ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

By Swae_Nyoe

182K 24.6K 680

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... More

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108

Part 40

1.6K 245 4
By Swae_Nyoe

40 01

အပိုင်း (၄၀)

သူတို့၏ နောက်ဆုံး ရှုံးထွက်ပွဲစဉ်များကို ပြင်ဆင်ရန် အလို့ငှာ ထျန်းဟွမ်မှ ကစားသမားတိုင်းက ညနက်သည်အထိ မရပ်မနား လေ့ကျင့်နေခဲ့ရသည်။

ခေါင်းဆောင်ချီကိုယ်တိုင် လေ့ကျင့်မှုထဲ နှစ်မြှုပ်ထားခဲ့သည်။ သူက လေ့ကျင့်မှုကြောင့်သာ မဟုတ်လျှင် တရားဝင်ပွဲစဉ်တွင် တော်ဝင်သူရဲကောင်းကို ရုတ်တရက်ရလာသည့် အကြံကြောင့် ရုတ်တရက် ထုတ်ကာ သုံးလိုက်နိုင်မည် မဟုတ်ချေ။ သူက ထိုဟီးရိုးနှင့် အချိန်အကြာကြီး လေ့ကျင့်ထားပြီး၍ ဖြစ်သည်။ သူတို့က အဆုံးအဖြတ်ပွဲစဉ်တွင် တိုးနိုင်သည့် Line up ကို တွေးတောခြင်းအားဖြင့် ထပ်တလဲလဲ လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။

ဒါဆိုရင် ချီရှို့က ဘယ်အချိန်ကများ ရှောင်ပိုင်ကို ဆက်သွယ်ဖို့ အချိန်ရသွားတာလဲ။

နောက်ပြီး ရှောင်ပိုင်က ဘာလို့ ထျန်းဟွမ်ကို ဝင်မယ်လို့ သေချာနေရတာလဲ။

နည်းပြလင်းက ချီရှို့ကို အံ့အားသင့်မှု အပြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း ဘယ်အချိန်က သူ့ကို ဆက်သွယ်လိုက်တာလဲ"

ချီရှို့ကလည်း တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကျွန်တော် သူ့Streaming အခန်းထဲမှာ အရင်ဆုံး လက်ဆောင်တွေ ပို့ပေးခဲ့တယ်။ နောက်တော့.. သူ့ကို Fri အဖြစ် add လိုက်တယ်။ ကျင်းကျယ်နဲ့ ဟော်ဝမ်ပွဲစဉ်က ကြယ်မြို့ရဲ့ Esport စင်တာမှာ ကျင်းပတာ မဟုတ်လား။ အဲဒီအချိန်က ကျွန်တော် သူ့ကို ခန်းမကို ဖိတ်ခေါ်ခဲ့တာပဲ။ သူ့ကို ကြည့်ရှုသူတွေထဲမှာ တွေ့ခဲ့ပြီး အဲဒီရက်မှာပဲ သူ့ကို skill စမ်းသပ်ချက်ပွဲတွေအတွက် ခေါ်သွားခဲ့တာ။ အဲဒီအချိန်က ကျွန်တော်က ထျန်းဟွမ်ရဲ့ နည်းပြအဖြစ် ရုပ်ဖျက်ထားတာပဲ။ ဒါပေမဲ့ သူက ကျွန်တော်ရုပ်ဖျက်ထားတာကို လျင်လျင်မြန်မြန်ပဲ ပြန်သိသွားတယ်"

နည်းပြလင်းကမူ ဆွံ့အသွားလေသည်။

ချီရှို့က ထိုနေ့က အသင်းတစ်ဖွဲ့လုံးနှင့်အတူ လာမကြည့်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ တစ်ယောက်က ချန်းရှင်းကို ထိုအကြောင်း မေးခဲ့သောအခါ ရှောင်ရှင်းကလည်း သူ့ဆရာက နေထိုင်၍ မကောင်းသောကြောင့် ဟိုတယ်တွင် စောင့်ရန်သာ ဆုံးဖြတ်ခဲ့သည်ဟု ပြောခဲ့သည်။

ငါ့ဖင်ကိုပဲ နေမကောင်းလိုက်.. မင်းရဲ့ဆရာက နည်းပြအယောင်ဆောင်ပြီး တခြားတစ်ယောက်ကို သွားတွေ့နေတာပဲ။

နောက်ပြီးသူက သူ့ရဲ့ နယ်ပယ်အတွင်းက Skill စမ်းသပ်ချက် ပြိုင်ပွဲကိုတောင် ဖြေဖို့ ဆွဲခေါ်သွားလိုက်သေးတယ်။

နည်းပြလင်းကလည်း ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

"မင်းရဲ့လက်အရှိန်နှုန်းက နတ်ဘုရားလောက် မြန်တယ်။ ငါလည်း အစက ရှောင်ပိုင်နဲ့ ဆက်သွယ်ကြည့်ပြီး အခြေအနေ ဘယ်လို ဖြစ်မလဲ ကြည့်ရအောင် ဆုံးဖြတ်ထားတာပဲ။ ဒါပေမဲ့ အဲဒါကို ရှုံးထွက်ပွဲစဉ်ပြီးမှ လုပ်ဖို့ စဉ်းစားထားခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ထက်ကျောသွားလိမ့်မယ်လို့ မထင်ထားမိဘူး"

ချီရှို့က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကျွန်တော်လည်း အဲဒီလို လုပ်ရင် နည်းပြလင်းက စိတ်ထဲ မထားမှန်း သိပါတယ်။ ဒီရက်တွေမှာ နည်းပြက ကျွန်တော်တို့ ဒီရှုံးထွက်ပွဲစဉ် အဆင့်တက်နိုင်ဖို့ ကူညီဖို့အတွက်နဲ့ ဗျူဟာတွေ စဉ်းစားရင်း အလုပ်များနေတာ မဟုတ်လား။ ဖြစ်ချင်တော့ ကျွန်တော်က အချိန်ရနေတယ်။ ဒါကြောင့်ပဲ ရှောင်ပိုင်ကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒီလိုဆိုရင် အခြားအသင်းက ခိုးသွားမှာကို စိုးရိမ်စရာကို မလိုတော့ဘူးပေါ့"

လင်းဖုန်းက ထျန်းဟွမ်၏ ပထမမျိုးဆက်မှ ကစားသမားများထဲမှ တစ်ယောက် ဖြစ်သည်။ သူက ချီရှို့၏ဆရာထက်ပင် တစ်ခေတ်စောသေးသည်။ ထိုကြောင့် သူက ထျန်းဟွမ်၏ မိဘတဖွယ် ဖြစ်နေလေရာ သူ့ကို ဒီကစားသမားများကို ဂရုစိုက်ခြင်းဖြင့် စိတ်ကို နှစ်မြှုပ်ထားသည်။ ထျန်းဟွမ်အတွက်သာ ဆိုလျှင် လင်းဖုန်းအနေနှင့် ချီရှို့က သူမသိခင် ခွင့်ပြုချက်မရှိဘဲ ကိုယ်တိုင် လက်ဦးမှုယူကာ တစ်ယောက်ကို ဆက်သွယ်ခဲ့သည့်အပေါ် ဒေါသထွက်လိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့်သာ ချီရှို့အနေဖြင့် ရှောင်ပိုင်ကို ကိုယ်ပိုင် စိတ်ဆန္ဒဖြင့် ဆက်သွယ်ရဲခြင်း ဖြစ်သည်။

လင်းဖုန်းက ခေါင်းကို ငုံ့လိုက်သည်။ သူက ရှောင်ပိုင်၏ Skill စမ်းသပ်ချက် ပြိုင်ပွဲရလဒ်များကို ထပ်ကြည့်သည်။

eSport နယ်ပယ်မှ ပရိုကစားသမားတိုင်းက ထိုပြိုင်ပွဲများကို ဖြေဆိုရသည်။ ထျန်းဟွမ်၏ လက်ရှိကစားသမားအနက် ချီရှို့က S ငါးလုံး ရသည်။ ချန်းရှင်းက A တစ်လုံးနှင့် S လေးလုံးရသည်။ ချွီကျန်းနှင့် ယီကျိုးတို့က S ၃လုံး A ၂လုံး ရထားသည်။ အမှန်အတိုင်း ဆိုရသော် ပုံမှန်အနေအထားမျိုးအရ A ငါးလုံး ရထားသော လူမျိုးကတင် ပရိုအသင်းသို့ ဝင်ရောက် ကစားနိုင်နေပြီဖြစ်သည်။ လက်အရှိန်နှုန်း၊ တုံ့ပြန်မှု မြန်ဆန်နှုန်း စသဖြင့် အရာအားလုံးက ပင်ကိုပါရမီများဖြစ်သည်။ ဂိမ်းထဲတွင် ဂိမ်းကို အာရုံခံနိုင်စွမ်းအားနှင့် အချိန်ကိုက် တုံ့ပြန်နိုင်စွမ်းအား ဆိုတာက အလွန်အမင်း အရေးကြီးသည်။ ထို့ကြောင့် နည်းပြလင်းအနေဖြင့် ရှောင်ပိုင်၏ ရလဒ်တစ်ခုတည်းကြောင့် ဆွဲဆောင်ခံရလိမ့်မည် မဟုတ်ချေ။ A ငါးလုံး ရထားသော ကစားသမားအများစုကလည်း ကမ္ဘာအဆင့် ကစားသမား ဖြစ်ရန် ကြိုးစားနေနိုင်ကြသေးသောကြောင့် ဖြစ်သည်။

40 02

သို့သော် S ငါးလုံးရထားသော လူတစ်ယောက်က ဂိမ်းအပေါ် ထူးချွန်သော နားလည်နိုင်စွမ်းအား ရှိထားလျှင် ထိုသူက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသွားလေပြီ။ ထိုလူက ကမ္ဘာအင်အားအကြီးဆုံး ဟာ့ထ်ဝဲ ပါသည့် ကွန်ပျူတာ တစ်လုံးလို ဖြစ်သွားပြီး လောကမှ အကောင်းဆုံး ဆော့ဝဲနှင့်လည်း ယှဉ်တွဲလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထိုကဲ့သို့သော ပါရမီမျိုးကို လူတိုင်းက တောင်းဆို၍ မရချေ။ သို့သော် ထိုသို့သော ပါရမီရှင် ပေါ်ထွက်လာသည်နှင့် အဓိကအသင်းတိုင်းက ထိုပါရမီရှင်ကစားသမားအတွက် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ကြပေလိမ့်မည်။ ထို့ကြောင့် ချီရှို့က လျင်မြန်ခဲ့သည်မှာ ကံကောင်းသည်။ အခြားသော အသင်းများက ရှောင်ပိုင်၏ စမ်းသပ်ရလဒ်က ထိုမျှ ထူးခြားကြောင်း မသိကြသေးချေ။

နည်းပြလင်းက ချီရှို့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်သည်။

"မြန်မြန် မြန်မြန် မြန်မြန် ပြောပါအုံး သူ့အခြေအနေက ဘယ်လိုလဲ။ ဒီကလေးက ဒီနှစ် ဘယ်နှစ်နှစ်လဲ"

ချီရှို့က တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ပြောသည်။

"သူက ကလေးမဟုတ်ဘူး။ သူက ဒီနှစ်ဆိုရင် ၂၁နှစ် ဖြစ်ပြီ"

နည်းပြလင်း၏ ခေါင်းပေါ်တွင် '?'က ပေါ်လာသည်။

ချီရှို့က ချက်ချင်း ထပ်ဖြည့်ပြောသည်။

"သူက အလယ်လမ်းပဲ ကစားတယ်။ သူက ပွဲဦးထွက်ချင်တယ်"

ထိုသို့ဖြင့် သူ၏ခေါင်းပေါ်တွင် '???' များက ပိုများသွားသည်။

အခန်းကလည်း ကိုးရိုးကားယားနိုင်သော လေထုထဲသို့ ကျရောက်သွားသည်။

ချီရှို့ကလည်း နည်းပြလင်း၏ တုံ့ပြန်မှုကို အချိန်အကြာကတည်းက မျှော်လင့်ထားပြီးသား ဖြစ်သည်။ ရှောင်ပိုင်ကသာ ၁၇နှစ် ၁၈နှစ် မွေးရာပါ ပါရမီရှင်တစ်ယောက်သာ ဆိုလျှင် နည်းပြလင်းက မနက်ဖြန်ချက်ချင်း လက်မှတ်ဖြတ်ပြီး ကြယ်မြို့သို့ သွားကာ သူ့ကို စာချုပ်အကြောင်း ပြောပေလိမ့်မည်။

သို့ရာတွင် သူ၏အသက်က ၂၁နှစ် ဖြစ်နေသည်။ ထို့ကြောင့် ငြင်းဆန်ရန်ခက်ခဲသည့် ကြောင်တောင်တောင် နိုင်သော အသေးစိတ် အချက်အလက် ဖြစ်သွားသည်။ ရှောင်ပိုင်ကဲ့သို့ အသစ်စက်စက် ကစားသမားတစ်ယောက်က စတင်ကာ လေ့ကျင့်ရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူ့ကို အခုချက်ချင်း ပွဲဦးထွက်ခိုင်းလိုက်လျှင် ရဲတင်းလွန်းရာ ကျသွားမည်။

ချီရှို့ကလည်း နည်းပြလင်း၏ အမူအရာ အပြောင်းအလဲကို အာရုံခံနိုင်သည်။ သူ့အမူအရာက တဖြည်းဖြည်းချင်း ဖြူဖျော့ကာ စိမ်းပြာသထက် စိမ်းပြာသွားသည်။ နည်းပြလင်းကလည်း အလွန်အမင်း ဆိုးရွားသည့် ခံစားချက်ကို ရနေသည်။ သူက နောက်ဆုံးမှာ ခက်ခက်ခဲခဲ ရှာတွေ့ခဲ့သည့် တလက်လက် တောက်ပသော ရတနာသေတ္တာကို အဖုံးဖွင့်ပြီး ကြည့်လိုက်ချိန်တွင် ရတနာသစ်တွေ ရှိနေသည်မှ -

ကစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဆိုသော စကား ဖြစ်နေသလို ဖြစ်နေသည်။

