ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

Swae_Nyoe tarafından

182K 24.6K 679

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... Daha Fazla

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108

Part 10

1.9K 292 4
Swae_Nyoe tarafından

အခန်း(၁၀)

ရှဲ့ယွီ၏အမူအရာက အတော်လေး အကျည်းတန်သွားသည်။

သူက တစ်နေ့လုံးနီးပါး ကစားနေခဲ့ပြီး အသူရာအရှင်သခင်ကို အဘန်းခံရခြင်း သို့မဟုတ် အခြားသူက ကြိုရွေးသွားသော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံရခြင်း မဟုတ်ချေ။ သို့သော် သည်တစ်ကြိမ်တွင် ပြိုင်ဘက်၏ [အသူရာအရှင်သခင်] ကို အဓိကယူထားသောသူက ထိုဟီရိုးဖြင့် နေရှင်နယ်လီဒါဘုတ်သို့ တက်မည်ဟု ကြံရွယ်ထားသူ ဖြစ်ပြီး သူ၏ပြိုင်ဘက်ကလည်း တောက်လျှောက်နာမည်ကြီးလာသည့် Streamer အသစ်လေး ဖြစ်နေသေးသည်။

ရှဲ့ယွီအနေဖြင့် အသူရာအရှင်သခင်ကို သုံးပြီး တစ်ဖက်ပြိုင်ဘက်ကို လူတိုင်း၏အရှေ့တွင် သင်ခန်းစာပေးချင်သည်။ သို့သော် ပြိုင်ဘက်က ထိုဟီးရိုးကို သူ့ထက်အရင် ယူသွားသည်။ ရှဲ့ယွီက အထင်တသေး ရယ်လိုက်သည်။

"ကောင်းပြီလေ သေချာတာပေါ့ ငါကလည်း ငါ့ရဲ့ အတော်ဆုံး ဟီးရိုးကို သုံးပြီး မင်းရဲ့ အသူရာအရှင်သခင်ကို အနိုင်ယူပေးမယ်"

သူက ထိုသို့ဖြင့် ဂိမ်းထဲမှ ရွေးချယ်ရမည့် အလှည့်တွင် ပုံရိပ်ယောင်ပညာရှင်ကို ရွေးချယ်လိုက်သည်။

Streaming အခန်းထဲမှ စကားပြောခန်းက ပို၍ စိတ်လှုပ်ရှားလာကြသည်။

[အစ်ကိုငါးရဲ့ ကျော်ကြားတဲ့ ပုံရိပ်ယောင်ပညာရှင်ကို သုံးပြီး ကစားတော့မှာလား။ အစ်ကိုငါးကတော့ အလေးထားနေပြီနဲ့ တူတယ်]

[ပုံရိပ်ယောင်ပညာရှင်က အစောပိုင်းဂိမ်းမှာဆို သိပ်ကို အင်အားကြီးတာ။ အစ်ကိုငါးက အဲဒီကောင်ကို ဆိုလို (Solo)ခင်းမယ်လို့ ငါထင်တယ်]

[ဂိုး ဂိုး ဂိုး.. နတ်ဘုရားငါးရေ First Blood ကို ယူလိုက်တော့]

[ငါ ငါးနတ်ဘုရားကို သဘောအကျဆုံးပဲ ဒါ ငါးနတ်ဘုရားကို ဒုံးပျံသင်္ဘောပို့လွှတ်လိုက်ပါပြီ]

[ဦးနှောက်ပုပ်နေတဲ့ ဖန် #7 က အစ်ကိုငါးကို ပင်လယ်ငါးခူ ပို့လိုက်ပါပြီ]

ဝေလငါးStreaming မှ အလွန်ကျော်ကြားသော Streamer တစ်ယောက် ဖြစ်သည့်အလျောက် အစ်ကိုငါး၏ Streaming အခန်းထဲတွင် ကြည့်ရှုသူက သုံးသန်းကျော်နေပြီ။ ထို့အပြင် ဖန်သားပြင်ပေါ်၌ အဖြူရောင်ကျည်ဆံလို ကောမန့်များက အပြည့်နေရာယူထားပြီး လက်ဆောင်များကလည်း ဟိုနေရာ ဒီနေရာ ပွလန်ကျဲနေသေးသည်။

အနှစ်ချုပ် ဆိုရသော် ယဲ့ရှောင်းယန်၏ ပရိသတ်များက ထိုမျှအထိ စိတ်မလှုပ်ရှားနေကြချေ။ ယေဘူယျကျကျ ဆိုရသော် သူ့တွင် မည်သည့်ပရိသတ်များမှ တရားဝင် ပိုင်ဆိုင်ထားခြင်း မရှိသေးချေ။ သူ၏Streaming အခန်းမှ လူအများစုက ဖြတ်သွားဖြတ်လာများ ဖြစ်နေသေးသည်။ အချို့ကမူ အစ်ကိုငါး၏ ပရိသတ်များ ဖြစ်ပြီး နှစ်ခုလုံးကို တစ်ပြိုင်တည်း ကြည့်လို၍ လာရောက်နေကြခြင်း ဖြစ်သည်။

ယဲ့ရှောင်းယန်က ထိုကောမန့်ဝင်းဒိုးကို သေးလိုက်ပြီးနောက် ဂိမ်းကိုသာ အာရုံစိုက်ထားလိုက်သည်။

တခြားတစ်ဖွဲ့က ပထမနှင့် ဒုတိယမြောက် ရွေးချယ်ပြီးနောက် ပုံရိပ်ယောင်ပညာရှင်နှင့် လျှို့ဝှက်စွာ လှုပ်ရှားသော လုထာကို ရွေးချယ်လိုက်သည်။ အပြာရောင်အသင်က ထပ်ရွေးရသည့် အချိန်တွင် ချင်ရွေ့က ကောင်းချီးဘုန်းတော်ကြီးကို ရွေးချယ်လိုက်သည်။ ဤနည်းအားဖြင့် သူ၏ကောကောကို ကာကွယ်နိုင်ပေလိမ့်မည်။ တတိယမြောက်ရွေးချယ်ရသည့်အခါ လူအက အလျင်လက်ဦးမှု ယူပြီး ယဲ့ရှောင်းယန်၏ အကြံပြုချက်ကို လက်ခံ၏။

[မဟာနတ်ဘုရား ကျွန်တော် နတ်ဘုရားနဲ့အတူ ပူးပေါင်းဖို့ ဟီးရိုးတစ်ကောင်ကောင်ကို ရွေးချယ်ပေးဖို့ လိုအပ်လား]

[ရှောင်ပိုင်: မင်းက ဘယ်နေရာမှာ တော်လဲ]

[လူအ: Marksmanနဲ့ ဂျန်ဂဲလာ နှစ်ခုလုံး အဆင်ပြေပါတယ်]

[ရှောင်ပိုင်: ငါက ဂျန်ဂဲလာပဲ ကစားတာ မင်း Marksman ယူတာ ကောင်းမယ်။ ငါ့အတွက် ဂျန်ဂဲလာ ထားပေးပါ]

[လူအ: ရတယ်လေ]

ထိုသို့ဖြင့် လူအက သူ၏ ကာဆာက ရွေ့ပြီးနောက် ဟီးရိုးများ ရွေးချယ်သော ဖန်သားပြင်ကို ထပ်ခါတလဲလဲ နှိပ်ပြီးမှသာ Marksman အမျိုးအစားဟီးရိုးငါးမျိုးထဲမှ သူ ရင်းနှီးကျွမ်းဝင်သော တစ်ခုခုကို ရွေးချယ်လိုက်သည်။ ယဲ့ရှောင်းယန်က ထိုငါးမျိုးကို ကြည့်ပြီးနောက် လှမ်းပြောလိုက်သည်။

[နတ်ဘုရားလေးသည်တော် ကို ရွေးလိုက်]

ထိုနတ်ဘုရားလေးသည်တော်ကို သူတို့က တတိယမြောက်တစ်ခုအဖြစ် ရွေးချယ်လိုက်ကြသည်။

ပြိုင်ဘက်က ရွေးချယ်ရသော အလှည့် ရောက်ချိန်တွင် တတိယနှင့် စတုတ္ထမြောက်က အောက်လမ်းအတွက် အဆင်ပြေသော ကုသသူ တောအုပ်သံတမန်နှင့် ပေါက်ကွဲလွယ်သော သေနတ်သမား စနိုက်ပါကို ရွေးချယ်သွားသည်။ အောက်လမ်းမှ စနိုက်ပါနှင့် သူတို့ကို ဂရုစိုက်ကစားပေးမည့် Healer က ရှိနေသေးလေရာ သာမန်အကျဆုံး လိုက်ဖက်ညီသည့် ပူးပေါင်းဆောင်ရွက်မှု ဟု ဆိုနိုင်သေးလေသည်။ ထိုကစားသမားနှစ်ယောက်က အချင်းချင်း မှီခိုကာ အတူ ကစားနေကျ ဖြစ်လောက်သည်။

ယဲ့ရှောင်းယန်က တစ်ခဏခန့် စဉ်းစားပြီးနောက် စာရိုက်လိုက်သည်။

[တောအတွက် Vrawler Roaming ကို ယူလိုက်.. နောက်ပြီး အပေါ်လမ်းအတွက်တော့ Verserker လူရမ်းကားကို ရွေး..]

[ငါက ဂျန်ဂဲပဲ ကစားတယ်။ ဒါက အရမ်းပျော့လွန်းမနေဘူးလား]

[နေ့တိုင်း ကြယ်ကြွေနေတယ်လေ: ငါတို့ အသင်းထဲမှာ Tank တစ်ကောင်တောင် မပါဘူး ငါတို့ Marksman က နောက်ပိုင်းဂိမ်းမှာ အဆင်ပြေနိုင်တော့မှာ မဟုတ်ဘူး အဖွဲ့လိုက် တိုက်ပွဲမှာ ငါတို့အတွက် ခက်ခဲသွားလိမ့်မယ်]

[ရှောင်ပိုင်: ငါတို့က အလျင်အမြန် ရွေ့လျားနိုင်ဖို့ကို အာရုံစိုက်ထားရမယ်]

[ရှောင်ပိုင်: အဖွဲ့လိုက်တိုက်ပွဲအတွက်ကတော့ ငါတို့မှာ ငါရှိတယ်]

ထိုသို့ ယုံကြည်မှု ရှိသော စကားကို မြင်လိုက်ရသည်နှင့် အသင်းဖော်များအားလုံးက စိတ်အေးသွားကြသည်။ သူတို့က ချက်ချင်းလိုလို မဟာနတ်ဘုရား၏ လုပ်နိုင်စွမ်းရည်ကို သိရတော့မည် ဖြစ်ကြောင်း သိသွားကြသည်။ အသင်းဖော်များကို ထိုသို့ စာပို့ကာ သူတို့၏ဟီးရိုးများ ရွေးချယ်ပေးပြီးနောက် ယဲ့ရှောင်းယန်က စိတ်အေးသွားသည်။ ကစားသမားများက သူတို့၏အနှစ်သက်ဆုံး ဟီးရိုးကို ကြုံရာရွေးချယ်သော တိုက်ပွဲများနှင့် သူတို့ကြားမှ အချင်းချင်း ဟီးရိုးရွေးချယ်ကာ တိုက်ခိုက်သော တိုက်ပွဲများတွင် အခြေအနေက အရေးကြီးလေသည်။

အနည်းဆုံး လူတိုင်းကလည်း သူတို့၏ အသင်းဖော်များက သည်ဂိမ်းကို အလေးအနက်ထားကြောင်း သိနိုင်လေသည်။ မည်သူကမျှ သတိလက်လွှတ်မနေလောက်ကြတော့ချေ။

အပြာရောင်အသင်းက သူတို့၏ရွေးချယ်မှု ပြီးဆုံးသွားလေပြီ။

ရှဲ့ယွီက လိုင်းအပ်(Line up)ကို မြင်သောအခါ ရယ်လိုက်သည်။ မည်သို့ပင် ဆိုစေ အပေါ်လမ်းက ဖန်သားလို ကွဲကြေလွယ်သည့် အရံပုံစံ ဖြစ်နေပြီး ဂျန်ဂဲလာကလည်း လုံလောက်အောင် သယ်သွားပေးနိုင်သည့် အလားအလာ မရှိချေ။ ထို့အပြင် အထောက်အပံ့ကလည်း တစ်ချိန်တည်းတွင် ဟီးရိုးတစ်ယောက်တည်းကိုသာ ကူညီပေးနိုင်နေသည်။ marksman ကလည်း နောက်ပိုင်းမှ တိုက်ခိုက်နိုင်စွမ်းအား ရှိသောသူ ဖြစ်နေပြန်သည်။ ထို့အပြင် အလယ်လမ်းမှ ဟီးရိုးက တိုက်ခိုက်စွမ်းအား အများအပြားကို ကုန်ဆုံးစေပေလိမ့်မည်။ ထို့အပြင် သူကလည်း အားနည်းလွန်းပြန်သည်။

"သောက်ကျိုးနည်း ဒီအသင်းရဲ့ Colpကို ဘယ်သူကများ စီမံခန့်ခွဲထားတာလဲ"

ရှဲ့ယွီက အော်သည်။

"ငါတို့က တကယ့် ပါရမီရှင်ကြီးတွေနဲ့များ ရင်ဆိုင်ရတော့မှာလား.."

