[Zawgyi]
ဆရာမယဲ့ပင္းက စာေမးပဲြအေျဖလႊာေတြနဲ႔ ဆယ့္ႏွစ္ရာသီအတန္းထဲဝင္လာတဲ့အခိုက္ သူမႏႈတ္ခမ္းေတြကတင္းတင္းဖိကပ္လို႔ထားၿပီး အ႐ုပ္ဆိုးတဲ့မ်က္ေမွာင္ၾကဳတ္ထားပံုေပၚေနတယ္။
ဆယ့္ႏွစ္ရာသီအတန္းတစ္ခုလံုး သူမေဒါသထြက္ေနၿပီး သူမေဒါသကုိ သူတို႔အေပၚထုတ္လႊတ္ေတာ့မယ္ဆိုတာ ခံစားလို႔ရေနခဲ့တယ္။
"ငါတို႔အတန္းရဲ႕ရလဒ္ေတြကမဆိုးပါဘူး ၊ အရင္ကနဲ႔သိပ္မကြာဘူး" ဆိုတဲ့ သူမရဲ႕ပထမဆံုးစကားကုိၾကားေတာ့ သူတို႔စိတ္သက္သာရာရသြားၾကတယ္။
သို႔ေသာ္ ေနာက္တစ္စကၠန္႔မွာပဲ သူမကစာေမးပဲြအေျဖလႊာေတြကုိ စင္ျမင့္ေပၚ ႐ိုက္ခ်လိုက္တာ သူတို႔ေတြ႔လိုက္ရတယ္ !
"ဒါေပမဲ့ နင္တို႔အားလံုး သခ်ၤာစာေမးပဲြမွာေျဖခဲ့တာေတြက ဆိုးရြားလြန္းတယ္ !"
"နင္တို႔တစ္ေယာက္မွ အမွတ္ျပည့္မရခဲ့ဘူး။"
"အေပၚထပ္ႏိုင္ငံတကာအတန္းကတစ္ေယာက္ အပါအဝင္ အမွတ္ျပည့္ရတဲ့လူသံုးေယာက္႐ွိတယ္။ဒီေတာ့ ဘာလို႔ငါတို႔အတန္းထဲမွာ အမွတ္ျပည့္ရတဲ့လူတစ္ေယာက္မွမ႐ွိရတာလဲ ?!"
"ဘာလဲ ငါကတျခားအတန္းႏွစ္တန္းက သခ်ၤာဆရာေတြထက္ ပိုဆိုးေနလို႔လား ?!"
ယဲ့ပင္း စိတ္ထဲေတာက္ေလာင္ေနခဲ့တယ္။တစ္ႏွစ္ပတ္လံုး ေရႊတံဆိပ္အတန္းရဲ႕ဆရာက်န္းကုိ သူမ႐ႈံးခဲ့တာ ထားလိုက္လို႔ရတယ္။အဆံုးက် သူတို႔အတန္းက ေက်ာင္းကိုယ္စားျပဳအသင္းအျဖစ္ဖဲြ႔စည္းထားတာေၾကာင့္ သူတို႔ကုိ သူမအႏိုင္မယူႏိုင္တာ ပံုမွန္ပင္။
သို႔ေသာ္ ႏိုင္ငံတကာအတန္းရဲ႕ဆရာလုဆီက သူမေက်ာ္တက္ခံလိုက္ရတာ ဒါကႏွစ္အနည္းငယ္အတြင္း ပထမဆံုးအႀကိမ္ပဲ။
ရံုးခန္းထဲက လုဝမ့္ေဝရဲ႕ ေစ်းေပါေပမဲ့ အျပစ္ကင္းစင္ခ်င္ေယာင္ေဆာင္ထားတဲ့ မ်က္ႏွာနဲ႔ "စစ္သားေတြအတြက္ ေအာင္ပဲြ ဒါမွမဟုတ္ ႐ႈံးနိမ့္တာက သာမန္ျဖစ္႐ိုးျဖစ္စဥ္ပါပဲ "လို႔ေအာင္ပဲြခံေနတဲ့ အျပံဳးနဲ႔သူမကိုေျပာလာတာ ျပန္ေတြးမိေတာ့ ယဲ့ပင္းႏွလံုးသားထဲက မီးေတာက္ေတြပိုလို႔ေတာက္ေလာင္လာတယ္။
စင္ျမင့္ေအာက္က ေက်ာင္သားတစ္ေယာက္က
"ႏိုင္ငံတကာအတန္းက အဲ့တစ္ေယာက္ကေတာ္ေတာ္ေလးကံေကာင္းတဲ့လူပဲျဖစ္ရမယ္" လို႔တိုးတိုးေလးေျပာလိုက္တယ္။
အဲ့ေမးခြန္းက ခက္ခဲလြန္းလို႔ သူတို႔မွာ အဲ့ဒါကို နားေတာင္မလည္ႏိုင္ဘူး။
၎ကသူတို႔ရဲ႕သင္႐ိုးမာတိကာထက္ေက်ာ္လြန္ေနရံုသာမက ၿပိဳင္ပဲြႀကီးရဲ႕အတိုင္းအတာထက္ေတာင္ ေက်ာ္လြန္ေနတယ္။
သူတို႔စာသင္ေဆာင္တစ္ခုလံုးမွာ လူသံုးေယာက္သာေျဖဆိုႏိုင္တယ္လို႔ ယဲ့ပင္းေျပာတာကိုအေျခခံၿပီး သူတို႔သိလိုက္တယ္။၎ကိုေက်ာင္းကိုယ္စားျပဳအဖဲြ႕ထဲက အဖဲြ႔ဝင္ေျခာက္ေယာက္လံုးေတာင္ ေျဖဆိုႏိုင္တာမဟုတ္ဘူး_ဒီေတာ့သူတို႔အတန္းထက္ အျမဲတမ္းအမွတ္ေတြေအာက္မွာပဲ႐ွိေနတဲ့ ႏိုင္ငံတကာအတန္းကလူတစ္ေယာက္က ဘယ္လိုလုပ္အဲ့ဒါကိုေျဖႏိုင္ရတာလဲ ?
ဒါကိုဘယ္သူမွ စိတ္ထဲမထားၾကဘူး။ဒါေမးခြန္းေလးတစ္ခုပါပဲ။ေနာက္ဆံုးမွာ သူတို႔အတန္းရဲ႕စုေပါင္းရမွတ္က ႏိုင္ငံတကာအတန္းရဲ႕အဆင့္ထက္ တစ္ပန္းသာေနအုန္းမွာပဲ။
ေက်ာက္ယြမ္ကလည္း ဒါကိုဂ႐ုမစိုက္ပါဘူး။သူမအဲ့ေမးခြန္းကိုမေျဖႏိုင္ခဲ့ေပမဲ့ သူမရဲ႕တျခားဘာသာရပ္ေတြကအေတာ္ေလးေကာင္းမြန္ၿပီး သူမရဲ႕ေနာက္ဆံုးအဆင့္က ဘယ္ေတာ့မွဆိုးရြားမွာမဟုတ္ဘူး။
မည္သို႔ပင္ျဖစ္ေစ ႏိုင္ငံတကာအတန္းက သခ်ၤာအမွတ္ျပည့္ရတဲ့ တစ္ေယာက္တည္းေသာလူက ေက်ာက္မင္႐ွီေတာ့ လံုးဝမျဖစ္ႏိုင္ပါဘူး။
သူမေခါင္းငံု႔ကာ စာအုပ္ကိုဆက္ၾကည့္ေနလိုက္တယ္။သို႔ေသာ္ သူမရဲ႕စိတ္ကေတာ့ ဆရာမအဆင့္ေတြေၾကညာမဲ့ဆီေရာက္ေနခဲ့တယ္။
ပ႐ိုဂ်က္တာဖြင့္လိုက္တာနဲ႔ ေက်ာက္ယြမ္ပိုစိုးရိမ္လာခဲ့တယ္။သူမရဲ႕မ်က္ႏွာမွာမေပၚေပမဲ့ မသိစိတ္အေလ်ာက္ စာအုပ္ရဲ႕စာမ်က္ႏွာေတြကိုဆုပ္ကိုင္ထားတဲ့ သူမရဲ႕လက္ေတြကေခြၽးျပန္ေနခဲ့တယ္။
သူမေဘးနားမွာ ထိုင္ေနတဲ့ ဖူ႐ႈအန္းကတီးတိုးေျပာလာခဲ့တယ္ "စိတ္ပူမေနပါနဲ႔။နင္ပံုမွန္လုပ္ေနက်အတိုင္း ေျဖလာခဲ့တာပဲ အတန္းသံုးတန္းၾကားထဲ နင္ထိပ္ဆံုး၂၀ထဲဝင္လိမ့္မယ္။ေက်ာက္မင္႐ွီက ဒီကိုအရင္လကမွပံုမွန္အတန္းကေန ေျပာင္းလာခဲ့တာ။ငါတို႔ရဲ႕သင္႐ိုးမာတိကာကို သူမ လိုက္မမီႏိုင္ေလာက္ေသးဘူး ၊ ဒီေတာ့ သူမက ဘယ္လိုလုပ္ နင္နဲ႔ ယွဥ္ၿပိဳင္ႏိုင္မွာလဲ ?"