နည်းပြလင်းက အချိန်အတန်ကြာ တွေးတောပြီးနောက် သူက သက်ပြင်းရှည်ကြီးကို ချသည်။

"ဆိုးလိုက်တာ တကယ်ကို ဆိုးတယ်"

"ကျွန်တော်က ဆိုးတယ်လို့ မထင်ဘူး"

ချီရှို့က ပြောသည်။

နည်းပြလင်းက မျက်မှောင်ကို ကြုတ်ပြီး သူ့ကို တစ်ဖန် မော့ကြည့်သည်။

"မင်းက အသက်၂၁နှစ် ရောက်နေတဲ့ အခုမှ စကစားမဲ့ eSport ကစားသမား တစ်ယောက်ကို နှမြောစရာ ကောင်းတယ်လို့ မထင်ဘူးလား။ သူက မင်းသာ ဆိုရင် အသက်၁၇နှစ် ၁၈နှစ် အရွယ်လောက်ကတည်းကသာ ပွဲဦးထွက်ခဲ့ရင် အခုဆိုရင် သူက ထိပ်တန်းအဆင့် ကစားသမားတစ်ယောက် ဖြစ်နေလောက်ပြီ"

"နည်းပြ ကျွန်တော် ဒီနှစ်ဆိုရင် ဘယ်နှစ်နှစ် ဖြစ်ပြီလဲဆိုတာကို သိလား"

နည်းပြလင်းက ချက်ချင်း ပြန်ပြောသည်။

"မင်းက နှစ်အစက ၂၁နှစ် ပြည့်မွေးနေ့ကို ကျင်းပထားတာလေ။ မသိဘူးလား။ ဆိုတော့.. အခုနှစ်ဆိုရင် ၂၂နှစ်ပဲ"

ချီရှို့က ရိုးသားစွာ ပြန်ပြောသည်။

40 03

"ဆိုတော့ ကျွန်တော်က ၂၂နှစ်။ ကျွန်တော်က ပရိုအနေနဲ့ ကစားနေတုန်းပဲ။ သူက ကျွန်တော့်ထက် တစ်နှစ်တောင် ငယ်တယ်။ ဘာလို့ ကစားလို့ မရရမှာလဲ"

နည်းပြလင်းက မျက်မှောင်ကြုတ်ပြီး ပြောသည်။

"မင်း ဒီလို ပြောလို့ မရဘူး။ မင်းက ဂိမ်းပွဲကြီးတွေမှာ လေးနှစ်လောက် အတွေ့အကြုံ ရှိထားပြီးပြီ။ သူက လူသစ်ပဲ လုံးဝ လူသစ်‌နော် ၂၁နှစ် လူသစ်က ပြည်တွင်းလိဂ် အသိုင်းအဝိုင်းတစ်ခုလုံးမှာ မပေါ်လာဖူးသေးဘူး"

"နည်းပြ နည်းပြရဲ့အထင် ကစားသမားတစ်ယောက်အတွက် အသက်က အရေးအကြီးဆုံးလား"

နည်းပြလင်းက ချက်ချင်းပြန်ငြင်းသည်။

"သေချာပေါက် မဟုတ်ဘူးပေါ့။ မင်းတို့ ကစားသမားတွေအတွက် အရေးအကြီးဆုံးက ပါရမီပဲ"

"ဒါဆိုရင် ရှောင်ပိုင်ရဲ့ ပါရမီက မလုံလောက်လို့လား"

ချီရှို့က ငြင်းသည်။

"S ငါးလုံးနော်။ နောက်ပြီး သူက လဝက်တည်းနဲ့ ဟီးရိုးလေးခုလုံးကို နေရှင်နယ်#1 ရအောင် လုပ်ထားတာ။ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ကြိုးစားရင်တောင်မှ သူ့လိုအဆင့် မရောက်နိုင်ဘူး"

နည်းပြလင်းက တိတ်ဆိတ်သွားသည်။ သူက ချီရှို့ကို ပြန်မငြင်းနိုင်ချေ။ ဒီကောင်က သဘာဝအလျောက်ကို တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့လို့ ထင်ရပေမဲ့ ငြင်းခုံတဲ့ အခြေအနေမျိုးမှာ ဆိုရင် ဘယ်သူကမှ သူ့စိတ်ကို ပြောင်းအောင် မလုပ်နိုင်ဘူး။ ပုံမှန်အားဖြင့် သူကသာ နည်းပြတွေကို သူ မြင်သလို မြင်အောင် လမ်းကြောင်း ပြောင်းပြတဲ့ ပုံစံမျိုးပဲ။ ဥပမာအားဖြင့် ချန်းရှင်းကို မာ့စ်မန်း ပြောင်းပြီး ကစားခိုင်းတဲ့ ကိစ္စပေါ့။ ချီရှို့က သူ့ရဲ့စဉ်းစားဆင်ခြင်ဉာဏ်၊ သူ့ရဲ့တွေးတောမှု အားလုံးကို ချက်ကျလက်ကျ ပြောလာတာနဲ့ နည်းပြအားလုံးက သဘောတူမိတာပဲ။

ချီရှို့က အသင်း၏ကိစ္စကို ဂရုမစိုက်တတ်သော ခေါင်းဆောင်မျိုး မဟုတ်ချေ။ သူက ကိုယ်ပိုင်အကြံနှင့် ကိစ္စအများအပြားကို နားလည်ထားသည်။ သို့ရာတွင် ရှောင်ပိုင်ကမူ ၂၁နှစ် ဖြစ်နေသည်။

သူက တန်းပြီး ပွဲဦးထွက်ချင်တာလား။ နောက်ပြီး အလယ်လမ်းနေရာပဲ ကစားတယ်။

ဒီလိုဆိုရင် ဒီလိုအရာမျိုးကို ဘယ်နည်းပြက အလောတကြီး သဘောတူမှာလဲ။

နောက်ပြီး Line up အနေအထားမျိုးမှာ ထျန်းဟွမ်က အကြီးကြီး ပြောင်းလဲသွားလိမ့်မယ်။

နည်းပြလင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"ရှောင်ပိုင်က အလယ်လမ်းမှာ ကစားရင် ချွီကျန်းကရော ဘယ်လို လုပ်မလဲ"

"ချွီကျန်းက အထောက်အပံ့ နေရာ ကစားလို့ရတယ်"

နည်းပြလင်းက ရယ်ရခက် ငိုရခက် ဖြစ်သွားပြန်သည်။

"မင်းက ရှောင်ပိုင်ကို ဒီလောက်ကြီးအထိ စာချုပ်ချုပ်ဆိုချင်နေလွန်းလို့ ချွီကျန်းအတွက်တောင် ရှင်းလင်းတဲ့ အကြံအစည်ကို ချထားပြီးပြီပေါ့"

ချီရှို့က တည်ငြိမ်စွာ ပြောသည်။

"ချွီကျန်းရဲ့ ကစားတဲ့ ပုံစံက အထောက်အပံ့ အနေနဲ့ ကစားနဲ့ ပိုပြီးတောင် သင့်လျော်သေးတယ်။ သူ့ရဲ့ အမြောက်မှော်ဆရာနဲ့ အဖွဲ့လိုက် ထိန်းချုပ်နိုင်တဲ့ မှော်ဆရာတွေက တော်တော်လေး တော်ပါတယ်။ နောက်ပြီး သူက သိပ်ကို တည်ငြိမ်တဲ့ ကစားသမားတစ်ယောက်ပဲ ဒါပေမဲ့ လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာတွေက သူ့အားနည်းချက် ဖြစ်နေတယ်။ ဂိမ်းပွဲမှာ ကျွန်တော်တို့ လမ်းစဉ်အတိုင်း စလာတဲ့အခါ ချွီကျန်းက ကောင်းကောင်း လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ဂိမ်းက ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာတဲ့အခါ ကျွန်တော်နဲ့အတူ လိုက်ပြီး ချိုးဖျက်တက်ရောက်နိုင်အောင် မလုပ်နိုင်တော့ဘူး"

ချီရှို့က နည်းပြလင်း၏ အကြည့်နှင့် ဆုံသောအခါ ရိုးသားစွာ ဆက်ပြောသည်။

"ထျန်းဟွမ်ရဲ့ တိုးတက်မှုတွေ အားလုံးက ဒီနှစ်အတောအတွင်း ဘယ်လောက်တောင် နောက်ဆုတ်နေခဲ့လဲ။ ကျွန်တော်တို့ရဲ့ တောတွင်းက အမြဲတစေ ပစ်မှတ်ထားခံနေရတယ်။ ဂိမ်းပွဲတွေမှာ ကျွန်တော်တို့ အမြဲဖမ်း ဖိအားပေးခံနေရတယ် နည်းပြ.. ကျွန်တော်တို့ ကမ္ဘာချန်ပီယံရှစ် စင်မြင့်ပေါ်ကို ရောက်ခဲ့တဲ့ အချိန်က ဘယ်လို ကစားခဲ့လဲ မေ့သွားပြီလား"

"ဒါပေါ့ အဲဒီအချိန်က အလယ်လမ်းဂျန်ဂဲအတွဲလိုက် ကစားခဲ့တာပဲ"

ဆဌမရာသီတွင် ထျန်းဟွမ်က သူတို့၏ အလယ်လမ်းဂျန်ဂဲအတွဲကိုသာ မှီခိုပြီး ကမ္ဘာချန်ပီယံရှစ် စင်မြင့်ပေါ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အလယ်လမ်းကစားသမား ခေါင်းဆောင်မင်နှင့် ငယ်ရွယ်သော ဂျန်ဂဲလာ ချီရှို့တို့က သူတို့၏လမ်းသို့ လာပိတ်သည့် မည်သူ့ကိုမဆို သတ်ဖြတ်ခဲ့ပြီး နေရာတိုင်းသို့ သွားလာခဲ့သည်။ ဂိမ်းတိုင်းက သူတို့က စီစဉ်သည့်အတိုင်း ဖြစ်သွားခဲ့ပြီး သူတို့ရဲ့အားသာချက်ဖြင့် နှင်းလုံးများကျစေကာ အနိုင်ရယူနိုင်ခဲ့သည်။ သူတို့ရင်ဆိုင်ရသည့် ဂိမ်းပွဲက အားသာမှု မရှိသော ဂိမ်းပွဲမျိုး ဆိုလျှင်ပင် သူတို့က နှစ်ယောက်ပေါင်းပြီး အခြေအနေကို ပြောင်းပြန်လှန်အောင် ကြိုးစားလျက် ရင်ဆိုင်ရသည့် အသင်းမှ အဓိကကစားသမားကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်လေ့ ရှိသည်။ ထိုအချိန်က ထျန်းဟွမ်က အစားထိုး၍ မရနိုင်အောင် ဖြစ်ခဲ့သည်။

40 04

တကယ်လို့များ.. တကယ်လို့များ.. ဘက်စုံတော်ပြီး ချီရှို့ရဲ့စည်းချက်ကို အမှီလိုက်နိုင်တဲ့ ကစားသမားတစ်ယောက်သာ ရှိခဲ့ရင် ချီရှို့က ဘာလို့ သူ့ရဲ့ ထက်ရှတဲ့အပိုင်းတွေကို ဖုံးကွယ်ထားဖို့ လိုအပ်တော့မှာလဲ။ ဘာလို့ သူက သူ့ရဲ့မီနီယံတွေကိုပဲ မှီခိုနေရမှာလဲ။ ဘာလို့ သူက ယေဘူယျ အရင်းအမြစ်တွေ အားလုံးကို တခြားသူတွေကို ပေးပြီး အသင်းဖော်တွေအတွက် အဖြည့်ခံ ဖြစ်နေရမှာလဲ။

ထိုအကြောင်းကို တွေးမိတော့ နည်းပြလင်းက ရုတ်တရက် သူ့နှာခေါင်းကပင် ကျိန်းစပ် ယားယံလာသလို ခံစားလိုက်ရသည်။ သူ သေချာနေသော အချက်တစ်ချက်လည်း ရှိသည်။ ချီရှို့၏skill က နောက်ကောက်ကျ ကျန်နေခဲ့ခြင်း မဟုတ်ချေ။ လက်ရှိ ထျန်းဟွမ်ကသာ ဂျန်ဂဲလာဖြစ်သည့် ချီရှို့၊ သူတို့၏ အဓိကအမြုတေကို အစစ်အမှန် အင်အားပြသအောင် မကူညီပေးနိုင်ခြင်း ဖြစ်သည်။

ရန်သူများက အမြဲတစေ ချီရှို့ကိုသာ အထူးတလည် ပစ်မှတ်ထားသည်။ ထျန်းဟွမ်က အားသာချက် တစ်ချက်သာလျှင် ရှိသည်။ သို့သော် အရာအားလုံးကို ချီရှို့တစ်ယောက်တည်းက မထမ်းဆောင်နိုင်ချေ။

အသင်းတစ်ခုတွင် အမြုတေတစ်ခုတွင် အမြုတေတစ်ယောက်သာလျှင် ရှိသည့်အခါ ရန်သူက ထိုအမြုတေကို ချည်နှောင်ခြင်းအားဖြင့် အမြဲတစေ ဆုတ်ယုတ်နေခဲ့ရသည်။

တစ်ခုတည်းသော ဖြေရှင်းချက်က ချီရှို့ကို ကူညီပြီး တခြားအသင်းထံမှ ဖိအားကို မျှဝေကူပေးမည့် နောက်ထပ် အဓိက အမြုတေ တစ်ယောက် ရရှိခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် ခေါင်းဆောင်မင်က ရာသီ(၆)တွင် အလွန်အမင်း ထူးချွန်ခဲ့သဖြင့် လူတိုင်းက အလယ်လမ်းကိုသာ အာရုံစိုက်ထားခဲ့သည်။ ထိုအတွက်ကြောင့်လည်း ချီရှို့က အင်တိုက်အားတိုက် အပြည့်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဂျန်ဂဲလာတစ်ယောက်အဖြစ် ကျော်ကြားသော အမြုတေတစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။ နည်းပြလင်းက တိတ်ဆိတ်သွားသည်။