သူ၏ Streaming ခန်းမှ ကြည့်ရှုသူများကလည်း "LMA mo" တုံ့ပြန်မှု meme များနှင့် emoji များကို သုံးရာတွင် အလွန်ကျော်ကြားသည်။ လူတိုင်းကလည်း ချက်ချင်းလိုလို ကိုယ်ပိုင်အပြစ်တင်သော နည်းလမ်းပေါင်းများစွာနှင့် လိုင်းအပ်ကို ပြောဆိုကြတော့သည်။

အနီရောင်အသင်းက နောက်ဆုံးနေရာကို ဖြည့်ရန် လိုအပ်သည်။ ဒါက သူတို့၏ အပေါ်လမ်းကစားသမား ဖြစ်သည်။ ငါးယောက်မြောက် ကစားသမားက ချောမွေ့စွာဖြင် ဂိမ်းတွင် ခုခံစွမ်းအားအမြင့်ဆုံး ဟီးရိုးကို ရွေးချယ်လိုက်သည်။ ကစားသမားအများစုက ထိုဟီးရိုးကို အသားဒိုင်း Tank ဒယ်ဒီဟု ခေါ်သည်။

ဂိမ်းက စတင်လေပြီ။

အနီဘက်ခြမ်း: အပေါ်လမ်းက တော်ဝင်သူရဲကောင်း၊ တောထဲက ခိုးကြောင်ခိုးဝှက်လူထွားကြီး၊ အလယ်လမ်းက ပုံရိပ်ယောင်ပညာရှင်၊ အထောက်အပံ့အနေနဲ့ တောအုပ်သံတမန် ရှိမယ်။ ဒီလိုဆိုရင် သူတို့ရဲ့ marksman က နတ်ဘုရားစနိုက်ပါပဲ။

အပြာဘက်ခြမ်းက: အပေါ်လမ်းက လူရမ်းကား၊ တောထဲမှာ လူမိုက်၊ အလယ်လမ်းက အသူရာအရှင်သခင်၊ သူတို့ရဲ့အထောက်အပံ့က ကောင်းချီးဘုန်းတော်ကြီးနဲ့ marksman ကတော့ နတ်ဘုရားလေးသည်တော်..

အနီသင်း၏ လိုင်းအပ်က ယေဘူယျကျကျ ပြောရသော် အဆင့်တက် ပြိုင်ပွဲများအတွက် အလွန်အဆင်ပြေသော လိုင်းအပ် ဖြစ်သည်။ အပေါ်လမ်းတွင် Tank ရှိနေပြီး အထောက်အပံ့ကလည်း ဟီလာ ဖြစ်နေသေးသည်။ သူတို့ရဲ့ ဂျန်ဂဲလာနှင့် အလယ်လမ်းကစားသူကလည်း လျင်မြန်စွာ လှုပ်ရှားတုံ့ပြန်နိုင်သူများ ဖြစ်ကြပြီး သူတို့၏ marksman တိုက်ခိုက်မှုကလည်း ပေါက်ကွဲလွယ်သည်။ ထိုသို့ဖြင့် သူတို့အခြေစိုက်စခန်းများကို ကာကွယ်ပေးထားနိုင်ပေလိမ့်မည်။

အပြာသင်းအတွက်ကတော့..

အမြောက်စာ ဇာတ်ရံငါးယောက်လို့ ပြောရမလား။

တကယ်ကြီးလား။

သူတို့ကြားမှ အုပ်စုလိုက် ထိန်းချုပ်နိုင်စွမ်းအင်များစွာ ရှိသော်လည်း ပြဿနာက...

ငါးယောက်လုံးက ရန်သူရဲ့တော်ဝင်သူရဲကောင်းကို သတ်နိုင်မှာတဲ့လား။ တကယ်လို့ သူတို့ သတ်နိုင်ရင်တောင်မှ သူတို့ အားလုံးပေါင်းပြီး သူ့ကို ရင်ဆိုင်ရမယ် မဟုတ်လား။

ယဲ့ရှောင်းယန်၏ Streaming အခန်းထဲတွင် ကြည့်ရှုသူများက စတင်ပြီး သံသယဝင်သော အတွေးများကို ဖော်ပြလာကြသည်။

[ရှောင်ပိုင်က နောက်ပိုင်းဂိမ်းအထိ ရောက်အောင် အချိန်ဆွဲဖို့ စဉ်းစားထားတာလား]

[သူတို့အသင်းရဲ့ Colp က တစ်ရှူးလိုပဲ အရမ်းကို အားနည်းလွန်းနေတယ်။ ဒီအသင်းတိုက်ပွဲထဲမှာ ဘယ်သူမဆို ထိမိတာနဲ့ သေသွားလောက်တယ်]

[ဒါပေမဲ့ ရှောင်ပိုင်မှာလည်း အကြံအစည် တစ်ခု ရှိမှာပေါ့။ သူတို့လိုင်းအပ်က လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ကြတယ်။ ဒါက အတော်လေး အဆင်ပြေတဲ့ အချက်ပဲ]

[လူတွေကို ကြုံရာ လျှောက်အမိန့်ပေးမနေနဲ့ Host အသင်းတိုက်ပွဲတွေမှာ ပျက်စီးဆုံးရှုံးမှု ဒဏ်ခံနိုင်အောင် Tank ကို လိုအပ်တယ်။ ဥပမာ အပေါ်လမ်းကစားသမား လူရမ်းကားက ဒါကို မကိုင်တွယ်နိုင်ဘူး]

[နတ်ဘုရားငါး အခန်းထဲက ထွက်လာရုံပဲ ရှိသေးတယ်။ ဒီလို အသစ်ကလေးတွေ ဒုက္ခရောက်မှာကို တကယ် မမြင်နိုင်တော့ဘူး ဟား ဟား ဟား]

ယဲ့ရှောင်းယန်ကမူ သူတို့ကို ရှည်ရှည်ဝေးဝေး ရှင်းပြမနေချေ။ MBOA ဗျူဟာများက ဂိမ်းထားထဲတွင် အပြောင်းအလဲများစွာ လုပ်ရခြင်း ဖြစ်သည်။ ယဲ့ရှောင်းယန်က ထိုဟီးရိုးများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ အားလုံးကို မှတ်သားထားပြီးသား ဖြစ်သည်။

သူက မည်သည့်ဟီးရိုးက မည်သည့်နေရာတွင် မည်သို့ ကစားနိုင်ကြောင်းကိုလည်း နားလည်ထားပြီးသား ဖြစ်သည်။ အသင်း၏ Colp အတွက် သူက ပန်းတိုင်တစ်ခုတည်းကို ရည်ရွယ်ကာ ဖော်ပြထားခြင်း ဖြစ်သည်။ ဒါက ရန်သူ၏ အလယ်လမ်းကစားသမားနှင့် ဂျန်ဂဲလာကို ရင်ဆိုင်ရန် ဖြစ်သည်။ ရန်သူ့မှာ ဖျက်ဆီးနိုင်တဲ့စွမ်းအင် အပြည့် ရှိနေတော့ရော ဘာဖြစ်လဲ။ အဲတော့ ဘာဖြစ်လဲ..။

ယဲ့ရှောင်းယန်၏ အသင်းက လျင်မြန်စွာဖြင့် တုံ့ပြန်နိုင်ကြသည်။ သူတို့၏ဟီးရိုးများအားလုံးကို အဖွဲ့လိုက် ထိန်းချုပ်သည့် စွမ်းအင်ဖြင့် အစားထိုးနိုင်စွမ်း ရှိနေသေးပြီး ကောင်းချီးဘုန်းတော်ကြီးကလည်း ပြိုင်ဘက်အသင်း၏ အရှိန်နှုန်းကို ရပ်တန့်သွားအောင် Buff ကို အသုံးပြုနိုင်သည်။ သူတို့၏ ရန်သူက သိပ်မကြာခင် ဒါကို သတိထားမိပေလိမ့်မည်။ သူတို့ကသာ ယဲ့ရှောင်းယန်တို့ဘက်ကို အသင်းတိုက်ပွဲအတောအတွင်း အပြတ်မရှင်းနိုင်လျှင် နောက်ပိုင်းတွင် လိုက်မီနိုင်တော့မည် မဟုတ်ချေ။

သူတို့ကသာ အပြတ်မရှင်းနိုင်ခဲ့လျှင် သူတို့ အသတ်မခံရလျှင်ပင် ရွေ့လျားနိုင်တော့မည် မဟုတ်တော့ချေ။ မည်သည့်ဂိမ်းတွင်မဆို ထိုအခြေအနေက ကြောက်စရာကောင်းသည်။

စစ်နတ်ဘုရားမှ ကြိုဆိုပါတယ်။

ရင်းနှီးကျွမ်းဝင်သော စနစ်မှ အသံက ထွက်လာသည်နှင့် ဂိမ်းက စတင်သည်။

ယဲ့ရှောင်းယန်က ချက်ချင်းလိုလို သူတို့၏မြေပုံဘက်ခြမ်းမှ တောအုပ်ဘက်သို့ အမှတ်အသားပြုလိုက်သည်။

အပေါ်လမ်းကစားသမား၊ အလယ်လမ်းကစားသမား၊ အထောက်အပံ့၊ ဂျန်ဂဲလာတို့ အားလုံးက ထိုနေရာတွင် ရှိနေကြပြီး အပြာရောင်Buff အနားသို့ လာရောက်ကာ ခြုံခိုတိုက်ခိုက်မည့် အချိန်ကို စောင့်နေကြသည်။ သူတို့၏ သေနတ်သမားကသာ အောက်လမ်းသို့ သွားပြီး ရန်သူ့ဘက်မှ မီနီယမ်များကို စောင့်ဆိုင်းနေသည်။ ချင်ရွေ့ကလည်း ကျွမ်းကျင်စွာဖြင့် မြစ်ဘေးနားတွင် အဆောင်တစ်ခု ချကာ ပုန်းနေလိုက်သည်။ သူတို့က ဂိမ်းထဲသို့ ဝင်ရောက်ပြီး စက္ကန့်သုံးဆယ် ကြာပြီးနောက် အပြာရောင် Buff က ပေါ်ထွက်လာသည်။

ဆန့်ကျင်ဘက်အသင်းမှ ဂျန်ဂဲလာ ခိုးကြောင်ခိုးဝှက်လူထွားကြီးက ကိုယ်ဖျောက်စွမ်းရည်ကို ထုတ်သုံးထားသည်။ သူက ရန်သူတောအုပ်ထဲသို့ ခိုးဝင်ပြီး အပြာရောင် Buff ကို ခိုးရန် ကြိုးစားရဲသည်။ သူက တောအုပ်ထဲတွင် ခိုးရာမှ ထွက်လာပြီးနောက် တစ်ဖက်မှ လူမိုက်က အပြာရောင် Buff ချပေးမည့် မကောင်းဆိုးဝါးကို ခုတ်ပိုင်းသတ်ဖြတ်လိုက်ကြောင်း မြင်လိုက်ရသည်။ ဂျန်ဂဲလာများထဲတွင် ထိုလူမိုက်က တိုက်ခိုက်စွမ်းအား အနိမ့်ဆုံး ဖြစ်သည်။ ထိုဟီးရိုးက တစ်ဖက်မှ အပြာရောင် Buff မကောင်းဆိုးဝါး၏ HPကို တစ်ဝက်ထိ လျော့ကျအောင် လုပ်ရန်ပင် အချိန်အတော်ကြာပေလိမ့်မည်။

အခုက တိုက်ခိုက်ရမဲ့ အချိန်ပဲ။

ထို ခိုးကြောင်ခိုးဝှက်လူထွားက ရုတ်တရက် တောထဲမှ ထွက်လာပြီးနောက် အပြာရောင် Buff ကို ခိုးလုရန် ကြိုးစားလိုက်သည်။ သို့သော် ထိုလူထွားက ထိုအပြာရောင် Buff ကို ယူတော့မည့် အချိန်တွင် လူရမ်းကားက ရုတ်တရက် သစ်တော၏ အခြားတစ်ဖက်ခြမ်းတွင် ပေါ်လာပြီးနောက် ကြီးမားသော ဓားကြီးဖြင့် အောက်သို့ ခုတ်ပိုင်းလွဲယမ်းလိုက်သည်။

ကြီးမားသော ဓားသွားကြီးက အောက်သို့ ခပ်ကြမ်းကြမ်း ခုတ်လိုက်ပြီးနောက်တွင် ခိုးကြောင်ခိုးဝှက်လူထွား၏ ခေါင်းကို ဖြတ်လိုက်သည်။ ထိုလူထွားကြီးက မှင်တက်သွားသည်။ သူ၏HPကလည်း အများအပြား လျော့ကျသွားကြောင်း မြင်လိုက်ရလေသည်။ ချင်ရွေ့က သူ့ကောကောကို သူ၏ Qskill ဖြင့် ထောက်ပံ့ပေးထားပြီး တိုက်ခိုက်စွမ်းအားကို မြင့်တင်သွားစေသည်။ ယဲ့ရှောင်းယန်က ထိုအခွင့်အရေးကို ယူပြီးနောက် ရုတ်တရက် ထွက်ပေါ်လာကာ ရန်သူ၏ခေါင်းကို သိမ်းသည်။

