[Zawgyi]
ေက်ာက္က်န္႔ဟိြဳက္က သူ႔အေမရဲ႕ေ႐ွာ့ရၿပီး ဟန္႔တားနတာကို တိုက္႐ိုက္ပဲလ်စ္လ်ဴ႐ႈခဲ့တယ္။
က်န္႔ယီြဖန္ကို အလုပ္ထုတ္ၿပီးသြားေတာ့ ေက်ာက္မင္႐ွီဆီ ေနာက္တစ္ၾကိမ္ အေလးအနက္ထားသြားလည္ပတ္ဖို႔ သူစီစဥ္လိုက္တယ္။
ဒီတစ္ခါေတာ့ သူတို႔ေကာင္းမြန္တဲ့စကားဝိုင္း႐ွိရမယ္။
ေမြးေန႔ပဲြမစခင္ တစ္ပတ္သာက်န္ေတာ့ၿပီး သူမကိုျပန္ေခၚလာဖို႔ သူဝန္ပိေနခဲ့တယ္။
သူတို႔စာေမးပဲြေျဖေနတဲ့အေၾကာင္း သူၾကားေတာ့ သူစိတ္႐ွည္႐ွည္နဲ႔ ေနာက္ႏွစ္ရက္ထပ္ေစာင့္ခဲ့တယ္။ႏွစ္ရက္ၾကာၿပီးေနာက္ သူတို႔စာေမးပဲြၿပီးတဲ့ေန႔လယ္ပိုင္းမွာ သူ႔အတြင္းေရးမႉးကုိ ကားေမာင္းခိုင္းၿပီး ႏွစ္ေယာက္သား အရင္ကနန္နီအိမ္ကိုျပန္ယူလာတဲ့အဝတ္အစားေတြနဲ႔ Aအထက္တန္းေက်ာင္းကို တိုက္႐ိုက္သြားၾကတယ္။
ဤတစ္ႀကိမ္ေတာ့ ေက်ာက္မင္႐ွီကို သူႏိုင္ငံတကာအတန္းမွာ သြားမ႐ွာခဲ့ဘူး။သဘာဝက်က်ပဲ ဘာျဖစ္မလဲဆိုတာ သူသိတယ္။အရင္ကလို သူလုပ္ခဲ့ရင္ မင္႐ွီလွည့္ထြက္ၿပီး အတန္းထဲျပန္ဝင္မသြားခင္ သူစကားေလးနည္းနည္းေတာင္ ေျပာလိုက္ႏိုင္မွာမဟုတ္ဘူး။ဒါဆိုဘာတိုးတက္မႈမွ သူလုပ္ႏိုင္မွာမဟုတ္ဘူး။
ေက်ာက္မင္႐ွီရဲ႕ ဌာနမႉးနဲ႔ အတန္းပိုင္ဆရာကို သူအရင္ဆံုးသြား႐ွာရမယ္ ဒါဆို ေက်ာက္မင္႐ွီေရာက္လာေအာင္ သူတို႔ကိုေတာင္းဆိုႏိုင္တယ္။ထို႔ေနာက္
ေက်ာက္မင္႐ွီနဲ႔စကားေျပာရန္ သူ႔ကိုအခ်ိန္နည္းနည္းေပးဖို႔ သူတို႔ကိုေတာင္းဆိုလိုက္မယ္။
ေက်ာက္က်န္႔ဟိြဳက္လည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ေခါင္းကိုက္ေနခဲ့တယ္။ သူ ့လို အသက္၂၅ႏွစ္အရြယ္လူၾကီးတစ္ေယာက္အေနနဲ႔ ပုန္ကန္ထႂကြတဲ့ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ရဲ႕ ကိစၥနဲ႔ပတ္သက္ၿပီးေျဖ႐ွင္းရတာ ဒါကပထမဆံုးအႀကိမ္ပဲ။
ထို႔အျပင္ ေက်ာက္ယြမ္ အထက္တန္းပထမႏွစ္တုန္းက သူမအတြက္ မိဘဆရာေတြ႔ပဲြတစ္ႀကိမ္သာ သူ တတ္ေရာက္ခဲ့ဖူးတယ္။မင္႐ွီအတြက္ သူတစ္ခါမွမလုပ္ေပးခဲ့ဖူးဘူး_ထို႔ေၾကာင့္ အျပင္မွာကားရပ္ၿပီး ေက်ာင္းထဲဝင္လာၿပီးေနာက္ပိုင္း သူကမ်က္ကန္းတစ္ေယာက္လိုပဲ ဌာနမႉးနဲ႔ ေက်ာက္မင္႐ွီရဲ႕အတန္းပိုင္ဆရာကို ဘယ္မွာ႐ွာရမလဲ သူ,မသိဘူး။
စာေမးပဲြကၿပီးရံု႐ွိေသးေတာ့ သူတို႔ရံုးခန္းမွာမ႐ွိေလာက္ဘူးမလား?
