ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...
By Swae_Nyoe
178K 24.2K 675
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... More
Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 62
1.2K 191 4
By Swae_Nyoe
62 01
အပိုင်း (62)
ညနေခင်းလေ့ကျင့်ရေး ပြီးဆုံးသွားသောအခါ နောက်ထပ်တစ်ဆင့် ညပိုင်းလေ့ကျင့်ရေးက စတင်သည်။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့ကလည်း နှစ်ယောက်တွဲလေကြောင်းcomboကိုသုံးပြီး ဆက်လက်ပြီး လေ့ကျင့်ကြသည်။ နည်းပြက team2ကို ကစားသောပုံစံအသစ်တစ်ခုဖြင့် သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ​ဟော်ဝမ်၏လောင်ကျွမ်းcomboကို အတုခိုးပြီး မီးတောက်နတ်ဘုရားမကို ဗဟိုပြုကာ တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ ထို့အစား သူတို့က ကျင်းကျယ်၏ အဆိပ်comboကို စသုံးမည်ဖြစ်သည်။
Team2၏ အဆိပ်comboကို တုပသောပုံစံက အစစ်အမှန်team ကျင်းကျယ်၏ အဆိပ်comboလောက် လေးစားစရာမကောင်းသည်မှာ သေချာသည်။
သို့သော် သူတို့က လေ့ကျင့်သော ဂိမ်းပွဲများကို အခြေခံကြည့်မည်ဆိုလျှင် နှစ်ယောက်တွဲလေကြောင်းcomboကလည်း အဆိပ်comboနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ယှဥ်နိုင်သည့် အားသာချက်မျိုး ရှိနေသည်။ ချီရှို့နှင့် ယဲ့ရှောင်းယန်တို့ကသာ အတူပူးပေါင်းပြီး ဖန်းကျန်းချင်ကို သတ်နိုင်သမျှ ထျန်းဟွမ်က ကျင်းကျယ်ကို အနိုင်ရရန် အခွင့်အရေးရှိသည်။
နှစ်လှည့်ခန့်ကစားပြီးနောက် နည်းပြလင်းက ဒီနေ့အစပိုင်းကတည်းက ကစားခဲ့သည့် ဂိမ်းပွဲတိုင်းကို ပြန်လည်ကာ သုံးသပ်ကြည့်သည်။ ထို့နောက်သူက ကစားသမားတစ်ယောက်ချင်းစီတိုင်း၏ လုပ်ဆောင်မှုကို အသေးစိတ် လေ့လာသည်။ ထို့နောက်သူက တစ်ဖန်ထပ်ပြီး နှစ်သင်းလုံးမှ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုကို အသင်းတိုက်ပွဲများတွင် ထုတ်ပြနိုင်သည့် အနေအထားမျိုးကို လေ့လာကြည့်ပြန်သည်။ ကဏ္ဍအားဖြင့်ပြောရသော် လိုအပ်ချက်များကို ရှာမတွေ့ခဲ့ချေ။ ထို့နောက်သူက ကစားသမားတစ်ယောက်ချင်းစီတိုင်းကို အလှည့်ကျရှင်းပြပေးခဲ့သည်။
ထိုသို့ ဂိမ်းကိုသုံးသပ်မှုက ၁၂နာရီခွဲသည်အထိ ဆက်ဖြစ်ပွားနေခဲ့သည်။ ထို့နောက်မှသာ နည်းပြလင်းက လူတိုင်းကို သွားအိပ်ခိုင်းသည်။ ထို့နောက် သူတို့က မနက်ဖြန်ကျလျှင် ဆက်လက်ပြီး လေ့ကျင့်နိုင်မည်ဖြစ်သည်။
ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က အခန်းနံပါတ်၃၀၁သို့ ပြန်ကြသည်။
သူတို့က နာမည်အား​ဖြင့် အခန်းဖော်များဖြစ်သည်။ သို့သော် သူတို့က တစ်ခန်းစီသီးသန့်အိပ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ကိုယ်တစ်ယောက် မနှောင့်ယှက်ကြချေ။ နေ့တိုင်းလိုလို သူတို့၏လေ့ကျင့်မှုများက သူတို့ကို မောပန်းနွမ်းနယ်စေခဲ့သည်။ ထို့ကြောင့်သူတို့က အဆောင်ခန်းသို့ ပြန်ရောက်ပြီးသည်နှင့် စကားပြောချိန်ပင် မရှိကြချေ။ ယဲ့ရှောင်းယန်ကလည်း ရိုးရှင်းစွာသာ ပြန်ပြောလိုက်သည်။
"မင်္ဂလာညနေခင်းပါ ခေါင်းဆောင်ချီ"
ထိုသို့ပြောပြီးနောက် သူက ခေါင်းကိုလှည့်ကာ သူ၏အိပ်ခန်းသို့ သွားသည်။
အခန်းထဲမှ မီးများက မှိတ်ထားသောအခါ ယဲ့ရှောင်းယန်ကလည်း ရှောင်ပိုင်က ဆိုဖာပေါ်တွင် မရှိနေကြောင်း မြင်လိုက်ရသည်။ သူက အိပ်ခန်းပတ်ပတ်လည်သို့ လိုက်ကြည့်လိုက်သေးသည်။ ခုတင်အောက်သို့ပင် ရှာကြည့်သေးသည်။ သို့သော် ကြောင်ကို ရှာမတွေ့ချေ။
ယဲ့ရှောင်းယန်က အလျင်စလို အပြင်သို့ ပြေးထွက်ပြီး မေးသည်။
"ခေါင်းဆောင်ချီ ရှောင်ပိုင်ကို မြင်မိသေးလား"
ချီရှို့က သူ၏ အိပ်ခန်းတံခါးဝတွင် ရပ်နေခြင်းဖြစ်သည်။ သူက သူ၏အိပ်ရာပေါ်သို့ အနည်းငယ် တည်ငြိမ်သော မျက်နှာထားမျိုးဖြင့် ညွှန်ပြသည်။ သူညွှန်ပြသော နေရာက အိပ်ရာခေါင်းပိုင်းဖြစ်သည်။ ယဲ့ရှောင်းယန်က သူ၏ အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ ragdollကြောင်လေးက ချီရှို့၏ အိပ်ရာပေါ်တွင် အမြှီးလေးကို ထောင်လျက် ခုန်ပေါက်မြူးတူးနေကြောင်း မြင်လိုက်ရသည်။ သူက ချီရှို့၏ ခေါင်းအုံးပေါ်တွင်ပင် တက်ခုန်သေးသည်။ ထို့နောက် သက်သောင့်သက်သာ ရှိသလိုမျိုး အိပ်ရာပေါ်တွင် လှိမ့်နေသေးသည်။