First Blood

အသူရာအရှင်သခင်က First Blood ကို ယူသွားလေပြီ။ ယဲ့ရှောင်းယန်၏ အခြားသော အသင်းဖော်များ အားလုံးကလည်း ထိုKillကို ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် ရွှေရောင်စကားများ ဆိုလာကြသည်။

ရှဲ့ယွီက ကျိန်ဆဲလိုက်သည်။

"သေစမ်း ငါ့ဂျန်ဂဲလာက ဘာဖြစ်နေတာလဲ။ အရင်ထွက်ပြီး အပြာရောင် Buff ကိုတောင် သွားခိုးနေသေးတယ်။ သူက သူ့ခေါင်းကို အလကား သွားပေးနေတာ မဟုတ်ဘူးလား"

သူက မျက်မှောင်ကြုတ်ပြီးနောက် အလယ်လမ်းသို့ မီနီယမ်အနည်းငယ်နှင့် သွားလိုက်ပြီးနောက်တွင် ရန်သူ၏ အလယ်လမ်းကစားသမားကို ခုန်ကျော် တိုက်ခိုက်နိုင်ရန် အလို့ငှာ မျှော်လင့်ပြီး သစ်တောထဲသို့ ခေါ်သွားလိုက်သ်ည။ သို့ရာတွင် သူ၏ပြိုင်ဘက်က အလွန်သတိထားလွန်းသည်။ အသူရာအရှင်သခင်က တောထဲသို့ပင် ဖြတ်လျှောက်မလာခဲ့ချေ။ ထိုအစား သူက တောထဲမှ ထွက်ခွာသွားပြီး အနီးအနားရှိ မျှော်စင်ထံသို့ ဦးတည်သည်။

ရှဲ့ယွီ၏ စောင့်ဆိုင်းမှုက အဓိပ္ပာယ်မဲ့သွားသည်။ သူက နောက်ပြန် လှည့်ကြည့်လိုက်ပြီး နောက်တွင် ဆက်လက်ပြီး အကျိုးအမြတ်များကို သိမ်းဆည်းရန် ကြိုးစားလေတော့သည်။

နှစ်ဖက်လုံးက ငြိမ်းချမ်းစွာဖြင့် အဆင့်တက်နေခဲ့သည်။ သုံးမိနစ် ကြာပြီးနောက် အောက်လမ်းမှ ကြေညာချက် ထွက်လာသည်။

မာမာ (နတ်ဘုရားစနိုက်ပါ) က လူအ (နတ်ဘုရားလေးသည်တော်) ကို သတ်လိုက်ပြီ။

ယဲ့ရှောင်းယန်က အောက်လမ်းဆီသို့ ကြည့်လိုက်ပြီးနောက် လျင်မြန်စွာဖြင့် အသင်း၏ ချက်ခန်းမှ သတိပေးလိုက်သည်။

[အောက်လမ်းက marksman မျှော်စင်က မထွက်နဲ့၊ marksmanနဲ့ အထောက်အပံ့က တခြားဖက်မှာ နှစ်ယောက် ပေါင်းထားတယ်။ ဒီတော့ မင်းက တစ်ယောက်နှစ်ယောက် ယှဉ်ပြိုင်ရလိမ့်မယ်။ ဒါက အန္တရာယ်များတယ်]

လူအက ရှက်သွားသည်။ သူက ပြန်ဖြေသည်။

[ငါ မကောင်းတာပါ။ ငါက Health ကျသွားတာကို မြင်တော့ လောဘကြီးသွားခဲ့တာ။ သူတို့က ငါ သူ့ကို မရခင်မှာတင် သတ်လိုက်ကြတာ]

ယဲ့ရှောင်းယန်က နှစ်သိမ့်ပေးသည်။

[အဆင်ပြေပါတယ်။ အာရုံပဲ စိုက်ထား။ နောက်ကျရင် ငါတို့ အထောက်အပံ့က မင်းကို ကူပြီး ခေါ်ပေးလိမ့်မယ်]

ထို့နောက် တစ်ယောက် တစ်ယောက်ဆီ ရင်ဆိုင်ရသော အချိန်က ရောက်လာသည်။ one kill ယူရာတွင် ယဲ့ရှောင်းယန်က အချိန်တစ်ခု ကြာသည်အထိ ရွှေရောင်ခေါင်းစီးပိုင်းဖြင့် ဦးဆောင်နေခဲ့သည်။

သေချာစွာဖြင့် သိပ်မကြာခင်တွင် ဂျန်ဂဲလာနှစ်ယောက်လုံးက အဆင့်ခြောက်သို့ ရောက်သွားပြီး စတင်ကာ Gank တော့်သည်။ (ဂရန့် တယ်။ ဆိုတာက ဂိမ်းအသုံးအနှုန်းအရ လုပ်ကြံသတ်ဖြတ်ဖို့ ချောင်းတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်) ရန်သူ ဂျန်ဂဲလာက အောက်လမ်းသို့ ဒုန်းစိုင်းဆင်းလာသည်။ ယဲ့ရှောင်းယန်ဘက်မှ marksman က သတိထားသော်လည်း ပြိုင်ဘက်ကမူ အားနည်းသော ဟီလာ ဖြစ်နေခဲ့သည်။ ထိုအချက်ကတင် ပြိုင်ဘက်ကို မျှော်စင်မှ ပျက်စီးစွမ်းအင်များကို အားဖြည့်ပေးနိုင်စွမ်း ရှိလာခဲ့သည်။ နောက်ထပ် Kill တစ်ခုကို တောင်းဆိုလိုက်သလို ဖြစ်သွားသည်။

မာမာ(နတ်ဘုရားစနိုက်ပါ) က လူအ (နတ်ဘုရားလေးသည်တော်) ကိုသတ်လိုက်သည်။

ရန်သူ၏ marksmanက secound kill ရသွားသည်။ ယဲ့ရှောင်းယန်၏ marksman ကမူ သေဆုံးမှုများကြောင့် ရူးသွပ်တော့မလို ဖြစ်လာသည်။ သူက ချက်ခန်းထဲတွင် တောက်လျှောက်စာများ ပို့နေသည်။ ယဲ့ရှောင်းယန်က မှန်ကန်သော ဆုံးဖြတ်ချက် ချလိုက်သည်။

"ရှောင်ရွေ့ အောက်လမ်းကို သွားပြီး ကူညီလိုက်"

ချင်ရွေ့က ချက်ချင်းလိုလို အောက်လမ်းသို့ နာခံစွာဖြင့် သွားသည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန်နှင့် ရှဲ့ယွီက အလယ်လမ်းတွင် one by one ဖြစ်သွားသည်။ ရှဲ့ယွီက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

"အဲဒီစိတ်ရှုပ်စရာကောင်းတဲ့ အထောက်အပံ့က ထွက်သွားပြီ ငါ ဒီကောင့်ကို solo kill သတ်ပြီး အဆင့်ခြောက် ဘယ်လို ရအောင် ယူမလဲ ကြည့်နေ"

မှော်ဆရာများထဲတွင် ပုံရိပ်ယောင် ပညာရှင်က အစောပိုင်းဂိမ်းများထဲတွင် အပျက်အစီးစွမ်းအား အမြင့်မားဆုံး ရအောင် လုပ်နိုင်သော ဟီးရိုးများထဲမှ တစ်ကောင်ဖြစ်သည်။ သူက သူ၏Skill တစ်ခုတည်းဖြင့် ပြိုင်ဘက်မှ ဖန်သားလို ကွဲအက်နိုင်သော အရံကို သတ်ဖြတ်နိုင်လေသည်။

ယဲ့ရှောင်းယန်က တိုက်ဆိုင်စွာဖြင့် ထိုဟီးရိုးကိုလည်း ဝယ်ထားပြီး ဂိမ်းတွင်လည်း သူ ကစားကြည့်ထားဖူးသည်။ ထို့အတွက်ကြောင့် ထိုဟီးရိုး၏ လုပ်နိုင်စွမ်းအားကို သိနေသည်။ ထို့ကြောင့် ရှောင်ရွေ့က အောက်လမ်းသို့ ထွက်သွားသည်နှင့် ယဲ့ရှောင်းယန်က သူ၏မီနီယမ်များ နောက်သို့ ဆုတ်သည်။ သေချာစွာဖြင့်ပင် မှော်ဆရာနှစ်ဖက်လုံးက တောက်ပလာပြီး အဆင့်ခြောက်သို့ ရောက်သွားသည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန်၏ မျက်လုံးထဲသို့ အလင်းတန်းများက တောက်ပလာသည်။

ဝေဝါးသော ခရမ်းရောင်အလင်းတန်းများ၏ အောက်တွင် မြူကဲ့သို့သော အလင်းရောင်များက သူ၏ခန္ဓာကိုယ်ကို မြွေကဲ့သို့ ဝိုင်းပတ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဆူးချွန်များက သူ့ကို ထိုးစိုက်လာခြင်းအားဖြင့် သူ၏ HPကို လျော့အောင် လုပ်သည်။ သူ့အတွက် HP အနည်းငယ်သာ ကျန်ရစ်တော့သည်။

အသူရာအရှင်သခင်က ချိန်းခြောက်ခံရသော အခြေအနေမျိုးတွင် ဖြစ်နေကြောင်း မြင်သောအခါ ရှဲ့ယွီက သတ်ဖြတ်ရန် ကြံစည်သည်။ ယဲ့ရှောင်းယန်ကလည်း သူ၏skillကို သုံးပြီးနောက် သူ၏ အရိပ်များထဲမှ တစ်ခုကို လွှတ်လိုက်ကာ လူစားထိုးလာသည်။ ထို့နောက် ချက်ချင်းလိုလို သူ့ကိုယ်သူ အရံအတားတစ်ခုသို့ နေရာရွေ့ပြောင်းလိုက်ပြီး အားဖြင့် သူ့HPကို ထိန်းထားလိုက်သည်။ ထိုမြင်ကွင်းက ကြည့်ရှုသူများကို ချွေးစေးပျံသွားစေသည်။ ပုံရိပ်ယောင်ပညာရှင်က Killကို ရတော့မည်နှင့် တူသည်။ အသူရာအရှင်သခင်ကမူ နောက်ဆုံးကျန်သော သွေးတစ်စက်ဖြင့် လွှတ်မြောက်သွားလေသည်။

ရှဲ့ယွီကမူ ကျိန်ဆဲချင်သွားသည်။

"ဖာ့ခ်.. ဘာKill မှ မရဘူးလား။ ဒီကောင်က လှည့်စားနေတာလား"

နံရံမှ ချော်ထွက်ပြီး လွှတ်မြောက်သွားပြီးနောက် ယဲ့ရှောင်းယန်က အခြေစိုက်စခန်းသို့ ပြန်ကာ ကုသည်။

သူက သူ၏ မီနီယမ်များကို တစ်ဖန် ပြန်သယ်လာသည်။ သူက အလဲထိုးခံရပြီး အခြေစိုက်စခန်းသို့ ပြန်ဆုတ်ခဲ့ရသည့်တိုင် သူ့အင်အားက မရှုံးသွားခဲ့ချေ။ အလယ်လမ်းကစားသမားနှစ်ယောက်လုံးက ဆက်လက်ပြီး တိုက်ခိုက်နေကြသေးသည်။ ပထမတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် နှစ်ဖက်မှ ဂျန်ဂဲလာများကလည်း သူတို့၏ အလယ်လမ်းကစားသမားများကို လာကူကြသည်။ ရှဲ့ယွီက ဒီအခွင့်အရေးကို စောင့်ပြီးနောက် ဂျန်ဂဲလာ၏ အားဖြည့်ပေးမှုနှင့်အတူ 2 vs 2 တိုက်ပွဲကို ဆင်နွဲသည်။ ယဲ့ရှောင်းယန်က တစ်ဖန် ထပ်ပြီး အနည်းငယ်သာ ကျန်ရစ်သော HPနှင့်အတူ ထွက်ပြေးပြန်သည်။ သို့သော် သတိလက်လွှတ် နေရာချထားပေးမှုကြောင့် သူ၏ ဂျန်ဂဲလာက ရန်သူ ပုံရိပ်ယောင်ပညာရှင်၏ ရိတ်သိမ်းခံလိုက်ရပြန်သည်။

အစ်ကိုငါး (ပုံရိပ်ယောင်ပညာရှင်) က ငါက ဂျန်ဂဲလာပဲ ကစားတယ် (လူရမ်းကား) ကို သတ်လိုက်ပြီ။

ထိုစာပေါ်လာသည်နှင့် အစ်ကိုငါး၏ Streamခန်းထဲတွင် 666 များက ရူးသွပ်မတတ် ပေါ်လာသည်။ ထို 2 vs 2 ပွဲတွင် အစ်ကိုငါးက နိုင်သွားသည်။ ကံဆိုးစွာဖြင့် အသူရာအရှင်သခင်က နောက်ဆုံးကျန်သော သွေးဖြင့် လွှတ်မြောက်သွားပြန်သည်။

ရှဲ့ယွီက မျက်ခုံးပင့်လိုက်သည်။ ထို့နောက် ရယ်သည်။

"သူ ထွက်ပြေး သွားပြန်ပြီ။ မဟုတ်ရင် Double Kill ဖြစ်မှာပဲ"

ယဲ့ရှောင်းယန်က အလယ်လမ်းသို့ ပြန်ပြီးနောက် သတိပေးချက်တစ်ခုကို ထုတ်လိုက်သည်။

{ဂျန်ဂဲလာ အောက်လမ်းကို သွားကူလိုက်.. ငါ အလယ်လမ်းမှာ တစ်ယောက်တည်း ဖြစ်တယ်]