ေက်ာက္က်န္႔ဟိြဳက္က ကားရပ္ႏိုင္ေအာင္ အတြင္းေရးမႉးဆီကားေသာ့ပစ္ေပးလိုက္ၿပီး ႐ုတ္တရက္ ကုန္စံုဆိုင္ကေန ရင္းႏွီးေနတဲ့လူတစ္ေယာက္ထြက္လာတာ ျမင္လိုက္တယ္။
ထိုေကာင္မေလးရဲ႕ လက္ထဲမွာမုန္႔မ်ားစြာကိုင္ထားခဲ့တယ္။သူမက သူ႔ကုိျမင္ေတာ့ အံ့အားတသင့္နဲ႔လွမ္းေခၚလာတယ္"အစ္ကိုက်န္႔ဟိြဳက္ !"
ေက်ာက္က်န္႔ဟိြဳက္ကျပန္ေျဖလိုက္တယ္
"မင္းက?"
ထိုေကာင္မေလးက သူ႔ဆီေလွ်ာက္လာတယ္။
"ညီမကဖူ႐ႈအန္းပါ။ညီမက ေက်ာက္ယြမ္ရဲ႕အရင္ႏွီးဆံုးသူငယ္ခ်င္းပါ။ညီမအရင္က အစ္ကိုတို႔အိမ္ေရာက္ဖူးတယ္ ဒါေပမဲ့ အဲ့ေန႔က အစ္ကုိကအလုပ္ကေနျပန္လာၿပီးတာနဲ႔ စာဖတ္ခန္းထဲ တန္းဝင္သြားခဲ့ေတာ့ ညီမကုိသတိမထားမိေလာက္ဘူး။"
ေက်ာက္က်န္႔ဟိြဳက္ ေခါင္းညိတ္ျပလိုက္တယ္။
"အစ္ကိုသိၿပီ။ေတြ႔ရတာဝမ္းသာပါတယ္။"
ေက်ာက္က်န္႔ဟိြဳက္က အလြန္ေခ်ာေမာရံုသာမက ငယ္လည္းငယ္ရြယ္တယ္။သူ႔ရဲ႕လက္ရာေျမာက္စြာခ်ဳပ္လုပ္ထားတဲ့ ႐ွပ္အက်ႌျဖဴနဲ႔ အနက္ေရာင္ဝတ္စံုျပည့္က ေက်ာင္းဝင္းထဲက သူတို႔ကိုျဖတ္သြားတဲ့လူတိုင္းကို ေနာက္တစ္ႀကိမ္လွည့္ၾကည့္ေစတယ္။
ၿပီးရင္ သူတို႔က ဖူ႐ႈအန္းကိုလည္းၾကည့္ၾကလိမ့္မယ္။
ဖူ႐ႈအန္းက သူမမ်က္ႏွာပူေလာင္လာတာကို ခံစားရတယ္။သူမက"အစ္ကို ဒီမွာေက်ာက္ယြမ္ကို႐ွာဖို႔ေရာက္လာတာလား?"
"မဟုတ္ဘူး။"ေက်ာက္က်န္႔ဟိြဳက္ ေခါင္းခါလိုက္တယ္။ထို႔ေနာက္ ဖူ႐ႈအန္းနဲ႔ ေက်ာက္ယြမ္က တစ္တန္းဆိုတာေတြးမိသြားတယ္ ၊ ဆယ့္ႏွစ္ရာသီအတန္းနဲ႔ ႏိုင္ငံတကာအတန္းက စာသင္ေဆာင္တစ္ခုတည္းဆိုေတာ့ သူတို႔ရဲ ့ဌာနမႉးလည္းအတူတူပဲျဖစ္သင့္တယ္။ဒါေၾကာင့္ သူေမးလိုက္တယ္"အစ္ကိုက မင္းတို႔ရဲ႕ဌာနမႉးကို႐ွာေနတာ။သူအခုဘယ္မွာ႐ွိေနေလာက္လဲ မင္းသိလား?"
