ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

De Swae_Nyoe

181K 24.5K 679

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... Mai multe

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108

Part 5

2.2K 320 11
De Swae_Nyoe

အပိုင်း (၅)

ချင်ရွေ့က လက်တော့သယ်ပြီးနောက် ယဲ့ရှောင်းယန်၏ နောက်မှ လိုက်ကာ စာဖတ်ခန်းထဲသို့ လာသည်။ သူက ထိုင်ခုံကို ဆွဲထိုင်ပြီးနောက် လက်တော့ကို တင်လိုက်သည်။ ဘေးနားတွင်မူ သူ၏ဝမ်းကွဲက ဂိမ်းကုလားထိုင်ဖြင့် ထိုင်နေလေသည်။ ထို့နောက် သူက ယဲ့ရှောင်းယန်ကို ဂိမ်းထဲမှတစ်ဆင့် ဖိတ်ခေါ်လိုက်သည်။

ရှစ်နာရီခွဲက ဂိမ်းကစားသော အထွတ်အထိပ် အချိန်ပင် ဖြစ်သည်။ ၅စက္ကန့်ပင် မကြာဘဲ ပြိုင်ပွဲတစ်ပွဲအတွက် လူပြည့်သွားလေပြီ။ စိန်အဆင့်အောက်မှ ပွဲများတွင် BLPများ မရှိသည့်အတွက် ဘန်းထားသော အရာမျိုး မရှိသလို ဘာမဆို ရွေး၍ ရသည်။ ထို့ကြောင့် Match က စတင်သည်နှင့် သူတို့၏ အဖွဲ့သားများကိုသာ မြင်ရတော့သည်။

သူတို့၏အသင်းထဲတွင် ကစားသမားငါးယောက် ရှိပြီး ယဲ့ရှောင်းယန်၏ [ရှောင်ပိုင်]က ကြေးနီအဆင့်သာ ရှိသေးသည်။ ချင်ရွေ့၏ [ရှောင်ရွေ့]ကမူ ရွှေအဆင့် ဖြစ်သည်။ တခြားသုံးယောက်ကမူ [ဒဏ္ဍာရီလာကော] [မင်းရဲ့အပြုံးလေး] နှင့် [ငါ့နှလုံးခုန်သံ] တို့ အားလုံးက ငွေရောင်အဆင့် ဖြစ်သည်။ နောက်ပိုင်း နှစ်ယောက်ကမူ အိုင်ဒီများ ကြည့်ရုံဖြင့် စုံတွဲမှန်း သိနိုင်သည်။

အဆင့်တက်သော စနစ်အရ ပြိုင်ပွဲက ငွေရောင်အဆင့်ပွဲဟု သတ်မှတ်၍ ရသည်။ ယဲ့ရှောင်းယန်၏ အကောင့်တွင် ဟီးရိုးငါးကောင်သာ ပွင့်သေးသည့်အတွက် သူက အလယ်လမ်းမှော်ဆရာ အမျိုးအစား ဖြစ်သည့် အေးခဲနတ်ဘုရားမ ရွှယ်လီကို ရွေးလိုက်သည်။ ရွှေအိုရောင် လှိုင်းတွန့်များလို ရှည်လျားသည့် ဆံပင်ကို ပိုင်ဆိုင်ထားသည့် ထိုလှပသော အမျိုးသမီးက နှင်းဖြူရောင် မှော်ဆရာမ ဝတ်စုံကို ဝတ်ဆင်ထားသည်။

ချင်ရွေ့က ကောကောက မှော်ဆရာမကို ရွေးချယ်တာ မြင်သောအခါ သူကလည်း အထောက်အပံ့ ဖြစ်သည့် "တောအုပ်သံသမန်" ဖြစ်သည့် ယာ့အန်းကို ရွေးလိုက်သည်။ ထိုကာရိုက်တာက အနောက်တွင် ဆံပင်ကို အကြီးကြီး ထုံးကာ စုစည်းချထားသော ချစ်စရာကောင်းသည့် ချွန်ထက်သော နားရွက်တစ်စုံဖြင့် ကောင်မလေး ဖြစ်သည်။ သူမ၏ စကေးများအားလုံးက ကုသခြင်း ဖြစ်လေသည်။

သိပ်မကြာခင်တွင် သူတို့၏အသင်းမှ [မင်းရဲ့အပြုံးလေး] က မှော်ဆရာကို ရွေးလိုက်သည်။ [ငါ့နှလုံးခုန်သံ] ကမူ သေနတ်သမားကို ရွေးချယ်သည်။ ထို့နောက် [ဒဏ္ဍာရီလာကော]ကမူ လုပ်ကြံသတ်ဖြတ်သူကို ရွေးချယ်သည်။ သူတို့၏ Line up က လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်၊ မှော်ဆရာ ၂ယောက်၊ သေနတ်သမားနှင့် အထောက်အပံ့ တစ်ယောက် ဖြစ်သည်။

[မင်းရဲ့အပြုံးလေး]: ငါက မှော်ဆရာကစားတယ်။ ရှောင်ပိုင် ဟီးရိုးလဲလိုက်ပါ။ ဟုတ်ပြီလား

[ငါ့နှလုံးခုန်သံ]: အထောက်အပံ့ Tank ဟီးရိုးနဲ့ ပြောင်းလိုက်။ တောအုပ်သံတမန်က အရမ်းသေလွယ်တယ်။

[မင်းရဲ့အပြုံးလေး]: ငါ့ကောင်လေး ပြောတာကို နားထောင်လိုက် မြန်မြန် Tank နဲ့ လဲလိုက်။

[ရှောင်ရွေ့]: စိတ်မကောင်းပါဘူး။ ငါက တခြားအထောက်အပံ့တွေမှာ မတော်ဘူး။

[ရှောင်ပိုင်]: ငွေရောင်အဆင့်ပွဲတွေက အဲလောက်အထိ အလေးထားစရာ မလိုပါဘူး။ မင်းတို့တော်တာကိုပဲ ဆော့..

[မင်းရဲ့အပြုံးလေး]: .....

[မင်းရဲ့အပြုံးလေး]: ငါတို့က မှော်ဆရာနှစ်ယောက်နဲ့ ဘယ်လို ကစားရမှာလဲ။

[ရှောင်ပိုင်]: ငါတို့ စီမံလို့ရတယ်

[ရှောင်ပိုင်]: ငါက အပေါ်လမ်းကို နေရာယူမယ်။ မင်းက အလယ်ကို ယူလိုက် စရအောင်

ထိုစုံတွဲကမူ ညှိနှိုင်း၍ မရကြောင်း သိသောအခါ ဒီအတိုင်း ကျည်ဆံကို ကိုက်၍ ကိုင်တွယ်ရုံသာ ရှိလေတော့သည်။

ပြိုင်ပွဲက စလေပြီ။

ယဲ့ရှောင်းယန်ကလည်း မမှား‌ချေ။ ငွေရောင်အဆင့် ပွဲများက ထိုမျှအထိ အလေးထားရန် မလိုအပ်ချေ။ ထို့အပြင် အဖွဲ့ရဲ့ နေရာအနေအထားကိုလည်း ဖိအားများစရာ မလိုသေးချေ။ ဗျူဟာကိုလည်း ထိုမျှအထိ မလိုအပ်သေးချေ။ အဖွဲ့ထဲတွင် လူဟောင်းတစ်ယောက် ရှိသမျှ ရန်သူတိုင်းကို ချေမှုန်းနိုင်ပြီး အသင်းက အလိုလို နိုင်ပေလိမ့်မည်။

နည်းပညာအရ ပြောရသော် ယဲ့ရှောင်းယန်က စစ်နတ်ဘုရားများ၏ အဆင့်သတ်မှတ်ချက်ပွဲတွင် ပထမဆုံးအကြိမ် ဆော့ကစားခြင်းဟု ဆို၍ ရသည်။ ယခင်တစ်ခေါက်က သူက ဤဘဝသို့ ခြေလှမ်းဝင်ကာစ ဖြစ်သဖြင့် ထည့်တွက်၍ မရချေ။ သူ၏ဦးနှောက်ကလည်း ထိုအချိန်က ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ သူက မမျှော်လင့်ထားဘဲ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ထပ်ခါတလဲလဲ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အလေးအနက်ထားပြီး ကိုင်တွယ်ခဲ့ခြင်းမျိုး မရှိခဲ့ချေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက အလေးအနက်ထားပြီဖြစ်သည်။

သူက AIဖြင့် ပွဲစဉ်အနည်းငယ်ကို လေ့ကျင့်ထားခဲ့သည်။ ထို့အပြင် သူက တစ်ချိန်လုံး အေးခဲနတ်ဘုရားမကို သုံးမိခဲ့လေရာ သူက ထိုနတ်ဘုရားမကို အလွန်ရင်းနှီးနေလေပြီ။ ပွဲစတင်သောအခါ ယဲ့ရှောင်းယန်က တောအုပ်၏ အပေါ်လမ်းတွင် ခေါင်းပေါ်တွင် Timer နှင့်အတူ ပေါ်လာသည်။ Timer ကလည်း စရေတွက်နေသည်။ တခြားအသင်းမှ တိုက်ခိုက်ရေးသမားက သူ့မြင်ကွင်းထဲသို့ ဝင်လာချိန်အထိ စောင့်ဆိုင်းပြီးမှသာ သူ၏ Q skill ဖြစ်သည့် ချက်ချင်းလိုလို ပြိုင်ဘက်၏ HPကို ၁၀ရာခိုင်နှုန်း ရှင်းလင်းပစ်နိုင်သော စကေးကို ထုတ်သုံးလိုက်သည်။ ဒါက ရန်သူ၏ တိုက်ခိုက်ရေးသမားကို ကုပ်ခြစ်ရုံလောက်သာ ထိခိုက်စေလောက်သော်လည်း ဒီလို match up ပွဲများတွင် ပြိုင်ဘက်ကို ဒဏ်ရာရရန် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ရန် လိုအပ်သဖြင့် အလွန်အရေးကြီးသည်ဟု ဆို၍ရသည်။ HPမှ သေးငယ်သော ကွာဟချက်ကတင် အရေးအကြီးဆုံးသော တိုက်ပွဲ၏ အနေအထားမျိုးတွင် ဒီရေကို ပြောင်းပြန် ပြန်စီးစေပေလိမ့်မည်။ တခြားသော ကစားသမားကလည်း သူ၏HPများ လျော့သွားခြင်းကို ဂရုမထားပေ။ ယဲ့ရှောင်းယန်ကမူ မီနီယံပေါင်းများစွာကို အသုတ်လိုက် လာနေကြောင်း သိနေလေသည်။ ထို့ကြောင့် ဆက်တိုက် ခုတ်သတ်နေလိုက်သည်။ ထိုအချိန်အတွင်း သူက အဆင့်၂သို့ ရောက်သွားပြီးနောက် W skill ကို ရလိုက်သည်။ ထိုစကေးက Teep Ice [သိပ်သည်းသော အေးခဲစွမ်းရည်] ဖြစ်သည်။ သူက ပြိုင်ဘက်၏ လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းပြီးနောက် ပြိုင်ဘက်ကို နေရာတွင်ပင် အေးခဲအောင် ထိုစကေးကို ထုတ်သုံးလိုက်သည်။ ထို့နောက် သူက Q Skill ကို တစ်ဖန် ထပ်သုံးပြီး ပြိုင်ဘက်၏ HPကို တစ်ဖန် ထပ်ရှင်းလိုက်ပြန်သည်။ ထိုအချိန်တွင် ပြိုင်ဘက်၏ HPက ၃၀ရာခိုင်နှုန်းအထိ ထိုးကျသွားသည်။

ထိုတိုက်ခိုက်ရေးသမားကမူ ရန်သူက သူ့ထက် အင်အားကြီးကြောင်း အာရုံခံမိသွားသလိုမျိုး သူ၏မျှော်စင်အောက်မှ မထွက်လာရဲတော့ချေ။

