ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

Por Swae_Nyoe

182K 24.5K 679

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... Más

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108

Part 55

1.6K 217 11
Por Swae_Nyoe

အပိုင်း (55)

ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က မနက် ၇နာရီ ၄၀မှ ၉နာရီ ၄၀အထိ ကစားခဲ့သည်။ သူတို့က သူတို့၏ နှစ်ယောက်တွဲလေကြောင်း comboကိုသုံးကာ ၄ပွံဆက်တိုက် နိုင်သွားသည်။

ချီရှို့က သူ၏ gaming ကုလားထိုင် နောက်သို့ မှီထိုင်လိုက်ပြီးနောက် နားထင်များကို နှိပ်နယ်ကာ မေးသည်။

"၁၀ နာရီတောင် ထိုးတော့မယ်၊ မင်း streamingရဦးမှာမဟုတ်လား"

"ငါသာ နေ့တိုင်း steramမယ်ဆိုရင် လေ့ကျင့်မှုအပေါ် သက်ရောက်မှုရှိနိုင်လား"

ယဲ့ရှောင်းယန်က မေးသည်။

"မရှိပါဘူး၊ အသင်းရဲ့ လေ့ကျင့်ချိန်က နေလယ်နဲ့ ညပိုင်းတွေမှာပဲ၊ ငါတို့ မနက်ပိုင်းစောစော အဆင့်တက်တာကတင် အပိုလေ့ကျင့်တာဖြစ်နေပြီ"

ချီရှို့က နားထင်တွင် ထားထားသော လက်ကို ပြန်ချလိုက်ပြီးနောက် ယဲ့ရှောင်းယန်ကို တဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ သူက နွေးထွေးစွာ ထပ်ဖြည့်ပြောသည်။

"မင်း မင်းကိုယ်မင်း အရမ်းကြီး ဖိအား မပေးပါနဲ့၊ ဒီတိုင်း မနက်ပိုင်း ၂နာရီလေ့ကျင့်တဲ့အပေါ်ပဲ အာရုံစိုက်ထား၊ နောက်ပိုင်း မင်းကိုယ်မင်း အနားယူဖို့ အချိန်ပေးဦး"

ယဲ့ရှောင်းယန်ကလည်း တွေးကြည့်ပြီးနောက် ချီရှို့ပြောသော စကားကလည်း ဖြစ်သင့်ကြောင့် မသိထားလိုက်မိသည်။ ချီရှိူ့နှင့်အတူ နိုင်ငံတကာ saverတွင် rank တက်အောင် ကစားခြင်းကတင် အားအင်ကုန်ဆုံးစေသည်။ ထို့အပြင်သူက တစ်ချိန်လုံး ဂိမ်းပွဲအပေါ် အာရုံအပြည့်စိုက်ထားရပြီး တစ်စက္ကန့်တွင် စိတ်မလွတ်ရဲချေ။ ထိုနည်းနှင့်မှသာ သူက ချီရှို့၏ အရှိန်ကိုလိုက်ညှိနိုင်မည်ဖြစ်သည်။ သူက တစ်ချိန်လုံးသာ ထိုသို့ ခွန်အားအလွန်စိုက်ရသော လေ့ကျင့်မှုမျိုးကို လုပ်ရလျှင်ပင် မဖြစ်နိုင်လောက်ချေ။

လေ့ကျင့်သည့်တိုင်အောင် သူတို့က အလုပ်နှင့် အနားယူချိန်ကို မျှတအောင် ထားရဦးမည်ဖြစ်သည်။

ထိုသို့တွက်ချက်ပြီးသည်နှင့် ယဲ့ရှောင်းယန်က ချက်ချင်းထရပ်လိုက်ကာ အခန်းသို့ ပြန်ရန် ကြံစည်သည်။

သူတို့က အပြင်သို့ ခြေလှမ်းထွက်လိုက်ရုံသာရှိသေးသည့်အချိန် သမ်းဝေကာထွက်လာသော လင်းဖုန်းနှင့် ဆုံသည်။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က ကွန်ပျူတာကိုပင် ပိတ်ပြီးကြောင်းမြင်သောအခါ နည်းပြလင်းက ကြောင်အသွားသည်။

"မင်းတို့ဘာလို့ ထပြီး ဒီလောက်အစောကြီး လေ့ကျင့်နေကြတာလဲ"

"ငါတို့က ပုံမှန်လေ့ကျင့်ချိန်ကို ထိန်းထားပြီး နောက်ကျမှ အိပ်ပြီး စောစောထတဲ့အကျင့်ကို ယူထားတာပါ"

ယဲ့ရှောင်းယန်က ပြောသည်။

"ငါက ၇နာရီမှာထတယ်၊ ခေါင်းဆောင်ချီကလည်း အခုနောက်ပိုင်း စောစောထနိုင်တယ်၊ ဒါကြောင့် နိုင်ငံတကာsaverမှာ ပွဲစဥ်အနည်းငယ်လောက် ကစားပြီး လေကြောင်းcomboကို လေ့ကျင့်ကြည့်နေတာပါ"

လင်းဖုန်းက အလျင်စလို ချဥ်းကပ်လာပြီး ကွန်ပျူတာအနားသို့ ကပ်သွားသည်။

"လာ လာ လာ လာ ငါ့ကို မှတ်တမ်းတင်ထားတာတွေ ပြပါဦး"

ချီရှို့က သူတို့ ဂိမ်းပွဲများ၏ recordingများကို ဖွင့်ပြလိုက်သည်။

လင်းဖုန်းက ဂိမ်းပွဲကို 2x အရှိန်နှုန်းဖြင့်ကြည့်သည်။ သူကအခြားသော ကြုံရာအဖွဲ့များ၏ အပိုင်းများကို ကျော်လိုက်ပြီးနောင် ချီရှို့နှင့် ယဲ့ရှောင်းယန်တို့က ပူးပေါင်းကာ အခြားသူများကို gankလုပ်သော အပိုင်းကိုသာ ကြည့်သည်။ ကြည့်ပြီးသည်နှင့် သူ၏ မျက်နှာတွင် အလွန်အမင်း မယုံကြည်နိုင်သော မျက်နှာထားမျိုးဖြစ်ကာ အတွေးနက်သွားသည်။ အချိန်အတန်ကြာမှသာ သူက ရေရွတ်လိုက်နိုင်သည်။

"မင်းတို့တွေ တစ်ယောက်ကိုတစ်ယောက် သိတဲ့ရက် နည်းနည်းပဲ ကြာသေးတာပါနော်၊ ဘယ်လိုမျိုး ဒီလောက်ထိ လိုက်ဖက်ညီနေတာလဲ"

ယဲ့ရှောင်းယန်က နောက်သည်။

"ကျွန်တော်တို့က တစ်ယောက်အတွက်တစ်ယောက် မွေးဖွားလာတာများလား"