ေက်ာက္က်န္႔ဟိြဳက္က အလြန္ေခ်ာေမာေနေတာ့ ဖူ႐ႈအန္းမေနႏိုင္ဘဲ ထပ္ေမးလိုက္တယ္
"အစ္ကိုက ညီမတို႔ဌာနမႉးနဲ႔ ဘာကိစၥ႐ွိလို႔လဲ?"
သို႔ေသာ္ ေက်ာက္က်န္႔ဟိြဳက္က"သူဘယ္မွာလဲဆိုတာပဲ အစ္ကို႔ကိုေျပာျပပါ။မင္းမသိရင္ အကိုအနားမွာပတ္ေမးလိုက္မယ္။"
ဖူ႐ႈအန္းက သူ႔အေနာက္ကိုၾကည့္လိုက္ၿပီး သူ႔ရဲ႕အတြင္းေရးမႉးက ပစၥည္းေတြတစ္ပံုႀကီးသယ္ထားၿပီး ကားနားမွာရပ္ေနတာ ေတြ႔လိုက္တယ္။
အဲ့ဒီပစၥည္းေတြက လက္ေဆာင္ေတြျဖစ္ပံုပဲ။
ေက်ာက္ယြမ္ရဲ႕ေမြးေန႔ပဲြအတြက္ သူတို႔ရဲ႕ ဌာနမႉးနဲ႔ အတန္းပိုင္ဆရာကို အဲ့ဒီလက္ေဆာင္ေတြေပးၿပီး ဖိတ္ဖို႔မ်ားလား ? အဲဒါေၾကာင့္ သူမကို သူဘာမွမေျပာႏိုင္တာလား ?
ဖူ႐ႈအန္း ဒါကိုသေဘာေပါက္သြားေတာ့ ေက်ာက္ယြမ္ကို သူမပိုလို႔ေတာင္မနာလိုျဖစ္သြားတယ္။သူမရဲ႕အစ္ကိုႀကီးကအရမ္းေခ်ာေမာၿပီး ေသခ်ာေပါက္ သူမကိုအလိုလိုက္မွာပဲ။သူမကိုယ္စား သူမရဲ႕ဆရာေတြကိုလက္ေဆာင္ေပးတဲ့ထိ သူကအေသးစိတ္ေလးကိုေတာင္ အရမ္းဂ႐ုစိုက္တယ္။
ဌာနမႉးနဲ႔ သူတို႔ရဲ႕အတန္းပိုင္ဆရာက အျမဲတမ္း ေက်ာက္ယြမ္ကိုပိုအာရံုစိုက္ၾကတာ အံျသစရာမ႐ွိဘူးပဲ။
ဖူ႐ႈအန္းက ဝမ္းသာအားရနဲ႔ကမ္းလွမ္းလိုက္တယ္
"ညီမ အဲ့ေနရာဆီ အကို႔ကိုေခၚသြားေပးမယ္။"
ေက်ာက္က်န္႔ဟိြဳက္ ဌာနမႉးရံုးခန္းထဲဝင္သြားၿပီးေနာက္ပိုင္း ဖူ႐ႈအန္းလည္းလွည့္ထြက္သြားခဲ့တယ္။
ဌာနမႉးရံုးခန္းက သူမထြက္လာေတာ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ စႏၵယားခန္းကထြက္လာတဲ့ ေက်ာက္ယြမ္ကိုေတြ႔လိုက္တယ္။သူမေလွ်ာက္သြားၿပီး သူမ(ZY) လက္ကိုလွမ္းဖက္လိုက္တယ္။
"ငါတို႔ေက်ာင္းကို ဘယ္သူအလည္လာလဲ ခန္႔မွန္းၾကည့္ပါလား?"
ေက်ာက္ယြမ္က"ဘယ္သူလဲ?"