"ငါစိတ္မပူပါဘူး။" ေက်ာက္ယြမ္ေခါင္းခါၿပီး ေျပာလိုက္တယ္ "ငါ့ရဲ႕အမွတ္ေတြက သူမထက္ပိုေကာင္းမယ္ဆိုတာ ငါေသခ်ာသိပါတယ္။ငါေၾကာက္တာက_"
ေက်ာက္မင္႐ွီနဲ႔ သူမရဲ႕အမွတ္ေတြၾကား ကြာဟခ်က္မႀကီးမားမွာကို သူမေၾကာက္တယ္။
ေက်ာက္မင္႐ွီက သူမရဲ႕ပညာေရးမွာ ႀကီးႀကီးမားမားတိုးတက္လာမွာကို သူမေၾကာက္တယ္။
ေက်ာက္ယြမ္က ၿပီးေအာင္မေျပာလိုက္ေပမဲ့ ဖူ႐ႈအန္းက သူမေျပာခ်င္တာကိုသေဘာေပါက္တယ္။
"အမွန္ပဲ။ေက်ာက္မင္႐ွီက ေအာက္ေျခကေနအစပ်ိဳးလာေတာ့ သူမတိုးတက္လာတိုင္း နင့္မိသားစုက ေသခ်ာေပါက္ အဲဒါကိုသတိထားမိမွာပဲ။ဒါေပမဲ့ နင့္အမွတ္ေတြကအျမဲတမ္းေကာင္းေနေတာ့ နင့္မိသားစုဝင္ေတြက ဒါကိုက်င့္သားရေနေလာက္ၿပီ။"
ေက်ာက္မင္ရွီရဲ႕ ပံုမွန္အတန္းကေန ဒီစာသင္ေဆာင္ကို ေျပာင္းေရႊ႔လာမႈႏွင့္အတူ ျပင္းထန္တဲ့က်႐ႈံးမႈပါ ပါလာရမယ္။သူမအဆင့္ရဲ႕ေအာက္ဆံုးကို က်သြားဖို႔လိုတယ္။ဒါမွသာ ေက်ာက္ယြမ္ရဲ႕မိသားစုက သူတို႔ၾကားကျခားနားခ်က္ကို ျမင္ႏိုင္လိမ့္မယ္။
"အဆင္ေျပပါတယ္။"
ေက်ာက္ယြမ္က သူမရဲ႕မ်က္လံုးေတြကိုမွိတ္လိုက္ၿပီး တည္ၿငိမ္သြားတယ္။
သူမမ်က္လံုးေတြကို ျပန္ဖြင့္ၾကည့္လိုက္ေတာ့ အဆင့္ေတြက ပိတ္ကားေပၚမွာျပသထားခဲ့ၿပီးျဖစ္တယ္။
သူမအသက္႐ႈေအာင့္ထားရင္း သူမရဲ႕အဆင့္ကိုလိုက္႐ွာကာ ဘာသာရပ္တစ္ခုစီတိုင္းရဲ႕အမွတ္ေတြကို ၾကည့္ေနခဲ့တယ္။
ဖူ႐ႈအန္းက အေပၚကေနေအာက္ကိုၾကည့္လိုက္ေတာ့ သူမနာမည္ကို အရင္ဆံုး႐ွာေတြ႔သြားခဲ့တယ္။
"ဘုရားေရ ယြမ္ယြမ္ နင္ကအရမ္းေတာ္တာပဲ ! အတန္းထဲမွာ အဆင့္၅ရၿပီး အတန္းသံုးတန္းၾကားထဲမွာ အဆင့္၂၀ရတယ္ ! "
"နင္ ထိပ္ဆံုးအဆင့္၂၀ထဲဝင္သြားျပန္ၿပီ ! "
ေက်ာက္ယြမ္ ခ်က္ခ်င္းစိတ္သက္သာသြားခဲ့တယ္။သူမက ဖူ႐ႈအန္းကိုျပံဳးျပကာ "ငါ ဒီတစ္ခါ အေကာင္းဆံုးမလုပ္ႏိုင္ခဲ့ပါဘူး"လို႔ေျပာလိုက္တယ္။
ဖူ႐ႈအန္းက "နင္ဒါကိုအရမ္းစိုးရိမ္ေနစရာမလိုဘူးလို႔ ငါထင္တယ္။အတန္းသံုးတန္းမွာ ေက်ာင္းသားစုစုေပါင္းအေယာက္၁၅၀႐ွိတယ္။ေက်ာက္မင္႐ွီကအဆင့္၁၄၉ ဒါမွမဟုတ္ ၁၅၀ပဲ ျဖစ္လိမ့္မယ္။ပံုမွန္အတန္းေတြရဲ႕ေအာက္ဆံုးနားကပ္ေနတဲ့ သူမရဲ႕ပ်မ္းမွ်အမွတ္ေတြနဲ႔ သူမရဲ႕အမွတ္ေတြက အစတည္းကေကာင္းတာမဟုတ္ဘူး။အဲဒါအျပင္ ပံုမွန္အတန္ကေျပာင္းလာခါစလူတစ္ေယာက္က ငါတို႔အတန္းသံုးတန္းရဲ႕ သင္႐ိုးမာတိကာကို လိုက္မီႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး ! "
ေက်ာက္ယြမ္ကနားေထာင္ၿပီး ပိုစိတ္သက္သာသြားခဲ့တယ္။သူမက "သူမအဲ့ေလာက္ဆိုးရြားတဲ့အမွတ္ေတြမရဖို႔ ငါေမွ်ာ္လင့္ပါတယ္ မဟုတ္ရင္ သူမအတန္းပိုင္ဆရာဆီကေန ငါ့အစ္ကိုႀကီးထပ္အေခၚခံေနရလိမ့္မယ္။"
သူတို႔ႏွစ္ေယာက္စကားေျပာေနစဥ္ ယဲ့ပင္းက ခလုတ္ႏွိပ္လိုက္ၿပီး ပိတ္ကားကို သူတို႔အတန္းရဲ႕အဆင့္ေတြကေန သူတို႔စာသင္ေဆာင္တစ္ခုလံုးရဲ႕အဆင့္ေတြကိုေျပာင္းလဲျပသလိုက္တယ္။သူမကေအးစက္ေနတဲ့အမူအရာနဲ႔ "မင္းတို႔အမွတ္ေတြေကာင္းေကာင္းရတာေၾကာင့္နဲ႔ ေပ်ာ္ႏိုင္မယ္လို႔ထင္မေနၾကနဲ႔။ေက်ာင္းကိုယ္စားျပဳအသင္းရဲ႕အမွတ္ေတြကိုၾကည့္ၿပီး သူတို႔နဲ႔မင္းတို႔ရဲ႕အမွတ္ေတြၾကားကြာဟခ်က္ကို ေလ့လာၾကည့္ၾက။"
ဆယ့္ႏွစ္ရာသီအတန္းကေက်ာင္းသားေတြက စာသင္ေဆာင္တစ္ခုလံုးရဲ႕အဆင့္သတ္မွတ္ခ်က္ စာရင္းေပၚက သူတို႔ရင္းႏွီးတဲ့လူေတြရဲ႕အဆင့္ေတြကို ႐ွာေဖြေနၾကတယ္။
႐ုတ္တရက္
တစ္စံုတစ္ေယာက္က " Fu*k ေနပါအုန္း။ဒါငါျမင္ေနရတာအမွန္ပဲလား? အဲ့ဒါေက်ာက္မင္႐ွီ နာမည္လား ?"
"သူမကဘယ္ေနရာမွာလဲ_? ငါကန္းသြားၿပီလား ?
ဆရာမ နည္းနည္းေလာက္ပိုခ်ဲ ့ေပးလို႔ရမလား ?!"
"လီေဟးယန္ ၊ သူမကမင္းကိုျငင္းခဲ့တဲ့တစ္ေယာက္လား ?"
"ဘာလီေဟးယန္*လဲ? မင္းသူ႔ကို လီက်င္းယီြ*လို႔ေခၚသင့္တယ္။အဲ့ဖူမိသားစုက သခင္ေလးကိုယ္တိုင္ သူ႔ကိုဒီနာမည္ေျပာင္ေပးထားတာ။စိတ္လႈပ္႐ွားစရာမေကာင္းဘူးလား ?"
[ေဟးယန္=ပင္လယ္ ၊ က်င္းယီြ=ေဝလငါး]
လီေဟးယန္ : "ပါးစပ္ပိတ္ထား ! "
=======
ဘာျဖစ္ေနတာလဲ ?
ေက်ာက္ယြမ္နဲ႔ ဖူ႐ႈအန္းတို႔ ေက်ာက္မင္႐ွီရဲ႕နာမည္ကို တစ္စံုတစ္ေယာက္ေျပာလာတာၾကားေတာ့ ပထမသူတို႔အထင္မွားေနတယ္လို႔ ထင္ေနၾကတယ္။
ယဲ့ပင္းက ပိတ္ကားေပၚအဆင့္ေတြထုတ္ျပခ်ိန္က်ရင္ ပံုမွန္ဆို သူမကအေပၚကေနေအာက္ကိုျဖည္းျဖည္းခ်င္းေရႊ႔သြားလိမ့္မယ္။သူမက ဒီစာသင္ေဆာင္တစ္ခုလံုးရဲ ့အဆင့္ေတြကို မိနစ္အနည္းမွ်သာျပသြားခဲ့တာေၾကာင့္ သူတို႔ပထမစာမ်က္နွာရဲ ့ထိပ္ဆံုး၅၀ကို ၾကည့္ေနဆဲျဖစ္သင့္တယ္။
ေက်ာက္မင္႐ွီက ထိပ္ဆံုးငါးဆယ္ထဲဝင္တယ္_?
ေက်ာက္ယြမ္ရဲ႕ႏွလံုးသားခါယမ္းသြားကာ ေခါင္းအျမန္ေမာ့ၿပီး ပိတ္ကားဆီၾကည့္လိုက္တယ္။
ထို႔ေနာက္ သူမလံုးဝနားမလည္ႏိုင္ေသာ မယံုႏိုင္စရာျမင္ကြင္းတစ္ခုကို ေတြ႔လိုက္ရတယ္။
အျဖဴေရာင္ေနာက္ခံ အနက္ေရာင္အကြက္ေတြထဲ ေက်ာက္မင္႐ွီရဲ႕နာမည္ေ႐ွ႕က နံပါတ္က၁၉ျဖစ္သည္။
ဘယ္မွညာကေန သူတို႔ရဲ႕အာရံုကိုအဖမ္းစားႏိုင္ဆံုးက သခ်ၤာေကာ္လံကြက္ျဖစ္သည္။
အမွတ္ျပည့္။
သူမကအမွတ္ျပည့္ရတယ္။
သူမရဲ႕နားထဲ ေဘးနားအသံေတြစတင္ထြက္ေပၚလာခဲ့တယ္ :
"ပံုမွန္အတန္းကေနေျပာင္းလာခါစ ေက်ာက္မင္႐ွီက အဆင့္၁၉ရတယ္ ??? သူမကထိပ္ဆံုး၂၀ထဲဝင္တာလား ?"