ချီရှို့ကလည်း နည်းပြလင်းက အလေးအနက်ထားကာ တွေးနေပြီး ရှောင်ပိုင်က သူတို့အသင်းသို့ ဝင်ခဲ့ပါက ဖြစ်လာနိုင်သည့် အခြေအနေအားလုံးကို တွေးဆနေခြင်း ဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့် သူက နည်းပြလင်း၏ အတွေးများကို မနှောင့်ယှက်ခဲ့ချေ။ ထိုအစား ကွန်ပျူတာကိုသာ အကြည့်လွဲလိုက်ပြီး သူ ယခင်က ဖန်တီးထားသည့် စာမျက်နှာတစ်ခုကို ထုတ်ပြလိုက်သည်။

စက္ကန့်ခန့် ကြာပြီးနောက် နည်းပြလင်းက အသိပြန်ဝင်လာသည်။ ထို့နောက် ထိုစာမျက်နှာကို သတိထားမိသွားသည်။ သူက အံ့အားသင့်သွားသည်။

"ဒါက ရှောင်ပိုင်ရဲ့ တိုက်ပွဲဝင်စွမ်းအားလား"

ချီရှို့က ခေါင်းညိတ်သည်။

"အင်း.. တစ်ချက် ကြည့်ကြည့်ပါလား။ သူက နေရှင်နယ်#1 ဘွဲ့ရထားတဲ့ ဟီးရိုးတွေက အသူရာအရှင်သခင်၊ ပုံရိပ်ယောင်ပညာရှင်၊ အေးခဲနတ်ဘုရားမ၊ ကံကြမ္မာနတ်ဘုရားမ ဒါတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကို သိလား"

နည်းပြလင်းက မေးစေ့ကို ပွတ်ပြီးနောက် အချက်အလက်များကို စီစဉ်ကြည့်သည်။

"အသူရာအရှင်သခင်က လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာအမျိုးအစားပဲ။ အများကြီး ဂရုစိုက်ဖို့ လိုအပ်သလို အသေးစိတ်ကို အဓိကထားပြီး သူ့အရိပ်တွေကို ထိန်းချုပ်ရတယ်။ ပုံရိပ်ယောင်ပညာရှင်က လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာပဲ။ သူကလည်း ကိုင်တွယ်ဖို့ လွယ်ကူပေမဲ့ သူ့ကို ကောင်းကောင်း ကစားနိုင်ဖို့ဆိုရင် ဂိမ်းကို အာရုံခံနိုင်စွမ်းအားနဲ့ ကိစ္စတစ်ခုလုံးကို ခြုံငုံပြီး တွေးတောနိုင်ဖို့ လိုအပ်နေသေးတယ်"

"အေးခဲနတ်ဘုရားမက လူအုပ်လိုက်ကို ထိန်းချုပ်နိုင်တဲ့ ဟီးရိုးပဲ သူမရဲ့ စွမ်းအားက အေးခဲတဲ့ Skill ထုတ်သုံးနိုင်တဲ့အပေါ် မူတည်နေတာ။ ကံကြမ္မာနတ်ဘုရားမကတော့ အမြောက်တပ် မှော်ဆရာမပဲ။ သူမက အမြောက်တပ် မှော်ဆရာမတွေထဲမှာ ကစားဖို့ အခက်ဆုံးပဲ"

ထိုအချိန်တွင် နည်းပြလင်း၏ မျက်ဝန်းက တောက်ပသွားသည်။ ခက်ခဲမှု အမြင့်ဆုံး လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာတစ်ယောက်၊ နောက်ပြီး ဂိမ်းကို အာရုံခံနိုင်စွမ်းအား အများကြီး လိုအပ်တဲ့ လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာတစ်ယောက်၊ နောက်ပြီး ထိန်းချုပ်နိုင်တဲ့အမျိုးအစား အလယ်လမ်းဟီးရိုး၊ အခက်အခဲဆုံး အမြောက်တပ် မှော်ဆရာတစ်ယောက်... သူက နေရှင်နယ်#1 ဝင်အောင် လုပ်ထားတဲ့ ဟီးရိုးတိုင်းက အဓိကအဖွဲ့တိုင်းရဲ့ နည်းပြတွေကို လက္ခဏာပြပေးသလိုပါပဲလား။

ချီရှို့၏ မျက်ဝန်းအတွင်း ဖျော့တော့သည့် မျက်ဝန်းအလင်းက ပေါ်ထွက်လာသည်။

"ဟုတ်တယ်။ သူက သူ့ကိုယ်သူ အလယ်လမ်းက ဘယ်လို ဟီးရိုးကိုမဆို ကစားနိုင်တယ် ဆိုပြီး သက်သေပြနေတာ"

နည်းပြလင်းက တိတ်ဆိတ်သွားသည်။ နေရှင်နယ်အဆင့် ဝင်ထားပြီး ဟီးရိုးတစ်ခုချင်းစီတိုင်းက အလယ်လမ်းကစားသမားအနေနှင့် ကွက်တိကျနေခဲ့သည်။

40 05

ကစားသမားအများစုက ဦးတည်ရာဘက် တစ်ခုကိုသာ ရွေးချယ်နိုင်ပြီး ထိုဦးတည်ရာဘက် အောက်မှ ဟီးရိုးတိုင်းကို လေ့ကျင့်ကြသည်။ ဥပမာအနေဖြင့် ထိန်းချုပ်မှု အမျိုးအစား မှော်ဆရာများကိုသာ ဦးတည်ကာ လေ့ကျင့်သော ကစားသမားတစ်ယောက်က အေးခဲနတ်ဘုရားမကို လေ့ကျင့်ပေလိမ့်မည်။ ထို့နောက် ဒီရေနတ်ဘုရားမ၊ မုန်းတိုင်း နတ်ဘုရားမတို့ကို ဆက်လက်ပြီး လေ့ကျင့်သွားပေလိမ့်မည်။ သည်နည်းအားဖြင့် အားလုံးက ထိန်းချုပ်မှု အမျိုးအစား မှော်ဆရာများ ဖြစ်သွားသည်။

ရှောင်ပိုင်ကဲ့သို့သော ကစားသမားကမူ တစ်ခုချင်းစီတိုင်းကို ရွေးချယ်ထားခြင်း ဖြစ်လေရာ အလွန်အမင်း ရှားပါးသည်။

ရှောင်ပိုင်က ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ရင်ပေါ့..

ထို့အပြင် သူက ဖော်ပြထားသည့် နေရှင်နယ်ဘွဲ့တိုင်းကို လျင်မြန်စွာ ယူနိုင်နှုန်းက လူတိုင်းကို ...

ငါက မှော်ဆရာတိုင်းကို ဘယ်လို ကစားရမလဲ သိတယ်။ ငါ လိုချင်ရင် ဘယ်လို နေရှင်နယ်#1 မဆို ရနိုင်တယ်ဟု ပြောနေသလိုထင်ရသည်။

နည်းပြလင်းက အသက်ပြင်းပြင်း ရှုသည်။

"ဒါက နိုင်ငံတကာ အသင်းက ပြန်လာတဲ့ အခြား ပရိုကစားသမားတစ်ယောက်ယောက်ရဲ့ alt မဟုတ်တာ သေချာလား။ သူကသာ တကယ်အသစ်ဆိုရင် ဒီဟီးရိုးတွေကို ဘယ်လိုများ လျင်လျင်မြန်မြန် လေ့လာနိုင်မှာလဲ"

ချီရှို့က တည်ငြိမ်စွာ ပြောသည်။

"ဒီလောကမှာ သဘာဝအလျောက် ပါရမီပါတဲ့သူတွေက ရှိကိုရှိတယ်။ အချိန်နည်းနည်းလေး ပေးလိုက်ရုံနဲ့ တခြားသူတွေ တစ်ဘဝလုံး မလုပ်နိုင်တာတွေကို သူတို့က လုပ်နိုင်တယ်"

လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက ချီရှို့က သွေးစွန်းလုပ်ကြံသတ်ဖြတ်သူ၏ နေရှင်နယ်#1 ရအောင် တစ်ပတ်တည်းနှင့် လုပ်ခဲ့သည်။

ကြယ်မြို့ လူသစ်လေ့ကျင့်ရေး စခန်းမှ နည်းပြရွှီဆိုလျှင်လည်း ထိုအချိန်က ဂိမ်းပွဲတစ်ခုတည်းတွင် တိတ်တဆိတ် ချုံခိုတိုက်ခိုက်ခံရပြီး လုပ်ကြံသတ်ဖြတ်ခံရဖူးသည်။ ထို့နောက်မှသာ အလွန်အမင်း ပါရမီကြီးသော ထိုလူငယ်ကို ရှာတွေ့သွားခဲ့ပြီး ချီရှို့ကို လေ့ကျင့်ရေးစခန်းသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ထျန်းဟွမ်အသင်းမှ နည်းပြမင်က ချီရှို့အပေါ် အာရုံစိုက်ထားမိပြီး သူ၏လက်ထောက်အဖြစ် လက်ခံခဲ့သည်။ သည်နည်းဖြင့် ပရိုလမ်းကြောင်းပေါ် ရောက်ရှိအောင် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။

အချို့သူများကမူ အခြားလူများက အလွန်အမင်း ကြိုးစားကာ လုံ့လစိုက်ထုတ်ရပြီး မရနိုင်သည့် အရာမျိုးကို အချိန်တိုအတွင်း ရနိုင်လောက်အောင် ပါရမီပါကြသည်။

ရှောင်ပိုင်ကသာ ထိုကဲ့သို့သော ပါရမီရှင်မျိုးဆိုလျှင် သူက အသက်၂၁နှစ် ဖြစ်နေသည့်တိုင်အောင် သူ၏အရှိန်အဝါက နောက်ကောက် မကျနိုင်သေးချေ။

မည်သို့ပင် ဆိုစေ သူက အလွန်အမင်း မြန်ဆန်ချောမွေ့လွန်းသော အရှိန်နှုန်းဖြင့် ဟီးရိုးအသစ်များကို လေ့လာနိုင်ခဲ့သည်။ ထိုအချက်ကတင် သူက အသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လျင်လျင်မြန်မြန် လေ့လာနိုင်ကြောင်း သက်သေပြနေသည်။ သူက ယခုအချိန်တွင် ဟီးရိုးလေးခုကိုသာ ကစားတတ်သေးလျှင်လည်း အခြားသော ဟီးရိုးများကို လျင်လျင်မြန်မြန် ဖမ်းဆုပ်နိုင်အုံးမည် ဖြစ်သည်။

ယခုအချိန်က‌နေ နောက်ရာသီစမည့် ကာလ အနည်းငယ် လိုသေးသည်။ သူတို့ကသာ ရှောင်ပိုင်ကို လက်မှတ်ထိုးထားလိုက်ပြီး သူတို့၏ Rank အတွင်းသို့ ဝင်ထားခိုင်းလျက် အခြေခံပွဲစဉ်တွင် စမ်းသပ်မှုအတွင်း ထည့်သွင်းကာ စမ်းသပ်ခိုင်းသင့်သည်။ လူအိုကြီးနျဲ့က အနားယူတော့မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ ချန်းရှင်းကလည်း အားလုံးထဲတွင် လူသစ်မာ့စ်မန်းတစ်ယောက် ဖြစ်နေသည်။ ထျန်းဟွမ်၏ Line up က နောက်ရာသီတွင် စပြောင်းတော့မည် ဖြစ်သည်။ သူတို့က မည်သည့်နည်းနှင့်မဆို ပြောင်းရမည် ဆိုလျှင် သူတို့၏ ပြဿနာများကို ဖြေရှင်းမည့် နည်းလမ်းမျိုးကို ထည့်လိုက်သင့်သည်။

"ချွီကျန်းက အထောက်အပံ့ ကစားမယ် ဟုတ်လား"

နည်းပြလင်းက သူ၏မေးစေ့ကို ပွတ်ပြီး ဆက်တွေးကြည့်သည်။ ချွီကျန်းက Triple kill, Penta kills များ ဆက်တိုက် ယူနိုင်သည့် အလယ်လမ်းကစားသမား အမျိုးအစား မဟုတ်သော်လည်း သူက နည်းပြလင်းက စိတ်အအေးနိုင်ဆုံး အလယ်လမ်းကစားသမား ဖြစ်သည်။ ထျန်းဟွမ်၏ ကစားသမားထဲတွင် ချွီကျန်းက အမှားအနည်းဆုံး ဖြစ်သည်။ ဒီအတိုင်း...