"နင့္ရဲ႕အစ္ကိုႀကီး" ဖူ႐ႈအန္းကျပံဳးၿပီး ေက်ာက္ယြမ္နား,နားကပ္ေျပာလိုက္တယ္။
"ငါတို႔ရဲ႕ဌာနမႉးနဲ႔ အတန္းပိုင္ဆရာဆီသူသြားလည္တုန္းက သူ႔ရဲ႕အတြင္းေရးမႉးက ပစၥည္းေတြတစ္ပံုႀကီးကိုင္ထားတာ။သူဒီကို နင့္ရဲ႕ေမြးေန႔ပဲြအတြက္လာတာလို႔ ငါထင္တယ္။အဆံုးက် ငါတို႔ကတတိယႏွစ္ကိုေရာက္ေနၿပီ။သူ ဆရာေတြကို တိတ္တိတ္ေလး လက္ေဆာင္လာေပးမွေတာ့ နင့္ကိုအပိုဂ႐ုစိုက္ေစခ်င္လို႔ေနမွာ။"
ေက်ာက္ယြမ္က ဌာနမႉးရံုးခန္းဆီၾကည့္လိုက္ၿပီး သူမရဲ႕ပါးျပင္ေတြ နီျမန္းသြားတယ္။
သူမရဲ႕တစ္မိသားစုလံုးက သူမကိုအရမ္းအလိုလိုက္ၾကတယ္။အထူးသျဖင္႔ ဒုတိယအစ္ကိုေက်ာက္မိုက သူမကိုအကာအကြယ္အေပးဆံုးလို႔ေျပာႏိုင္ေပမဲ့ အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ သူမရဲ႕အစ္ကိုႀကီးေက်ာက္က်န္႔ဟိြဳက္ကသာ သူမကုိအျမဲတမ္းအထူးဆဲြေဆာင္ႏိုင္တယ္။
သူလုပ္သမွ်အရာတိုင္းက သိမ္ေမြ႔ၿပီး လူႀကီးလူေကာင္းဆန္တာေၾကာင့္လည္း ျဖစ္ႏိုင္သည္။
သူမငယ္ငယ္တုန္းက သူမအစ္ကိုႀကီးနားကပ္ေနရတာ သေဘာက်တယ္။သို႔ေသာ္ သူမအရြယ္ေရာက္လာၿပီး သူမကေက်ာက္မိသားစုရဲ႕သမီးအရင္းမဟုတ္မွန္း သိလိုက္ရေတာ့ အစပိုင္းမွာ သူမဝမ္းနည္းၿပီး စိုးရိမ္ေနခဲ့တယ္။ထို ့ေနာက္ ေက်ာက္က်န္႔ဟိြဳက္ကို သူမၾကည့္လိုက္ခ်ိန္ သူမႏွလံုးသားေအာက္ေျခကေန ေမွ်ာ္လင့္ခ်က္နဲ႔ ေပ်ာ္ရႊင္မႈကို ခံစားလိုက္ရတယ္။
ေက်ာက္ယြမ္ရဲ႕ႏွလံုးသားထဲ ေရးေရးမွ်ခုန္ေပါက္သြားေပမဲ့ ဤခံစားခ်က္ကဘာလဲဆိုတာ သူမ,မေသခ်ာေသးဘူး။
မည္သို႔ပင္ဆိုေစကာမူ အစ္ကိုႀကီးက သူမအေပၚေကာင္းေကာင္းဆက္ဆံတယ္ဆိုတာ ျငင္းပယ္မရတဲ့အခ်က္ပဲ။
ထိုေန႔က သူမအစ္ကိုႀကီးအိမ္ျပန္လာေတာ့ ဧည့္ခန္းထဲမွာ သူမကိုလာမေခ်ာ့တဲ့ မေက်နပ္မႈေသးေသးေလးက ခ်က္ခ်င္းေပ်ာက္ကြယ္သြားတယ္။
ထိုေန ့က သူစိတ္အေျခအေနမေကာင္းတာ ကုမၸဏီမွာကိစၥတစ္ခုခု႐ွိရမယ္လို႔ သူမမွန္းဆလိုက္တယ္။
"ဒီေန႔ နင့္ကိုငါေဟာ့ေပါ့လိုက္ေကြၽးမယ္။"
ေက်ာက္ယြမ္ကေပ်ာ္ရႊင္စြာေျပာလိုက္တယ္"ဒါဆိုငါတို႔စားၿပီးသြားရင္ ငါ့အစ္ကိုႀကီးကိုေခၚၿပီး ငါတို႔ိကုိအိမ္လိုက္ပို႔ဖို႔ေျပာလို႔ရတယ္။"
ဖူ႐ႈအန္းက မနာလိုဘဲမေနႏိုင္ဘူး။
"နင္ကမင္းသမီးေလးတစ္ေယာက္လိုပဲလို႔ ခံစားရတယ္။နင္အရမ္းကံေကာင္းတာပဲ။"
သူတို႔ေအာက္ထပ္ကိုေလွ်ာက္သြားရင္း စကားေျပာေနစဥ္မွာပဲ အေပၚထပ္ကိုတက္လာတဲ့ ေက်ာက္မင္႐ွီကို သူတို႔ျမင္လိုက္ရတယ္။
ေလွကားထစ္နားမွာ သူတို႔ဆံုသြားၾကတယ္။
ဖူ႐ႈအန္းက ေက်ာက္မင္႐ွီကိုျမင္ေတာ့ တမင္တကာ သူမအသံကိုျမင့္လိုက္တယ္။
"ယြမ္ယြမ္ နင့္အစ္ကိုႀကီးက နင့္ကိုေက်ာင္းမွာထပ္လာ႐ွာျပန္ၿပီ။နင့္ကိုလက္ေဆာင္ေတြအမ်ားႀကီးေတာင္ေပးသြားတယ္။သူက နင့္ကိုအရမ္းေကာင္းေကာင္းဆက္ဆံတာပဲ။"
ေက်ာက္မင္႐ွီ "...."
