ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

By Swae_Nyoe

182K 24.6K 680

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... More

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108

Part 14

1.8K 299 13
By Swae_Nyoe

အပိုင်း (၁၄)

ဝေလငါး Streamingတွင် သူတို့၏ ပလက်ဖောင်း inter face ညာဘက်အောက်ခြေနားတွင် Streamer ပုံရိပ် ဖန်သားပြင် စကရင်ဆိုပြီး ရှိသည်။ Streamer အများစုက သူတို့က Webcam များကို ဖွင့်ထားပြီးနောက် သူတို့၏ မျက်နှာအစစ်များကို ပြကြသည်။ ကြည့်ကောင်းသော Streamer များက ထိုနယ်ပယ်တွင် အားသာချက် ရရှိပြီးလေပြီ။ အချို့ကမူ သူတို့၏ ရုပ်ရည်ကို ပြသရန် ဆွဲဆောင်မှု မရှိလွန်းဟု ခံစားရသဖြင့် ဂိမ်းမှ ဂရက်ဖစ်ကို ဖြစ်စေ ဖန်ကလပ်မှ icon များကို ဖြစ်စေ ပြထားလေ့ ရှိသည်။ သို့သော် ချီရှို့အနေဖြင့် ပထမဆုံးအကြိမ် ထိုStreamerက ကြောင်ကို ထားထားကြောင်း မြင်ရခြင်း ဖြစ်သည်။

ကြောင်၏ နားရွက်များက ကော်ဖီရင့်ရောင်ဖြစ်ပြီး အမွေးပွများ ရှိသော အမြီးက ရှဉ့်ပေါက်လေးအလား ထင်ရသည်။ လည်ပင်းတွင်လည်း မာဖလာကဲ့သို့ ဖြစ်နေသည့် နှင်းဖြူရောင် အမွေးဖြူဖြူလေးက ပို၍ ချစ်စရာကောင်းနေပြီး သူ့တွင် မျက်လုံးပြာကြီးများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အလွန်အမင်း ချစ်စရာကောင်းသည်။

သတင်းကျောင်းက ဒါဟာ အစ်ကိုငါး ရိုက်ချခံရသည့် ဂိမ်းရီကောဒင်းဖြစ်ကြောင်း မပြောထားခဲ့လျှင် ချီရှို့အနေဖြင့် ထိုStreamer ရှောင်ပိုင်က Live လွှင့်ပြီး ကြောင်စာရောင်းသည်ဟုပင် ထင်မိလောက်သည်။

ချီရှို့က ထိုကြောင်လေးက ကစားနေရင်းမှ တဖြည်းဖြည်း လုံးသထက် လုံးသွားခြင်းအား ကြည့်နေလိုက်သည်။ ထို့နောက် သူက ထိုStreamer ပုံရိပ်ကို တွေ့လိုက်ပြီးနောက် ဂိမ်း၏ အင်တာဖေ့တွင်သာ အာရုံစိုက်ကြည့်လိုက်သည်။

မင်ကျိုး၏စီရင်စုတွင် အသူရာအရှင်သခင်ဖြင့် #1 ရထားသော ထိုရှောင်ပိုင်က ဟီးရိုးအသစ်ကို သုံး၍ မည်သို့ ကစားမည်ဖြစ်ကြောင်း သိလိုသည်။ ထိုတစ်ခဏတွင် နည်းပြလင်းက လက်ထဲတွင် ရေနွေးဘူးကို ကိုင်လျက် ရောက်လာသည်။

နည်းပြလင်း၏ ခြေလှမ်းများက ငှက်မွေးကဲ့သို့ ပေါ့ပါးသည်။ သူက အမြဲတစေ တစ္ဆေကဲ့သို့ ဟိုဟိုဒီဒီ လျှောက်သွားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်းဟွမ် ကစားသမားအများစုက လေ့ကျင့်နေရင်း အနည်းငယ်ပင် စိတ်မလွှင့်ရဲကြချေ။ အကြောင်းမူကား နည်းပြလင်းက သူတို့ကို အမိဖမ်း၍ ရှိသောကြောင့် ဖြစ်သည်။

"နည်းပြ"

ချီရှို့က နှုတ်ဆက်လိုက်သည်။

"ကျွန်တော်နဲ့အတူ ဒါကို ကြည့်ချင်လား။ ဒါက အသူရာအရှင်ကို ဆော့ထားတာ မင်ကျိုးရဲ့ စီရင်စု #1လေ"

နည်းပြလင်းက ခြေလှမ်းများကို ပြင်ဆင်လိုက်ပြီးနောက် ချီရှို့၏အနားသို့ လျှောက်လာကာ ဖန်သားပြင်ကို ငုံ့ကြည့်သည်။

"စီရင်စု အဆင့်သတ်မှတ်ချက် ရတာ ဒီလောက်မြန်လား။ ငါ မှတ်မိတာ မှန်မယ် ဆိုရင် မင်းမှာ အနည်းဆုံး တိုက်ပွဲဝင် စွမ်းအား 7000 ကျော် ရှိမှ ဒီဘုတ်စာရင်းဝင်မှာလေ။ အနည်းဆုံး ဂိမ်း၄၀ကျော်လောက် MVP ရရလိမ့်မယ်"

"ဒီStreamer အသစ်က နေရှင်နယ်ဘုတ်ကိုတောင် ဝင်ဖို့ ကြိုးစားနေတာ"

ချီရှို့က ပြောသည်။

"ကျွန်တော် ဒါကို ဂရုချက်ထဲကနေ ဒေါင်းလုတ်ဆွဲထားတာ"

နည်းပြလင်းက ရေနွေးဘူးကို ချလိုက်ပြီးနောက် စိတ်ဝင်တစားကြည့်သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ အတူကြည့်ရအောင် ဖွင့်လိုက်"

ချီရှို့က ချက်ချင်း ပြန်နှိပ်ဖွင့်လိုက်သည်။ ပွဲ၏ အစတွင် အပြာရောင်အသင်းက အသူရာအရှင်ကို ချက်ချင်း လှမ်းယူလိုက်သည်။ နှစ်ဖက်လုံးက ဟီးရိုးအသီးသီး ယူကြသည်။ ချက်ဘောက်တွင် ရှောင်ပိုင်က အမိန့်ပေးသော စာသား ပေါ်ထွက်လာသည်။ သူက အသင်းဝင်များကို နတ်ဘုရားလေးသည်တော်၊ လူရမ်းကားနှင့် လူမိုက်တို့ကို ယူခိုင်းခြင်း ဖြစ်သည်။ သာမန်ကြည့်ရှုသူများနှင့် ပရိုနည်းပြများက တူညီသော ပုံစံဖြင့် အသင်းပုံစံကို ခွဲခြမ်းစိတ်ဖြာခြင်း မဟုတ်ချေ။ ယဲ့ရှောင်းယန်က ထိုဟီးရိုးများကို ရွေးသောအခါ ချက်ခန်းတွင် သံသယပေါင်းများစွာကို ပေါ်ထွက်စေခဲ့သည်။ သို့သော် ကျွမ်းကျင်နည်းပြ တစ်ယောက်အနေဖြင့် သူ့အတွေးကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

"အနီအသင်းရဲ့ Line up က အစောပိုင်းဂိမ်းမှာ အတော် အင်အားကြီးတယ်"

လင်းဖုန်းက ပြောသည်။

"သူက အရှိန်နှုန်းကို မှီခိုပြီး လျင်လျင်မြန်မြန်နဲ့ တိုက်ပွဲတွေကို ရှောင်ရှားလို့ ဂိမ်းတစ်ခုလုံးကို ထိန်းချုပ်ချင်တာလား"

ချီရှို့ကလည်း အကြောင်းပြချက် ပြန်ပေးသည်။

"ဒီလိုနယ်မြေကျယ်တဲ့ မြေပုံမှာ ဆိုရင် အွန်လိုင်း match တွေက ခက်ခဲလိမ့်မယ်။ သူ့ အသင်းဖော်တွေက အမီလိုက်နိုင်ဖို့ မလွယ်ကူနိုင်ဘူး။ တစ်ယောက်ယောက်ကသာ အစကနေ အဆုံးအထိ အမိန့်ပေးနေမယ် ဆိုရင် ကျန်တဲ့အသင်းဖော်တွေက အဲဒီအမိန့်ကို နားထောင်ပြီး လိုက်လုပ်ရုံပဲ မဟုတ်ရင် သူတို့က လမ်းကနေ ထွက်လိုက်တာနဲ့ ဟာကွက်က ပွင့်သွားပြီး သေချာပေါက် ပြိုကျမှာပဲ"

"အင်း"

လင်းဖုန်းကလည်း ခေါင်းညိတ်သည်။

"ဆက်ကြည့်ရအောင်"

ဂိမ်းက စတင်သည်။ ချက်ချင်းလိုလို အသူရာအရှင်က သူ့ဂိမ်းကို ဦးဆောင်သည်။ အပြာရောင် Buff ကို သွားယူလိုက်ပြီးနောက် စခန်းထဲမှ ထွက်ကာ First Blood ရသွားသည်။

"ပြိုင်ဘက်အသင်းက ဂျန်ဂဲလာက တော်တော်ကို စဉ်းစားဆင်ခြင်းဉာဏ်မဲ့တယ်"

လင်းဖုန်းက မှတ်ချက်ချသည်။

"ဒါပေမဲ့ အပြာအသင်းဘက်က နေရာချထားတာက တော်တော်လေး ကောင်းတယ်။ သူတို့က တခြားတစ်ဖက်ရဲ့ သစ်တောတွေကို မူတည်ပြီး ပုန်းကြတာ။ လူအများစု ပုံမှန်လုပ်လေ့ ရှိတဲ့ ဘက်ခြမ်းမျိုး မဟုတ်ဘူး"

ချီရှို့က အသေးစိတ်ကိုသာ အာရုံစိုက်ထားသည်။ ပရိုထိပ်တန်းဂျန်ဂဲလာ တစ်ယောက်အနေဖြင့် သူက ဂိမ်းထဲမှ တောတွင်းအကြောင်းကို သူ၏ကိုယ်ပိုင်ခြံဝန်းလို ကောင်းကောင်း နားလည်ထားသည်။ အပြာဘက်က ကောင်းမွန်စွာ ရွေးချယ်နိုင်ခဲ့သည်။ သိပ်မကြာခင် ဆန့်ကျင်ဘက် အသင်းမှ ပုံရိပ်ယောင် ပညာရှင်က အဆင့်ခြောက်သို့ ရောက်သွားပြီးနောက် အသူရာအရှင်ကို solo ခင်းရန် ကြိုးစားလာသည်။ အဆုံးတွင် အသူရာအရှင်က သေးငယ်လွန်းသော HPဖြင့် လွှတ်သွားခဲ့ပြန်သည်။

"လှတယ်"

လင်းဖုန်းကလည်း တအံ့တဩ ပြောသည်။ ချီရှို့က ဗီဒီယိုကို ရပ်လိုက်သည်။

"အဆင့်ခြောက်မှာ ပုံရိပ်ယောင်ပညာရှင် မှော်ပညာအမျိုးအစား ဟီးရိုးတိုင်းကို တစ်သုတ်တည်းနှင့် ကိုးဆယ်ရာခိုင်နှုန်းအထိ သတ်နိုင်စွမ်းအား ရှိတယ်။ ဒီကောင်က မလွှတ်မြောက်နိုင်သင့်ဘူး။ သူ ဘယ်လို လွှတ်သွားတာလဲ"

လင်းဖုန်းကလည်း သိချင်စိတ် ပြင်းပြနေသည်။

"ပြန်ဆုတ်လိုက် အနှေးပြကွက်နဲ့ ကြည့်ရအောင်"