နှစ်ယောက်လုံးက တစ်ခဏခန့် ငြိမ်းအေးသွားသည်။ သည်နည်းအားဖြင့် အသုတ်လိုက် လာနေသော မီနီယမ်လေးများကို နေရာပေးထားရင်း အချင်းချင်း မသတ်မဖြတ်ကြဘဲ အဆင့်တက်လိုက်ကြသည်။ သက်ရောက်မှုက ၃မိနစ်သာ ခံသည်။ ယဲ့ရှောင်းယန်၏ ဟီးရိုးက ကွင်း၏ ပထမဆုံး အဆင့်တက်သွားကြောင်း အလင်းလက်လာပြီးနောက် သူ၏အေးခဲနတ်ဘုရားက အဆင့်၆အထိ တိုက်ရိုက်ရောက်သွားသည်။ ဒဏ္ဍာရီများ၏အဖွဲ့ချုပ်တွင်ကဲ့သို့ စစ်နတ်ဘုရားများတွင်လည်း အဆင့်၆သို့ ရောက်သွားခြင်းက အရေးအကြီးဆုံးသော အလှည့်အပြောင်း ဖြစ်သွားသည်။ စစ်နတ်ဘုရားထဲမှ ဟီးရိုးတိုင်းတွင် အခြေခံစွမ်းရည် လေးမျိုးရှိပြီး အဆင့်၆တွင်မူ သူတို့က အဆုံးစွန်အကွက်ဖြစ်သော သူတို့၏ Ultကို ရလိုက်သည်။ Ult ဆိုသည်မှာ အစွမ်းအထက်ဆုံးဟု ဆို၍ ရသည်။ အေးခဲနတ်ဘုရားမ၏ Ultက နှင်းမုန်တိုင်း ဖြစ်သည်။ အေးခဲနတ်ဘုရားမက အလွန်အမင်း ကြီးမားသော နှင်းမုန်တိုင်းကြီးများကို အင်အားပြည့်ဖြင့် ကိုင်တွယ်နိုင်ပြီး AoE ဖျက်စီးမှော်စွမ်းအင်အဖြစ် ထုတ်သုံးနိုင်သည်။ ပစ်မှတ်ကို နှင်းမုန်တိုင်းထဲတွင်သာ အေးခဲထားနိုင်မည် ဆိုလျှင် သူတို့ခံစားရမည့် ပျက်ဆီးမှုစွမ်းအင်က ၂ဆ ဖြစ်သွားပေမည်။ အေးခဲနတ်ဘုရားမ၏ W Skill ဖြစ်သည့် သိပ်သည်းအေးခဲစွမ်းရည်နှင့် သူမ၏ Q Skill ဖြစ်သည့် အေးစက်စွာ ထိုးဖောက်ခြင်း များက ထိုUltကို ပြီးပြည့်စုံစွာ ထိုးဖောက်ပေးနိုင်စွမ်း ရှိသွားသည်။ ထိုသို့ဖြင့် ပေါင်းသုံးလိုက်သော သက်ရောက်မှုက ပိုကောင်းသွားလေသည်။ Skill သုံးခုလုံးက ဒေါသအပြည့် ထုတ်ဖော်ပြသနိုင်သည်။ ဒါက မှော်ဆရာမ များအတွက် အခြေခံအကျဆုံး တိုက်ခိုက်စွမ်းအားများလည်း ဖြစ်နေသည်။ ယဲ့ရှောင်းယန်က ဒီအကွက်များကို ရင်းနှီးနေခဲ့သည်မှာ ကြာလှချေပြီ။

ရန်သူ တိုက်ခိုက်ရေးသမားက မျှော်စင်အောက်တွင် ပုန်းနေသေးသည်။ ယဲ့ရှောင်းယန်က လမ်း၏ ဘေးဘက်ခြမ်း သစ်တောထဲတွင် ပုန်းနေရင်း ရိုက်ချနိုင်မည့် အခွင့်အရေးကို စောင့်နေသည်။ ထိုအခိုက် စနစ်မှ အသံက နားထဲသို့ ထွက်လာသည်။

[First Blood]

[Double Kill]

အသင်း၏ တန်ဖိုးက အောက်ခြေလမ်းမှ ပြောင်းပြန်လှန်ခံလိုက်ရသည်။ ထိုအချစ်ငှက်မောင်နှံက ရန်သူ လုပ်ကြံသတ်ဖြတ်ရေးသမား၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ချင်ရွေ့ကမူ ဆက်တိုက် ချောမွေ့စွာ ထွက်ပြေးလာလေပြီး သူတို့၏ အခြေစိုက်စခန်းထဲသို့ ပြန်လာကာ ကုသပေးနေသည်။

သူတို့၏အသင်း Chat တွင် စာကြောင်းများ ပေါ်လာသည်။

[မင်းရဲ့အပြုံးလေး] မင်းလို noob တွေ အဆင့်မတက်လို့ ရမလား @ရှောင်ရွေ့..

[ငါ့ရဲ့နှလုံးခုန်သံ] နင် ဘယ်လို စကားကြီး စကားကျယ် ပြောရမလဲ ဆိုတာတော့ သိပြီး ငါတို့ကို အဆင့်တက်နေတဲ့အချိန်မှာ ဆွဲမချလို့ ရမလား၊ AI ပြိုင်ပွဲတွေက နင့်အတွက် ပိုပြီး သင့်တော်တယ်။

[မင်းရဲ့အပြုံးလေး] ပြိုင်ဘက်အသင်း အထောက်အပံ့သမားက အချင်းချင်း ဘယ်လို ပူးပေါင်းလုပ်ဆောင်ရမလဲ ဆိုတာ ပိုသိတယ်။ ငါတို့ရဲ့ အထောက်အပံ့သမားကတော့ ဘယ်လို လျှောက်ပြေးရမလဲ ဆိုတာကိုပဲ သိတယ် မဟုတ်ဘူးလား။

[ငါ့ရဲ့နှလုံးခုန်သံ] အရူးလို အထောက်အပံ့.. မြန်မြန် ၆မိနစ် ပြည့်အောင် လုပ်ပြီးတော့ နောက်တစ်ပွဲကိုပဲ သွားကစားစမ်းပါ။

ချင်ရွေ့က သူ့ကို ပစ်မှတ်ထားသော နာကျင်ဖွယ်ကောင်းသည့် စကားလုံးများကို မြင်သောအခါ သူ့အမူအရာက မသက်မသာ ဖြစ်လာသည်။ သူက အောက်နှုတ်ခမ်းကို ကိုက်ပြီးနောက် ပြန်လည်ရှင်လာသည့် ရေတံခွန်နားသို့ ပြန်ရောက်သွားသည်။ ထို့နောက် တစ်ဖန် အောက်ခြေလမ်းသို့ ပြန်ပြေးရပြန်သည်။ ထိုစုံတွဲကမူ သူ့ကို ဆက်ပြီး အရှက်ခွဲနေသေးသည်။

[မင်းရဲ့အပြုံးလေး] ငါတို့ တစ်သင်းလုံး ရှေ့မှာ ထိပ်တိုက်ရင်ဆိုင်နေကြတယ်။ မင်းကတော့ အဲဒီနေရာမှာပဲ ရပ်ပြီး ဘာလို့ ပွဲကြည့်မနေတာလဲ။ မင်း မရှက်ဘူးလား။ အသင်းဖော်တွေကို ဒီလိုပဲ ရောင်းစားရလား။

[ငါ့ရဲ့နှလုံးခုန်သံ] အမြှီးကို ခြေထောက်ကြား ညှပ်ပြီး‌ ရှောင်ပြေးနေတာ အပြင် ဘာလုပ်နိုင်သေးလဲ။

[မင်းရဲ့အပြုံးလေး] မင်းရဲ့ ကြောက်တဲ့ပုံစံမျိုးနဲ့ သေချာပေါက် အိုမီဂါပဲ ဖြစ်ရမယ်။ တစ်ချိန်လုံး လျှောက်ပြေးဖို့ပဲ သိတာက အိုမီဂါပဲ။

[ငါ့ရဲ့နှလုံးခုန်သံ] တကယ်ကိုပါပဲ။ နင် ငါတို့ကို Heal နည်းနည်းလောက်ပဲ ပေးလိုက်ရင်တောင် ငါတို့ သေမှာ မဟုတ်ဘူး။ နင်က ဒီလို ငကြောက် ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် ကြည့်ရမှာ မရှက်ဖူးလား။

[မင်းရဲ့အပြုံးလေး] မင်း ဒီဂိမ်းကို uninstall လုပ်တော ကောင်းမယ်လို့ ထင်တယ်။ အရူးကောင်

ထိုနှစ်ယောက်၏ စကားများက နားထောင်ရ ခက်သည်ထက် ခက်ခါသည်။

ယဲ့ရှောင်းယန်၏ အကြီးမားဆုံးသော ပစ်ချက်က အားနည်းသူကို အမြဲတစေ ကာကွယ်ပေးချင်စိတ် ရှိခြင်း ဖြစ်သည်။ ထိုနှစ်ယောက်ကသာ သူ့ကို လာပြီး ပြောနေမည် ဆိုလျှင် သူက ဂရုပင် မစိုက်လောက်ပေ။ သို့သော် သူ့တိတိလေး၏ မျက်လုံးများက နီရဲလာကြောင်း မြင်သောအခါ သူက သည်းမခံနိုင်တော့ချေ။

ယဲ့ရှောင်းယန်က ချင်ရွေ့ကို ကြည့်လိုက်သည်။

"မင်းက ပြန်မပြောတော့ဘူးလား"

ချင်ရွေ့ကမူ ခေါင်းကို ငုံ့ထားပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အဖေက ပြောတယ်။ အိုမီဂါတွေက မကျိန်ဆဲရဘူးတဲ့။ ဒါက.. စာနာစိတ်မဲ့လွန်းတယ်"

ယဲ့ရှောင်းယန်ကမူ မျက်ခုံးပင့်လိုက်သည်။

"အဲဒီလိုလား"

ထို့နောက် တစ်ခဏတွင် သူ၏ လက်က ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ပျံသန်းပြေးလွှားသွားပြီး ထိုနှစ်ယောက်ကို စတင်ကာ စုတ်ဖြဲတော့သည်။

[ရှောင်ပိုင်] မင်းတို့က မင်းတို့ရဲ့ အထောက်အပံ့ကို မကျေမနပ် ပြောဖို့လောက်ပဲ သိတယ်။ မင်းတို့ရဲ့ ကိုယ်ပိုင်စကေးက ဘယ်လောက်အဆင့်လဲ ဆိုတာ မသိဘူးလား။

[ရှောင်ပိုင်] ဘာလဲ မင်းတို့ ငါ့ရဲ့ အထောက်အပံ့ကိုတောင် မင်းတို့ကို လာပြီး တကူးတက ကုပေးစေချင်သေးတယ် ဟုတ်လား။

[ရှောင်ပိုင်] မင်းတို့က ရန်သူရဲ့ ရွှေတွင်းနောက်မှာ ပုန်းပြီး ဘာလျှောက်လုပ်နေကြတာလဲ။ မင်းတို့ကသာ ခေါင်းမာပြီး အဖွဲ့လိုက် တိုက်ပွဲထဲကို ဝင်မသွားခဲ့ရင် ဒီလို ဖြစ်မှာတဲ့လား။ မင်းတို့ရဲ့ စကေးက ဒီလောက်အထိ နိမ့်ကျနေပြီးတော့ မင်းတို့ ကိုင်တွယ်ပုံက ဒီလောက် အသုံးမကျ ဖြစ်နေသေးတယ်။ ကြည့်ဖို့တောင် စိတ်ပျက်စရာ ကောင်းလွန်းတယ်။

[ရှောင်ပိုင်] မြန်မြန် ပါးစပ်တွေကို ပိတ်ထားလိုက်စမ်း။ ရေပန်းဘေးမှာပဲ AFK လုပ်ပြီး ထိုင်ကြည့်နေ။ ငါ ငါ့ရဲ့အထောက်အပံ့ကို ငါ ကိုင်တွယ်ပေးနိုင်တယ်။

ရှောင်ပိုင်လေးက လက်ကွက်ရိုက်စွမ်းရည်က အလွန်မြန်ဆန်လွန်းနေကာ ထိုစကားလေးကြောင်းက လျှပ်တပြက် အချိန်အတွင်း ဆက်တိုက် ပေါ်လာခြင်း ဖြစ်သည်။ ထိုစုံတွဲကမူ ဆွံ့အသွားကြသည်။ သူတို့၏ ဦးနှောက်ကပင် ယဲ့ရှောင်းယန်၏ လက်အရှိန်ကို မမီနိုင်ချေ။ ယဲ့ရှောင်းယန်က ပြောသည်။