"ေသာက္က်ိဳးနည္း ! ထိပ္ဆံုး၂၀ထဲဝင္ဖို႔အရမ္းခက္တာ။ပံုမွန္ဆို ေရႊတံဆိပ္အတန္းက ေက်ာင္းသားဆယ္ေယာက္ေက်ာ္ေလာက္က အဲ့ေနရာေတြကုိယူသြားလိမ့္မယ္ ၊ ငါတို႔အတန္းကငါးေယာက္ေလာက္ပဲဝင္ႏိုင္တယ္။ႏိုင္ငံတကာအတန္းကဘယ္သူမွ ထိပ္ဆံုး၂၀ထဲမဝင္ခဲ့ဖူးဘူး ! ဒါေပမဲ့ ဘာလို႔ဒီတစ္ခါက်_သူမကပံုမွန္အတန္းကလို႔ ေက်ာက္မင္႐ွီမေျပာခဲ့ဘူးလား ?"
လူမ်ားစြာက နံပါတ္၁၉ေနရာမွာ႐ွိတဲ့ ေက်ာက္မင္႐ွီကုိသတိျပဳမိလာၾကတယ္။
ထို႔ေနာက္ တစ္စံုတစ္ေယာက္က ေက်ာက္ယြမ္လိုမ်ိဳးသတိထားမိသြားတယ္။
"ေနပါအုန္း ၊ သူမကသခ်ၤာမွာ အမွတ္ျပည့္ရတဲ့တစ္ေယာက္လား ?"
တစ္ေယာက္က ဒါကုိေျပာလိုက္တာနဲ႔ လူေတြအားလံုး အံ့ျသသြားၾကတယ္။
ထို႔ေနာက္ ပြက္ပြက္ဆူေနတဲ့ေရေတြလို တစ္တန္းလံုး ႐ုတ္႐ုတ္သဲသဲျဖစ္သြားခဲ့တယ္။
အခုေလးတင္ အတန္းပိုင္ဆရာမ ယဲ့ပင္းေျပာသြားတဲ့ သခ်ၤာမွာအမွတ္ျပည့္ရတဲ့သံုးေယာက္ထဲက ႏိုင္ငံတကာအတန္းကတစ္ေယာက္ဆိုတာ သူမလား??
ေက်ာက္မင္႐ွီေၾကာင့္ တစ္တန္းလံုး႐ုတ္တရပ္ဆူညံလာတာကုိ ယဲ့ပင္းျမင္ေတာ့ သူမရဲ႕မ်က္ႏွာကပိုလို႔အ႐ုပ္ဆိုးသြားခဲ့တယ္။ "နင္တို႔က တျခားသူအေၾကာင္းေျပာဖို႔ သတၱိ႐ွိေသးတယ္ေပါ့ ? သူမဒီကုိေျပာင္းလာတာ တစ္လပဲ႐ွိေသးတယ္ ၊ ငါတို႔ရဲ႕သင္႐ိုးကုိလိုက္မီဖို႔ႀကိဳးစားေနရတုန္းပဲ ဒါေတာင္ သူမကသခ်ၤာမွာအမွတ္ျပည့္ရႏိုင္တယ္ ! နင္တို႔အားလံုးကုိ ငါသင္ေပးတာ ၾကာလွၿပီ ဒါေပမဲ့ေနာက္ဆံုးေမးခြန္းကုိ ဘယ္လိုေျဖရမလဲဆိုတာ နင္တို႔တစ္ေယာက္မွ မေတြးတတ္ၾကဘူး?!"
ေက်ာက္ယြမ္က သူမရဲ႕အေပၚမွာ႐ွိေနတဲ့ နာမည္ကုိၾကည့္လိုက္တယ္။
ေနာက္ငါးမိနစ္ၾကာတဲ့ထိ သူမအိပ္မက္ မက္ေနသလိုပဲ။
သူမ နတ္ဆိုးတစ္ေကာင္နဲ႔ၾကံဳခဲ့ရသလို ခံစားေနရတယ္။
သူမ အလြန္မသက္မသာျဖစ္ေနပံုေပၚတယ္။
သူမရဲ႕စိတ္ေတြ ေလဟာနယ္ထဲေရာက္ေနသလို စိတ္ေတြမၿငိမ္မသက္ျဖစ္ေနခဲ့တယ္။ေနာက္ဆံုး သူမစိတ္ကုိျပန္ထိန္းၿပီး ဖူ႐ႈန္အန္းကုိတီးတိုးေျပာလိုက္တယ္ " ငါၾကားေနရတာ အမွန္ပဲလား ? အဲ့ဒါမင္႐ွီလား ? အဆင့္၁၉...? ငါ့ေ႐ွ႕မွာေလ?"
ဖူ႐ႈအန္းက သူမရဲ႕ပါးစပ္ကုိမပိတ္ႏိုင္ေသးဘဲ သူမရဲ႕အာရံုျပန္မရႏိုင္ေလာက္ေသးတဲ့ထိ အံ့ျသေနဆဲဖစ္တယ္။"ဘာလဲ ?"
ေက်ာက္ယြမ္ေ႐ွ႕က ေကာင္ေလးက သူမေျပာတာၾကားေတာ့ သူမေသခ်ာမျမင္ရတာေၾကာင့္လို႔ ထင္ၿပီး ေနာက္လွည့္ကာ သူမကုိၾကင္နာစြာေျပာလိုက္တယ္ "ဟုတ္တယ္ ၊ အဲ့ဒါေက်ာက္မင္႐ွီပဲ။သူမတကယ္ပဲ သခ်ၤာမွာအမွတ္ျပည့္ရခဲ့တယ္ ! မထင္မွတ္ဘဲ ဒီလိုခက္ခဲလြန္းတဲ့ေမးခြန္းမ်ိဳးကုိမွ ! သူမဘယ္လိုမ်ား ပံုမွန္အတန္းကုိေရာက္သြားခဲ့တာလဲ ?"
"မင္းရဲ႕အစ္မက တစ္ဘာသာပဲေကာင္းတာလား_ခဏ တစ္ဘာသာပဲေကာင္းတယ္လို႔ေျပာလို႔မရဘူးပဲ။သူမက ဇီဝေဗဒတစ္ခုတည္းမွာပဲမေကာင္းတာကုိ သူမရဲ႕တျခားဘာသာရပ္ေတြမွာေတာ့ အမွတ္ေတြ အေတာ္ေလးေကာင္းတာပဲ။"
"ေနပါအုန္း ၊ ဘာလို႔ မင္းၾကည့္ရတာ အရမ္းျဖဴေဖ်ာ့ေနရတာလဲ ? မင္းေနမေကာင္းဘူးလား ?"
ေက်ာက္ယြမ္ : "...."
========
ထိုအခ်ိန္တြင္ ႏိုင္ငံတကာအတန္းက ႐ုတ္႐ုတ္သဲသဲျဖစ္ေနဆဲပင္။
သူတို႔ရဲ႕အတန္းပိုင္ဆရာလုက ပ႐ိုဂ်က္တာကုိေတာင္ မသံုးခဲ့ဘူး။သူက မင္႐ွီကုိစိတ္လႈပ္႐ွားစြာ ေျပးဖက္ၿပီးတာနဲ႔ သူမ ဒီတႀကိမ္ သခ်ၤာမွာအမွတ္ျပည့္ရၿပီး ႏိုင္ငံတကာအတန္းမွာ အဆင့္ ၁ နဲ႔ သူတို႔ရဲ႕စာသင္ေဆာင္တစ္ခုလံုးမွာ အဆင့္၁၉ရေၾကာင္း ေနရာမွာတင္ေျပာျပခဲ့တယ္။
တစ္တန္းလံုး မင္႐ွီကုိ တအံ့တျသၾကည့္လိုက္ၾကတယ္။
ခယ့္ခ်န္းဝမ္က အံျသတႀကီးနဲ႔ "Fu*k ၊ မ်က္_မဟုတ္ေသးဘူး ၊ ေက်ာက္မင္႐ွီ ၊ မင္းတကယ္ေတာ္တာပဲ" လို႔ေျပာလိုက္တယ္။ "မင္းရဲ႕အမွတ္ေတြ ဒီေလာက္ေကာင္းမယ္မွန္းသာ ငါတို႔သိခဲ့ရင္ အစ္ကုိ႐ွီနဲ႔ ငါတို႔ မင္းဆီကကူးခ်ခဲ့မွာေပါ့။ "
"ကူးခ် ၊ ကူးခ် မင္းကဘယ္လိုကူးခ်ရမလဲဆိုတာပဲ သိတယ္ ! " ဖူယန္႐ွီရဲ႕မ်က္ႏွာေပၚမွာ ဂုဏ္ယူေနတဲ့အျပံဳးတစ္ခု႐ွိေနခဲ့တယ္။သူက ေက်ာက္မင္႐ွီကုိ တစ္ခ်က္ၾကည့္လိုက္ၿပီး ေသခ်ာေျပာလိုက္တယ္" ငါစာေမးပဲြမွာ တစ္ခါမွခိုးမခ်ခဲ့ဖူးဘူး ဟုတ္ၿပီလား?"
ခယ့္ခ်န္းဝမ္ : "ဟုတ္ပါတယ္ ၊ မင္းက အေျဖေၿဖဖို႔ေတာင္ အပ်င္းႀကီးေနတာ ၊ ဘာလို႔ခိုးခ်ေနမွာလဲ ? မင္းက အေျဖလႊာရဲ႕ဘယ္ဘက္အေပၚေထာင့္မွာ သူမနာမည္ကုိ ကူးခ်ဖို႔လား ?"