ဒီေတာ့ သူမကဘာလုပ္ရမွာလဲ?
ပူးေပါင္းၿပီး မနာလိုတဲ့အၾကည့္နဲ႔ ၾကည့္ေပးရမွာလား?
ေက်ာက္ယြမ္က ဖူ႐ႈအန္းရဲ႕ပါးစပ္ကို အျမန္ကာလိုက္တယ္။သူမက မင္႐ွီကိုေခါင္းညိတ္ျပၿပီးေနာက္ ရယ္ေမာလ်က္ ဖူ႐ႈအန္းကိုဆဲြကာထြက္ေျပးသြားတယ္။
မင္႐ွီက အေပၚထပ္ကိုဆက္တက္ရင္း ဌာနမႉးက သူမနဲ႔ဘာကိစၥမ်ား႐ွိလို႔လဲဆိုတာ သိခ်င္ေနခဲ့တယ္။
=======
ထိုစဥ္ ဌာနမႉး၏ရံုးခန္းတြင္
ပံုမွန္အတန္း၆ရဲ႕ အတန္းပိုင္ဆရာက အေျဖလႊာေတြသိမ္းဆည္းတဲ့ေနရာမွာ အနည္းငယ္ေနာက္က်သြားတာေၾကာင့္ ဌာနမႉးရံုးခန္းဆီအေျပးသြားပို႔ခ်ိန္ ဌာနမႉးကိုေစာင့္ေနတဲ့ ေက်ာက္က်န္႔ဟိြဳက္နဲ႔မေတာ္တဆတိုးမိသြားတယ္။
သူက ေက်ာက္က်န္႔ဟိြဳက္ကိုအမွတ္တမဲ့ၾကည့္လိုက္တယ္။အနီးကပ္စိုက္ၾကည့္လိုက္ၿပီး နည္းနည္းရင္းႏွီးေနသလို သူခံစားရတယ္။သူစာသင္ေပးေနက် တစ္ေယာက္ေယာက္နဲ႔တူေနသလို...ေက်ာက္မင္႐ွီရဲ႕ အုပ္ထိန္းသူလား?
ေက်ာက္က်န္႔ဟိြဳက္က မ်က္မွန္တပ္ထားတဲ့သက္လတ္ပိုင္းအရြယ္လူတစ္ေယာက္က သူ႔ကိုစိုက္ၾကည့္ေနတာျမင္ေတာ့ သူခ်က္ခ်င္းထၿပီး လက္ဆဲြႏႈတ္ဆက္ဖို႔ ကမ္းလွမ္းလိုက္တယ္။
"ဟယ္လို လူႀကီးမင္းက_?"
"ကြၽန္ေတာ္က ပံုမွန္အတန္း၆ရဲ႕အတန္းပိုင္ဆရာ လီ႐ုန္ပါ။"ဆရာက သူလက္ဆဲြႏႈတ္ဆက္တာကို လက္မခံခဲ့ဘူး။ထိုအစား မေျပာခင္သူက ေဒါသတႀကီးနဲ႔ အေျဖလႊာေတြကို စားပဲြေပၚတင္လိုက္ၿပီး
"မင္းရဲ႕ ညီမေလးေနာက္တစ္ေယာက္ကို ေက်ာင္းႀကိဳဖို႔လာျပန္တာလား?"