"ရှောင်ရွေ့ အပေါ်လမ်းကို လာပြီး ငါ့ကို လာရှာ"

ချင်ရွေ့က တစ်ခဏခန့် အေးခဲသွားပြီးနောက် ချက်ချင်းလိုလို တောထဲသို့ အပြေးဝင်သွားပြီး အပေါ်လမ်းသို့ တွေးမနေဘဲ ပြေးလာသည်။ ထိုအချိန်တွင် သူတို့၏ အပေါ်လမ်းမှ မီနီယမ်များအားလုံးက အဆင့်တက်ပြီး ဖြစ်လေသည်။ ရန်သူ၏ တိုက်ခိုက်ရေးသမားကလည်း ထိုမီနီယမ်များကို တိုက်ခိုက်ရန် ကြိုးစားကြည့်သည့်တိုင် သူက တစ်ကောင်မှကို မသတ်နိုင်ခင် သူ၏ခြေထောက်အောက်တွင် ရေခဲကျောက်ပန်းကြီးက ရုတ်တရက် ပွင့်လာပြီးနောက် ချက်ချင်းဆိုသလို နှင်းမုန်တိုင်းက ဆင်းသက်လာတော့သည်။ ထိုတိုက်ခိုက်ရေးသမား၏ HPက 0 တန်းဖြစ်သွားသည်။ ဖန်သားပြင်တွင်လည်း စာတစ်ကြောင်းက ပေါ်လာသည်။

{[ရှောင်ပိုင်] က [မင်းသားဟွားဟွား]ကို သတ်လိုက်ပါပြီ}

ချင်ရွေ့က ရောက်လာသောအခါ ကိုယ့်သွေးအိုင်ထဲ ကိုယ် လဲကျ သေဆုံးနေသော တိုက်ခိုက်ရေးသမားကို မြင်လိုက်ရသည်။

သူက သူ၏ကောကောကို မယုံကြည်နိုင်မှု အပြည့်ဖြင့် မော့ကြည့်လိုက်သည်။ သို့သော် ယဲ့ရှောင်းယန်၏ မျက်နှာက ပြီးပြည့်စုံစွာ တည်ငြိမ်နေကြောင်း မြင်လိုက်ရလေသည်။

သူက ရန်သူ၏ တိုက်ခိုက်ရေးသမားကို အလဲထိုး ဆွဲချပြီးနောက် ယဲ့ရှောင်းယန်က တောထဲသို့ ဝင်ကာ အချို့သော အရင်းအမြစ်များကို ရိတ်သိမ်းလိုက်သည်။ ထို့နောက် သူက သူတို့၏ အခြေစိုက်စခန်းသို့ ပြန်ပြီးနောက် သူ၏ကုသမှုကို ပြန်လည်ဖြည့်တင်းလိုက်ကာ ပစ္စည်းအသစ်များ ဝယ်သည်။ ထို့နောက် သူက တစ်ဖန် အပေါ်လမ်းသို့ ထပ်သွားလိုက်သောအခါ ရန်သူ တိုက်ခိုက်ရေးသမားက သူ၏မီနီယမ်များကို လာပြီး သတ်ဖြတ်နေပြန်ကြောင်း မြင်လိုက်ရပြန်သည်။ ယဲ့ရှောင်းယန်က လျင်မြန်စွာဖြင့် W, Q, R တိုက်ပွဲစွမ်းအားကို ပေါင်းသုံးလိုက်ပြီး ထိုတိုက်ခိုက်ရေးသမားကို တစ်ခါတည်း ရှင်းလိုက်နိုင်သည်။

{[ရှောင်ပိုင်]က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}

အချစ်ငှက်စုံတွဲက အသိပြန်ဝင်သွားကြလေပြီ။ သူတို့က တစ်ကမ္ဘာလုံးဆိုင်ရာ chat တွင် ရှောင်ပိုင်ကို မကျေမနပ် ပြောဆိုခြင်းဖြင့် အလုပ်များနေကြပြီး ထို chat box တွင် မဆုံးနိုင်သော ဆင်ဆာ မိနိုင်သော စကားလုံးများဖြင့် ပြည့်နေသည်။ ယဲ့ရှောင်းယန်နှင့် ယခင် သူ၏ ဘိုးဘေး ဆယ့်ရှစ်ဆက်လောက်အထိ အကုန်လုံး ဆဲဆိုခံရသည်။ တခြားသော အဖွဲ့သား ဖြစ်သည့် [ဒဏ္ဍာရီလာကော] ကမူ ဘာကိုမှ မကြားသလိုသာ နေနေသည်။ သူက တည်ငြိမ်စွာဖြင့်သာ တိုက်ပွဲထဲမှ ထွက်နေသည်။ သူက မည်သည့်ဘက်ကိုမှ ဝင်မပါသလို မည်သည့်ဘက်ကိုမှ မထောက်ပံ့ပေးချေ။ သူက တိုက်ပွဲစကတည်းက တောထဲတွင်သာ ကိုယ့်အလုပ်ကိုယ် လုပ်နေသည်။

ယဲ့ရှောင်းယန်ကလည်း ထိုစုံတွဲနှင့် စကားများကာ အချိန်ဖြုန်းမနေတော့ပေ။ သူက ဂိမ်းကိုသာ အာရုံစိုက်ထားလိုက်သည်။ တူညီသော အချိန်တွင် စာတန်းများက တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာသည်။

{[ရှောင်ပိုင်] က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}

{[ရှောင်ပိုင်] က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}

ငါးမိနစ်ကြာ ထိုသို့ ဆက်တိုက် ပေါ်နေပြီးနောက် ယဲ့ရှောင်းယန်က အပေါ်လမ်းတစ်ခုလုံးကို ရှင်း၍ ပြီးသွားသည်။ ပြိုင်ဘက်အသင်းကလည်း ကိစ္စများက မချောမွေ့တော့ကြောင်း သိလိုက်ကြသည်။ သူတို့အားလုံးက ချက်ချင်းလိုလို အပေါ်လမ်းသို့ အဖွဲ့လိုက်လာသည်။ ယဲ့ရှောင်းယန်က အပေါ်လမ်းကျဉ်း၏ အခြေစိုက်မျှော်စင် အနီးနားတွင် ရှိသော တောအုပ်ထဲတွင် ပုန်းနေလိုက်ချိန်တွင် ချင်ရွေ့ကမူ သူ၏ဘေးနားတွင် ပုန်းနေပြီး သူ၏ HP ကို ဆက်တိုက် ဖြည့်ပေးနေသည်။

ကျန်တဲ့ငါးယောက်လုံးက မျက်စိရှေ့တွင် ဆက်တိုက် ဖြတ်သွားသည်။

အသစ်လေးများကမူ သူတို့ကြားမှ နေရာလွှတ်ထားသင့်ကြောင်း မသိချေ။ ထို့အပြင် သူတို့၏ စကေးကိုလည်း အနီးအနားတောအုပ်များတွင် မည်သို့ ထုတ်သုံးသင့်ကြောင်း မသိထားချေ။ ထို့ကြောင့် သူတို့၏ ချီတက်ပုံက တိုက်ရိုက်ချီတက်လာသလိုမျိုး ဖြစ်နေသည်။

ယဲ့ရှောင်းယန်၏ မျက်လုံးက ချက်ချင်းလိုလို တောက်ပသွားပြီး သူက ကီးအချို့ကို နှိပ်လိုက်သည်။

သိပ်သည်းသော ရေခဲ၊ အေးစက်စွာ ထိုးဖောက်ခြင်း၊ နှင်းမုန်တိုင်း..

ထိုသို့ဖြင့် တစ်စက္ကန့်တည်းနှင့် စကေးသုံးမျိုးကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်ပြီး သူ၏တိုက်ပွဲဝင်စွမ်းရည်ကို ထုတ်ပြလိုက်သည်။ သူက ပြိုင်ဘက်အသင်း၏ တည်နေရာကို ခန့်မှန်းခြင်းဖြင့် ရန်သူငါးယောက်လုံးကို ရေခဲရုပ်ထုများအဖြစ်သို့ ချက်ချင်း ပြောင်းလိုက်ခြင်း ဖြစ်သည်။

ယဲ့ရှောင်းယန်က အဆင့်မြင့် လက်နက်အပြည့်အဝ တပ်ဆင်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသေးသည်။ သူက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်စွာဖြင့် ရွှေတုံးများကို စောင့်နေလိုက်သည်။

ကွဲအက်သွားသော နှင်းမုန်တိုင်းက ပြန်လည် ငြိမ်သက်သွားပြီးနောက်တွင် အရာအားလုံးကို မြင်လိုက်ရသည်။ အေးခဲနေသော ရန်သူငါးယောက်က ကြွက်သားများပင် မလှုပ်နိုင်သေးချေ။ သူတို့ ငါးယောက် တောင့်တင်းနေကြသည်။ သူတို့ တစ်ဖွဲ့လုံးကမူ ထိုသို့ ချက်ချင်း ရှင်းလင်းပစ်ခံလိုက်ရသည်။ ထိုသို့ဖြင့် ဖန်သားပြင်တွင် စာသားအတွဲလိုက်က ပေါ်လာသည်။

{[ရှောင်ပိုင်]က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}

{[ရှောင်ပိုင်]က [လီမွန်ပူတင်း]ကို သတ်လိုက်ပြီ} Double Kill

{[ရှောင်ပိုင်]က [နှင်းသခင်မ]ကို သတ်လိုက်ပြီ} Triple Kill

{[ရှောင်ပိုင်]က [ကြွေကျသွားသောပန်းပွင့်များ]ကို သတ်လိုက်ပြီ} Quarter Kill

{[ရှောင်ပိုင်]က [လှိုင်းထနေသောရေ]ကို သတ်လိုက်ပြီ} Penta Kill

{[ရှောင်ပိုင်]က ဆက်တိုက် သတ်ဖြတ်နေပြီ}

{[ရှောင်ပိုင်]က ဂိမ်းကို လွှမ်းမိုးနေပြီ}

တစ်ဖက်စုံတွဲကမူ တိတ်ဆိတ်သွားသည်။

သောက်ကျိုးနည်း..

သူတို့က ပြိုင်ပွဲကို ဦးတည်ကာ ကစားတော့မည့် အချိန်တွင်ပင် ၆မိနစ်ပင် မကြာသေးသော ကာလအတွင်း ထိုစကားလုံးများက ဆက်တိုက် ပေါ်လာသည်။

သူတို့ နိုင်သွားပြီ။ သူတို့ နိုင်သွားတာ.. သူတို့ နိုင်သွားပြီလို့ ပြောလိုက်တာလား။ သူတို့ကမူ chat ခန်းထဲတွင် ညစ်ညမ်းသော အရာများ ပြောနေရင်းဖြင့် အချိန်ကုန်သွားလေရာ အပေါ်လမ်းကို မည်သို့ ရှင်းလိုက်ကြောင်းပင် မသိလိုက်ရချေ။

ယဲ့ရှောင်းယန်က သူ၏ ပစ္စည်းများအားလုံးကို လျင်မြန်စွာဖြင့် ရောင်းချပြီးနောက် တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံး ထုတ်ပေးနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အပျက်စီးစေဆုံးသော လက်နက်အမျိုးအစားများကို ဝယ်လိုက်သည်။ ထို့နောက် သူ၏မီနီယမ်များကို ဦးဆောင်ကာ ရှေ့သို့ ချီတက်သွားပြီးနောက် ရန်သူ၏ အခြေစိုက်စခန်း သလင်းတုံးကို တိုက်ခိုက်တော့သည်။

ထိုသလင်းတုံးအား အော်တိုတိုက်ခိုက်သည့် စနစ်ကို နှိပ်ထားပြီးနောက် သူက စာတစ်ကြောင်း ရိုက်လိုက်သည်။

[ငါတို့ နိုင်ပြီ ပျော်လား]

ထိုစုံတွဲကမူ တိတ်ဆိတ်သွားသည်။ ပျော်လား ဟုတ်လား။ သူတို့က ဒီမှာ ကျိန်ဆဲရင်းနဲ့ အလုပ်များနေတာ သူတို့ရဲ့အသင်းဖော်က သူတို့ကို နိုင်အောင် ဆွဲခေါ်သွားတယ်တဲ့လား။ သူတို့ မပျော်ဘဲ နေမလား။