ဖူယန္႐ွီက ေက်ာက္မင္႐ွီရဲ႕စားပဲြခံုေပၚက အဘိဓာန္တစ္အုပ္ကုိ ေကာက္ကိုင္ၿပီး "မင္းက ပိုၿပီးသတၱိ႐ွိလာတာပဲ ၊ မဟုတ္ဘူးလား ?"
ခယ့္ခ်န္းဝမ္က အျမန္ျပံဳးျပၿပီး ေနာက္ျပန္ဆုတ္သြားခဲ့တယ္။
"ငါကအဆင့္၁၉မွာ ?" ေက်ာက္မင္႐ွီက မတံု႔ျပန္ႏိုင္ေသးဘဲ သူမႏွာေခါင္းဖ်ားကုိ လက္ညွိဳးထိုးျပၿပီး ဖူယန္႐ွီကုိၾကည့္လိုက္တယ္။ "သူတို႔အေျဖလႊာေတြကုိ အမွတ္ျခစ္တာမွန္ရဲ႕လား ? ဒါအမွန္ပဲလား ?"
အဓိကအေၾကာင္းအရင္းကေတာ့ သူမ ထံုခ်န္ၿမိဳ႕မွာ႐ွိစဥ္က အျမဲတမ္းပထမေနရာရခဲ့တယ္။သို႔ေသာ္ ဒီေရာက္လာၿပီးတည္းက သူမတစ္ခါမွအမွတ္ေကာင္းေကာင္းမရခဲ့ဘူး။ရလဒ္အေနျဖင့္ သူမရဲ႕အဆင့္အမွန္ကုိ သူမ,မသိႏိုင္ရံုသာမက ဒီကသင္ၾကားမႈအရည္အေသြးက ထံုခ်န္ၿမိဳ႕ကထက္ ပိုသာလြန္ေနတယ္လို႔ သူမကုိေတြးထင္ေစခဲ့တာေၾကာင့္ သူမရဲ႕အဆင့္ေတြ ပထမေနရာကေန ေနာက္ဆံုးေနရာနားထိျပဳတ္က်သြားခဲ့တယ္။
သို႔ေသာ္ မေကာင္းတဲ့ျဖစ္ရပ္ေတြ မ႐ွိေတာ့တာနဲ႔ သူမ အတန္းသံုးတန္းရဲ႕ ၁၉ေနရာကုိ ခ်က္ခ်င္းေရာက္သြားလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။
သူမအံျသတဲ့အခ်ိန္ ဘာလို႔အရမ္းအူေၾကာင္ေၾကာင္ပုံေလး ေပၚေနရတာလဲ ?
ဖူယန္႐ွီရဲ႕ ႏွလံုးသားကအရည္ေပ်ာ္လုနီးပဲ။သူ႔အျပံဳးကုိမထိန္းႏိုင္ဘဲ လက္ဆန္႔ကာ သူမရဲ႕ဆံပင္ေတြကုိဖြလိုက္တယ္။ "မ်က္ႏွာဖံုးေလး ႐ူးမသြားပါနဲ႔အုန္း။မင္းက အတန္းထဲမွာ ပထမေနရာရထားၿပီးၿပီ ဒါကုိမင္းက ေနာက္ဆံုးေနရာျဖစ္ႏိုင္တဲ့ ငါ့ကုိ မင္းအဆင့္၁ရတာဟုတ္လား ေမးေနတာလား ? မင္းတမင္ႂကြားေနတာမဟုတ္ဘူးလား ?"
သူမရဲ႕႐ႈပ္ပြေနတဲ့ဆံပင္ေတြနဲ႔ ေက်ာက္မင္႐ွီကို ဖူယန္႐ွီကထိုင္ဖို႔ဆဲြေခၚလိုက္တယ္။
ထိုင္ၿပီးေနာက္တြင္ သူမကတကယ္မဆိုးရြားဘူးဆိုတဲ့အခ်က္ကို လက္ခံဖို႔ႀကိဳးစားရင္း သူမရဲ႕ႏွလံုးခုန္သံေတြျမန္ဆန္လာတယ္။
၎ကိုေတြးေတာရင္း စိတ္လႈပ္႐ွားမႈကိုထိန္းမထားႏိုင္ေတာ့ဘဲ သူမမ်က္ႏွာကို လက္နဲ႔အုပ္လိုက္တယ္။
သို႔ေသာ္
_"အမွတ္ျခစ္တဲ့အခ်ိန္မွာ ဘာမွမမွားတာေသခ်ာရဲ႕လား? ၿပီးေတာ့ စာသင္ခန္းထဲမွာ ေစာင့္ၾကည့္ကင္မရာေတြ႐ွိေတာ့ သမီးခိုးခ်ခဲ႔တယ္လို႔ ဆရာ သံသယမဝင္ဘူးမလား။"
မင္႐ွီက သူမရဲ႕ခံစားခ်က္ေတြကို ႐ိုလာကိုစတာလို တက္လိုက္က်လိုက္ မျဖစ္ေစခ်င္ဘူး။
"ငတံုးေလး" ဤအခိုက္အတန္႔တြင္ ဆရာလုက သူမကိုအလြန္ခ်စ္ခင္တဲ့အၾကည့္ေတြနဲ႔ ၾကည့္ေနခဲ့တယ္။
သူကစင္ျမင့္ဆီျပန္သြားၿပီး 'ေနာက္ဆံုးေတာ့ ငါ့အိမ္ေထာင္စုမွာ အလားအလာ႐ွိတဲ့ကေလးတစ္ေယာက္႐ွိလာခဲ့ၿပီ'လို႔အခိုင္အမာေအာ္ဟစ္ေနသေယာင္ စိတ္လႈပ္ရွားတဲ့အၾကည့္ေတြနဲ႔ ေက်ာက္မင္႐ွီကိုလွမ္းၾကည့္ေနခဲ့တယ္။
"အဟမ္း အားလံုးၿငိမ္ၿငိမ္ေလးထိုင္ေပးၾကပါ။ဆရာစကားနည္းနည္းေလာက္ေျပာခ်င္တယ္။"
"ဆရာ့ရဲ႕ ဆရာသက္တမ္းတစ္ေလွ်ာက္ ဒီေန႔က အေပ်ာ္ဆံုးေန႔ပဲ။ႏိုင္ငံတကာအတန္းကဘယ္သူမွ သခ်ၤာမွာ ပထမေနရာ မရခဲ့ဖူးဘူး။ဒီတစ္ခါ ဆရာတို႔က ေရႊတံဆိပ္အတန္းက ေက်ာင္းသားႏွစ္ေယာက္နဲ႔ ပူးတဲြျဖစ္ေနေပမဲ့လည္း ဆရာတို႔ ပထမေနရာရခဲ့ေသးတာပဲ ! ဒါဆရာ့ရဲ႕သင္ၾကားမႈက အက်ိဳးရလဒ္႐ွိတယ္ဆိုတာ ျပသလိုက္တာပဲ။ဆရာ့ရဲ႕ႀကိဳးစားအားထုတ္မႈေတြ အခ်ည္းႏွီးျဖစ္မသြားဘူးလို႔ေျပာလိုက္တာပဲ...."
ေနာက္ပိုင္းဆက္လိုက္လာတာကေတာ့ ဝမ္းနည္းစရာ အဆံုးမ႐ွိတဲ့မိန္႔ခြန္းစကားေတြကေန ဆရာလုဘဲြ႔ရၿပီး ထိပ္ေျပာင္ျခင္းမ႐ွိေသးတဲ့အခ်ိန္က သူ႔ရဲ႕ဘဝကုိ ကေလးေတြကုိပညာသင္ၾကားရာမွာ ျမႇပ္ႏွံဖို႔ စိတ္ပိုင္းျဖတ္လိုက္တဲ့ ကာလတစ္ေလွ်ာက္အထိျဖစ္သည္။
ႏိုင္ငံတကာအတန္းက လူတစ္စုက သူ႔ကို ၾကက္ဥပုပ္ေတြနဲ႔ပစ္ေပါက္ဖို႔ မေစာင့္ႏိုင္ေတာ့လုနီးပါး ျဖစ္ေနခ်ိန္မွာပဲ သူတို႔ႏွလံုးသားကို ႐ိုလာကိုစတာ ျဖတ္သန္းသြားသလို ခံစားရေစတဲ့အရာမ်ိဳး တကယ္ေပၚလာခဲ့ေလတယ္။
ဇီဝေဗဒဆရာ က သူတို႔အတန္းတံခါးဝကို ေရာက္လာၿပီး ေက်ာင္းသားႏွစ္ေယာက္ရဲ႕ ဇီဝေဗဒရမွတ္ေတြမွာ တစ္စံုတစ္ရာမွားယြင္းသြားေၾကာင္း ဆရာလုကိုေခၚေျပာခဲ့တယ္။
ေနာက္ဆံုးရမွတ္ကို သူတို႔ျပန္စီစဥ္ဖို႔လိုအပ္တယ္။
"ဘာ?" ဆရာလု ထိတ္လန္႔သြားတယ္။သူတို႔အတန္းက ထိပ္ဆံုး၂၀ထဲတိုးဝင္သြားတဲ့ ေက်ာင္းသားတစ္ေယာက္ရ႐ုံ႐ွိေသးတယ္ ၊ ဒါေၾကာင့္ေက်းဇူးျပဳၿပီးေက်ာက္မင္႐ွီရဲ႕အမွတ္ေတြမျဖစ္ပါေစနဲ႔။ထိတ္လန္႔တၾကားနဲ႔ သူေမးလိုက္တယ္ "ဘယ္ေက်ာင္းသားႏွစ္ေယာက္လဲ ?"
"မင္းရဲ႕အတန္းထဲက ေက်ာက္မင္႐ွီနဲ႔ ေရႊတံဆိပ္အတန္းက ႐ွန္းခ်ီတို႔ပဲ။"
"...."