ချွီကျန်း၏ လက်အရှိန်နှုန်းက အေအဆင့်သာ ရထားသောကြောင့် အရေးကြီးသော အချိန်များတွင် အလျင်အမြန် မတုံ့ပြန်နိုင်ချေ။ ထို့ကြောင့် သူက ထိန်းချုပ်မှုအမျိုးအစား ဟီးရိုးမျိုးကိုသာ ကစားရန် အသင့်တော်ဆုံး ဖြစ်နေကာ လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ ရုတ်တရက် တိုက်ခိုက်သော ကိစ္စမျိုးတွင် မကိုင်တွယ်နိုင်ချေ။

40 06

ထိန်းချုပ်သည့် အမျိုးအစား အထောက်အပံ့က မည်သည့်အသင်းအတွက်မဆို အလွန်အရေးကြီးသည်။ အင်အားကြီးမားသော အထောက်အပံ့ တစ်ယောက်က အသင်းတိုက်ပွဲထဲသို့ ချီတက်သွားပြီး ရန်သူမှ ဟီးရိုးနှစ်ကောင်သုံးကောင် လောက်ကို မလှုပ်ရှားနိုင်အောင် လုပ်လိုက်နိုင်သည်။ သို့မဟုတ် ရန်သူ၏ နောက်တန်းသို့ ဖြတ်ခနဲ ဝင်ရောက်သွားပြီး ရန်သူနှစ်ယောက်လောက်ကို မှင်တက်သွားအောင် လုပ်ခြင်းအားဖြင့် အသင်းဖော်များက ဝုန်းခနဲ ဝင်ရောက်ကာ တိုက်ခိုက်ခြင်းအားဖြင့် အနိုင်ရနိုင်သေးသည်။

နည်းပြလင်းက လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူ၏လက်သီးမှ သွေးကြောများပင် ထောင်တက်လာပြီး သူ၏သွေးခုန်နှုန်းက မြန်သထက် မြန်ဆန်လာသည်။ ချီရှို့က အရာအားလုံးကို စဉ်းစားပြီးကြောင်း သူ သိလိုက်သည်။ သူတို့ကသာ ချွီကျန်းကို အထောက်အပံ့ နေရာကသာ ကစားခိုင်းလိုက်မည် ဆိုလျှင် ရှောင်ရှင်း၏ မတည်ငြိမ်သည့် ပြဿနာကို ချွီကျန်းက ကာကွယ်ပေးလိုက်နိုင်လိမ့်မည်။ မာ့စ်မန်းအသစ်တစ်ယောက်ကို အတွေ့အကြုံရှိပြီး အသင်းကို ကောင်းကောင်းနားလည်သည့် အထောက်အပံ့တစ်ယောက်နှင့် တွဲပေးလိုက်မည် ဆိုလျှင် သူတို့၏ အောက်လမ်းက ရန်သူကို အလဲမထိုးနိုင်သည့်တိုင် အလွယ်တကူ ပြိုကျတော့မည် မဟုတ်ချေ။ သူတို့၏ အလယ်လမ်းကစားသမားကမူ ဂိမ်းကို ကောင်းကောင်း နားလည်ပြီး အာရုံခံနိုင်စွမ်းရှိကာ ချီရှို့နှင့် ပူးပေါင်းပြီး အမြုတေ ဖြစ်လာနိုင်မည့် ကစားသမားတစ်ယောက်ကိုသာ ရွေးချယ်လိုက်မည် ဆိုလျှင် ချီရှို့ခံစားရသည့် ဖိအားများက အများကြီး လျော့ကျသွားပေလိမ့်မည်။

ဆိုလိုသည်မှာ နောက်လာမည့် ရာသီတွင် ထျန်းဟွမ်က အလယ်လမ်းဂျန်ဂဲအတွဲ ပြန်စတော့ပေမည်။ သူတို့၏ အပေါ်လမ်းတွင်လည်း အင်အားကြီးမားသည့် ဖိအားပေးမခံရနိုင်သော အပေါ်လမ်းကစားသမား ရှိနေသည်။ အောက်လမ်းတွင်လည်း အလွန်အမင်း ယုံကြည်အားကိုးရသည့် အထောက်အပံ့နှင့် ပါရမီပါသော လူသစ် မာ့စ်မန်းလေး ရှိနေသည်။ ထိုLine upက အကြီးကြီး ပြောင်းလဲသွားသော်လည်း သူတို့ကသာ ယခု လက်ရှိ ကျဉ်းထဲ ကြပ်ထဲ အခြေအနေကို ကျော်ဖြတ် သက်ရောက်သွားနိုင်ခြေ အလွန်များနေသည်။ ထို့ကြောင့် သူတို့အတွက် ကမ္ဘာစင်မြင့်ပေါ်သို့ တက်ရောက်နိုင်ခြေမြင့်သည်။

တကယ်လို့ သူက အသက်၂၁နှစ် ဆိုတော့လည်း ဘာဖြစ်လဲ။ ရှောင်ပိုင်ရဲ့ ပင်ကိုပါရမီကို သာမန်မျက်စိနဲ့တောင် မြင်နိုင်တာပဲ။ သူ့ရဲ့ S ငါးခုကတင် သူ့ရဲ့ လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းအားက ၁၇နှစ် ၁၈နှစ် ကလေးတစ်ယောက်ထက် မနိမ့်ဘူးဆိုတာကို ပြသနိုင်နေပြီပဲ။

နည်းပြလင်းက အလွန်စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးကပင် အနည်းငယ် နီရဲသွားသည်။ သူက အလျင်စလို ပြောသည်။

"မင်း မြန်မြန်လေး ရှောင်ပိုင်ကို ဆက်သွယ်လိုက် သူ့ကိုလည်း ငါ ကိုယ်တိုင် လာတွေ့မယ်လို့ ပြောလိုက်။ ငါ့အထင် ငါတို့အသင်းကပဲ သူ့ကို မျက်စိကျနေတာ မဟုတ်လောက်ဘူး။ ဒီဟီးရိုးတွေကို သိတာနဲ့ အခြားအသင်းတွေက မျက်စိကျလာလိမ့်မယ်။ အထူးသဖြင့် ပင့်မူပဲ။ ပင့်မူရဲ့ အလယ်လမ်းက သူတို့ရဲ့ အားနည်းချက် ပင့်မူကသာ ရှောင်ပိုင်ကို ချဉ်းကပ်လိုက်ရင် ဖြစ်လာနိုင်တဲ့ ရလဒ်ကို ငါ မတွေးရဲဘူး"

ပင့်မူ၏ အလားအလာ အကောင်းဆုံး ကစားသမားက ကျောင်းအမြွှာနှစ်ယောက်ဖြစ်သည်။ သူတို့က အပေါ်နှင့် အောက် လမ်းများကို ကိုင်သည်။ သူတို့၏ အလယ်လမ်းကစားသမားက သာမန်သာ ဖြစ်သည်။ ရှောင်ပိုင်ကသာ ပင့်မူကို ဝင်သွားလျှင် အခြားအသင်းများက ကစားရန်ပင် မလိုအပ်တော့ချေ။ သူတို့က ပင့်မူကို အပေါ်လမ်း၊ အလယ်လမ်း၊ အောက်လမ်းတွင် မနိုင်သည့်အခါ ဆက်ကစားရန် မလိုအပ်လောက်တော့ချေ။

ချီရှို့ကလည်း ထိုဖြစ်နိုင်ခြေကို တွက်ဆထားပြီးလေပြီ။ ထိုအတွက်ကြောင့်လည်း သူက ရှောင်ပိုင်၏ ကောင်းသည့် ဘက်ခြမ်းကို မြင်သည်နှင့် အလျင်စလို ချဉ်းကပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူက ရှောင်ပိုင်ကို သူတို့ဘက်သို့ အောင်မြင်အောင် ဆွဲသွင်းနိုင်ခဲ့သည်။

40 07

ချီရှို့က သူ၏ ဆဲလ်ဖုန်းကို ထုတ်ပြီး နည်းပြလင်းကို သူတို့ ပြောထားသည့်စာမှ တစ်ကြောင်းကို ပြသည်။

[ငါက ထျန်းဟွမ်ကို ဝင်မယ်လို့ သဘောတူထားပြီးပြီ ဆိုကတည်းက တခြားအသင်းတွေကို မရှာတော့ဘူး]

ထိုစာကို မြင်သောအခါ နည်းပြလင်းက ပြုံးလိုက်သည်။ သူ့မျက်လုံးကပင် လခြမ်းကွေးသဏ္ဌာန်ဖြစ်သွားသည်။ သူက ချီရှို့၏ပခုံးကို ရိုက်ကာ ပြောသည်။

"မင်းက တကယ်ကို ငါတို့ရဲ့ တာဝန်ယူချင်စိတ် အပြည့်ရှိတဲ့ ခေါင်းဆောင်ကောင်း ပီသပါပေတယ်။ မင်းက ငါ့ရဲ့ အလုပ်တစ်ဝက်လောက်ကို သက်သာအောင် လုပ်ပေးလိုက်တာပဲ။ ကောင်းပြီ။ ငါ နောက်လကျရင် ငါ့လခတစ်ဝက်ကို မင်းကို ခွဲပေးရင် ဘယ်လိုလဲ.."

"အဲဒီအထိတော့ မလိုပါဘူး"

ချီရှို့က ပြောသည်။

"အချိန်ကျလာတဲ့အခါ ရှောင်ပိုင်ကိုယ်စား ပိုကောင်းတဲ့ စာချုပ်မျိုးရအောင် ကူညီပေးပါ"

နည်းပြလင်းက ခေါင်းညိတ်သည်။

"ရတာပေါ့ ငါတို့တွေ ရှောင်ပိုင်ကို လက်မှတ်ထိုးတဲ့အခါ အသစ်တစ်ယောက်လို လက်မှတ်ထိုးလို့ မဖြစ်ဘူး။ သူ့ကို သာမန်ကစားသမားတိုင်းနဲ့ သင့်တော်တဲ့ စာချုပ်မျိုး လုပ်ပေးရမယ်"

တစ်ခဏခန့် ရပ်တန့်ပြီးနောက် နည်းပြလင်းက စိုးရိမ်တကြီးပြောသည်။

"အိုး.. ဟုတ်သားပဲ ရှောင်ပိုင်က အယ်ဖာလား၊ ဒါမှမဟုတ်..."

ချီရှို့ကလည်း သူ တိုက်ရိုက်ထုတ်လွှင့်မှု ခန်းမအတွင်းတွင် ရှောင်ပိုင်နှင့် ဆုံခဲ့ချိန်က ရှောင်ပိုင်ဆီမှ ရသည့် ဖုံးကာထားသည့် စပရေးမှ အယ်ဖာဖယ်ရိုမုန်း အကြောင်း သတိရလိုက်သည်။ သူက ယုံကြည်မှုရှိစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ သူက အယ်ဖာပဲ"

စာရေးသူရဲ့ မှတ်စု

ယဲ့ရှောင်းယန်: ??? ငါက အယ်ဖာ.. ငါတောင် မသိလိုက်ရပါလား။

Telegram မှာ အပိုင်း ၉၀အထိ ရောက်ပါပြီနော်။

Zawgyi

40 01
အပိုင္း (၄၀)

သူတို႔၏ ေနာက္ဆုံး ရႈံးထြက္ပြဲစဥ္မ်ားကို ျပင္ဆင္ရန္ အလို႔ငွာ ထ်န္းဟြမ္မွ ကစားသမားတိုင္းက ညနက္သည္အထိ မရပ္မနား ေလ့က်င့္ေနခဲ့ရသည္။

ေခါင္းေဆာင္ခ်ီကိုယ္တိုင္ ေလ့က်င့္မႈထဲ ႏွစ္ျမႇဳပ္ထားခဲ့သည္။ သူက ေလ့က်င့္မႈေၾကာင့္သာ မဟုတ္လွ်င္ တရားဝင္ပြဲစဥ္တြင္ ေတာ္ဝင္သူရဲေကာင္းကို ႐ုတ္တရက္ရလာသည့္ အႀကံေၾကာင့္ ႐ုတ္တရက္ ထုတ္ကာ သုံးလိုက္ႏိုင္မည္ မဟုတ္ေခ်။ သူက ထိုဟီး႐ိုးႏွင့္ အခ်ိန္အၾကာႀကီး ေလ့က်င့္ထားၿပီး၍ ျဖစ္သည္။ သူတို႔က အဆုံးအျဖတ္ပြဲစဥ္တြင္ တိုးႏိုင္သည့္ Line up ကို ေတြးေတာျခင္းအားျဖင့္ ထပ္တလဲလဲ ေလ့က်င့္ထားခဲ့ျခင္း ျဖစ္သည္။

ဒါဆိုရင္ ခ်ီရႈိ႕က ဘယ္အခ်ိန္ကမ်ား ေရွာင္ပိုင္ကို ဆက္သြယ္ဖို႔ အခ်ိန္ရသြားတာလဲ။

ေနာက္ၿပီး ေရွာင္ပိုင္က ဘာလို႔ ထ်န္းဟြမ္ကို ဝင္မယ္လို႔ ေသခ်ာေနရတာလဲ။

နည္းျပလင္းက ခ်ီရႈိ႕ကို အံ့အားသင့္မႈ အျပည့္ျဖင့္ ၾကည့္လိုက္သည္။

"မင္း ဘယ္အခ်ိန္က သူ႔ကို ဆက္သြယ္လိုက္တာလဲ"

ခ်ီရႈိ႕ကလည္း တည္ၿငိမ္စြာ ျပန္ေျဖသည္။

"ကြၽန္ေတာ္ သူ႔Streaming အခန္းထဲမွာ အရင္ဆုံး လက္ေဆာင္ေတြ ပို႔ေပးခဲ့တယ္။ ေနာက္ေတာ့.. သူ႔ကို Fri အျဖစ္ add လိုက္တယ္။ က်င္းက်ယ္နဲ႔ ေဟာ္ဝမ္ပြဲစဥ္က ၾကယ္ၿမိဳ႕ရဲ႕ Esport စင္တာမွာ က်င္းပတာ မဟုတ္လား။ အဲဒီအခ်ိန္က ကြၽန္ေတာ္ သူ႔ကို ခန္းမကို ဖိတ္ေခၚခဲ့တာပဲ။ သူ႔ကို ၾကည့္ရႈသူေတြထဲမွာ ေတြ႕ခဲ့ၿပီး အဲဒီရက္မွာပဲ သူ႔ကို skill စမ္းသပ္ခ်က္ပြဲေတြအတြက္ ေခၚသြားခဲ့တာ။ အဲဒီအခ်ိန္က ကြၽန္ေတာ္က ထ်န္းဟြမ္ရဲ႕ နည္းျပအျဖစ္ ႐ုပ္ဖ်က္ထားတာပဲ။ ဒါေပမဲ့ သူက ကြၽန္ေတာ္႐ုပ္ဖ်က္ထားတာကို လ်င္လ်င္ျမန္ျမန္ပဲ ျပန္သိသြားတယ္"

နည္းျပလင္းကမူ ဆြံ႕အသြားေလသည္။

ခ်ီရႈိ႕က ထိုေန႔က အသင္းတစ္ဖြဲ႕လုံးႏွင့္အတူ လာမၾကည့္ခဲ့သည္မွာ အံ့ဩစရာ မရွိေတာ့ေခ်။ တစ္ေယာက္က ခ်န္းရွင္းကို ထိုအေၾကာင္း ေမးခဲ့ေသာအခါ ေရွာင္ရွင္းကလည္း သူ႔ဆရာက ေနထိုင္၍ မေကာင္းေသာေၾကာင့္ ဟိုတယ္တြင္ ေစာင့္ရန္သာ ဆုံးျဖတ္ခဲ့သည္ဟု ေျပာခဲ့သည္။

ငါ့ဖင္ကိုပဲ ေနမေကာင္းလိုက္.. မင္းရဲ႕ဆရာက နည္းျပအေယာင္ေဆာင္ၿပီး တျခားတစ္ေယာက္ကို သြားေတြ႕ေနတာပဲ။

