိုက်သည်။
"စိတ်မကောင်းပါဘူး။"

လင်ခုံးလုကကြားပုံမပေါ်ဘဲ ရွှီယန့်ကိုအနည်းငယ်သနားစရာကောင်းစွာလက်ဆန့်တန်းပေးထားတုန်းပင်။

ရွှီယန့်ကတုတ်တုတ်မလှုပ်ဘဲ ထိုနေရာမှာရပ်ကာသူ့ကိုတိတ်တိတ်လေးကြည့်နေပြီး သူ့အကြည့်မှာအနည်းငယ်ပို၍ပင်နှိမ့်ချလို့နေသည်။

ဥယျာဥ်မှာခုနကပဲရေလောင်းထားသဖြင့် နေရာတချို့ကမြေကြီးမှာနူးအိလို့နေသည်။ ဖြစ်ချင်တော့ အမြဲအသန့်ကြိုက်သည့်သခင်လေးကရွှံ့ထနေသောနေရာထဲပြုတ်ကျသွားလေသည်။ သူ့ခြေထောက်များမှာအားနည်းစွာကွေးထားသည်။ သူ၏ဖြူဖွေးသောမျက်နှာပေါ်မှာအကြောင်းမဲ့စွာရွှံ့စက်တစ်စက်ရှိနေပြီး သူဟာစိုးရိမ်ကြောက်လန့်ကာခေါင်းမာနေပုံရပြီး သူ့ကိုခေါင်းမာမာနှင့်ကြည့်နေပေသည်။

ကြည့်ရတာတော့သူ့လက်များညောင်းလာပုံပင်။ သူမလှုပ်မယှက်ရှိနေသေးတာမြင်တော့ သခင်လေးကမသိမသာစိတ်ပျက်သွားကာ ခက်ထန်စွာထပ်ပြောလိုက်သည်။
"ငါမင်းကိုငါ့ကိုလာခေါ်ဖို့အမိန့်ပေးနေတယ်လေ။ ငါပြောတာကြားလားး။"

သို့သော်ဒီအခိုက်အတန့်မှာသူရွှံ့ဗွက်ထဲကိုဘယ်လိုပုံစံနှင့်ပြုတ်ကျသွားလဲမသိပေ။ သူ့အဝတ်အစားများမှာရှုပ်ပွနေပြီး သူ၏ပိန်ပါးသောလက်ကောက်ဝတ်နှင့်ညှပ်ရိုးများပေါ်ထွက်နေကာ သူကအနည်းငယ်ရှက်နေပုံရသည်။ သူ၏ခက်ထန်မှုကိုပြသဖို့ကျယ်ကျယ်ဖွင့်ထားရန်ကြိုးစားနေသည့်သူ့မျက်လုံးနက်များမှာလည်း ၎င်းတို့၏ထူးကဲသောအလှတရားနှင့်နီရဲရဲမျက်ဝန်းတို့ကြောင့် ရိုးသားပွင့်လင်းကာသနားစရာကောင်းပုံပေါ်လျက်ရှိသည်။

ရွှီယန့်၏မျက်လုံးများတဖြည်းဖြည်းချင်းမည်းမှောင်သွားရပြီး ဒီအခိုက်အတန့်မှာသခင်လေးကိုကြည့်နေရင်း သူဟာရွှံ့နွံ့ထဲပြုတ်ကျသွားသည့်နှင်းဆီငယ်လေးတစ်ပွင့်နှင့်ပိုတူသည်ဟုတွေးလိုက်မိသည်။

နူးညံ့လှပပေမဲ့တအားအားနည်းပြီးတော့ပတ်ဝန်းကျင်ကရွှံ့နှင့်သဟဇာတမဖြစ်ဘူး။ ဒါပေမဲ့လူတွေကိုမနေနိုင်ဘဲသူ့ကိုရွှံ့ဗွက်ထဲတွန်းချကာ လုံးဝညစ်ထေးပြီး နစ်မြုပ်သွားစေချင်ကာ သန့်ရှင်းသောရေနှင့်ပြည့်နေသည့်အလှပန်းအိုးဆီဘယ်တော့မှပြန်မသွားစေချင်ပေ။

နှင်းဆီတွေကနွယ်ထဲမှာပွင့်သင့်တာကို ဘာလို့ထွက်သွားသင့်တာလဲ။

သူရပ်မြဲရပ်နေတာကြောင့်လားမသိ၊ အိမ်တော်ထိန်းကဟိုဘက်ဒီဘက်ကြည့်လိုက်ပြီး နောက်ဆုံးမှာမနေနိုင်ဘဲရှေ့တိုးကာ:
"သခင်လေး၊ ဘာလို့ကျွန်တော်သခင်လေးကို....."

သူ"ပြန်ခေါ်"ဆိုသည့်စကားလုံးမဆုံးသေးခင် အရပ်ရှည်ရှည်ပုံရိပ်ကရုတ်တရက်သူ့ကိုဖြတ်ကျော်သွားပြီး ၎င်းမှာသန့်ရှင်းကြည်လင်ကာအေးမြပေမဲ့ အနည်းငယ်အေးစက်လို့နေသည်။

အိမ်တော်ထိန်းမတုံ့ပြန်နိုင်ခင် ဥယျာဥ်မှူးအသစ်ကသခင်လေးကိုလျှောက်သွားကာ သူ၏ပိန်ပါးပါးကျောပြင်ကိုကွေးပြီး သူ၏သွယ်လျလျလက်မောင်းများကိုသခင်လေး၏ခြေထောက်နှင့်ခါးပေါ်မှာတင်ကာ သူ့ကိုအလွယ်လေးကောက်ချီလိုက်တာကိုမြင်လိုက်ရသည်။

ရွှီယန့်၏လက်ကလင်ခုံးလုခါးပေါ်ရောက်သွားချိန် သူတန့်သွားပုံရကာသူ့ရင်ခွင်ထဲကလူငယ်လေးကိုငုံ့ကြည့်လိုက်သည်။

ခါးကအရမ်းကိုနူးညံ့ပြီးသေးသွယ်လိုက်တာ၊ မှတ်ဉာဏ်ထဲကလိုမျိုးပဲ။

သူအလိုလိုတွေးလိုက်မိသည်။

ဒါပေမဲ့အဲ့မှတ်ဉာဏ်ကဘယ်တုန်းကလဲ။ လွန်ခဲ့တဲ့နှစ်နှစ်ကလား၊ မဟုတ်ဘူး၊ အရမ်းဝေးလွန်းတယ်။

ဖြစ်ချင်တော့ဒီအခိုက်အတန့်မှာသခင်လေးကခေါင်းမော့ကြည့်လာပြီး သူ၏သံသယမျက်ဝန်းများကသူနှင့်အကြည့်ချင်းဆုံသွားကာ တိတ်တိတ်လေးမေးနေသည့်အလား: မင်းဘာလို့မလှုပ်သေးတာလဲ။

ရွှီယန့်အကြည့်လွှဲကာသူ့ကိုချီပြီး လှည့်ထွက်သွားလိုက်သည်။

အိမ်တော်ထိန်းမှာ"အယ်"ဟုဆိုလိုက်မိပြီး နောက်ဆုံးမှာတော့ထိုနှစ်ယောက်ကြားကလေထုမှာတစ်ခုခုမှားနေပုံရမှန်းအလိုလိုသဘောပေါက်သွားသည်။

အနာဂတ်မှာလင်သခင်လေးကသူ့သခင်လေးစုန့်လင်နဲ့လက်ထပ်ရမှာလေ။ ဒီဥယျာဥ်မှူးကငယ်ရွယ်ပြီးကြည့်ကောင်းတယ်။ အကယ်၍.... ခြုံပြောရရင်ဒီဟာနဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေလားလို့?

သို့သော်နောက်တော့သူထပ်တွေးလိုက်ချိန် သူအတွေးလွန်နေတာဖြစ်လောက်မည်။ အဆုံးမှာတော့ဥယျာဥ်မှူး၏မျက်နှာတစ်ခြမ်းကအကျည်းတန်နေသည်ပင်။ တစ်ခါတရံထိုအမာရွတ်နှင့်မျက်နှာတစ်ခြမ်းကိုမြင်လိုက်ရချိန်မှာသူလန့်သွားတတ်သည်။ အလှတရားကိုချစ်မြတ်နိုးတဲ့မောက်မာတဲ့သခင်လေးဆိုပြောမနေနှင့်တော့။ ထို့အပြင်ဥယျာဥ်မှူးကဆင်းရဲပြီး သူ့သခင်လေးစုန့်လင်လောက်မကောင်းပေ။ သခင်လေးသူ့ကိုစိတ်မဝင်စားလောက်ပါဘူး....