ဆရာလုက ေၾကာက္စိတ္ေတြနဲ႔ ဇီဝေဗဒဆရာေနာက္လိုက္သြားခဲ့တယ္။
ဖူယန္႐ွီက ျပတင္းေပါက္အျပင္ကိုၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္သြားခဲ့တယ္။
"သူတို႔က ရမွတ္ေတြကုိေသခ်ာမစစ္ရေသးဘဲ ထုတ္ေပးခဲ့တယ္ ၊ အခုေတာ့ သူတို႔ ဒါေတြကုိျပန္စီစဥ္ရေတာ့မယ္။မင္းရဲ႕အမွတ္ေတြ အရင္ကထက္နည္းသြားခဲ့ရင္ေရာ? သူတို ့က ငါတို႔ကုိဘာမွမဟုတ္ဘဲ ဝမ္းသာေအာင္လုပ္လိုက္တာ မဟုတ္ဘူးလား ?"
မင္႐ွီ သက္ျပင္းခ်လိုက္တယ္။တကယ္ေတာ့ ဒါကဇာတ္ေၾကာင္းကဦးတည္ရာ အမွန္သြားေနတာလို႔ သူမေတြးမိတယ္_မဟုတ္ရင္ ဘယ္လိုလုပ္ၿပီး သူမက ဒီေလာက္လြယ္လြယ္နဲ႔ ထိပ္ဆံုး၂၀ထဲဝင္ႏိုင္မွာလဲ ?
ဖူယန္႐ွီရဲ႕ကံကုိ သူမ ,မယံုတာမဟုတ္ပါဘူး။သူမကိုယ္သူမ မယံုၾကည္ႏိုင္႐ုံပါပဲ။
လြန္ခဲ့ႏွစ္ႏွစ္အတြင္း ညံ့ဖ်င္းတဲ့အမွတ္ေတြရခဲ့ၿပီးေနာက္ပိုင္း ဒီလို႐ုတ္တရက္ ေကာင္းမြန္တဲ့အမွတ္ေတြရလာတာ ၊ သူမကိုယ္တိုင္ေတာင္ အိပ္မက္ မက္ေနတယ္လို႔ေတြးမိတယ္။
"စိတ္ေအးေအးထားပါ။" အံ့ျသစရာေကာင္းစြာပဲ မင္႐ွီက တည္ၿငိမ္ေနခဲ့တယ္။သူမက စားပဲြခံုေပၚက ႏို႔ဘူးကုိယူၿပီး ပိုက္ထည့္ကာ တစ္ငံုေသာက္လိုက္တယ္။
==============
[Unicode]
ဆရာမယဲ့ပင်းက စာမေးပွဲအဖြေလွှာတွေနဲ့ ဆယ့်နှစ်ရာသီအတန်းထဲဝင်လာတဲ့အခိုက် သူမနှုတ်ခမ်းတွေကတင်းတင်းဖိကပ်လို့ထားပြီး အရုပ်ဆိုးတဲ့မျက်မှောင်ကြုတ်ထားပုံပေါ်နေတယ်။
ဆယ့်နှစ်ရာသီအတန်းတစ်ခုလုံး သူမဒေါသထွက်နေပြီး သူမဒေါသကို သူတို့အပေါ်ထုတ်လွှတ်တော့မယ်ဆိုတာ ခံစားလို့ရနေခဲ့တယ်။
"ငါတို့အတန်းရဲ့ရလဒ်တွေကမဆိုးပါဘူး ၊ အရင်ကနဲ့သိပ်မကွာဘူး" ဆိုတဲ့ သူမရဲ့ပထမဆုံးစကားကိုကြားတော့ သူတို့စိတ်သက်သာရာရသွားကြတယ်။
သို့သော် နောက်တစ်စက္ကန့်မှာပဲ သူမကစာမေးပွဲအဖြေလွှာတွေကို စင်မြင့်ပေါ် ရိုက်ချလိုက်တာ သူတို့တွေ့လိုက်ရတယ် !
"ဒါပေမဲ့ နင်တို့အားလုံး သင်္ချာစာမေးပွဲမှာဖြေခဲ့တာတွေက ဆိုးရွားလွန်းတယ် !"
"နင်တို့တစ်ယောက်မှ အမှတ်ပြည့်မရခဲ့ဘူး။"
"အပေါ်ထပ်နိုင်ငံတကာအတန်းကတစ်ယောက် အပါအဝင် အမှတ်ပြည့်ရတဲ့လူသုံးယောက်ရှိတယ်။ဒီတော့ ဘာလို့ငါတို့အတန်းထဲမှာ အမှတ်ပြည့်ရတဲ့လူတစ်ယောက်မှမရှိရတာလဲ ?!"
"ဘာလဲ ငါကတခြားအတန်းနှစ်တန်းက သင်္ချာဆရာတွေထက် ပိုဆိုးနေလို့လား ?!"
ယဲ့ပင်း စိတ်ထဲတောက်လောင်နေခဲ့တယ်။တစ်နှစ်ပတ်လုံး ရွှေတံဆိပ်အတန်းရဲ့ဆရာကျန်းကို သူမရှုံးခဲ့တာ ထားလိုက်လို့ရတယ်။အဆုံးကျ သူတို့အတန်းက ကျောင်းကိုယ်စားပြုအသင်းအဖြစ်ဖွဲ့စည်းထားတာကြောင့် သူတို့ကို သူမအနိုင်မယူနိုင်တာ ပုံမှန်ပင်။
သို့သော် နိုင်ငံတကာအတန်းရဲ့ဆရာလုဆီက သူမကျော်တက်ခံလိုက်ရတာ ဒါကနှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်ပဲ။
ရုံးခန်းထဲက လုဝမ့်ဝေရဲ့ ဈေးပေါပေမဲ့ အပြစ်ကင်းစင်ချင်ယောင်ဆောင်ထားတဲ့ မျက်နှာနဲ့ "စစ်သားတွေအတွက် အောင်ပွဲ ဒါမှမဟုတ် ရှုံးနိမ့်တာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ "လို့အောင်ပွဲခံနေတဲ့ အပြုံးနဲ့သူမကိုပြောလာတာ ပြန်တွေးမိတော့ ယဲ့ပင်းနှလုံးသားထဲက မီးတောက်တွေပိုလို့တောက်လောင်လာတယ်။
စင်မြင့်အောက်က ကျောင်သားတစ်ယောက်က
"နိုင်ငံတကာအတန်းက အဲ့တစ်ယောက်ကတော်တော်လေးကံကောင်းတဲ့လူပဲဖြစ်ရမယ်" လို့တိုးတိုးလေးပြောလိုက်တယ်။
အဲ့မေးခွန်းက ခက်ခဲလွန်းလို့ သူတို့မှာ အဲ့ဒါကို နားတောင်မလည်နိုင်ဘူး။
၎င်းကသူတို့ရဲ့သင်ရိုးမာတိကာထက်ကျော်လွန်နေရုံသာမက ပြိုင်ပွဲကြီးရဲ့အတိုင်းအတာထက်တောင် ကျော်လွန်နေတယ်။
သူတို့စာသင်ဆောင်တစ်ခုလုံးမှာ လူသုံးယောက်သာဖြေဆိုနိုင်တယ်လို့ ယဲ့ပင်းပြောတာကိုအခြေခံပြီး သူတို့သိလိုက်တယ်။၎င်းကိုကျောင်းကိုယ်စားပြုအဖွဲ့ထဲက အဖွဲ့ဝင်ခြောက်ယောက်လုံးတောင် ဖြေဆိုနိုင်တာမဟုတ်ဘူး_ဒီတော့သူတို့အတန်းထက် အမြဲတမ်းအမှတ်တွေအောက်မှာပဲရှိနေတဲ့ နိုင်ငံတကာအတန်းကလူတစ်ယောက်က ဘယ်လိုလုပ်အဲ့ဒါကိုဖြေနိုင်ရတာလဲ ?
ဒါကိုဘယ်သူမှ စိတ်ထဲမထားကြဘူး။ဒါမေးခွန်းလေးတစ်ခုပါပဲ။နောက်ဆုံးမှာ သူတို့အတန်းရဲ့စုပေါင်းရမှတ်က နိုင်ငံတကာအတန်းရဲ့အဆင့်ထက် တစ်ပန်းသာနေအုန်းမှာပဲ။
ကျောက်ယွမ်ကလည်း ဒါကိုဂရုမစိုက်ပါဘူး။သူမအဲ့မေးခွန်းကိုမဖြေနိုင်ခဲ့ပေမဲ့ သူမရဲ့တခြားဘာသာရပ်တွေကအတော်လေးကောင်းမွန်ပြီး သူမရဲ့နောက်ဆုံးအဆင့်က ဘယ်တော့မှဆိုးရွားမှာမဟုတ်ဘူး။
မည်သို့ပင်ဖြစ်စေ နိုင်ငံတကာအတန်းက သင်္ချာအမှတ်ပြည့်ရတဲ့ တစ်ယောက်တည်းသောလူက ကျောက်မင်ရှီတော့ လုံးဝမဖြစ်နိုင်ပါဘူး။
သူမခေါင်းငုံ့ကာ စာအုပ်ကိုဆက်ကြည့်နေလိုက်တယ်။သို့သော် သူမရဲ့စိတ်ကတော့ ဆရာမအဆင့်တွေကြေညာမဲ့ဆီရောက်နေခဲ့တယ်။
ပရိုဂျက်တာဖွင့်လိုက်တာနဲ့ ကျောက်ယွမ်ပိုစိုးရိမ်လာခဲ့တယ်။သူမရဲ့မျက်နှာမှာမပေါ်ပေမဲ့ မသိစိတ်အလျောက် စာအုပ်ရဲ့စာမျက်နှာတွေကိုဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်တွေကချွေးပြန်နေခဲ့တယ်။
သူမဘေးနားမှာ ထိုင်နေတဲ့ ဖူရှုအန်းကတီးတိုးပြောလာခဲ့တယ် "စိတ်ပူမနေပါနဲ့။နင်ပုံမှန်လုပ်နေကျအတိုင်း ဖြေလာခဲ့တာပဲ အတန်းသုံးတန်းကြားထဲ နင်ထိပ်ဆုံး၂၀ထဲဝင်လိမ့်မယ်။ကျောက်မင်ရှီက ဒီကိုအရင်လကမှပုံမှန်အတန်းကနေ ပြောင်းလာခဲ့တာ။ငါတို့ရဲ့သင်ရိုးမာတိကာကို သူမ လိုက်မမီနိုင်လောက်သေးဘူး ၊ ဒီတော့ သူမက ဘယ်လိုလုပ် နင်နဲ့ ယှဉ်ပြိုင်နိုင်မှာလဲ ?"