ချီရှို့ကလည်း မောက်စ်ဖြင့် နောက်ပြန် ဆုတ်လိုက်ပြီးနောက် 0.5 အရှိန်နှုန်းဖြင့် ပြန်သည့်သည်။ ထိုအခါမှသာ ဘာဖြစ်သွားကြောင်း သူတို့က ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပုံရိပ်ယောင် ပညာရှင်က အပြေးဝင်လာသည့် ထိုတစ်ခဏတွင် အသူရာအရှင်က သူ၏အရိပ်နှစ်ရိပ်ကို ချက်ချင်းလိုလို လျင်မြန်စွာ ဆင့်ခေါ်လိုက်သည်။ တစ်ရိပ်ကို သူ ကိုယ်တိုင် အနားတွင် ထားထားပြီးနောက် တခြားတစ်ရိပ်ကိုမူ အနီးအနား၏ နံရံနားတွင် ပုန်းထားလိုက်သည်။ ရန်သူ၏ လုပ်ကြံသတ်ဖြတ်မှုက သူ၏ဘေးနားရှိ အရိပ်ကို ဖျက်စီးလိုက်ချိန်တွင် သူ၏HPမှ အလွန်အမင်း နိမ့်နေသည်။ ထို့ကြောင့်သာလျှင် သူက E Skill ကို ထုတ်သုံးလိုက်ပြီး အခြားတစ်ဖက်ခြမ်းတွင် ရှိသော အရိပ်နှင့် လူစားလဲလိုက်သည်။ သည်နည်းအားဖြင့် သူက လွှတ်သွားခဲ့ခြင်း ဖြစ်သည်။

"အသေးစိတ်ကို အာရုံစိုက်တာ ဘယ်လောက်တော် လိုက်သလဲ"

လင်းဖုန်းက ချီးကျူးသည်။

"သူ့ပြိုင်ဘက်က လှုပ်ရှားလိုက်တာနဲ့ သူက ဘယ်လောက်ထိ နှုန်းထွက်လာမယ် ဆိုတာကို နားလည်ပုံပဲ။ (အပျက်အစီးနှုန်း - Damage) ပုံရိပ်ယောင်ပညာရှင်ရဲ့ ult က AoE တိုက်ကွက်ကို သုံးနေကျပဲ ဒါက ရေတိုအတွင်းမှာပဲ တိုက်ခိုက်နိုင်တာ ပိုဆိုးတာက ပစ်မှတ်က သူ့ရဲ့အတိုင်းအတာ အတောအတွင်းကို ကျော်နေတော့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းအားက လျော့ကျသွားတယ်။ အသူရာအရှင်က အရိပ်နှစ်ရိပ်ကို ဆင့်ခေါ်ခဲ့တယ်။ တစ်ခုက သူ့အတွက် အစားထိုးပျက်စီးမှုကို ခံဖို့။ တခြားတစ်ခုကတော့ ထွက်ပြေးမဲ့ လမ်းကြောင်းပဲ။ သူက ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်တာပဲ"

Live Stream တွင် ထိုအသေးစိတ် အချက်အလက်များက လျင်မြန်စွာ ကုန်ဆုံးသွားလေရာ မည်သူ့ ကြည့်ရှုသူကမှ သတိမထားမိခဲ့ကြပေ။ သို့သော် ပရိုဂိမ်းပွဲများတွင် ပြိုင်ဘက်က ပုံရိပ်ယောင်ပညာရှင်ကဲ့သို့ ဟီးရိုးကို ရွေးချယ်ထားပြီး အစောပိုင်းဂိမ်းများတွင် အလွန်အားသာသည် ဆိုလျှင် အသင်းမှ ဂျန်ဂဲလာ သို့မဟုတ် အထောက်အပံ့က အဆင့်ခြောက်သို့ ရောက်နေသည့် ပုံရိပ်ယောင်ပညာရှင်ကို သူတို့ဖာသာ ရင်မဆိုင်ရဲကြချေ။ အနည်းဆုံး သူတို့၏ အလယ်လမ်းကစားသမားကို ကူညီပေးရမည် ဖြစ်သည်။

သို့ရာတွင် ထို Streamer ရှောင်ပိုင်ကမူ ပုံရိပ်ယောင်ပညာရှင်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။ သူက အပျက်အစီးနှုန်းကို တွက်ချက်ခဲ့ပြီးနောက် လျင်မြန်စွာဖြင့် နောက်ဆုံးသွေးတစ်စက်ဖြင့် ထွက်ပြေးမည့် လမ်းကြောင်းကို ရှာဖွေနိုင်ခဲ့လေသည်။ သည်နည်းအားဖြင့် သူက မည်မျှ ကျွမ်းကျင်သော skill ကို ပိုင်ဆိုင်ထားပြီး လျင်မြန်စွာ လှုပ်ရှားနိုင်ကြောင်း သိသာသည်။

လင်းဖုန်းကလည်း အံ့ဩသွားသည်။

"သူ့လက်နဲ့ တုံ့ပြန်မှု အရှိန်နှုန်းက တော်တော်လေးကို မြင့်တယ်။ သူက ပရိုကစားသမားတစ်ယောက်ရဲ့ alt ဖြစ်လောက်တယ်"

ချီရှို့က Streamer၏ မျက်နှာ ပြထားရာ နေရာမှ ပြတင်းပေါက်ငယ်လေးကို ကြည့်လိုက်ပြီးနောက် ထိုကြောင်ပုံလေးကို ကြည့်လိုက်သည်။

"အဖွဲ့ချုပ်က လူအများစုမှာ ကြောင်မမွေးကြဘူး။ ခေါင်းဆောင်ဖန်းမှာ တစ်ကောင်ရှိတယ်။ ဒါပေမဲ့ သူ့ကြောင်က အမည်းရောင်.."

လင်းဖုန်းကလည်း ရယ်ချင်သွားသည်။

"ခေါင်းဆောင်ဖန်းက Ragdoll အမဲကောင်လေ.. အဲဒီကောင်ကို ကာလာပွိုင့်ရတ်ဒေါ လို့လည်း ခေါ်တယ်။ အခု မြင်နေရတဲ့ ကောင်က ဘိုင်ကာလာရတ်ဒေါပဲ ဒီရတ်ဒေါ ဖြစ်လာပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ ဆက်ဖြစ်သွားတာပေါ့ ခေါင်းဆောင်ဖန်းက ကြောင်တစ်ကောင်ရှိတာ မလုံလောက်ဘူးထင်လို့ နောက်တစ်ကောင် ပြန်မွေးစားတာလားများ"

ချီရှို့က ခေါင်းခါသည်။

"အခုလေးတင် သတင်းထောက်ကျောင်းက ဒီStreamer အကြောင်းကို ဂရုချက်ထဲမှာ ပြောတာတော့ အဘိုးကြီးဖန်းက တော်တော်လေးကို မအားနေတဲ့ပုံပဲ။ သူက Streamer ရှောင်ပိုင်ကို မသိတဲ့ပုံပဲ။ နောက်ပြီး ဟန်ဆောင်နေတာမျိုးနဲ့လည်း မတူဘူး"

သူနှင့် လင်းဖုန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်တွင် အသူရာအရှင်ကို အာရုံပြန်စိုက်လိုက်ပြီး ဂိမ်းကို ပြန်ကြည့်လိုက်ကြသည်။

သိပ်မကြာခင် အပြာဘက်မှ အောက်ခြေလမ်းက ပြိုကျသွာသည်။ သူတို၏ ဂျန်ဂဲလာကလည်း ဖြိုချခံလိုက်ရသည်။ ဒါက ကြီးမားသော ဆိုးရွားသည့် အားနည်းချက်ကြီး ဖြစ်သည်။ ပရိုပြိုင်ပွဲများများတွင်သာ ဆိုလျှင် ၁-၆ Head Count က များသွားလျှင် ပြန်ရှင်ရန် ခက်ခဲသွားပေလိမ့်မည်။ ချီရှို့ကမူ ကွန်ပျူတာ မော်နီတာကိုသာ အာရုံစိုက်ထားသည်။ ထို့နောက် အလယ်လမ်းမှ အောက်သို့ တောက်လျှောက် ဆင်းသွားသော အသင်းလိုက် တိုက်ပွဲကို မြင်ရသည်။ ထို့အပြင် ချက်ခန်းထဲတွင်လည်း အမိန့်က တက်လာသည်။

[အားလုံးပဲ မိုက်တွေ ဖွင့်လိုက်ကြ]

"သူက Voice Chat နဲ့ အမိန့်ပေးချင်နေတာ"

လင်းဖုန်းက ပြောသည်။

"သူ ဘာပြောမလဲ နားထောင်ရအောင်"

ချီရှို့ကလည်း ကွန်ပျူတာမှ စပီကာအသံကို မြင့်လိုက်ပြီးနောက် ချက်ချင်းလိုလို ကြည်လင်သာယာသော အသံကို ကြားလိုက်ရသည်။ အယ်ဖာအများစုက ကူးပြောင်းပြီးနောက် အသံက လေးနက်သွားလေ့ ရှိပြီး အိုမီဂါများကမူ နူးညံ့သည့်ဘက်သို့ ပြောင်းသွားလေ့ ရှိသည်။ ထိုလူ၏ အသံကမူ ထူးခြားသည်။ ကြည်လင်ကာ တောက်ပပြီး အရိုးစွဲသည်အထိ ပြင်းထန်သော ယုံကြည်မှုကို သယ်ဆောင်ထားသည်။

"သူရဲကောင်းကို ပစ်မှတ်မထားနဲ့ ဒီအတိုင်း မီနီယံတွေကိုပဲ အာရုံစိုက်"

"အထောက်အပံ့ ငါတို့ကို အရှိန်နှုန်းမြင့်အောင် လုပ်ပေး၊ လူရမ်းကားက ဘယ်ဘက်ခြမ်းကို သွားပြီး တစ်ဖက်က မာ့စ်မန်းကို လှုပ်လို့မရအောင် လုပ်ထားလိုက်၊ သူ အဲဒီမှာ ပုန်းနေတာ"

ထို့နောက် ကြည့်ရှုသူ နှစ်ယောက်က ပြောင်းလဲသွားသော ဖန်သားပြင်ကို မြင်လိုက်ရသည်။ ပြောရလျှင် မမြင်နိုင်သော အရာများ ရှိနေခဲ့သော်လည်း အပြာအသင်းမှ လူရမ်းကားကမူ အထောက်အပံ့နှင့်အတူ ပေါင်းပြီး သစ်ပင်များရှိရာဘက်သို့ မျက်ကန်းယုံကြည်ကာ ချီတက်သွားခဲ့သည်။ အသူရာအရှင်ကလည်း အနောက်မှ အကွာအဝေးရှည် အသုံးပြုနိုင်သည့် အရိပ်တိုက်ကွက်ကို ထုတ်သုံးလျက် လိုက်ပါသွားသည်။ သူက ချက်ချင်းလိုလို ရန်သူမာ့စ်မန်းကို တိုက်ခိုက်လိုက်နိုင်သည်။

"လှလိုက်တာ"

လင်းဖုန်းက ပို၍ပင် စိတ်လှုပ်ရှားလာသည်။

"သူက ပြိုင်ဘက် မာ့စ်မန်းရှိတဲ့ နေရာကို သိနေတာ"

"အင်း"

ချီရှို့က တည်ငြိမ်စွာ သဘောတူသည်။

"အသင်းတိုက်ပွဲမှာ ဒီမာ့စ်မန်းက လှုပ်ရှားမှုအများဆုံးပဲ မာ့စ်မန်းသာ မရှိတော့ရင် အနီရောင်အသင်းက အလယ်လမ်းရဲ့တိုက်ပွဲမှာ ဘာမှရမှာ မဟုတ်ဘူး"