ချီရှို့က တိတ်ဆိတ်သွားသည်။

ဘာတွေပြောနေတာလဲ။ အယ်ဖာနဲ့အိုမီဂါက တစ်ယောက်အတွက် တစ်ယောက် မွေးလာတယ်ဟုတ်လား။

ချီရှို့က ချောင်းအသာဟန့်ကာ ရှက်ရွံ့သွားပြီး အကြည့်ကို လွှဲသည်။ နည်းပြလင်းကိုယ်တိုင်ကလည်း ထိုမျှခေါင်းနာသော စကားလုံးများအကြား မှင်တက်ကြောင်အသွားသည်။ သူက ထိုနှစ်ယောက်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သောအခါ ယဲ့ရှောင်းယန်၏ ရိုးသားသော မျက်ဝန်းနှင့်သာ ဆုံးလိုက်သည်။ ထိုထဲတွင် အပြစ်မကင်းစင် မသက်မသာဖြစ်သော အမူအယာကိုလည်း မမြင်ရချေ။ ယဲ့ရှောင်းယန်က အမြဲတစေ တည့်တိုးပြောတတ်သည်နှင့်တူသည်။ သူပြောသော အတူဖြစ်ရန် မွေးဖွားလာသည်မှာ ဂိမ်းပွဲအတွက်သာ ရည်ညွှန်းခြင်း ဖြစ်လောက်သည်။ အခြားအဓိပ္ပါယ်မပါလောက်ချေ။

နည်းပြလင်းက ထိုအခါမှသာ အတွေးပြန်ပြောင်းပြီး သတိပေးလိုက်သည်။

"လေကြောင်း comboက ကစားဖို့တော်တော်လေးခက်တယ် ၊ ကစားသမားတွေရဲ့ ဖျော်ဖြေမှုအထွတ်အထိပ်အနေအထားထိ ထုတ်သုံးဖို့လိုအပ်တယ်၊ မင်းတို့ကသာ ဒီcomboကို တရားဝင် ဂိမ်းပွဲမှာ ကစားလိုက်မယ်ဆိုရင် မင်းတို့နှစ်ယောက်ရန်သူကို ဖျက်ဆီးနိုင်ဖို့ ယုံကြည်မှုရှိလား"

နည်းပြ၏ မေးခွန်းက အသင်းဗျူဟာများတွင် ထည့်သွင်းစဥ်းစားရန်အတွက် မေးမြန်းခြင်းဖြစ်သည်။

လူနှစ်ယောက်အတူပူးပေါင်းခြင်းနှင့် လူ၅ယောက်အတူပူးပေါင်းခြင်းက မတူသော ကိစ္စဖြစ်သည်။ သူတို့နှစ်ယောက်က သူတို့၏ လေကြောင်းcomboကို သုံးပြီး ကြုံရာဝန်းများမှ ဖြတ်သွားဖြတ်လာများကို ဆွဲချနိုင်သည်။ သို့သော် သူတို့က တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ဖြင့် အချင်းချင်းညှိကာ ကစားရသော ကျွမ်းကျင်ပညာရှင်များ၏ ၅ယောက်တွဲ အသင်းကစားပွဲမျိုးတွင်ဆိုလျှင် ရန်သူကို ဖိနှိပ်ရန် မဖြစ်နိုင်သည်လည်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူတို့က လေထဲမှ ပြုတ်ကျနိုင်ချေ အတော်မြင့်သွားသည်။ ယဲ့ရှောင်းယန်က စဥ်းစားကြည့်ပြီးနောက်ပြောသည်။

"ကျွန်တော်တို့ သာမန်အသင်းတွေနဲ့ ကစားတဲ့အခါတော့ ပြဿနာမရှိနိုင်ဘူး၊ ဒါပေမဲ့ ဒီcomboက အားနည်းလွန်းတယ်၊ ဒါကြောင့် အဖွဲ့လိုက် ထိန်းချုပ်တဲ့အခါ စိုးရိမ်ရတယ်၊ တကယ်လို့ အဖွဲ့လိုက် ထိန်းချုပ်နိုင်တဲ့ အထောက်အပံ့၊ ဒါမှမဟုတ် အဖွဲ့လိုက်ထိန်းချုပ်တဲ့ skillကို ပိုင်ဆိုင်ထားတဲ့ top lanerနဲ့ mid lanerတွေနဲ့သာ ဆုံရမယ်ဆိုရင်တော့ ဒီဖြစ်နိုင်ချေကို ထည့်သွင်း စဥ်းစားရမှာပေါ့"

ချီရှို့ကလည်း သဘောတူသလို ခေါင်းညိတ်သည်။

"အင်း ငါတို့တွေ တရားဝင်ဂိမ်းပွဲတွေမှာ ထုတ်သုံးမလား ၊ ထုတ်မသုံးသင့်ဘူးလားဆိုတာ ကြိုမသိဘူးဆိုတော့ အသင်းလိုက် စမ်းသပ်ထားသင့်တယ်၊ ဒါပေမဲ့ လူအိုကြီးချွင်နဲ့ ချွီကျန်းတို့နဲ့ ပူးပေါင်းမှုကိုတော့ ဖယ်ထားလို့ ဘယ်ဖြစ်ပါ့မလဲ"

နည်းပြလင်းက ထိုအဖြေကြောင့် ကျေနပ်သွားသည်။

"ကောင်းပြီ၊ မင်းတို့အရင် လေ့ကျင့်ထားကြ၊ လေ့ကျင့်ရေး ကဏ္ဍရဲ့ ဒုတိယတစ်လှည့်ရောက်လာပြီဆိုရင် ငါတို့တွေ မင်းတို့ရဲ့ လေကြောင်းcomboပတ်ပတ်လည်မှာ အသင်းcomboအဖြစ် ပြောင်းလဲသုံးဖို့ စမ်းပြီးဖွဲ့စည်းတည်ဆောက်ကြည့်မယ်၊ မင်းတို့တွေက mid/jungle အတွဲတွေနဲ့လည်း သုံးပြီး ကစားကြည့်ထားဦး၊ ဒါကြောင့် ပွဲစဥ်ဂိမ်းပွဲတွေအတွက် လိုအပ်လာတဲ့အခါ ရွေးချယ်စရာ များသွားတာပေါ့"

ကစားသမား၂ယောက်က ခေါင်းညိတ်ကြသည်။

"နားလည်ပါတယ်"

ချီရှို့က တစ်ခဏခန့် ရပ်တန့်ပြီးပြောသည်။

"ရှောင်းယန်နဲ့ငါက အခန်းကိုပြန်ပြီး အနားယူလိုက်တော့မယ်၊ ငါတို့ နေ့လယ်မှ ပြန်ထွက်လာမယ်"

နည်းပြလင်းက ထွက်သွားသော ၂ယောက်ကို ကြည့်ပြီးနောက် ကွန်ပျူတာ ဖန်သားပြင်ကို ပြန်ကြည့်သည်။ ယဲ့ရှောင်းယန်က ရက်အနည်းငယ်ဆိုသော အချိန်တိုအတောတွင်း ချီရှို့နှင့် ထိုမျှ နက်ရှိုင်းသည့် နားလည်မှုမျိုးကို တည်ဆောက်လိုက်နိုင်သည်ဟု မယုံကြည်နိုင်ချေ။