"ငါစိတ်မပူပါဘူး။" ကျောက်ယွမ်ခေါင်းခါပြီး ပြောလိုက်တယ် "ငါ့ရဲ့အမှတ်တွေက သူမထက်ပိုကောင်းမယ်ဆိုတာ ငါသေချာသိပါတယ်။ငါကြောက်တာက_"
ကျောက်မင်ရှီနဲ့ သူမရဲ့အမှတ်တွေကြား ကွာဟချက်မကြီးမားမှာကို သူမကြောက်တယ်။
ကျောက်မင်ရှီက သူမရဲ့ပညာရေးမှာ ကြီးကြီးမားမားတိုးတက်လာမှာကို သူမကြောက်တယ်။
ကျောက်ယွမ်က ပြီးအောင်မပြောလိုက်ပေမဲ့ ဖူရှုအန်းက သူမပြောချင်တာကိုသဘောပေါက်တယ်။
"အမှန်ပဲ။ကျောက်မင်ရှီက အောက်ခြေကနေအစပျိုးလာတော့ သူမတိုးတက်လာတိုင်း နင့်မိသားစုက သေချာပေါက် အဲဒါကိုသတိထားမိမှာပဲ။ဒါပေမဲ့ နင့်အမှတ်တွေကအမြဲတမ်းကောင်းနေတော့ နင့်မိသားစုဝင်တွေက ဒါကိုကျင့်သားရနေလောက်ပြီ။"
ကျောက်မင်ရှီရဲ့ ပုံမှန်အတန်းကနေ ဒီစာသင်ဆောင်ကို ပြောင်းရွှေ့လာမှုနှင့်အတူ ပြင်းထန်တဲ့ကျရှုံးမှုပါ ပါလာရမယ်။သူမအဆင့်ရဲ့အောက်ဆုံးကို ကျသွားဖို့လိုတယ်။ဒါမှသာ ကျောက်ယွမ်ရဲ့မိသားစုက သူတို့ကြားကခြားနားချက်ကို မြင်နိုင်လိမ့်မယ်။
"အဆင်ပြေပါတယ်။"
ကျောက်ယွမ်က သူမရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး တည်ငြိမ်သွားတယ်။
သူမမျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ အဆင့်တွေက ပိတ်ကားပေါ်မှာပြသထားခဲ့ပြီးဖြစ်တယ်။
သူမအသက်ရှုအောင့်ထားရင်း သူမရဲ့အဆင့်ကိုလိုက်ရှာကာ ဘာသာရပ်တစ်ခုစီတိုင်းရဲ့အမှတ်တွေကို ကြည့်နေခဲ့တယ်။
ဖူရှုအန်းက အပေါ်ကနေအောက်ကိုကြည့်လိုက်တော့ သူမနာမည်ကို အရင်ဆုံးရှာတွေ့သွားခဲ့တယ်။
"ဘုရားရေ ယွမ်ယွမ် နင်ကအရမ်းတော်တာပဲ ! အတန်းထဲမှာ အဆင့်၅ရပြီး အတန်းသုံးတန်းကြားထဲမှာ အဆင့်၂၀ရတယ် ! "
"နင် ထိပ်ဆုံးအဆင့်၂၀ထဲဝင်သွားပြန်ပြီ ! "
ကျောက်ယွမ် ချက်ချင်းစိတ်သက်သာသွားခဲ့တယ်။သူမက ဖူရှုအန်းကိုပြုံးပြကာ "ငါ ဒီတစ်ခါ အကောင်းဆုံးမလုပ်နိုင်ခဲ့ပါဘူး"လို့ပြောလိုက်တယ်။
ဖူရှုအန်းက "နင်ဒါကိုအရမ်းစိုးရိမ်နေစရာမလိုဘူးလို့ ငါထင်တယ်။အတန်းသုံးတန်းမှာ ကျောင်းသားစုစုပေါင်းအယောက်၁၅၀ရှိတယ်။ကျောက်မင်ရှီကအဆင့်၁၄၉ ဒါမှမဟုတ် ၁၅၀ပဲ ဖြစ်လိမ့်မယ်။ပုံမှန်အတန်းတွေရဲ့အောက်ဆုံးနားကပ်နေတဲ့ သူမရဲ့ပျမ်းမျှအမှတ်တွေနဲ့ သူမရဲ့အမှတ်တွေက အစတည်းကကောင်းတာမဟုတ်ဘူး။အဲဒါအပြင် ပုံမှန်အတန်ကပြောင်းလာခါစလူတစ်ယောက်က ငါတို့အတန်းသုံးတန်းရဲ့ သင်ရိုးမာတိကာကို လိုက်မီနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ! "
ကျောက်ယွမ်ကနားထောင်ပြီး ပိုစိတ်သက်သာသွားခဲ့တယ်။သူမက "သူမအဲ့လောက်ဆိုးရွားတဲ့အမှတ်တွေမရဖို့ ငါမျှော်လင့်ပါတယ် မဟုတ်ရင် သူမအတန်းပိုင်ဆရာဆီကနေ ငါ့အစ်ကိုကြီးထပ်အခေါ်ခံနေရလိမ့်မယ်။"
သူတို့နှစ်ယောက်စကားပြောနေစဉ် ယဲ့ပင်းက ခလုတ်နှိပ်လိုက်ပြီး ပိတ်ကားကို သူတို့အတန်းရဲ့အဆင့်တွေကနေ သူတို့စာသင်ဆောင်တစ်ခုလုံးရဲ့အဆင့်တွေကိုပြောင်းလဲပြသလိုက်တယ်။သူမကအေးစက်နေတဲ့အမူအရာနဲ့ "မင်းတို့အမှတ်တွေကောင်းကောင်းရတာကြောင့်နဲ့ ပျော်နိုင်မယ်လို့ထင်မနေကြနဲ့။ကျောင်းကိုယ်စားပြုအသင်းရဲ့အမှတ်တွေကိုကြည့်ပြီး သူတို့နဲ့မင်းတို့ရဲ့အမှတ်တွေကြားကွာဟချက်ကို လေ့လာကြည့်ကြ။"
ဆယ့်နှစ်ရာသီအတန်းကကျောင်းသားတွေက စာသင်ဆောင်တစ်ခုလုံးရဲ့အဆင့်သတ်မှတ်ချက် စာရင်းပေါ်က သူတို့ရင်းနှီးတဲ့လူတွေရဲ့အဆင့်တွေကို ရှာဖွေနေကြတယ်။
ရုတ်တရက်
တစ်စုံတစ်ယောက်က " Fu*k နေပါအုန်း။ဒါငါမြင်နေရတာအမှန်ပဲလား? အဲ့ဒါကျောက်မင်ရှီ နာမည်လား ?"
"သူမကဘယ်နေရာမှာလဲ_? ငါကန်းသွားပြီလား ?
ဆရာမ နည်းနည်းလောက်ပိုချဲ့ပေးလို့ရမလား ?!"
"လီဟေးယန် ၊ သူမကမင်းကိုငြင်းခဲ့တဲ့တစ်ယောက်လား ?"
"ဘာလီဟေးယန်*လဲ? မင်းသူ့ကို လီကျင်းယွီ*လို့ခေါ်သင့်တယ်။အဲ့ဖူမိသားစုက သခင်လေးကိုယ်တိုင် သူ့ကိုဒီနာမည်ပြောင်ပေးထားတာ။စိတ်လှုပ်ရှားစရာမကောင်းဘူးလား ?"
[ဟေးယန်=ပင်လယ် ၊ ကျင်းယွီ=ဝေလငါး]
လီဟေးယန် : "ပါးစပ်ပိတ်ထား ! "
=======
ဘာဖြစ်နေတာလဲ ?
ကျောက်ယွမ်နဲ့ ဖူရှုအန်းတို့ ကျောက်မင်ရှီရဲ့နာမည်ကို တစ်စုံတစ်ယောက်ပြောလာတာကြားတော့ ပထမသူတို့အထင်မှားနေတယ်လို့ ထင်နေကြတယ်။
ယဲ့ပင်းက ပိတ်ကားပေါ်အဆင့်တွေထုတ်ပြချိန်ကျရင် ပုံမှန်ဆို သူမကအပေါ်ကနေအောက်ကိုဖြည်းဖြည်းချင်းရွှေ့သွားလိမ့်မယ်။သူမက ဒီစာသင်ဆောင်တစ်ခုလုံးရဲ့အဆင့်တွေကို မိနစ်အနည်းမျှသာပြသွားခဲ့တာကြောင့် သူတို့ပထမစာမျက်နှာရဲ့ထိပ်ဆုံး၅၀ကို ကြည့်နေဆဲဖြစ်သင့်တယ်။
ကျောက်မင်ရှီက ထိပ်ဆုံးငါးဆယ်ထဲဝင်တယ်_?