ဂျန်ဂဲလာက ချက်ချင်းလိုလို အောက်လမ်းသို့ သွားလိုက်သည်။

ရန်သူ ဂျန်ဂဲလာကလည်း အောက်ခြေလမ်းသို့ ဆင်းလာသည်နှင့် ဆုံသွားပြီး 3 vs 3 ပွဲက စတင်သည်။ ယဲ့ရှောင်းယန်၏ဘက်မှ ကစားသမားသုံးယောက် အားနည်းနေသည်။ သူတို့က သူတို့ဘက်တွင် လုံလောက်သော DPS က ရှိမနေခဲ့ချေ။ ရန်သူဘက်တွင် ဟီလာ ရှိနေသည်။ တစ်ဖန်ထပ်ပြီး သူတို့က ရှုံးသွားပြန်သည်။

မာမား(နတ်ဘုရားစနိုက်ပါ) က ငါက ဂျန်ဂဲလာပဲ ကစားတယ် (လူရမ်းကား) ကို သတ်လိုက်ပြီ။

ရန်သူmarksman က Three Kill ရသွားလေပြီ။ ထို့ကြောင့် ရွှေစကားလုံးဖြင့် ဆက်တိုက် ဦးဆောင်နေသည်ဟု ဆို၍ ရသည်။ ယဲ့ရှောင်းယန်၏ ဘက်မှ ဂျန်ဂဲလာကမူ နှစ်ကြိမ်ဆက်တိုက် အောင်မြင်စွာဖြင့် အသတ်ခံလိုက်ရသည်။ သို့တိုင်အောင် သူ၏စိတ်ကမူ ကွဲအက်သွားရပြီ။

ငါက ဂျန်ဂဲလာပဲ ကစားတယ်: [မေ့လိုက်တော့.. ငါ သူတို့ရဲ့ ဂျန်ဂဲလာကို မနိုင်ဘူး]

ငါက ဂျန်ဂဲလာပဲ ကစားတယ်: [ငါ အပေါ်ပိုင်း တောထဲက အရင်းအမြစ်တွေကို မင်းအတွက် ချန်ထားပေးခဲ့လိုက်မယ်။ ဒီပွဲမှာ‌တော့ မဟာနတ်ဘုရားကိုပဲ မှီခိုတော့မယ်]

ရှောင်ပိုင် [ကျေးဇူးပါပဲ။ အားလုံးပဲ စိတ်တည်တည်ငြိမ်ငြိမ် ထားကြပါ]

ထိုသို့ဖြင့် Heat Count က 1-4 အထိ ရောက်သွားလေပြီ။ အချိန်တိုအတောအတွင်း အောက်လမ်း၏ အပြင်ဘက် မျှော်စင်က ဖျက်ဆီးခံလိုက်ရသည်။

ယဲ့ရှောင်းယန်၏ အဖွဲ့က အားနည်းသော ဘက်လေလေ လူအများစု၏ တိုက်ခိုက်လိုစိတ်က လျော့ကျနေလေပြီ။ သူတို့၏ အောက်လမ်းက ယဲ့ရှောင်းယန် မျှော်လင့်ထားသည့်အတိုင်း အနည်းနှင့်အမြန် ပြိုကျသွားတော့မည် ဖြစ်သည်။ သေနတ်သမားနှင့် ဂျန်ဂဲလာကလည်း အဆင့်မြင့်ကစားသမားများ မဟုတ်ကြချေ။ ယဲ့ရှောင်းယန်က စာရိုက်လိုက်သည်။

[မစိုးရိမ်နဲ့ ငါတို့ နောက်ပိုင်း ဂိမ်းအထိ အချိန်ဆွဲထားလို့ ရသေးတယ်]

ဂိမ်းက ကိုးမိနစ်အထိ ကြာပြီးနောက် ရန်သူဘက်မှ အလယ်လမ်းကစားသမားက ရုတ်တရက် အောက်လမ်းသို့ အထောက်အပံ့ ဘေးသို့ ခုန်ဆင်းလာသည်။ နောက်ထပ် အသင်းတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ချိန်တွင် ယဲ့ရှောင်းယန်၏ marksman နှင့် အထောက်အပံ့က အသတ်ခံလိုက်ရပြန်သည်။ ပုံရိပ်ယောင်ပညာရှင်က သူတို့၏ခေါင်းကို ယူသွားသည်။

အစ်ကိုငါး (ပုံရိပ်ယောင်ပညာရှင်) က ရှောင်ရွေ့ (ကောင်းချီးဘုန်းတော်ကြီး) ကို သတ်လိုက်ပြီ။

အစ်ကိုငါး (ပုံရိပ်ယောင်ပညာရှင်) က လူအ (နတ်ဘုရားလေးသည်တော်) ကို သတ်လိုက်ပြီ။

ရှဲ့ယွီ၏ စိတ်အခြေအနေက ပိုကောင်းသည်ထက် ကောင်းလာသည်။ သူက ရယ်ပြီးနောက် ကြည့်ရှုသူများကို ပြောသည်။

"အာ ဒီပွဲကို လွယ်လွယ်ကူကူ နိုင်မယ်လို့ မထင်ထားဘူး။ ရန်သူရဲ့ marksman က တော်တော်လေးကို ဆိုးရွားတာပဲ။ သူတို့ရဲ့ အထောက်အပံ့ရဲ့ စကေးကလည်း အများဆုံးမှ ရွှေအဆင့်လောက်ပဲ ရှိမယ်။ ဒီတော့ ဘုရင်အဆင့်ကို ရောက်ဖို့ အသယ်ခံလာရတာပဲ ဖြစ်လောက်တယ်"

သူက အင်ဖိုစာရင်းကို ဖွင့်ပြီးနောက်တွင် နှစ်ဖက်အသင်း၏ အခြေအနေများကို စစ်ဆေးလိုက်သည်။ လက်ရှိအချိန်တွင် သူ၏ကိုယ်ပိုင်killက 3/0/0 ဖြစ်နေသည်။ ပြိုင်ဘက်မှ အလယ်လမ်းကစားသမားက 1/0/0 ဖြစ်နေသေးသည်။ ထိုအရေအတွက်အရ ရှဲ့ယွီက တစ်ဖက်ထက် အပြတ်အသတ် သာနေသည်။ သို့ရာတွင် သူက တစ်ဖက်မှ အလယ်လမ်းကစားသမား၏ ရွှေရောင်စကားလုံးများကို မြင်သောအခါ ရုတ်တရက် သူ၏မောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်မိသွားပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။

ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာလို့ ရန်သူရဲ့ အလယ်လမ်းကစားသမားက Gold Count က သူနဲ့ တူညီလုနီးပါး ဖြစ်နေတာလဲ။

သူက ရန်သူကို HP ကျသွားအောင် နှစ်ကြိမ် လုပ်နိုင်ခဲ့သည်။ ထို့နောက် အခြေစိုက်စခန်းသို့ ပြန်အောင်လည်း မောင်းထုတ်နိုင်ခဲ့သေးလေသည်။ ထို့အပြင် သူက အောက်လမ်းမှလည်း Double Kill ပင် ရခဲ့သေးသည်။ ထိုအခြေအနေတွင် ရှဲ့ယွီက ရုတ်တရက် အသူရာအရှင်သခင်က သူ့ရှေ့တွင် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ဟီးရိုး၏ တစ်ကိုယ်လုံးကို အပြာရောင် Buff အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။

"သေစမ်း သူက တောထဲက အရင်းအမြစ်တွေ အကုန်လုံးကို စားလိုက်တာလား"

ရှဲ့ယွီက တအံ့တဩ အော်သည်။

ထိုဟီးရိုးနှင့်သူ ဆယ်ပွဲထက် မနည်း ကစားဖူးသော ရှဲ့ယွီကလည်း အသူရာအရှင်သခင်က နောက်ပိုင်းဂိမ်းများတွင် မည်မျှ အင်အားကြီးကြောင်း သိထားသည်။ ထိုသို့ဖြင့် သူက ကျောစိမ့်တက်သွားသည်။ သူက ချက်ချင်းလိုလို အသင်းချက်သို့ စာရိုက်ပို့လိုက်သည်။

[သူတို့က နောက်ပိုင်းအထိ ဂိမ်းကို အချိန်ဆွဲချင်နေတာ သူတို့ကို အချိန်ဆွဲခွင့် မပေးနဲ့။ အလယ်လမ်းကနေ တိုက်ခိုက်ပြီး ဒီပွဲကို အဆုံးသတ်ရအောင် အခုပဲ အခုပဲ]

သူ၏ အသင်းဖော်များက ထိုစကားကို မြင်သောအခါ ချက်ချင်းလိုလို အလယ်လမ်းသို့ ရောက်ရှိလာသည်။ ယဲ့ရှောင်းယန်ကလည်း သူ၏အသင်းဖော်များကို အချက်ပြသည်။ သူတို့အားလုံးကလည်း အလယ်လမ်းသို့ ရောက်လာသည်။ ထိုသို့ဖြင့် ဂိမ်းက ၁၁မိနစ်ခန့် ကြာသွားပြီးနောက် ပထမဆုံး 5 vs 5 အသင်းတိုက်ပွဲက စတင်လေပြီ။ 

ZawGyi

အခန္း(၁၀)

ရွဲ႕ယြီ၏အမူအရာက အေတာ္ေလး အက်ည္းတန္သြားသည္။

သူက တစ္ေန႔လုံးနီးပါး ကစားေနခဲ့ၿပီး အသူရာအရွင္သခင္ကို အဘန္းခံရျခင္း သို႔မဟုတ္ အျခားသူက ႀကိဳေ႐ြးသြားေသာ အေျခအေနမ်ိဳးကို ပထမဆုံးအႀကိမ္ ႀကဳံရျခင္း မဟုတ္ေခ်။ သို႔ေသာ္ သည္တစ္ႀကိမ္တြင္ ၿပိဳင္ဘက္၏ [အသူရာအရွင္သခင္] ကို အဓိကယူထားေသာသူက ထိုဟီ႐ိုးျဖင့္ ေနရွင္နယ္လီဒါဘုတ္သို႔ တက္မည္ဟု ႀကံ႐ြယ္ထားသူ ျဖစ္ၿပီး သူ၏ၿပိဳင္ဘက္ကလည္း ေတာက္ေလွ်ာက္နာမည္ႀကီးလာသည့္ Streamer အသစ္ေလး ျဖစ္ေနေသးသည္။

ရွဲ႕ယြီအေနျဖင့္ အသူရာအရွင္သခင္ကို သုံးၿပီး တစ္ဖက္ၿပိဳင္ဘက္ကို လူတိုင္း၏အေရွ႕တြင္ သင္ခန္းစာေပးခ်င္သည္။ သို႔ေသာ္ ၿပိဳင္ဘက္က ထိုဟီး႐ိုးကို သူ႔ထက္အရင္ ယူသြားသည္။ ရွဲ႕ယြီက အထင္တေသး ရယ္လိုက္သည္။

"ေကာင္းၿပီေလ ေသခ်ာတာေပါ့ ငါကလည္း ငါ့ရဲ႕ အေတာ္ဆုံး ဟီး႐ိုးကို သုံးၿပီး မင္းရဲ႕ အသူရာအရွင္သခင္ကို အႏိုင္ယူေပးမယ္"

သူက ထိုသို႔ျဖင့္ ဂိမ္းထဲမွ ေ႐ြးခ်ယ္ရမည့္ အလွည့္တြင္ ပုံရိပ္ေယာင္ပညာရွင္ကို ေ႐ြးခ်ယ္လိုက္သည္။

Streaming အခန္းထဲမွ စကားေျပာခန္းက ပို၍ စိတ္လႈပ္ရွားလာၾကသည္။

[အစ္ကိုငါးရဲ႕ ေက်ာ္ၾကားတဲ့ ပုံရိပ္ေယာင္ပညာရွင္ကို သုံးၿပီး ကစားေတာ့မွာလား။ အစ္ကိုငါးကေတာ့ အေလးထားေနၿပီနဲ႔ တူတယ္]

[ပုံရိပ္ေယာင္ပညာရွင္က အေစာပိုင္းဂိမ္းမွာဆို သိပ္ကို အင္အားႀကီးတာ။ အစ္ကိုငါးက အဲဒီေကာင္ကို ဆိုလို (Solo)ခင္းမယ္လို႔ ငါထင္တယ္]

[ဂိုး ဂိုး ဂိုး.. နတ္ဘုရားငါးေရ First Blood ကို ယူလိုက္ေတာ့]

[ငါ ငါးနတ္ဘုရားကို သေဘာအက်ဆုံးပဲ ဒါ ငါးနတ္ဘုရားကို ဒုံးပ်ံသေဘၤာပို႔လႊတ္လိုက္ပါၿပီ]

[ဦးေႏွာက္ပုပ္ေနတဲ့ ဖန္ #7 က အစ္ကိုငါးကို ပင္လယ္ငါးခူ ပို႔လိုက္ပါၿပီ]