ချီရှို့၏ စောင်က ရှုပ်ပွကုန်သည်မှာ လုယက်သူတစ်စုံတစ်ယောက်က ရောက်လာခဲ့ပြီး ထိုနေရာတစ်ခုလုံးမှ အရာအားလုံးကို မွှေနှောက်ကာ ရှာထားသလို ထင်ရသည်။
ယဲ့ရှောင်းယန်က တိတ်ဆိတ်သွားသည်။
ချီရှို့ကလည်း တိတ်ဆိတ်နေသည်။
ယဲ့ရှောင်းယန်က အခန်းထဲသို့ လှမ်းကြည့်ကာ အော်သည်။
"ရှောင်ပိုင် ဘယ်သူက မင်းကို ခေါင်းဆောင်ချီရဲ့အခန်းထဲကို ဝင်ခိုင်းထားလို့လဲ၊ ဒီကိုလာ ၊ မြန်မြန်လာ"
ကြောင်က ယဲ့ရှောင်းယန်ကို ကြည့်သည်။ သူက မတရားခံနေရသလို ပုံစံမျိုးဖြင့် လှမ်းအော်လာသည်။
62 02
"မြှောင်"
ဒါက ငါ့ရဲ့ ပိုင်နက်မဟုတ်ဘူးလား။
ကြောင်ကလည်း အိပ်ရာပေါ်မှ ဆင်းရန် ငြင်းဆန်သည်။ သူက သူ၏ လက်သည်းကိုပင် ချီရှို့၏ ခေါင်းအုံးထဲသို့ နှစ်ကာ တူးဆွလိုက်ပြီး လွှတ်ရန် ငြင်းဆန်သည်။
ယဲ့ရှောင်းယန်က ကြောင်ကို ဖမ်းရန် အခန်းထဲသို့ ဝင်လိုက်ရသည်။
ယဲ့ရှောင်းယန်အနေနှင့် ချီရှို့၏ အခန်းထဲသို့ ပထမဦးဆုံးအကြိမ် ခြေချဖူးခြင်းဖြစ်သည်။ လိုက်ကာမှ စတင်ပြီး အိပ်ရာခင်းအဆုံး အရာအားလုံးက မီးခိုးရောင်ဖြစ်သည်။ တစ်ခန်းလုံးကို coolဖြစ်သော ပုံစံမျိုးဖြင့် အလှဆင်ထားသည်။ ထို့ကြောင့် အခြား ထူးထူးခြားခြား တောက်ပထင်းထိန်နေသော အလှဆင်မှုများ မရှိနေခဲ့ချေ။ သို့သော် အတော်လေး သပ်ရပ်ပြီး ခြိုးခြံချွေတာမှုရှိသည်ဟု ဆို၍ ရသေးသည်။
အခန်းထဲတွင် လရောင်၏ လွှမ်းခြုံခံထားရသော ဝါးရနံ့ဖျော့ဖျော့က သင်းပျံ့နေသည်။ ယဲ့ရှောင်းယန်ကလည်း ဒါက ချီရှို့၏ အယ်ဖာ pheromoneအနံ့ဖြစ်ကြောင်း သိလိုက်သည်။ ထိုအနံ့က အလွန်မွှေးသည်။
ယဲ့ရှောင်းယန်က လျင်မြန်စွာဖြင့် အတွင်းသို့ ဝင်သွားပြီးနောက် ရှောင်ပိုင်ကို လှမ်းကောက်ရန် ကြံစည်လိုက်သော အချိန်တွင် ထိုကြောင်လေးက ချက်ချင်းလိုလို ခုန်ပေါ်သို့ ခုန်တက်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ် တက်သည်။ ယဲ့ရှောင်းယန်က နောက်မှ လိုက်ဖမ်းရသည်။ ထို့နောက် ထောင့်တစ်နေရာတွင် ဖမ်းမိသွားသည်။ ယဲ့ရှောင်းယန်က ငုံ့ကိုင်းပြီး ရှောင်ပိုင်ကို လက်မောင်းအတွင်းသို့ ပွေ့ချီယူသည်။ ထို့နောက် တံခါးဝသို့ ပြန်လာပြီးနောက် ပြောသည်။
"ခေါင်းဆောင်ချီ ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းပါဘူး၊ ရှောင်ပိုင်ကလည်း မင်းရဲ့အခန်းထဲကို ဝင်သွားပြီး လိုက်ဖွထားမယ်လို့ မထင်ထားမိဘူး၊ အနာဂတ်ကျရင်တော့ တံခါးလေး ပိတ်ထားပေးပါ"
ရှောင်ပိုင်က ချီရှို့ကို သူ၏ ကြီးမားလုံးဝိုင်းသော အပြစ်ကင်းစင်သည့် မျက်လုံးကြီးများဖြင့် ကြည့်သည်။
ချီရှို့က ထိုကြောင်လေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီးနောက် နွေးထွေးစွာ ပြောသည်။
"ရပါတယ် ငါစိတ်ထဲမထားဘူး"
အခြားကြောင်တစ်ကောင်ကောင်ကသာ သူ့ရဲ့အခန်းထဲကို ဝင်ပြီးကစားမယ်ဆိုရင် ချီရှို့က သေချာပေါက် တုံ့ဆိုင်းမနေဘဲ ခပ်တင်းတင်းမျက်နှာထားမျိုးနဲ့ အဲဒီအကောင်ကို လွှင့်ပစ်လိုက်မှာ။ ဒါပေမဲ့ ဒါက ယဲ့ရှောင်းယန်ရဲ့ကြောင်။ သူကိုယ်တိုင်ကလည်း ယဲ့ရှောင်းယန်ကို သူ့ရဲ့အသင်းဖော်အနေနဲ့ သတ်မှတ်ထားလို့ ဖြစ်လောက်ပါတယ်။ ဒါကြောင့် ယဲ့ရှောင်းယန်ရဲ့ကြောင်ကို တော်တော်လေး သဘောကျနေမိသလိုပဲ၊ ဒီကြောင်လေးက သူ့ရဲ့အိပ်ရာကို ရှုပ်ပွထားတာတောင်မှ သူ ဒေါသထွက်မလာဘူး။
ယဲ့ရှောင်းယန်က ရှောင်ပိုင်ကို သူ၏အခန်းထဲသို့ သွားပိတ်လိုက်သည်။ ထို့နောက် ကြောင်မွှေးဖယ်သည့် ဒလိမ့်တုံးလေးကို ယူလာသည်။
"ရှောင်ပိုင်က ပုံမှန်အားဖြင့် အမွှေးတော်တော်လေး ကျွတ်တတ်တယ်၊ မင်းရဲ့ အိပ်ရာပေါ်ကို ခုန်ပေါက်ထားတာဆိုတော့ အဲဒီမှာ အမွှေးတွေကျန်ရစ်ခဲ့မှာပဲ၊ ငါ ကူရှင်းပေးမယ်"
ချီရှို့ကပြောသည်။
"မလိုပါဘူး ငါလည်း...."