ဗီဒီယိုက သူ့အား မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ အသင်းတိုက်ပွဲတွင် အနီအသင်းက ဟန်ချက်မညီခဲ့ချေ။ မည်သည့်အရာမှ မဖြစ်လာခဲ့ဘဲ သူတို့က ရှုံးသွားသည်။ တိုက်ပွဲက လမ်းတစ်ဝက်တွင် ရပ်သွားသောကြောင့် အသူရာအရှင်သခင်က ရှေ့သို့ ချွန်ထွက်ရဲပြီး အပေါ်လမ်းသို့ တက်သွားခဲ့လေသည်။

လင်းဖုန်းက မနေနိုင်တော့ဘဲ ချီးကျူးလိုက်သည်။

"သူက မီနီယံတွေကို ပြီးပြည့်စုံအောင် ကိုင်တွယ်နိုင်တယ်။ သူ့အနေနဲ့ အသင်းတိုက်ပွဲမှာ ဆက်ပြီး ဝင်ပါနေရင်လည်း သူ့အတွက် များများစားစား အသုံးဝင်တာ မရှိတော့ဘူးလေ။ သူက သူ့ရဲ့စကေးတွေကို အသုံးပြုနိုင်တယ်။ ဒီနည်းနဲ့ Kill တစ်ခုကို ရသွားတယ်။ မီနီယံတွေကိုလည်း ခပ်မြန်မြန် ရှင်းနိုင်ပြီး သူက အပေါ်လမ်းကို တောက်လျှောက် တက်သွားခဲ့တာ။ သူက တော်တော် တော်တာပဲ"

ထို့နောက် အပြာသင်း၏ ပျောက်ကြားဗျူဟာက ဂိမ်းကို ၈မိနစ်ကျော်ထိ ဆွဲလာနိုင်သည်။ ယုံကြည်မှုရှိသော အသံကလည်း Voice chat ချန်နယ်တွင် ထွက်ပေါ်လာပြန်သည်။

"လူရမ်းကားက မီနီယံတွေကို အပေါ်လမ်းကနေ ဆွဲချ၊ သူတို့ကို မြစ်ဆီကို ခေါ်သွား.. ပြီးရင် အခြေစိုက်စခန်းကို အမြန်ပြန်ပြေးလာခဲ့.."

"မာ့စ်မန်းက အောက်ခြေလမ်းက မီနီယံတွေကိုပဲ ကိုင်တွယ်ထား.. ငါက တောထဲမှာ ရှိမယ်"

"အလယ်လမ်းကို စောင့်ကြပ်ထား.."

သူက မြေပုံတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားသည်။ သူက လမ်းသုံးခုလုံးကို လွှမ်းမိုးထားသည်။ သူ့အမိန့်အောက်တွင် အပြာရောင်အသင်းက သူတို့၏ အင်အားစုကို ဖြန့်ကျက်ကာ ချီတက်သည်။ ရန်သူက လုပ်နိုင်စွမ်း ပြင်းထန်စွာဖြင့် Head count အားသာချက် ရရှိထားချိန်တွင် သူတို့ကမူ မည်သည့်အားသာချက်မှ မယူထားခဲ့ချေ။ အကြောင်းမူကား အနီဘက်အသင်းမှ မီနီယံများက ဖိနှိပ်ခံထားရလေသည်။

လင်းဖုန်းက ကြည့်လေလေ အံ့အားသင့်လာလေလေ ဖြစ်လာသည်။

"သူက ဒီမီနီယံတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုပြီး ကောင်းကောင်းကို နားလည်ထားတာပဲ။ ဘုရင်အဆင့် ကစားသမားအများစုက ဒီမီနီယံတွေကို မေ့နေကြပြီး Kill တွေ ရဖို့ပဲ ကြိုးစားလေ့ ရှိကြတယ်"

ချီရှို့ကမူ ထိုမီနီယံများကို ကြည့်ပြီးနောက်တွင် အသင်း၏ အခြေစိုက်စခန်းသို့ ပြန်ကြည့်လိုက်သည်။

"မီနီယံစီမံမှု.."

သူက အလေးအနက်ထားကာ ပြန်ကြည့်လိုက်သည်။

"ပရိုကစားသမားတွေကပဲ ဒီလိုအရာမျိုးကို ဂရုစိုက်မှာ နောက်ပြီး ဒီလို အွန်လိုင်းပွဲမှာ လမ်းသုံးခုလုံးကို ကောင်းကောင်း ခွဲဝေစီမံခန့်ခွဲနိုင်တဲ့ မြင်ကွင်းမျိုးကို မြင်ရတာက ရှားပါးတာပဲ"

အနီအသင်းကလည်း နောက်ဆုံးတွင် ကိစ္စက တစ်ခုခု မှားယွင်းနေမှန်း သိသွားလေပြီ။ သူတို့က မဟာနဂါးထံသို့ အပြေးသွားကြသည်။ ရှောင်ပိုင်က သူ၏အထောက်အပံ့ကို ထောင်ချောက်ဆင်ခိုင်းလိုက်သည်။ သည်နည်းအားဖြင့် ၂စက္ကန့်တည်းနှင့် သွေးအထောက်အပံ့က တစ်ဆင့် အကူအညီယူကာ သူက တိုက်ကွက်ကို ထုတ်လိုက်နိုင်သည်။ သူက မဟာနဂါးကို သူ၏အသူရာတိုက်ကွက်ဖြင့် ချိတ်ပိတ်ထားပြီးနောက်တွင် Kill ရယူလိုက်သည်။ ဤနည်းဖြင့် သူက လျင်မြန်စွာ လှုပ်ရှားပြီးသည်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသော ဂျန်ဂဲလာကို တုံ့ပြန်ချက် မပေးခဲ့ချေ။

လင်းဖုန်းက ရယ်သည်။

"တစ်ဖက်က ရှုံးတော့မှာ"

အနီအသင်းက နှာခေါင်းပေါက် နားမှပင် ဆော့ကစားခံလိုက်ရသည်။ သူတို့က အကောင်းဆုံး ပစ္စည်းများကို တပ်ဆင်ကောင်း တပ်ဆင်ထားနိုင်လောက်သည်။ သို့သော် သူတို့၏ Gearက ကောင်းမွန်သော စွမ်းအားကို အသုံးမပြုနိုင်ခဲ့ချေ။ သူတို့က ယုန်နှင့်လိပ် အပြေးပြိုင်သလို ဖြစ်ရသည်။ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းအားတွင် အားအင်မဲ့ရသည်။

သူတို့က ကိုယ်ပိုင်မျက်စိဖြင့် မြင်ရခြင်းကြောင့်သာ မဟုတ်လျှင် ချီရှို့နှင့် လင်းဖုန်းက သည်လို Streamer တစ်ယောက်က အသေးစိတ်ကို သေချာအာရုံစိုက်ကာ ပြိုင်ပွဲတစ်ခုလုံးကို ဦးဆောင်မှု ပေးနိုင်ကြောင်း ယုံကြည်လိမ့်မည် မဟုတ်ချေ။ သည်နည်းဖြင့် တစ်ဖက်က အရှုံးမှ အနိုင်သို့ ပြောင်းလဲသွားလေသည်။

နောက်ဆုံးအသင်းတိုက်ပွဲတွင် အသူရာအရှင်က ရန်သူမာ့စ်မန်းကို ပစ်မှတ်ထားလိုက်ပြန်သည်။ Kill က ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီးနောက် မာ့စ်မန်း၏ ခေါင်းက မိုင်ထောင်ပေါင်းများစွာ အကွာသို့ လွှင့်ထွက်သွားလေသည်။

အသင်းတိုက်ပွဲ အစကတည်းက သေဆုံးသွားခြင်းက ကြီးမားသော အဖြစ်ကြီးဖြစ်သည်။ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး လက်နက်ပစ္စည်း(Item) အပြည့်အဝ ရှိနေခဲ့သည့်တိုင် အသင်းတိုက်ပွဲတွင် ဘာမှမလုပ်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်။ ထိုအဖွဲ့က ရှုံးတော့မည်မှာ သေချာသည်။ Streamer ရှောင်ပိုင်က ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ယခုလို အသင်းကြီးနှစ်သင်း၏ တိုက်ပွဲတွင် ရန်သူအသင်းက သယ်လာသော နှစ်ဖက်နှစ်ချက်လုံးကို အပြည့်ထားရပေမည်။

လုပ်ကြံသတ်ဖြတ်မှု မှော်ဆရာဟုတ်လား။ ဒါပဲ.. လုပ်ကြံသတ်ဖြတ်မှု မှော်ဆရာ ဆိုတာက လုပ်ကြံသတ်ဖြတ်တယ် ဆိုတဲ့ အဓိက အနှစ်သာရကို နားလည်ထားရမယ်။

ဂိမ်းက အဆုံးသတ်သွားသည်။

ထို့နောက် ဖန်သားပြင်တွင် စာသားသုံးကြောင်းက ပေါ်လာသည်။

ရှောင်ပိုင်: [ဒါက တာဝါကို 5v5 ကစားရတဲ့ဂိမ်း]

ရှောင်ပိုင်: [တစ်ကိုယ်တော် ပြပွဲ မဟုတ်ဘူး]

ရှောင်ပိုင်: [ကောင်းမွန်တဲ့ဂိမ်း ဖြစ်ခဲ့ပါတယ်။ ပြုံးနေတဲ့ အီမိုဂျီ]

ထိုစာသားကို မြင်ပြီးနောက် လင်းဖုန်းသည် သူ၏နှလုံးခုန်နှုန်းက အချိန်အတန်ကြာသည်အထိ မငြိမ်သက်နိုင်တော့ပေ။ မျှော်စင်ကို အခြေခံတဲ့ ဂိမ်းတွေက အဓိကအချက်က ဘာလဲ။ မျှော်စင်ပဲ။

မင်းက 4 Skill ကို ထုတ်သုံးနိုင်ခဲ့ရင်တောင်မှ ရန်သူက အောက်ခြေမျှော်စင်ကို တစ်ချက် ဖျက်ဆီးလိုက်ရုံနဲ့ သေချာပေါက် ရှုံးသွားမှာ။

လင်းဖုန်းက သူ၏ကစားသမားများအတွက် အခြေခံများကို အမြဲတစေ အာရုံစိုက်ရန် အရေးတကြီး ထားသင့်ကြောင်း ဖိအားပေးလေ့ ရှိသည်။ သူက ထိုလူများကိုလည်း Kill များကို အလောတကြီး မယူသင့်ကြောင်း.. တစ်ဖက်က ငါးစာချပြီး သူတို့ကို ဒုက္ခပေးတတ်ကြောင်း.. ထို့ကြောင့် မီနီယံများကိုသာ အာရုံစိုက်ထားပြီး‌ မျှော်စင်များကို ဖြိုချရန် သတိပေးလေ့ရှိသည်။

ကစားသမားအများစုကမူ သူတို့ကိုယ်သူတို့ အားသာသည့်ပမာ ကစားလေ့ ရှိကြသည်။

ထိပ်တန်းအဆင့် ပရိုကစားသမားများကသာ ပရိုအဖွဲ့ချုပ်တွင် တည်ငြိမ်အောင်‌ ခြေကုပ်ရယူထားနိုင်ကြပြီး အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်ကြသည်။

လင်းဖုန်းက အသက်ပြင်းပြင်းရှုပြီး ချီရှို့ကို ကြည့်သည်။

"ဒီရှောင်ပိုင်က စိတ်ထဲမှာ အရာအားလုံးကို တွက်ချက်နိုင်စွမ်း ရှိတယ်"