ဒါက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ။

ချီရှို့က ဖန်းကျန်းချင်နဲ့ သိတာ ၄နှစ်တောင်ကြာသွားပြီ။ သူတို့က လူသစ်လေ့ကျင့်ရေးစခန်းမှာကတည်းက သူငယ်ချင်းတွေ။ ဒါပေမဲ့ သူတို့နှစ်ယောက်က အတူကစားတဲ့အခါ ဆန့်ကျင်ဘက်ပဲ။ သူတို့ရဲ့အတွေးက အမြဲတစေ ဆန့်ကျင်ဘက်ပဲ။ ချီရှို့က ချွီကျန်းနဲ့ အခုအချိန်ထိဆိုရင် ၃နှစ်လောက် ကစားပြီးသွားပြီ။ သူတို့ကလည်း အတိုင်းတာတစ်ခုထိ နားလည်မှု ပိုင်ဆိုင်ထားပြီးပြီဆိုပေမဲ့လည်း ချွီကျန်းက ဘယ်နည်းနဲ့မှ ချီရှို့ရဲ့ ဟန်ချက်ကို မမှီနိုင်ဘူး။

ဒါပေမဲ့ ယဲ့ရှောင်းယန်ကတော့ မှီနိုင်တယ်။ ဒါကြောင့် ချီရှို့က ယဲ့ရှောင်းရန်ကို ထျန်းဟွမ်ကို ခေါ်ဖို့ အတင်းတိုက်တွန်းနေတာ မအံ့သြတော့ပါဘူး။ တစ်ခါတစ်ရံမှာ ကစားသမား၂ယောက် တစ်ယောက်ကိုယ်တစ်ယောက် နားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာက ကံကြမ္မာအပေါ် တကယ်ကို မှီခိုနေလောက်တယ်။ ယဲ့ရှောင်းယန်ကလည်း ချီရှို့ပြောတဲ့ စိတ်ကူးယဥ်အသင်းဖော်ဖြစ်လောက်တယ်။

နည်းပြလင်းက ထိုအကြောင်း တွေးလေလေ သူက စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။ နောက်seasonတွင် ထျန်းဟွမ်၏ mid/jungleအတွဲက ပြိုင်ပွဲဝင်နယ်မြေသို့ ပြန်လည်ထွက်ပေါ်လာတော့ပေမည်။ သူကလည်း ယဲ့ရှောင်းယန်ကို အလွန်အထင်သေးမိကြောင်း နားလည်လိုက်သည်။ သာမန်ဖြစ်စဥ်အတိုင်း သူ့ကို လေ့ကျင့်ခိုင်းခြင်းထက် ချီရှို့နှင့် ပူးပေါင်းခိုင်းခြင်းက ပို၍ပင် မြန်ဆန်နေသေးသည်။

ရှောင်းယန်ရဲ့ ဂိမ်းပါရမီက တော်တော်လေး ရှားပါးပြီး တွေ့ရခဲတယ်။ သူက heroအသစ်တွေကို ရွေးချယ်ပြီး ကျွမ်းကျင်ဖို့ကြိုးစားတာတောင် တော်တော်လေး မြန်မြန်ဆန်ဆန်တက်မြောက်နိုင်တယ်။ ဒီတော့ သူ့ရဲ့ လေ့ကျင့်တဲ့အစီအစဥ်က ဒီတိုင်း လုပ်လို့ ဖြစ်ပါ့မလား။ အရှိန်မြှင့်လို့ ရမယ်ထင်တယ်။

နည်းပြလင်းက ယဲ့ရှောင်းယန်၏ စားပွဲပေါ်မှ လေ့ကျင့်သည့် အချိန်ဇယားကို ကြည့်လိုက်ပြီးနောက် ဘောပင်ကို ကောက်ယူကာ စာကြောင်းအနည်းငယ်ကို ထပ်ဖြည့်သည်။

ယဲ့ရှောင်းယန်က အခန်းထဲသို့ ပြန်ပြီးနောက် မနက် ၁၀ နာရီအတိအကျတွင် စတင်ကာ streamလုပ်သည်။

သူ့ကို စောင့်နေကြသော ကြည့်ရှုသူ အနည်းငယ် ရှိနေသည်။ မူကျဲက သူ့ကို ချက်ချင်းလိုလို ဖိတ်ကြားလာပြီး သူမနှင့်အတူ အဆင့်တက်ခိုင်းသည်။

ယဲ့ရှောင်းယန်က သူမ၏ အဖွဲ့ထဲသို့ ဝင်လိုက်သောအခါ ရှောင်းဝေ့ကောကလည်း ရှိနေကြောင်း သိလိုက်ရသည်။

ရှောင်းဝေ့က တိုက်ရိုက်သာ မေးသည်။

[ရှောင်ပိုင် မင်းအခုတလော အလုပ်များနေတာလား၊ ညဘက်တွေ မတွေ့ရသလိုပဲ]

ယဲ့ရှောင်းယန်က ဖြေသည်။

[အင်း ကျွန်တော် သိပ်မကြာခင်က အလုပ်ရသွားလို့လေ]

သူအခု လုပ်နေတာကလည်း အလုပ်ပဲ မဟုတ်လား။

သို့သော် သူ၏ streamingခန်းထဲမှ ကြည့်ရှုသူများကမူ သူပြောသော စကားကို ကြားပြီး မကျေနပ်ကြချေ။

[မင်းက တကယ်ကို တာဝန်ယူစိတ်အပြည့်ရှိတဲ့ streamerမဟုတ်ဘူး ]

[သနားစရာကောင်းတဲ့ ရှောင်ပိုင်လေးက သူ့ရဲ့ကြောင်လေးကို ပျိုးထောင်ဖို့အတွက် အလုပ်ရှာရသေးတယ်၊ ငါတို့ပို့တဲ့ လက်ဆောင်တွေက မင်းနဲ့ မင်းကြောင်ကို ထောက်ပံ့ဖို့ မလုံလောက်ဘူးလား]

[မြန်မြန်လေး အားလုံး လက်ဆောင်တွေပို့ကြ]

ထိုသို့ဖြင့် ဘယ်ဘက်အောက်ဘက်ခြမ်းထောင့်လေးနားမှ လက်ဆောင်ဆိုသော နေရာတွင် အပြုံလိုက် ဘွားခနဲဘွားခနဲ ပေါ်လာသည်။ ယဲ့ရှောင်းယန်က ခပ်မြန်မြန်တားသည်။

"မင်းတို့တွေ လက်ဆောင်တွေပို့ဖို့မလိုပါဘူး၊ streamingက ငါ့ရဲ့ အလုပ်မှ မဟုတ်တာ၊ ဒါပေမဲ့ အခုက စပြီး ငါက မနက်တိုင်း ၁၀ နာရီကနေ ၁၂ နာရီအထိ ပုံမှန် streamသွားမှာပါ၊ ဒီလိုနဲ့ ပုံမှန်အချိန်ချထားလို့ မင်းတို့တွေ သီးသန့်လာကြည့်နိုင်တယ်"

မူမူက ဖျော့တော့စွာပြုံးပြီးစာရေးလိုက်သည်..

[ဒါဆိုရင်လည်း ငါတို့ ပုံမှန်အစီအစဥ်အတိုင်း မနက်တိုင်းမှာ ဝင်တိုးကြတာပေါ့ ]

ယဲ့ရှောင်းယန်...