ကျောက်ယွမ်ရဲ့နှလုံးသားခါယမ်းသွားကာ ခေါင်းအမြန်မော့ပြီး ပိတ်ကားဆီကြည့်လိုက်တယ်။
ထို့နောက် သူမလုံးဝနားမလည်နိုင်သော မယုံနိုင်စရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။
အဖြူရောင်နောက်ခံ အနက်ရောင်အကွက်တွေထဲ ကျောက်မင်ရှီရဲ့နာမည်ရှေ့က နံပါတ်က၁၉ဖြစ်သည်။
ဘယ်မှညာကနေ သူတို့ရဲ့အာရုံကိုအဖမ်းစားနိုင်ဆုံးက သင်္ချာကော်လံကွက်ဖြစ်သည်။
အမှတ်ပြည့်။
သူမကအမှတ်ပြည့်ရတယ်။
သူမရဲ့နားထဲ ဘေးနားအသံတွေစတင်ထွက်ပေါ်လာခဲ့တယ် :
"ပုံမှန်အတန်းကနေပြောင်းလာခါစ ကျောက်မင်ရှီက အဆင့်၁၉ရတယ် ??? သူမကထိပ်ဆုံး၂၀ထဲဝင်တာလား ?"
"သောက်ကျိုးနည်း ! ထိပ်ဆုံး၂၀ထဲဝင်ဖို့အရမ်းခက်တာ။ပုံမှန်ဆို ရွှေတံဆိပ်အတန်းက ကျောင်းသားဆယ်ယောက်ကျော်လောက်က အဲ့နေရာတွေကိုယူသွားလိမ့်မယ် ၊ ငါတို့အတန်းကငါးယောက်လောက်ပဲဝင်နိုင်တယ်။နိုင်ငံတကာအတန်းကဘယ်သူမှ ထိပ်ဆုံး၂၀ထဲမဝင်ခဲ့ဖူးဘူး ! ဒါပေမဲ့ ဘာလို့ဒီတစ်ခါကျ_သူမကပုံမှန်အတန်းကလို့ ကျောက်မင်ရှီမပြောခဲ့ဘူးလား ?"
လူများစွာက နံပါတ်၁၉နေရာမှာရှိတဲ့ ကျောက်မင်ရှီကိုသတိပြုမိလာကြတယ်။
ထို့နောက် တစ်စုံတစ်ယောက်က ကျောက်ယွမ်လိုမျိုးသတိထားမိသွားတယ်။
"နေပါအုန်း ၊ သူမကသင်္ချာမှာ အမှတ်ပြည့်ရတဲ့တစ်ယောက်လား ?"
တစ်ယောက်က ဒါကိုပြောလိုက်တာနဲ့ လူတွေအားလုံး အံ့သြသွားကြတယ်။
ထို့နောက် ပွက်ပွက်ဆူနေတဲ့ရေတွေလို တစ်တန်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်။
အခုလေးတင် အတန်းပိုင်ဆရာမ ယဲ့ပင်းပြောသွားတဲ့ သင်္ချာမှာအမှတ်ပြည့်ရတဲ့သုံးယောက်ထဲက နိုင်ငံတကာအတန်းကတစ်ယောက်ဆိုတာ သူမလား??
ကျောက်မင်ရှီကြောင့် တစ်တန်းလုံးရုတ်တရပ်ဆူညံလာတာကို ယဲ့ပင်းမြင်တော့ သူမရဲ့မျက်နှာကပိုလို့အရုပ်ဆိုးသွားခဲ့တယ်။ "နင်တို့က တခြားသူအကြောင်းပြောဖို့ သတ္တိရှိသေးတယ်ပေါ့ ? သူမဒီကိုပြောင်းလာတာ တစ်လပဲရှိသေးတယ် ၊ ငါတို့ရဲ့သင်ရိုးကိုလိုက်မီဖို့ကြိုးစားနေရတုန်းပဲ ဒါတောင် သူမကသင်္ချာမှာအမှတ်ပြည့်ရနိုင်တယ် ! နင်တို့အားလုံးကို ငါသင်ပေးတာ ကြာလှပြီ ဒါပေမဲ့နောက်ဆုံးမေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ နင်တို့တစ်ယောက်မှ မတွေးတတ်ကြဘူး?!"
ကျောက်ယွမ်က သူမရဲ့အပေါ်မှာရှိနေတဲ့ နာမည်ကိုကြည့်လိုက်တယ်။
နောက်ငါးမိနစ်ကြာတဲ့ထိ သူမအိပ်မက် မက်နေသလိုပဲ။
သူမ နတ်ဆိုးတစ်ကောင်နဲ့ကြုံခဲ့ရသလို ခံစားနေရတယ်။
သူမ အလွန်မသက်မသာဖြစ်နေပုံပေါ်တယ်။
သူမရဲ့စိတ်တွေ လေဟာနယ်ထဲရောက်နေသလို စိတ်တွေမငြိမ်မသက်ဖြစ်နေခဲ့တယ်။နောက်ဆုံး သူမစိတ်ကိုပြန်ထိန်းပြီး ဖူရှုန်အန်းကိုတီးတိုးပြောလိုက်တယ် " ငါကြားနေရတာ အမှန်ပဲလား ? အဲ့ဒါမင်ရှီလား ? အဆင့်၁၉...? ငါ့ရှေ့မှာလေ?"
ဖူရှုအန်းက သူမရဲ့ပါးစပ်ကိုမပိတ်နိုင်သေးဘဲ သူမရဲ့အာရုံပြန်မရနိုင်လောက်သေးတဲ့ထိ အံ့သြနေဆဲဖစ်တယ်။"ဘာလဲ ?"
ကျောက်ယွမ်ရှေ့က ကောင်လေးက သူမပြောတာကြားတော့ သူမသေချာမမြင်ရတာကြောင့်လို့ ထင်ပြီး နောက်လှည့်ကာ သူမကိုကြင်နာစွာပြောလိုက်တယ် "ဟုတ်တယ် ၊ အဲ့ဒါကျောက်မင်ရှီပဲ။သူမတကယ်ပဲ သင်္ချာမှာအမှတ်ပြည့်ရခဲ့တယ် ! မထင်မှတ်ဘဲ ဒီလိုခက်ခဲလွန်းတဲ့မေးခွန်းမျိုးကိုမှ ! သူမဘယ်လိုများ ပုံမှန်အတန်းကိုရောက်သွားခဲ့တာလဲ ?"
"မင်းရဲ့အစ်မက တစ်ဘာသာပဲကောင်းတာလား_ခဏ တစ်ဘာသာပဲကောင်းတယ်လို့ပြောလို့မရဘူးပဲ။သူမက ဇီဝဗေဒတစ်ခုတည်းမှာပဲမကောင်းတာကို သူမရဲ့တခြားဘာသာရပ်တွေမှာတော့ အမှတ်တွေ အတော်လေးကောင်းတာပဲ။"
"နေပါအုန်း ၊ ဘာလို့ မင်းကြည့်ရတာ အရမ်းဖြူဖျော့နေရတာလဲ ? မင်းနေမကောင်းဘူးလား ?"
ကျောက်ယွမ် : "...."
========
ထိုအချိန်တွင် နိုင်ငံတကာအတန်းက ရုတ်ရုတ်သဲသဲဖြစ်နေဆဲပင်။
သူတို့ရဲ့အတန်းပိုင်ဆရာလုက ပရိုဂျက်တာကိုတောင် မသုံးခဲ့ဘူး။သူက မင်ရှီကိုစိတ်လှုပ်ရှားစွာ ပြေးဖက်ပြီးတာနဲ့ သူမ ဒီတကြိမ် သင်္ချာမှာအမှတ်ပြည့်ရပြီး နိုင်ငံတကာအတန်းမှာ အဆင့် ၁ နဲ့ သူတို့ရဲ့စာသင်ဆောင်တစ်ခုလုံးမှာ အဆင့်၁၉ရကြောင်း နေရာမှာတင်ပြောပြခဲ့တယ်။
တစ်တန်းလုံး မင်ရှီကို တအံ့တသြကြည့်လိုက်ကြတယ်။
ခယ့်ချန်းဝမ်က အံသြတကြီးနဲ့ "Fu*k ၊ မျက်_မဟုတ်သေးဘူး ၊ ကျောက်မင်ရှီ ၊ မင်းတကယ်တော်တာပဲ" လို့ပြောလိုက်တယ်။ "မင်းရဲ့အမှတ်တွေ ဒီလောက်ကောင်းမယ်မှန်းသာ ငါတို့သိခဲ့ရင် အစ်ကိုရှီနဲ့ ငါတို့ မင်းဆီကကူးချခဲ့မှာပေါ့။ "
"ကူးချ ၊ ကူးချ မင်းကဘယ်လိုကူးချရမလဲဆိုတာပဲ သိတယ် ! " ဖူယန်ရှီရဲ့မျက်နှာပေါ်မှာ ဂုဏ်ယူနေတဲ့အပြုံးတစ်ခုရှိနေခဲ့တယ်။သူက ကျောက်မင်ရှီကို တစ်ချက်ကြည့်လိုက်ပြီး သေချာပြောလိုက်တယ်" ငါစာမေးပွဲမှာ တစ်ခါမှခိုးမချခဲ့ဖူးဘူး ဟုတ်ပြီလား?"
ခယ့်ချန်းဝမ် : "ဟုတ်ပါတယ် ၊ မင်းက အဖြေဖြေဖို့တောင် အပျင်းကြီးနေတာ ၊ ဘာလို့ခိုးချနေမှာလဲ ? မင်းက အဖြေလွှာရဲ့ဘယ်ဘက်အပေါ်ထောင့်မှာ သူမနာမည်ကို ကူးချဖို့လား ?"
ဖူယန်ရှီက ကျောက်မင်ရှီရဲ့စားပွဲခုံပေါ်က အဘိဓာန်တစ်အုပ်ကို ကောက်ကိုင်ပြီး "မင်းက ပိုပြီးသတ္တိရှိလာတာပဲ ၊ မဟုတ်ဘူးလား ?"
ခယ့်ချန်းဝမ်က အမြန်ပြုံးပြပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်။
"ငါကအဆင့်၁၉မှာ ?" ကျောက်မင်ရှီက မတုံ့ပြန်နိုင်သေးဘဲ သူမနှာခေါင်းဖျားကို လက်ညှိုးထိုးပြပြီး ဖူယန်ရှီကိုကြည့်လိုက်တယ်။ "သူတို့အဖြေလွှာတွေကို အမှတ်ခြစ်တာမှန်ရဲ့လား ? ဒါအမှန်ပဲလား ?"