တချို့သော ကစားသမားများက ရှေ့ရှိ ရန်သူကိုသာ အာရုံစိုက်နိုင်ကြသည်။ တချို့သော ကစားသမားများကမူ သူတို့၏ ကိုယ်ပိုင်လမ်းမှ မီနီယံများကိုသာ အာရုံစိုက်နိုင်ကြသည်။ သို့သော် ပုံရိပ်ကြီးကြီးမြင်နိုင်သော ကစားသမားများက စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း တွက်ချက်ထားနိုင်သည်။ သူတို့က မည်သည့်နေရာတွင် ရိတ်သိမ်းရမည်။ မည်သည့်နေရာတွင် တိုက်ခိုက်မှုကို တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ပြီး မည်သည့်နေရာတွင် ပြန်လည်တိုက်ခိုက်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်နေကြသည်။ ထိုသို့သော ကစားသမားများက အဓိက ပရိုအသင်းများကို အမိန့်ပေးနိုင်သည်။

ကောင်းမွန်သော ဗိုလ်ချုပ်တစ်ယောက်၏ အရေးပါမှုကို အထင်မသေးသင့်ချေ။ ပရိုကစားသမားများကလည်း ခေါင်းမာစွာဖြင့် အသင်းကို ဦးဆောင်တိုက်ခိုက်တတ်ပြီး သူတို့ရှောင်သင့်သော အရာကို မရှောင်မိခြင်းအားဖြင့် ရှုံးတတ်သော သာဓကပေါင်းများစွာက ရှိခဲ့ဖူးသည်။ ထို့ကြောင့် အမိန့်ပေးသောသူက စိတ်ဓာတ်အင်အား ခိုင်မာရန် လိုအပ်ပြီး ပိုကြီးသော ပုံရိပ်ကို မြင်နိုင်ရမည့်အပြင် စကေးများကို ကျွမ်းကျင်ထားရအုံးပေမည်။ ဤနည်းအားဖြင့် မည်သည့်နေရာတွင် မည်သို့ တိုက်ခိုက်သင့်ကြောင်း အမိန့်ပေးနိုင်မည် ဖြစ်သည်။ ပြောနေရန်ပင် မလိုလောက်အောင် ရှောင်ပိုင်၏ သည်ပွဲမှ အမိန့်ပေးနိုင်စွမ်းအားက အလွန်ထူးချွန်သည်။ ပရိုနည်းပြများ၏ အမြင်တွင်ပင် အလွန်ထူးချွန်သည်ဟု ဆိုရမည်ဖြစ်သည်။

လင်းဖုန်းက ဂိမ်း၏အင်တာဖေ့ကို ကြည့်ပြီးနောက် အလေးအနက်ထားကာ ပြောသည်။

"သူက ဘယ်နေရာက လာတာလဲဆိုတာ အမြန်ဆုံး ရှာဖွေရမယ်။ သူက တချို့အသင်းတွေက လျှို့ဝှက်ပျိုးထောင်ထားတဲ့ အသစ်လေးလို့ သံသယဝင်စရာပဲ"

ချီရှို့ကလည်း ဗီဒီယိုကို ပိတ်လိုက်သည်။

"ကျွန်တော် သူ့ကို ဆက်သွယ်လိုက်မယ်"

သူက ဝေလငါး Streaming ကို ဖွင့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ရန် မလိုတော့ဘဲ ချက်ချင်းလိုလို ရှောင်ပိုင်၏ Streaming အခန်း [အသူရာဆရာသခင် နေရှင်နယ် Ranking အဆင့်တက်ခြင်း] ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုနေရာတွင် လူသစ်များအတွက် #1စာရင်းတွင် ပါနေခြင်း ဖြစ်သည်။

ချီရှို့က အခန်းထဲသို့ ဝင်လာပြီးနောက် အနက်ရောင်ဖန်သားပြင်ကိုသာ မြင်လိုက်ရသည်။ ထိုStreamer က ပိတ်သွားပြီ။ ပင် ထောက်ထားသော ကြေညာချက်ကိုလည်း မြင်လိုက်ရသည်။

[မနက်ဖြန်မနက် ၁၀နာရီမှာ အသူရာအရှင်သခင်နဲ့ နေရှင်နယ်လီဒါဘုတ်ကို ဝင်အောင် ကြိုးစားပါမယ်။ အားလုံးပဲ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်]

၁၂နာရီခွဲသာလျှင် ရှိသေးသည်။ ပရိုကစားသမားအများစုက ဒီလိုအချိန်တွင် အိပ်မည် မဟုတ်ချေ။ ချီရှို့က တစ်ခဏခန့် အေးခဲသွားပြီးနောက် စစ်နတ်ဘုရားများကို Loading လုပ်လိုက်ပြီးနောက် ရှောင်ပိုင်၏ ပရိုဖိုင်ကို စစ်ကြည့်လိုက်သည်။

Streaming နေချိန်တွင် ရှောင်ပိုင်က သူ၏ နေရာID နံပါတ် -8977543 ကို မအုပ်ထားခဲ့ချေ။ မတူညီသော နာမည်ရှိသော်လည်း ID နံပါတ်ကမူ တူကြသည်။ သို့သော် တစ်ချက် ကြည့်ရုံဖြင့် အချက်အလက်များကို သိနိုင်သည်။

ချီရှို့က ရှောင်ပိုင်၏ တိုက်ပွဲဝင်သမိုင်းအကျဉ်းကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"ကြေးနီရောင်အဆင့်ကနေ ဘုရင်အဆင့်ကို ရောက်အောင် သူက ပွဲစဉ် ၅၀ ဆက်တိုက် ကစားခဲ့တယ်။ ဟီးရိုးနှစ်ခုကိုပဲ သုံးသွားတယ်။ အသူရာအရှင်သခင်နဲ့ အေးခဲနတ်ဘုရားမပဲ။ ဒါတော့ သေချာပေါက် alt ဖြစ်လောက်တယ်"

ထိုသို့အဆင့်ဇယားမျိုးဖြင့် တစ်စုံတစ်ယောက်၏ alt သာ ဖြစ်ရပေမည်။

လင်းဖုန်းက သက်ပြင်းချသည်။

"ဘယ်အသင်းကများ ဒီလောက် အလားအလာ ကောင်းတဲ့ အသစ်လေးကို ပျိုးထောင်ထားတာလဲ။ ငါတို့ အမြန်ဆုံး စဉ်းစားရမယ်။ မဟုတ်ရင် ပွဲစဉ်တွေကြား မလွယ်နိုင်တော့ဘူး"

"သူက အခု လိုင်းအောက်သွားပြီ။ မနက်ဖြန်မှပဲ သူ့ရဲ့ Stream အခန်းကို ဝင်ကြည့်လိုက်မယ်"

ချီရှို့က တစ်ခဏခန့် ရပ်တန့်ပြီးနောက် လင်းဖုန်းကို လှည့်ကြည့်သည်။

"မင်းမှာ alt အပို ရှိသေးလား။ ဘယ်သူမှ မသိတဲ့အကောင့်ပေါ့ ဘုရင်အဆင့်.. ကြယ်ဆယ်လုံး ဒါမှမဟုတ် ဒီထက်နည်းလည်း ရတယ်"

"မင်းက သူနဲ့အတူ alt ချင်း သွားယှဉ်မလို့လား"

"မဟုတ်ဘူး ဒီအတိုင်း သူနဲ့ Double Que လုပ်ချင်တာ"

လင်းဖုန်းက ခဏခန့် ကြောင်သွားပြီးနောက် နားလည်သွားသည်။

"ဒါလည်း ဟုတ်တာပဲ Double Queing လုပ်တာက သူနဲ့ပိုပြီး ကျွမ်းဝင်စေနိုင်လိမ့်မယ်။ ဒါ့အပြင် သူ့ကို ဂိမ်းထဲမှာ add လိုက်နိုင်မယ် ဆိုရင် မကောင်းဘူးလား"

Streamer ရှောင်ပိုင်က အလွန်ကျော်ကြားနေပြီးသား ဖြစ်သည်။ မရေမတွက်နိုင်သော ကစားသမားများစွာက သူ့၏မိတ်ဆွေစာရင်းသို့ ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

"မစိုးရိမ်ပါနဲ့.."

ချီရှို့က နှစ်သိမ့်လိုက်သည်။

"ကျွန်တော့်မှာ နည်းလမ်းတွေ ရှိပါတယ်"

ZawGyi

အပိုင္း (၁၄)

ေဝလငါး Streamingတြင္ သူတို႔၏ ပလက္ေဖာင္း inter face ညာဘက္ေအာက္ေျခနားတြင္ Streamer ပုံရိပ္ ဖန္သားျပင္ စကရင္ဆိုၿပီး ရွိသည္။ Streamer အမ်ားစုက သူတို႔က Webcam မ်ားကို ဖြင့္ထားၿပီးေနာက္ သူတို႔၏ မ်က္ႏွာအစစ္မ်ားကို ျပၾကသည္။ ၾကည့္ေကာင္းေသာ Streamer မ်ားက ထိုနယ္ပယ္တြင္ အားသာခ်က္ ရရွိၿပီးေလၿပီ။ အခ်ိဳ႕ကမူ သူတို႔၏ ႐ုပ္ရည္ကို ျပသရန္ ဆြဲေဆာင္မႈ မရွိလြန္းဟု ခံစားရသျဖင့္ ဂိမ္းမွ ဂရက္ဖစ္ကို ျဖစ္ေစ ဖန္ကလပ္မွ icon မ်ားကို ျဖစ္ေစ ျပထားေလ့ ရွိသည္။ သို႔ေသာ္ ခ်ီရႈိ႕အေနျဖင့္ ပထမဆုံးအႀကိမ္ ထိုStreamerက ေၾကာင္ကို ထားထားေၾကာင္း ျမင္ရျခင္း ျဖစ္သည္။

ေၾကာင္၏ နား႐ြက္မ်ားက ေကာ္ဖီရင့္ေရာင္ျဖစ္ၿပီး အေမြးပြမ်ား ရွိေသာ အၿမီးက ရွဥ့္ေပါက္ေလးအလား ထင္ရသည္။ လည္ပင္းတြင္လည္း မာဖလာကဲ့သို႔ ျဖစ္ေနသည့္ ႏွင္းျဖဴေရာင္ အေမြးျဖဴျဖဴေလးက ပို၍ ခ်စ္စရာေကာင္းေနၿပီး သူ႔တြင္ မ်က္လုံးျပာႀကီးမ်ားကို ပိုင္ဆိုင္ထားသည္။ ထို႔ေၾကာင့္ အလြန္အမင္း ခ်စ္စရာေကာင္းသည္။

သတင္းေက်ာင္းက ဒါဟာ အစ္ကိုငါး ႐ိုက္ခ်ခံရသည့္ ဂိမ္းရီေကာဒင္းျဖစ္ေၾကာင္း မေျပာထားခဲ့လွ်င္ ခ်ီရႈိ႕အေနျဖင့္ ထိုStreamer ေရွာင္ပိုင္က Live လႊင့္ၿပီး ေၾကာင္စာေရာင္းသည္ဟုပင္ ထင္မိေလာက္သည္။

ခ်ီရႈိ႕က ထိုေၾကာင္ေလးက ကစားေနရင္းမွ တျဖည္းျဖည္း လုံးသထက္ လုံးသြားျခင္းအား ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ သူက ထိုStreamer ပုံရိပ္ကို ေတြ႕လိုက္ၿပီးေနာက္ ဂိမ္း၏ အင္တာေဖ့တြင္သာ အာ႐ုံစိုက္ၾကည့္လိုက္သည္။

မင္က်ိဳး၏စီရင္စုတြင္ အသူရာအရွင္သခင္ျဖင့္ #1 ရထားေသာ ထိုေရွာင္ပိုင္က ဟီး႐ိုးအသစ္ကို သုံး၍ မည္သို႔ ကစားမည္ျဖစ္ေၾကာင္း သိလိုသည္။ ထိုတစ္ခဏတြင္ နည္းျပလင္းက လက္ထဲတြင္ ေရေႏြးဘူးကို ကိုင္လ်က္ ေရာက္လာသည္။