သူထိုအကြောင်းတွေးနေစဥ် လင်ခုံးလုကရွှီယန့်၏ရင်ခွင်ထဲမှခေါင်းလေးပြူထွက်ကာ မြေကြီးပေါ်ကချန်ပေါ်ကိုလက်ညိုးထိုးပြီး သူ့ကိုအမိန့်ပေးလာပြန်သည်။
"သူ့ကိုကန်ထုတ်လိုက်တော့။"

ထိုသို့ပြောပြီးနောက် သူကချစ်စရာနှင်းဆီငယ်လေးပမာ ရွှီယန့်၏ရင်ခွင်ထဲပြန်ဝင်သွားလေသည်။

ရွှီယန်သူ့ကိုမသိမသာတစ်ချက်ငုံ့ကြည့်လိုက်ပြီး အိမ်တော်ထိန်းကတော့အနောက်မှအလျင်စလိုခေါင်းငြိမ့်ပြလာသည်။

*

ဖြစ်ချင်တော့ဒီအချိန်မှာချန်ပေါ်ကပြုပြင်သည့်ဆေးရည်ကိုလဲလှယ်ကာ သူ့မျက်လုံးနှင့်လက်အရိုးများကိုပြန်ပြင်လိုက်သည်။

သူသူ့မျက်လုံးဆီကသွေးကိုသုတ်လိုက်ပြီး ယန်ဖုန်းကသူ့နောက်လက်တစ်ဖက်ကိုတက်နင်းထားတာမြင်တော့ သူအလွန်ဒေါသထွက်သွားကာချက်ချင်းကျိန်ဆဲလိုက်မိသည်။ "မိုးမေလင်း အား အား-"

ယန်ဖုန်းကရုတ်ခြည်းခြေထောက်ကိုအားထည့်ကာသတိပေးလိုက်သည်။
"ငါမင်းကိုဒီကထွက်သွားပြီးပြဿနာမရှာဖို့အကြံပေးတယ်။"

ချန်ပေါ်သူဆိုလိုတာကိုချက်ချင်းနားလည်သွားသည်။ လူတိုင်းကအခုမှကျွန်းပေါ်ကိုရောက်လာပြီး အခြေအနေကိုသေချာမသိရသေးပေ။ သူတို့လိုအပ်သလောက်ရဲတိုက်ထဲမှာအရင်နေရမည်။ ပြီးတော့ဒီကနေ့သူ၏လုပ်ရပ်ကလူတိုင်းကိုဒုက္ခဖြစ်စေခဲ့သည်။ သူသာမထွက်သွားရင် အခြားကစားသများကသူ့ကိုထွက်သွားဖို့"တောင်းဆို"လိမ့်မည်ပင်။

ထိုစဥ်အိမ်တော်ကလည်းကစားသမားများကိုကြည့်ကာအလေးပနက်မေးလာသည်။
"မင်းတို့တွေကသူ့သူငယ်ချင်းလား။"

"အာ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ဒီကိုလာတုန်းကသူ့ကိုကျွန်တော်နဲ့လမ်းတူတူမှာတွေ့ခဲ့တော့ မိတ်ဆွေတွေဖြစ်သွားကြတာလေ။ ကျွန်တော်တို့ကသူနဲ့သိပ်မရင်းနှီးပါဘူး။"

ယွမ်ရှီးချွမ်းကအလျင်စလိုရှင်းပြလိုက်ပြီး ဆက်ဆံရေးကိုလုံးဝလျစ်လျူရှူလိုက်သည်။

ချန်ပေါ်ကလှောင်ပြုံးပြုံးကာကျိန်ဆဲလေသည်။
"ကောင်းပြီလေ၊ မင်းတို့တွေကN...ဟက်၊ မင်းတို့တွေသခင်လေးရဲ့ခြေထောက်ပိန်ပိန်လေးကိုဖက်ပြီးတော့ဘာရလဒ်ကောင်းရလာမလဲဆိုတာငါကြည့်ချင်ပါသေးတယ်။"

ခြေထောက်ပိန်ပိန်လေး?

ဒီတစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့သည့်ကောယွိမှာအော်ရယ်မိလုမတတ်ဖြစ်သွားပေမဲ့ တွေးကြည့်လိုက်တော့ ဒီဖော်ပြချက်ကတော်တော်လေးသင့်တော်သည်ဟုခံစားလိုက်ရသည်။

ယန်ဖုန်းကသူ့ကိုရုတ်ခြည်းလှည့်ကြည့်လာပြီး သူ့မျက်လုံးများကအနည်းငယ်စူးရှနေပုံရတော့ သူ့ကိုလန့်သွားစေကာအလျင်စလိုအရယ်ရပ်လိုက်မိသည်။

ကံကောင်းချင်တော့တစ်ဖက်လူကအကြည့်လွှဲသွားပြီး ချန်ပေါ်၏လက်ကောက်ဝတ်ပေါ်ကခြေဖဝါးကိုပြန်ရုတ်လိုက်သည်။

ချန်ပေါ်ကချက်ချင်းထရပ်ကာကျိန်ဆဲလေသည်။
"ယန်မျိုးရိုး၊ ဒီနေ့အကြွေးကိုမှတ်ထားလိုက်ပြီ၊ စောင့်ကြည့်ကြတာပေါ့။"

ထိုသို့ပြောပြီးနောက်သူအခြားကစားသမားများကိုလှမ်းကြည့်ကာအေးစက်စက်အသံဖြင့်ပြောလ်ုက်သည်။
"ငါ့အထင်ရဲတိုက်ထဲမှာနေတာပိုကောင်းတယ်။ အင်း၊ ငါနဲ့အတူအပြင်လိုက်ထွက်ချင်တဲ့လူရှိလား။ ငါ့ပစ္စည်းတွေကိုရှဲပေးနိုင်တယ်နော်။"

အဓိပ္ပါယ်မှာသူလက်နက်ကိုဘယ်လိုရှဲရမလဲသူသိတယ်ဟု။

သို့သော်ဘယ်သူမှမတုံ့ပြန်လာသဖြင့် သူကစားသမားအသစ်နှစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။

ဟွမ်ကျားဝမ်နှင့်ကုန်းဝေမှာသူ၏အေးစက်စက်အကြည့်နှင့်ဆုံသွားပြီး အထိတ်အလန့်နောက်ဆုတ်လိုက်မိသည်။

"သိပ်ကောင်းတယ်၊ မင်းတို့ကအတူကပ်နေရတာသဘောကျတယ်မလား။ မင်းတို့တွေငါမရှိဘဲတစ်ခုခုလုပ်နိုင်မယ်ဆိုတာငါမယုံဘူး။"
ထိုသို့ပြောပြီးနောက် သူအနောက်လှည့်ကာရဲတိုက်အပြင်ကိုခုန်ထွက်သွားတော့သည်။

ကုန်းဝေကကိုင်းနက်မျက်မှန်ကိုတပ်ထားပြီး အနည်းငယ်ကြောင်အမ်းသွားပုံပင်။ အိမ်တော်ထိန်းထွက်သွားသည်နှင့် သူတုံ့ဆိုင်းကာပြောလိုက်မိသည်။
"ဒီလိုဖြစ်တာကျွန်တော်တို့အတွက်မကောင်းဘူးလားလို့?" ကျွန်တော်တို့အကုန်လုံးကတစ်ဖွဲ့တည်းသားတွေမဟုတ်ဘူးလား။

ဝမ်ရန်ကခပ်ဖွဖွလှောင်ပြုံးပြုံးကာ သူမ၏လှိုင်းတွန့်ဆံပင်ရှည်ကိုခါပြီး ညှို့အားပြင်းစွာဆိုလာသည်။
"ဘာမှားလို့လဲ။ ဒီတိုင်းအခွင့်ကြုံလို့ဆုံကြတာပဲလေ၊ ငါတို့ကယာယီခရီးအတူသွားနေကြတာ။ ပြီးတော့တို့မင်းကိုပြောလိုက်မယ်၊ သူ့အောက်ပိုင်းမထိန်းချုပ်နိုင်တဲ့သူ့လိုအမှိုက်မျိုးကို သခင်လေးကသင်းကွပ်လိုက်သင့်တာ။"

"ဟုတ်တယ်။" ကျိချင်းချင်းကစကားနှစ်လုံးကိုအေးစက်စက်ပြောလာသည်။ သူမကချစ်ဖို့ကောင်းပုံပေါက်ပေမဲ့ အမြဲတမ်းမျက်နှာသေနှင့်အေးစက်သောပင်ကိုယ်စရိုက်ရှိတော့ သူမ၏ချစ်စရာကောင်းမှုကိုကွဲထွက်သွားစေသည်။

ဝမ်ရန်ကအရိုးမရှိသည့်အလားသူမကိုမှီလိုက်ပြီး ချဲ့ကားပြောဆိုလိုက်သည်။
"ဝိုး၊ ချင်းချင်းကျဲမှာရွှေပါးစပ်ရှိတာပဲ။ တို့မှန်တယ်ထင်တယ်ပေါ့?"

ကျိချင်းချင်းကသူမကိုတစ်ချက်ကြည့်ကာဘာမှမဆိုဘဲလှည့်ထွက်သွားတော့သည်။

"ကျွတ်ကျွတ်၊ ပျင်းစရာကြီး။"
ဝမ်ရန်နှမြောတဿဖြင့်ခေါင်းရမ်းလိုက်မိသည်။

ဟွမ်ကျားဝမ်တစ်ယောက်သာရှော့ခ်ရနေတုန်းဖြစ်ပြီး နောက်ဆုံးမှာအလိုလိုသဘောပေါက်သွားသည်။ ခုနကချန်ပေါ်ကသခင်လေးကိုစော်ကားချင်ခဲ့တာပေါ့? သခင်လေးကအဲ့လောက်ဒေါသထွက်သွားတာမဆန်းဘူး။ အဲ့ဝက်ခေါင်းကတကယ်ကြီးငန်းသားစားချင်နေတာပဲ။

*

ထိုစဥ် အသားစားချင်သည့်နောက်လူတစ်​ယောက်မှာသခင်လေးကိုတတိယထပ်ကမာစတာအိပ်ခန်းဆီပြန်ခေါ်သွားပြီပင်။

သူ့အဝတ်အစားများမှာရွှံ့ပေနေသောကြောင့် လင်ခုံးလုမှာအောက်ချပေးခံရပြီးနောက် သူ၏ပြန်မကောင်းသေးသည့်ကျိုးထားသောခြေသလုံးကိုအသာကန်ကာဒေါသတကြီးပြောလိုက်သည်။
"ငါ့ကိုအဝတ်လဲကူပေးအုံး။"

ရွှီယန့်မှာဒီအတိုင်းရပ်နေပြီး ဒါကိုကြားတော့အေးခဲသွားရကာ ဒီစကား၏အဓိပ္ပါယ်ကိုအတည်ပြုရန်အလား သူ့ကိုမှင်သေသေကြည့်လိုက်မိသည်။

သူ့ကိုမြင်တော့လင်ခုံးလုဒေါသရုတ်ခြည်းလျော့ကျသွားရသည်။ သူအကြောင်းမဲ့အပြစ်ရှိစိတ်ခံစားလိုက်ရကာ တုန်ခါနေသောလေသံဖြင့်ပြောလိုက်သည်။
"ဘာ ဘာကြည့်နေတာလဲ။ ငါမင်းကိုအမိန့်ပေးနေတယ်လေ၊ ငါပြောတာကြားလား။"