[ရှောင်ပိုင်] ငါ့က ငါ့ရဲ့အထောက်အပံ့ကို နိုင်အောင် လုပ်ပေးနိုင်တယ်။ မင်းတို့ နှစ်ယောက် ပြောစရာများ ရှိလား။

[ရှောင်ပိုင်] မင်းတို့က တစ်ကြိမ်သေသွားတယ်။ နောက်ထပ် ငါးမိနစ်လောက် ဆက်တိုက် ထိုးသတ်နေတယ်။ မင်းတို့ ဒီဂိမ်းကို ပါးစပ်နဲ့များ ကစားတာလား။

[ရှောင်ပိုင်] ဘယ်လိုပဲ ဖြစ်ဖြစ် နှုတ်ဆက်ပါတယ်။ ဘယ်တော့မှ မတွေ့ကြစို့။

သူက အလင်းလို မြန်ဆန်သော အရှိန်နှုန်းဖြင့် ရိုက်ပြီးနောက် သုံးကြိမ်ဆက်တိုက် ပြီးပြည့်စုံစွာ တိုက်ခိုက်လိုက်သည်။ ဘယ်တော့မှ မတွေ့ကြစို့ ဆိုသော စကားက ပေါ်လာပြီးသည်နှင့် ချက်ချင်းလိုလို ရန်သူ၏ အသင်းမှ သလင်းတုံးက ဘုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။ ဂိမ်းက အဆုံးသတ်သွားသည်။ အနိုင်ရပြီ ဆိုသော စကားလုံးက ရွှေရောင်စာသားဖြင့် ထူးကဲစွာ အလယ်တည့်တည့်တွင် ပေါ်လာသည်။

ထိုသို့ဖြင့် ချက်ခန်းထဲသို့ ဝင်၍ မရတော့ချေ။ ထိုသို့ဖြင့်လည်း ဆက်လက်ပြီး စာရိုက်၍ မရတော့ချေ။ တစ်ဖက် စုံတွဲကမူ အနည်းငယ်လောက် ထပ်ပြီး အတွန့်တက်ချင်သေးသော်လည်း တစ်ဖက်သူထံ ရောက်အောင် မလုပ်နိုင်တော့ချေ။

ဒါက ယဲ့ရှောင်းယန်က တစ်ဖက်က သတိမထားမိခင် ကျွမ်းကျင်စွာ မျက်နှာကို ဖြတ်ရိုက်လိုက်သော နည်းလမ်း ဖြစ်သည်။

ချင်ရွေ့ကမူ ဆွံ့အသွားလေသည်။ သူက ခေါင်းကို လိမ်ပြီးနောက် သူ့ကောကောကို မယုံကြည်နိုင်သော ပုံစံမျိုးဖြင့် လှည့်ကြည့်လိုက်ကော ပြောလိုက်သည်။

"ကော.. ကော ဘယ်တုန်းက ဒီလောက်အထိ အင်အားကြီးသွားတာလဲ။ ကော ဒီဂိမ်းကို မနေ့ကအထိတောင် မကစားတတ်သေးဘူး မဟုတ်လား"

ယဲ့ရှောင်းယန်က အရည်ထူသည်။ သူက ပြန်ငြင်းလိုက်သည်။

"ငါ ကစားတာ ၂ရက်ပဲ ရှိသေးလို့ ဖြစ်မှာပါ။ ဒါပေမဲ့ ရုတ်တရက် သဘာဝအလျောက် ဂိမ်းကစားတဲ့ စွမ်းရည် ပိုင်ဆိုင်လာသလို ခံစားလိုက်ရလို့ ဒါကြောင့် ဒီတွင်းထဲကို ဆွဲထည့်ပေးတဲ့အတွက် ငါ့တိတိလေးကိုပဲ ကျေးဇူးတင်ရမယ်"

သူကမူ တခြားလောကမှ ပြည်တွင်းချန်ပီယံရှစ် ရထားသည့် ဝိညာဉ်တစ်ခုမှ ကူးပြောင်းလာသူ ဖြစ်ကြောင်း သွားပြော၍ မရချေ။ ထို့အပြင် သူ ပြောလိုက်သော ပါရမီက အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်။ ပါရမီက လျှို့ဝှက်ဆန်းကျယ်သော အရာဖြစ်သည်။ မည်သူကမှ တိုင်းတာ၍ မရချေ။ ထို့နောက် သံသယဝင်စရာလည်း မရှိချေ။ ဒီဘဝတွင် သူ အသက်၂၁နှစ်အထိ မကစားခဲ့ဖူးချေ။ သူ၏ဝမ်းကွဲက သူ့ကို စစ်နတ်ဘုရားများနှင့် မိတ်ဆက်ပေးလာသောအခါ သဘာဝအလျောက်ပင် ဂိမ်းကစားသည့် စွမ်းရည်ကို ပိုင်ဆိုင်သွားသည့်အတွက် ပရိုကစားသမားတစ်ယောက် လုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြော၍ရသည်။

သည်ပုံပြင်က နားထောင်လို့ ကောင်းတယ် မဟုတ်လား။

တစ်ယောက်ယောက်ကသာ သံသယ ဝင်သွားလျှင်ပင် မည်သည့်ဘက်က မှားနေကြောင်းကို သက်သေပြ၍ မရချေ။ ပို၍ ဆိုးသည်မှာ သိပ်မကြာခင်ကမှ သူ၏ဝမ်းကွဲကိုယ်တိုင်က သူ့ကို ဒီကစားသမားနယ်ပယ်ထဲသို့ ဆွဲထည့်ပေးခဲ့သည်မှာလည်း မှန်ကန်နေခဲ့လေသည်။

သူတို့ ယခု ကစားလိုက်သော ဂိမ်းက ငွေရောင်အဆင့်အောက် ဖြစ်နေသည်။ ထို့ကြောင့် ယဲ့ရှောင်းယန်က သည်ဂိမ်းအပေါ် ပြီးပြည့်စုံစွာ နားလည်သွားသည်ဟု သက်ပြေမပြနိုင်သေးချေ။ သူ့အနေဖြင့် လက်ကို ပို၍ ရှာဖွေရန် လိုအပ်နေသေးပြီး သူ၏ခန္ဓာကိုယ်ကိုလည်း မြင့်တင်ပေးရန် လိုသည်။ သူက ယခုထက် ပို၍ မြန်ဆန်အောင် ကြိုးစားရပေအုံးမည်။ သူက အရှိန်နှုန်းမြင့်မြင့်နှင့် အမီလိုက်နိုင်မှသာ ပရိုကစားသမားများ၏ ပြင်းထန်သော တိုက်ပွဲများထဲတွင် ဝင်ပါနိုင်ပေလိမ့်မည်။

အသက်၂၁နှစ်က ယခုမှ esport ကစားသမားတစ်ယောက် လုပ်ရန် ကြီးနေလောက်သော်လည်း ယဲ့ရှောင်းယန်ကမူ ယခင်ဘဝတွင် မရေမတွက်နိုင်သော ကစားများစွာကို ကစားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ပွဲကြီးများကို တိုက်ရိုက်ကစားနိုင်သည်။ သူ့အနေဖြင့်လည်း အသင်းသစ်ထဲတွင် ကျင့်သားရမည်ဟု ယုံကြည်သည်။ ထိုကြောင့် ဖိအားအောက်တွင် ရှိနေသော သူ၏စိတ်အခြေအနေဖြင့် ကယောက်ကတမ်း လုပ်မိမည့် အရေးများကို စိုးရိမ်ရန် မလိုအပ်ချေ။

သူကပင် စတင်ကာဖြင့် သူ့ကို ကင်းထောက်တစ်ယောက်က လက်မှတ်လာထိုးခိုင်းမည့် အချိန်ကိုပင် မျှော်လင့်မိသွားသေးသည်။ သူကသာ ဒီဂိမ်းအကြောင်း နားလည်နေသမျှ သူ့နာမည်ကို ထင်ကျန်ရစ်အောင် လုပ်နိုင်ပေလိမ့်မည်။

(ကိုယ်တော့ လက်ထဲ ရောက်လာတာ အကုန်တင်ပေးလိုက်တာပဲနော်။ အစည်းအဝေးကျ အပြောခံရရင် မျက်နှာမငယ်ရအောင်လို့ ရှင်လေးတို့က ဘာသာပြန်သူနဲ့ စာစစ်သူတွေရဲ့ အခြေအနေလေးတွေ ပြောပေးကြပါအုံး)

ZawGyi

အပိုင္း (၅)

ခ်င္ေ႐ြ႕က လက္ေတာ့သယ္ၿပီးေနာက္ ယဲ့ေရွာင္းယန္၏ ေနာက္မွ လိုက္ကာ စာဖတ္ခန္းထဲသို႔ လာသည္။ သူက ထိုင္ခုံကို ဆြဲထိုင္ၿပီးေနာက္ လက္ေတာ့ကို တင္လိုက္သည္။ ေဘးနားတြင္မူ သူ၏ဝမ္းကြဲက ဂိမ္းကုလားထိုင္ျဖင့္ ထိုင္ေနေလသည္။ ထို႔ေနာက္ သူက ယဲ့ေရွာင္းယန္ကို ဂိမ္းထဲမွတစ္ဆင့္ ဖိတ္ေခၚလိုက္သည္။

ရွစ္နာရီခြဲက ဂိမ္းကစားေသာ အထြတ္အထိပ္ အခ်ိန္ပင္ ျဖစ္သည္။ ၅စကၠန႔္ပင္ မၾကာဘဲ ၿပိဳင္ပြဲတစ္ပြဲအတြက္ လူျပည့္သြားေလၿပီ။ စိန္အဆင့္ေအာက္မွ ပြဲမ်ားတြင္ BLPမ်ား မရွိသည့္အတြက္ ဘန္းထားေသာ အရာမ်ိဳး မရွိသလို ဘာမဆို ေ႐ြး၍ ရသည္။ ထို႔ေၾကာင့္ Match က စတင္သည္ႏွင့္ သူတို႔၏ အဖြဲ႕သားမ်ားကိုသာ ျမင္ရေတာ့သည္။

သူတို႔၏အသင္းထဲတြင္ ကစားသမားငါးေယာက္ ရွိၿပီး ယဲ့ေရွာင္းယန္၏ [ေရွာင္ပိုင္]က ေၾကးနီအဆင့္သာ ရွိေသးသည္။ ခ်င္ေ႐ြ႕၏ [ေရွာင္ေ႐ြ႕]ကမူ ေ႐ႊအဆင့္ ျဖစ္သည္။ တျခားသုံးေယာက္ကမူ [ဒ႑ာရီလာေကာ] [မင္းရဲ႕အၿပဳံးေလး] ႏွင့္ [ငါ့ႏွလုံးခုန္သံ] တို႔ အားလုံးက ေငြေရာင္အဆင့္ ျဖစ္သည္။ ေနာက္ပိုင္း ႏွစ္ေယာက္ကမူ အိုင္ဒီမ်ား ၾကည့္႐ုံျဖင့္ စုံတြဲမွန္း သိႏိုင္သည္။

အဆင့္တက္ေသာ စနစ္အရ ၿပိဳင္ပြဲက ေငြေရာင္အဆင့္ပြဲဟု သတ္မွတ္၍ ရသည္။ ယဲ့ေရွာင္းယန္၏ အေကာင့္တြင္ ဟီး႐ိုးငါးေကာင္သာ ပြင့္ေသးသည့္အတြက္ သူက အလယ္လမ္းေမွာ္ဆရာ အမ်ိဳးအစား ျဖစ္သည့္ ေအးခဲနတ္ဘုရားမ ႐ႊယ္လီကို ေ႐ြးလိုက္သည္။ ေ႐ႊအိုေရာင္ လႈိင္းတြန႔္မ်ားလို ရွည္လ်ားသည့္ ဆံပင္ကို ပိုင္ဆိုင္ထားသည့္ ထိုလွပေသာ အမ်ိဳးသမီးက ႏွင္းျဖဴေရာင္ ေမွာ္ဆရာမ ဝတ္စုံကို ဝတ္ဆင္ထားသည္။