နည္းျပလင္း၏ ေျခလွမ္းမ်ားက ငွက္ေမြးကဲ့သို႔ ေပါ့ပါးသည္။ သူက အၿမဲတေစ တေစၦကဲ့သို႔ ဟိုဟိုဒီဒီ ေလွ်ာက္သြားေနျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ ထ်န္းဟြမ္ ကစားသမားအမ်ားစုက ေလ့က်င့္ေနရင္း အနည္းငယ္ပင္ စိတ္မလႊင့္ရဲၾကေခ်။ အေၾကာင္းမူကား နည္းျပလင္းက သူတို႔ကို အမိဖမ္း၍ ရွိေသာေၾကာင့္ ျဖစ္သည္။

"နည္းျပ"

ခ်ီရႈိ႕က ႏႈတ္ဆက္လိုက္သည္။

"ကြၽန္ေတာ္နဲ႔အတူ ဒါကို ၾကည့္ခ်င္လား။ ဒါက အသူရာအရွင္ကို ေဆာ့ထားတာ မင္က်ိဳးရဲ႕ စီရင္စု #1ေလ"

နည္းျပလင္းက ေျခလွမ္းမ်ားကို ျပင္ဆင္လိုက္ၿပီးေနာက္ ခ်ီရႈိ႕၏အနားသို႔ ေလွ်ာက္လာကာ ဖန္သားျပင္ကို ငုံ႔ၾကည့္သည္။

"စီရင္စု အဆင့္သတ္မွတ္ခ်က္ ရတာ ဒီေလာက္ျမန္လား။ ငါ မွတ္မိတာ မွန္မယ္ ဆိုရင္ မင္းမွာ အနည္းဆုံး တိုက္ပြဲဝင္ စြမ္းအား 7000 ေက်ာ္ ရွိမွ ဒီဘုတ္စာရင္းဝင္မွာေလ။ အနည္းဆုံး ဂိမ္း၄၀ေက်ာ္ေလာက္ MVP ရရလိမ့္မယ္"

"ဒီStreamer အသစ္က ေနရွင္နယ္ဘုတ္ကိုေတာင္ ဝင္ဖို႔ ႀကိဳးစားေနတာ"

ခ်ီရႈိ႕က ေျပာသည္။

"ကြၽန္ေတာ္ ဒါကို ဂ႐ုခ်က္ထဲကေန ေဒါင္းလုတ္ဆြဲထားတာ"

နည္းျပလင္းက ေရေႏြးဘူးကို ခ်လိုက္ၿပီးေနာက္ စိတ္ဝင္တစားၾကည့္သည္။

"ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ အတူၾကည့္ရေအာင္ ဖြင့္လိုက္"

ခ်ီရႈိ႕က ခ်က္ခ်င္း ျပန္ႏွိပ္ဖြင့္လိုက္သည္။ ပြဲ၏ အစတြင္ အျပာေရာင္အသင္းက အသူရာအရွင္ကို ခ်က္ခ်င္း လွမ္းယူလိုက္သည္။ ႏွစ္ဖက္လုံးက ဟီး႐ိုးအသီးသီး ယူၾကသည္။ ခ်က္ေဘာက္တြင္ ေရွာင္ပိုင္က အမိန႔္ေပးေသာ စာသား ေပၚထြက္လာသည္။ သူက အသင္းဝင္မ်ားကို နတ္ဘုရားေလးသည္ေတာ္၊ လူရမ္းကားႏွင့္ လူမိုက္တို႔ကို ယူခိုင္းျခင္း ျဖစ္သည္။ သာမန္ၾကည့္ရႈသူမ်ားႏွင့္ ပ႐ိုနည္းျပမ်ားက တူညီေသာ ပုံစံျဖင့္ အသင္းပုံစံကို ခြဲျခမ္းစိတ္ျဖာျခင္း မဟုတ္ေခ်။ ယဲ့ေရွာင္းယန္က ထိုဟီး႐ိုးမ်ားကို ေ႐ြးေသာအခါ ခ်က္ခန္းတြင္ သံသယေပါင္းမ်ားစြာကို ေပၚထြက္ေစခဲ့သည္။ သို႔ေသာ္ ကြၽမ္းက်င္နည္းျပ တစ္ေယာက္အေနျဖင့္ သူ႔အေတြးကို တစ္ခ်က္ၾကည့္႐ုံျဖင့္ သိႏိုင္သည္။

"အနီအသင္းရဲ႕ Line up က အေစာပိုင္းဂိမ္းမွာ အေတာ္ အင္အားႀကီးတယ္"

လင္းဖုန္းက ေျပာသည္။

"သူက အရွိန္ႏႈန္းကို မွီခိုၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ တိုက္ပြဲေတြကို ေရွာင္ရွားလို႔ ဂိမ္းတစ္ခုလုံးကို ထိန္းခ်ဳပ္ခ်င္တာလား"

ခ်ီရႈိ႕ကလည္း အေၾကာင္းျပခ်က္ ျပန္ေပးသည္။

"ဒီလိုနယ္ေျမက်ယ္တဲ့ ေျမပုံမွာ ဆိုရင္ အြန္လိုင္း match ေတြက ခက္ခဲလိမ့္မယ္။ သူ႔ အသင္းေဖာ္ေတြက အမီလိုက္ႏိုင္ဖို႔ မလြယ္ကူႏိုင္ဘူး။ တစ္ေယာက္ေယာက္ကသာ အစကေန အဆုံးအထိ အမိန႔္ေပးေနမယ္ ဆိုရင္ က်န္တဲ့အသင္းေဖာ္ေတြက အဲဒီအမိန႔္ကို နားေထာင္ၿပီး လိုက္လုပ္႐ုံပဲ မဟုတ္ရင္ သူတို႔က လမ္းကေန ထြက္လိုက္တာနဲ႔ ဟာကြက္က ပြင့္သြားၿပီး ေသခ်ာေပါက္ ၿပိဳက်မွာပဲ"

"အင္း"

လင္းဖုန္းကလည္း ေခါင္းညိတ္သည္။

"ဆက္ၾကည့္ရေအာင္"

ဂိမ္းက စတင္သည္။ ခ်က္ခ်င္းလိုလို အသူရာအရွင္က သူ႔ဂိမ္းကို ဦးေဆာင္သည္။ အျပာေရာင္ Buff ကို သြားယူလိုက္ၿပီးေနာက္ စခန္းထဲမွ ထြက္ကာ First Blood ရသြားသည္။

"ၿပိဳင္ဘက္အသင္းက ဂ်န္ဂဲလာက ေတာ္ေတာ္ကို စဥ္းစားဆင္ျခင္းဉာဏ္မဲ့တယ္"

လင္းဖုန္းက မွတ္ခ်က္ခ်သည္။

"ဒါေပမဲ့ အျပာအသင္းဘက္က ေနရာခ်ထားတာက ေတာ္ေတာ္ေလး ေကာင္းတယ္။ သူတို႔က တျခားတစ္ဖက္ရဲ႕ သစ္ေတာေတြကို မူတည္ၿပီး ပုန္းၾကတာ။ လူအမ်ားစု ပုံမွန္လုပ္ေလ့ ရွိတဲ့ ဘက္ျခမ္းမ်ိဳး မဟုတ္ဘူး"

ခ်ီရႈိ႕က အေသးစိတ္ကိုသာ အာ႐ုံစိုက္ထားသည္။ ပ႐ိုထိပ္တန္းဂ်န္ဂဲလာ တစ္ေယာက္အေနျဖင့္ သူက ဂိမ္းထဲမွ ေတာတြင္းအေၾကာင္းကို သူ၏ကိုယ္ပိုင္ၿခံဝန္းလို ေကာင္းေကာင္း နားလည္ထားသည္။ အျပာဘက္က ေကာင္းမြန္စြာ ေ႐ြးခ်ယ္ႏိုင္ခဲ့သည္။ သိပ္မၾကာခင္ ဆန႔္က်င္ဘက္ အသင္းမွ ပုံရိပ္ေယာင္ ပညာရွင္က အဆင့္ေျခာက္သို႔ ေရာက္သြားၿပီးေနာက္ အသူရာအရွင္ကို solo ခင္းရန္ ႀကိဳးစားလာသည္။ အဆုံးတြင္ အသူရာအရွင္က ေသးငယ္လြန္းေသာ HPျဖင့္ လႊတ္သြားခဲ့ျပန္သည္။

"လွတယ္"

လင္းဖုန္းကလည္း တအံ့တဩ ေျပာသည္။ ခ်ီရႈိ႕က ဗီဒီယိုကို ရပ္လိုက္သည္။

"အဆင့္ေျခာက္မွာ ပုံရိပ္ေယာင္ပညာရွင္ ေမွာ္ပညာအမ်ိဳးအစား ဟီး႐ိုးတိုင္းကို တစ္သုတ္တည္းႏွင့္ ကိုးဆယ္ရာခိုင္ႏႈန္းအထိ သတ္ႏိုင္စြမ္းအား ရွိတယ္။ ဒီေကာင္က မလႊတ္ေျမာက္ႏိုင္သင့္ဘူး။ သူ ဘယ္လို လႊတ္သြားတာလဲ"

လင္းဖုန္းကလည္း သိခ်င္စိတ္ ျပင္းျပေနသည္။

"ျပန္ဆုတ္လိုက္ အေႏွးျပကြက္နဲ႔ ၾကည့္ရေအာင္"

ခ်ီရႈိ႕ကလည္း ေမာက္စ္ျဖင့္ ေနာက္ျပန္ ဆုတ္လိုက္ၿပီးေနာက္ 0.5 အရွိန္ႏႈန္းျဖင့္ ျပန္သည့္သည္။ ထိုအခါမွသာ ဘာျဖစ္သြားေၾကာင္း သူတို႔က ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ ပုံရိပ္ေယာင္ ပညာရွင္က အေျပးဝင္လာသည့္ ထိုတစ္ခဏတြင္ အသူရာအရွင္က သူ၏အရိပ္ႏွစ္ရိပ္ကို ခ်က္ခ်င္းလိုလို လ်င္ျမန္စြာ ဆင့္ေခၚလိုက္သည္။ တစ္ရိပ္ကို သူ ကိုယ္တိုင္ အနားတြင္ ထားထားၿပီးေနာက္ တျခားတစ္ရိပ္ကိုမူ အနီးအနား၏ နံရံနားတြင္ ပုန္းထားလိုက္သည္။ ရန္သူ၏ လုပ္ႀကံသတ္ျဖတ္မႈက သူ၏ေဘးနားရွိ အရိပ္ကို ဖ်က္စီးလိုက္ခ်ိန္တြင္ သူ၏HPမွ အလြန္အမင္း နိမ့္ေနသည္။ ထို႔ေၾကာင့္သာလွ်င္ သူက E Skill ကို ထုတ္သုံးလိုက္ၿပီး အျခားတစ္ဖက္ျခမ္းတြင္ ရွိေသာ အရိပ္ႏွင့္ လူစားလဲလိုက္သည္။ သည္နည္းအားျဖင့္ သူက လႊတ္သြားခဲ့ျခင္း ျဖစ္သည္။

"အေသးစိတ္ကို အာ႐ုံစိုက္တာ ဘယ္ေလာက္ေတာ္ လိုက္သလဲ"