[အဆင်ပြေပါတယ်]

ယောင်မူက စောစောအိပ်ပြီး စောစောထသော streamerတစ်ယောက်ဖြစ်သည်။ သူမ၏ အချိန်ဇယားက ယဲ့ရှောင်းယန်၏ အချိန်ဇယားနှင့် ကိုက်ညီသည်။ ရှောင်းဝေ့ကလည်း တစ်ခါတစ်ရံ မနက်ပိုင်းတွင် onlineတက်တတ်ပြီး တစ်ခါတစ်ရံတွင်မူ မတက်တတ်ချေ။ အကြောင်းမူကား သူက သူ၏ စိတ်အခြေအနေအလိုက် အိပ်သည်၊စားသည်။ သို့သော်သူက မနက်ပိုင်းထနိုင်သမျှ မူမူနှင့်အတူ ကစားတတ်လေသည်။ ထို့ကြောင့် အချိန်ကြာကြာအတူကစားပြီးနောက် သူတို့၃ယောက်ကလည်း တစ်ယောက်အကြောင်းတစ်ယောက် ပို၍ နားလည်လာကြပြီး we chatတွင်လည်း အပ်ထားကြသည်။

ယဲ့ရှောင်းယန်က နေ့လယ်တွင် streamingအခန်းကို ရပ်ပြီးနောက် မူမူက သူ့ကို စာပို့လာသည်။

[ရှောင်ပိုင် ဒီဇင်ဘာတိုင်းမှာ ဝေလငါးstreaming က လူသစ်streamerတိုင်းအတွက် ပွဲကျဥ်းပပေးတယ်၊ ဒီနှစ်မှာ ပွဲဦးထွက်ထားတဲ့ streamerအသစ်တိုင်းကလည်း လာပြီး ယှဥ်ပြိုင်ကြတယ်၊ ပုရိသတ်တွေက မဲပေးနိုင်တယ်လေ၊ ဒါကြောင့် ပထမရတဲ့streamerက ပလတ်ဖောင်းကနေ ကြော်ငြာအများကြီးကို လက်ခံရရှိမှာ၊ နင်ပါမှာလား]

မဲအတွက် ပြိုင်ဆိုင်ရသော streamerများဆိုသော အနေအထားအရ ယဲ့ရှောင်းယန်က ယခင်ဘဝမှ အတွေ့ကြုံများကို သတိရသွားသည်။ ဒါက streamerများက ကြွားနိုင်သော ပွဲမျိုးလည်း ဖြစ်သည်။ ထိုနေရာတွင် ပထမရသွားသည့်လူက သူတို့က ကောင်းကောင်း ကြွားလုံးထုတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် streamerအများစုက သူတို့ကိုယ်သူတို့ မဲပေးရန်အတွက် သီးသန့်artအကောင့်များပင် လုပ်ထားလေ့ရှိသည်။

ယဲ့ရှောင်းယန်က ပြုံးပြီး ပြန်ဖြေသည်..

[ငါ အဲဒီပွဲကို မလာဖြစ်လောက်ဘူး]

မူမူ 😦😦ကို ပို့ကာမေးသည်..

[ဘာလို့လဲ၊ ပထမနှစ်ဝက်မှာ ပွဲဦးထွက်ထားတဲ့ streamerတိုင်းလိုလို ပါကြတာပဲလေ၊ အကိုငါးနဲ့ ချစ်စရာကောင်းတဲ့ ဝက်ဝံလေးနဲ့ တခြားသူတွေတောင်မှ လူသစ်ပွဲအကြောင်း ပြောနေကြပြီ၊ နင်ဆိုရင် နင့်ရဲ့လက်ရှိအနေအထားအရ သူတို့ကို အလွယ်တကူ အလဲထိုးလိုက်လို့ရတာပဲ၊ ဘာလို့မပါတာလဲ ]

ယဲ့ရှောင်းယန်က ထိုဒုတိယအတန်းစား streamerများနှင့် သူ့ကိုယ်သူ ဘယ်သောအခါမှ မယှဥ်ဘူးချေ။ သူ၏ အဓိက ပန်းတိုင်ကလည်း နာမည်ကြီး streamerတစ်ယောက်ဖြစ်ရန်မဟုတ်ချေ။ သူက teamထျန်းဟွမ်သို့ဝင်ပြီး တရားဝင် ကျွမ်းကျင်ကစားသမားအဖြစ် လက်မှတ်ထိုးပြီးလေပြီ။ သူကထိုနေရာတွင် ဝင်ပြိုင်ခဲ့ပြီး ပထမရသွားလျှင်ပင် က လူအများက သူ၏ နောက်ခံပေါ်သွားကာ မမျှတကြောင်း ဝိုင်းပြောလာကြပေလိမ့်မည်။ ထိုအခါ သူက ထျန်းဟွမ်မှ မဲများကိုပင် အသာစီးရယူထားခဲ့သည်ဟု ပြောကာ စွပ်စွဲကြပေလိမ့်မည်။

ဘာလို့ ဒီလိုလုပ်ဖို့လိုတာလဲ။ သူက နာမည်ကြီးဖို့အတွက်နဲ့ ဒီလိုလုပ်ရဦးမှာလား။

သူက ကောင်းကောင်းကစားပြရုံဖြင့် prefessional matchများတွင် သူ့နာမည်သူ ရအောင်လုပ်နိုင်သည်။

ယဲ့ရှောင်းယန်က စာရိုက်ပို့သည်..

[စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မူကျဲ၊ ငါက ဒီတိုင်း ဒီနယ်ပယ်ထဲကို မဝင်ချင်ရုံပါ၊ streamerသစ်တွေကြားက ပြိုင်ပွဲက တကယ်ကို ပြင်းထန်မှာပဲ၊ နောက်ပြီး fanတွေနဲ့ anti fanတွေအားလုံးကလည်း ရန်ပွဲဖြစ်ကြလိမ့်မယ်၊ အထူးသဖြင့် မဲရဖို့ပေါ့၊ ဒါက ပင်ပန်းလွန်းတယ်]

မူမူက ထိုစာကိုကြည့်လိုက်ပြီးနောက် အချိန်အတန်ကြာ တွေးတောလိုက်သည်။ streamerသစ်များက နှစ်စဥ်ကျင်းပလေ့ရှိသည့် နာမည်ကြီးပြိုင်ပွဲများက လွဲပြီး အခြားအရာများကို ဂရုမစိုက်ကြချေ။ သို့သော် ရှောင်ပိုင်ကမး ဂရုမစိုက်ချေ။ သူက ပြောသွားသော ကိစ္စများအရ စိတ်အနှောင့်အယှက်ဖြစ်ခြင်း သို့မဟုတ် တခြား အကြောင်းရာများ ရှိ၍ ဖြစ်လောက်သည်။

သူက အလုပ်ရှာသည်ဆိုသော ကိစ္စကို ပြန်တွေးကြည့်ပြီးနောက် မူမူက အံ့အားသင့်သွားသည်။ သူမက နောက်လိုက်သည်...

[ဘာလဲ နင်အလုပ်ရသွားပြီဆိုတာက professionalအသင်းတွေက နင့်ဆီ လာပြီး ကမ်းလှမ်းတာမဟုတ်လား၊ ဒီလိုနဲ့ နင်က proကစားသမားတစ်ယောက် ဖြစ်လာတော့မှာပေါ့ ]

ယဲ့ရှောင်းယန်က အ​ပြုံးမျက်နှာဖြင့် ပြန်ဖြေသည်...