ေဝလငါးStreaming မွ အလြန္ေက်ာ္ၾကားေသာ Streamer တစ္ေယာက္ ျဖစ္သည့္အေလ်ာက္ အစ္ကိုငါး၏ Streaming အခန္းထဲတြင္ ၾကည့္ရႈသူက သုံးသန္းေက်ာ္ေနၿပီ။ ထို႔အျပင္ ဖန္သားျပင္ေပၚ၌ အျဖဴေရာင္က်ည္ဆံလို ေကာမန႔္မ်ားက အျပည့္ေနရာယူထားၿပီး လက္ေဆာင္မ်ားကလည္း ဟိုေနရာ ဒီေနရာ ပြလန္က်ဲေနေသးသည္။

အႏွစ္ခ်ဳပ္ ဆိုရေသာ္ ယဲ့ေရွာင္းယန္၏ ပရိသတ္မ်ားက ထိုမွ်အထိ စိတ္မလႈပ္ရွားေနၾကေခ်။ ေယဘူယ်က်က် ဆိုရေသာ္ သူ႔တြင္ မည္သည့္ပရိသတ္မ်ားမွ တရားဝင္ ပိုင္ဆိုင္ထားျခင္း မရွိေသးေခ်။ သူ၏Streaming အခန္းမွ လူအမ်ားစုက ျဖတ္သြားျဖတ္လာမ်ား ျဖစ္ေနေသးသည္။ အခ်ိဳ႕ကမူ အစ္ကိုငါး၏ ပရိသတ္မ်ား ျဖစ္ၿပီး ႏွစ္ခုလုံးကို တစ္ၿပိဳင္တည္း ၾကည့္လို၍ လာေရာက္ေနၾကျခင္း ျဖစ္သည္။

ယဲ့ေရွာင္းယန္က ထိုေကာမန႔္ဝင္းဒိုးကို ေသးလိုက္ၿပီးေနာက္ ဂိမ္းကိုသာ အာ႐ုံစိုက္ထားလိုက္သည္။

တျခားတစ္ဖြဲ႕က ပထမႏွင့္ ဒုတိယေျမာက္ ေ႐ြးခ်ယ္ၿပီးေနာက္ ပုံရိပ္ေယာင္ပညာရွင္ႏွင့္ လွ်ိဳ႕ဝွက္စြာ လႈပ္ရွားေသာ လုထာကို ေ႐ြးခ်ယ္လိုက္သည္။ အျပာေရာင္အသင္က ထပ္ေ႐ြးရသည့္ အခ်ိန္တြင္ ခ်င္ေ႐ြ႕က ေကာင္းခ်ီးဘုန္းေတာ္ႀကီးကို ေ႐ြးခ်ယ္လိုက္သည္။ ဤနည္းအားျဖင့္ သူ၏ေကာေကာကို ကာကြယ္ႏိုင္ေပလိမ့္မည္။ တတိယေျမာက္ေ႐ြးခ်ယ္ရသည့္အခါ လူအက အလ်င္လက္ဦးမႈ ယူၿပီး ယဲ့ေရွာင္းယန္၏ အႀကံျပဳခ်က္ကို လက္ခံ၏။

[မဟာနတ္ဘုရား ကြၽန္ေတာ္ နတ္ဘုရားနဲ႔အတူ ပူးေပါင္းဖို႔ ဟီး႐ိုးတစ္ေကာင္ေကာင္ကို ေ႐ြးခ်ယ္ေပးဖို႔ လိုအပ္လား]

[ေရွာင္ပိုင္: မင္းက ဘယ္ေနရာမွာ ေတာ္လဲ]

[လူအ: Marksmanနဲ႔ ဂ်န္ဂဲလာ ႏွစ္ခုလုံး အဆင္ေျပပါတယ္]

[ေရွာင္ပိုင္: ငါက ဂ်န္ဂဲလာပဲ ကစားတာ မင္း Marksman ယူတာ ေကာင္းမယ္။ ငါ့အတြက္ ဂ်န္ဂဲလာ ထားေပးပါ]

[လူအ: ရတယ္ေလ]

ထိုသို႔ျဖင့္ လူအက သူ၏ ကာဆာက ေ႐ြ႕ၿပီးေနာက္ ဟီး႐ိုးမ်ား ေ႐ြးခ်ယ္ေသာ ဖန္သားျပင္ကို ထပ္ခါတလဲလဲ ႏွိပ္ၿပီးမွသာ Marksman အမ်ိဳးအစားဟီး႐ိုးငါးမ်ိဳးထဲမွ သူ ရင္းႏွီးကြၽမ္းဝင္ေသာ တစ္ခုခုကို ေ႐ြးခ်ယ္လိုက္သည္။ ယဲ့ေရွာင္းယန္က ထိုငါးမ်ိဳးကို ၾကည့္ၿပီးေနာက္ လွမ္းေျပာလိုက္သည္။

[နတ္ဘုရားေလးသည္ေတာ္ ကို ေ႐ြးလိုက္]

ထိုနတ္ဘုရားေလးသည္ေတာ္ကို သူတို႔က တတိယေျမာက္တစ္ခုအျဖစ္ ေ႐ြးခ်ယ္လိုက္ၾကသည္။

ၿပိဳင္ဘက္က ေ႐ြးခ်ယ္ရေသာ အလွည့္ ေရာက္ခ်ိန္တြင္ တတိယႏွင့္ စတုတၳေျမာက္က ေအာက္လမ္းအတြက္ အဆင္ေျပေသာ ကုသသူ ေတာအုပ္သံတမန္ႏွင့္ ေပါက္ကြဲလြယ္ေသာ ေသနတ္သမား စႏိုက္ပါကို ေ႐ြးခ်ယ္သြားသည္။ ေအာက္လမ္းမွ စႏိုက္ပါႏွင့္ သူတို႔ကို ဂ႐ုစိုက္ကစားေပးမည့္ Healer က ရွိေနေသးေလရာ သာမန္အက်ဆုံး လိုက္ဖက္ညီသည့္ ပူးေပါင္းေဆာင္႐ြက္မႈ ဟု ဆိုႏိုင္ေသးေလသည္။ ထိုကစားသမားႏွစ္ေယာက္က အခ်င္းခ်င္း မွီခိုကာ အတူ ကစားေနက် ျဖစ္ေလာက္သည္။

ယဲ့ေရွာင္းယန္က တစ္ခဏခန႔္ စဥ္းစားၿပီးေနာက္ စာ႐ိုက္လိုက္သည္။

[ေတာအတြက္ Vrawler Roaming ကို ယူလိုက္.. ေနာက္ၿပီး အေပၚလမ္းအတြက္ေတာ့ Verserker လူရမ္းကားကို ေ႐ြး..]

[ငါက ဂ်န္ဂဲပဲ ကစားတယ္။ ဒါက အရမ္းေပ်ာ့လြန္းမေနဘူးလား]

[ေန႔တိုင္း ၾကယ္ေႂကြေနတယ္ေလ: ငါတို႔ အသင္းထဲမွာ Tank တစ္ေကာင္ေတာင္ မပါဘူး ငါတို႔ Marksman က ေနာက္ပိုင္းဂိမ္းမွာ အဆင္ေျပႏိုင္ေတာ့မွာ မဟုတ္ဘူး အဖြဲ႕လိုက္ တိုက္ပြဲမွာ ငါတို႔အတြက္ ခက္ခဲသြားလိမ့္မယ္]

[ေရွာင္ပိုင္: ငါတို႔က အလ်င္အျမန္ ေ႐ြ႕လ်ားႏိုင္ဖို႔ကို အာ႐ုံစိုက္ထားရမယ္]

[ေရွာင္ပိုင္: အဖြဲ႕လိုက္တိုက္ပြဲအတြက္ကေတာ့ ငါတို႔မွာ ငါရွိတယ္]

ထိုသို႔ ယုံၾကည္မႈ ရွိေသာ စကားကို ျမင္လိုက္ရသည္ႏွင့္ အသင္းေဖာ္မ်ားအားလုံးက စိတ္ေအးသြားၾကသည္။ သူတို႔က ခ်က္ခ်င္းလိုလို မဟာနတ္ဘုရား၏ လုပ္ႏိုင္စြမ္းရည္ကို သိရေတာ့မည္ ျဖစ္ေၾကာင္း သိသြားၾကသည္။ အသင္းေဖာ္မ်ားကို ထိုသို႔ စာပို႔ကာ သူတို႔၏ဟီး႐ိုးမ်ား ေ႐ြးခ်ယ္ေပးၿပီးေနာက္ ယဲ့ေရွာင္းယန္က စိတ္ေအးသြားသည္။ ကစားသမားမ်ားက သူတို႔၏အႏွစ္သက္ဆုံး ဟီး႐ိုးကို ႀကဳံရာေ႐ြးခ်ယ္ေသာ တိုက္ပြဲမ်ားႏွင့္ သူတို႔ၾကားမွ အခ်င္းခ်င္း ဟီး႐ိုးေ႐ြးခ်ယ္ကာ တိုက္ခိုက္ေသာ တိုက္ပြဲမ်ားတြင္ အေျခအေနက အေရးႀကီးေလသည္။

အနည္းဆုံး လူတိုင္းကလည္း သူတို႔၏ အသင္းေဖာ္မ်ားက သည္ဂိမ္းကို အေလးအနက္ထားေၾကာင္း သိႏိုင္ေလသည္။ မည္သူကမွ် သတိလက္လႊတ္မေနေလာက္ၾကေတာ့ေခ်။

အျပာေရာင္အသင္းက သူတို႔၏ေ႐ြးခ်ယ္မႈ ၿပီးဆုံးသြားေလၿပီ။

ရွဲ႕ယြီက လိုင္းအပ္(Line up)ကို ျမင္ေသာအခါ ရယ္လိုက္သည္။ မည္သို႔ပင္ ဆိုေစ အေပၚလမ္းက ဖန္သားလို ကြဲေၾကလြယ္သည့္ အရံပုံစံ ျဖစ္ေနၿပီး ဂ်န္ဂဲလာကလည္း လုံေလာက္ေအာင္ သယ္သြားေပးႏိုင္သည့္ အလားအလာ မရွိေခ်။ ထို႔အျပင္ အေထာက္အပံ့ကလည္း တစ္ခ်ိန္တည္းတြင္ ဟီး႐ိုးတစ္ေယာက္တည္းကိုသာ ကူညီေပးႏိုင္ေနသည္။ marksman ကလည္း ေနာက္ပိုင္းမွ တိုက္ခိုက္ႏိုင္စြမ္းအား ရွိေသာသူ ျဖစ္ေနျပန္သည္။ ထို႔အျပင္ အလယ္လမ္းမွ ဟီး႐ိုးက တိုက္ခိုက္စြမ္းအား အမ်ားအျပားကို ကုန္ဆုံးေစေပလိမ့္မည္။ ထို႔အျပင္ သူကလည္း အားနည္းလြန္းျပန္သည္။

"ေသာက္က်ိဳးနည္း ဒီအသင္းရဲ႕ Colpကို ဘယ္သူကမ်ား စီမံခန႔္ခြဲထားတာလဲ"

ရွဲ႕ယြီက ေအာ္သည္။

"ငါတို႔က တကယ့္ ပါရမီရွင္ႀကီးေတြနဲ႔မ်ား ရင္ဆိုင္ရေတာ့မွာလား.."

သူ၏ Streaming ခန္းမွ ၾကည့္ရႈသူမ်ားကလည္း "LMA mo" တုံ႔ျပန္မႈ meme မ်ားႏွင့္ emoji မ်ားကို သုံးရာတြင္ အလြန္ေက်ာ္ၾကားသည္။ လူတိုင္းကလည္း ခ်က္ခ်င္းလိုလို ကိုယ္ပိုင္အျပစ္တင္ေသာ နည္းလမ္းေပါင္းမ်ားစြာႏွင့္ လိုင္းအပ္ကို ေျပာဆိုၾကေတာ့သည္။

အနီေရာင္အသင္းက ေနာက္ဆုံးေနရာကို ျဖည့္ရန္ လိုအပ္သည္။ ဒါက သူတို႔၏ အေပၚလမ္းကစားသမား ျဖစ္သည္။ ငါးေယာက္ေျမာက္ ကစားသမားက ေခ်ာေမြ႕စြာျဖင္ ဂိမ္းတြင္ ခုခံစြမ္းအားအျမင့္ဆုံး ဟီး႐ိုးကို ေ႐ြးခ်ယ္လိုက္သည္။ ကစားသမားအမ်ားစုက ထိုဟီး႐ိုးကို အသားဒိုင္း Tank ဒယ္ဒီဟု ေခၚသည္။

ဂိမ္းက စတင္ေလၿပီ။

အနီဘက္ျခမ္း: အေပၚလမ္းက ေတာ္ဝင္သူရဲေကာင္း၊ ေတာထဲက ခိုးေၾကာင္ခိုးဝွက္လူထြားႀကီး၊ အလယ္လမ္းက ပုံရိပ္ေယာင္ပညာရွင္၊ အေထာက္အပံ့အေနနဲ႔ ေတာအုပ္သံတမန္ ရွိမယ္။ ဒီလိုဆိုရင္ သူတို႔ရဲ႕ marksman က နတ္ဘုရားစႏိုက္ပါပဲ။

အျပာဘက္ျခမ္းက: အေပၚလမ္းက လူရမ္းကား၊ ေတာထဲမွာ လူမိုက္၊ အလယ္လမ္းက အသူရာအရွင္သခင္၊ သူတို႔ရဲ႕အေထာက္အပံ့က ေကာင္းခ်ီးဘုန္းေတာ္ႀကီးနဲ႔ marksman ကေတာ့ နတ္ဘုရားေလးသည္ေတာ္..