လင္းဖုန္းက ခ်ီးက်ဴးသည္။

"သူ႔ၿပိဳင္ဘက္က လႈပ္ရွားလိုက္တာနဲ႔ သူက ဘယ္ေလာက္ထိ ႏႈန္းထြက္လာမယ္ ဆိုတာကို နားလည္ပုံပဲ။ (အပ်က္အစီးႏႈန္း - Damage) ပုံရိပ္ေယာင္ပညာရွင္ရဲ႕ ult က AoE တိုက္ကြက္ကို သုံးေနက်ပဲ ဒါက ေရတိုအတြင္းမွာပဲ တိုက္ခိုက္ႏိုင္တာ ပိုဆိုးတာက ပစ္မွတ္က သူ႔ရဲ႕အတိုင္းအတာ အေတာအတြင္းကို ေက်ာ္ေနေတာ့ သူ႔ရဲ႕တိုက္ခိုက္ႏိုင္စြမ္းအားက ေလ်ာ့က်သြားတယ္။ အသူရာအရွင္က အရိပ္ႏွစ္ရိပ္ကို ဆင့္ေခၚခဲ့တယ္။ တစ္ခုက သူ႔အတြက္ အစားထိုးပ်က္စီးမႈကို ခံဖို႔။ တျခားတစ္ခုကေတာ့ ထြက္ေျပးမဲ့ လမ္းေၾကာင္းပဲ။ သူက ေခါင္းေအးေအးနဲ႔ ကိုင္တြယ္ႏိုင္တာပဲ"

Live Stream တြင္ ထိုအေသးစိတ္ အခ်က္အလက္မ်ားက လ်င္ျမန္စြာ ကုန္ဆုံးသြားေလရာ မည္သူ႔ ၾကည့္ရႈသူကမွ သတိမထားမိခဲ့ၾကေပ။ သို႔ေသာ္ ပ႐ိုဂိမ္းပြဲမ်ားတြင္ ၿပိဳင္ဘက္က ပုံရိပ္ေယာင္ပညာရွင္ကဲ့သို႔ ဟီး႐ိုးကို ေ႐ြးခ်ယ္ထားၿပီး အေစာပိုင္းဂိမ္းမ်ားတြင္ အလြန္အားသာသည္ ဆိုလွ်င္ အသင္းမွ ဂ်န္ဂဲလာ သို႔မဟုတ္ အေထာက္အပံ့က အဆင့္ေျခာက္သို႔ ေရာက္ေနသည့္ ပုံရိပ္ေယာင္ပညာရွင္ကို သူတို႔ဖာသာ ရင္မဆိုင္ရဲၾကေခ်။ အနည္းဆုံး သူတို႔၏ အလယ္လမ္းကစားသမားကို ကူညီေပးရမည္ ျဖစ္သည္။

သို႔ရာတြင္ ထို Streamer ေရွာင္ပိုင္ကမူ ပုံရိပ္ေယာင္ပညာရွင္ကို တစ္ေယာက္တည္း ရင္ဆိုင္ခဲ့သည္။ သူက အပ်က္အစီးႏႈန္းကို တြက္ခ်က္ခဲ့ၿပီးေနာက္ လ်င္ျမန္စြာျဖင့္ ေနာက္ဆုံးေသြးတစ္စက္ျဖင့္ ထြက္ေျပးမည့္ လမ္းေၾကာင္းကို ရွာေဖြႏိုင္ခဲ့ေလသည္။ သည္နည္းအားျဖင့္ သူက မည္မွ် ကြၽမ္းက်င္ေသာ skill ကို ပိုင္ဆိုင္ထားၿပီး လ်င္ျမန္စြာ လႈပ္ရွားႏိုင္ေၾကာင္း သိသာသည္။

လင္းဖုန္းကလည္း အံ့ဩသြားသည္။

"သူ႔လက္နဲ႔ တုံ႔ျပန္မႈ အရွိန္ႏႈန္းက ေတာ္ေတာ္ေလးကို ျမင့္တယ္။ သူက ပ႐ိုကစားသမားတစ္ေယာက္ရဲ႕ alt ျဖစ္ေလာက္တယ္"

ခ်ီရႈိ႕က Streamer၏ မ်က္ႏွာ ျပထားရာ ေနရာမွ ျပတင္းေပါက္ငယ္ေလးကို ၾကည့္လိုက္ၿပီးေနာက္ ထိုေၾကာင္ပုံေလးကို ၾကည့္လိုက္သည္။

"အဖြဲ႕ခ်ဳပ္က လူအမ်ားစုမွာ ေၾကာင္မေမြးၾကဘူး။ ေခါင္းေဆာင္ဖန္းမွာ တစ္ေကာင္ရွိတယ္။ ဒါေပမဲ့ သူ႔ေၾကာင္က အမည္းေရာင္.."

လင္းဖုန္းကလည္း ရယ္ခ်င္သြားသည္။

"ေခါင္းေဆာင္ဖန္းက Ragdoll အမဲေကာင္ေလ.. အဲဒီေကာင္ကို ကာလာပြိဳင့္ရတ္ေဒါ လို႔လည္း ေခၚတယ္။ အခု ျမင္ေနရတဲ့ ေကာင္က ဘိုင္ကာလာရတ္ေဒါပဲ ဒီရတ္ေဒါ ျဖစ္လာၿပီးတဲ့ေနာက္မွာ အေျပာင္းအလဲေတြ ဆက္ျဖစ္သြားတာေပါ့ ေခါင္းေဆာင္ဖန္းက ေၾကာင္တစ္ေကာင္ရွိတာ မလုံေလာက္ဘူးထင္လို႔ ေနာက္တစ္ေကာင္ ျပန္ေမြးစားတာလားမ်ား"

ခ်ီရႈိ႕က ေခါင္းခါသည္။

"အခုေလးတင္ သတင္းေထာက္ေက်ာင္းက ဒီStreamer အေၾကာင္းကို ဂ႐ုခ်က္ထဲမွာ ေျပာတာေတာ့ အဘိုးႀကီးဖန္းက ေတာ္ေတာ္ေလးကို မအားေနတဲ့ပုံပဲ။ သူက Streamer ေရွာင္ပိုင္ကို မသိတဲ့ပုံပဲ။ ေနာက္ၿပီး ဟန္ေဆာင္ေနတာမ်ိဳးနဲ႔လည္း မတူဘူး"

သူႏွင့္ လင္းဖုန္းတို႔က တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကၿပီးေနာက္တြင္ အသူရာအရွင္ကို အာ႐ုံျပန္စိုက္လိုက္ၿပီး ဂိမ္းကို ျပန္ၾကည့္လိုက္ၾကသည္။

သိပ္မၾကာခင္ အျပာဘက္မွ ေအာက္ေျခလမ္းက ၿပိဳက်သြာသည္။ သူတို၏ ဂ်န္ဂဲလာကလည္း ၿဖိဳခ်ခံလိုက္ရသည္။ ဒါက ႀကီးမားေသာ ဆိုး႐ြားသည့္ အားနည္းခ်က္ႀကီး ျဖစ္သည္။ ပ႐ိုၿပိဳင္ပြဲမ်ားမ်ားတြင္သာ ဆိုလွ်င္ ၁-၆ Head Count က မ်ားသြားလွ်င္ ျပန္ရွင္ရန္ ခက္ခဲသြားေပလိမ့္မည္။ ခ်ီရႈိ႕ကမူ ကြန္ပ်ဴတာ ေမာ္နီတာကိုသာ အာ႐ုံစိုက္ထားသည္။ ထို႔ေနာက္ အလယ္လမ္းမွ ေအာက္သို႔ ေတာက္ေလွ်ာက္ ဆင္းသြားေသာ အသင္းလိုက္ တိုက္ပြဲကို ျမင္ရသည္။ ထို႔အျပင္ ခ်က္ခန္းထဲတြင္လည္း အမိန႔္က တက္လာသည္။

[အားလုံးပဲ မိုက္ေတြ ဖြင့္လိုက္ၾက]

"သူက Voice Chat နဲ႔ အမိန႔္ေပးခ်င္ေနတာ"

လင္းဖုန္းက ေျပာသည္။

"သူ ဘာေျပာမလဲ နားေထာင္ရေအာင္"

ခ်ီရႈိ႕ကလည္း ကြန္ပ်ဴတာမွ စပီကာအသံကို ျမင့္လိုက္ၿပီးေနာက္ ခ်က္ခ်င္းလိုလို ၾကည္လင္သာယာေသာ အသံကို ၾကားလိုက္ရသည္။ အယ္ဖာအမ်ားစုက ကူးေျပာင္းၿပီးေနာက္ အသံက ေလးနက္သြားေလ့ ရွိၿပီး အိုမီဂါမ်ားကမူ ႏူးညံ့သည့္ဘက္သို႔ ေျပာင္းသြားေလ့ ရွိသည္။ ထိုလူ၏ အသံကမူ ထူးျခားသည္။ ၾကည္လင္ကာ ေတာက္ပၿပီး အ႐ိုးစြဲသည္အထိ ျပင္းထန္ေသာ ယုံၾကည္မႈကို သယ္ေဆာင္ထားသည္။

"သူရဲေကာင္းကို ပစ္မွတ္မထားနဲ႔ ဒီအတိုင္း မီနီယံေတြကိုပဲ အာ႐ုံစိုက္"

"အေထာက္အပံ့ ငါတို႔ကို အရွိန္ႏႈန္းျမင့္ေအာင္ လုပ္ေပး၊ လူရမ္းကားက ဘယ္ဘက္ျခမ္းကို သြားၿပီး တစ္ဖက္က မာ့စ္မန္းကို လႈပ္လို႔မရေအာင္ လုပ္ထားလိုက္၊ သူ အဲဒီမွာ ပုန္းေနတာ"

ထို႔ေနာက္ ၾကည့္ရႈသူ ႏွစ္ေယာက္က ေျပာင္းလဲသြားေသာ ဖန္သားျပင္ကို ျမင္လိုက္ရသည္။ ေျပာရလွ်င္ မျမင္ႏိုင္ေသာ အရာမ်ား ရွိေနခဲ့ေသာ္လည္း အျပာအသင္းမွ လူရမ္းကားကမူ အေထာက္အပံ့ႏွင့္အတူ ေပါင္းၿပီး သစ္ပင္မ်ားရွိရာဘက္သို႔ မ်က္ကန္းယုံၾကည္ကာ ခ်ီတက္သြားခဲ့သည္။ အသူရာအရွင္ကလည္း အေနာက္မွ အကြာအေဝးရွည္ အသုံးျပဳႏိုင္သည့္ အရိပ္တိုက္ကြက္ကို ထုတ္သုံးလ်က္ လိုက္ပါသြားသည္။ သူက ခ်က္ခ်င္းလိုလို ရန္သူမာ့စ္မန္းကို တိုက္ခိုက္လိုက္ႏိုင္သည္။

"လွလိုက္တာ"

လင္းဖုန္းက ပို၍ပင္ စိတ္လႈပ္ရွားလာသည္။

"သူက ၿပိဳင္ဘက္ မာ့စ္မန္းရွိတဲ့ ေနရာကို သိေနတာ"

"အင္း"

ခ်ီရႈိ႕က တည္ၿငိမ္စြာ သေဘာတူသည္။

"အသင္းတိုက္ပြဲမွာ ဒီမာ့စ္မန္းက လႈပ္ရွားမႈအမ်ားဆုံးပဲ မာ့စ္မန္းသာ မရွိေတာ့ရင္ အနီေရာင္အသင္းက အလယ္လမ္းရဲ႕တိုက္ပြဲမွာ ဘာမွရမွာ မဟုတ္ဘူး"

ဗီဒီယိုက သူ႔အား မွန္ကန္ေၾကာင္း သက္ေသျပခဲ့သည္။ အသင္းတိုက္ပြဲတြင္ အနီအသင္းက ဟန္ခ်က္မညီခဲ့ေခ်။ မည္သည့္အရာမွ မျဖစ္လာခဲ့ဘဲ သူတို႔က ရႈံးသြားသည္။ တိုက္ပြဲက လမ္းတစ္ဝက္တြင္ ရပ္သြားေသာေၾကာင့္ အသူရာအရွင္သခင္က ေရွ႕သို႔ ခြၽန္ထြက္ရဲၿပီး အေပၚလမ္းသို႔ တက္သြားခဲ့ေလသည္။

လင္းဖုန္းက မေနႏိုင္ေတာ့ဘဲ ခ်ီးက်ဴးလိုက္သည္။

"သူက မီနီယံေတြကို ၿပီးျပည့္စုံေအာင္ ကိုင္တြယ္ႏိုင္တယ္။ သူ႔အေနနဲ႔ အသင္းတိုက္ပြဲမွာ ဆက္ၿပီး ဝင္ပါေနရင္လည္း သူ႔အတြက္ မ်ားမ်ားစားစား အသုံးဝင္တာ မရွိေတာ့ဘူးေလ။ သူက သူ႔ရဲ႕စေကးေတြကို အသုံးျပဳႏိုင္တယ္။ ဒီနည္းနဲ႔ Kill တစ္ခုကို ရသြားတယ္။ မီနီယံေတြကိုလည္း ခပ္ျမန္ျမန္ ရွင္းႏိုင္ၿပီး သူက အေပၚလမ္းကို ေတာက္ေလွ်ာက္ တက္သြားခဲ့တာ။ သူက ေတာ္ေတာ္ ေတာ္တာပဲ"

ထို႔ေနာက္ အျပာသင္း၏ ေပ်ာက္ၾကားဗ်ဴဟာက ဂိမ္းကို ၈မိနစ္ေက်ာ္ထိ ဆြဲလာႏိုင္သည္။ ယုံၾကည္မႈရွိေသာ အသံကလည္း Voice chat ခ်န္နယ္တြင္ ထြက္ေပၚလာျပန္သည္။

"လူရမ္းကားက မီနီယံေတြကို အေပၚလမ္းကေန ဆြဲခ်၊ သူတို႔ကို ျမစ္ဆီကို ေခၚသြား.. ၿပီးရင္ အေျခစိုက္စခန္းကို အျမန္ျပန္ေျပးလာခဲ့.."