သူတစ်ဖက်လူကိုသွေးဆောင်ဖြားယောင်းချင်နေတာမှန်းသူဝန်ခံရပေမည်။

မင်းခံစားချက်ကိုအရင်ကျင့်ကြံပြီးမှမင်းကိုယ်မင်းသန့်ရှင်းရမယ်၊ ဒါမှမကောင်းတဲ့စိတ်တန်ဖိုးလျော့ကျသွားနိုင်မှာ။

ရွှီယန့်ကသူ၏"ဆိုးဝါးသော"သရုပ်ဆောင်စကေးကိုဖောက်ထွင်းမြင်သွားပုံရကာ သူ၏မျက်ဝန်းနက်များကပိုမိုနက်မှောင်လာပြီး အနည်းငယ်ပင်အေးစက်သွားလေသည်။

လူငယ်လေးကသူ့ကိုလုံးဝမေ့သွားပေမဲ့သူ့ကိုလာဖြားယောင်းနေတုန်းပဲ.....သူတစ်စုံတစ်ယောက်နှင့်စေ့စပ်ရတော့မဲ့အချိန်မှာတောင်ပေါ့။

ဟက်။

ရွှီယန့်ရင်ထဲမှာအမည်မသိအဓိပ္ပါယ်နှင့်လှောင်ရယ်လိုက်ပေမဲ့ ဆောင့်ကြောင့်ထိုင်ကာသူ၏ပိန်ပါးကာအချိုးအစားကောင်းသောခြေသလုံးများကိုဆုပ်ကိုင်လိုက်သည်။

လင်ခုံးလုဝှီးချဲပေါ်မှာရှိနေတုန်းကဖိနပ်မဝတ်ထားဘဲ သူ့ခြေဖဝါးပေါ်မှာခြေအိတ်တစ်စုံသာရှိသည်။

အခုဆိုခြေအိတ်များမှာရွှံ့နှင့်မြက်များပေသွားပြီပင်။ သူ့မှာအသန့်ကြိုက်ရောဂါရှိသဖြင့် သူမသက်မသာဖြစ်နေပြီဖြစ်သည်။ သို့သော်ရွှီယန့်တစ်ယောက်သူ့ခြေထောက်ကိုကူချွတ်ပေးရန်ပြင်လာစဥ် သူတစ်ဖက်လူ၏လက်များမှာရေလောင်းပေါင်းသင်ထားမှုကြောင့်ရွှံနှင့်မြက်များပေနေတာကိုရုတ်တရက်မြင်လိုက်ရသည်။

လင်ခုံးလုရုတ်ခြည်းမျက်မှောင်ကြုတ်မိကာအလျင်စလိုတားလိုက်သည်။
"ခဏ၊ မင်းလက်အရင်သွားဆေးလိုက်အုံး။"

သူသေချာပေါက်သဘောမကျတာမဟုတ်ဘဲ သူထိုရှည်သွယ်ကာလှပသောလက်တစ်စုံကရွှံ့ပေနေတာကိုမြင်လိုက်ရတော့သူမသက်မသာဖြစ်သွားမိရုံသာ။

ရွှီယန့်ကတိတ်တိတ်လေးလှောင်ပြုံးပြုံးလိုက်ပြီး သူပြောလို့မပြီးသေးခင်ရုတ်ခြည်းသူ့ခြေဖဝါးပေါ်ကခြေအိတ်ကိုမြန်မြန်ဆွဲချွတ်လိုက်သည်။

အခန်းထဲမှာလေအေးပေးစက်ဖွင့်ထားသဖြင့် လင်ခုံးလုသူ့ခြေဖဝါးရုတ်တရက်အေးသွားတာကိုခံစားမိလိုက်ပြီး အလိုလိုကျုံ့လိုက်မိပေမဲ့ နောက်တစ်ခဏမှာဆုပ်ကိုင်ကာလှမ်းဆွဲခံလိုက်ရသည်။

"အာ!" လင်ခုံးလုမျက်လုံးများဝိုင်းစက်သွားရကာ ရွှီယန့်ကိုအထိတ်တလန့်ကြည့်လိုက်မိသည်။

ရွှီယန့်ကမျက်လွှာချကာသူ့ခြေဖဝါးကိုကြည့်လိုက်သည်။

ကောင်လေး၏အသားအရည်မှာအလွန်ဖြူဖွေးလှပြီး သူ့ခြေဖဝါးမှာအလွန်သန့်ရှင်းလို့နေသည်။ သူဟာပုံမှန်ဆိုဖိနပ်မဝတ်ထားသဖြင့်ဖုန်မှုန့်တို့ပေကျံနေခြင်းမရှိ။ ဒီအချိန်မှာ သူတစ်ဖက်လူ၏ခြေထောက်ကိုဆုပ်ကိုင်ကာကြည့်မေရင်း ​ခြေဖဝါးမှာတဖြည်းဖြည်းချင်းပန်းရောင်သမ်းလာပြီး သူ၏လုံးဝိုင်းဝိုင်းခြေချောင်းလေးများမှာအလိုလိုကွေးတက်သွားကာ ပန်းရောင်ခြေသည်းများမှာလည်းပန်းရောင်ပွင့်ဖတ်များပမာ။

ရွှီယန့်၏မျက်လုံးများနက်မှောင်သွားပြီး သူ့အကြည့်ကိုတဖြည်းဖြည်းချင်းအပေါ်တက်လိုက်ကာ သူဆုပ်ကိုင်ထားသည့်ခြေကျင်းဝတ်ပေါ်ကျရောက်သွားသည်။

ထိုနေရာကအသားအရည်မှာလည်းအလွန်နူးညံ့လို့နေပြီး သူ့လက်မနှင့်ခပ်ဖွဖွပွတ်လိုက်ရုံနှင့်တင် နီရဲသွားကာရွှံ့ကွက်ငယ်လေးတစ်ကွက်ကျန်ရစ်ခဲ့လေသည်။

လတ်စသတ်တော့အလွယ်လေးညစ်ပေနိုင်တာပဲ။

သူ့မျက်လုံးများတဖြည်းဖြည်းချင်းနက်မှောင်သွားကာ သူ့လက်ချောင်းများကကောင်လေး၏ခြေကျင်းဝတ်ကိုဆက်တိုက်ပွတ်သပ်လျက် ပေါင်းသင်တုန်းကသူ့လက်မှာပေခဲ့သည့်ရွှံ့များကိုတစ်ဖက်လူ၏ဖြူဖွေးနူးညံ့သောအသားအရည်ပေါ်ပျံ့နှံ့စေလိုက်သည်။

လင်ခုံးလုသူ့ခြေကျင်းဝတ်ကအရေပြားပူနွေးလာသည်ဟုခံစားလိုက်ရပေမဲ့ တဖြည်းဖြည်းနှင့်တစ်ဖက်လူကိုဒါနှင့်တင်မကျေနပ်ဘဲ သူ့လက်ချောင်းထိပ်များနှင့်ဖြည်းဖြည်းချင်းအပေါ်တက်လာကာ သူ့၏ဘောင်းဘီကိုဒူးဆစ်အထိပင့်တင်လိုက်သည်။

လင်ခုံးလုပင့်သက်ရှိုက်လိုက်မိကာ နောက်ဆုံးမှာတစ်ခုခုမှားနေပြီမှန်းသဘောပေါက်သွားသည်။ သူဘောင်းဘီပျောက်သွားတဲ့ပုံပဲ။

သူအလျင်စလိုပြန်ဆွဲယူချင်ပေမဲ့လုပ်မရပေ။ သူတစ်ဖက်လူကိုကန်လိုက်ချင်ပေမဲ့သူ့ခြေထောက်နာသွားမှာစိုးသည်။ အဆုံးမှာတော့သူနောက်ခြေထောက်တစ်ဖက်ကိုမြှောက်ကာ တစ်ဖက်လူ၏ရင်ဘတ်ပေါ်တက်နင်းရုံသာတတ်နိုင်ပြီး ဒေါသတကြီးပြောလိုက်မိသည်။
"မင်း၊ လွှတ်စမ်း။"

ရွှီယန့်၏မျက်လုံးများမှာတည်ငြိမ်လို့နေကာ ၎င်းကိုကြည့်လိုက်ပေမဲ့ မလွှတ်ပေးဘဲ သူ့လက်ချောင်းများကအပေါ်ဆက်တက်လာသည်။

လူငယ်လေး၏​ခြေသလုံးများမှာလည်းအရမ်းလှပြီး အရိုးနှင့်အသားများပင်ပိန်သွယ်ကာဖြူဖွေးလို့နေသည်။ သူခုနကလိုမျိုးအလွယ်လေးညစ်ပတ်အောင်လုပ်လို့ရတယ်၊ ဒါမှမဟုတ်....သူခါးကိုင်းပြီးခပ်ဖွဖွနမ်းလိုက်လို့ရတယ်။

လင်ခုံးလုဦးရေပြားကျင်တက်သွားရသည်။ သူ့အကြည့်ကတစ်စုံတစ်ယောက်ကိုစားဖို့ပြင်နေပုံပေါက်နေမှန်းမြင်လိုက်ရတော့ သူနောက်ဆုံးမှာထိတ်လန့်သွားကာသူ့မျက်လုံးများနီရဲသွားပြီး နူးညံ့စွာပြောလိုက်သည်။
"မင်းငါ့ကိုနာအောင်လုပ်နေတာပဲ၊ ငါ့ ငါ့ခြေထောက်ကျိုးထားတာပြန်မကောင်းသေးဘူး။"

ရွှီယန့်မသိမသာတန့်သွားကာ နောက်ဆုံးမှာသူ့ကိုခေါင်းမော့ကြည့်လိုက်သည်။ အချိန်အတော်ကြာသွားပြီးမှ သူဖြည်းဖြည်းချင်းလွှတ်ပေးလိုက်လေသည်။

လင်ခုံးလုသက်မချလိုက်မိပြီးမှ လက်တုံ့ပြန်သည့်အနေဖြင့်သူ့ခြေဖဝါးကိုရင်ဘတ်ပေါ်အသာနင်းကာ သူ့နောက်ခြေဖဝါးတစ်ဖက်ကရွှံကိုသူ့အကျီနှင့်တိတ်တခိုးအသာပွတ်သုတ်လိုက်သည်။