အနီသင္း၏ လိုင္းအပ္က ေယဘူယ်က်က် ေျပာရေသာ္ အဆင့္တက္ ၿပိဳင္ပြဲမ်ားအတြက္ အလြန္အဆင္ေျပေသာ လိုင္းအပ္ ျဖစ္သည္။ အေပၚလမ္းတြင္ Tank ရွိေနၿပီး အေထာက္အပံ့ကလည္း ဟီလာ ျဖစ္ေနေသးသည္။ သူတို႔ရဲ႕ ဂ်န္ဂဲလာႏွင့္ အလယ္လမ္းကစားသူကလည္း လ်င္ျမန္စြာ လႈပ္ရွားတုံ႔ျပန္ႏိုင္သူမ်ား ျဖစ္ၾကၿပီး သူတို႔၏ marksman တိုက္ခိုက္မႈကလည္း ေပါက္ကြဲလြယ္သည္။ ထိုသို႔ျဖင့္ သူတို႔အေျခစိုက္စခန္းမ်ားကို ကာကြယ္ေပးထားႏိုင္ေပလိမ့္မည္။

အျပာသင္းအတြက္ကေတာ့..

အေျမာက္စာ ဇာတ္ရံငါးေယာက္လို႔ ေျပာရမလား။

တကယ္ႀကီးလား။

သူတို႔ၾကားမွ အုပ္စုလိုက္ ထိန္းခ်ဳပ္ႏိုင္စြမ္းအင္မ်ားစြာ ရွိေသာ္လည္း ျပႆနာက...

ငါးေယာက္လုံးက ရန္သူရဲ႕ေတာ္ဝင္သူရဲေကာင္းကို သတ္ႏိုင္မွာတဲ့လား။ တကယ္လို႔ သူတို႔ သတ္ႏိုင္ရင္ေတာင္မွ သူတို႔ အားလုံးေပါင္းၿပီး သူ႔ကို ရင္ဆိုင္ရမယ္ မဟုတ္လား။

ယဲ့ေရွာင္းယန္၏ Streaming အခန္းထဲတြင္ ၾကည့္ရႈသူမ်ားက စတင္ၿပီး သံသယဝင္ေသာ အေတြးမ်ားကို ေဖာ္ျပလာၾကသည္။

[ေရွာင္ပိုင္က ေနာက္ပိုင္းဂိမ္းအထိ ေရာက္ေအာင္ အခ်ိန္ဆြဲဖို႔ စဥ္းစားထားတာလား]

[သူတို႔အသင္းရဲ႕ Colp က တစ္ရႉးလိုပဲ အရမ္းကို အားနည္းလြန္းေနတယ္။ ဒီအသင္းတိုက္ပြဲထဲမွာ ဘယ္သူမဆို ထိမိတာနဲ႔ ေသသြားေလာက္တယ္]

[ဒါေပမဲ့ ေရွာင္ပိုင္မွာလည္း အႀကံအစည္ တစ္ခု ရွိမွာေပါ့။ သူတို႔လိုင္းအပ္က လ်င္လ်င္ျမန္ျမန္ တုံ႔ျပန္ႏိုင္ၾကတယ္။ ဒါက အေတာ္ေလး အဆင္ေျပတဲ့ အခ်က္ပဲ]

[လူေတြကို ႀကဳံရာ ေလွ်ာက္အမိန႔္ေပးမေနနဲ႔ Host အသင္းတိုက္ပြဲေတြမွာ ပ်က္စီးဆုံးရႈံးမႈ ဒဏ္ခံႏိုင္ေအာင္ Tank ကို လိုအပ္တယ္။ ဥပမာ အေပၚလမ္းကစားသမား လူရမ္းကားက ဒါကို မကိုင္တြယ္ႏိုင္ဘူး]

[နတ္ဘုရားငါး အခန္းထဲက ထြက္လာ႐ုံပဲ ရွိေသးတယ္။ ဒီလို အသစ္ကေလးေတြ ဒုကၡေရာက္မွာကို တကယ္ မျမင္ႏိုင္ေတာ့ဘူး ဟား ဟား ဟား]

ယဲ့ေရွာင္းယန္ကမူ သူတို႔ကို ရွည္ရွည္ေဝးေဝး ရွင္းျပမေနေခ်။ MBOA ဗ်ဴဟာမ်ားက ဂိမ္းထားထဲတြင္ အေျပာင္းအလဲမ်ားစြာ လုပ္ရျခင္း ျဖစ္သည္။ ယဲ့ေရွာင္းယန္က ထိုဟီး႐ိုးမ်ားႏွင့္ ပတ္သက္ေသာ အေသးစိတ္ အခ်က္အလက္မ်ား အားလုံးကို မွတ္သားထားၿပီးသား ျဖစ္သည္။

သူက မည္သည့္ဟီး႐ိုးက မည္သည့္ေနရာတြင္ မည္သို႔ ကစားႏိုင္ေၾကာင္းကိုလည္း နားလည္ထားၿပီးသား ျဖစ္သည္။ အသင္း၏ Colp အတြက္ သူက ပန္းတိုင္တစ္ခုတည္းကို ရည္႐ြယ္ကာ ေဖာ္ျပထားျခင္း ျဖစ္သည္။ ဒါက ရန္သူ၏ အလယ္လမ္းကစားသမားႏွင့္ ဂ်န္ဂဲလာကို ရင္ဆိုင္ရန္ ျဖစ္သည္။ ရန္သူ႔မွာ ဖ်က္ဆီးႏိုင္တဲ့စြမ္းအင္ အျပည့္ ရွိေနေတာ့ေရာ ဘာျဖစ္လဲ။ အဲေတာ့ ဘာျဖစ္လဲ..။

ယဲ့ေရွာင္းယန္၏ အသင္းက လ်င္ျမန္စြာျဖင့္ တုံ႔ျပန္ႏိုင္ၾကသည္။ သူတို႔၏ဟီး႐ိုးမ်ားအားလုံးကို အဖြဲ႕လိုက္ ထိန္းခ်ဳပ္သည့္ စြမ္းအင္ျဖင့္ အစားထိုးႏိုင္စြမ္း ရွိေနေသးၿပီး ေကာင္းခ်ီးဘုန္းေတာ္ႀကီးကလည္း ၿပိဳင္ဘက္အသင္း၏ အရွိန္ႏႈန္းကို ရပ္တန႔္သြားေအာင္ Buff ကို အသုံးျပဳႏိုင္သည္။ သူတို႔၏ ရန္သူက သိပ္မၾကာခင္ ဒါကို သတိထားမိေပလိမ့္မည္။ သူတို႔ကသာ ယဲ့ေရွာင္းယန္တို႔ဘက္ကို အသင္းတိုက္ပြဲအေတာအတြင္း အျပတ္မရွင္းႏိုင္လွ်င္ ေနာက္ပိုင္းတြင္ လိုက္မီႏိုင္ေတာ့မည္ မဟုတ္ေခ်။

သူတို႔ကသာ အျပတ္မရွင္းႏိုင္ခဲ့လွ်င္ သူတို႔ အသတ္မခံရလွ်င္ပင္ ေ႐ြ႕လ်ားႏိုင္ေတာ့မည္ မဟုတ္ေတာ့ေခ်။ မည္သည့္ဂိမ္းတြင္မဆို ထိုအေျခအေနက ေၾကာက္စရာေကာင္းသည္။

စစ္နတ္ဘုရားမွ ႀကိဳဆိုပါတယ္။

ရင္းႏွီးကြၽမ္းဝင္ေသာ စနစ္မွ အသံက ထြက္လာသည္ႏွင့္ ဂိမ္းက စတင္သည္။

ယဲ့ေရွာင္းယန္က ခ်က္ခ်င္းလိုလို သူတို႔၏ေျမပုံဘက္ျခမ္းမွ ေတာအုပ္ဘက္သို႔ အမွတ္အသားျပဳလိုက္သည္။

အေပၚလမ္းကစားသမား၊ အလယ္လမ္းကစားသမား၊ အေထာက္အပံ့၊ ဂ်န္ဂဲလာတို႔ အားလုံးက ထိုေနရာတြင္ ရွိေနၾကၿပီး အျပာေရာင္Buff အနားသို႔ လာေရာက္ကာ ၿခဳံခိုတိုက္ခိုက္မည့္ အခ်ိန္ကို ေစာင့္ေနၾကသည္။ သူတို႔၏ ေသနတ္သမားကသာ ေအာက္လမ္းသို႔ သြားၿပီး ရန္သူ႔ဘက္မွ မီနီယမ္မ်ားကို ေစာင့္ဆိုင္းေနသည္။ ခ်င္ေ႐ြ႕ကလည္း ကြၽမ္းက်င္စြာျဖင့္ ျမစ္ေဘးနားတြင္ အေဆာင္တစ္ခု ခ်ကာ ပုန္းေနလိုက္သည္။ သူတို႔က ဂိမ္းထဲသို႔ ဝင္ေရာက္ၿပီး စကၠန႔္သုံးဆယ္ ၾကာၿပီးေနာက္ အျပာေရာင္ Buff က ေပၚထြက္လာသည္။

ဆန႔္က်င္ဘက္အသင္းမွ ဂ်န္ဂဲလာ ခိုးေၾကာင္ခိုးဝွက္လူထြားႀကီးက ကိုယ္ေဖ်ာက္စြမ္းရည္ကို ထုတ္သုံးထားသည္။ သူက ရန္သူေတာအုပ္ထဲသို႔ ခိုးဝင္ၿပီး အျပာေရာင္ Buff ကို ခိုးရန္ ႀကိဳးစားရဲသည္။ သူက ေတာအုပ္ထဲတြင္ ခိုးရာမွ ထြက္လာၿပီးေနာက္ တစ္ဖက္မွ လူမိုက္က အျပာေရာင္ Buff ခ်ေပးမည့္ မေကာင္းဆိုးဝါးကို ခုတ္ပိုင္းသတ္ျဖတ္လိုက္ေၾကာင္း ျမင္လိုက္ရသည္။ ဂ်န္ဂဲလာမ်ားထဲတြင္ ထိုလူမိုက္က တိုက္ခိုက္စြမ္းအား အနိမ့္ဆုံး ျဖစ္သည္။ ထိုဟီး႐ိုးက တစ္ဖက္မွ အျပာေရာင္ Buff မေကာင္းဆိုးဝါး၏ HPကို တစ္ဝက္ထိ ေလ်ာ့က်ေအာင္ လုပ္ရန္ပင္ အခ်ိန္အေတာ္ၾကာေပလိမ့္မည္။

အခုက တိုက္ခိုက္ရမဲ့ အခ်ိန္ပဲ။

ထို ခိုးေၾကာင္ခိုးဝွက္လူထြားက ႐ုတ္တရက္ ေတာထဲမွ ထြက္လာၿပီးေနာက္ အျပာေရာင္ Buff ကို ခိုးလုရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ထိုလူထြားက ထိုအျပာေရာင္ Buff ကို ယူေတာ့မည့္ အခ်ိန္တြင္ လူရမ္းကားက ႐ုတ္တရက္ သစ္ေတာ၏ အျခားတစ္ဖက္ျခမ္းတြင္ ေပၚလာၿပီးေနာက္ ႀကီးမားေသာ ဓားႀကီးျဖင့္ ေအာက္သို႔ ခုတ္ပိုင္းလြဲယမ္းလိုက္သည္။

ႀကီးမားေသာ ဓားသြားႀကီးက ေအာက္သို႔ ခပ္ၾကမ္းၾကမ္း ခုတ္လိုက္ၿပီးေနာက္တြင္ ခိုးေၾကာင္ခိုးဝွက္လူထြား၏ ေခါင္းကို ျဖတ္လိုက္သည္။ ထိုလူထြားႀကီးက မွင္တက္သြားသည္။ သူ၏HPကလည္း အမ်ားအျပား ေလ်ာ့က်သြားေၾကာင္း ျမင္လိုက္ရေလသည္။ ခ်င္ေ႐ြ႕က သူ႔ေကာေကာကို သူ၏ Qskill ျဖင့္ ေထာက္ပံ့ေပးထားၿပီး တိုက္ခိုက္စြမ္းအားကို ျမင့္တင္သြားေစသည္။ ယဲ့ေရွာင္းယန္က ထိုအခြင့္အေရးကို ယူၿပီးေနာက္ ႐ုတ္တရက္ ထြက္ေပၚလာကာ ရန္သူ၏ေခါင္းကို သိမ္းသည္။

First Blood

အသူရာအရွင္သခင္က First Blood ကို ယူသြားေလၿပီ။ ယဲ့ေရွာင္းယန္၏ အျခားေသာ အသင္းေဖာ္မ်ား အားလုံးကလည္း ထိုKillကို ခ်ီးက်ဴးဂုဏ္ျပဳသည့္ အေနျဖင့္ ေ႐ႊေရာင္စကားမ်ား ဆိုလာၾကသည္။

ရွဲ႕ယြီက က်ိန္ဆဲလိုက္သည္။

"ေသစမ္း ငါ့ဂ်န္ဂဲလာက ဘာျဖစ္ေနတာလဲ။ အရင္ထြက္ၿပီး အျပာေရာင္ Buff ကိုေတာင္ သြားခိုးေနေသးတယ္။ သူက သူ႔ေခါင္းကို အလကား သြားေပးေနတာ မဟုတ္ဘူးလား"