"မာ့စ္မန္းက ေအာက္ေျခလမ္းက မီနီယံေတြကိုပဲ ကိုင္တြယ္ထား.. ငါက ေတာထဲမွာ ရွိမယ္"

"အလယ္လမ္းကို ေစာင့္ၾကပ္ထား.."

သူက ေျမပုံတစ္ခုလုံးကို အျပည့္အဝ ထိန္းခ်ဳပ္ထားသည္။ သူက လမ္းသုံးခုလုံးကို လႊမ္းမိုးထားသည္။ သူ႔အမိန႔္ေအာက္တြင္ အျပာေရာင္အသင္းက သူတို႔၏ အင္အားစုကို ျဖန႔္က်က္ကာ ခ်ီတက္သည္။ ရန္သူက လုပ္ႏိုင္စြမ္း ျပင္းထန္စြာျဖင့္ Head count အားသာခ်က္ ရရွိထားခ်ိန္တြင္ သူတို႔ကမူ မည္သည့္အားသာခ်က္မွ မယူထားခဲ့ေခ်။ အေၾကာင္းမူကား အနီဘက္အသင္းမွ မီနီယံမ်ားက ဖိႏွိပ္ခံထားရေလသည္။

လင္းဖုန္းက ၾကည့္ေလေလ အံ့အားသင့္လာေလေလ ျဖစ္လာသည္။

"သူက ဒီမီနီယံေတြကို ဘယ္လို ကိုင္တြယ္မယ္ဆိုၿပီး ေကာင္းေကာင္းကို နားလည္ထားတာပဲ။ ဘုရင္အဆင့္ ကစားသမားအမ်ားစုက ဒီမီနီယံေတြကို ေမ့ေနၾကၿပီး Kill ေတြ ရဖို႔ပဲ ႀကိဳးစားေလ့ ရွိၾကတယ္"

ခ်ီရႈိ႕ကမူ ထိုမီနီယံမ်ားကို ၾကည့္ၿပီးေနာက္တြင္ အသင္း၏ အေျခစိုက္စခန္းသို႔ ျပန္ၾကည့္လိုက္သည္။

"မီနီယံစီမံမႈ.."

သူက အေလးအနက္ထားကာ ျပန္ၾကည့္လိုက္သည္။

"ပ႐ိုကစားသမားေတြကပဲ ဒီလိုအရာမ်ိဳးကို ဂ႐ုစိုက္မွာ ေနာက္ၿပီး ဒီလို အြန္လိုင္းပြဲမွာ လမ္းသုံးခုလုံးကို ေကာင္းေကာင္း ခြဲေဝစီမံခန႔္ခြဲႏိုင္တဲ့ ျမင္ကြင္းမ်ိဳးကို ျမင္ရတာက ရွားပါးတာပဲ"

အနီအသင္းကလည္း ေနာက္ဆုံးတြင္ ကိစၥက တစ္ခုခု မွားယြင္းေနမွန္း သိသြားေလၿပီ။ သူတို႔က မဟာနဂါးထံသို႔ အေျပးသြားၾကသည္။ ေရွာင္ပိုင္က သူ၏အေထာက္အပံ့ကို ေထာင္ေခ်ာက္ဆင္ခိုင္းလိုက္သည္။ သည္နည္းအားျဖင့္ ၂စကၠန႔္တည္းႏွင့္ ေသြးအေထာက္အပံ့က တစ္ဆင့္ အကူအညီယူကာ သူက တိုက္ကြက္ကို ထုတ္လိုက္ႏိုင္သည္။ သူက မဟာနဂါးကို သူ၏အသူရာတိုက္ကြက္ျဖင့္ ခ်ိတ္ပိတ္ထားၿပီးေနာက္တြင္ Kill ရယူလိုက္သည္။ ဤနည္းျဖင့္ သူက လ်င္ျမန္စြာ လႈပ္ရွားၿပီးသည္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ရွိေသာ ဂ်န္ဂဲလာကို တုံ႔ျပန္ခ်က္ မေပးခဲ့ေခ်။

လင္းဖုန္းက ရယ္သည္။

"တစ္ဖက္က ရႈံးေတာ့မွာ"

အနီအသင္းက ႏွာေခါင္းေပါက္ နားမွပင္ ေဆာ့ကစားခံလိုက္ရသည္။ သူတို႔က အေကာင္းဆုံး ပစၥည္းမ်ားကို တပ္ဆင္ေကာင္း တပ္ဆင္ထားႏိုင္ေလာက္သည္။ သို႔ေသာ္ သူတို႔၏ Gearက ေကာင္းမြန္ေသာ စြမ္းအားကို အသုံးမျပဳႏိုင္ခဲ့ေခ်။ သူတို႔က ယုန္ႏွင့္လိပ္ အေျပးၿပိဳင္သလို ျဖစ္ရသည္။ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္စြမ္းအားတြင္ အားအင္မဲ့ရသည္။

သူတို႔က ကိုယ္ပိုင္မ်က္စိျဖင့္ ျမင္ရျခင္းေၾကာင့္သာ မဟုတ္လွ်င္ ခ်ီရႈိ႕ႏွင့္ လင္းဖုန္းက သည္လို Streamer တစ္ေယာက္က အေသးစိတ္ကို ေသခ်ာအာ႐ုံစိုက္ကာ ၿပိဳင္ပြဲတစ္ခုလုံးကို ဦးေဆာင္မႈ ေပးႏိုင္ေၾကာင္း ယုံၾကည္လိမ့္မည္ မဟုတ္ေခ်။ သည္နည္းျဖင့္ တစ္ဖက္က အရႈံးမွ အႏိုင္သို႔ ေျပာင္းလဲသြားေလသည္။

ေနာက္ဆုံးအသင္းတိုက္ပြဲတြင္ အသူရာအရွင္က ရန္သူမာ့စ္မန္းကို ပစ္မွတ္ထားလိုက္ျပန္သည္။ Kill က ဆက္တိုက္ ျဖစ္ပြားေနခဲ့ၿပီးေနာက္ မာ့စ္မန္း၏ ေခါင္းက မိုင္ေထာင္ေပါင္းမ်ားစြာ အကြာသို႔ လႊင့္ထြက္သြားေလသည္။

အသင္းတိုက္ပြဲ အစကတည္းက ေသဆုံးသြားျခင္းက ႀကီးမားေသာ အျဖစ္ႀကီးျဖစ္သည္။ ေကာင္းေကာင္း လုပ္ေဆာင္ႏိုင္ခဲ့ၿပီး လက္နက္ပစၥည္း(Item) အျပည့္အဝ ရွိေနခဲ့သည့္တိုင္ အသင္းတိုက္ပြဲတြင္ ဘာမွမလုပ္ႏိုင္ဘဲ ေသဆုံးသြားခဲ့ရသည္။ ထိုအဖြဲ႕က ရႈံးေတာ့မည္မွာ ေသခ်ာသည္။ Streamer ေရွာင္ပိုင္က ထိုအခ်က္ကို ရွင္းရွင္းလင္းလင္း နားလည္ထားသည္။ ယခုလို အသင္းႀကီးႏွစ္သင္း၏ တိုက္ပြဲတြင္ ရန္သူအသင္းက သယ္လာေသာ ႏွစ္ဖက္ႏွစ္ခ်က္လုံးကို အျပည့္ထားရေပမည္။

လုပ္ႀကံသတ္ျဖတ္မႈ ေမွာ္ဆရာဟုတ္လား။ ဒါပဲ.. လုပ္ႀကံသတ္ျဖတ္မႈ ေမွာ္ဆရာ ဆိုတာက လုပ္ႀကံသတ္ျဖတ္တယ္ ဆိုတဲ့ အဓိက အႏွစ္သာရကို နားလည္ထားရမယ္။

ဂိမ္းက အဆုံးသတ္သြားသည္။

ထို႔ေနာက္ ဖန္သားျပင္တြင္ စာသားသုံးေၾကာင္းက ေပၚလာသည္။

ေရွာင္ပိုင္: [ဒါက တာဝါကို 5v5 ကစားရတဲ့ဂိမ္း]

ေရွာင္ပိုင္: [တစ္ကိုယ္ေတာ္ ျပပြဲ မဟုတ္ဘူး]

ေရွာင္ပိုင္: [ေကာင္းမြန္တဲ့ဂိမ္း ျဖစ္ခဲ့ပါတယ္။ ၿပဳံးေနတဲ့ အီမိုဂ်ီ]

ထိုစာသားကို ျမင္ၿပီးေနာက္ လင္းဖုန္းသည္ သူ၏ႏွလုံးခုန္ႏႈန္းက အခ်ိန္အတန္ၾကာသည္အထိ မၿငိမ္သက္ႏိုင္ေတာ့ေပ။ ေမွ်ာ္စင္ကို အေျခခံတဲ့ ဂိမ္းေတြက အဓိကအခ်က္က ဘာလဲ။ ေမွ်ာ္စင္ပဲ။

မင္းက 4 Skill ကို ထုတ္သုံးႏိုင္ခဲ့ရင္ေတာင္မွ ရန္သူက ေအာက္ေျခေမွ်ာ္စင္ကို တစ္ခ်က္ ဖ်က္ဆီးလိုက္႐ုံနဲ႔ ေသခ်ာေပါက္ ရႈံးသြားမွာ။

လင္းဖုန္းက သူ၏ကစားသမားမ်ားအတြက္ အေျခခံမ်ားကို အၿမဲတေစ အာ႐ုံစိုက္ရန္ အေရးတႀကီး ထားသင့္ေၾကာင္း ဖိအားေပးေလ့ ရွိသည္။ သူက ထိုလူမ်ားကိုလည္း Kill မ်ားကို အေလာတႀကီး မယူသင့္ေၾကာင္း.. တစ္ဖက္က ငါးစာခ်ၿပီး သူတို႔ကို ဒုကၡေပးတတ္ေၾကာင္း.. ထို႔ေၾကာင့္ မီနီယံမ်ားကိုသာ အာ႐ုံစိုက္ထားၿပီး‌ ေမွ်ာ္စင္မ်ားကို ၿဖိဳခ်ရန္ သတိေပးေလ့ရွိသည္။