သို့သော် သူ၏စကားက မဆုံးသေးခင် ယဲ့ရှောင်းယန်က သူ့အခန်းထဲသို့ တစ်ဖန်ပြန်လည် လျှောက်ဝင်သွားကြောင်း မြင်လိုက်ရသည်။ ထို့နောက် ယဲ့ရှောင်းယန်က ငုံ့ကိုင်းလိုက်ပြီး ကြောင်မွှေးဖယ်သည့် ဒလိမ့်တုံးဖြင့် ကျန်သောအမွှေးတိုင်းကို ဖယ်ရှားလေသည်။ သူက ချီရှို့၏ ရှုပ်ပွနေသော အိပ်ရာခင်းများကိုပင် သူ့နည်းသူ့ဟန်ဖြင့် ဖြောင့်အောင် ဖြောင့်လိုက်သေးသည်။
ချီရှို့ကမူ တံခါးဝတွင်သာ ကြောင်အလျက် ရပ်နေမိသည်။
ယဲ့ရှောင်းယန်က သူ့ကို ကူညီပြီး အိပ်ရာကို သပ်ရပ်အောင် လုပ်ပေးနေသော ဖြစ်စဥ်ကို သူက ရပ်ကြည့်နေသည်။ သူ၏နားရွက်အောက်ခြေဖျားက တဖြည်းဖြည်းချင်း နွေးသထက်နွေးကာ ပူတက်လာသည်။
ဘယ်အယ်ဖာကမှ ကိုယ့်အခန်းထဲမှာ အနံ့ဖုံးတဲ့ စပရေးမျိုးကို မသုံးကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ်ပိုင်အခန်းထဲမှာ သူတို့ရဲ့အနံ့ကနေ ပုန်းကွယ်နေစရာ မလိုအပ်လို့ပဲ။ နောက်ပြီး လိုလည်းမလိုအပ်ဘူး။ ဒီတော့ အယ်ဖာတစ်ယောက်ရဲ့ အိပ်ခန်းဆိုတာက အဲဒီအယ်ဖာရဲ့ pheromoneတွေ အပြည့်ရှိနေတဲ့ နေရာတစ်မျိုးပဲ။ ဒါက အယ်ဖာရဲ့ သီးသန့်ဆန်တဲ့နေရာ။ ကိုယ်ပိုင်ပိုင်တဲ့နယ်မြေလို့တောင် သတ်မှတ်နိုင်သေးတယ်။
62 03
ယခင်ကဆိုလျှင် ချီရှို့၏ အိပ်ခန်းထဲသို့ မည်သူကမှ မဝင်ဘူးချေ။
သူက ဆယ်ကျော်သက်အရွယ်တွင် ထျန်းဟွမ်သို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကတည်းက သူက ထိုအခန်းတွင် နေခဲ့သည်။ သူအသင်းတွင်ရှိနေသော နှစ်တိုင်းလိုလို ထိုအခန်းတွင်သာ နေခဲ့သည်။ သူ၏ အရေးကြီးဆုံး ကဏ္ဍဖြစ်သည့် အရွယ်ရောက်သည့်အချိန်တွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကလည်း ဒီအခန်းထဲတွင် ဖြစ်ပျက်ခဲ့သည်။ သူက ဒီအခန်းထဲတွင် ပထမဦးဆုံး အယ်ဖာတစ်ယောက်အဖြစ် rutဖြစ်ခဲ့သည်။ ထို့နောက် ထိုအခန်းထဲတွင်ပင် အိုမီဂါကို အမှတ်အသားပေးသည်ဆိုသော ဝေဝါးသည့် အိပ်မက်တချို့လည်း မက်ခဲ့ဖူးသည်။
ထိုအခန်းက သူ၏ အယ်ဖာ pheromoneအပြည့်ရှိနေသည်။ သို့သော် ဒီနေ့တွင် ယဲ့ရှောင်းယန်က လွတ်လပ်ပေါ့ပါးသော မျက်နှာထားမျိုးဖြင့် အခန်းထဲတွင် စိတ်ကြိုက်သွားလာနေသည်။ သူက ချီရှို့ကိုပင် မမူကာ အိပ်ရာခင်း ပြင်ပေးနေသေးသည်။
ဒီအိုမီဂါက အိုမီဂါတစ်ယောက်က သိသင့်တဲ့ ပင်ကိုယ်အသိစိတ် နည်းနည်းလေးတောင် မရှိဘူးလား။
ချီရှို့က နေရာတွင် အေးခဲနေသည်။ သူ့အနေဖြင့် ယဲ့ရှောင်းယန်က သူ့ကို အိပ်ရာခင်းပေးနေသော မြင်ကွင်းကိုပင် ယုံကြည်ရန် မနည်းကြိုးစားနေရသည်။ တစ်ခဏခန့်ကြာပြီးနောက် ယဲ့ရှောင်းယန်က ရှောင်ပိုင်၏ အမွှေးများကို ကြောင်မွှေးဖယ်သော ဒလိမ့်တုံးဖြင့် ဖယ်ရှား၍ ပြီးသွားသည်။ ထို့နောက် ချီရှို့၏ အိပ်ရာခင်းနှင့် စောင်များကို သေသပ်အောင် လုပ်ပြီးကြောင်း သေချာမှသာ လှည့်မေးသည်။
"မစိုးရိမ်ပါနဲ့ခေါင်းဆောင်ချီ ၊ ငါအနာဂတ်မှာ ရှောင်ပိုင်ကို မျက်စိ ဒေါက်ထောက်ကြည့်ထားလိုက်မယ်၊ ငါသူ့ကို လျှောက်ပြေးခွင့် ပြုမှာမဟုတ်ဘူး"
ချီရှို့က တိတ်ဆိတ်နေသည်။
ယဲ့ရှောင်းယန်ကလည်း သူက စိတ်လွတ်နေသလို ဖြစ်နေကြောင်း သတိထားလိုက်မိသဖြင့် သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းအော်ခေါ်လိုက်သည်။
"ခေါင်းဆောင်ချီ"
ချီရှို့က ထိုအခါမှသာ အသိပြန်ဝင်သွားသည်။ သူ၏ နားရွက်ထိပ်များကပင် နီရဲနေပြီဖြစ်သည်။ သူက ချောင်းအသာဟန့်ကာ ပြောသည်။