[မူကျဲခန့်မှန်းတာ မှန်တယ် ^-^]

ယဲ့ရှောင်းယန်က ထပ်ဖြည့်ပြောသည်..

[ဒါပေမဲ့ ဘယ်အသင်းလဲဆိုတာကိုတော့ တရားဝင်မကြေညာခင် ပြောဖို့က အဆင်မပြေဘူး၊ ဒါကြောင့် အနာဂတ် ဂိမ်းပွဲမှာတွေ့တဲ့အခါ မူကျဲက သုံးသပ်ပြသူ ဖြစ်နေသေးတယ်ဆိုရင် ကြင်ကြင်နာနာနဲ့ ငါက ရူးကြောင်ကြောင်နဲ့ killတစ်ခု ယူလိုက်မိတဲ့အခါ စကားလုံးကောင်းလေးတွေနဲ့ ချီးမွမ်းပေးရင် အဆင်ပြေမှာပဲ ]

မူမူ..

[.......]

သူက တကယ်ကို professional ကစားသမားတစ်ယောက် လုပ်တော့မှာပဲ။ ဒါကြောင့်သူက streamerလူသစ်ပြိုင်ပွဲကို စိတ်မဝင်စားတာ မအံ့သြတော့ပါဘူး။

ယောင်မူကလည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ရှောင်ပိုင်က ဂိမ်းတွင် သန်မာတာ သူမသည်လည်း သိသည်။ သူမနှင့် ရှောင်းဝေ့တို့က ပထမတန်းစား streamerများဖြစ်သော်လည်း တစ်ခါတတစ်ရံ ရှောင်ပိုင်၏ အရှိန်နှုန်းကိုပင် အမီ မလိုက်နိုင်ကြချေ။ ထိုအတွက်ကြောင့်လည်း သူမက ရှောင်ပိုင်နှင့်အတူ အမြဲတစေ အတူကစားချင်စိတ် ရှိနေခြင်းဖြစ်သည်။

အခု professional အဖွဲ့က ဒီကျောက်ရိုင်းတုံးလေးကို သတိထားမိသွားကြပြီပေါ့။ သူတို့က ရှောင်ပိုင်ကိုတောင် pro leagueအတွက်လာခေါ်ကြတယ်။

မူမူက စာပို့သည်..

[အံ့သြစရာပဲ ၊ နင်မစိုးရိမ်ပါနဲ့၊ ငါက professioanlပွဲစဥ်တွေက သုံးသပ်ပြသူတွေနဲ့ ရင်းနှီးပြီးသား၊ ငါက နင့်ကို ကူညီပြီး နင်နဲ့ ပတ်သက်တဲ့ ကြွားလုံးတွေ ထုတ်ထားပေးမယ်၊ နင်ကသာ ဂိမ်းပွဲမှာ ကောင်းကောင်းကစားနိုင်ရင် အဆင်ပြေတယ်၊ မဟုတ်ရင်တော့ ငါပြောထားသမျှက နင့်ကိုပဲ ရှက်စေလိမ့်မယ် ]

ယဲ့ရှောင်းယန်..

[သေချာပေါက်ပေါ့]

မူမူ....

[ဒါဆိုရင် နင်အချိန်ရှိတဲ့အခါ အနာဂတ်မှာ ငါတို့တူတူ အဆင့်တက်ကြတာပေါ့၊ ကောင်ပြီ နင်အခု လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထားလိုက်ပါဦး၊ ကံကောင်းပါစေ]

ယဲ့ရှောင်းယန်..

[Bye bye မူကျဲ]

ယဲ့ရှောင်းယန်က chat windowကို ပိတ်လိုက်သည်။ သူကလည်း ယောင်မူက အခြားလူများကို အတင်းအဖျင်းလိုက်ပြောမည်မဟုတ်ဟု ယုံကြည်သည်။ မည်သို့ပင်ဆိုစေ သူမက professional leagueတွင် ပုံမှန်သုံးသပ်သူဟူသော ဂုဏ်သတင်းကို ထိန်းသိမ်းထားရန် လိုအပ်သေးလေသည်။ ထို့ကြောင့် သူမက ပါးစပ် ဖွာတတ်လျှင် မကောင်းနိုင်ချေ။

ထို့အပြင် ရှောင်ပိုင်က proအသင်းသို့ ဝင်လိုက်ပြီ ဆိုသော ပုံပြင်ကလည်း professional leagueအသိုင်းဝိုင်းတွင် နာမည်ကြီးနေပြီးသား ဖြစ်သည်။ ဒီအတိုင်း သူက ထျန်းဟွမ်သို့ ဝင်ထားကြောင်းကိုသာ မည်သူမှ မသိသေးခြင်း ဖြစ်သည်။

နေ့လယ်၁၂နာရီ ခွဲသွားသောအခါ ယဲ့ရှောင်းယန်က ကန်တင်းသို့ဆင်းကာ နေ့လယ်စာ စားသည်။ သူ၏အသင်းဖော်များက ရောက်နေကြပြီဖြစ်သည်။ ချွီကျန်းက အလျင်လက်ဦးမှုယူပြီး ဗန်းကို အနားသို့ ယူလာကာ ယဲ့ရှောင်းယန်၏ ဘေးနားတွင် ထိုင်ပြီးနောက် အနီးကပ်ကြည့်ကာ မေးသည်။

"မင်း ခေါင်းဆောင်ချီနဲ့ ဘယ်လိုနေလဲ၊ အဆင့်တက်ပွဲစဥ်တွေမှာ နိုင်လား ရှုံးလား"

"ငါတို့ အဆင်ပြေပါတယ်"

ယဲ့ရှောင်းယန်က ပြောသည်။

"ငါတို့ တော်တော်လေးတော့ နိုင်ထားတယ်၊ မင်းတို့ရော ဘယ်လိုလဲ"

ချွီကျန်းက သက်ပြင်းချသည်။

"အားယား မနေ့ညက ငါနဲ့ရှောင်ရှင်းက ဆက်တိုက်ရှုံးတာ"

ယဲ့ရှောင်းယန်က ခပ်ဝေးဝေးတွင် သွားထိုင်နေသော ချန်းရှင်းကို ကြည့်လိုက်သည်။ သူက လေသံကို နှိမ့်ပြီး ခပ်တိုးတိုးပြောသည်။

"ရှောင်ရှင်းက တော်တော်လေး အလျင်လိုတယ်မဟုတ်လား"

ချွီကျန်းက သူ့ကို အံ့အားတကြီး ကြည့်သည်။

"မင်း ဘယ်လိုသိတာလဲ"

ယဲ့ရှောင်းယန်က ပြုံးသည်။

"ငါပြောနိုင်တယ်လေ၊ ဒီကလေးက စိတ်မရှည်တတ်ဘူး၊ ပြိုင်ပွဲက ရတဲ့ အပူမီးက သူ့ခေါင်းထဲကို အလွယ်တကူ ဝင်တိုးနိုင်တယ်၊ သူက ဒီလိုနဲ့ အလျင်စလို တိုးဝင်သွားပြီး သူ့အသက်ကို ပေးတာ၊ မဟုတ်ရင် မင်းကဘာလို့ သူ့ကို မတားနိုင်ရမှာလဲ"

ချွီကျန်းက ခါးသည်းစွာဖြင့် ခေါင်းညိတ်သည်။

"ဟုတ်တယ် ငါသူ့ကို မထိန်းနိုင်ဘူး၊ တကယ်ကို ပင်ပန်းလိုက်တာ"