ေနာက္ၿပီးသူက သူ႔ရဲ႕ နယ္ပယ္အတြင္းက Skill စမ္းသပ္ခ်က္ ၿပိဳင္ပြဲကိုေတာင္ ေျဖဖို႔ ဆြဲေခၚသြားလိုက္ေသးတယ္။

နည္းျပလင္းကလည္း ရယ္ရခက္ ငိုရခက္ ျဖစ္သြားသည္။

"မင္းရဲ႕လက္အရွိန္ႏႈန္းက နတ္ဘုရားေလာက္ ျမန္တယ္။ ငါလည္း အစက ေရွာင္ပိုင္နဲ႔ ဆက္သြယ္ၾကည့္ၿပီး အေျခအေန ဘယ္လို ျဖစ္မလဲ ၾကည့္ရေအာင္ ဆုံးျဖတ္ထားတာပဲ။ ဒါေပမဲ့ အဲဒါကို ရႈံးထြက္ပြဲစဥ္ၿပီးမွ လုပ္ဖို႔ စဥ္းစားထားခဲ့တာ။ ဒါေပမဲ့ မင္းက ငါ့ထက္ေက်ာသြားလိမ့္မယ္လို႔ မထင္ထားမိဘူး"

ခ်ီရႈိ႕က တည္ၿငိမ္စြာ ျပန္ေျဖသည္။

"ကြၽန္ေတာ္လည္း အဲဒီလို လုပ္ရင္ နည္းျပလင္းက စိတ္ထဲ မထားမွန္း သိပါတယ္။ ဒီရက္ေတြမွာ နည္းျပက ကြၽန္ေတာ္တို႔ ဒီရႈံးထြက္ပြဲစဥ္ အဆင့္တက္ႏိုင္ဖို႔ ကူညီဖို႔အတြက္နဲ႔ ဗ်ဴဟာေတြ စဥ္းစားရင္း အလုပ္မ်ားေနတာ မဟုတ္လား။ ျဖစ္ခ်င္ေတာ့ ကြၽန္ေတာ္က အခ်ိန္ရေနတယ္။ ဒါေၾကာင့္ပဲ ေရွာင္ပိုင္ကို ဆက္သြယ္ဖို႔ ဆုံးျဖတ္ခဲ့တာပဲ။ ဒီလိုဆိုရင္ အျခားအသင္းက ခိုးသြားမွာကို စိုးရိမ္စရာကို မလိုေတာ့ဘူးေပါ့"

လင္းဖုန္းက ထ်န္းဟြမ္၏ ပထမမ်ိဳးဆက္မွ ကစားသမားမ်ားထဲမွ တစ္ေယာက္ ျဖစ္သည္။ သူက ခ်ီရႈိ႕၏ဆရာထက္ပင္ တစ္ေခတ္ေစာေသးသည္။ ထိုေၾကာင့္ သူက ထ်န္းဟြမ္၏ မိဘတဖြယ္ ျဖစ္ေနေလရာ သူ႔ကို ဒီကစားသမားမ်ားကို ဂ႐ုစိုက္ျခင္းျဖင့္ စိတ္ကို ႏွစ္ျမႇဳပ္ထားသည္။ ထ်န္းဟြမ္အတြက္သာ ဆိုလွ်င္ လင္းဖုန္းအေနႏွင့္ ခ်ီရႈိ႕က သူမသိခင္ ခြင့္ျပဳခ်က္မရွိဘဲ ကိုယ္တိုင္ လက္ဦးမႈယူကာ တစ္ေယာက္ကို ဆက္သြယ္ခဲ့သည့္အေပၚ ေဒါသထြက္လိမ့္မည္ မဟုတ္ေပ။ ထို႔အတြက္ေၾကာင့္သာ ခ်ီရႈိ႕အေနျဖင့္ ေရွာင္ပိုင္ကို ကိုယ္ပိုင္ စိတ္ဆႏၵျဖင့္ ဆက္သြယ္ရဲျခင္း ျဖစ္သည္။

လင္းဖုန္းက ေခါင္းကို ငုံ႔လိုက္သည္။ သူက ေရွာင္ပိုင္၏ Skill စမ္းသပ္ခ်က္ ၿပိဳင္ပြဲရလဒ္မ်ားကို ထပ္ၾကည့္သည္။

eSport နယ္ပယ္မွ ပ႐ိုကစားသမားတိုင္းက ထိုၿပိဳင္ပြဲမ်ားကို ေျဖဆိုရသည္။ ထ်န္းဟြမ္၏ လက္ရွိကစားသမားအနက္ ခ်ီရႈိ႕က S ငါးလုံး ရသည္။ ခ်န္းရွင္းက A တစ္လုံးႏွင့္ S ေလးလုံးရသည္။ ခြၽီက်န္းႏွင့္ ယီက်ိဳးတို႔က S ၃လုံး A ၂လုံး ရထားသည္။ အမွန္အတိုင္း ဆိုရေသာ္ ပုံမွန္အေနအထားမ်ိဳးအရ A ငါးလုံး ရထားေသာ လူမ်ိဳးကတင္ ပ႐ိုအသင္းသို႔ ဝင္ေရာက္ ကစားႏိုင္ေနၿပီျဖစ္သည္။ လက္အရွိန္ႏႈန္း၊ တုံ႔ျပန္မႈ ျမန္ဆန္ႏႈန္း စသျဖင့္ အရာအားလုံးက ပင္ကိုပါရမီမ်ားျဖစ္သည္။ ဂိမ္းထဲတြင္ ဂိမ္းကို အာ႐ုံခံႏိုင္စြမ္းအားႏွင့္ အခ်ိန္ကိုက္ တုံ႔ျပန္ႏိုင္စြမ္းအား ဆိုတာက အလြန္အမင္း အေရးႀကီးသည္။ ထို႔ေၾကာင့္ နည္းျပလင္းအေနျဖင့္ ေရွာင္ပိုင္၏ ရလဒ္တစ္ခုတည္းေၾကာင့္ ဆြဲေဆာင္ခံရလိမ့္မည္ မဟုတ္ေခ်။ A ငါးလုံး ရထားေသာ ကစားသမားအမ်ားစုကလည္း ကမာၻအဆင့္ ကစားသမား ျဖစ္ရန္ ႀကိဳးစားေနႏိုင္ၾကေသးေသာေၾကာင့္ ျဖစ္သည္။
40 02
သို႔ေသာ္ S ငါးလုံးရထားေသာ လူတစ္ေယာက္က ဂိမ္းအေပၚ ထူးခြၽန္ေသာ နားလည္ႏိုင္စြမ္းအား ရွိထားလွ်င္ ထိုသူက အလြန္အမင္း ေၾကာက္မက္ဖြယ္ ေကာင္းသြားေလၿပီ။ ထိုလူက ကမာၻအင္အားအႀကီးဆုံး ဟာ့ထ္ဝဲ ပါသည့္ ကြန္ပ်ဴတာ တစ္လုံးလို ျဖစ္သြားၿပီး ေလာကမွ အေကာင္းဆုံး ေဆာ့ဝဲႏွင့္လည္း ယွဥ္တြဲလိုက္သလို ျဖစ္သြားေပလိမ့္မည္။

ထိုကဲ့သို႔ေသာ ပါရမီမ်ိဳးကို လူတိုင္းက ေတာင္းဆို၍ မရေခ်။ သို႔ေသာ္ ထိုသို႔ေသာ ပါရမီရွင္ ေပၚထြက္လာသည္ႏွင့္ အဓိကအသင္းတိုင္းက ထိုပါရမီရွင္ကစားသမားအတြက္ ျပင္းထန္ၾကမ္းတမ္းစြာ တိုက္ခိုက္ၾကေပလိမ့္မည္။ ထို႔ေၾကာင့္ ခ်ီရႈိ႕က လ်င္ျမန္ခဲ့သည္မွာ ကံေကာင္းသည္။ အျခားေသာ အသင္းမ်ားက ေရွာင္ပိုင္၏ စမ္းသပ္ရလဒ္က ထိုမွ် ထူးျခားေၾကာင္း မသိၾကေသးေခ်။

နည္းျပလင္းက ခ်ီရႈိ႕ကို စိတ္လႈပ္ရွားစြာျဖင့္ ၾကည့္သည္။

"ျမန္ျမန္ ျမန္ျမန္ ျမန္ျမန္ ေျပာပါအုံး သူ႔အေျခအေနက ဘယ္လိုလဲ။ ဒီကေလးက ဒီႏွစ္ ဘယ္ႏွစ္ႏွစ္လဲ"

ခ်ီရႈိ႕က တစ္ခဏခန႔္ တိတ္ဆိတ္သြားၿပီးေနာက္ ေျပာသည္။

"သူက ကေလးမဟုတ္ဘူး။ သူက ဒီႏွစ္ဆိုရင္ ၂၁ႏွစ္ ျဖစ္ၿပီ"

နည္းျပလင္း၏ ေခါင္းေပၚတြင္ '?'က ေပၚလာသည္။

ခ်ီရႈိ႕က ခ်က္ခ်င္း ထပ္ျဖည့္ေျပာသည္။

"သူက အလယ္လမ္းပဲ ကစားတယ္။ သူက ပြဲဦးထြက္ခ်င္တယ္"

ထိုသို႔ျဖင့္ သူ၏ေခါင္းေပၚတြင္ '???' မ်ားက ပိုမ်ားသြားသည္။

အခန္းကလည္း ကိုး႐ိုးကားယားႏိုင္ေသာ ေလထုထဲသို႔ က်ေရာက္သြားသည္။

ခ်ီရႈိ႕ကလည္း နည္းျပလင္း၏ တုံ႔ျပန္မႈကို အခ်ိန္အၾကာကတည္းက ေမွ်ာ္လင့္ထားၿပီးသား ျဖစ္သည္။ ေရွာင္ပိုင္ကသာ ၁၇ႏွစ္ ၁၈ႏွစ္ ေမြးရာပါ ပါရမီရွင္တစ္ေယာက္သာ ဆိုလွ်င္ နည္းျပလင္းက မနက္ျဖန္ခ်က္ခ်င္း လက္မွတ္ျဖတ္ၿပီး ၾကယ္ၿမိဳ႕သို႔ သြားကာ သူ႔ကို စာခ်ဳပ္အေၾကာင္း ေျပာေပလိမ့္မည္။

သို႔ရာတြင္ သူ၏အသက္က ၂၁ႏွစ္ ျဖစ္ေနသည္။ ထို႔ေၾကာင့္ ျငင္းဆန္ရန္ခက္ခဲသည့္ ေၾကာင္ေတာင္ေတာင္ ႏိုင္ေသာ အေသးစိတ္ အခ်က္အလက္ ျဖစ္သြားသည္။ ေရွာင္ပိုင္ကဲ့သို႔ အသစ္စက္စက္ ကစားသမားတစ္ေယာက္က စတင္ကာ ေလ့က်င့္ရန္ ေနာက္က်သြားခဲ့ၿပီျဖစ္သည္။ သူ႔ကို အခုခ်က္ခ်င္း ပြဲဦးထြက္ခိုင္းလိုက္လွ်င္ ရဲတင္းလြန္းရာ က်သြားမည္။

ခ်ီရႈိ႕ကလည္း နည္းျပလင္း၏ အမူအရာ အေျပာင္းအလဲကို အာ႐ုံခံႏိုင္သည္။ သူ႔အမူအရာက တျဖည္းျဖည္းခ်င္း ျဖဴေဖ်ာ့ကာ စိမ္းျပာသထက္ စိမ္းျပာသြားသည္။ နည္းျပလင္းကလည္း အလြန္အမင္း ဆိုး႐ြားသည့္ ခံစားခ်က္ကို ရေနသည္။ သူက ေနာက္ဆုံးမွာ ခက္ခက္ခဲခဲ ရွာေတြ႕ခဲ့သည့္ တလက္လက္ ေတာက္ပေသာ ရတနာေသတၱာကို အဖုံးဖြင့္ၿပီး ၾကည့္လိုက္ခ်ိန္တြင္ ရတနာသစ္ေတြ ရွိေနသည္မွ -

ကစားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ဆိုေသာ စကား ျဖစ္ေနသလို ျဖစ္ေနသည္။

နည္းျပလင္းက အခ်ိန္အတန္ၾကာ ေတြးေတာၿပီးေနာက္ သူက သက္ျပင္းရွည္ႀကီးကို ခ်သည္။

"ဆိုးလိုက္တာ တကယ္ကို ဆိုးတယ္"

"ကြၽန္ေတာ္က ဆိုးတယ္လို႔ မထင္ဘူး"

ခ်ီရႈိ႕က ေျပာသည္။

နည္းျပလင္းက မ်က္ေမွာင္ကို ၾကဳတ္ၿပီး သူ႔ကို တစ္ဖန္ ေမာ့ၾကည့္သည္။

"မင္းက အသက္၂၁ႏွစ္ ေရာက္ေနတဲ့ အခုမွ စကစားမဲ့ eSport ကစားသမား တစ္ေယာက္ကို ႏွေျမာစရာ ေကာင္းတယ္လို႔ မထင္ဘူးလား။ သူက မင္းသာ ဆိုရင္ အသက္၁၇ႏွစ္ ၁၈ႏွစ္ အ႐ြယ္ေလာက္ကတည္းကသာ ပြဲဦးထြက္ခဲ့ရင္ အခုဆိုရင္ သူက ထိပ္တန္းအဆင့္ ကစားသမားတစ္ေယာက္ ျဖစ္ေနေလာက္ၿပီ"

"နည္းျပ ကြၽန္ေတာ္ ဒီႏွစ္ဆိုရင္ ဘယ္ႏွစ္ႏွစ္ ျဖစ္ၿပီလဲဆိုတာကို သိလား"

နည္းျပလင္းက ခ်က္ခ်င္း ျပန္ေျပာသည္။

"မင္းက ႏွစ္အစက ၂၁ႏွစ္ ျပည့္ေမြးေန႔ကို က်င္းပထားတာေလ။ မသိဘူးလား။ ဆိုေတာ့.. အခုႏွစ္ဆိုရင္ ၂၂ႏွစ္ပဲ"