သို့သော်ပွတ်ပြီးနောက် သူအနည်းငယ်နောင်တရသွားမိသည်။ အခု​ဆိုသူ့ခြေထောက်များကလက်လျှောက်ရအဆင်မပြေသဖြင့် သူရွှီယန့်ကိုရေချိုးခန်းဆီသူ့ကိုချီပို့စေချင်သေးသည်။

သခင်လေးကအလျင်မလိုစွာနှင့်အပြစ်ရှိစွာခြေဖဝါးကိုပြန်ရုတ်လိုက်ပြီး ရွှီယန့်ကိုတိတ်တခိုးတစ်ချက်လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူသူ့ကို​ဒေါသမထွက်သွားတာမြင်တော့ သူသူ့ကိုထပ်ခိုင်းလိုက်သည်။
"မင်းရှပ်အကျီကိုချွတ်ပြီးငါ့ကိုရေချိုးခန်းထဲခေါ်သွားပေး။"

သူဒီတစ်ခေါက်မှာဘာရည်ရွယ်ချက်မှမရှိဘူးလို့ကျိန်ဆိုတယ်။ တစ်ဖက်လူရဲ့ရှပ်အကျီကသူ့ခြေဖဝါးကြောင့်ရွှံ့ပေသွားတာမို့လို့ပဲ။

ရွှီယန့်ကတော့သိသိသာသာကိုထိုသို့မထင်။ သခင်လေးကသူ့ကိုဖြား​ယောင်းနေသည်ဟုထင်သွားပြန်သည်။

သူလူငယ်လေး၏ဖြူစင်သောမျက်လုံးများထဲနင့်နင့်နဲနဲစိုက်ကြည့်ကာ ရုတ်တရက်ပြုံးလိုက်မိသည်။

လင်ခုံးလုဒီကမ္ဘာကိုပြန်လာပြီးနောက်မှာ သူပြုံးတာကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းပေမို့ မနေနိုင်ဘဲမိန်းမောသွားရသည်။

သို့သော်ထို့နောက်တစ်ဖက်လူကသူ့ဘေးတစ်ဖက်တစ်ချက်စီမှာလက်မောင်းများတင်ပြီး ဖြည်းဖြည်းချင်းအနားတိုးကပ်ကာ သူ့ကိုမျက်ဝန်းနက်များဖြင့်ကြည့်ပြီး ရက်စက်သောလေသံဖြင့်မေးလာသည်။
"သခင်လေး၊ မင်းကရုပ်ဆိုးတဲ့အလုပ်သမားကိုဖြားယောင်းနေမှန်း မင်းရဲ့စေ့စပ်မဲ့သူကြီးသိရဲ့လား။"

လင်ခုံးလုတောင့်ခဲသွားရကာ အသိပြန်ဝင်လာပြီးနောက် သူချက်ချင်းသူ့ကိုရှက်ရွံ့စွာတွန်းထုတ်ပြီး အက်ရှရှပြောလို​က်သည်။
"မင်း၊ မင်းဘာတွေပြောနေတာလဲ။ ငါကမင်းကမင်းကိုအမိန့်ပေးရုံပဲ၊ အတည်ယူမနေနဲ့။"

"တကယ်??" ရွှီယန့်မှာမရွေ့သွားပေမဲ့ သူ့ဘာသာသူမသိမသာအကွာအဝေးခြားကာ သူ့ကိုကြည့်ပြီးမေးလိုက်သည်။
"အစေခံတွေကိုအကျီချွတ်ပြီး သခင်လေးကိုဖက်ဖို့အမိန့်ပေးတယ်? အခြားအစေခံတွေကိုကောအဲ့လိုလုပ်ခဲ့သေးလား။ ဒါမှမဟုတ်သခင်လေးကအထီးကျန်နေလို့ ကျွန်တော့်ကိုရွေးလိုက်တာလား။ သခင်လေးရဲ့စေ့စပ်မဲ့သူကသခင်လေးကိုကျေနပ်အောင်မလုပ်ပေးနိုင်ဘူးလား။"

လင်ခုံးလုမိန်းမောသွားရကာတွေးလိုက်မိသည်။ ရွှီယန့်ကအခုပဲချန်ပေါ့်တပည့်ဖြစ်လာတာလားဟ?

ထိုစဥ်ရွှီယန့်ကလည်းချန်ပေါ်ကိုတွေးမိသွားကာသူ့နားထဲမှာနူးညံ့စွာမေးလိုက်သည်။
"ဒီနေ့ချန်ပေါ်မင်းကိုဘာပြောခဲ့တာလဲ။ ကျွန်တော်မရောက်ခင်တုန်းက သူ...."

သူမရောက်ခင်တုန်းကချန်ပေါ်တစ်ခုခုပိုပြီးကျူးလွန်ခဲ့သေးလား၊ လွန်ကျူးတာတစ်ခုခုပြောခဲ့သေးလားဆိုတာသူသိချင်မိသည်။ ကောင်လေးကိုအနိုင်ကျင့်တုန်းကချန်ပေါ်ပြောခဲ့တဲ့စကားကိုပြန်တွေးမိသည်နှင့် သူတစ်ဖက်လူ၏လျှာကိုချက်ချင်းဖြတ်ပစ်ချင်မိသည်။

သို့သော်သခင်လေးကသူ့ကိုသိသိသာသာကိုအလွန်ဒေါသထွက်သွားသည်။ သူကရှိသမျှအားကုန်သုံးကာသူ့ကိုရုတ်ခြည်းတွန်းထုတ်ပြီး အောက်ထပ်ကိုနီရဲသောမျက်လုံးများဖြင့်ဒေါသတကြီးအော်လိုက်လေသည်။
"ရှပူးအာ၊ ကျွန်းကိုချက်ချင်းသွားပြီးတော့ ငါ့အတွက်ပြုစုစောင့်ရှောက်သူတစ်ယောက်ငှားပေး၊ တစ်လကိုလစာ၈၈၀၀၀၊ ရေချိုးပေးနိုင်တဲ့လူမျိုး။"

__________

မူရင်းစာရေးသူမှာပြောစရာရှိတယ်:

သခင်လေးကမစေ့စပ်ရသေးဘဲ ကျွန်းပေါ်သွားဖို့လှည့်စားခံလိုက်ရတာရယ်။ ရဲတိုက်ကစုန့်လင်ပိုင်တာမဟုတ်လို့ သူ့ဆီကလက်ဆောင်လို့ယူဆလို့မရဘူး။ ရှောင်လုကဒါကိုသိတယ်။

_________

Arc(9) မိစ္ဆာနတ္ဘုရား၏ရည္းစားေဟာင္း(၅)။

ခ်န္ေပၚအရိုက္ခံလိုက္ရတာျမင္ေတာ့ ကစားသမားအသစ္ႏွစ္ေယာက္မွာအနည္းငယ္ဇေဝဇဝါျဖစ္သြားကာ ဘာျဖစ္သြားမွန္းနားမလည္ၾကေပ။

ဝါရင့္ကစားသမားမ်ားကေတာ့လူငယ္ေလးကေျမျပင္ေပၚျပဳတ္က်ေနၿပီး သူ၏ပိုးသားအက်ီေကာ္လာမွာဆြဲဖြင့္ခံထားရသည့္အျပင္ သူ၏ႏူးညံ့လွပေသာမ်က္ႏွာေလးမွာလည္းထိတ္လန့္မႈႏွင့္အမ်က္ေဒါသတို႔ျပည့္ေနတာျမင္လိုက္ရေတာ့ ေတြးၾကည့္စရာပင္မလိုဘဲ အေၾကာင္းရင္းကို႐ုတ္ျခည္းခန့္မွန္းမိလိုက္သည္။

ခ်န္ေပၚ၊ အဲ့အ႐ူးကသခင္ေလးကိုခုနကအနိုင္က်င့္ခ်င္ခဲ့တာပဲ။ ေဘာပဲ၊ သူတို႔ေထာင္ကိုဒီလိုဝက္အသင္းေဖာ္မ်ိဳးနဲ႕ေရာက္လာမိတာပဲ။

ယြမ္ရွီးခြၽမ္းကသူ၏ေ႐ႊကိုင္းမ်က္မွန္ကိုပင့္တင္ကာၿပဳံးေနတုန္းဆိုေပမဲ့သူ႕မ်က္လုံးမ်ားမွာေတာ့အနည္းငယ္ပိုေအးစက္သြားေလသည္။

အမ်ိဳးသမီးကစားသမားႏွစ္ေယာက္ျဖစ္သည့္က်ိခ်င္းခ်င္းႏွင့္ဝမ္ရန္မွာေတာ့ပို၍ပင္စက္ဆုပ္႐ြံရွာသြားပုံပင္။ အၿမဲတေစႏႈတ္ဆိတ္ေနတတ္သည့္ယန္ဖုန္းကေရွ႕တိုးကာေျခေထာက္ျမႇောက္ၿပီး ခ်န္ေပၚ၏ေနာက္လက္တစ္ဖက္ကိုတက္နင္းကာ စနစ္ေနရာလြတ္ထဲကလက္နက္ထုတ္ယူေနတာကိုတားလိုက္ၿပီး လင္ခုံးလုႏွင့္အိမ္ေတာ္ထိန္းကိုေျပာလိုက္သည္။
"စိတ္မေကာင္းပါဘူး။"

လင္ခုံးလုကၾကားပုံမေပၚဘဲ ႐ႊီယန့္ကိုအနည္းငယ္သနားစရာေကာင္းစြာလက္ဆန့္တန္းေပးထားတုန္းပင္။

႐ႊီယန့္ကတုတ္တုတ္မလႈပ္ဘဲ ထိုေနရာမွာရပ္ကာသူ႕ကိုတိတ္တိတ္ေလးၾကည့္ေနၿပီး သူ႕အၾကည့္မွာအနည္းငယ္ပို၍ပင္ႏွိမ့္ခ်လိဳ႕ေနသည္။