ယဲ့ရှောင်းယန်က ပြောသည်။

"ဒါကြောင့်ပဲ နည်းပြက မင်းကို သူ့ကို ထောက်ပံ့ခိုင်းတာပေါ့၊ ဒါက သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့လေ၊ မင်းက teamထျန်းဟွမ်ထဲမှာ အတည်ငြိမ်ဆုံး ကစားသမားပဲ၊ မင်းကပဲ အောက်ခြေလမ်းကျဥ်းက ကိစ္စတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်မှာ၊ ဒီလိုနဲ့ ချန်းရှင်းက အားလုံးကို ဖြိုချလိုက်တာမျိုး မဖြစ်စေရတော့ဘူးပေါ့"

ချွီကျန်းကမူ ချီးကျူးခံလိုက်ရသောကြောင့် သဘောတကျ ရယ်သည်။

"တကယ်လား၊ ငါလည်း ဒီလိုထင်တယ်၊ ငါ ချန်းရှင်းကို သေချာပေါက် မျက်စိကောင်းကောင်းနဲ့ စောင့်ကြည့်ထားပြီး အနာဂတ်မှာ killsတွေပေးခိုင်းဦးမယ်"

ယဲ့ရှောင်းယန်က တိတ်ဆိတ်သွားသည်။

ချွီကျန်းက အတော်လေး စိတ်ရင်းကောင်းတယ်လို့ သူမြင်တယ်။ သူ့ရဲ့ စိတ်နေသဘောထားက တော်တော်လေးကို ကောင်းတာ။

သူက ထျန်းဟွမ်သို့ ဝင်ပြီးနောက် midlanerအသစ်နှင့် ယခင် midlanerတို့က တစ်ယောက်ကိုယ်တစ်ယောက် မြင်သည်နှင့် ထွက်ပြေးသွားကာ ရှောင်ရှားနေသော မြင်ကွင်းမျိုးကိုပင် စိတ်ကူးယဥ်ကြည့်ဖူးသည်။ သို့သော် ချွီကျန်းကမူ သဘောထားကြီးစွာဖြင့် midlanerနေရာမှ အထောက်ပံ့နေရာသို့ ပြောင်းပေးရန် လက်ခံခဲ့သည်။

ယဲ့ရှောင်းယန်ကလည်း သူစိတ်အေးသွားသလို အသက်ပြည့်ရှူနိုင်ခဲ့ကြောင်း ခံစားရသည်။ သူက ပြောသည်။

"အားလုံးက တဖြည်းဖြည်း တစ်ယောက်ဆီကတစ်ယောက် လေ့လာနေကြဖို့ သင်ယူနေကြရတာပဲ၊ ခေါင်းဆောင်ချီနဲ့ငါက အတော်လေးကို အချင်းချင်း နားလည်နိုင်ပြီး ကောင်းကောင်း အလုပ်လုပ်နိုင်ကြပါတယ်၊ တစ်လကြာပြီးရင် ငါတို့ရဲ့ အသင်းက အတူပေါင်းပြီး လေ့ကျင့်ရတော့မယ်၊ အဲဒီအခါ ငါတို့ရဲ့ top middleနဲ bottom laneတိုင်းက အချင်းချင်း နားလည်မှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်ကြရလိမ့်မယ်"

ချွီကျန်းက ရိုးသားစွာ ခေါင်းညိတ်သည်။

"အင်း ခေါင်းဆောင်ချီက သူ့ရဲ့ အမိန့်ပေးမှုတွေနဲ့ ငါတို့ကို စည်းလုံးအောင် လုပ်နိုင်ခဲ့တယ်၊ နောက်ပြီး ငါကလည်း မင်းကို ကူညီပြီး အလယ်လမ်းကျဥ်းဝန်းကျင်ကို မြင်နိုင်စွမ်းရှိအောင် လုပ်ပေးပါ့မယ်"

ဒုတိယအသင်းမှ အဖွဲ့ဝင်များက အနီးနားဝန်းကျင်တွင် အသည်းအသန် စားနေကြသည်။ သူတို့က ခေါင်းကို အသားကုန် ငုံ့ထားကြသည်။ သို့သော် သူတို့က မျက်လုံးထောင့်ဖြင့် အဝေးသို့ ခိုးကြည့်နေကြခြင်းဖြစ်သည်။ မူလကမူ ချီရှို့နှင့် ယဲ့ရှောင်းယန်တို့က အချင်းချင်းတွေ့သည့်အခါ အတော်လေး ကို့ယို့ကားယား နိုင်မည်ဟု ထင်ထားကြသည်။ မမျှော်လင့်ထားစွာပင် သူတို့က ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောကာ အဆင်ပြေနေကြသည်။ ထို့အပြင် လေသံတိုးတိုးဖြင့်ပင် ကပ်တိုးလေး ပြောနေကြသေးသည်။

ချန်းရှင်းက ခပ်တိုးတိုးပြောသည်။

"သူတို့ ငါ့ကို မကောင်းပြောနေတာဖြစ်မယ်၊ မဟုတ်ရင် ငါ့ရဲ့နားတွေက ပူနေစရာအကြောင်းမရှိဘူး"

ရှဲ့ရှောင်းထျန်းကပြောသည်။

"မင်း killsအများကြီး အလကားပေးခဲ့တာမဟုတ်ဘူးလား၊ ချွီကောက သေချာပေါက် ယန်ကောဆီ မင်းအကြောင်း မကောင်းပြောနေလောက်တယ်"

ချန်းရှင်းက ရှက်သွားပြီး နားရွက်များက နီရဲသွားသည်။

"ငါကလည်း စိတ်အား ထက်သန်မှုအပြည့်နဲ ကစားတာပါပဲ"

ရှဲ့ရှောင်းထျန်းက စကားကို ထိန်းမထားဘဲ ပြောသည်။

"စိတ်အားထက်သန်လွန်းလို့ 0-5လား"

ချန်းရှင်းက တိတ်ဆိတ်သွားသည်။ မနေ့ညက ဒီmaskmanက ၅ကြိမ်ဆက်တိုက် အသတ်ခံခဲ့ရပြီး 0 kill ရခဲ့တာ။ နည်ပြကတောင် သူ့ကို တစ်ယောက်ချင်းခေါ်ပြီး သီးသန့်လက်ချာပေးတဲ့အထိပဲ။

ထို့​နောက် ချန်းရှင်းက စိတ်ငြိမ်သွားပြီး ကောင်းကောင်း ပြုမူလာခဲ့သည်။ နည်းပြကလည်း သူ့ကို ချွီကျန်း၏ ဦးဆောင်မှုနောက်သို့လိုက်ရန် ပြောခဲ့သည်။ ချွီကျန်းကသာ သူ့ကို မတိုက်ခိုက်ခိုင်းလျှင် ချန်းရှင်းက မတိုက်ခိုက်ရချေ။ ထိုသို့ဖြင့် တဖြည်းဖြည်း နှစ်ယောက်က အချင်းချင်း ပူးပေါင်းဆောင်ရွက် နားလည်လာပေလိမ့်မည်။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့၏ လေ့ကျင့်ရေး အစီစဥ်ကလည်း ပြောင်းသွားသည်။ နည်းပြလင်းက သူတို့၏ တိုးတက်မှုဖြစ်စဥ်အတိုင်း အစီစဥ်များ ပြောင်းပေးသည်။