ခ်ီရႈိ႕က ႐ိုးသားစြာ ျပန္ေျပာသည္။
40 03
"ဆိုေတာ့ ကြၽန္ေတာ္က ၂၂ႏွစ္။ ကြၽန္ေတာ္က ပ႐ိုအေနနဲ႔ ကစားေနတုန္းပဲ။ သူက ကြၽန္ေတာ့္ထက္ တစ္ႏွစ္ေတာင္ ငယ္တယ္။ ဘာလို႔ ကစားလို႔ မရရမွာလဲ"

နည္းျပလင္းက မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာသည္။

"မင္း ဒီလို ေျပာလို႔ မရဘူး။ မင္းက ဂိမ္းပြဲႀကီးေတြမွာ ေလးႏွစ္ေလာက္ အေတြ႕အႀကဳံ ရွိထားၿပီးၿပီ။ သူက လူသစ္ပဲ လုံးဝ လူသစ္ေနာ္ ၂၁ႏွစ္ လူသစ္က ျပည္တြင္းလိဂ္ အသိုင္းအဝိုင္းတစ္ခုလုံးမွာ မေပၚလာဖူးေသးဘူး"

"နည္းျပ နည္းျပရဲ႕အထင္ ကစားသမားတစ္ေယာက္အတြက္ အသက္က အေရးအႀကီးဆုံးလား"

နည္းျပလင္းက ခ်က္ခ်င္းျပန္ျငင္းသည္။

"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့။ မင္းတို႔ ကစားသမားေတြအတြက္ အေရးအႀကီးဆုံးက ပါရမီပဲ"

"ဒါဆိုရင္ ေရွာင္ပိုင္ရဲ႕ ပါရမီက မလုံေလာက္လို႔လား"

ခ်ီရႈိ႕က ျငင္းသည္။

"S ငါးလုံးေနာ္။ ေနာက္ၿပီး သူက လဝက္တည္းနဲ႔ ဟီး႐ိုးေလးခုလုံးကို ေနရွင္နယ္#1 ရေအာင္ လုပ္ထားတာ။ မေရမတြက္ႏိုင္တဲ့ ကြၽမ္းက်င္ပညာရွင္ေတြ ႀကိဳးစားရင္ေတာင္မွ သူ႔လိုအဆင့္ မေရာက္ႏိုင္ဘူး"

နည္းျပလင္းက တိတ္ဆိတ္သြားသည္။ သူက ခ်ီရႈိ႕ကို ျပန္မျငင္းႏိုင္ေခ်။ ဒီေကာင္က သဘာဝအေလ်ာက္ကို တိတ္တိတ္ဆိတ္ဆိတ္ ေနတတ္တဲ့လို႔ ထင္ရေပမဲ့ ျငင္းခုံတဲ့ အေျခအေနမ်ိဳးမွာ ဆိုရင္ ဘယ္သူကမွ သူ႔စိတ္ကို ေျပာင္းေအာင္ မလုပ္ႏိုင္ဘူး။ ပုံမွန္အားျဖင့္ သူကသာ နည္းျပေတြကို သူ ျမင္သလို ျမင္ေအာင္ လမ္းေၾကာင္း ေျပာင္းျပတဲ့ ပုံစံမ်ိဳးပဲ။ ဥပမာအားျဖင့္ ခ်န္းရွင္းကို မာ့စ္မန္း ေျပာင္းၿပီး ကစားခိုင္းတဲ့ ကိစၥေပါ့။ ခ်ီရႈိ႕က သူ႔ရဲ႕စဥ္းစားဆင္ျခင္ဉာဏ္၊ သူ႔ရဲ႕ေတြးေတာမႈ အားလုံးကို ခ်က္က်လက္က် ေျပာလာတာနဲ႔ နည္းျပအားလုံးက သေဘာတူမိတာပဲ။

ခ်ီရႈိ႕က အသင္း၏ကိစၥကို ဂ႐ုမစိုက္တတ္ေသာ ေခါင္းေဆာင္မ်ိဳး မဟုတ္ေခ်။ သူက ကိုယ္ပိုင္အႀကံႏွင့္ ကိစၥအမ်ားအျပားကို နားလည္ထားသည္။ သို႔ရာတြင္ ေရွာင္ပိုင္ကမူ ၂၁ႏွစ္ ျဖစ္ေနသည္။

သူက တန္းၿပီး ပြဲဦးထြက္ခ်င္တာလား။ ေနာက္ၿပီး အလယ္လမ္းေနရာပဲ ကစားတယ္။

ဒီလိုဆိုရင္ ဒီလိုအရာမ်ိဳးကို ဘယ္နည္းျပက အေလာတႀကီး သေဘာတူမွာလဲ။

ေနာက္ၿပီး Line up အေနအထားမ်ိဳးမွာ ထ်န္းဟြမ္က အႀကီးႀကီး ေျပာင္းလဲသြားလိမ့္မယ္။

နည္းျပလင္းက မ်က္ေမွာင္ၾကဳတ္ကာ ေျပာသည္။

"ေရွာင္ပိုင္က အလယ္လမ္းမွာ ကစားရင္ ခြၽီက်န္းကေရာ ဘယ္လို လုပ္မလဲ"

"ခြၽီက်န္းက အေထာက္အပံ့ ေနရာ ကစားလို႔ရတယ္"

နည္းျပလင္းက ရယ္ရခက္ ငိုရခက္ ျဖစ္သြားျပန္သည္။

"မင္းက ေရွာင္ပိုင္ကို ဒီေလာက္ႀကီးအထိ စာခ်ဳပ္ခ်ဳပ္ဆိုခ်င္ေနလြန္းလို႔ ခြၽီက်န္းအတြက္ေတာင္ ရွင္းလင္းတဲ့ အႀကံအစည္ကို ခ်ထားၿပီးၿပီေပါ့"

ခ်ီရႈိ႕က တည္ၿငိမ္စြာ ေျပာသည္။

"ခြၽီက်န္းရဲ႕ ကစားတဲ့ ပုံစံက အေထာက္အပံ့ အေနနဲ႔ ကစားနဲ႔ ပိုၿပီးေတာင္ သင့္ေလ်ာ္ေသးတယ္။ သူ႔ရဲ႕ အေျမာက္ေမွာ္ဆရာနဲ႔ အဖြဲ႕လိုက္ ထိန္းခ်ဳပ္ႏိုင္တဲ့ ေမွာ္ဆရာေတြက ေတာ္ေတာ္ေလး ေတာ္ပါတယ္။ ေနာက္ၿပီး သူက သိပ္ကို တည္ၿငိမ္တဲ့ ကစားသမားတစ္ေယာက္ပဲ ဒါေပမဲ့ လုပ္ႀကံသတ္ျဖတ္သူ ေမွာ္ဆရာေတြက သူ႔အားနည္းခ်က္ ျဖစ္ေနတယ္။ ဂိမ္းပြဲမွာ ကြၽန္ေတာ္တို႔ လမ္းစဥ္အတိုင္း စလာတဲ့အခါ ခြၽီက်န္းက ေကာင္းေကာင္း လုပ္ေဆာင္ႏိုင္တယ္။ ဒါေပမဲ့ ဂိမ္းက ကြၽန္ေတာ္တို႔ စီစဥ္ထားတဲ့အတိုင္း မျဖစ္လာတဲ့အခါ ကြၽန္ေတာ္နဲ႔အတူ လိုက္ၿပီး ခ်ိဳးဖ်က္တက္ေရာက္ႏိုင္ေအာင္ မလုပ္ႏိုင္ေတာ့ဘူး"

ခ်ီရႈိ႕က နည္းျပလင္း၏ အၾကည့္ႏွင့္ ဆုံေသာအခါ ႐ိုးသားစြာ ဆက္ေျပာသည္။

"ထ်န္းဟြမ္ရဲ႕ တိုးတက္မႈေတြ အားလုံးက ဒီႏွစ္အေတာအတြင္း ဘယ္ေလာက္ေတာင္ ေနာက္ဆုတ္ေနခဲ့လဲ။ ကြၽန္ေတာ္တို႔ရဲ႕ ေတာတြင္းက အၿမဲတေစ ပစ္မွတ္ထားခံေနရတယ္။ ဂိမ္းပြဲေတြမွာ ကြၽန္ေတာ္တို႔ အၿမဲဖမ္း ဖိအားေပးခံေနရတယ္ နည္းျပ.. ကြၽန္ေတာ္တို႔ ကမာၻခ်န္ပီယံရွစ္ စင္ျမင့္ေပၚကို ေရာက္ခဲ့တဲ့ အခ်ိန္က ဘယ္လို ကစားခဲ့လဲ ေမ့သြားၿပီလား"

"ဒါေပါ့ အဲဒီအခ်ိန္က အလယ္လမ္းဂ်န္ဂဲအတြဲလိုက္ ကစားခဲ့တာပဲ"

ဆဌမရာသီတြင္ ထ်န္းဟြမ္က သူတို႔၏ အလယ္လမ္းဂ်န္ဂဲအတြဲကိုသာ မွီခိုၿပီး ကမာၻခ်န္ပီယံရွစ္ စင္ျမင့္ေပၚသို႔ တက္ေရာက္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

သူတို႔၏ အလယ္လမ္းကစားသမား ေခါင္းေဆာင္မင္ႏွင့္ ငယ္႐ြယ္ေသာ ဂ်န္ဂဲလာ ခ်ီရႈိ႕တို႔က သူတို႔၏လမ္းသို႔ လာပိတ္သည့္ မည္သူ႔ကိုမဆို သတ္ျဖတ္ခဲ့ၿပီး ေနရာတိုင္းသို႔ သြားလာခဲ့သည္။ ဂိမ္းတိုင္းက သူတို႔က စီစဥ္သည့္အတိုင္း ျဖစ္သြားခဲ့ၿပီး သူတို႔ရဲ႕အားသာခ်က္ျဖင့္ ႏွင္းလုံးမ်ားက်ေစကာ အႏိုင္ရယူႏိုင္ခဲ့သည္။ သူတို႔ရင္ဆိုင္ရသည့္ ဂိမ္းပြဲက အားသာမႈ မရွိေသာ ဂိမ္းပြဲမ်ိဳး ဆိုလွ်င္ပင္ သူတို႔က ႏွစ္ေယာက္ေပါင္းၿပီး အေျခအေနကို ေျပာင္းျပန္လွန္ေအာင္ ႀကိဳးစားလ်က္ ရင္ဆိုင္ရသည့္ အသင္းမွ အဓိကကစားသမားကို တိတ္တဆိတ္ လုပ္ႀကံသတ္ျဖတ္ေလ့ ရွိသည္။ ထိုအခ်ိန္က ထ်န္းဟြမ္က အစားထိုး၍ မရႏိုင္ေအာင္ ျဖစ္ခဲ့သည္။
40 04
တကယ္လို႔မ်ား.. တကယ္လို႔မ်ား.. ဘက္စုံေတာ္ၿပီး ခ်ီရႈိ႕ရဲ႕စည္းခ်က္ကို အမွီလိုက္ႏိုင္တဲ့ ကစားသမားတစ္ေယာက္သာ ရွိခဲ့ရင္ ခ်ီရႈိ႕က ဘာလို႔ သူ႔ရဲ႕ ထက္ရွတဲ့အပိုင္းေတြကို ဖုံးကြယ္ထားဖို႔ လိုအပ္ေတာ့မွာလဲ။ ဘာလို႔ သူက သူ႔ရဲ႕မီနီယံေတြကိုပဲ မွီခိုေနရမွာလဲ။ ဘာလို႔ သူက ေယဘူယ် အရင္းအျမစ္ေတြ အားလုံးကို တျခားသူေတြကို ေပးၿပီး အသင္းေဖာ္ေတြအတြက္ အျဖည့္ခံ ျဖစ္ေနရမွာလဲ။

ထိုအေၾကာင္းကို ေတြးမိေတာ့ နည္းျပလင္းက ႐ုတ္တရက္ သူ႔ႏွာေခါင္းကပင္ က်ိန္းစပ္ ယားယံလာသလို ခံစားလိုက္ရသည္။ သူ ေသခ်ာေနေသာ အခ်က္တစ္ခ်က္လည္း ရွိသည္။ ခ်ီရႈိ႕၏skill က ေနာက္ေကာက္က် က်န္ေနခဲ့ျခင္း မဟုတ္ေခ်။ လက္ရွိ ထ်န္းဟြမ္ကသာ ဂ်န္ဂဲလာျဖစ္သည့္ ခ်ီရႈိ႕၊ သူတို႔၏ အဓိကအျမဳေတကို အစစ္အမွန္ အင္အားျပသေအာင္ မကူညီေပးႏိုင္ျခင္း ျဖစ္သည္။

ရန္သူမ်ားက အၿမဲတေစ ခ်ီရႈိ႕ကိုသာ အထူးတလည္ ပစ္မွတ္ထားသည္။ ထ်န္းဟြမ္က အားသာခ်က္ တစ္ခ်က္သာလွ်င္ ရွိသည္။ သို႔ေသာ္ အရာအားလုံးကို ခ်ီရႈိ႕တစ္ေယာက္တည္းက မထမ္းေဆာင္ႏိုင္ေခ်။

အသင္းတစ္ခုတြင္ အျမဳေတတစ္ခုတြင္ အျမဳေတတစ္ေယာက္သာလွ်င္ ရွိသည့္အခါ ရန္သူက ထိုအျမဳေတကို ခ်ည္ေႏွာင္ျခင္းအားျဖင့္ အၿမဲတေစ ဆုတ္ယုတ္ေနခဲ့ရသည္။

တစ္ခုတည္းေသာ ေျဖရွင္းခ်က္က ခ်ီရႈိ႕ကို ကူညီၿပီး တျခားအသင္းထံမွ ဖိအားကို မွ်ေဝကူေပးမည့္ ေနာက္ထပ္ အဓိက အျမဳေတ တစ္ေယာက္ ရရွိျခင္း ျဖစ္သည္။ ဥပမာအေနျဖင့္ ေခါင္းေဆာင္မင္က ရာသီ(၆)တြင္ အလြန္အမင္း ထူးခြၽန္ခဲ့သျဖင့္ လူတိုင္းက အလယ္လမ္းကိုသာ အာ႐ုံစိုက္ထားခဲ့သည္။ ထိုအတြက္ေၾကာင့္လည္း ခ်ီရႈိ႕က အင္တိုက္အားတိုက္ အျပည့္ျဖင့္ ဖြံ႕ၿဖိဳးတိုးတက္လာခဲ့ၿပီး ဂ်န္ဂဲလာတစ္ေယာက္အျဖစ္ ေက်ာ္ၾကားေသာ အျမဳေတတစ္ေယာက္ ျဖစ္လာျခင္း ျဖစ္သည္။ နည္းျပလင္းက တိတ္ဆိတ္သြားသည္။