သူက မ်က္ေမွာင္ၾကဳတ္ၿပီးေနာက္ အလယ္လမ္းသို႔ မီနီယမ္အနည္းငယ္ႏွင့္ သြားလိုက္ၿပီးေနာက္တြင္ ရန္သူ၏ အလယ္လမ္းကစားသမားကို ခုန္ေက်ာ္ တိုက္ခိုက္ႏိုင္ရန္ အလို႔ငွာ ေမွ်ာ္လင့္ၿပီး သစ္ေတာထဲသို႔ ေခၚသြားလိုက္သ္ည။ သို႔ရာတြင္ သူ၏ၿပိဳင္ဘက္က အလြန္သတိထားလြန္းသည္။ အသူရာအရွင္သခင္က ေတာထဲသို႔ပင္ ျဖတ္ေလွ်ာက္မလာခဲ့ေခ်။ ထိုအစား သူက ေတာထဲမွ ထြက္ခြာသြားၿပီး အနီးအနားရွိ ေမွ်ာ္စင္ထံသို႔ ဦးတည္သည္။

ရွဲ႕ယြီ၏ ေစာင့္ဆိုင္းမႈက အဓိပၸာယ္မဲ့သြားသည္။ သူက ေနာက္ျပန္ လွည့္ၾကည့္လိုက္ၿပီး ေနာက္တြင္ ဆက္လက္ၿပီး အက်ိဳးအျမတ္မ်ားကို သိမ္းဆည္းရန္ ႀကိဳးစားေလေတာ့သည္။

ႏွစ္ဖက္လုံးက ၿငိမ္းခ်မ္းစြာျဖင့္ အဆင့္တက္ေနခဲ့သည္။ သုံးမိနစ္ ၾကာၿပီးေနာက္ ေအာက္လမ္းမွ ေၾကညာခ်က္ ထြက္လာသည္။

မာမာ (နတ္ဘုရားစႏိုက္ပါ) က လူအ (နတ္ဘုရားေလးသည္ေတာ္) ကို သတ္လိုက္ၿပီ။

ယဲ့ေရွာင္းယန္က ေအာက္လမ္းဆီသို႔ ၾကည့္လိုက္ၿပီးေနာက္ လ်င္ျမန္စြာျဖင့္ အသင္း၏ ခ်က္ခန္းမွ သတိေပးလိုက္သည္။

[ေအာက္လမ္းက marksman ေမွ်ာ္စင္က မထြက္နဲ႔၊ marksmanနဲ႔ အေထာက္အပံ့က တျခားဖက္မွာ ႏွစ္ေယာက္ ေပါင္းထားတယ္။ ဒီေတာ့ မင္းက တစ္ေယာက္ႏွစ္ေယာက္ ယွဥ္ၿပိဳင္ရလိမ့္မယ္။ ဒါက အႏၲရာယ္မ်ားတယ္]

လူအက ရွက္သြားသည္။ သူက ျပန္ေျဖသည္။

[ငါ မေကာင္းတာပါ။ ငါက Health က်သြားတာကို ျမင္ေတာ့ ေလာဘႀကီးသြားခဲ့တာ။ သူတို႔က ငါ သူ႔ကို မရခင္မွာတင္ သတ္လိုက္ၾကတာ]

ယဲ့ေရွာင္းယန္က ႏွစ္သိမ့္ေပးသည္။

[အဆင္ေျပပါတယ္။ အာ႐ုံပဲ စိုက္ထား။ ေနာက္က်ရင္ ငါတို႔ အေထာက္အပံ့က မင္းကို ကူၿပီး ေခၚေပးလိမ့္မယ္]

ထို႔ေနာက္ တစ္ေယာက္ တစ္ေယာက္ဆီ ရင္ဆိုင္ရေသာ အခ်ိန္က ေရာက္လာသည္။ one kill ယူရာတြင္ ယဲ့ေရွာင္းယန္က အခ်ိန္တစ္ခု ၾကာသည္အထိ ေ႐ႊေရာင္ေခါင္းစီးပိုင္းျဖင့္ ဦးေဆာင္ေနခဲ့သည္။

ေသခ်ာစြာျဖင့္ သိပ္မၾကာခင္တြင္ ဂ်န္ဂဲလာႏွစ္ေယာက္လုံးက အဆင့္ေျခာက္သို႔ ေရာက္သြားၿပီး စတင္ကာ Gank ေတာ့္သည္။ (ဂရန႔္ တယ္။ ဆိုတာက ဂိမ္းအသုံးအႏႈန္းအရ လုပ္ႀကံသတ္ျဖတ္ဖို႔ ေခ်ာင္းတာမ်ိဳးကို ဆိုလိုတာ ျဖစ္ပါတယ္) ရန္သူ ဂ်န္ဂဲလာက ေအာက္လမ္းသို႔ ဒုန္းစိုင္းဆင္းလာသည္။ ယဲ့ေရွာင္းယန္ဘက္မွ marksman က သတိထားေသာ္လည္း ၿပိဳင္ဘက္ကမူ အားနည္းေသာ ဟီလာ ျဖစ္ေနခဲ့သည္။ ထိုအခ်က္ကတင္ ၿပိဳင္ဘက္ကို ေမွ်ာ္စင္မွ ပ်က္စီးစြမ္းအင္မ်ားကို အားျဖည့္ေပးႏိုင္စြမ္း ရွိလာခဲ့သည္။ ေနာက္ထပ္ Kill တစ္ခုကို ေတာင္းဆိုလိုက္သလို ျဖစ္သြားသည္။

မာမာ(နတ္ဘုရားစႏိုက္ပါ) က လူအ (နတ္ဘုရားေလးသည္ေတာ္) ကိုသတ္လိုက္သည္။

ရန္သူ၏ marksmanက secound kill ရသြားသည္။ ယဲ့ေရွာင္းယန္၏ marksman ကမူ ေသဆုံးမႈမ်ားေၾကာင့္ ႐ူးသြပ္ေတာ့မလို ျဖစ္လာသည္။ သူက ခ်က္ခန္းထဲတြင္ ေတာက္ေလွ်ာက္စာမ်ား ပို႔ေနသည္။ ယဲ့ေရွာင္းယန္က မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။

"ေရွာင္ေ႐ြ႕ ေအာက္လမ္းကို သြားၿပီး ကူညီလိုက္"

ခ်င္ေ႐ြ႕က ခ်က္ခ်င္းလိုလို ေအာက္လမ္းသို႔ နာခံစြာျဖင့္ သြားသည္။ ထိုသို႔ျဖင့္ ယဲ့ေရွာင္းယန္ႏွင့္ ရွဲ႕ယြီက အလယ္လမ္းတြင္ one by one ျဖစ္သြားသည္။ ရွဲ႕ယြီက ႏွာေခါင္းရႈံ႕ကာ ေလွာင္ရယ္လိုက္သည္။

"အဲဒီစိတ္ရႈပ္စရာေကာင္းတဲ့ အေထာက္အပံ့က ထြက္သြားၿပီ ငါ ဒီေကာင့္ကို solo kill သတ္ၿပီး အဆင့္ေျခာက္ ဘယ္လို ရေအာင္ ယူမလဲ ၾကည့္ေန"

ေမွာ္ဆရာမ်ားထဲတြင္ ပုံရိပ္ေယာင္ ပညာရွင္က အေစာပိုင္းဂိမ္းမ်ားထဲတြင္ အပ်က္အစီးစြမ္းအား အျမင့္မားဆုံး ရေအာင္ လုပ္ႏိုင္ေသာ ဟီး႐ိုးမ်ားထဲမွ တစ္ေကာင္ျဖစ္သည္။ သူက သူ၏Skill တစ္ခုတည္းျဖင့္ ၿပိဳင္ဘက္မွ ဖန္သားလို ကြဲအက္ႏိုင္ေသာ အရံကို သတ္ျဖတ္ႏိုင္ေလသည္။

ယဲ့ေရွာင္းယန္က တိုက္ဆိုင္စြာျဖင့္ ထိုဟီး႐ိုးကိုလည္း ဝယ္ထားၿပီး ဂိမ္းတြင္လည္း သူ ကစားၾကည့္ထားဖူးသည္။ ထို႔အတြက္ေၾကာင့္ ထိုဟီး႐ိုး၏ လုပ္ႏိုင္စြမ္းအားကို သိေနသည္။ ထို႔ေၾကာင့္ ေရွာင္ေ႐ြ႕က ေအာက္လမ္းသို႔ ထြက္သြားသည္ႏွင့္ ယဲ့ေရွာင္းယန္က သူ၏မီနီယမ္မ်ား ေနာက္သို႔ ဆုတ္သည္။ ေသခ်ာစြာျဖင့္ပင္ ေမွာ္ဆရာႏွစ္ဖက္လုံးက ေတာက္ပလာၿပီး အဆင့္ေျခာက္သို႔ ေရာက္သြားသည္။ ထိုသို႔ျဖင့္ ယဲ့ေရွာင္းယန္၏ မ်က္လုံးထဲသို႔ အလင္းတန္းမ်ားက ေတာက္ပလာသည္။

ေဝဝါးေသာ ခရမ္းေရာင္အလင္းတန္းမ်ား၏ ေအာက္တြင္ ျမဴကဲ့သို႔ေသာ အလင္းေရာင္မ်ားက သူ၏ခႏၶာကိုယ္ကို ေႁမြကဲ့သို႔ ဝိုင္းပတ္လာသည္။ ထို႔ေနာက္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ဆူးခြၽန္မ်ားက သူ႔ကို ထိုးစိုက္လာျခင္းအားျဖင့္ သူ၏ HPကို ေလ်ာ့ေအာင္ လုပ္သည္။ သူ႔အတြက္ HP အနည္းငယ္သာ က်န္ရစ္ေတာ့သည္။

အသူရာအရွင္သခင္က ခ်ိန္းေျခာက္ခံရေသာ အေျခအေနမ်ိဳးတြင္ ျဖစ္ေနေၾကာင္း ျမင္ေသာအခါ ရွဲ႕ယြီက သတ္ျဖတ္ရန္ ႀကံစည္သည္။ ယဲ့ေရွာင္းယန္ကလည္း သူ၏skillကို သုံးၿပီးေနာက္ သူ၏ အရိပ္မ်ားထဲမွ တစ္ခုကို လႊတ္လိုက္ကာ လူစားထိုးလာသည္။ ထို႔ေနာက္ ခ်က္ခ်င္းလိုလို သူ႔ကိုယ္သူ အရံအတားတစ္ခုသို႔ ေနရာေ႐ြ႕ေျပာင္းလိုက္ၿပီး အားျဖင့္ သူ႔HPကို ထိန္းထားလိုက္သည္။ ထိုျမင္ကြင္းက ၾကည့္ရႈသူမ်ားကို ေခြၽးေစးပ်ံသြားေစသည္။ ပုံရိပ္ေယာင္ပညာရွင္က Killကို ရေတာ့မည္ႏွင့္ တူသည္။ အသူရာအရွင္သခင္ကမူ ေနာက္ဆုံးက်န္ေသာ ေသြးတစ္စက္ျဖင့္ လႊတ္ေျမာက္သြားေလသည္။

ရွဲ႕ယြီကမူ က်ိန္ဆဲခ်င္သြားသည္။

"ဖာ့ခ္.. ဘာKill မွ မရဘူးလား။ ဒီေကာင္က လွည့္စားေနတာလား"

နံရံမွ ေခ်ာ္ထြက္ၿပီး လႊတ္ေျမာက္သြားၿပီးေနာက္ ယဲ့ေရွာင္းယန္က အေျခစိုက္စခန္းသို႔ ျပန္ကာ ကုသည္။

သူက သူ၏ မီနီယမ္မ်ားကို တစ္ဖန္ ျပန္သယ္လာသည္။ သူက အလဲထိုးခံရၿပီး အေျခစိုက္စခန္းသို႔ ျပန္ဆုတ္ခဲ့ရသည့္တိုင္ သူ႔အင္အားက မရႈံးသြားခဲ့ေခ်။ အလယ္လမ္းကစားသမားႏွစ္ေယာက္လုံးက ဆက္လက္ၿပီး တိုက္ခိုက္ေနၾကေသးသည္။ ပထမတစ္ႀကိမ္ ထိပ္တိုက္ရင္ဆိုင္ၿပီးေနာက္ ႏွစ္ဖက္မွ ဂ်န္ဂဲလာမ်ားကလည္း သူတို႔၏ အလယ္လမ္းကစားသမားမ်ားကို လာကူၾကသည္။ ရွဲ႕ယြီက ဒီအခြင့္အေရးကို ေစာင့္ၿပီးေနာက္ ဂ်န္ဂဲလာ၏ အားျဖည့္ေပးမႈႏွင့္အတူ 2 vs 2 တိုက္ပြဲကို ဆင္ႏြဲသည္။ ယဲ့ေရွာင္းယန္က တစ္ဖန္ ထပ္ၿပီး အနည္းငယ္သာ က်န္ရစ္ေသာ HPႏွင့္အတူ ထြက္ေျပးျပန္သည္။ သို႔ေသာ္ သတိလက္လႊတ္ ေနရာခ်ထားေပးမႈေၾကာင့္ သူ၏ ဂ်န္ဂဲလာက ရန္သူ ပုံရိပ္ေယာင္ပညာရွင္၏ ရိတ္သိမ္းခံလိုက္ရျပန္သည္။