သူတို့က သူတို့၏ လေကြောင်း comboကို ကျွမ်းကျင်သွားပြီးနောက် နေက်ထပ် သူတို့က လွန်ခဲ့သော နှစ်ပေါင်းများစွာက professional ဂိမ်းများမှ ပေါ်ခဲ့ဖူးသော comboများထဲမှ တစ်ခုကို လေ့ကျင့်သည်။ အချိန်အတန်ကြာပြီးနောက် ထိုcomboကို လူတိုင်းက မေ့သွားကြပြီဖြစ်သည်။ ထို comboက အဖြူအမည်း ဝံပုလွေဘုရင်များ comboဖြစ်သည်။

Midlaner ဝံပုလွေဖြူ ဘုရင်က ဝံပုလွေပုံနှင့် လူပုံကို အလျင်အမြန်ပြောင်းလဲနိုင်သော heroဖြစ်သည်။ ဝံပုလွေပုံစံနှင့်ဆိုလျှင် ထိုheroက သူ့ကို တိုက်ပွဲတွင် ထောက်ပံ့မည့် အဖြူရောင် ဝံပုလွေငယ်လေး ၄ကောင်ကို ဆင့်ခေါ်နိုင်သည်။ သူက ဆင့်​ခေါ်သူ မှော်ဆရာအမျိုးအစားဖြစ်ပြီး တိုက်ခိုက်နိုင်သော အလားအလာ အလွန်မြင့်သည့် skillမျိုးကို ပိုင်ဆိုင်ထားသည်။ သို့ရာတွင် သူ၏ ခုခံမှုက အလွန်နိမ့်သည်။ ထို့ကြောင့် အလွယ်တကူ သေနိုင်သည်။ ထို့ကြောင့် ပုံမှန် လည်ပတ်နိုင်အောင် ထိန်းညှိပေးရန် ခက်ခဲသည်။

လူသားပုံစံဖြင့်ဆိုလျှင် သူက AoEအဖွဲ့လိုက်ထိန်းချုပ်သည့် Ultကို ပိုင်ဆိုင်ထားပြီး ကြောက်ရွံ့မှု statusမျိုးကို ပိုင်ဆိုင်ထားသည်။ သို့သော်သူ့တွင် တိုက်ခိုက်သည့် skillမရှိချေ။

Jungler အနက်ရောင် ဝံပုလွေကမူ ဝံပုလွေပုံသဏ္ဍာန်နှင့် လူပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပြန်သည်။ သူက ဂိမ်းအတွင်းရှိ လုပ်ကြံသတ်ဖြတ်သူ heroများထဲတွင် အဖျတ်လတ်ဆုံးဖြစ်သည်။ သူက လှုပ်ရှားမှုစကေးအများကြီး ပိုင်ဆိုင်ထားသည်။ ရုတ်တရက် တိုက်ခိုက်နိုင်သော တိုက်ကွက်ပေါင်းများစွာထုတ်နိုင်သည့် အလားအလာမြင့်သည်။ သူက ပုံသဏ္ဍာန်ပြောင်းသည့် အချိန်တိုင်းလိုလို ပေါက်ကွဲသည့် damageထုတ်နိုင်မည်မှာ သေချာသည်။

ဝံပုလွေနက်က killတစ်ခု ရသွားပြီးသည်နှင့် သူ၏ ultက ပုံသဏ္ဍာန်ပြောင်းသွားခြင်းအားဖြင့် ချက်ချင်းလိုလို skillတစ်ခုသုံးပြီးနောက် ရပ်တန့်သွားသော အရာကို ချက်ချင်း ပြန်သုံးနိုင်စေသည်။ ဝံပုလွေပုံသဏ္ဍာန်ဖြင့်ဆိုလျှင် သူက နံရံများကိုပင် ခုန်ကျော်နိုင်သေးသည်။ လူသားပုံသဏ္ဍာန်ဖြင့်ဆိုလျှင် သူက အမဲလိုက်သော moodကို ဖွင့်ထားနိုင်ပြီး အလွန်ဝေးကွာသော တစ်နေရာမှ ရန်သူကိုပင် ပစ်မှတ်ထားနိုင်သည်။ ဒီနည်းအားဖြင့်သူက ကြယ်ငါးပွင့်အဆင့်ပင် ခက်ခဲမှုအဖြစ် သတ်မှတ်ရသော junglerတစ်ယောက် ဖြစ်သွားနိုင်သည်။

ထိုအဖြူအနက် ဝံပုလွေများက season 3၏ ဂိမ်းထဲတွင် စတင်ကာ ထည့်သွင်းခံရခြင်း ဖြစ်ပြီး ထိုနောက်ပိုင်း တစ်ခဏခန့်ကြာသည်အထိ အတော်လေး ကျော်ကြားသွားခဲ့သေးသည်။

သို့သော် လူတိုင်းကလည်း ထိုအတွဲ၏ combo ကအတော်လေး ကြမ်းတမ်းကြောင်း သတိထားမိသွားကြသည်။ ဒါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမိရန် လွယ်ကူသည်။ ထို့ကြောင့် အနိုင်ရနိုင်ချေက တော်တော်လေး နိမ့်သည်။

ထို့အပြင် ကစားရလည်း ခက်သေးသည်။ ကစားသမားများကလည်း ဖိအားများလွန်းသဖြင့် ဆံပင်မွှေးများကိုပင် ကောက်နုတ်ချင်လောက်အောင် ခေါင်းခဲစေနိုင်လောက်သည်။

ဝံပုလွေအဖြူဘုရင်က သူ၏ ဝံပုလွေငယ်လေးများကို ဆင့်ခေါ်လိုက်သည်နှင့် ကစားသမားများက သူတို့၏ mouseနှင့် keyboardကို ဆက်တိုက်သုံးပြီး အားလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ ရလဒ်အနေဖြင့် အခြေအနေပေါင်းများစွာတွင် ဝံပုလွေအကောင်ပေါက်လေးများက မည်သူ့ကို သတ်ရမှန်းမသိသော အ​ခြေအနေမျိုး ဖြစ်သွားနိုင်သည်။ သူတို့က ဒီအတိုင်း ခေါင်းမရှိသော ယင်ကောင်များကဲ့သို့ ဟိုဟိုဒီဒီလျှောက်ပြေးနေတတ်သဖြင့် ကစားသမားများက ထိန်းချုပ်ရန် မဖြစ်နိုင်တော့ချေ။

လူပုံသဏ္ဍာန်ယူပြီးနောက် ဝံပုလွေအဖြူဘုရင်က အတော်လေး ချောသည့် အဖြူရောင်အမြှီးနှင့် အဖြူရောင်ဝံပု​လွေနားရွက်တစ်စုံကို ပုံစံအဖြစ် ပြောင်းလဲသွားသည်။ ကံဆိုးစွာဖြင့် သူသားပုံသဏ္ဍာန်တွင် သူက အခြေခံအားဖြင့် သစ်သားတုံးလို အသုံးမဝင်ချေ။ သူက ultကို မထုတ်သမျှ ထိုနေရာတွင် ဒီတိုင်းရပ်ပြီး အသေခံရတော့မည်ဖြစ်သည်။