ခ်ီရႈိ႕ကလည္း နည္းျပလင္းက အေလးအနက္ထားကာ ေတြးေနၿပီး ေရွာင္ပိုင္က သူတို႔အသင္းသို႔ ဝင္ခဲ့ပါက ျဖစ္လာႏိုင္သည့္ အေျခအေနအားလုံးကို ေတြးဆေနျခင္း ျဖစ္ေၾကာင္း နားလည္သည္။ ထို႔ေၾကာင့္ သူက နည္းျပလင္း၏ အေတြးမ်ားကို မေႏွာင့္ယွက္ခဲ့ေခ်။ ထိုအစား ကြန္ပ်ဴတာကိုသာ အၾကည့္လြဲလိုက္ၿပီး သူ ယခင္က ဖန္တီးထားသည့္ စာမ်က္ႏွာတစ္ခုကို ထုတ္ျပလိုက္သည္။

စကၠန႔္ခန႔္ ၾကာၿပီးေနာက္ နည္းျပလင္းက အသိျပန္ဝင္လာသည္။ ထို႔ေနာက္ ထိုစာမ်က္ႏွာကို သတိထားမိသြားသည္။ သူက အံ့အားသင့္သြားသည္။

"ဒါက ေရွာင္ပိုင္ရဲ႕ တိုက္ပြဲဝင္စြမ္းအားလား"

ခ်ီရႈိ႕က ေခါင္းညိတ္သည္။

"အင္း.. တစ္ခ်က္ ၾကည့္ၾကည့္ပါလား။ သူက ေနရွင္နယ္#1 ဘြဲ႕ရထားတဲ့ ဟီး႐ိုးေတြက အသူရာအရွင္သခင္၊ ပုံရိပ္ေယာင္ပညာရွင္၊ ေအးခဲနတ္ဘုရားမ၊ ကံၾကမၼာနတ္ဘုရားမ ဒါေတြနဲ႔ ပတ္သတ္ၿပီး စိတ္ဝင္စားစရာ ေကာင္းတဲ့ အခ်က္ကို သိလား"

နည္းျပလင္းက ေမးေစ့ကို ပြတ္ၿပီးေနာက္ အခ်က္အလက္မ်ားကို စီစဥ္ၾကည့္သည္။

"အသူရာအရွင္သခင္က လုပ္ႀကံသတ္ျဖတ္သူ ေမွာ္ဆရာအမ်ိဳးအစားပဲ။ အမ်ားႀကီး ဂ႐ုစိုက္ဖို႔ လိုအပ္သလို အေသးစိတ္ကို အဓိကထားၿပီး သူ႔အရိပ္ေတြကို ထိန္းခ်ဳပ္ရတယ္။ ပုံရိပ္ေယာင္ပညာရွင္က လုပ္ႀကံသတ္ျဖတ္သူ ေမွာ္ဆရာပဲ။ သူကလည္း ကိုင္တြယ္ဖို႔ လြယ္ကူေပမဲ့ သူ႔ကို ေကာင္းေကာင္း ကစားႏိုင္ဖို႔ဆိုရင္ ဂိမ္းကို အာ႐ုံခံႏိုင္စြမ္းအားနဲ႔ ကိစၥတစ္ခုလုံးကို ၿခဳံငုံၿပီး ေတြးေတာႏိုင္ဖို႔ လိုအပ္ေနေသးတယ္"

"ေအးခဲနတ္ဘုရားမက လူအုပ္လိုက္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ ဟီး႐ိုးပဲ သူမရဲ႕ စြမ္းအားက ေအးခဲတဲ့ Skill ထုတ္သုံးႏိုင္တဲ့အေပၚ မူတည္ေနတာ။ ကံၾကမၼာနတ္ဘုရားမကေတာ့ အေျမာက္တပ္ ေမွာ္ဆရာမပဲ။ သူမက အေျမာက္တပ္ ေမွာ္ဆရာမေတြထဲမွာ ကစားဖို႔ အခက္ဆုံးပဲ"

ထိုအခ်ိန္တြင္ နည္းျပလင္း၏ မ်က္ဝန္းက ေတာက္ပသြားသည္။ ခက္ခဲမႈ အျမင့္ဆုံး လုပ္ႀကံသတ္ျဖတ္သူ ေမွာ္ဆရာတစ္ေယာက္၊ ေနာက္ၿပီး ဂိမ္းကို အာ႐ုံခံႏိုင္စြမ္းအား အမ်ားႀကီး လိုအပ္တဲ့ လုပ္ႀကံသတ္ျဖတ္သူ ေမွာ္ဆရာတစ္ေယာက္၊ ေနာက္ၿပီး ထိန္းခ်ဳပ္ႏိုင္တဲ့အမ်ိဳးအစား အလယ္လမ္းဟီး႐ိုး၊ အခက္အခဲဆုံး အေျမာက္တပ္ ေမွာ္ဆရာတစ္ေယာက္... သူက ေနရွင္နယ္#1 ဝင္ေအာင္ လုပ္ထားတဲ့ ဟီး႐ိုးတိုင္းက အဓိကအဖြဲ႕တိုင္းရဲ႕ နည္းျပေတြကို လကၡဏာျပေပးသလိုပါပဲလား။

ခ်ီရႈိ႕၏ မ်က္ဝန္းအတြင္း ေဖ်ာ့ေတာ့သည့္ မ်က္ဝန္းအလင္းက ေပၚထြက္လာသည္။

"ဟုတ္တယ္။ သူက သူ႔ကိုယ္သူ အလယ္လမ္းက ဘယ္လို ဟီး႐ိုးကိုမဆို ကစားႏိုင္တယ္ ဆိုၿပီး သက္ေသျပေနတာ"

နည္းျပလင္းက တိတ္ဆိတ္သြားသည္။ ေနရွင္နယ္အဆင့္ ဝင္ထားၿပီး ဟီး႐ိုးတစ္ခုခ်င္းစီတိုင္းက အလယ္လမ္းကစားသမားအေနႏွင့္ ကြက္တိက်ေနခဲ့သည္။
40 05
ကစားသမားအမ်ားစုက ဦးတည္ရာဘက္ တစ္ခုကိုသာ ေ႐ြးခ်ယ္ႏိုင္ၿပီး ထိုဦးတည္ရာဘက္ ေအာက္မွ ဟီး႐ိုးတိုင္းကို ေလ့က်င့္ၾကသည္။ ဥပမာအေနျဖင့္ ထိန္းခ်ဳပ္မႈ အမ်ိဳးအစား ေမွာ္ဆရာမ်ားကိုသာ ဦးတည္ကာ ေလ့က်င့္ေသာ ကစားသမားတစ္ေယာက္က ေအးခဲနတ္ဘုရားမကို ေလ့က်င့္ေပလိမ့္မည္။ ထို႔ေနာက္ ဒီေရနတ္ဘုရားမ၊ မုန္းတိုင္း နတ္ဘုရားမတို႔ကို ဆက္လက္ၿပီး ေလ့က်င့္သြားေပလိမ့္မည္။ သည္နည္းအားျဖင့္ အားလုံးက ထိန္းခ်ဳပ္မႈ အမ်ိဳးအစား ေမွာ္ဆရာမ်ား ျဖစ္သြားသည္။

ေရွာင္ပိုင္ကဲ့သို႔ေသာ ကစားသမားကမူ တစ္ခုခ်င္းစီတိုင္းကို ေ႐ြးခ်ယ္ထားျခင္း ျဖစ္ေလရာ အလြန္အမင္း ရွားပါးသည္။

ေရွာင္ပိုင္က ရည္႐ြယ္ခ်က္ ရွိရွိ လုပ္ခဲ့တာ မဟုတ္ရင္ေပါ့..

ထို႔အျပင္ သူက ေဖာ္ျပထားသည့္ ေနရွင္နယ္ဘြဲ႕တိုင္းကို လ်င္ျမန္စြာ ယူႏိုင္ႏႈန္းက လူတိုင္းကို ...
ငါက ေမွာ္ဆရာတိုင္းကို ဘယ္လို ကစားရမလဲ သိတယ္။ ငါ လိုခ်င္ရင္ ဘယ္လို ေနရွင္နယ္#1 မဆို ရႏိုင္တယ္ဟု ေျပာေနသလိုထင္ရသည္။

နည္းျပလင္းက အသက္ျပင္းျပင္း ရႈသည္။

"ဒါက ႏိုင္ငံတကာ အသင္းက ျပန္လာတဲ့ အျခား ပ႐ိုကစားသမားတစ္ေယာက္ေယာက္ရဲ႕ alt မဟုတ္တာ ေသခ်ာလား။ သူကသာ တကယ္အသစ္ဆိုရင္ ဒီဟီး႐ိုးေတြကို ဘယ္လိုမ်ား လ်င္လ်င္ျမန္ျမန္ ေလ့လာႏိုင္မွာလဲ"

ခ်ီရႈိ႕က တည္ၿငိမ္စြာ ေျပာသည္။

"ဒီေလာကမွာ သဘာဝအေလ်ာက္ ပါရမီပါတဲ့သူေတြက ရွိကိုရွိတယ္။ အခ်ိန္နည္းနည္းေလး ေပးလိုက္႐ုံနဲ႔ တျခားသူေတြ တစ္ဘဝလုံး မလုပ္ႏိုင္တာေတြကို သူတို႔က လုပ္ႏိုင္တယ္"

လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာ အၾကာက ခ်ီရႈိ႕က ေသြးစြန္းလုပ္ႀကံသတ္ျဖတ္သူ၏ ေနရွင္နယ္#1 ရေအာင္ တစ္ပတ္တည္းႏွင့္ လုပ္ခဲ့သည္။

ၾကယ္ၿမိဳ႕ လူသစ္ေလ့က်င့္ေရး စခန္းမွ နည္းျပ႐ႊီဆိုလွ်င္လည္း ထိုအခ်ိန္က ဂိမ္းပြဲတစ္ခုတည္းတြင္ တိတ္တဆိတ္ ခ်ဳံခိုတိုက္ခိုက္ခံရၿပီး လုပ္ႀကံသတ္ျဖတ္ခံရဖူးသည္။ ထို႔ေနာက္မွသာ အလြန္အမင္း ပါရမီႀကီးေသာ ထိုလူငယ္ကို ရွာေတြ႕သြားခဲ့ၿပီး ခ်ီရႈိ႕ကို ေလ့က်င့္ေရးစခန္းသို႔ ဖိတ္ေခၚခဲ့ျခင္း ျဖစ္သည္။ ေနာက္ပိုင္းတြင္ ထ်န္းဟြမ္အသင္းမွ နည္းျပမင္က ခ်ီရႈိ႕အေပၚ အာ႐ုံစိုက္ထားမိၿပီး သူ၏လက္ေထာက္အျဖစ္ လက္ခံခဲ့သည္။ သည္နည္းျဖင့္ ပ႐ိုလမ္းေၾကာင္းေပၚ ေရာက္ရွိေအာင္ အခြင့္အေရး ေပးခဲ့ျခင္း ျဖစ္သည္။

အခ်ိဳ႕သူမ်ားကမူ အျခားလူမ်ားက အလြန္အမင္း ႀကိဳးစားကာ လုံ႔လစိုက္ထုတ္ရၿပီး မရႏိုင္သည့္ အရာမ်ိဳးကို အခ်ိန္တိုအတြင္း ရႏိုင္ေလာက္ေအာင္ ပါရမီပါၾကသည္။

ေရွာင္ပိုင္ကသာ ထိုကဲ့သို႔ေသာ ပါရမီရွင္မ်ိဳးဆိုလွ်င္ သူက အသက္၂၁ႏွစ္ ျဖစ္ေနသည့္တိုင္ေအာင္ သူ၏အရွိန္အဝါက ေနာက္ေကာက္ မက်ႏိုင္ေသးေခ်။

မည္သို႔ပင္ ဆိုေစ သူက အလြန္အမင္း ျမန္ဆန္ေခ်ာေမြ႕လြန္းေသာ အရွိန္ႏႈန္းျဖင့္ ဟီး႐ိုးအသစ္မ်ားကို ေလ့လာႏိုင္ခဲ့သည္။ ထိုအခ်က္ကတင္ သူက အသင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ လ်င္လ်င္ျမန္ျမန္ ေလ့လာႏိုင္ေၾကာင္း သက္ေသျပေနသည္။ သူက ယခုအခ်ိန္တြင္ ဟီး႐ိုးေလးခုကိုသာ ကစားတတ္ေသးလွ်င္လည္း အျခားေသာ ဟီး႐ိုးမ်ားကို လ်င္လ်င္ျမန္ျမန္ ဖမ္းဆုပ္ႏိုင္အုံးမည္ ျဖစ္သည္။

ယခုအခ်ိန္ကေန ေနာက္ရာသီစမည့္ ကာလ အနည္းငယ္ လိုေသးသည္။ သူတို႔ကသာ ေရွာင္ပိုင္ကို လက္မွတ္ထိုးထားလိုက္ၿပီး သူတို႔၏ Rank အတြင္းသို႔ ဝင္ထားခိုင္းလ်က္ အေျခခံပြဲစဥ္တြင္ စမ္းသပ္မႈအတြင္း ထည့္သြင္းကာ စမ္းသပ္ခိုင္းသင့္သည္။ လူအိုႀကီးန်ဲ႕က အနားယူေတာ့မည္ ျဖစ္သည္။ မည္သို႔ပင္ ဆိုေစ ခ်န္းရွင္းကလည္း အားလုံးထဲတြင္ လူသစ္မာ့စ္မန္းတစ္ေယာက္ ျဖစ္ေနသည္။ ထ်န္းဟြမ္၏ Line up က ေနာက္ရာသီတြင္ စေျပာင္းေတာ့မည္ ျဖစ္သည္။ သူတို႔က မည္သည့္နည္းႏွင့္မဆို ေျပာင္းရမည္ ဆိုလွ်င္ သူတို႔၏ ျပႆနာမ်ားကို ေျဖရွင္းမည့္ နည္းလမ္းမ်ိဳးကို ထည့္လိုက္သင့္သည္။

"ခြၽီက်န္းက အေထာက္အပံ့ ကစားမယ္ ဟုတ္လား"

နည္းျပလင္းက သူ၏ေမးေစ့ကို ပြတ္ၿပီး ဆက္ေတြးၾကည့္သည္။ ခြၽီက်န္းက Triple kill, Penta kills မ်ား ဆက္တိုက္ ယူႏိုင္သည့္ အလယ္လမ္းကစားသမား အမ်ိဳးအစား မဟုတ္ေသာ္လည္း သူက နည္းျပလင္းက စိတ္အေအးႏိုင္ဆုံး အလယ္လမ္းကစားသမား ျဖစ္သည္။ ထ်န္းဟြမ္၏ ကစားသမားထဲတြင္ ခြၽီက်န္းက အမွားအနည္းဆုံး ျဖစ္သည္။ ဒီအတိုင္း...