ဥယ်ာဥ္မွာခုနကပဲေရေလာင္းထားသျဖင့္ ေနရာတခ်ိဳ႕ကေျမႀကီးမွာႏူးအိလို႔ေနသည္။ ျဖစ္ခ်င္ေတာ့ အၿမဲအသန့္ႀကိဳက္သည့္သခင္ေလးက႐ႊံ႕ထေနေသာေနရာထဲျပဳတ္က်သြားေလသည္။ သူ႕ေျခေထာက္မ်ားမွာအားနည္းစြာေကြးထားသည္။ သူ၏ျဖဴေဖြးေသာမ်က္ႏွာေပၚမွာအေၾကာင္းမဲ့စြာ႐ႊံ႕စက္တစ္စက္ရွိေနၿပီး သူဟာစိုးရိမ္ေၾကာက္လန့္ကာေခါင္းမာေနပုံရၿပီး သူ႕ကိုေခါင္းမာမာႏွင့္ၾကည့္ေနေပသည္။

ၾကည့္ရတာေတာ့သူ႕လက္မ်ားေညာင္းလာပုံပင္။ သူမလႈပ္မယွက္ရွိေနေသးတာျမင္ေတာ့ သခင္ေလးကမသိမသာစိတ္ပ်က္သြားကာ ခက္ထန္စြာထပ္ေျပာလိုက္သည္။
"ငါမင္းကိုငါ့ကိုလာေခၚဖို႔အမိန့္ေပးေနတယ္ေလ။ ငါေျပာတာၾကားလားး။"

သို႔ေသာ္ဒီအခိုက္အတန့္မွာသူ႐ႊံ႕ဗြက္ထဲကိုဘယ္လိုပုံစံႏွင့္ျပဳတ္က်သြားလဲမသိေပ။ သူ႕အဝတ္အစားမ်ားမွာရႈပ္ပြေနၿပီး သူ၏ပိန္ပါးေသာလက္ေကာက္ဝတ္ႏွင့္ညွပ္ရိုးမ်ားေပၚထြက္ေနကာ သူကအနည္းငယ္ရွက္ေနပုံရသည္။ သူ၏ခက္ထန္မႈကိုျပသဖို႔က်ယ္က်ယ္ဖြင့္ထားရန္ႀကိဳးစားေနသည့္သူ႕မ်က္လုံးနက္မ်ားမွာလည္း ၎တို႔၏ထူးကဲေသာအလွတရားႏွင့္နီရဲရဲမ်က္ဝန္းတို႔ေၾကာင့္ ရိုးသားပြင့္လင္းကာသနားစရာေကာင္းပုံေပၚလ်က္ရွိသည္။

႐ႊီယန့္၏မ်က္လုံးမ်ားတျဖည္းျဖည္းခ်င္းမည္းေမွာင္သြားရၿပီး ဒီအခိုက္အတန့္မွာသခင္ေလးကိုၾကည့္ေနရင္း သူဟာ႐ႊံ႕ႏြံ႕ထဲျပဳတ္က်သြားသည့္ႏွင္းဆီငယ္ေလးတစ္ပြင့္ႏွင့္ပိုတူသည္ဟုေတြးလိုက္မိသည္။

ႏူးညံ့လွပေပမဲ့တအားအားနည္းၿပီးေတာ့ပတ္ဝန္းက်င္က႐ႊံ႕ႏွင့္သဟဇာတမျဖစ္ဘူး။ ဒါေပမဲ့လူေတြကိုမေနနိုင္ဘဲသူ႕ကို႐ႊံ႕ဗြက္ထဲတြန္းခ်ကာ လုံးဝညစ္ေထးၿပီး နစ္ျမဳပ္သြားေစခ်င္ကာ သန့္ရွင္းေသာေရႏွင့္ျပည့္ေနသည့္အလွပန္းအိုးဆီဘယ္ေတာ့မွျပန္မသြားေစခ်င္ေပ။

ႏွင္းဆီေတြကႏြယ္ထဲမွာပြင့္သင့္တာကို ဘာလို႔ထြက္သြားသင့္တာလဲ။

သူရပ္ၿမဲရပ္ေနတာေၾကာင့္လားမသိ၊ အိမ္ေတာ္ထိန္းကဟိုဘက္ဒီဘက္ၾကည့္လိုက္ၿပီး ေနာက္ဆုံးမွာမေနနိုင္ဘဲေရွ႕တိုးကာ:
"သခင္ေလး၊ ဘာလို႔ကြၽန္ေတာ္သခင္ေလးကို....."

သူ"ျပန္ေခၚ"ဆိုသည့္စကားလုံးမဆုံးေသးခင္ အရပ္ရွည္ရွည္ပုံရိပ္က႐ုတ္တရက္သူ႕ကိုျဖတ္ေက်ာ္သြားၿပီး ၎မွာသန့္ရွင္းၾကည္လင္ကာေအးျမေပမဲ့ အနည္းငယ္ေအးစက္လို႔ေနသည္။

အိမ္ေတာ္ထိန္းမတုံ႕ျပန္နိုင္ခင္ ဥယ်ာဥ္မႉးအသစ္ကသခင္ေလးကိုေလွ်ာက္သြားကာ သူ၏ပိန္ပါးပါးေက်ာျပင္ကိုေကြးၿပီး သူ၏သြယ္လ်လ်လက္ေမာင္းမ်ားကိုသခင္ေလး၏ေျခေထာက္ႏွင့္ခါးေပၚမွာတင္ကာ သူ႕ကိုအလြယ္ေလးေကာက္ခ်ီလိုက္တာကိုျမင္လိုက္ရသည္။

႐ႊီယန့္၏လက္ကလင္ခုံးလုခါးေပၚေရာက္သြားခ်ိန္ သူတန့္သြားပုံရကာသူ႕ရင္ခြင္ထဲကလူငယ္ေလးကိုငုံ႕ၾကည့္လိုက္သည္။

ခါးကအရမ္းကိုႏူးညံ့ၿပီးေသးသြယ္လိုက္တာ၊ မွတ္ဉာဏ္ထဲကလိုမ်ိဳးပဲ။

သူအလိုလိုေတြးလိုက္မိသည္။

ဒါေပမဲ့အဲ့မွတ္ဉာဏ္ကဘယ္တုန္းကလဲ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကလား၊ မဟုတ္ဘူး၊ အရမ္းေဝးလြန္းတယ္။

ျဖစ္ခ်င္ေတာ့ဒီအခိုက္အတန့္မွာသခင္ေလးကေခါင္းေမာ့ၾကည့္လာၿပီး သူ၏သံသယမ်က္ဝန္းမ်ားကသူႏွင့္အၾကည့္ခ်င္းဆုံသြားကာ တိတ္တိတ္ေလးေမးေနသည့္အလား: မင္းဘာလို႔မလႈပ္ေသးတာလဲ။

႐ႊီယန့္အၾကည့္လႊဲကာသူ႕ကိုခ်ီၿပီး လွည့္ထြက္သြားလိုက္သည္။

အိမ္ေတာ္ထိန္းမွာ"အယ္"ဟုဆိုလိုက္မိၿပီး ေနာက္ဆုံးမွာေတာ့ထိုႏွစ္ေယာက္ၾကားကေလထုမွာတစ္ခုခုမွားေနပုံရမွန္းအလိုလိုသေဘာေပါက္သြားသည္။

အနာဂတ္မွာလင္သခင္ေလးကသူ႕သခင္ေလးစုန့္လင္နဲ႕လက္ထပ္ရမွာေလ။ ဒီဥယ်ာဥ္မႉးကငယ္႐ြယ္ၿပီးၾကည့္ေကာင္းတယ္။ အကယ္၍.... ၿခဳံေျပာရရင္ဒီဟာနဲ႕ပတ္သတ္ၿပီးတစ္ခုခုမွားေနလားလို႔?

သို႔ေသာ္ေနာက္ေတာ့သူထပ္ေတြးလိုက္ခ်ိန္ သူအေတြးလြန္ေနတာျဖစ္ေလာက္မည္။ အဆုံးမွာေတာ့ဥယ်ာဥ္မႉး၏မ်က္ႏွာတစ္ျခမ္းကအက်ည္းတန္ေနသည္ပင္။ တစ္ခါတရံထိုအမာ႐ြတ္ႏွင့္မ်က္ႏွာတစ္ျခမ္းကိုျမင္လိုက္ရခ်ိန္မွာသူလန့္သြားတတ္သည္။ အလွတရားကိုခ်စ္ျမတ္နိုးတဲ့ေမာက္မာတဲ့သခင္ေလးဆိုေျပာမေနႏွင့္ေတာ့။ ထို႔အျပင္ဥယ်ာဥ္မႉးကဆင္းရဲၿပီး သူ႕သခင္ေလးစုန့္လင္ေလာက္မေကာင္းေပ။ သခင္ေလးသူ႕ကိုစိတ္မဝင္စားေလာက္ပါဘူး....