"မင်း...အရင် ထွက်လာပါလား"
ယဲ့ရှောင်းယန်က ချက်ချင်းမထွက်ချေ။ သူက တစ်ခန်းလုံးကို လှမ်းကြည့်လိုက်ပြိး ကြောင်မွှေးမရှိကြောင်း သေချာမှသာ ချီရှို့၏ အနားသို့ လျှောက်လာပြီးနောက် ရယ်သည်။
"ပြီးသွားပြီ၊ စောစောနားလိုက်တော့ ၊ ခေါင်းဆောင်ချီ good night"
ယဲ့ရှောင်းယန်က ထိုသို့ပြောပြီး ချက်ချင်းလိုလို ထွက်ခွာသွားသည်။ ချီရှို့ကမူ နေရာတွင် ရုပ်တုလို အေးခဲကြောင်အလျက် ကျန်နေခဲ့သည်။
အိုမီဂါတစ်ယောက်က အယ်ဖာတစ်ယောက်ရဲ့ အိပ်ရာကို ပြင်ပေးတယ်...။ ဒါက သူ ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာ။
ပုံမှန်အားဖြင့် ဒီလို အရမ်းကို ရင်းနှီးလွန်းတဲ့ အရာမျိုးက လက်ထက်ပြီးသားစုံတွဲတွေမှာပဲ လုပ်သင့်တာမဟုတ်ဘူးလား။
ဒီယဲ့ရှောင်းယန်က ဘာဖြစ်နေတာလဲ။
သူ့ရဲ့အခန်းထဲကိုလည်း ဝင်ပြေးသွားတယ်။ သူ့ကိုလည်း အိပ်ရာကူပြင်ပေးနေသေးတယ်။
ချီရှို့၏ နားများက ပူသထက် ပူလာသည်။
သူ ယဲ့ရှောင်းယန်ကို အမှတ်အသား ပြုခဲ့လို့များလား။
ဒါကြောင့် ဒီလိုမျိုး ယဲ့ရှောင်းယန်က သူ့အပေါ် မှီခိုလွန်းတဲ့ ခံစားချက်မျိုး ပေါ်လာတာလား။
62 04
ချီရှို့က ရုပ်ပိုင်းဆိုင်ရာ အတန်းများတွင် သင်ခဲ့ဖူးသော ဗဟုသုတများအရသာဆိုလျှင် အိုမီဂါများက သူတို့ကို အမှတ်အသားပြုဖူးသော အယ်ဖာအပေါ် အကောင်းဘက်မှ ခံစားချက်များ စတင် ခံစားလာရတတ်သည်။ သူတို့ကလည်း ထိုအယ်ဖာ၏ pheromoneကို အလွန်အမင်း သဘောကျကောင်းကျလာတတ်သည်။
ယဲ့ရှောင်းယန်က ချီရှို့၏ အခန်းထဲသို့ ဝင်သောအခါ အနံ့နှင့်ပတ်သက်ပြီး မကောင်းသော တုံ့ပြန်မှုမျိုး မပြခဲ့ချေ။ သူက ချီရှို့၏ အနံ့ကို ကျင့်သားရနေသည်မှာ ရှင်းလင်းနေသည်။
ချီရှို့၏ ခေါင်းကမူ ပွက်လောရိုက်သော အတွေးများဖြင့် ပြည့်နှက်သွားသည်။
သူတကယ်ကို မပြောနိုင်တော့ဘူး။
ယဲ့ရှောင်းယန်က ဒီလို ကိစ္စတွေကို အရေးမပါတဲ့ကိစ္စလို့ သတ်မှတ်ပြီး သန့်စင်လွန်းနေတာလား။ ဒါမှမဟုတ် ယဲ့ရှောင်းယန်က သူ့အပေါ် အကောင်းဘက်က ဖြစ်တည်လာတဲ့ ခံစားချက်တွေဖြစ်လာခဲ့လို့ များလား။
အဟမ်း.. ဘယ်လိုပဲဖြစ်ဖြစ် အမှတ်အသားကြောင့် ဖြစ်လာတဲ့ ခံစားချက်မျိုး မရှိရင် အကောင်းဆုံးပါပဲ။
နောက် seasonက ထျန်းဟွမ်အတွက် အရမ်းအရေးကြီးတယ်။ သူတို့ ဘာအမှားမှ ရှိလို့မရဘူး။ သူက ယဲ့ရှောင်းယန်နဲ့အတူ ပေါင်းပြီး ဂိမ်းရဲ့အထွတ်အထိပ်အနေအထား ပြန်ရောက်အောင် mid/jungleအတွဲနဲ့ ပြန်သယ်ယူရမှာ။ သူတို့ကသာ သူတို့ရဲ့ ဂိမ်းပွဲအပေါ် သူတို့ရဲ့ ကိုယ်ပိုင်သီးသန့် ခံစားချက်တွေကြောင့် သက်ရောက်စေလိုက်မယ်ဆိုရင် matchပြိုင်ပွဲအတွင်းမှာ သူတို့ရဲ့ စဥ်းစားနိုင်စွမ်းအားကို သက်ရောက်သွားမှာပဲ။
ချီရှို့ကလည်း တည်ငြိမ်စွာဖြင့် ကိစ္စများအားလုံးကို ဖြေကြားရှင်းလင်းလိုက်ပြီး ထိုအခန်းထဲသို့ ဝင်ကာ သူ၏ နှလုံးသားထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဆေးကြောပစ်သည်။
အခြားအခန်းမှ"ငါ့ရဲ့ ကြောင်က မင်းရဲ့အခန်းကို ရှုပ်ပွလိုက်တယ်၊ ဒါကြောင့် ငါက ကြောင်မွှေးတွေကို ကူပြီး ရှင်းပေးမယ်"ဆိုသော အကြောင်းပြချက်ဖြင့်သာ ပြုမူခဲ့သော ယဲ့ရှောင်းယန်ကမူ ချီရှို့၏ ခေါင်းထဲမှ ရှုတ်ထွေးနေသော အတွေးများကို မသိချေ။