ခ်င္ေ႐ြ႕က ေကာေကာက ေမွာ္ဆရာမကို ေ႐ြးခ်ယ္တာ ျမင္ေသာအခါ သူကလည္း အေထာက္အပံ့ ျဖစ္သည့္ "ေတာအုပ္သံသမန္" ျဖစ္သည့္ ယာ့အန္းကို ေ႐ြးလိုက္သည္။ ထိုကာ႐ိုက္တာက အေနာက္တြင္ ဆံပင္ကို အႀကီးႀကီး ထုံးကာ စုစည္းခ်ထားေသာ ခ်စ္စရာေကာင္းသည့္ ခြၽန္ထက္ေသာ နား႐ြက္တစ္စုံျဖင့္ ေကာင္မေလး ျဖစ္သည္။ သူမ၏ စေကးမ်ားအားလုံးက ကုသျခင္း ျဖစ္ေလသည္။

သိပ္မၾကာခင္တြင္ သူတို႔၏အသင္းမွ [မင္းရဲ႕အၿပဳံးေလး] က ေမွာ္ဆရာကို ေ႐ြးလိုက္သည္။ [ငါ့ႏွလုံးခုန္သံ] ကမူ ေသနတ္သမားကို ေ႐ြးခ်ယ္သည္။ ထို႔ေနာက္ [ဒ႑ာရီလာေကာ]ကမူ လုပ္ႀကံသတ္ျဖတ္သူကို ေ႐ြးခ်ယ္သည္။ သူတို႔၏ Line up က လုပ္ႀကံသတ္ျဖတ္သူ တစ္ေယာက္၊ ေမွာ္ဆရာ ၂ေယာက္၊ ေသနတ္သမားႏွင့္ အေထာက္အပံ့ တစ္ေယာက္ ျဖစ္သည္။

[မင္းရဲ႕အၿပဳံးေလး]: ငါက ေမွာ္ဆရာကစားတယ္။ ေရွာင္ပိုင္ ဟီး႐ိုးလဲလိုက္ပါ။ ဟုတ္ၿပီလား

[ငါ့ႏွလုံးခုန္သံ]: အေထာက္အပံ့ Tank ဟီး႐ိုးနဲ႔ ေျပာင္းလိုက္။ ေတာအုပ္သံတမန္က အရမ္းေသလြယ္တယ္။

[မင္းရဲ႕အၿပဳံးေလး]: ငါ့ေကာင္ေလး ေျပာတာကို နားေထာင္လိုက္ ျမန္ျမန္ Tank နဲ႔ လဲလိုက္။

[ေရွာင္ေ႐ြ႕]: စိတ္မေကာင္းပါဘူး။ ငါက တျခားအေထာက္အပံ့ေတြမွာ မေတာ္ဘူး။

[ေရွာင္ပိုင္]: ေငြေရာင္အဆင့္ပြဲေတြက အဲေလာက္အထိ အေလးထားစရာ မလိုပါဘူး။ မင္းတို႔ေတာ္တာကိုပဲ ေဆာ့..

[မင္းရဲ႕အၿပဳံးေလး]: .....

[မင္းရဲ႕အၿပဳံးေလး]: ငါတို႔က ေမွာ္ဆရာႏွစ္ေယာက္နဲ႔ ဘယ္လို ကစားရမွာလဲ။

[ေရွာင္ပိုင္]: ငါတို႔ စီမံလို႔ရတယ္

[ေရွာင္ပိုင္]: ငါက အေပၚလမ္းကို ေနရာယူမယ္။ မင္းက အလယ္ကို ယူလိုက္ စရေအာင္

ထိုစုံတြဲကမူ ညႇိႏႈိင္း၍ မရေၾကာင္း သိေသာအခါ ဒီအတိုင္း က်ည္ဆံကို ကိုက္၍ ကိုင္တြယ္႐ုံသာ ရွိေလေတာ့သည္။

ၿပိဳင္ပြဲက စေလၿပီ။

ယဲ့ေရွာင္းယန္ကလည္း မမွား‌ေခ်။ ေငြေရာင္အဆင့္ ပြဲမ်ားက ထိုမွ်အထိ အေလးထားရန္ မလိုအပ္ေခ်။ ထို႔အျပင္ အဖြဲ႕ရဲ႕ ေနရာအေနအထားကိုလည္း ဖိအားမ်ားစရာ မလိုေသးေခ်။ ဗ်ဴဟာကိုလည္း ထိုမွ်အထိ မလိုအပ္ေသးေခ်။ အဖြဲ႕ထဲတြင္ လူေဟာင္းတစ္ေယာက္ ရွိသမွ် ရန္သူတိုင္းကို ေခ်မႈန္းႏိုင္ၿပီး အသင္းက အလိုလို ႏိုင္ေပလိမ့္မည္။

နည္းပညာအရ ေျပာရေသာ္ ယဲ့ေရွာင္းယန္က စစ္နတ္ဘုရားမ်ား၏ အဆင့္သတ္မွတ္ခ်က္ပြဲတြင္ ပထမဆုံးအႀကိမ္ ေဆာ့ကစားျခင္းဟု ဆို၍ ရသည္။ ယခင္တစ္ေခါက္က သူက ဤဘဝသို႔ ေျခလွမ္းဝင္ကာစ ျဖစ္သျဖင့္ ထည့္တြက္၍ မရေခ်။ သူ၏ဦးေႏွာက္ကလည္း ထိုအခ်ိန္က ေဝေဝဝါးဝါး ျဖစ္ေနခဲ့သည္။ သူက မေမွ်ာ္လင့္ထားဘဲ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္၏ ထပ္ခါတလဲလဲ သတ္ျဖတ္ျခင္းကို ခံခဲ့ရၿပီး အေလးအနက္ထားၿပီး ကိုင္တြယ္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေခ်။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္မူ သူက အေလးအနက္ထားၿပီျဖစ္သည္။

သူက AIျဖင့္ ပြဲစဥ္အနည္းငယ္ကို ေလ့က်င့္ထားခဲ့သည္။ ထို႔အျပင္ သူက တစ္ခ်ိန္လုံး ေအးခဲနတ္ဘုရားမကို သုံးမိခဲ့ေလရာ သူက ထိုနတ္ဘုရားမကို အလြန္ရင္းႏွီးေနေလၿပီ။ ပြဲစတင္ေသာအခါ ယဲ့ေရွာင္းယန္က ေတာအုပ္၏ အေပၚလမ္းတြင္ ေခါင္းေပၚတြင္ Timer ႏွင့္အတူ ေပၚလာသည္။ Timer ကလည္း စေရတြက္ေနသည္။ တျခားအသင္းမွ တိုက္ခိုက္ေရးသမားက သူ႔ျမင္ကြင္းထဲသို႔ ဝင္လာခ်ိန္အထိ ေစာင့္ဆိုင္းၿပီးမွသာ သူ၏ Q skill ျဖစ္သည့္ ခ်က္ခ်င္းလိုလို ၿပိဳင္ဘက္၏ HPကို ၁၀ရာခိုင္ႏႈန္း ရွင္းလင္းပစ္ႏိုင္ေသာ စေကးကို ထုတ္သုံးလိုက္သည္။ ဒါက ရန္သူ၏ တိုက္ခိုက္ေရးသမားကို ကုပ္ျခစ္႐ုံေလာက္သာ ထိခိုက္ေစေလာက္ေသာ္လည္း ဒီလို match up ပြဲမ်ားတြင္ ၿပိဳင္ဘက္ကို ဒဏ္ရာရရန္ အခြင့္အေရးတိုင္းကို ဖမ္းဆုပ္ရန္ လိုအပ္သျဖင့္ အလြန္အေရးႀကီးသည္ဟု ဆို၍ရသည္။ HPမွ ေသးငယ္ေသာ ကြာဟခ်က္ကတင္ အေရးအႀကီးဆုံးေသာ တိုက္ပြဲ၏ အေနအထားမ်ိဳးတြင္ ဒီေရကို ေျပာင္းျပန္ ျပန္စီးေစေပလိမ့္မည္။ တျခားေသာ ကစားသမားကလည္း သူ၏HPမ်ား ေလ်ာ့သြားျခင္းကို ဂ႐ုမထားေပ။ ယဲ့ေရွာင္းယန္ကမူ မီနီယံေပါင္းမ်ားစြာကို အသုတ္လိုက္ လာေနေၾကာင္း သိေနေလသည္။ ထို႔ေၾကာင့္ ဆက္တိုက္ ခုတ္သတ္ေနလိုက္သည္။ ထိုအခ်ိန္အတြင္း သူက အဆင့္၂သို႔ ေရာက္သြားၿပီးေနာက္ W skill ကို ရလိုက္သည္။ ထိုစေကးက Teep Ice [သိပ္သည္းေသာ ေအးခဲစြမ္းရည္] ျဖစ္သည္။ သူက ၿပိဳင္ဘက္၏ လႈပ္ရွားမႈကို ႀကိဳတင္ခန႔္မွန္းၿပီးေနာက္ ၿပိဳင္ဘက္ကို ေနရာတြင္ပင္ ေအးခဲေအာင္ ထိုစေကးကို ထုတ္သုံးလိုက္သည္။ ထို႔ေနာက္ သူက Q Skill ကို တစ္ဖန္ ထပ္သုံးၿပီး ၿပိဳင္ဘက္၏ HPကို တစ္ဖန္ ထပ္ရွင္းလိုက္ျပန္သည္။ ထိုအခ်ိန္တြင္ ၿပိဳင္ဘက္၏ HPက ၃၀ရာခိုင္ႏႈန္းအထိ ထိုးက်သြားသည္။

ထိုတိုက္ခိုက္ေရးသမားကမူ ရန္သူက သူ႔ထက္ အင္အားႀကီးေၾကာင္း အာ႐ုံခံမိသြားသလိုမ်ိဳး သူ၏ေမွ်ာ္စင္ေအာက္မွ မထြက္လာရဲေတာ့ေခ်။

ႏွစ္ေယာက္လုံးက တစ္ခဏခန႔္ ၿငိမ္းေအးသြားသည္။ သည္နည္းအားျဖင့္ အသုတ္လိုက္ လာေနေသာ မီနီယမ္ေလးမ်ားကို ေနရာေပးထားရင္း အခ်င္းခ်င္း မသတ္မျဖတ္ၾကဘဲ အဆင့္တက္လိုက္ၾကသည္။ သက္ေရာက္မႈက ၃မိနစ္သာ ခံသည္။ ယဲ့ေရွာင္းယန္၏ ဟီး႐ိုးက ကြင္း၏ ပထမဆုံး အဆင့္တက္သြားေၾကာင္း အလင္းလက္လာၿပီးေနာက္ သူ၏ေအးခဲနတ္ဘုရားက အဆင့္၆အထိ တိုက္႐ိုက္ေရာက္သြားသည္။ ဒ႑ာရီမ်ား၏အဖြဲ႕ခ်ဳပ္တြင္ကဲ့သို႔ စစ္နတ္ဘုရားမ်ားတြင္လည္း အဆင့္၆သို႔ ေရာက္သြားျခင္းက အေရးအႀကီးဆုံးေသာ အလွည့္အေျပာင္း ျဖစ္သြားသည္။ စစ္နတ္ဘုရားထဲမွ ဟီး႐ိုးတိုင္းတြင္ အေျခခံစြမ္းရည္ ေလးမ်ိဳးရွိၿပီး အဆင့္၆တြင္မူ သူတို႔က အဆုံးစြန္အကြက္ျဖစ္ေသာ သူတို႔၏ Ultကို ရလိုက္သည္။ Ult ဆိုသည္မွာ အစြမ္းအထက္ဆုံးဟု ဆို၍ ရသည္။ ေအးခဲနတ္ဘုရားမ၏ Ultက ႏွင္းမုန္တိုင္း ျဖစ္သည္။ ေအးခဲနတ္ဘုရားမက အလြန္အမင္း ႀကီးမားေသာ ႏွင္းမုန္တိုင္းႀကီးမ်ားကို အင္အားျပည့္ျဖင့္ ကိုင္တြယ္ႏိုင္ၿပီး AoE ဖ်က္စီးေမွာ္စြမ္းအင္အျဖစ္ ထုတ္သုံးႏိုင္သည္။ ပစ္မွတ္ကို ႏွင္းမုန္တိုင္းထဲတြင္သာ ေအးခဲထားႏိုင္မည္ ဆိုလွ်င္ သူတို႔ခံစားရမည့္ ပ်က္ဆီးမႈစြမ္းအင္က ၂ဆ ျဖစ္သြားေပမည္။ ေအးခဲနတ္ဘုရားမ၏ W Skill ျဖစ္သည့္ သိပ္သည္းေအးခဲစြမ္းရည္ႏွင့္ သူမ၏ Q Skill ျဖစ္သည့္ ေအးစက္စြာ ထိုးေဖာက္ျခင္း မ်ားက ထိုUltကို ၿပီးျပည့္စုံစြာ ထိုးေဖာက္ေပးႏိုင္စြမ္း ရွိသြားသည္။ ထိုသို႔ျဖင့္ ေပါင္းသုံးလိုက္ေသာ သက္ေရာက္မႈက ပိုေကာင္းသြားေလသည္။ Skill သုံးခုလုံးက ေဒါသအျပည့္ ထုတ္ေဖာ္ျပသႏိုင္သည္။ ဒါက ေမွာ္ဆရာမ မ်ားအတြက္ အေျခခံအက်ဆုံး တိုက္ခိုက္စြမ္းအားမ်ားလည္း ျဖစ္ေနသည္။ ယဲ့ေရွာင္းယန္က ဒီအကြက္မ်ားကို ရင္းႏွီးေနခဲ့သည္မွာ ၾကာလွေခ်ၿပီ။