သူထိုအေၾကာင္းေတြးေနစဥ္ လင္ခုံးလုက႐ႊီယန့္၏ရင္ခြင္ထဲမွေခါင္းေလးျပဴထြက္ကာ ေျမႀကီးေပၚကခ်န္ေပၚကိုလက္ညိုးထိုးၿပီး သူ႕ကိုအမိန့္ေပးလာျပန္သည္။
"သူ႕ကိုကန္ထုတ္လိုက္ေတာ့။"

ထိုသို႔ေျပာၿပီးေနာက္ သူကခ်စ္စရာႏွင္းဆီငယ္ေလးပမာ ႐ႊီယန့္၏ရင္ခြင္ထဲျပန္ဝင္သြားေလသည္။

႐ႊီယန္သူ႕ကိုမသိမသာတစ္ခ်က္ငုံ႕ၾကည့္လိုက္ၿပီး အိမ္ေတာ္ထိန္းကေတာ့အေနာက္မွအလ်င္စလိုေခါင္းၿငိမ့္ျပလာသည္။

*

ျဖစ္ခ်င္ေတာ့ဒီအခ်ိန္မွာခ်န္ေပၚကျပဳျပင္သည့္ေဆးရည္ကိုလဲလွယ္ကာ သူ႕မ်က္လုံးႏွင့္လက္အရိုးမ်ားကိုျပန္ျပင္လိုက္သည္။

သူသူ႕မ်က္လုံးဆီကေသြးကိုသုတ္လိုက္ၿပီး ယန္ဖုန္းကသူ႕ေနာက္လက္တစ္ဖက္ကိုတက္နင္းထားတာျမင္ေတာ့ သူအလြန္ေဒါသထြက္သြားကာခ်က္ခ်င္းက်ိန္ဆဲလိုက္မိသည္။ "မိုးေမလင္း အား အား-"

ယန္ဖုန္းက႐ုတ္ျခည္းေျခေထာက္ကိုအားထည့္ကာသတိေပးလိုက္သည္။
"ငါမင္းကိုဒီကထြက္သြားၿပီးျပႆနာမရွာဖို႔အႀကံေပးတယ္။"

ခ်န္ေပၚသူဆိုလိုတာကိုခ်က္ခ်င္းနားလည္သြားသည္။ လူတိုင္းကအခုမွကြၽန္းေပၚကိုေရာက္လာၿပီး အေျခအေနကိုေသခ်ာမသိရေသးေပ။ သူတို႔လိုအပ္သေလာက္ရဲတိုက္ထဲမွာအရင္ေနရမည္။ ၿပီးေတာ့ဒီကေန႕သူ၏လုပ္ရပ္ကလူတိုင္းကိုဒုကၡျဖစ္ေစခဲ့သည္။ သူသာမထြက္သြားရင္ အျခားကစားသမ်ားကသူ႕ကိုထြက္သြားဖို႔"ေတာင္းဆို"လိမ့္မည္ပင္။

ထိုစဥ္အိမ္ေတာ္ကလည္းကစားသမားမ်ားကိုၾကည့္ကာအေလးပနက္ေမးလာသည္။
"မင္းတို႔ေတြကသူ႕သူငယ္ခ်င္းလား။"

"အာ၊ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။ ကြၽန္ေတာ္တို႔ဒီကိုလာတုန္းကသူ႕ကိုကြၽန္ေတာ္နဲ႕လမ္းတူတူမွာေတြ႕ခဲ့ေတာ့ မိတ္ေဆြေတြျဖစ္သြားၾကတာေလ။ ကြၽန္ေတာ္တို႔ကသူနဲ႕သိပ္မရင္းႏွီးပါဘူး။"

ယြမ္ရွီးခြၽမ္းကအလ်င္စလိုရွင္းျပလိုက္ၿပီး ဆက္ဆံေရးကိုလုံးဝလ်စ္လ်ဴရႉလိုက္သည္။

ခ်န္ေပၚကေလွာင္ၿပဳံးၿပဳံးကာက်ိန္ဆဲေလသည္။
"ေကာင္းၿပီေလ၊ မင္းတို႔ေတြကN...ဟက္၊ မင္းတို႔ေတြသခင္ေလးရဲ႕ေျခေထာက္ပိန္ပိန္ေလးကိုဖက္ၿပီးေတာ့ဘာရလဒ္ေကာင္းရလာမလဲဆိုတာငါၾကည့္ခ်င္ပါေသးတယ္။"

ေျခေထာက္ပိန္ပိန္ေလး?

ဒီတစ္ခ်ိန္လုံးႏႈတ္ဆိတ္ေနခဲ့သည့္ေကာယြိမွာေအာ္ရယ္မိလုမတတ္ျဖစ္သြားေပမဲ့ ေတြးၾကည့္လိုက္ေတာ့ ဒီေဖာ္ျပခ်က္ကေတာ္ေတာ္ေလးသင့္ေတာ္သည္ဟုခံစားလိုက္ရသည္။

ယန္ဖုန္းကသူ႕ကို႐ုတ္ျခည္းလွည့္ၾကည့္လာၿပီး သူ႕မ်က္လုံးမ်ားကအနည္းငယ္စူးရွေနပုံရေတာ့ သူ႕ကိုလန့္သြားေစကာအလ်င္စလိုအရယ္ရပ္လိုက္မိသည္။

ကံေကာင္းခ်င္ေတာ့တစ္ဖက္လူကအၾကည့္လႊဲသြားၿပီး ခ်န္ေပၚ၏လက္ေကာက္ဝတ္ေပၚကေျခဖဝါးကိုျပန္႐ုတ္လိုက္သည္။

ခ်န္ေပၚကခ်က္ခ်င္းထရပ္ကာက်ိန္ဆဲေလသည္။
"ယန္မ်ိဳးရိုး၊ ဒီေန႕အေႂကြးကိုမွတ္ထားလိုက္ၿပီ၊ ေစာင့္ၾကည့္ၾကတာေပါ့။"

ထိုသို့ပြောပြီးနောက်သူအခြားကစားသမားများကိုလှမ်းကြည့်ကာအေးစက်စက်အသံဖြင့်ပြောလ်ုက်သည်။
"ငါ့အထင္ရဲတိုက္ထဲမွာေနတာပိုေကာင္းတယ္။ အင္း၊ ငါနဲ႕အတူအျပင္လိုက္ထြက္ခ်င္တဲ့လူရွိလား။ ငါ့ပစၥည္းေတြကိုရွဲေပးနိုင္တယ္ေနာ္။"

အဓိပ္ပါယ်မှာသူလက်နက်ကိုဘယ်လိုရှဲရမလဲသူသိတယ်ဟု။

သို႔ေသာ္ဘယ္သူမွမတုံ႕ျပန္လာသျဖင့္ သူကစားသမားအသစ္ႏွစ္ေယာက္ကိုလွမ္းၾကည့္လိုက္သည္။

ဟြမ္က်ားဝမ္ႏွင့္ကုန္းေဝမွာသူ၏ေအးစက္စက္အၾကည့္ႏွင့္ဆုံသြားၿပီး အထိတ္အလန့္ေနာက္ဆုတ္လိုက္မိသည္။

"သိပ္ေကာင္းတယ္၊ မင္းတို႔ကအတူကပ္ေနရတာသေဘာက်တယ္မလား။ မင္းတို႔ေတြငါမရွိဘဲတစ္ခုခုလုပ္နိုင္မယ္ဆိုတာငါမယုံဘူး။"
ထိုသို႔ေျပာၿပီးေနာက္ သူအေနာက္လွည့္ကာရဲတိုက္အျပင္ကိုခုန္ထြက္သြားေတာ့သည္။

ကုန္းေဝကကိုင္းနက္မ်က္မွန္ကိုတပ္ထားၿပီး အနည္းငယ္ေၾကာင္အမ္းသြားပုံပင္။ အိမ္ေတာ္ထိန္းထြက္သြားသည္ႏွင့္ သူတုံ႕ဆိုင္းကာေျပာလိုက္မိသည္။
"ဒီလိုျဖစ္တာကြၽန္ေတာ္တို႔အတြက္မေကာင္းဘူးလားလို႔?" ကြၽန္ေတာ္တို႔အကုန္လုံးကတစ္ဖြဲ႕တည္းသားေတြမဟုတ္ဘူးလား။

ဝမ္ရန္ကခပ္ဖြဖြေလွာင္ၿပဳံးၿပဳံးကာ သူမ၏လွိုင္းတြန့္ဆံပင္ရွည္ကိုခါၿပီး ညွို႔အားျပင္းစြာဆိုလာသည္။
"ဘာမွားလို႔လဲ။ ဒီတိုင္းအခြင့္ႀကဳံလို႔ဆုံၾကတာပဲေလ၊ ငါတို႔ကယာယီခရီးအတူသြားေနၾကတာ။ ၿပီးေတာ့တို႔မင္းကိုေျပာလိုက္မယ္၊ သူ႕ေအာက္ပိုင္းမထိန္းခ်ဳပ္နိုင္တဲ့သူ႕လိုအမွိုက္မ်ိဳးကို သခင္ေလးကသင္းကြပ္လိုက္သင့္တာ။"

"ဟုတ္တယ္။" က်ိခ်င္းခ်င္းကစကားႏွစ္လုံးကိုေအးစက္စက္ေျပာလာသည္။ သူမကခ်စ္ဖို႔ေကာင္းပုံေပါက္ေပမဲ့ အၿမဲတမ္းမ်က္ႏွာေသႏွင့္ေအးစက္ေသာပင္ကိုယ္စရိုက္ရွိေတာ့ သူမ၏ခ်စ္စရာေကာင္းမႈကိုကြဲထြက္သြားေစသည္။

ဝမ္ရန္ကအရိုးမရွိသည့္အလားသူမကိုမွီလိုက္ၿပီး ခ်ဲ့ကားေျပာဆိုလိုက္သည္။
"ဝိုး၊ ခ်င္းခ်င္းက်ဲမွာေ႐ႊပါးစပ္ရွိတာပဲ။ တို႔မွန္တယ္ထင္တယ္ေပါ့?"