သူက သက်သောင့်သက်သာဖြစ်စွာဖြင့် ရေချိုးခန်းထဲတွင် ရေပူကို ချိုးပြီးနောက် အယ်ဖာတစ်ယောက်၏ အခန်းထဲသို့ ပြေးဝင်သွားသော အိုမီဂါတစ်ယောက်နှင့် ပတ်သက်သော ကိစ္စများကို လုံးဝ မသိဘဲ ရှိနေသည်။
သူတို့က မိတ်ဆွေကောင်းတွေပဲ။ ဒီတော့ တစ်ယောက်အိပ်ရာ တစ်ယောက်ကူပြင်ပေးတာ ဘာဖြစ်လို့လဲ။ တစ်အိပ်ရာတည်းအိပ်တာတောင် ပြဿနာမရှိဘူး။
သူ၏လည်ဂုတ်ကို phheromoneဖိနှိပ်ကပ်ခွာဖြင့် ကပ်ထားသောကြောင့် သူ၏ pheromoneတိုင်းကို ဖိနှိပ်ထားသည်။ ထို့အပြင် ထိုသို့ကပ်သော ကပ်ခွာကလည်း သာမန် ပတ်တီးများထက် ပို၍ ဈေးကြီးသေးသည်။ ထို့ကြောင့် နေ့တိုင်းလိုလို လဲလှယ်ပေးရန် လိုအပ်သည်။ ယဲ့ရှောင်းယန်တွင် သူယူလားခဲ့သော ဘူးထဲတွင် အနည်းငယ်သာ ကျန်ကြောင်း သိလိုက်သည်။ ထို့ကြောင့်သူက ရေချိုးပြီးနောက် သူ၏ ဖုန်းကိုထုတ်ပြီး onlineမှ အနည်ငယ် မှာလိုက်သည်။ သူက တစ်သုတ်တည်း ဘူးအများကြီးပင်တစ်ခါတည်း မှာလိုက်သည်။ ထို့နောက် တစ်ရက်တည်းလိုလို ထျန်းဟွမ်၏ အခြေစိုက်စခန်းသို့ လာပို့ခိုင်းလိုက်သည်။
နောက်တစ်နေ့မနက်ခင်းတွင် ချီရှို့က ထသောအခါ ယဲ့ရှောင်းယန်က ဘူးအနည်းငယ်သယ်ယူကာ အခန်းထဲသို့ ပြန်ဝင်လာကြောင်း မြင်လိုက်ရသည်။ ယဲ့ရှောင်းယန်က ကြောင်စာအစိုဘူးများ ဝယ်လာသည်ဟု တွေးလိုက်မိပြီး ကူညီဖောက်ပေးရန် သွားလိုက်သည်။ သို့သော် တစ်ချက်ကြည့်ပြီးနောက် ထိုအရာက pheromone ဖိနှိပ်ကပ်ခွာ၅ခု ဖြစ်ကြောင်း သိလိုက်သည်။
"ဒီလောက်အများကြီး ဝယ်စရာမလိုဘူးမဟုတ်လား"
"ငါတစ်နေ့တစ်ခု သုံးတာ"
ယဲ့ရှောင်းယန်ကပြောသည်။
"ဒါကြောင့် မြန်မြန်ကုန်တယ်လေ၊ တစ်ခါတည်းဝယ်ထားလိုက်တာ ပိုအဆင်ပြေတယ်လို့ ထင်တာပဲ"
သူက အပြင်မထွက်ခင် နေ့တိုင်းလိုလို ထိုကပ်ခွာကို ကပ်ရသည်။ teamထျန်းဟွမ်တွင် အယ်ဖာများလေသည်။ ထို့ကြောင့် သူ၏ လည်ဂုတ်မှ ခပ်ဖျော့ဖျော့ အနီရောင်က အတော်လေး ထင်းတက်နေတတ်သည်။ ထို့အပြင် သူ၏ အသားကလည်း အလွန်ဖြူနေသေးသည်။ ထို့ကြောင့် သိသာလွန်းသည်။
62 05
ယခင်တစ်ခေါက်ကဆိုလျှင် ယဲ့ရှောင်းယန်က အောက်ထပ်သို့ဆင်းပြီး သူ၏ဘူးများကို သွားယူခဲ့ချိန်က ကပ်ခွာမကပ်သွားခဲ့ချေ။ သူ၏ လည်ဂုတ်မှ pheromoneထွက်သော ဂလင်းက သိသိသာသာ နီရဲလာသည်။ ထိုနည်းအားဖြင့် ထိုနေရာက အလွန်နူးညံ့ပြီး အထိမခံဖြစ်ကြောင်း ပြသသလို ဖြစ်သွားသည်။
ချီရှို့ကလည်း ယဲ့ရှောင်းယန်၏ ဂလင်းကို ကိုက်တဲ့အချိန်က မြင်ကွင်းကို ရုတ်တရက် မှတ်မိသွားသည်။ ယဲ့ရှောင်းယန်၏ ထိုလည်ဂုတ်မှ အသား၏ နူးညံ့နွေးထွေးမှုနှင့် သူ၏ အရေပြားမှ ချိုမြိန်သော မွှေးရနံ့၊ အစသဖြင့် အရာအားလုံးတို့က ချီရှို့၏ စိတ်အတွင်းတွင် ပြန်လည်ပေါ်ထွက်လာသည်။ ချီရှို့၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။ ထို့နောက်သူက ချက်ချင်းလိုလို အကြည့်ကို လွှဲသည်။ ယဲ့ရှောင်ယန်ကလည်း ကပ်ခွာအသစ်တစ်ဘူးကို ချက်ချင်းလိုလို ဖွင့်လိုက်ပြီးနောက် ကပ်ခွာတစ်ခုကို ထုတ်ကာ သူ၏ လည်ဂုတ်ပေါ် ကပ်ရင်းပြောသည်။
"ခေါင်းဆောင်ချီ ၊ ခေါင်းဆောင်ချီငါ့ကို အမှတ်အသားပေးခဲ့တာ တစ်လကျော်သွားပြီမဟုတ်လား"
ချီရှို့က ချက်ချင်းလိုလို ပြန်​ဖြေသည်။
"၃၄ရက်"
ယဲ့ရှောင်းယန်က ရယ်ပြီး သူ့ကိုကြည့်သည်။
"ခေါင်းတောင်ချီက ရှင်းရှင်းလင်းလင်း မှတ်မိနေတာပဲ"
ချီရှို့က တိတ်ဆိတ်သွားသည်။
ဘာပဲဖြစ်ဖြစ်ဒါက သူ့ရဲ့ ပထမဦးဆုံး အကြိမ်လေ။