ရန္သူ တိုက္ခိုက္ေရးသမားက ေမွ်ာ္စင္ေအာက္တြင္ ပုန္းေနေသးသည္။ ယဲ့ေရွာင္းယန္က လမ္း၏ ေဘးဘက္ျခမ္း သစ္ေတာထဲတြင္ ပုန္းေနရင္း ႐ိုက္ခ်ႏိုင္မည့္ အခြင့္အေရးကို ေစာင့္ေနသည္။ ထိုအခိုက္ စနစ္မွ အသံက နားထဲသို႔ ထြက္လာသည္။

[First Blood]

[Double Kill]

အသင္း၏ တန္ဖိုးက ေအာက္ေျခလမ္းမွ ေျပာင္းျပန္လွန္ခံလိုက္ရသည္။ ထိုအခ်စ္ငွက္ေမာင္ႏွံက ရန္သူ လုပ္ႀကံသတ္ျဖတ္ေရးသမား၏ သတ္ျဖတ္ျခင္းကို ခံလိုက္ရေလသည္။

ခ်င္ေ႐ြ႕ကမူ ဆက္တိုက္ ေခ်ာေမြ႕စြာ ထြက္ေျပးလာေလၿပီး သူတို႔၏ အေျခစိုက္စခန္းထဲသို႔ ျပန္လာကာ ကုသေပးေနသည္။

သူတို႔၏အသင္း Chat တြင္ စာေၾကာင္းမ်ား ေပၚလာသည္။

[မင္းရဲ႕အၿပဳံးေလး] မင္းလို noob ေတြ အဆင့္မတက္လို႔ ရမလား @ေရွာင္ေ႐ြ႕..

[ငါ့ရဲ႕ႏွလုံးခုန္သံ] နင္ ဘယ္လို စကားႀကီး စကားက်ယ္ ေျပာရမလဲ ဆိုတာေတာ့ သိၿပီး ငါတို႔ကို အဆင့္တက္ေနတဲ့အခ်ိန္မွာ ဆြဲမခ်လို႔ ရမလား၊ AI ၿပိဳင္ပြဲေတြက နင့္အတြက္ ပိုၿပီး သင့္ေတာ္တယ္။

[မင္းရဲ႕အၿပဳံးေလး] ၿပိဳင္ဘက္အသင္း အေထာက္အပံ့သမားက အခ်င္းခ်င္း ဘယ္လို ပူးေပါင္းလုပ္ေဆာင္ရမလဲ ဆိုတာ ပိုသိတယ္။ ငါတို႔ရဲ႕ အေထာက္အပံ့သမားကေတာ့ ဘယ္လို ေလွ်ာက္ေျပးရမလဲ ဆိုတာကိုပဲ သိတယ္ မဟုတ္ဘူးလား။

[ငါ့ရဲ႕ႏွလုံးခုန္သံ] အ႐ူးလို အေထာက္အပံ့.. ျမန္ျမန္ ၆မိနစ္ ျပည့္ေအာင္ လုပ္ၿပီးေတာ့ ေနာက္တစ္ပြဲကိုပဲ သြားကစားစမ္းပါ။

ခ်င္ေ႐ြ႕က သူ႔ကို ပစ္မွတ္ထားေသာ နာက်င္ဖြယ္ေကာင္းသည့္ စကားလုံးမ်ားကို ျမင္ေသာအခါ သူ႔အမူအရာက မသက္မသာ ျဖစ္လာသည္။ သူက ေအာက္ႏႈတ္ခမ္းကို ကိုက္ၿပီးေနာက္ ျပန္လည္ရွင္လာသည့္ ေရတံခြန္နားသို႔ ျပန္ေရာက္သြားသည္။ ထို႔ေနာက္ တစ္ဖန္ ေအာက္ေျခလမ္းသို႔ ျပန္ေျပးရျပန္သည္။ ထိုစုံတြဲကမူ သူ႔ကို ဆက္ၿပီး အရွက္ခြဲေနေသးသည္။

[မင္းရဲ႕အၿပဳံးေလး] ငါတို႔ တစ္သင္းလုံး ေရွ႕မွာ ထိပ္တိုက္ရင္ဆိုင္ေနၾကတယ္။ မင္းကေတာ့ အဲဒီေနရာမွာပဲ ရပ္ၿပီး ဘာလို႔ ပြဲၾကည့္မေနတာလဲ။ မင္း မရွက္ဘူးလား။ အသင္းေဖာ္ေတြကို ဒီလိုပဲ ေရာင္းစားရလား။

[ငါ့ရဲ႕ႏွလုံးခုန္သံ] အျမႇီးကို ေျခေထာက္ၾကား ညႇပ္ၿပီး‌ ေရွာင္ေျပးေနတာ အျပင္ ဘာလုပ္ႏိုင္ေသးလဲ။

[မင္းရဲ႕အၿပဳံးေလး] မင္းရဲ႕ ေၾကာက္တဲ့ပုံစံမ်ိဳးနဲ႔ ေသခ်ာေပါက္ အိုမီဂါပဲ ျဖစ္ရမယ္။ တစ္ခ်ိန္လုံး ေလွ်ာက္ေျပးဖို႔ပဲ သိတာက အိုမီဂါပဲ။

[ငါ့ရဲ႕ႏွလုံးခုန္သံ] တကယ္ကိုပါပဲ။ နင္ ငါတို႔ကို Heal နည္းနည္းေလာက္ပဲ ေပးလိုက္ရင္ေတာင္ ငါတို႔ ေသမွာ မဟုတ္ဘူး။ နင္က ဒီလို ငေၾကာက္ ျဖစ္ေနတာေတာင္ ကိုယ့္ကိုယ္ကိုယ္ ၾကည့္ရမွာ မရွက္ဖူးလား။

[မင္းရဲ႕အၿပဳံးေလး] မင္း ဒီဂိမ္းကို uninstall လုပ္ေတာ ေကာင္းမယ္လို႔ ထင္တယ္။ အ႐ူးေကာင္

ထိုႏွစ္ေယာက္၏ စကားမ်ားက နားေထာင္ရ ခက္သည္ထက္ ခက္ခါသည္။

ယဲ့ေရွာင္းယန္၏ အႀကီးမားဆုံးေသာ ပစ္ခ်က္က အားနည္းသူကို အၿမဲတေစ ကာကြယ္ေပးခ်င္စိတ္ ရွိျခင္း ျဖစ္သည္။ ထိုႏွစ္ေယာက္ကသာ သူ႔ကို လာၿပီး ေျပာေနမည္ ဆိုလွ်င္ သူက ဂ႐ုပင္ မစိုက္ေလာက္ေပ။ သို႔ေသာ္ သူ႔တိတိေလး၏ မ်က္လုံးမ်ားက နီရဲလာေၾကာင္း ျမင္ေသာအခါ သူက သည္းမခံႏိုင္ေတာ့ေခ်။

ယဲ့ေရွာင္းယန္က ခ်င္ေ႐ြ႕ကို ၾကည့္လိုက္သည္။

"မင္းက ျပန္မေျပာေတာ့ဘူးလား"

ခ်င္ေ႐ြ႕ကမူ ေခါင္းကို ငုံ႔ထားၿပီးေနာက္ ခပ္တိုးတိုး ေရ႐ြတ္လိုက္သည္။

"အေဖက ေျပာတယ္။ အိုမီဂါေတြက မက်ိန္ဆဲရဘူးတဲ့။ ဒါက.. စာနာစိတ္မဲ့လြန္းတယ္"

ယဲ့ေရွာင္းယန္ကမူ မ်က္ခုံးပင့္လိုက္သည္။

"အဲဒီလိုလား"

ထို႔ေနာက္ တစ္ခဏတြင္ သူ၏ လက္က ကီးဘုတ္ေပၚတြင္ လ်င္ျမန္စြာ ပ်ံသန္းေျပးလႊားသြားၿပီး ထိုႏွစ္ေယာက္ကို စတင္ကာ စုတ္ၿဖဲေတာ့သည္။

[ေရွာင္ပိုင္] မင္းတို႔က မင္းတို႔ရဲ႕ အေထာက္အပံ့ကို မေက်မနပ္ ေျပာဖို႔ေလာက္ပဲ သိတယ္။ မင္းတို႔ရဲ႕ ကိုယ္ပိုင္စေကးက ဘယ္ေလာက္အဆင့္လဲ ဆိုတာ မသိဘူးလား။

[ေရွာင္ပိုင္] ဘာလဲ မင္းတို႔ ငါ့ရဲ႕ အေထာက္အပံ့ကိုေတာင္ မင္းတို႔ကို လာၿပီး တကူးတက ကုေပးေစခ်င္ေသးတယ္ ဟုတ္လား။

[ေရွာင္ပိုင္] မင္းတို႔က ရန္သူရဲ႕ ေ႐ႊတြင္းေနာက္မွာ ပုန္းၿပီး ဘာေလွ်ာက္လုပ္ေနၾကတာလဲ။ မင္းတို႔ကသာ ေခါင္းမာၿပီး အဖြဲ႕လိုက္ တိုက္ပြဲထဲကို ဝင္မသြားခဲ့ရင္ ဒီလို ျဖစ္မွာတဲ့လား။ မင္းတို႔ရဲ႕ စေကးက ဒီေလာက္အထိ နိမ့္က်ေနၿပီးေတာ့ မင္းတို႔ ကိုင္တြယ္ပုံက ဒီေလာက္ အသုံးမက် ျဖစ္ေနေသးတယ္။ ၾကည့္ဖို႔ေတာင္ စိတ္ပ်က္စရာ ေကာင္းလြန္းတယ္။

[ေရွာင္ပိုင္] ျမန္ျမန္ ပါးစပ္ေတြကို ပိတ္ထားလိုက္စမ္း။ ေရပန္းေဘးမွာပဲ AFK လုပ္ၿပီး ထိုင္ၾကည့္ေန။ ငါ ငါ့ရဲ႕အေထာက္အပံ့ကို ငါ ကိုင္တြယ္ေပးႏိုင္တယ္။

ေရွာင္ပိုင္ေလးက လက္ကြက္႐ိုက္စြမ္းရည္က အလြန္ျမန္ဆန္လြန္းေနကာ ထိုစကားေလးေၾကာင္းက လွ်ပ္တျပက္ အခ်ိန္အတြင္း ဆက္တိုက္ ေပၚလာျခင္း ျဖစ္သည္။ ထိုစုံတြဲကမူ ဆြံ႕အသြားၾကသည္။ သူတို႔၏ ဦးေႏွာက္ကပင္ ယဲ့ေရွာင္းယန္၏ လက္အရွိန္ကို မမီႏိုင္ေခ်။ ယဲ့ေရွာင္းယန္က ေျပာသည္။