"ဆရာက မင္႐ွီရဲ႕အတန္းပိုင္ဆရာေဟာင္းလား?"
ဘာေၾကာင့္ ဒီအတန္းပိုင္ဆရာက ႐ုတ္တရက္ႀကီး သူ႔အေပၚရန္လိုေနရသလဲဆိုတာ ေက်ာက္က်န္႔ဟိြဳက္ မသိေပမဲ့လည္း သူကယဥ္ေက်းတဲ့အမူအရာကိၿထိန္းထားၿပီး ႐ွင္းျပလိုက္တယ္
"ဒီေန႔ကြၽန္ေတာ္ ဒီကိုယြမ္ယြမ္နဲ ့ေတြ႔ဖို႔လာတာမဟုတ္ဘူး မင္႐ွီကိုလာ႐ွာတာပါ။"
"ဟမ့္" အတန္း၆မွဆရာက သေရာ္လိုက္တယ္။
"မင္းတို႔မိသားစုထဲကတစ္ေယာက္ေယာက္ သူမကိုလာ႐ွာတာ ဘယ္ေလာက္ေတာင္႐ွားလိုက္လဲ။မႏွစ္က စာေမးပဲြအလယ္မွာ သူမ႐ုတ္တရက္အစာအိမ္ေအာင့္ေတာ့ သူမမိသားစုထဲက တစ္ေယာက္မွမလာခဲ့ဘူး။ေက်ာင္းသားေတြက သူမကိုေဆးရံုေခၚသြားလိုက္ရတယ္။"
"သူမဒီအေၾကာင္း မေျပာခဲ့ဘူး !" ေက်ာက္က်န္႔ဟိြဳက္က စိုးရိမ္တႀကီးျဖစ္ေနခဲ့တယ္။ေက်ာက္မင္႐ွီမွာ အစာအိမ္ေရာဂါ႐ွိမွန္း သူ,မသိခဲ့ဘူး။၎ကိုသူ႔စိတ္ထဲျပန္ေတြးၿပီး အတည္ျပဳလိုက္တယ္ "သူမကကြၽန္ေတာ္တို႔ထဲကဘယ္သူ႔ကိုမွ မေျပာျပခဲ့ဘူး !"
"ဟုတ္တာေပါ့ သူမကမင္းကို ဒီအေၾကာင္းဘယ္ေတာ့မွေျပာမွာမဟုတ္ဘူး ! မင္းကိုေျပာတာ ဘာအက်ိဳး႐ွိမွာလဲ ?" ဆရာက သူ႔ကိုအနည္းငယ္အထင္တေသးၾကည့္လိုက္တယ္။"မင္းတို႔မိသားစုထဲက တစ္ေယာက္မွ သူမရဲ႕မိဘဆရာေတြ႔ဆံုပဲြကို မတက္ရာက္ခဲ့ဖူးဘူး ! မႏွစ္က ဒီအေၾကာင္းကို ငါကိုယ္တိုင္လာေမးခ်င္ခဲ့တယ္။ဘာလို႔ ဆယ့္ႏွစ္ရာသီအတန္းကေက်ာက္ယြမ္မွာ လာတဲ့မိသားစုဝင္ေတြ႐ွိေပမဲ့ ငါတို႔မင္႐ွီမွာက်ဘယ္သူမွမ႐ွိရတာလဲ ?
မင္းတို႔မိသားစုဘာေတြေတြးေနလဲ ငါသိခ်င္ခဲ့တယ္
ဒါေပမဲ့ မင္းက မင္းရဲ႕တျခားညီမကို ကားထဲေခၚၿပီးထြက္သြားတာပဲ ငါျမင္ခဲ့တယ္ !"
ေက်ာက္က်န္႔ဟိြဳက္က သူ႔ႏွလံုးသားထဲဓားထက္ထက္နဲ႔ ထိုးစိုက္ခံရသလို ခံစားလိုက္ရတယ္။
ေက်ာက္ယြမ္ရဲ႕မိဘဆရာေတြ႔ဆံုပဲြကို သူတက္ေရာက္ခဲ့တယ္ဆိုတာအမွန္ပဲ။ၿပီးေတာ့ သူတို႔ရဲ႕အေမကို မင္႐ွီအတြက္တက္ခိုင္းခဲ့တယ္။သို႔ေသာ္ ထိုေန႔ကသူတို႔ရဲ႕အေမက ကဒ္ကစားရင္းအလုပ္မ်ားေနခဲ့ၿပီး ေမ့သြားခဲ့တာေၾကာင့္ မသြားျဖစ္ခဲ့ဘူး။
"ကြၽန္ေတာ့္အေမအဲ့အေၾကာင္း ေမ့သြားခဲ့တယ္။"
ေက်ာက္က်န္႔ဟိြဳက္ ေတာင္းပန္ရံုသာတက္ႏိုင္တယ္။ "ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ဒါေပမဲ့ ဒီကိစၥတစ္ခုတည္း...."