က်ိခ်င္းခ်င္းကသူမကိုတစ္ခ်က္ၾကည့္ကာဘာမွမဆိုဘဲလွည့္ထြက္သြားေတာ့သည္။

"ကြၽတ္ကြၽတ္၊ ပ်င္းစရာႀကီး။"
ဝမ္ရန္ႏွေျမာတႆျဖင့္ေခါင္းရမ္းလိုက္မိသည္။

ဟြမ္က်ားဝမ္တစ္ေယာက္သာေရွာ့ခ္ရေနတုန္းျဖစ္ၿပီး ေနာက္ဆုံးမွာအလိုလိုသေဘာေပါက္သြားသည္။ ခုနကခ်န္ေပၚကသခင္ေလးကိုေစာ္ကားခ်င္ခဲ့တာေပါ့? သခင္ေလးကအဲ့ေလာက္ေဒါသထြက္သြားတာမဆန္းဘူး။ အဲ့ဝက္ေခါင္းကတကယ္ႀကီးငန္းသားစားခ်င္ေနတာပဲ။

*

ထိုစဥ္ အသားစားခ်င္သည့္ေနာက္လူတစ္ေယာက္မွာသခင္ေလးကိုတတိယထပ္ကမာစတာအိပ္ခန္းဆီျပန္ေခၚသြားၿပီပင္။

သူ႕အဝတ္အစားမ်ားမွာ႐ႊံ႕ေပေနေသာေၾကာင့္ လင္ခုံးလုမွာေအာက္ခ်ေပးခံရၿပီးေနာက္ သူ၏ျပန္မေကာင္းေသးသည့္က်ိဳးထားေသာေျခသလုံးကိုအသာကန္ကာေဒါသတႀကီးေျပာလိုက္သည္။
"ငါ့ကိုအဝတ္လဲကူေပးအုံး။"

႐ႊီယန့္မွာဒီအတိုင္းရပ္ေနၿပီး ဒါကိုၾကားေတာ့ေအးခဲသြားရကာ ဒီစကား၏အဓိပ္ပါယ်ကိုအတည်ပြုရန်အလား သူ႕ကိုမွင္ေသေသၾကည့္လိုက္မိသည္။

သူ႕ကိုျမင္ေတာ့လင္ခုံးလုေဒါသ႐ုတ္ျခည္းေလ်ာ့က်သြားရသည္။ သူအေၾကာင္းမဲ့အျပစ္ရွိစိတ္ခံစားလိုက္ရကာ တုန္ခါေနေသာေလသံျဖင့္ေျပာလိုက္သည္။
"ဘာ ဘာၾကည့္ေနတာလဲ။ ငါမင္းကိုအမိန့္ေပးေနတယ္ေလ၊ ငါေျပာတာၾကားလား။"

သူတစ္ဖက္လူကိုေသြးေဆာင္ျဖားေယာင္းခ်င္ေနတာမွန္းသူဝန္ခံရေပမည္။

မင္းခံစားခ်က္ကိုအရင္က်င့္ႀကံၿပီးမွမင္းကိုယ္မင္းသန့္ရွင္းရမယ္၊ ဒါမွမေကာင္းတဲ့စိတ္တန္ဖိုးေလ်ာ့က်သြားနိုင္မွာ။

႐ႊီယန့္ကသူ၏"ဆိုးဝါးေသာ"သ႐ုပ္ေဆာင္စေကးကိုေဖာက္ထြင္းျမင္သြားပုံရကာ သူ၏မ်က္ဝန္းနက္မ်ားကပိုမိုနက္ေမွာင္လာၿပီး အနည္းငယ္ပင္ေအးစက္သြားေလသည္။

လူငယ္ေလးကသူ႕ကိုလုံးဝေမ့သြားေပမဲ့သူ႕ကိုလာျဖားေယာင္းေနတုန္းပဲ.....သူတစ္စုံတစ္ေယာက္ႏွင့္ေစ့စပ္ရေတာ့မဲ့အခ်ိန္မွာေတာင္ေပါ့။

ဟက္။

ရွှီယန့်ရင်ထဲမှာအမည်မသိအဓိပ္ပါယ်နှင့်လှောင်ရယ်လိုက်ပေမဲ့ ေဆာင့္ေၾကာင့္ထိုင္ကာသူ၏ပိန္ပါးကာအခ်ိဳးအစားေကာင္းေသာေျခသလုံးမ်ားကိုဆုပ္ကိုင္လိုက္သည္။

လင္ခုံးလုဝွီးခ်ဲေပၚမွာရွိေနတုန္းကဖိနပ္မဝတ္ထားဘဲ သူ႕ေျခဖဝါးေပၚမွာေျခအိတ္တစ္စုံသာရွိသည္။

အခုဆိုေျခအိတ္မ်ားမွာ႐ႊံ႕ႏွင့္ျမက္မ်ားေပသြားၿပီပင္။ သူ႕မွာအသန့္ႀကိဳက္ေရာဂါရွိသျဖင့္ သူမသက္မသာျဖစ္ေနၿပီျဖစ္သည္။ သို႔ေသာ္႐ႊီယန့္တစ္ေယာက္သူ႕ေျခေထာက္ကိုကူခြၽတ္ေပးရန္ျပင္လာစဥ္ သူတစ္ဖက္လူ၏လက္မ်ားမွာေရေလာင္းေပါင္းသင္ထားမႈေၾကာင့္႐ႊံႏွင့္ျမက္မ်ားေပေနတာကို႐ုတ္တရက္ျမင္လိုက္ရသည္။

လင္ခုံးလု႐ုတ္ျခည္းမ်က္ေမွာင္ၾကဳတ္မိကာအလ်င္စလိုတားလိုက္သည္။
"ခဏ၊ မင္းလက္အရင္သြားေဆးလိုက္အုံး။"

သူေသခ်ာေပါက္သေဘာမက်တာမဟုတ္ဘဲ သူထိုရွည္သြယ္ကာလွပေသာလက္တစ္စုံက႐ႊံ႕ေပေနတာကိုျမင္လိုက္ရေတာ့သူမသက္မသာျဖစ္သြားမိ႐ုံသာ။

႐ႊီယန့္ကတိတ္တိတ္ေလးေလွာင္ၿပဳံးၿပဳံးလိုက္ၿပီး သူေျပာလို႔မၿပီးေသးခင္႐ုတ္ျခည္းသူ႕ေျခဖဝါးေပၚကေျခအိတ္ကိုျမန္ျမန္ဆြဲခြၽတ္လိုက္သည္။

အခန္းထဲမွာေလေအးေပးစက္ဖြင့္ထားသျဖင့္ လင္ခုံးလုသူ႕ေျခဖဝါး႐ုတ္တရက္ေအးသြားတာကိုခံစားမိလိုက္ၿပီး အလိုလိုက်ဳံ႕လိုက္မိေပမဲ့ ေနာက္တစ္ခဏမွာဆုပ္ကိုင္ကာလွမ္းဆြဲခံလိုက္ရသည္။

"အာ!" လင္ခုံးလုမ်က္လုံးမ်ားဝိုင္းစက္သြားရကာ ႐ႊီယန့္ကိုအထိတ္တလန့္ၾကည့္လိုက္မိသည္။

႐ႊီယန့္ကမ်က္လႊာခ်ကာသူ႕ေျခဖဝါးကိုၾကည့္လိုက္သည္။

ေကာင္ေလး၏အသားအရည္မွာအလြန္ျဖဴေဖြးလွၿပီး သူ႕ေျခဖဝါးမွာအလြန္သန့္ရွင္းလို႔ေနသည္။ သူဟာပုံမွန္ဆိုဖိနပ္မဝတ္ထားသျဖင့္ဖုန္မႈန့္တို႔ေပက်ံေနျခင္းမရွိ။ ဒီအခ်ိန္မွာ သူတစ္ဖက္လူ၏ေျခေထာက္ကိုဆုပ္ကိုင္ကာၾကည့္ေမရင္း ေျခဖဝါးမွာတျဖည္းျဖည္းခ်င္းပန္းေရာင္သမ္းလာၿပီး သူ၏လုံးဝိုင္းဝိုင္းေျခေခ်ာင္းေလးမ်ားမွာအလိုလိုေကြးတက္သြားကာ ပန္းေရာင္ေျခသည္းမ်ားမွာလည္းပန္းေရာင္ပြင့္ဖတ္မ်ားပမာ။

႐ႊီယန့္၏မ်က္လုံးမ်ားနက္ေမွာင္သြားၿပီး သူ႕အၾကည့္ကိုတျဖည္းျဖည္းခ်င္းအေပၚတက္လိုက္ကာ သူဆုပ္ကိုင္ထားသည့္ေျခက်င္းဝတ္ေပၚက်ေရာက္သြားသည္။

ထိုေနရာကအသားအရည္မွာလည္းအလြန္ႏူးညံ့လို႔ေနၿပီး သူ႕လက္မႏွင့္ခပ္ဖြဖြပြတ္လိုက္႐ုံႏွင့္တင္ နီရဲသြားကာ႐ႊံ႕ကြက္ငယ္ေလးတစ္ကြက္က်န္ရစ္ခဲ့ေလသည္။

လတ္စသတ္ေတာ့အလြယ္ေလးညစ္ေပနိုင္တာပဲ။

သူ႕မ်က္လုံးမ်ားတျဖည္းျဖည္းခ်င္းနက္ေမွာင္သြားကာ သူ႕လက္ေခ်ာင္းမ်ားကေကာင္ေလး၏ေျခက်င္းဝတ္ကိုဆက္တိုက္ပြတ္သပ္လ်က္ ေပါင္းသင္တုန္းကသူ႕လက္မွာေပခဲ့သည့္႐ႊံ႕မ်ားကိုတစ္ဖက္လူ၏ျဖဴေဖြးႏူးညံ့ေသာအသားအရည္ေပၚပ်ံ့ႏွံ႕ေစလိုက္သည္။

လင္ခုံးလုသူ႕ေျခက်င္းဝတ္ကအေရျပားပူႏြေးလာသည္ဟုခံစားလိုက္ရေပမဲ့ တျဖည္းျဖည္းႏွင့္တစ္ဖက္လူကိုဒါႏွင့္တင္မေက်နပ္ဘဲ သူ႕လက္ေခ်ာင္းထိပ္မ်ားႏွင့္ျဖည္းျဖည္းခ်င္းအေပၚတက္လာကာ သူ႕၏ေဘာင္းဘီကိုဒူးဆစ္အထိပင့္တင္လိုက္သည္။

လင္ခုံးလုပင့္သက္ရွိုက္လိုက္မိကာ ေနာက္ဆုံးမွာတစ္ခုခုမွားေနၿပီမွန္းသေဘာေပါက္သြားသည္။ သူေဘာင္းဘီေပ်ာက္သြားတဲ့ပုံပဲ။

သူအလ်င္စလိုျပန္ဆြဲယူခ်င္ေပမဲ့လုပ္မရေပ။ သူတစ္ဖက္လူကိုကန္လိုက္ခ်င္ေပမဲ့သူ႕ေျခေထာက္နာသြားမွာစိုးသည္။ အဆုံးမွာေတာ့သူေနာက္ေျခေထာက္တစ္ဖက္ကိုျမႇောက္ကာ တစ္ဖက္လူ၏ရင္ဘတ္ေပၚတက္နင္း႐ုံသာတတ္နိုင္ၿပီး ေဒါသတႀကီးေျပာလိုက္မိသည္။
"မင္း၊ လႊတ္စမ္း။"