ခြၽီက်န္း၏ လက္အရွိန္ႏႈန္းက ေအအဆင့္သာ ရထားေသာေၾကာင့္ အေရးႀကီးေသာ အခ်ိန္မ်ားတြင္ အလ်င္အျမန္ မတုံ႔ျပန္ႏိုင္ေခ်။ ထို႔ေၾကာင့္ သူက ထိန္းခ်ဳပ္မႈအမ်ိဳးအစား ဟီး႐ိုးမ်ိဳးကိုသာ ကစားရန္ အသင့္ေတာ္ဆုံး ျဖစ္ေနကာ လုပ္ႀကံသတ္ျဖတ္သူမ်ားကဲ့သို႔ ႐ုတ္တရက္ တိုက္ခိုက္ေသာ ကိစၥမ်ိဳးတြင္ မကိုင္တြယ္ႏိုင္ေခ်။
40 06
ထိန္းခ်ဳပ္သည့္ အမ်ိဳးအစား အေထာက္အပံ့က မည္သည့္အသင္းအတြက္မဆို အလြန္အေရးႀကီးသည္။ အင္အားႀကီးမားေသာ အေထာက္အပံ့ တစ္ေယာက္က အသင္းတိုက္ပြဲထဲသို႔ ခ်ီတက္သြားၿပီး ရန္သူမွ ဟီး႐ိုးႏွစ္ေကာင္သုံးေကာင္ ေလာက္ကို မလႈပ္ရွားႏိုင္ေအာင္ လုပ္လိုက္ႏိုင္သည္။ သို႔မဟုတ္ ရန္သူ၏ ေနာက္တန္းသို႔ ျဖတ္ခနဲ ဝင္ေရာက္သြားၿပီး ရန္သူႏွစ္ေယာက္ေလာက္ကို မွင္တက္သြားေအာင္ လုပ္ျခင္းအားျဖင့္ အသင္းေဖာ္မ်ားက ဝုန္းခနဲ ဝင္ေရာက္ကာ တိုက္ခိုက္ျခင္းအားျဖင့္ အႏိုင္ရႏိုင္ေသးသည္။

နည္းျပလင္းက လက္သီးကို တင္းတင္းဆုပ္ထားသည္။ သူ၏လက္သီးမွ ေသြးေၾကာမ်ားပင္ ေထာင္တက္လာၿပီး သူ၏ေသြးခုန္ႏႈန္းက ျမန္သထက္ ျမန္ဆန္လာသည္။ ခ်ီရႈိ႕က အရာအားလုံးကို စဥ္းစားၿပီးေၾကာင္း သူ သိလိုက္သည္။ သူတို႔ကသာ ခြၽီက်န္းကို အေထာက္အပံ့ ေနရာကသာ ကစားခိုင္းလိုက္မည္ ဆိုလွ်င္ ေရွာင္ရွင္း၏ မတည္ၿငိမ္သည့္ ျပႆနာကို ခြၽီက်န္းက ကာကြယ္ေပးလိုက္ႏိုင္လိမ့္မည္။ မာ့စ္မန္းအသစ္တစ္ေယာက္ကို အေတြ႕အႀကဳံရွိၿပီး အသင္းကို ေကာင္းေကာင္းနားလည္သည့္ အေထာက္အပံ့တစ္ေယာက္ႏွင့္ တြဲေပးလိုက္မည္ ဆိုလွ်င္ သူတို႔၏ ေအာက္လမ္းက ရန္သူကို အလဲမထိုးႏိုင္သည့္တိုင္ အလြယ္တကူ ၿပိဳက်ေတာ့မည္ မဟုတ္ေခ်။ သူတို႔၏ အလယ္လမ္းကစားသမားကမူ ဂိမ္းကို ေကာင္းေကာင္း နားလည္ၿပီး အာ႐ုံခံႏိုင္စြမ္းရွိကာ ခ်ီရႈိ႕ႏွင့္ ပူးေပါင္းၿပီး အျမဳေတ ျဖစ္လာႏိုင္မည့္ ကစားသမားတစ္ေယာက္ကိုသာ ေ႐ြးခ်ယ္လိုက္မည္ ဆိုလွ်င္ ခ်ီရႈိ႕ခံစားရသည့္ ဖိအားမ်ားက အမ်ားႀကီး ေလ်ာ့က်သြားေပလိမ့္မည္။

ဆိုလိုသည္မွာ ေနာက္လာမည့္ ရာသီတြင္ ထ်န္းဟြမ္က အလယ္လမ္းဂ်န္ဂဲအတြဲ ျပန္စေတာ့ေပမည္။ သူတို႔၏ အေပၚလမ္းတြင္လည္း အင္အားႀကီးမားသည့္ ဖိအားေပးမခံရႏိုင္ေသာ အေပၚလမ္းကစားသမား ရွိေနသည္။ ေအာက္လမ္းတြင္လည္း အလြန္အမင္း ယုံၾကည္အားကိုးရသည့္ အေထာက္အပံ့ႏွင့္ ပါရမီပါေသာ လူသစ္ မာ့စ္မန္းေလး ရွိေနသည္။ ထိုLine upက အႀကီးႀကီး ေျပာင္းလဲသြားေသာ္လည္း သူတို႔ကသာ ယခု လက္ရွိ က်ဥ္းထဲ ၾကပ္ထဲ အေျခအေနကို ေက်ာ္ျဖတ္ သက္ေရာက္သြားႏိုင္ေျခ အလြန္မ်ားေနသည္။ ထို႔ေၾကာင့္ သူတို႔အတြက္ ကမာၻစင္ျမင့္ေပၚသို႔ တက္ေရာက္ႏိုင္ေျချမင့္သည္။

တကယ္လို႔ သူက အသက္၂၁ႏွစ္ ဆိုေတာ့လည္း ဘာျဖစ္လဲ။ ေရွာင္ပိုင္ရဲ႕ ပင္ကိုပါရမီကို သာမန္မ်က္စိနဲ႔ေတာင္ ျမင္ႏိုင္တာပဲ။ သူ႔ရဲ႕ S ငါးခုကတင္ သူ႔ရဲ႕ လ်င္ျမန္စြာ တုံ႔ျပန္ႏိုင္စြမ္းအားက ၁၇ႏွစ္ ၁၈ႏွစ္ ကေလးတစ္ေယာက္ထက္ မနိမ့္ဘူးဆိုတာကို ျပသႏိုင္ေနၿပီပဲ။

နည္းျပလင္းက အလြန္စိတ္လႈပ္ရွားသြားၿပီး သူ႔မ်က္လုံးကပင္ အနည္းငယ္ နီရဲသြားသည္။ သူက အလ်င္စလို ေျပာသည္။

"မင္း ျမန္ျမန္ေလး ေရွာင္ပိုင္ကို ဆက္သြယ္လိုက္ သူ႔ကိုလည္း ငါ ကိုယ္တိုင္ လာေတြ႕မယ္လို႔ ေျပာလိုက္။ ငါ့အထင္ ငါတို႔အသင္းကပဲ သူ႔ကို မ်က္စိက်ေနတာ မဟုတ္ေလာက္ဘူး။ ဒီဟီး႐ိုးေတြကို သိတာနဲ႔ အျခားအသင္းေတြက မ်က္စိက်လာလိမ့္မယ္။ အထူးသျဖင့္ ပင့္မူပဲ။ ပင့္မူရဲ႕ အလယ္လမ္းက သူတို႔ရဲ႕ အားနည္းခ်က္ ပင့္မူကသာ ေရွာင္ပိုင္ကို ခ်ဥ္းကပ္လိုက္ရင္ ျဖစ္လာႏိုင္တဲ့ ရလဒ္ကို ငါ မေတြးရဲဘူး"

ပင့္မူ၏ အလားအလာ အေကာင္းဆုံး ကစားသမားက ေက်ာင္းအႁမႊာႏွစ္ေယာက္ျဖစ္သည္။ သူတို႔က အေပၚႏွင့္ ေအာက္ လမ္းမ်ားကို ကိုင္သည္။ သူတို႔၏ အလယ္လမ္းကစားသမားက သာမန္သာ ျဖစ္သည္။ ေရွာင္ပိုင္ကသာ ပင့္မူကို ဝင္သြားလွ်င္ အျခားအသင္းမ်ားက ကစားရန္ပင္ မလိုအပ္ေတာ့ေခ်။ သူတို႔က ပင့္မူကို အေပၚလမ္း၊ အလယ္လမ္း၊ ေအာက္လမ္းတြင္ မႏိုင္သည့္အခါ ဆက္ကစားရန္ မလိုအပ္ေလာက္ေတာ့ေခ်။

ခ်ီရႈိ႕ကလည္း ထိုျဖစ္ႏိုင္ေျခကို တြက္ဆထားၿပီးေလၿပီ။ ထိုအတြက္ေၾကာင့္လည္း သူက ေရွာင္ပိုင္၏ ေကာင္းသည့္ ဘက္ျခမ္းကို ျမင္သည္ႏွင့္ အလ်င္စလို ခ်ဥ္းကပ္ရန္ ႀကိဳးစားခဲ့ျခင္း ျဖစ္သည္။ ရလဒ္အေနျဖင့္ သူက ေရွာင္ပိုင္ကို သူတို႔ဘက္သို႔ ေအာင္ျမင္ေအာင္ ဆြဲသြင္းႏိုင္ခဲ့သည္။
40 07
ခ်ီရႈိ႕က သူ၏ ဆဲလ္ဖုန္းကို ထုတ္ၿပီး နည္းျပလင္းကို သူတို႔ ေျပာထားသည့္စာမွ တစ္ေၾကာင္းကို ျပသည္။

[ငါက ထ်န္းဟြမ္ကို ဝင္မယ္လို႔ သေဘာတူထားၿပီးၿပီ ဆိုကတည္းက တျခားအသင္းေတြကို မရွာေတာ့ဘူး]

ထိုစာကို ျမင္ေသာအခါ နည္းျပလင္းက ၿပဳံးလိုက္သည္။ သူ႔မ်က္လုံးကပင္ လျခမ္းေကြးသဏၭာန္ျဖစ္သြားသည္။ သူက ခ်ီရႈိ႕၏ပခုံးကို ႐ိုက္ကာ ေျပာသည္။

"မင္းက တကယ္ကို ငါတို႔ရဲ႕ တာဝန္ယူခ်င္စိတ္ အျပည့္ရွိတဲ့ ေခါင္းေဆာင္ေကာင္း ပီသပါေပတယ္။ မင္းက ငါ့ရဲ႕ အလုပ္တစ္ဝက္ေလာက္ကို သက္သာေအာင္ လုပ္ေပးလိုက္တာပဲ။ ေကာင္းၿပီ။ ငါ ေနာက္လက်ရင္ ငါ့လခတစ္ဝက္ကို မင္းကို ခြဲေပးရင္ ဘယ္လိုလဲ.."

"အဲဒီအထိေတာ့ မလိုပါဘူး"

ခ်ီရႈိ႕က ေျပာသည္။

"အခ်ိန္က်လာတဲ့အခါ ေရွာင္ပိုင္ကိုယ္စား ပိုေကာင္းတဲ့ စာခ်ဳပ္မ်ိဳးရေအာင္ ကူညီေပးပါ"

နည္းျပလင္းက ေခါင္းညိတ္သည္။

"ရတာေပါ့ ငါတို႔ေတြ ေရွာင္ပိုင္ကို လက္မွတ္ထိုးတဲ့အခါ အသစ္တစ္ေယာက္လို လက္မွတ္ထိုးလို႔ မျဖစ္ဘူး။ သူ႔ကို သာမန္ကစားသမားတိုင္းနဲ႔ သင့္ေတာ္တဲ့ စာခ်ဳပ္မ်ိဳး လုပ္ေပးရမယ္"

တစ္ခဏခန႔္ ရပ္တန႔္ၿပီးေနာက္ နည္းျပလင္းက စိုးရိမ္တႀကီးေျပာသည္။

"အိုး.. ဟုတ္သားပဲ ေရွာင္ပိုင္က အယ္ဖာလား၊ ဒါမွမဟုတ္..."

ခ်ီရႈိ႕ကလည္း သူ တိုက္႐ိုက္ထုတ္လႊင့္မႈ ခန္းမအတြင္းတြင္ ေရွာင္ပိုင္ႏွင့္ ဆုံခဲ့ခ်ိန္က ေရွာင္ပိုင္ဆီမွ ရသည့္ ဖုံးကာထားသည့္ စပေရးမွ အယ္ဖာဖယ္႐ိုမုန္း အေၾကာင္း သတိရလိုက္သည္။ သူက ယုံၾကည္မႈရွိစြာ ေခါင္းညိတ္လိုက္သည္။

"ဟုတ္တယ္။ သူက အယ္ဖာပဲ"

စာေရးသူရဲ႕ မွတ္စု

ယဲ့ေရွာင္းယန္: ??? ငါက အယ္ဖာ.. ငါေတာင္ မသိလိုက္ရပါလား။

Telegram မွာ အပိုင္း ၉၀အထိ ေရာက္ပါၿပီေနာ္။ 

Continue Reading

You'll Also Like

59.6K 9.3K 42
Associated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras
352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
10K 1.4K 29
ဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ...
335K 18.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"