" 'ဒီကိစၥတစ္ခုတည္း'ဆိုတာ မင္းဘာေျပာခ်င္တာလဲ ? ဒီကိစၥတစ္ခုတည္းလို႔ မင္းထင္ေနတာလား?"
ဆရာက ေက်ာက္က်န္႔ဟိြဳက္ရဲ႕မ်က္ႏွာဆီစာရြက္ေတြနဲ႔ ပစ္မေပါက္ခင္ သူ႔ကိုယ္သူဟန္႔တားလိုက္တယ္။
"ေက်ာက္မင္႐ွီလို စာႀကိဳးစားတဲ့ေက်ာင္းသားတစ္ေယာက္က အတန္းထဲအိပ္ငိုက္ေနတဲ့ အခ်ိန္ေတြေတာင္႐ွိခဲ့တယ္။သူမကုိ ငါအႀကိမ္ႀကိမ္ေမးခဲ့တယ္။ဒါက သူမတစ္ေန႔လံုးခ်က္ျပဳတ္တာနဲ႔ အလုပ္႐ႈပ္ေနၿပီး ေန ့ခင္းဘက္အိမ္စာေရးဖို႔အခ်ိန္မ႐ွိေတာ့လို႔ အိမ္စာၿပီးေအာင္ညဥ့္နက္ထိေနေနရျပီးသူမ အတန္းထဲအိပ္ေပ်ာ္သြားတယ္ဆိုတာ ဖြင့္မေျပာခင္ထိ ငါသူမကိုေကာင္းေကာင္းႀကိမ္းေမာင္းခဲ့ရတယ္_မင္းတို႔မိသားစုက ခ်မ္းသာတဲ့မိသားစုကမဟုတ္ဘူးလား? ယြမ္သန္းနဲ႔ခ်ီတဲ့ကားေတြကို မင္းတို႔ေမာင္းႏိုင္ေနမွေတာ့ ဘာလို႔ေက်ာက္မင္႐ွီက မင္းတို႔အတြက္ ေန႔တိုင္းခ်က္ျပဳတ္ေပးေနရမွာလဲ?!
ဒုတိယႏွစ္ေက်ာင္းသားတစ္ေယာက္အေနနဲ႔ သူမအရမ္းပင္ပန္းေနရၿပီ။မင္းတို႔ သူမကိုတကၠသိုလ္မတက္ေစခ်င္ဘူးလား?"
ေက်ာက္က်န္႔ဟိြဳက္ကအံ့ျသသြားတယ္။
"မင္႐ွီက အတန္းထဲအိပ္ငိုက္တယ္...?"