႐ႊီယန့္၏မ်က္လုံးမ်ားမွာတည္ၿငိမ္လို႔ေနကာ ၎ကိုၾကည့္လိုက္ေပမဲ့ မလႊတ္ေပးဘဲ သူ႕လက္ေခ်ာင္းမ်ားကအေပၚဆက္တက္လာသည္။

လူငယ္ေလး၏ေျခသလုံးမ်ားမွာလည္းအရမ္းလွၿပီး အရိုးႏွင့္အသားမ်ားပင္ပိန္သြယ္ကာျဖဴေဖြးလို႔ေနသည္။ သူခုနကလိုမ်ိဳးအလြယ္ေလးညစ္ပတ္ေအာင္လုပ္လို႔ရတယ္၊ ဒါမွမဟုတ္....သူခါးကိုင္းၿပီးခပ္ဖြဖြနမ္းလိုက္လို႔ရတယ္။

လင္ခုံးလုဦးေရျပားက်င္တက္သြားရသည္။ သူ႕အၾကည့္ကတစ္စုံတစ္ေယာက္ကိုစားဖို႔ျပင္ေနပုံေပါက္ေနမွန္းျမင္လိုက္ရေတာ့ သူေနာက္ဆုံးမွာထိတ္လန့္သြားကာသူ႕မ်က္လုံးမ်ားနီရဲသြားၿပီး ႏူးညံ့စြာေျပာလိုက္သည္။
"မင္းငါ့ကိုနာေအာင္လုပ္ေနတာပဲ၊ ငါ့ ငါ့ေျခေထာက္က်ိဳးထားတာျပန္မေကာင္းေသးဘူး။"

႐ႊီယန့္မသိမသာတန့္သြားကာ ေနာက္ဆုံးမွာသူ႕ကိုေခါင္းေမာ့ၾကည့္လိုက္သည္။ အခ်ိန္အေတာ္ၾကာသြားၿပီးမွ သူျဖည္းျဖည္းခ်င္းလႊတ္ေပးလိုက္ေလသည္။

လင္ခုံးလုသက္မခ်လိဳက္မိၿပီးမွ လက္တုံ႕ျပန္သည့္အေနျဖင့္သူ႕ေျခဖဝါးကိုရင္ဘတ္ေပၚအသာနင္းကာ သူ႕ေနာက္ေျခဖဝါးတစ္ဖက္က႐ႊံကိုသူ႕အက်ီႏွင့္တိတ္တခိုးအသာပြတ္သုတ္လိုက္သည္။

သို႔ေသာ္ပြတ္ၿပီးေနာက္ သူအနည္းငယ္ေနာင္တရသြားမိသည္။ အခုဆိုသူ႕ေျခေထာက္မ်ားကလက္ေလွ်ာက္ရအဆင္မေျပသျဖင့္ သူ႐ႊီယန့္ကိုေရခ်ိဳးခန္းဆီသူ႕ကိုခ်ီပို႔ေစခ်င္ေသးသည္။

သခင္ေလးကအလ်င္မလိုစြာႏွင့္အျပစ္ရွိစြာေျခဖဝါးကိုျပန္႐ုတ္လိုက္ၿပီး ႐ႊီယန့္ကိုတိတ္တခိုးတစ္ခ်က္လွမ္းၾကည့္လိုက္သည္။ တစ္ဖက္လူသူ႕ကိုေဒါသမထြက္သြားတာျမင္ေတာ့ သူသူ႕ကိုထပ္ခိုင္းလိုက္သည္။
"မင္းရွပ္အက်ီကိုခြၽတ္ၿပီးငါ့ကိုေရခ်ိဳးခန္းထဲေခၚသြားေပး။"

သူဒီတစ္ေခါက္မွာဘာရည္႐ြယ္ခ်က္မွမရွိဘူးလို႔က်ိန္ဆိုတယ္။ တစ္ဖက္လူရဲ႕ရွပ္အက်ီကသူ႕ေျခဖဝါးေၾကာင့္႐ႊံ႕ေပသြားတာမို႔လို႔ပဲ။

႐ႊီယန့္ကေတာ့သိသိသာသာကိုထိုသို႔မထင္။ သခင္ေလးကသူ႕ကိုျဖားေယာင္းေနသည္ဟုထင္သြားျပန္သည္။

သူလူငယ္ေလး၏ျဖဴစင္ေသာမ်က္လုံးမ်ားထဲနင့္နင့္နဲနဲစိုက္ၾကည့္ကာ ႐ုတ္တရက္ၿပဳံးလိုက္မိသည္။

လင္ခုံးလုဒီကမၻာကိုျပန္လာၿပီးေနာက္မွာ သူၿပဳံးတာကိုပထမဆုံးအႀကိမ္ျမင္ဖူးျခင္းေပမို႔ မေနနိုင္ဘဲမိန္းေမာသြားရသည္။

သို႔ေသာ္ထို႔ေနာက္တစ္ဖက္လူကသူ႕ေဘးတစ္ဖက္တစ္ခ်က္စီမွာလက္ေမာင္းမ်ားတင္ၿပီး ျဖည္းျဖည္းခ်င္းအနားတိုးကပ္ကာ သူ႕ကိုမ်က္ဝန္းနက္မ်ားျဖင့္ၾကည့္ၿပီး ရက္စက္ေသာေလသံျဖင့္ေမးလာသည္။
"သခင္ေလး၊ မင္းက႐ုပ္ဆိုးတဲ့အလုပ္သမားကိုျဖားေယာင္းေနမွန္း မင္းရဲ႕ေစ့စပ္မဲ့သူႀကီးသိရဲ႕လား။"

လင္ခုံးလုေတာင့္ခဲသြားရကာ အသိျပန္ဝင္လာၿပီးေနာက္ သူခ်က္ခ်င္းသူ႕ကိုရွက္႐ြံ႕စြာတြန္းထုတ္ၿပီး အက္ရွရွေျပာလိုက္သည္။
"မင္း၊ မင္းဘာေတြေျပာေနတာလဲ။ ငါကမင္းကမင္းကိုအမိန့္ေပး႐ုံပဲ၊ အတည္ယူမေနနဲ႕။"

"တကယ္??" ႐ႊီယန့္မွာမေ႐ြ႕သြားေပမဲ့ သူ႕ဘာသာသူမသိမသာအကြာအေဝးျခားကာ သူ႕ကိုၾကည့္ၿပီးေမးလိုက္သည္။
"အေစခံေတြကိုအက်ီခြၽတ္ၿပီး သခင္ေလးကိုဖက္ဖို႔အမိန့္ေပးတယ္? အျခားအေစခံေတြကိုေကာအဲ့လိုလုပ္ခဲ့ေသးလား။ ဒါမွမဟုတ္သခင္ေလးကအထီးက်န္ေနလို႔ ကြၽန္ေတာ့္ကိုေ႐ြးလိုက္တာလား။ သခင္ေလးရဲ႕ေစ့စပ္မဲ့သူကသခင္ေလးကိုေက်နပ္ေအာင္မလုပ္ေပးနိုင္ဘူးလား။"

လင္ခုံးလုမိန္းေမာသြားရကာေတြးလိုက္မိသည္။ ႐ႊီယန့္ကအခုပဲခ်န္ေပၚ့တပည့္ျဖစ္လာတာလားဟ?

ထိုစဥ္႐ႊီယန့္ကလည္းခ်န္ေပၚကိုေတြးမိသြားကာသူ႕နားထဲမွာႏူးညံ့စြာေမးလိုက္သည္။
"ဒီေန႕ခ်န္ေပၚမင္းကိုဘာေျပာခဲ့တာလဲ။ ကြၽန္ေတာ္မေရာက္ခင္တုန္းက သူ...."

သူမေရာက္ခင္တုန္းကခ်န္ေပၚတစ္ခုခုပိုၿပီးက်ဴးလြန္ခဲ့ေသးလား၊ လြန္က်ဴးတာတစ္ခုခုေျပာခဲ့ေသးလားဆိုတာသူသိခ်င္မိသည္။ ေကာင္ေလးကိုအနိုင္က်င့္တုန္းကခ်န္ေပၚေျပာခဲ့တဲ့စကားကိုျပန္ေတြးမိသည္ႏွင့္ သူတစ္ဖက္လူ၏လွ်ာကိုခ်က္ခ်င္းျဖတ္ပစ္ခ်င္မိသည္။

သို႔ေသာ္သခင္ေလးကသူ႕ကိုသိသိသာသာကိုအလြန္ေဒါသထြက္သြားသည္။ သူကရွိသမွ်အားကုန္သုံးကာသူ႕ကို႐ုတ္ျခည္းတြန္းထုတ္ၿပီး ေအာက္ထပ္ကိုနီရဲေသာမ်က္လုံးမ်ားျဖင့္ေဒါသတႀကီးေအာ္လိုက္ေလသည္။
"ရွပူးအာ၊ ကြၽန္းကိုခ်က္ခ်င္းသြားၿပီးေတာ့ ငါ့အတြက္ျပဳစုေစာင့္ေရွာက္သူတစ္ေယာက္ငွားေပး၊ တစ္လကိုလစာ၈၈၀၀၀၊ ေရခ်ိဳးေပးနိုင္တဲ့လူမ်ိဳး။"

__________

မူရင္းစာေရးသူမွာေျပာစရာရွိတယ္:

သခင္ေလးကမေစ့စပ္ရေသးဘဲ ကြၽန္းေပၚသြားဖို႔လွည့္စားခံလိုက္ရတာရယ္။ ရဲတိုက္ကစုန့္လင္ပိုင္တာမဟုတ္လို႔ သူ႕ဆီကလက္ေဆာင္လို႔ယူဆလို႔မရဘူး။ ေရွာင္လုကဒါကိုသိတယ္။

_________

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

82.2K 1.7K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
149K 21.9K 111
This story is just a fan translation. Crd to the original owner.
117K 12.6K 64
စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္ထုတစ်ပုဒ်ကို ကောက်ယူခဲ့သည်။ ဤဝတ္ထုကို "I...
29.2K 1.1K 30
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...