အဟမ်း.. သူအိုမီဂါကို အမှတ်အသားပေးတဲ့ ပထမဦးဆုံး အကြိမ်။
ဒါပေါ့၊ သူအဲဒီအချိန်ကို သေချာပေါက် အလေးအနက်ထားတာပေါ့။
ယဲ့ရှောင်းယန်က ခေါင်းကိုငုံ့လိုက်ပြီးနောက် တစ်စုံတစ်ရာကို တွေးတောသည်။ ထို့နောက်သူ၏ အခန်းတွင်းသို့ ပြန်သွားပြီးနောက် pheromoneတိုင်းတာသည့်စက်ကို ရှာလိုက်သည်။ သူ၏ ကိုယ်ပိုင်pheromoneကို စစ်ကြည့်ပြီးနောက်ပြောသည်။
"ဆရာဝန်ကတော့ ယာယီအမှတ်အသားက တစ်လကနေ သုံးလအထိ သက်ရောက်မှုရှိတယ်လို့ ပြောတယ်၊ ငါအခုနောက်ပိုင်း နေ့တိုင်းလိုလို တိုင်းဖြစ်တယ်၊ အမြဲတမ်း 3.5 ဝန်းကျင်လောက်မှာ တည်ငြိမ်နေတာပဲ၊ ပြဿနာ မရှိလောက်ဘူး မဟုတ်လား၊ ငါမှတ်မိတာ မှန်မယ်ဆိုရင် 6.0လောက်ရောက်မှ အမှတ်အသား ပြုရမှာ၊ ဆိုတော့ တော်တော်လေးတော့ သက်ရောက်မှု ရှိနေသေးတာပဲ မဟုတ်လား"
ချီရှို့က အကြည့်လွှဲလိုက်ပြီးနောက် တည်ငြိမ်အောင် ထိန်းကာပြောသည်။
"ငါတို့ရဲ့ pheromoneက တော်တော်လေးကို လိုက်ဖက်ညီနေလို့ ဖြစ်ပါလိမ့်မယ်၊ ဒီတော့ ယာယီအမှတ်အသားက အချိန်ကြာကြာ သက်ရောက်မှု ရှိနေတာ"
ယဲ့ရှောင်းယန်ကလည်း သဘောတူခေါင်းညိတ်သည်။
"သုံးလလောက်သာ ကြာမယ်ဆိုရင် အကောင်းဆုံးပဲ၊ အိုး စကားမစပ် ငါဆေးရုံကို ဆက်သွယ်ထားသေးတယ်၊ ဆရာဝန်ကတော့ ငါ့ရဲ့ အချက်အလက်တွေကို သုတေသနစင်တာကို ပို့လိုက်ပြီတဲ့၊ သူတို့က ငါအသုံးပြုလို့အဆင်ပြေမဲ့ ဖိနှိပ်ဆေးကို အမြန်ဆုံးရှာဖွေဖို့ ကြိုးစားနေကြတယ်၊ သူတို့ကသာ မြန်မယ်ဆိုရင် တစ်နှစ်အတွင်းရနိုင်တယ်၊ ဒီတော့ ဒီတစ်နှစ်ထဲမှာတော့ ခေါင်းဆောင်ချီကိုပဲ ငါ့ကို ဆက်ပြီး အမှတ်အသားပေးဖို့ ကူညီခိုင်းရတော့မှာပဲ"
ချီရှို့က သူ့ကို လှမ်းကြည့်လာသည်။ ယဲ့ရှောင်းယန်၏ ကြည်လင်ကာ ပြုံးနေသော မျက်ဝန်းနှင့် ဆုံသွားသည်။
မနက်ခင်းနေမင်းက ပြတင်းပေါက်ကို ထိုးဖောက်လာပြီး ချောမွေ့သပ်ရပ်နေသော မှင်တက်ဖွယ်ကောင်းလွန်းသည့် မျက်နှာပေါ် ကျဆင်းသွားသည်။ ယဲ့ရှောင်းယန်၏ မျက်ဝန်းက အလွန်အမင်း လှသည်။ မျက်ခွံပေါ်မှ ထွက်လာသည့် ထိုထူထဲလွန်းသော မျက်တောင်များနှင့် သူ၏ အညိုရင့်ရောင် မျက်ဝန်းတစ်စုံကို တောက်ပစေသော နွေးထွေးစေသည့် မျက်စံတို့က ထင်ရှားသည်။
ချီရှို့၏ ရင်ဘတ်ထဲတွင် သူ၏ နှလုံးသားက ခပ်ကြမ်းကြမ်း ခုန်လှုပ်နေသည်။ သူက ချက်ချင်းလိုလို အကြည့်ကို တစ်ဖန် ထပ်လွှဲလိုက်ပြီး အသံကိုတိုးကာ ခပ်တိုးတိုး ဖြေသည်။
"ပြဿနာမရှိဘူး၊ မင်းလိုရင် ငါ့ကိုပြောလိုက်"
"အင်း ငါနေ့တိုင်း pheromoneကို တိုင်းနေမှာပါ"
ယဲ့ရှောင်းယန်ကလည်း စိတ်အေးအောင် ပြန်ပြောသည်။
"မစိုးရိမ်ပါနဲ ငါတို့ရဲ့ ဂိမ်းပွဲအပေါ် မသက်ရောက်စေရဘူး"
62 06
"အင်း"
သူတို့၏ စကားပြောခန်းက ထိုနေရာတွင် အဆုံးသတ်သွားသည်။
ချီရှို့က နောက်လှည့်ပြီး သူ၏ အခန်းထဲသို့ မလျင်စလို ပြန်ဝင်သည်။ သူ၏ ကျောကပင် အနည်းငယ် တောင့်နေသေးသည်။ ယဲ့ရှောင်းယန်က ခေါင်းကုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။ သူက ရှောင်ပိုင်ကို ကြည့်သည်။
"ဒီနေ့ ခေါင်းဆောင်ချီက တစ်ခုခု ဖြစ်နေသလိုပဲ"
ရှောင်ပိုင်ကလည်း သူ့ကို ကြည့်သည်။
"မြှောင်"
ယဲ့ရှောင်းယန်က ရယ်သည်။
"သူမနေ့က ကောင်းကောင်း မအိပ်ခဲ့ရလို့ ဖြစ်မယ်"
ချီရှို့၏ နားပူလာသော အရှိန်နှုန်းကလည်း မြန်သထက် မြန်လာသည်။ သူ၏ နှလုံးခုန်နှုန်းကလည်း အလွန်အမင်း မြန်ဆန်စွာ ခုန်လှုပ်လာသည်။