ကစားသမားအမ်ားစုကမူ သူတို႔ကိုယ္သူတို႔ အားသာသည့္ပမာ ကစားေလ့ ရွိၾကသည္။

ထိပ္တန္းအဆင့္ ပ႐ိုကစားသမားမ်ားကသာ ပ႐ိုအဖြဲ႕ခ်ဳပ္တြင္ တည္ၿငိမ္ေအာင္‌ ေျခကုပ္ရယူထားႏိုင္ၾကၿပီး အားနည္းခ်က္ကို အားသာခ်က္အျဖစ္ ေျပာင္းလဲႏိုင္ၾကသည္။

လင္းဖုန္းက အသက္ျပင္းျပင္းရႈၿပီး ခ်ီရႈိ႕ကို ၾကည့္သည္။

"ဒီေရွာင္ပိုင္က စိတ္ထဲမွာ အရာအားလုံးကို တြက္ခ်က္ႏိုင္စြမ္း ရွိတယ္"

တခ်ိဳ႕ေသာ ကစားသမားမ်ားက ေရွ႕ရွိ ရန္သူကိုသာ အာ႐ုံစိုက္ႏိုင္ၾကသည္။ တခ်ိဳ႕ေသာ ကစားသမားမ်ားကမူ သူတို႔၏ ကိုယ္ပိုင္လမ္းမွ မီနီယံမ်ားကိုသာ အာ႐ုံစိုက္ႏိုင္ၾကသည္။ သို႔ေသာ္ ပုံရိပ္ႀကီးႀကီးျမင္ႏိုင္ေသာ ကစားသမားမ်ားက စိတ္ထဲတြင္ ရွင္းရွင္းလင္းလင္း တြက္ခ်က္ထားႏိုင္သည္။ သူတို႔က မည္သည့္ေနရာတြင္ ရိတ္သိမ္းရမည္။ မည္သည့္ေနရာတြင္ တိုက္ခိုက္မႈကို တိုက္ခိုက္မႈကို ေရွာင္ရွားႏိုင္ၿပီး မည္သည့္ေနရာတြင္ ျပန္လည္တိုက္ခိုက္ႏိုင္ေၾကာင္း ရွင္းရွင္းလင္းလင္း နားလည္ေနၾကသည္။ ထိုသို႔ေသာ ကစားသမားမ်ားက အဓိက ပ႐ိုအသင္းမ်ားကို အမိန႔္ေပးႏိုင္သည္။

ေကာင္းမြန္ေသာ ဗိုလ္ခ်ဳပ္တစ္ေယာက္၏ အေရးပါမႈကို အထင္မေသးသင့္ေခ်။ ပ႐ိုကစားသမားမ်ားကလည္း ေခါင္းမာစြာျဖင့္ အသင္းကို ဦးေဆာင္တိုက္ခိုက္တတ္ၿပီး သူတို႔ေရွာင္သင့္ေသာ အရာကို မေရွာင္မိျခင္းအားျဖင့္ ရႈံးတတ္ေသာ သာဓကေပါင္းမ်ားစြာက ရွိခဲ့ဖူးသည္။ ထို႔ေၾကာင့္ အမိန႔္ေပးေသာသူက စိတ္ဓာတ္အင္အား ခိုင္မာရန္ လိုအပ္ၿပီး ပိုႀကီးေသာ ပုံရိပ္ကို ျမင္ႏိုင္ရမည့္အျပင္ စေကးမ်ားကို ကြၽမ္းက်င္ထားရအုံးေပမည္။ ဤနည္းအားျဖင့္ မည္သည့္ေနရာတြင္ မည္သို႔ တိုက္ခိုက္သင့္ေၾကာင္း အမိန႔္ေပးႏိုင္မည္ ျဖစ္သည္။ ေျပာေနရန္ပင္ မလိုေလာက္ေအာင္ ေရွာင္ပိုင္၏ သည္ပြဲမွ အမိန႔္ေပးႏိုင္စြမ္းအားက အလြန္ထူးခြၽန္သည္။ ပ႐ိုနည္းျပမ်ား၏ အျမင္တြင္ပင္ အလြန္ထူးခြၽန္သည္ဟု ဆိုရမည္ျဖစ္သည္။

လင္းဖုန္းက ဂိမ္း၏အင္တာေဖ့ကို ၾကည့္ၿပီးေနာက္ အေလးအနက္ထားကာ ေျပာသည္။

"သူက ဘယ္ေနရာက လာတာလဲဆိုတာ အျမန္ဆုံး ရွာေဖြရမယ္။ သူက တခ်ိဳ႕အသင္းေတြက လွ်ိဳ႕ဝွက္ပ်ိဳးေထာင္ထားတဲ့ အသစ္ေလးလို႔ သံသယဝင္စရာပဲ"

ခ်ီရႈိ႕ကလည္း ဗီဒီယိုကို ပိတ္လိုက္သည္။

"ကြၽန္ေတာ္ သူ႔ကို ဆက္သြယ္လိုက္မယ္"

သူက ေဝလငါး Streaming ကို ဖြင့္လိုက္ၿပီးေနာက္ ပတ္ဝန္းက်င္ကို ၾကည့္ရန္ မလိုေတာ့ဘဲ ခ်က္ခ်င္းလိုလို ေရွာင္ပိုင္၏ Streaming အခန္း [အသူရာဆရာသခင္ ေနရွင္နယ္ Ranking အဆင့္တက္ျခင္း] ကို ထင္ထင္ရွားရွား ျမင္လိုက္ရသည္။ ထိုေနရာတြင္ လူသစ္မ်ားအတြက္ #1စာရင္းတြင္ ပါေနျခင္း ျဖစ္သည္။

ခ်ီရႈိ႕က အခန္းထဲသို႔ ဝင္လာၿပီးေနာက္ အနက္ေရာင္ဖန္သားျပင္ကိုသာ ျမင္လိုက္ရသည္။ ထိုStreamer က ပိတ္သြားၿပီ။ ပင္ ေထာက္ထားေသာ ေၾကညာခ်က္ကိုလည္း ျမင္လိုက္ရသည္။

[မနက္ျဖန္မနက္ ၁၀နာရီမွာ အသူရာအရွင္သခင္နဲ႔ ေနရွင္နယ္လီဒါဘုတ္ကို ဝင္ေအာင္ ႀကိဳးစားပါမယ္။ အားလုံးပဲ လာၾကည့္ဖို႔ ဖိတ္ေခၚပါတယ္]

၁၂နာရီခြဲသာလွ်င္ ရွိေသးသည္။ ပ႐ိုကစားသမားအမ်ားစုက ဒီလိုအခ်ိန္တြင္ အိပ္မည္ မဟုတ္ေခ်။ ခ်ီရႈိ႕က တစ္ခဏခန႔္ ေအးခဲသြားၿပီးေနာက္ စစ္နတ္ဘုရားမ်ားကို Loading လုပ္လိုက္ၿပီးေနာက္ ေရွာင္ပိုင္၏ ပ႐ိုဖိုင္ကို စစ္ၾကည့္လိုက္သည္။

Streaming ေနခ်ိန္တြင္ ေရွာင္ပိုင္က သူ၏ ေနရာID နံပါတ္ -8977543 ကို မအုပ္ထားခဲ့ေခ်။ မတူညီေသာ နာမည္ရွိေသာ္လည္း ID နံပါတ္ကမူ တူၾကသည္။ သို႔ေသာ္ တစ္ခ်က္ ၾကည့္႐ုံျဖင့္ အခ်က္အလက္မ်ားကို သိႏိုင္သည္။

ခ်ီရႈိ႕က ေရွာင္ပိုင္၏ တိုက္ပြဲဝင္သမိုင္းအက်ဥ္းကို ၾကည့္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ေၾကးနီေရာင္အဆင့္ကေန ဘုရင္အဆင့္ကို ေရာက္ေအာင္ သူက ပြဲစဥ္ ၅၀ ဆက္တိုက္ ကစားခဲ့တယ္။ ဟီး႐ိုးႏွစ္ခုကိုပဲ သုံးသြားတယ္။ အသူရာအရွင္သခင္နဲ႔ ေအးခဲနတ္ဘုရားမပဲ။ ဒါေတာ့ ေသခ်ာေပါက္ alt ျဖစ္ေလာက္တယ္"

ထိုသို႔အဆင့္ဇယားမ်ိဳးျဖင့္ တစ္စုံတစ္ေယာက္၏ alt သာ ျဖစ္ရေပမည္။

လင္းဖုန္းက သက္ျပင္းခ်သည္။

"ဘယ္အသင္းကမ်ား ဒီေလာက္ အလားအလာ ေကာင္းတဲ့ အသစ္ေလးကို ပ်ိဳးေထာင္ထားတာလဲ။ ငါတို႔ အျမန္ဆုံး စဥ္းစားရမယ္။ မဟုတ္ရင္ ပြဲစဥ္ေတြၾကား မလြယ္ႏိုင္ေတာ့ဘူး"

"သူက အခု လိုင္းေအာက္သြားၿပီ။ မနက္ျဖန္မွပဲ သူ႔ရဲ႕ Stream အခန္းကို ဝင္ၾကည့္လိုက္မယ္"

ခ်ီရႈိ႕က တစ္ခဏခန႔္ ရပ္တန႔္ၿပီးေနာက္ လင္းဖုန္းကို လွည့္ၾကည့္သည္။

"မင္းမွာ alt အပို ရွိေသးလား။ ဘယ္သူမွ မသိတဲ့အေကာင့္ေပါ့ ဘုရင္အဆင့္.. ၾကယ္ဆယ္လုံး ဒါမွမဟုတ္ ဒီထက္နည္းလည္း ရတယ္"

"မင္းက သူနဲ႔အတူ alt ခ်င္း သြားယွဥ္မလို႔လား"

"မဟုတ္ဘူး ဒီအတိုင္း သူနဲ႔ Double Que လုပ္ခ်င္တာ"

လင္းဖုန္းက ခဏခန႔္ ေၾကာင္သြားၿပီးေနာက္ နားလည္သြားသည္။

"ဒါလည္း ဟုတ္တာပဲ Double Queing လုပ္တာက သူနဲ႔ပိုၿပီး ကြၽမ္းဝင္ေစႏိုင္လိမ့္မယ္။ ဒါ့အျပင္ သူ႔ကို ဂိမ္းထဲမွာ add လိုက္ႏိုင္မယ္ ဆိုရင္ မေကာင္းဘူးလား"

Streamer ေရွာင္ပိုင္က အလြန္ေက်ာ္ၾကားေနၿပီးသား ျဖစ္သည္။ မေရမတြက္ႏိုင္ေသာ ကစားသမားမ်ားစြာက သူ႔၏မိတ္ေဆြစာရင္းသို႔ ဝင္ရန္ ႀကိဳးစားေနၾကျခင္း ျဖစ္သည္။

"မစိုးရိမ္ပါနဲ႔.."

ခ်ီရႈိ႕က ႏွစ္သိမ့္လိုက္သည္။

"ကြၽန္ေတာ့္မွာ နည္းလမ္းေတြ ရွိပါတယ္"

Continue Reading

You'll Also Like

8.6K 646 7
Më mbaj gjithë mërinë e botës, po sonte më lër të qëndroj me ty. vazhdimi i librit "pse mua ?"
26.4K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
10K 1.4K 29
ဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ...
217K 30.6K 98
***MC ချီကျွင်း ၊ တုန်ဖန်းရုန် မတော်တဆမှုတစ်ခုတွင် ချီကျွင်းသည် အနာဂတ်ကမ္ဘာသို့ ခရီးသွားခဲ့ပြီး ထိုကမ္ဘာမှ ချီကျွင်း ဖြစ်လာခဲ့သည်။ သူ့ဘဝတစ်သက်တာတွင်...