အနက်ရောင် ဝံပုလွေအတွက်ကမူ...ဒီအတိုင်း ထိုheroကို ကစားသော ကစားသမားများအတွက် သူက ဒီတိုင်း လက်ကျိုးနေသလို ဖြစ်သွားစေနိုင်သည်။

ကစားသမားတစ်ယောက်က ညာဘက်ခြမ်းသို့ ခုန်ရန် ချိန်ရွယ်ထားလျှင်ပင် ရှေ့တည့်တည့်ရှိ နံရံသို့ ဝင်တိုးမိပြီး သေနိုင်သေးသည်။ လူသားပုံသဏ္ဍာန်တွင် ဆိုလျှင်လည်း ဆိုးဆိုးရွားရွားပင် ထောင်ချောက်ထဲသို့ ကျဆင်းသွားရန် လွယ်ကူနေသေးသည်။ ဒီနည်းအားဖြင့် တိုက်ကွက်များကို မလုပ်နိုင်ပြန်ချေ။ ထို့ကြောင့် ဝံပုလွေနက်၏ ပြောင်းလဲမှု skillကို ထုတ်သုံးရန်အတွက် killတစ်ခုရရန်ကိစ္စက အတော်လေး ခေါင်းခဲစရာဖြစ်သွားသည်။ ထို့ကြောင့် ကစားသမားတိုင်းကလည်း ရှေ့နောက်ရှုပ်ထွေးနေသော ပြောင်းလဲမှုအတွင်း စိတ်ရှုတ်ထွေးသွားကြသည်။ ထို့ကြောင့် အဖြူ၊အနက် ဝံပုလွေဘုရင်များ၏ comboက သီအိုရီအားဖြင့် အလွန်အမင်း အင်အားကြီးမားသော ဆင့်ခေါ်သူ မှော်ဆရာနှင့် လုပ်ကြံသတ်ဖြတ်သူ comboပေါင်း ခြုံခိုတိုက်ခိုက်မှုကြီး ဖြစ်သွားနိုင်သည်။ သို့သော် အလွန်အမင်းရှားပါးသော လူများကသာ ထိုကဲ့သို့သော comboမျိုးကို အစစ်အမှန်ဂိမ်းပွဲများတွင် မြင်ဖူးကြသည်။ သူတို့ကလည်း ကျော်ကြားသော ဖိုရမ်များတွင် မကြာခဏ ဆွေးနွေးခံရသည့် ခေါင်းစဥ်တစ်ခု ဖြစ်တတ်သည်။ ဒါက ဒီအတိုင်း ဆောင်ရွက်သူများနှင့် အနုပညာရှင်များက ပျော်မွေ့သော အရာများ ​ဖြစ်လာသည်။

အလွန်အမင်းချောမောလှပပြီး ကျော့ရှင်းကြည့်ကောင်းသော ဝံပုလွေ​ဖြူတစ်ကောင်။ အေးစက်ပြီး ခက်ထန်တဲ့ ဝံပုလွေအနက်တစ်ကောင်။ လူသားပုံသဏ္ဍာန်ဆိုရင်လည်း heroတွေက အမွှေးပွ နားရွက်ဖြူနဲ့ အမြှီးဖွာလေးတွေကို ပိုင်ဆိုင်ထားကြတယ်။ သူတို့က စုံတွဲဖြစ်ဖို့ အရမ်းကို လိုက်ဖက်ညီတယ်။

ထို comboက fandomထဲရှိ မည်သည့် shipတိုင်းအတွက်မဆို နာမည်ကြီးသည်။

ထို comboက ဂိမ်းတွင် ကျရှုံးချိန်မြင့်နေကတည်းက မြင်ရခဲသည်။ လူအများက သူတို့ကို ရွေးချယ်သောအခါ အသင်းဖော်များကလည်း စိတ်ပိုင်းဆိုင်ရာ ကပ်ဘေးစိုက်သည်ဟုပင် ခံစားသွားရသည်။

နည်းပြလင်းက ပြောသည်။

"တရုတ်ဘက်မှာဆိုရင် အဖြူရောင်ဝံပုလွေကို ကောင်းကောင်း ကစားနိုင်တဲ့လူ တစ်ယောက်ပဲရှိတယ်"

ချက်ချင်းလိုလို ယဲ့ရှောင်းယန်က ခန့်မှန်းကြည့်သည်။

"ဖန်းကျန်းချင်လား"

ဖျန်းကျန်းချင်၏ signature heroက မြွေဟောက်ဘုရင်ဖြစ်ပြီး ဒါကလည်း ဆင့်ခေါ်သူ မှော်ဆရာ ဖြစ်နေသေးသည်။ ထို့ကြောင့်သူက ဆင့်ခေါ်သူ မှော်ဆရာများကို ကောင်းကောင်း ကျွမ်းကျင်သည်။

နည်းပြလင်းက ခေါင်းညိတ်သည်။

"မင်းသိသားပဲ၊ ဒါပေမဲ့ ဖန်း​ကျန်းချင်က အနက်ရောင် ဝံပုလွေနဲ့ တွဲတာမဟုတ်ဘူး၊ဘာလို့လဲဆိုတော့ သူတို့အသင်းရဲ့ junglerက ဒီလိုရှုပ်ထွေးတဲ့ heroတွေကို မကစားနိုင်လို့ပဲ၊ မင်းနဲ့ချီရှို့က တော်တော်လေးကို လက်မြန်ပြီး အရှိန်နှုန်းမြန်တဲ့ တုံ့ပြန်မှုမြန်ဆန်တယ်၊ ဒါကြောင့်မင်းတို့က ဒါကို အတော်အသင့် ကစားနိုင်ချေ ရှိလောက်တယ်၊ ဒါကြောင့် ဒီဝံပုလွေဘုရင် comboကို စမ်းသပ်ကြည့်လို့ရတယ်"

အဖြူအနက် ဝံပုလွေဘုရင် အတွဲက professional ဂိမ်းပွဲများတွင် ကြာရှည်စွာ မေ့လျော့ခံနေရခြင်း ဖြစ်သည်။

ဖြစ်နိုင်တာက ချီရှို့နဲ့ ယဲ့ရှောင်းယန်တို့ရဲ့ လက်ထဲမှာ တစ်ဖန်ထပ်ပြီး နေအလင်းရောင်ကို မြင်နိုင်ရလောက်တယ်။

Telegram မှာ အပိုင်း ၁၆၇အထိ ရောက်ပါပြီနော်။

Zawgyi

Seguir leyendo

También te gustarán

430K 59.9K 200
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
60.7K 8.7K 41
လင်းယုတုန်သည်ရှစ်နှစ်ကြာတွဲခဲ့သောချစ်သူကကိုးထပ်မှတွန်းချခံရပြီးနောက်လွန်ခဲ့သောရှစ်နှစ်တွင်ပြန်လည်မွေးဖွားလာသည့်အခါသူရဲ့အမှားတွကိုဘယ်လိုပြင်ဆင်ခွင့်ရြ...
8.6K 646 7
Më mbaj gjithë mërinë e botës, po sonte më lër të qëndroj me ty. vazhdimi i librit "pse mua ?"
351K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်