သူက လာမည့်တစ်နှစ်လုံးလုံး ယဲ့ရှောင်းယန်ကို ထပ်ခါတလဲလဲ အမှတ်အသား ပြုရမည်ဆိုသော အတွေးကို တွေးမိသောအခါ ချီရှို့က အတော်လေး စိတ်ရှုပ်ထွေးသွားရပြန်သည်။ မည်သို့ပင်ဆိုစေ အယ်ဖာနှင့် အိုမီဂါကြားတွင် ယာယီအမှတ်အသားက ပြင်သစ်အနမ်းထက်မလျော့သော သက်ရောက်မှုမျိုးရှိသည်။
အကြိမ်တိုင်းလိုလို သူက ယဲ့ရှောင်းယန်၏ ဂလင်းကို ကိုက်ချနေရပြီး သူ၏ အယ်ဖာ pheromoneကို အထဲသို့ စိမ့်ဝင်အောင် လုပ်ရမည်ဖြစ်သည်။ ထိုသို့ဖြင့် သူတို့၏ pheromoneများကို လိမ်ယှက်ရောထွေးသွားအောင် လုပ်ရမည်ဖြစ်သည်။ ဒါက အနမ်းကြမ်းကြမ်းပေးပြီး fluids ဖလှယ်ခြင်းနှင့် တူသည်။
ဒါက အရမ်းကို ပူးကပ်လွန်းတယ်။
အလွန်အမင်း ရင်းနှီးလွန်းသော ဆက်ဆံရေးမျိုး ဖြစ်နေသဖြင့် ချီရှို့၏ နားများကပင် တွေးမိရုံဖြင့် လောင်ကျွမ်းလာသည်။
အခြားတစ်ဖက်တွင် ယဲ့ရှောင်းယန်ကမူ လွတ်လပ်ပေါ့ပါးသော အမူအယာမျိုး ဖြစ်နေသည်။ သူက အမှတ်အသားကို ဒီတိုင်း နေ့လယ်စာစားသော ကိစ္စလို ပြောနိုင်လေသည်။ ချီရှို့ကလည်း တစ်ခါတစ်ရံတွင် ယဲ့ရှောင်းယန်ကို နားမလည်ချေ။
ဒီအိုမီဂါက ပင်ကိုယ်အသိစိတ် မရှိဘူးလား။
သူက အမှတ်အသားပေးတာလည်း ခံတယ်၊ နောက်ထပ်တစ်ကြိမ် ပေးဖို့လည်း မေးရဲတယ်။ နည်းနည်းလေးတောင် မသက်မသာဖြစ်သလိုမျိုး မပြုမူပြဘူးပဲ။
ယဲ့ရှောင်းယန်က ကန်တင်းသို့သွားသောအခါ သူက အကျင့်အရ ချီရိီု့၏ အနားတွင် ချက်ချင်းဝင်ထိုင်လိုက်သည်။ ထို့နောက် ချီရှို့ကို ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများက ကွေးတက်သွားသည်။
"ခေါင်းဆောင်ချီ စားပြီးရင် နှစ်ယောက်အတူ ဝင်တိုးရအောင်၊ ငါတို့တွေ နိုင်ငံတကာဆာဗာက maskmanတွေကို ဆက်သတ်လို့ရတယ်"
ချီရှို့က ခေါင်းပင်ပြန်မမော့ဘဲ အင်းဟု ပြန်ပြောသည်။ ယဲ့ရှောင်းယန်ကလည်း သူ၏ အနားရှိ အယ်ဖာက အလွန်အမင်း တည်ကြည်လွန်းသော မျက်နှာထားမျိုး ဖြစ်နေကာ တောင့်တောင့်တင်းတင်း ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးတောက်လျှောက် တောင့်တင်းနေသည်။ ချီရှို့က အရေးကြီးအစည်းအဝေးပွဲတက်သလိုမျိုး မနက်စာကို စားသည်။ သူ၏ နားထိပ်ကလည်း နီနေသည်။
အခုတလော အပူချိန်ကျလာသောကြောင့် သူအေးနေသောကြောင့် ဖြစ်လောက်သည်။
သူတို့နှစ်ယောက်က တိတ်တဆိတ် စားနေကြသည်။ အသင်းကို စီမံပေးသူ ထန်းခန်းကလည်း ကန်တင်းသို့ လာကာ မနက်စာစားသည်နှင့် ဆုံသွားသည်။
သူတို့နှစ်ယောက်ကို မြင်သောအခါ သူမက သူမ၏ ဗန်းကို ယူလာပြီးနောက် ယဲ့ရှောင်းယန်၏ အနားတွင် ဝင်ထိုင်သည်။
"မင်းတို့ နေ့တိုင်း ဒီလို စောစောထတာပဲလား၊ ဒီလိုမျိုး ကျန်းမာရေး လိုက်စားပြီး အိပ်ချိန်ဇယားအ​ပြည့်အဝနဲ့ လုပ်တဲ့ esport ကစာသမားတွေက တော်တော်လေးကို ရှားသွားပြီ"
62 07
ယဲ့​ရှောင်းယန်က ရှင်းပြသည်။
"ငါက ဆယ်နာရီဆိုရင် streamingလုပ်တယ်၊ နောက်ပြီးမနက်ပိုင်း၂နာရီဆိုရင် အဆင့်တက်ပွဲတွေမှာ အတူဝင်တိုးတယ်လေ၊ ခေါင်းဆောင်ချီကလည်း ငါနဲ့ညီအောင် သူ့ရဲ့ အိပ်ချိန်ဇယားကို ရွှေ့ထားပေးခဲ့တာ"
ထန်းခန်းက ယဲ့ရှောင်းယန်ကို ကြည့်သည်။