အဓိကအကြောင်းအရင်းကတော့ သူမ ထုံချန်မြို့မှာရှိစဉ်က အမြဲတမ်းပထမနေရာရခဲ့တယ်။သို့သော် ဒီရောက်လာပြီးတည်းက သူမတစ်ခါမှအမှတ်ကောင်းကောင်းမရခဲ့ဘူး။ရလဒ်အနေဖြင့် သူမရဲ့အဆင့်အမှန်ကို သူမ,မသိနိုင်ရုံသာမက ဒီကသင်ကြားမှုအရည်အသွေးက ထုံချန်မြို့ကထက် ပိုသာလွန်နေတယ်လို့ သူမကိုတွေးထင်စေခဲ့တာကြောင့် သူမရဲ့အဆင့်တွေ ပထမနေရာကနေ နောက်ဆုံးနေရာနားထိပြုတ်ကျသွားခဲ့တယ်။
သို့သော် မကောင်းတဲ့ဖြစ်ရပ်တွေ မရှိတော့တာနဲ့ သူမ အတန်းသုံးတန်းရဲ့ ၁၉နေရာကို ချက်ချင်းရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
သူမအံသြတဲ့အချိန် ဘာလို့အရမ်းအူကြောင်ကြောင်ပုံလေး ပေါ်နေရတာလဲ ?
ဖူယန်ရှီရဲ့ နှလုံးသားကအရည်ပျော်လုနီးပဲ။သူ့အပြုံးကိုမထိန်းနိုင်ဘဲ လက်ဆန့်ကာ သူမရဲ့ဆံပင်တွေကိုဖွလိုက်တယ်။ "မျက်နှာဖုံးလေး ရူးမသွားပါနဲ့အုန်း။မင်းက အတန်းထဲမှာ ပထမနေရာရထားပြီးပြီ ဒါကိုမင်းက နောက်ဆုံးနေရာဖြစ်နိုင်တဲ့ ငါ့ကို မင်းအဆင့်၁ရတာဟုတ်လား မေးနေတာလား ? မင်းတမင်ကြွားနေတာမဟုတ်ဘူးလား ?"
သူမရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ ကျောက်မင်ရှီကို ဖူယန်ရှီကထိုင်ဖို့ဆွဲခေါ်လိုက်တယ်။
ထိုင်ပြီးနောက်တွင် သူမကတကယ်မဆိုးရွားဘူးဆိုတဲ့အချက်ကို လက်ခံဖို့ကြိုးစားရင်း သူမရဲ့နှလုံးခုန်သံတွေမြန်ဆန်လာတယ်။
၎င်းကိုတွေးတောရင်း စိတ်လှုပ်ရှားမှုကိုထိန်းမထားနိုင်တော့ဘဲ သူမမျက်နှာကို လက်နဲ့အုပ်လိုက်တယ်။
သို့သော်
_"အမှတ်ခြစ်တဲ့အချိန်မှာ ဘာမှမမှားတာသေချာရဲ့လား? ပြီးတော့ စာသင်ခန်းထဲမှာ စောင့်ကြည့်ကင်မရာတွေရှိတော့ သမီးခိုးချခဲ့တယ်လို့ ဆရာ သံသယမဝင်ဘူးမလား။"
မင်ရှီက သူမရဲ့ခံစားချက်တွေကို ရိုလာကိုစတာလို တက်လိုက်ကျလိုက် မဖြစ်စေချင်ဘူး။
"ငတုံးလေး" ဤအခိုက်အတန့်တွင် ဆရာလုက သူမကိုအလွန်ချစ်ခင်တဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
သူကစင်မြင့်ဆီပြန်သွားပြီး 'နောက်ဆုံးတော့ ငါ့အိမ်ထောင်စုမှာ အလားအလာရှိတဲ့ကလေးတစ်ယောက်ရှိလာခဲ့ပြီ'လို့အခိုင်အမာအော်ဟစ်နေသယောင် စိတ်လှုပ်ရှားတဲ့အကြည့်တွေနဲ့ ကျောက်မင်ရှီကိုလှမ်းကြည့်နေခဲ့တယ်။
"အဟမ်း အားလုံးငြိမ်ငြိမ်လေးထိုင်ပေးကြပါ။ဆရာစကားနည်းနည်းလောက်ပြောချင်တယ်။"
"ဆရာ့ရဲ့ ဆရာသက်တမ်းတစ်လျှောက် ဒီနေ့က အပျော်ဆုံးနေ့ပဲ။နိုင်ငံတကာအတန်းကဘယ်သူမှ သင်္ချာမှာ ပထမနေရာ မရခဲ့ဖူးဘူး။ဒီတစ်ခါ ဆရာတို့က ရွှေတံဆိပ်အတန်းက ကျောင်းသားနှစ်ယောက်နဲ့ ပူးတွဲဖြစ်နေပေမဲ့လည်း ဆရာတို့ ပထမနေရာရခဲ့သေးတာပဲ ! ဒါဆရာ့ရဲ့သင်ကြားမှုက အကျိုးရလဒ်ရှိတယ်ဆိုတာ ပြသလိုက်တာပဲ။ဆရာ့ရဲ့ကြိုးစားအားထုတ်မှုတွေ အချည်းနှီးဖြစ်မသွားဘူးလို့ပြောလိုက်တာပဲ...."
နောက်ပိုင်းဆက်လိုက်လာတာကတော့ ဝမ်းနည်းစရာ အဆုံးမရှိတဲ့မိန့်ခွန်းစကားတွေကနေ ဆရာလုဘွဲ့ရပြီး ထိပ်ပြောင်ခြင်းမရှိသေးတဲ့အချိန်က သူ့ရဲ့ဘဝကို ကလေးတွေကိုပညာသင်ကြားရာမှာ မြှပ်နှံဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ကာလတစ်လျှောက်အထိဖြစ်သည်။
နိုင်ငံတကာအတန်းက လူတစ်စုက သူ့ကို ကြက်ဥပုပ်တွေနဲ့ပစ်ပေါက်ဖို့ မစောင့်နိုင်တော့လုနီးပါး ဖြစ်နေချိန်မှာပဲ သူတို့နှလုံးသားကို ရိုလာကိုစတာ ဖြတ်သန်းသွားသလို ခံစားရစေတဲ့အရာမျိုး တကယ်ပေါ်လာခဲ့လေတယ်။
ဇီဝဗေဒဆရာ က သူတို့အတန်းတံခါးဝကို ရောက်လာပြီး ကျောင်းသားနှစ်ယောက်ရဲ့ ဇီဝဗေဒရမှတ်တွေမှာ တစ်စုံတစ်ရာမှားယွင်းသွားကြောင်း ဆရာလုကိုခေါ်ပြောခဲ့တယ်။
နောက်ဆုံးရမှတ်ကို သူတို့ပြန်စီစဉ်ဖို့လိုအပ်တယ်။
"ဘာ?" ဆရာလု ထိတ်လန့်သွားတယ်။သူတို့အတန်းက ထိပ်ဆုံး၂၀ထဲတိုးဝင်သွားတဲ့ ကျောင်းသားတစ်ယောက်ရရုံရှိသေးတယ် ၊ ဒါကြောင့်ကျေးဇူးပြုပြီးကျောက်မင်ရှီရဲ့အမှတ်တွေမဖြစ်ပါစေနဲ့။ထိတ်လန့်တကြားနဲ့ သူမေးလိုက်တယ် "ဘယ်ကျောင်းသားနှစ်ယောက်လဲ ?"
"မင်းရဲ့အတန်းထဲက ကျောက်မင်ရှီနဲ့ ရွှေတံဆိပ်အတန်းက ရှန်းချီတို့ပဲ။"
"...."
ဆရာလုက ကြောက်စိတ်တွေနဲ့ ဇီဝဗေဒဆရာနောက်လိုက်သွားခဲ့တယ်။
ဖူယန်ရှီက ပြတင်းပေါက်အပြင်ကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။
"သူတို့က ရမှတ်တွေကိုသေချာမစစ်ရသေးဘဲ ထုတ်ပေးခဲ့တယ် ၊ အခုတော့ သူတို့ ဒါတွေကိုပြန်စီစဉ်ရတော့မယ်။မင်းရဲ့အမှတ်တွေ အရင်ကထက်နည်းသွားခဲ့ရင်ရော? သူတို့က ငါတို့ကိုဘာမှမဟုတ်ဘဲ ဝမ်းသာအောင်လုပ်လိုက်တာ မဟုတ်ဘူးလား ?"
မင်ရှီ သက်ပြင်းချလိုက်တယ်။တကယ်တော့ ဒါကဇာတ်ကြောင်းကဦးတည်ရာ အမှန်သွားနေတာလို့ သူမတွေးမိတယ်_မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူမက ဒီလောက်လွယ်လွယ်နဲ့ ထိပ်ဆုံး၂၀ထဲဝင်နိုင်မှာလဲ ?
ဖူယန်ရှီရဲ့ကံကို သူမ ,မယုံတာမဟုတ်ပါဘူး။သူမကိုယ်သူမ မယုံကြည်နိုင်ရုံပါပဲ။
လွန်ခဲ့နှစ်နှစ်အတွင်း ညံ့ဖျင်းတဲ့အမှတ်တွေရခဲ့ပြီးနောက်ပိုင်း ဒီလိုရုတ်တရက် ကောင်းမွန်တဲ့အမှတ်တွေရလာတာ ၊ သူမကိုယ်တိုင်တောင် အိပ်မက် မက်နေတယ်လို့တွေးမိတယ်။
"စိတ်အေးအေးထားပါ။" အံ့သြစရာကောင်းစွာပဲ မင်ရှီက တည်ငြိမ်နေခဲ့တယ်။သူမက စားပွဲခုံပေါ်က နို့ဘူးကိုယူပြီး ပိုက်ထည့်ကာ တစ်ငုံသောက်လိုက်တယ်။