"ေရွာင္ေ႐ြ႕ အေပၚလမ္းကို လာၿပီး ငါ့ကို လာရွာ"

ခ်င္ေ႐ြ႕က တစ္ခဏခန႔္ ေအးခဲသြားၿပီးေနာက္ ခ်က္ခ်င္းလိုလို ေတာထဲသို႔ အေျပးဝင္သြားၿပီး အေပၚလမ္းသို႔ ေတြးမေနဘဲ ေျပးလာသည္။ ထိုအခ်ိန္တြင္ သူတို႔၏ အေပၚလမ္းမွ မီနီယမ္မ်ားအားလုံးက အဆင့္တက္ၿပီး ျဖစ္ေလသည္။ ရန္သူ၏ တိုက္ခိုက္ေရးသမားကလည္း ထိုမီနီယမ္မ်ားကို တိုက္ခိုက္ရန္ ႀကိဳးစားၾကည့္သည့္တိုင္ သူက တစ္ေကာင္မွကို မသတ္ႏိုင္ခင္ သူ၏ေျခေထာက္ေအာက္တြင္ ေရခဲေက်ာက္ပန္းႀကီးက ႐ုတ္တရက္ ပြင့္လာၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ႏွင္းမုန္တိုင္းက ဆင္းသက္လာေတာ့သည္။ ထိုတိုက္ခိုက္ေရးသမား၏ HPက 0 တန္းျဖစ္သြားသည္။ ဖန္သားျပင္တြင္လည္း စာတစ္ေၾကာင္းက ေပၚလာသည္။

{[ေရွာင္ပိုင္] က [မင္းသားဟြားဟြား]ကို သတ္လိုက္ပါၿပီ}

ခ်င္ေ႐ြ႕က ေရာက္လာေသာအခါ ကိုယ့္ေသြးအိုင္ထဲ ကိုယ္ လဲက် ေသဆုံးေနေသာ တိုက္ခိုက္ေရးသမားကို ျမင္လိုက္ရသည္။

သူက သူ၏ေကာေကာကို မယုံၾကည္ႏိုင္မႈ အျပည့္ျဖင့္ ေမာ့ၾကည့္လိုက္သည္။ သို႔ေသာ္ ယဲ့ေရွာင္းယန္၏ မ်က္ႏွာက ၿပီးျပည့္စုံစြာ တည္ၿငိမ္ေနေၾကာင္း ျမင္လိုက္ရေလသည္။

သူက ရန္သူ၏ တိုက္ခိုက္ေရးသမားကို အလဲထိုး ဆြဲခ်ၿပီးေနာက္ ယဲ့ေရွာင္းယန္က ေတာထဲသို႔ ဝင္ကာ အခ်ိဳ႕ေသာ အရင္းအျမစ္မ်ားကို ရိတ္သိမ္းလိုက္သည္။ ထို႔ေနာက္ သူက သူတို႔၏ အေျခစိုက္စခန္းသို႔ ျပန္ၿပီးေနာက္ သူ၏ကုသမႈကို ျပန္လည္ျဖည့္တင္းလိုက္ကာ ပစၥည္းအသစ္မ်ား ဝယ္သည္။ ထို႔ေနာက္ သူက တစ္ဖန္ အေပၚလမ္းသို႔ ထပ္သြားလိုက္ေသာအခါ ရန္သူ တိုက္ခိုက္ေရးသမားက သူ၏မီနီယမ္မ်ားကို လာၿပီး သတ္ျဖတ္ေနျပန္ေၾကာင္း ျမင္လိုက္ရျပန္သည္။ ယဲ့ေရွာင္းယန္က လ်င္ျမန္စြာျဖင့္ W, Q, R တိုက္ပြဲစြမ္းအားကို ေပါင္းသုံးလိုက္ၿပီး ထိုတိုက္ခိုက္ေရးသမားကို တစ္ခါတည္း ရွင္းလိုက္ႏိုင္သည္။

{[ေရွာင္ပိုင္]က [မင္းသားဟြားဟြား]ကို သတ္လိုက္ၿပီ}

အခ်စ္ငွက္စုံတြဲက အသိျပန္ဝင္သြားၾကေလၿပီ။ သူတို႔က တစ္ကမာၻလုံးဆိုင္ရာ chat တြင္ ေရွာင္ပိုင္ကို မေက်မနပ္ ေျပာဆိုျခင္းျဖင့္ အလုပ္မ်ားေနၾကၿပီး ထို chat box တြင္ မဆုံးႏိုင္ေသာ ဆင္ဆာ မိႏိုင္ေသာ စကားလုံးမ်ားျဖင့္ ျပည့္ေနသည္။ ယဲ့ေရွာင္းယန္ႏွင့္ ယခင္ သူ၏ ဘိုးေဘး ဆယ့္ရွစ္ဆက္ေလာက္အထိ အကုန္လုံး ဆဲဆိုခံရသည္။ တျခားေသာ အဖြဲ႕သား ျဖစ္သည့္ [ဒ႑ာရီလာေကာ] ကမူ ဘာကိုမွ မၾကားသလိုသာ ေနေနသည္။ သူက တည္ၿငိမ္စြာျဖင့္သာ တိုက္ပြဲထဲမွ ထြက္ေနသည္။ သူက မည္သည့္ဘက္ကိုမွ ဝင္မပါသလို မည္သည့္ဘက္ကိုမွ မေထာက္ပံ့ေပးေခ်။ သူက တိုက္ပြဲစကတည္းက ေတာထဲတြင္သာ ကိုယ့္အလုပ္ကိုယ္ လုပ္ေနသည္။

ယဲ့ေရွာင္းယန္ကလည္း ထိုစုံတြဲႏွင့္ စကားမ်ားကာ အခ်ိန္ျဖဳန္းမေနေတာ့ေပ။ သူက ဂိမ္းကိုသာ အာ႐ုံစိုက္ထားလိုက္သည္။ တူညီေသာ အခ်ိန္တြင္ စာတန္းမ်ားက တစ္ေၾကာင္းၿပီးတစ္ေၾကာင္း ေပၚလာသည္။

{[ေရွာင္ပိုင္] က [မင္းသားဟြားဟြား]ကို သတ္လိုက္ၿပီ}

{[ေရွာင္ပိုင္] က [မင္းသားဟြားဟြား]ကို သတ္လိုက္ၿပီ}

ငါးမိနစ္ၾကာ ထိုသို႔ ဆက္တိုက္ ေပၚေနၿပီးေနာက္ ယဲ့ေရွာင္းယန္က အေပၚလမ္းတစ္ခုလုံးကို ရွင္း၍ ၿပီးသြားသည္။ ၿပိဳင္ဘက္အသင္းကလည္း ကိစၥမ်ားက မေခ်ာေမြ႕ေတာ့ေၾကာင္း သိလိုက္ၾကသည္။ သူတို႔အားလုံးက ခ်က္ခ်င္းလိုလို အေပၚလမ္းသို႔ အဖြဲ႕လိုက္လာသည္။ ယဲ့ေရွာင္းယန္က အေပၚလမ္းက်ဥ္း၏ အေျခစိုက္ေမွ်ာ္စင္ အနီးနားတြင္ ရွိေသာ ေတာအုပ္ထဲတြင္ ပုန္းေနလိုက္ခ်ိန္တြင္ ခ်င္ေ႐ြ႕ကမူ သူ၏ေဘးနားတြင္ ပုန္းေနၿပီး သူ၏ HP ကို ဆက္တိုက္ ျဖည့္ေပးေနသည္။

က်န္တဲ့ငါးေယာက္လုံးက မ်က္စိေရွ႕တြင္ ဆက္တိုက္ ျဖတ္သြားသည္။

အသစ္ေလးမ်ားကမူ သူတို႔ၾကားမွ ေနရာလႊတ္ထားသင့္ေၾကာင္း မသိေခ်။ ထို႔အျပင္ သူတို႔၏ စေကးကိုလည္း အနီးအနားေတာအုပ္မ်ားတြင္ မည္သို႔ ထုတ္သုံးသင့္ေၾကာင္း မသိထားေခ်။ ထို႔ေၾကာင့္ သူတို႔၏ ခ်ီတက္ပုံက တိုက္႐ိုက္ခ်ီတက္လာသလိုမ်ိဳး ျဖစ္ေနသည္။

ယဲ့ေရွာင္းယန္၏ မ်က္လုံးက ခ်က္ခ်င္းလိုလို ေတာက္ပသြားၿပီး သူက ကီးအခ်ိဳ႕ကို ႏွိပ္လိုက္သည္။

သိပ္သည္းေသာ ေရခဲ၊ ေအးစက္စြာ ထိုးေဖာက္ျခင္း၊ ႏွင္းမုန္တိုင္း..

ထိုသို႔ျဖင့္ တစ္စကၠန႔္တည္းႏွင့္ စေကးသုံးမ်ိဳးကို တစ္ၿပိဳင္နက္တည္း ထုတ္သုံးလိုက္ၿပီး သူ၏တိုက္ပြဲဝင္စြမ္းရည္ကို ထုတ္ျပလိုက္သည္။ သူက ၿပိဳင္ဘက္အသင္း၏ တည္ေနရာကို ခန႔္မွန္းျခင္းျဖင့္ ရန္သူငါးေယာက္လုံးကို ေရခဲ႐ုပ္ထုမ်ားအျဖစ္သို႔ ခ်က္ခ်င္း ေျပာင္းလိုက္ျခင္း ျဖစ္သည္။

ယဲ့ေရွာင္းယန္က အဆင့္ျမင့္ လက္နက္အျပည့္အဝ တပ္ဆင္ထားေသာ ဝတ္စုံကို ဝတ္ဆင္ထားေသးသည္။ သူက လႊမ္းမိုးႏိုင္စြမ္း ျပင္းထန္စြာျဖင့္ ေ႐ႊတုံးမ်ားကို ေစာင့္ေနလိုက္သည္။

ကြဲအက္သြားေသာ ႏွင္းမုန္တိုင္းက ျပန္လည္ ၿငိမ္သက္သြားၿပီးေနာက္တြင္ အရာအားလုံးကို ျမင္လိုက္ရသည္။ ေအးခဲေနေသာ ရန္သူငါးေယာက္က ႂကြက္သားမ်ားပင္ မလႈပ္ႏိုင္ေသးေခ်။ သူတို႔ ငါးေယာက္ ေတာင့္တင္းေနၾကသည္။ သူတို႔ တစ္ဖြဲ႕လုံးကမူ ထိုသို႔ ခ်က္ခ်င္း ရွင္းလင္းပစ္ခံလိုက္ရသည္။ ထိုသို႔ျဖင့္ ဖန္သားျပင္တြင္ စာသားအတြဲလိုက္က ေပၚလာသည္။

{[ေရွာင္ပိုင္]က [မင္းသားဟြားဟြား]ကို သတ္လိုက္ၿပီ}

{[ေရွာင္ပိုင္]က [လီမြန္ပူတင္း]ကို သတ္လိုက္ၿပီ} Double Kill

{[ေရွာင္ပိုင္]က [ႏွင္းသခင္မ]ကို သတ္လိုက္ၿပီ} Triple Kill

{[ေရွာင္ပိုင္]က [ေႂကြက်သြားေသာပန္းပြင့္မ်ား]ကို သတ္လိုက္ၿပီ} Quarter Kill

{[ေရွာင္ပိုင္]က [လႈိင္းထေနေသာေရ]ကို သတ္လိုက္ၿပီ} Penta Kill

{[ေရွာင္ပိုင္]က ဆက္တိုက္ သတ္ျဖတ္ေနၿပီ}

{[ေရွာင္ပိုင္]က ဂိမ္းကို လႊမ္းမိုးေနၿပီ}

တစ္ဖက္စုံတြဲကမူ တိတ္ဆိတ္သြားသည္။

ေသာက္က်ိဳးနည္း..