အစ္ကိုငါး (ပုံရိပ္ေယာင္ပညာရွင္) က ငါက ဂ်န္ဂဲလာပဲ ကစားတယ္ (လူရမ္းကား) ကို သတ္လိုက္ၿပီ။

ထိုစာေပၚလာသည္ႏွင့္ အစ္ကိုငါး၏ Streamခန္းထဲတြင္ 666 မ်ားက ႐ူးသြပ္မတတ္ ေပၚလာသည္။ ထို 2 vs 2 ပြဲတြင္ အစ္ကိုငါးက ႏိုင္သြားသည္။ ကံဆိုးစြာျဖင့္ အသူရာအရွင္သခင္က ေနာက္ဆုံးက်န္ေသာ ေသြးျဖင့္ လႊတ္ေျမာက္သြားျပန္သည္။

ရွဲ႕ယြီက မ်က္ခုံးပင့္လိုက္သည္။ ထို႔ေနာက္ ရယ္သည္။

"သူ ထြက္ေျပး သြားျပန္ၿပီ။ မဟုတ္ရင္ Double Kill ျဖစ္မွာပဲ"

ယဲ့ေရွာင္းယန္က အလယ္လမ္းသို႔ ျပန္ၿပီးေနာက္ သတိေပးခ်က္တစ္ခုကို ထုတ္လိုက္သည္။

{ဂ်န္ဂဲလာ ေအာက္လမ္းကို သြားကူလိုက္.. ငါ အလယ္လမ္းမွာ တစ္ေယာက္တည္း ျဖစ္တယ္]

ဂ်န္ဂဲလာက ခ်က္ခ်င္းလိုလို ေအာက္လမ္းသို႔ သြားလိုက္သည္။

ရန္သူ ဂ်န္ဂဲလာကလည္း ေအာက္ေျခလမ္းသို႔ ဆင္းလာသည္ႏွင့္ ဆုံသြားၿပီး 3 vs 3 ပြဲက စတင္သည္။ ယဲ့ေရွာင္းယန္၏ဘက္မွ ကစားသမားသုံးေယာက္ အားနည္းေနသည္။ သူတို႔က သူတို႔ဘက္တြင္ လုံေလာက္ေသာ DPS က ရွိမေနခဲ့ေခ်။ ရန္သူဘက္တြင္ ဟီလာ ရွိေနသည္။ တစ္ဖန္ထပ္ၿပီး သူတို႔က ရႈံးသြားျပန္သည္။

မာမား(နတ္ဘုရားစႏိုက္ပါ) က ငါက ဂ်န္ဂဲလာပဲ ကစားတယ္ (လူရမ္းကား) ကို သတ္လိုက္ၿပီ။

ရန္သူmarksman က Three Kill ရသြားေလၿပီ။ ထို႔ေၾကာင့္ ေ႐ႊစကားလုံးျဖင့္ ဆက္တိုက္ ဦးေဆာင္ေနသည္ဟု ဆို၍ ရသည္။ ယဲ့ေရွာင္းယန္၏ ဘက္မွ ဂ်န္ဂဲလာကမူ ႏွစ္ႀကိမ္ဆက္တိုက္ ေအာင္ျမင္စြာျဖင့္ အသတ္ခံလိုက္ရသည္။ သို႔တိုင္ေအာင္ သူ၏စိတ္ကမူ ကြဲအက္သြားရၿပီ။

ငါက ဂ်န္ဂဲလာပဲ ကစားတယ္: [ေမ့လိုက္ေတာ့.. ငါ သူတို႔ရဲ႕ ဂ်န္ဂဲလာကို မႏိုင္ဘူး]

ငါက ဂ်န္ဂဲလာပဲ ကစားတယ္: [ငါ အေပၚပိုင္း ေတာထဲက အရင္းအျမစ္ေတြကို မင္းအတြက္ ခ်န္ထားေပးခဲ့လိုက္မယ္။ ဒီပြဲမွာ‌ေတာ့ မဟာနတ္ဘုရားကိုပဲ မွီခိုေတာ့မယ္]

ေရွာင္ပိုင္ [ေက်းဇူးပါပဲ။ အားလုံးပဲ စိတ္တည္တည္ၿငိမ္ၿငိမ္ ထားၾကပါ]

ထိုသို႔ျဖင့္ Heat Count က 1-4 အထိ ေရာက္သြားေလၿပီ။ အခ်ိန္တိုအေတာအတြင္း ေအာက္လမ္း၏ အျပင္ဘက္ ေမွ်ာ္စင္က ဖ်က္ဆီးခံလိုက္ရသည္။

ယဲ့ေရွာင္းယန္၏ အဖြဲ႕က အားနည္းေသာ ဘက္ေလေလ လူအမ်ားစု၏ တိုက္ခိုက္လိုစိတ္က ေလ်ာ့က်ေနေလၿပီ။ သူတို႔၏ ေအာက္လမ္းက ယဲ့ေရွာင္းယန္ ေမွ်ာ္လင့္ထားသည့္အတိုင္း အနည္းႏွင့္အျမန္ ၿပိဳက်သြားေတာ့မည္ ျဖစ္သည္။ ေသနတ္သမားႏွင့္ ဂ်န္ဂဲလာကလည္း အဆင့္ျမင့္ကစားသမားမ်ား မဟုတ္ၾကေခ်။ ယဲ့ေရွာင္းယန္က စာ႐ိုက္လိုက္သည္။

[မစိုးရိမ္နဲ႔ ငါတို႔ ေနာက္ပိုင္း ဂိမ္းအထိ အခ်ိန္ဆြဲထားလို႔ ရေသးတယ္]

ဂိမ္းက ကိုးမိနစ္အထိ ၾကာၿပီးေနာက္ ရန္သူဘက္မွ အလယ္လမ္းကစားသမားက ႐ုတ္တရက္ ေအာက္လမ္းသို႔ အေထာက္အပံ့ ေဘးသို႔ ခုန္ဆင္းလာသည္။ ေနာက္ထပ္ အသင္းတိုက္ပြဲတစ္ခု ျဖစ္ပြားခဲ့ခ်ိန္တြင္ ယဲ့ေရွာင္းယန္၏ marksman ႏွင့္ အေထာက္အပံ့က အသတ္ခံလိုက္ရျပန္သည္။ ပုံရိပ္ေယာင္ပညာရွင္က သူတို႔၏ေခါင္းကို ယူသြားသည္။

အစ္ကိုငါး (ပုံရိပ္ေယာင္ပညာရွင္) က ေရွာင္ေ႐ြ႕ (ေကာင္းခ်ီးဘုန္းေတာ္ႀကီး) ကို သတ္လိုက္ၿပီ။

အစ္ကိုငါး (ပုံရိပ္ေယာင္ပညာရွင္) က လူအ (နတ္ဘုရားေလးသည္ေတာ္) ကို သတ္လိုက္ၿပီ။

ရွဲ႕ယြီ၏ စိတ္အေျခအေနက ပိုေကာင္းသည္ထက္ ေကာင္းလာသည္။ သူက ရယ္ၿပီးေနာက္ ၾကည့္ရႈသူမ်ားကို ေျပာသည္။

"အာ ဒီပြဲကို လြယ္လြယ္ကူကူ ႏိုင္မယ္လို႔ မထင္ထားဘူး။ ရန္သူရဲ႕ marksman က ေတာ္ေတာ္ေလးကို ဆိုး႐ြားတာပဲ။ သူတို႔ရဲ႕ အေထာက္အပံ့ရဲ႕ စေကးကလည္း အမ်ားဆုံးမွ ေ႐ႊအဆင့္ေလာက္ပဲ ရွိမယ္။ ဒီေတာ့ ဘုရင္အဆင့္ကို ေရာက္ဖို႔ အသယ္ခံလာရတာပဲ ျဖစ္ေလာက္တယ္"

သူက အင္ဖိုစာရင္းကို ဖြင့္ၿပီးေနာက္တြင္ ႏွစ္ဖက္အသင္း၏ အေျခအေနမ်ားကို စစ္ေဆးလိုက္သည္။ လက္ရွိအခ်ိန္တြင္ သူ၏ကိုယ္ပိုင္killက 3/0/0 ျဖစ္ေနသည္။ ၿပိဳင္ဘက္မွ အလယ္လမ္းကစားသမားက 1/0/0 ျဖစ္ေနေသးသည္။ ထိုအေရအတြက္အရ ရွဲ႕ယြီက တစ္ဖက္ထက္ အျပတ္အသတ္ သာေနသည္။ သို႔ရာတြင္ သူက တစ္ဖက္မွ အလယ္လမ္းကစားသမား၏ ေ႐ႊေရာင္စကားလုံးမ်ားကို ျမင္ေသာအခါ ႐ုတ္တရက္ သူ၏ေမာက္ကို ခပ္တင္းတင္း ဆုပ္ကိုင္မိသြားၿပီး မ်က္လုံးအျပဴးသား ျဖစ္သြားသည္။

ဘယ္လို ျဖစ္ႏိုင္မွာလဲ။ ဘာလို႔ ရန္သူရဲ႕ အလယ္လမ္းကစားသမားက Gold Count က သူနဲ႔ တူညီလုနီးပါး ျဖစ္ေနတာလဲ။

သူက ရန္သူကို HP က်သြားေအာင္ ႏွစ္ႀကိမ္ လုပ္ႏိုင္ခဲ့သည္။ ထို႔ေနာက္ အေျခစိုက္စခန္းသို႔ ျပန္ေအာင္လည္း ေမာင္းထုတ္ႏိုင္ခဲ့ေသးေလသည္။ ထို႔အျပင္ သူက ေအာက္လမ္းမွလည္း Double Kill ပင္ ရခဲ့ေသးသည္။ ထိုအေျခအေနတြင္ ရွဲ႕ယြီက ႐ုတ္တရက္ အသူရာအရွင္သခင္က သူ႔ေရွ႕တြင္ ေပၚလာေၾကာင္း ျမင္လိုက္ရသည္။ ဟီး႐ိုး၏ တစ္ကိုယ္လုံးကို အျပာေရာင္ Buff အလင္းတန္းမ်ားျဖင့္ လႊမ္းၿခဳံထားသည္။

"ေသစမ္း သူက ေတာထဲက အရင္းအျမစ္ေတြ အကုန္လုံးကို စားလိုက္တာလား"

ရွဲ႕ယြီက တအံ့တဩ ေအာ္သည္။

ထိုဟီး႐ိုးႏွင့္သူ ဆယ္ပြဲထက္ မနည္း ကစားဖူးေသာ ရွဲ႕ယြီကလည္း အသူရာအရွင္သခင္က ေနာက္ပိုင္းဂိမ္းမ်ားတြင္ မည္မွ် အင္အားႀကီးေၾကာင္း သိထားသည္။ ထိုသို႔ျဖင့္ သူက ေက်ာစိမ့္တက္သြားသည္။ သူက ခ်က္ခ်င္းလိုလို အသင္းခ်က္သို႔ စာ႐ိုက္ပို႔လိုက္သည္။

[သူတို႔က ေနာက္ပိုင္းအထိ ဂိမ္းကို အခ်ိန္ဆြဲခ်င္ေနတာ သူတို႔ကို အခ်ိန္ဆြဲခြင့္ မေပးနဲ႔။ အလယ္လမ္းကေန တိုက္ခိုက္ၿပီး ဒီပြဲကို အဆုံးသတ္ရေအာင္ အခုပဲ အခုပဲ]

သူ၏ အသင္းေဖာ္မ်ားက ထိုစကားကို ျမင္ေသာအခါ ခ်က္ခ်င္းလိုလို အလယ္လမ္းသို႔ ေရာက္ရွိလာသည္။ ယဲ့ေရွာင္းယန္ကလည္း သူ၏အသင္းေဖာ္မ်ားကို အခ်က္ျပသည္။ သူတို႔အားလုံးကလည္း အလယ္လမ္းသို႔ ေရာက္လာသည္။ ထိုသို႔ျဖင့္ ဂိမ္းက ၁၁မိနစ္ခန႔္ ၾကာသြားၿပီးေနာက္ ပထမဆုံး 5 vs 5 အသင္းတိုက္ပြဲက စတင္ေလၿပီ။

Okumaya devam et

Bunları da Beğeneceksin

60.7K 8.7K 41
လင္းယုတုန္သည္ရွစ္နွစ္ၾကာတြဲခဲ႔ေသာခ်စ္သူကကိုးထပ္မွတြန္းခ်ခံရၿပီးေနာက္လြန္ခဲ႔ေသာရွစ္နွစ္တြင္ျပန္လည္ေမြးဖြားလာသည့္အခါသူရဲ႕အမွားတြကိုဘယ္လိုျပင္ဆင္ခြင့္ရၿ...
Pse Ty ? Byrek Obama tarafından

Genç Kız Edebiyatı

8.6K 646 7
Më mbaj gjithë mërinë e botës, po sonte më lër të qëndroj me ty. vazhdimi i librit "pse mua ?"
12.9K 1.1K 7
•Original Title - 最后一百天 •English Title - The Final 100 Days •Author - 买菜 •Genres - Tragedy...
343K 35.6K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...