"ဟုတ်သားပဲ ရှောင်ယန်၊ ငါတို့နင့်ရဲ့ ကစားသမားinfoကို leagueကို တင်ပြလိုက်ပြီ၊ ဒါပေမဲ့ အိုမီဂါကစားသမားတွေက တော်တော်လေးကို ထူးခြားတဲ့အတွက်ကြောင့် leagueက တရားဝင်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကိုယ်တိုင်ကိုယ်ကျလာပြီး ငါတို့ကို စုံစမ်းလိမ့်မယ်၊ ဒါပေမဲ့ ရက်အနည်းလောက်နေမှပါ၊ ဒီအတိုင်း ကိုယ်ပိုင်နေထိုင်မှု ဘဝတွေမှာ အယ်ဖာနဲ့အိုမီဂါကစားသမားတွေက ရောရောထွေးထွေးကြီး ဖြစ်နေတာမျိုးကို ရှောင်ဖို့ပဲလိုတာ၊ ဒီလိုဆိုရင် ဂိမ်းပွဲအပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိသွားနိုင်တာကိုး"
စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကစားသမားများကို သူတို့က ချမှတ်ထားသော စည်းကမ်းများကို စောင့်ထိန်းစေလိုခြင်း ဖြစ်သည်။ ကစားသမားများကသာ ပရိသတ်များနှင့် အတူအိပ်ကြောင်း ရှာတွေ့သွားလျှင် သို့မဟုတ် စည်းကမ်းများကို ဖောက်ဖျက်လျှင် သူတို့က ဂိမ်းပွဲတွင် ဝင်ပါ၍မရအောင် တားမြစ်ခံရသည်။ သို့မဟုတ် နိုင်ငံတကာ leagueမှ အဘန်းခံရခြင်းတို့ဖြင့် အပြစ်ပေးခံရနိုင်သည်။
ထျန်းဟွမ်က အိုမီဂါ ကစားသမားတစ်ယောက်ကို လက်မှတ်ထိုးထားသည်။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက လာကာစစ်သည်မှာ နည်းလမ်းကျသည်။ အယ်ဖာနှင့် အိုမီဂါများက သဘာဝအလျောက်ပင် အချင်းချင်း ဆွဲဆောင်ကြလေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် အိုမီဂါများတွင်လည်း heatကာလက ရှိနေသေးလေရာ အသင်းထဲတွင် ဝရုန်းသုန်းကား ဖြစ်ရန် လွယ်သည်။
ယဲ့ရှောင်းယန်ကလည်း နားလည်ကြောင်း ခေါင်းညိတ်သည်။
"နားလည်ပြီ ၊ ဒီအတိုင်း သူတို့ကို လာခိုင်းလိုက်ပါ၊ ငါကလည်း ငါ့ရဲ့ pheromone အနိမ့်အမြင့် အတက်အကျကို အမြဲ စစ်ဆေးနေတယ်၊ နောက်ပြီး အသင်းဖော်တွေနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ထူးခြားတဲ့ လွန်ဆွဲမှုတွေလည်း ရှိနေတာမဟုတ်ဘူး၊ ငါက ဒီအတိုင်း ဒီနေရာကိုလာပြီး ဂိမ်းကို သီးသန့် ကစားရုံပဲ၊ ဒီတော့ သူတို့ ဘာမှ ရှာတွေ့သွားမှာမဟုတ်ဘူး"
ထန်းခန်းက ဖျော့တော့စွာပြောသည်။
"ဒီလိုဆိုရင် အကောင်းဆုံးပဲ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပုံမှန်နည်းလမ်းအတိုင်းပဲ စစ်သွားမှာပါ၊ ငါတို့က ဒီအတိုင်း ပူးပေါင်းပေးရုံပဲ၊ နောက်ပြီး အသင်းက လဲလှယ်တဲ့ windowပိတ်သွားပြီတာနဲ့ နင်ငါတို့နဲ့ လက်မှတ်ထိုးထားတယ်ဆိုတဲ့ အကြောင်းကို တရားဝင် ကြေညာတော့မှာ၊ အဲဒီအချိန်ကျရင် နင့်အနေနဲ့ နောက် seasonရဲ့ တရားဝင် ဂိမ်းပွဲတွေအတွက် idတစ်ခုကို ဖန်တီးထားရင် ကောင်းမယ်ထင်တယ်၊ ဟုတ်သားပဲ နင်ဘယ်လိုနာမည်ရွေးမှာလဲ"
"ငါ ဆုံးဖြတ်ပြီးတာ ကြာပြီ"
ယဲ့ရှောင်းယန်က ပြောသည်။
"ငါက ထျန်းဟွမ် လဲ့ယန် နဲ့ သွားမယ်"
ချီရှို့က ဆွံ့အသွားသည်။
သူ့ရဲ့ idက ရှို့ယွဲ့လေ။
ရှို့ယွဲ့နဲ့ လဲ့ယန် ၊ ဘာလို့ သူတို့က အချစ်စုံတွဲတွေရဲ့ နာမည်နဲ့ တူနေတာလဲ။
ရှောင်းယန် ရည်ရွယ်ချက်ရှိရှိများ လုပ်တာလား။
စာရေးသူရဲ့ မှတ်ချက်;
ယဲ့ရှောင်းယန်...
ငါ့ကို အရင်ဘဝကတည်းက လဲ့ယန်လို့ခေါ်တာ ကောင်လေး၊ အတွေးများမနေနဲ့တော့ ^-^
ချီရှို့...
..........
Telegram မှာ အပိုင်း ၁၈၉အထိ ရောက်ပါပြီနော်။
Continue Reading
You'll Also Like
104K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
1.2M 63.7K 50
9.7K 1.3K 28
ဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ...
293K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...