သူတို႔က ၿပိဳင္ပြဲကို ဦးတည္ကာ ကစားေတာ့မည့္ အခ်ိန္တြင္ပင္ ၆မိနစ္ပင္ မၾကာေသးေသာ ကာလအတြင္း ထိုစကားလုံးမ်ားက ဆက္တိုက္ ေပၚလာသည္။

သူတို႔ ႏိုင္သြားၿပီ။ သူတို႔ ႏိုင္သြားတာ.. သူတို႔ ႏိုင္သြားၿပီလို႔ ေျပာလိုက္တာလား။ သူတို႔ကမူ chat ခန္းထဲတြင္ ညစ္ညမ္းေသာ အရာမ်ား ေျပာေနရင္းျဖင့္ အခ်ိန္ကုန္သြားေလရာ အေပၚလမ္းကို မည္သို႔ ရွင္းလိုက္ေၾကာင္းပင္ မသိလိုက္ရေခ်။

ယဲ့ေရွာင္းယန္က သူ၏ ပစၥည္းမ်ားအားလုံးကို လ်င္ျမန္စြာျဖင့္ ေရာင္းခ်ၿပီးေနာက္ တိုက္ခိုက္ေရးစြမ္းအား အျမင့္ဆုံး ထုတ္ေပးႏိုင္သည့္ ႐ုပ္ပိုင္းဆိုင္ရာ အပ်က္စီးေစဆုံးေသာ လက္နက္အမ်ိဳးအစားမ်ားကို ဝယ္လိုက္သည္။ ထို႔ေနာက္ သူ၏မီနီယမ္မ်ားကို ဦးေဆာင္ကာ ေရွ႕သို႔ ခ်ီတက္သြားၿပီးေနာက္ ရန္သူ၏ အေျခစိုက္စခန္း သလင္းတုံးကို တိုက္ခိုက္ေတာ့သည္။

ထိုသလင္းတုံးအား ေအာ္တိုတိုက္ခိုက္သည့္ စနစ္ကို ႏွိပ္ထားၿပီးေနာက္ သူက စာတစ္ေၾကာင္း ႐ိုက္လိုက္သည္။

[ငါတို႔ ႏိုင္ၿပီ ေပ်ာ္လား]

ထိုစုံတြဲကမူ တိတ္ဆိတ္သြားသည္။ ေပ်ာ္လား ဟုတ္လား။ သူတို႔က ဒီမွာ က်ိန္ဆဲရင္းနဲ႔ အလုပ္မ်ားေနတာ သူတို႔ရဲ႕အသင္းေဖာ္က သူတို႔ကို ႏိုင္ေအာင္ ဆြဲေခၚသြားတယ္တဲ့လား။ သူတို႔ မေပ်ာ္ဘဲ ေနမလား။

[ေရွာင္ပိုင္] ငါ့က ငါ့ရဲ႕အေထာက္အပံ့ကို ႏိုင္ေအာင္ လုပ္ေပးႏိုင္တယ္။ မင္းတို႔ ႏွစ္ေယာက္ ေျပာစရာမ်ား ရွိလား။

[ေရွာင္ပိုင္] မင္းတို႔က တစ္ႀကိမ္ေသသြားတယ္။ ေနာက္ထပ္ ငါးမိနစ္ေလာက္ ဆက္တိုက္ ထိုးသတ္ေနတယ္။ မင္းတို႔ ဒီဂိမ္းကို ပါးစပ္နဲ႔မ်ား ကစားတာလား။

[ေရွာင္ပိုင္] ဘယ္လိုပဲ ျဖစ္ျဖစ္ ႏႈတ္ဆက္ပါတယ္။ ဘယ္ေတာ့မွ မေတြ႕ၾကစို႔။

သူက အလင္းလို ျမန္ဆန္ေသာ အရွိန္ႏႈန္းျဖင့္ ႐ိုက္ၿပီးေနာက္ သုံးႀကိမ္ဆက္တိုက္ ၿပီးျပည့္စုံစြာ တိုက္ခိုက္လိုက္သည္။ ဘယ္ေတာ့မွ မေတြ႕ၾကစို႔ ဆိုေသာ စကားက ေပၚလာၿပီးသည္ႏွင့္ ခ်က္ခ်င္းလိုလို ရန္သူ၏ အသင္းမွ သလင္းတုံးက ဘုန္းခနဲ ျမည္သံႏွင့္အတူ ေပါက္ကြဲသြားသည္။ ဂိမ္းက အဆုံးသတ္သြားသည္။ အႏိုင္ရၿပီ ဆိုေသာ စကားလုံးက ေ႐ႊေရာင္စာသားျဖင့္ ထူးကဲစြာ အလယ္တည့္တည့္တြင္ ေပၚလာသည္။

ထိုသို႔ျဖင့္ ခ်က္ခန္းထဲသို႔ ဝင္၍ မရေတာ့ေခ်။ ထိုသို႔ျဖင့္လည္း ဆက္လက္ၿပီး စာ႐ိုက္၍ မရေတာ့ေခ်။ တစ္ဖက္ စုံတြဲကမူ အနည္းငယ္ေလာက္ ထပ္ၿပီး အတြန႔္တက္ခ်င္ေသးေသာ္လည္း တစ္ဖက္သူထံ ေရာက္ေအာင္ မလုပ္ႏိုင္ေတာ့ေခ်။

ဒါက ယဲ့ေရွာင္းယန္က တစ္ဖက္က သတိမထားမိခင္ ကြၽမ္းက်င္စြာ မ်က္ႏွာကို ျဖတ္႐ိုက္လိုက္ေသာ နည္းလမ္း ျဖစ္သည္။

ခ်င္ေ႐ြ႕ကမူ ဆြံ႕အသြားေလသည္။ သူက ေခါင္းကို လိမ္ၿပီးေနာက္ သူ႔ေကာေကာကို မယုံၾကည္ႏိုင္ေသာ ပုံစံမ်ိဳးျဖင့္ လွည့္ၾကည့္လိုက္ေကာ ေျပာလိုက္သည္။

"ေကာ.. ေကာ ဘယ္တုန္းက ဒီေလာက္အထိ အင္အားႀကီးသြားတာလဲ။ ေကာ ဒီဂိမ္းကို မေန႔ကအထိေတာင္ မကစားတတ္ေသးဘူး မဟုတ္လား"

ယဲ့ေရွာင္းယန္က အရည္ထူသည္။ သူက ျပန္ျငင္းလိုက္သည္။

"ငါ ကစားတာ ၂ရက္ပဲ ရွိေသးလို႔ ျဖစ္မွာပါ။ ဒါေပမဲ့ ႐ုတ္တရက္ သဘာဝအေလ်ာက္ ဂိမ္းကစားတဲ့ စြမ္းရည္ ပိုင္ဆိုင္လာသလို ခံစားလိုက္ရလို႔ ဒါေၾကာင့္ ဒီတြင္းထဲကို ဆြဲထည့္ေပးတဲ့အတြက္ ငါ့တိတိေလးကိုပဲ ေက်းဇူးတင္ရမယ္"

သူကမူ တျခားေလာကမွ ျပည္တြင္းခ်န္ပီယံရွစ္ ရထားသည့္ ဝိညာဥ္တစ္ခုမွ ကူးေျပာင္းလာသူ ျဖစ္ေၾကာင္း သြားေျပာ၍ မရေခ်။ ထို႔အျပင္ သူ ေျပာလိုက္ေသာ ပါရမီက အေၾကာင္းျပခ်က္ တစ္ခုမွ်သာ ျဖစ္သည္။ ပါရမီက လွ်ိဳ႕ဝွက္ဆန္းက်ယ္ေသာ အရာျဖစ္သည္။ မည္သူကမွ တိုင္းတာ၍ မရေခ်။ ထို႔ေနာက္ သံသယဝင္စရာလည္း မရွိေခ်။ ဒီဘဝတြင္ သူ အသက္၂၁ႏွစ္အထိ မကစားခဲ့ဖူးေခ်။ သူ၏ဝမ္းကြဲက သူ႔ကို စစ္နတ္ဘုရားမ်ားႏွင့္ မိတ္ဆက္ေပးလာေသာအခါ သဘာဝအေလ်ာက္ပင္ ဂိမ္းကစားသည့္ စြမ္းရည္ကို ပိုင္ဆိုင္သြားသည့္အတြက္ ပ႐ိုကစားသမားတစ္ေယာက္ လုပ္ရန္ ဆုံးျဖတ္လိုက္ေၾကာင္း ေျပာ၍ရသည္။

သည္ပုံျပင္က နားေထာင္လို႔ ေကာင္းတယ္ မဟုတ္လား။

တစ္ေယာက္ေယာက္ကသာ သံသယ ဝင္သြားလွ်င္ပင္ မည္သည့္ဘက္က မွားေနေၾကာင္းကို သက္ေသျပ၍ မရေခ်။ ပို၍ ဆိုးသည္မွာ သိပ္မၾကာခင္ကမွ သူ၏ဝမ္းကြဲကိုယ္တိုင္က သူ႔ကို ဒီကစားသမားနယ္ပယ္ထဲသို႔ ဆြဲထည့္ေပးခဲ့သည္မွာလည္း မွန္ကန္ေနခဲ့ေလသည္။

သူတို႔ ယခု ကစားလိုက္ေသာ ဂိမ္းက ေငြေရာင္အဆင့္ေအာက္ ျဖစ္ေနသည္။ ထို႔ေၾကာင့္ ယဲ့ေရွာင္းယန္က သည္ဂိမ္းအေပၚ ၿပီးျပည့္စုံစြာ နားလည္သြားသည္ဟု သက္ေျပမျပႏိုင္ေသးေခ်။ သူ႔အေနျဖင့္ လက္ကို ပို၍ ရွာေဖြရန္ လိုအပ္ေနေသးၿပီး သူ၏ခႏၶာကိုယ္ကိုလည္း ျမင့္တင္ေပးရန္ လိုသည္။ သူက ယခုထက္ ပို၍ ျမန္ဆန္ေအာင္ ႀကိဳးစားရေပအုံးမည္။ သူက အရွိန္ႏႈန္းျမင့္ျမင့္ႏွင့္ အမီလိုက္ႏိုင္မွသာ ပ႐ိုကစားသမားမ်ား၏ ျပင္းထန္ေသာ တိုက္ပြဲမ်ားထဲတြင္ ဝင္ပါႏိုင္ေပလိမ့္မည္။

အသက္၂၁ႏွစ္က ယခုမွ esport ကစားသမားတစ္ေယာက္ လုပ္ရန္ ႀကီးေနေလာက္ေသာ္လည္း ယဲ့ေရွာင္းယန္ကမူ ယခင္ဘဝတြင္ မေရမတြက္ႏိုင္ေသာ ကစားမ်ားစြာကို ကစားခဲ့ၿပီးသား ျဖစ္သည္။ ထို႔ေၾကာင့္ ပြဲႀကီးမ်ားကို တိုက္႐ိုက္ကစားႏိုင္သည္။ သူ႔အေနျဖင့္လည္း အသင္းသစ္ထဲတြင္ က်င့္သားရမည္ဟု ယုံၾကည္သည္။ ထိုေၾကာင့္ ဖိအားေအာက္တြင္ ရွိေနေသာ သူ၏စိတ္အေျခအေနျဖင့္ ကေယာက္ကတမ္း လုပ္မိမည့္ အေရးမ်ားကို စိုးရိမ္ရန္ မလိုအပ္ေခ်။

သူကပင္ စတင္ကာျဖင့္ သူ႔ကို ကင္းေထာက္တစ္ေယာက္က လက္မွတ္လာထိုးခိုင္းမည့္ အခ်ိန္ကိုပင္ ေမွ်ာ္လင့္မိသြားေသးသည္။ သူကသာ ဒီဂိမ္းအေၾကာင္း နားလည္ေနသမွ် သူ႔နာမည္ကို ထင္က်န္ရစ္ေအာင္ လုပ္ႏိုင္ေပလိမ့္မည္။









Continuă lectura

O să-ți placă și

26.4K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
52.2K 7K 90
မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ က...
217K 30.6K 98
***MC ချီကျွင်း ၊ တုန်ဖန်းရုန် မတော်တဆမှုတစ်ခုတွင် ချီကျွင်းသည် အနာဂတ်ကမ္ဘာသို့ ခရီးသွားခဲ့ပြီး ထိုကမ္ဘာမှ ချီကျွင်း ဖြစ်လာခဲ့သည်။ သူ့ဘဝတစ်သက်တာတွင်...
8.6K 646 7
Më mbaj gjithë mërinë e botës, po sonte më lër të qëndroj me ty. vazhdimi i librit "pse mua ?"