သူဒီအေၾကာင္း ဘယ္တုန္းကမွမေတြးခဲ့မိဘူး။
သူတို႔အတြက္ညစာလုပ္ေပးတဲ့အခ်ိန္တိုင္း မင္႐ွီေပ်ာ္ေနခဲ့တယ္လို႔ သူထင္ခဲ့တယ္။သူမကဟင္းခ်က္တာေတာ္ၿပီး မိသားစုကိုေက်နပ္ေစခ်င္တယ္။
သို႔ေသာ္ ဒီကိစၥရဲ႕မင္႐ွီအေပၚသက္ေရာက္မႈကို သူဘယ္တုန္းကမွဂ႐ုမစိုက္ခဲ့ဘူး။
ေက်ာက္ယီြနင္နဲ႔ ေက်ာက္ယြမ္တို႔ အိမ္ျပန္ေရာက္တာနဲ႔ အရင္ဆံုး သူတို႔အိမ္စာေတြကိုေရးေနခ်ိန္ သူမကမီးဖိုေခ်ာင္ထဲမွာ သူမကိုဆိုးရြားစြာဆက္ဆံတဲ့နန္နီနဲ႔ သူမလက္ေတြကိုေရထဲႏွစ္ထားခဲ့တယ္။
သူမလည္းလူသားပဲ ၊ အိပ္ငိုက္လာမွာေပါ့။
သူတို႔အိမ္ကို သူမပထမဆံုးေရာက္ခ်ိန္က သူမဆယ့္ငါးႏွစ္သာ႐ွိေသးတယ္ ; သူမရဲ႕ေခါင္းကိုေတာင္ေမာ့မၾကည့္ရဲတဲ့ ပိန္ပါးပါးကေလးမေလးတစ္ေယာက္ပဲ။
ထိုအခ်ိန္က သူတို႔အတြက္ညစာလုပ္ေပးစရာမလိုအပ္ဘူးလို႔ သူမကို သူေျပာခဲ့တယ္။
ဒါေပမဲ့ ေက်ာက္ယီြနင္က မရင့္က်က္ေသးတဲ့ကေလးတစ္ေယာက္ျဖစ္ၿပီး သူက ေက်ာက္မင္႐ွီခ်က္တာေတြကိုသာ စားခ်င္တယ္။
ဒီလိုနဲ႔သူမရဲ႕မ်က္လံုးေတြေတာက္ပလာၿပီး ေက်ာက္မင္႐ွီက သူ႔ကိုေျပာလာခဲ့တယ္ "အဆင္ေျပပါတယ္ အစ္ကိုႀကီး။ဒါညီမအတြက္ အခ်ိန္ေတြအမ်ားႀကီးယူရတာလည္းမဟုတ္ဘူး။"
ေက်ာက္က်န္႔ဟိြဳက္က ေက်ာက္မင္႐ွီနဲ႔ သိပ္မနီးကပ္ေသးဘဲ သူတို႔ဆက္ဆံေရးက ေနရခက္တဲ့အေျခအေနမွာပဲ႐ွိေနေသးေတာ့ သူမသေဘာအတိုင္းသာ သူထားခဲ့တယ္။
သို႔ေသာ္ အဲ့ဒါကေက်ာက္ယြမ္သာဆိုရင္_
စႏၵယားတီးခတ္ေနက် ေက်ာက္ယြမ္ရဲ႕လက္ေတြကို ထိုအစား အသီးအရြက္ေတြေဆးေၾကာဖို႔ သူတို႔တစ္မိသားစုလံုး ဘယ္လိုခြင့္ျပဳေပးမလဲဆိုတာ ေက်ာက္က်န္႔ဟိြဳက္ မေတြးေတာႏိုင္ဘူး။
ေက်ာက္က်န္႔ဟိြဳက္ရဲ႕ႏွလံုးသားက နာက်င္စြာဆုပ္ကိုင္ခံလိုက္ရတယ္။
"သူမကသံနဲ႔လုပ္ထားတာမဟုတ္ဘူး။ဘယ္လိုလို႔ အိပ္မငိုက္ဘဲေနမွာလဲ?" ဆရာကေအးစက္စြာသေရာ္လိုက္တယ္။
မင္႐ွီမွာ ပင္ကိုအစြမ္းအစေတြအမ်ားအျပား႐ွိတယ္လို႔ သူအျမဲတမ္းခံစားရတယ္။သူမရဲ႕ေမးခြန္းေတြေျဖဆိုပံုကေန သူမကအလြန္လိမၼာပါးနပ္တဲ့ေက်ာင္းသူတစ္ေယာက္မွန္း သူျမင္ႏိုင္တယ္ ၊ သို႔ေသာ္ သူမစာေမးပဲြေျဖဆိုတိုင္း သူမဖ်ားနာတာ ဒါမွမဟုတ္ အဆင္မေျပတာအျမဲတမ္းျဖစ္ေနတာေၾကာင့္ အရင္ကစာေမးပဲြတစ္ခုကုိမည္မည္ရရ သူမ,မေျဖဆိုခဲ့ဖူးဘူး။
၎ကမင္႐ွီရဲ႕ခႏၶာကိုယ္မွာ ဗီတာမင္ဓာတ္တခ်ိဳ႕မ်ား ခ်ိဳ႕တဲ့ေနတာေၾကာင့္လားလို႔ သူ႔အံ့အားသင့္မိတယ္_သို႔ေသာ္ ေက်ာက္မိသားစုကအလြန္ႂကြယ္ဝၿပီး ဗီတာမင္ဓာတ္ခ်ိဳ႕တဲ့ေနတဲ့ကေလးတစ္ေယာက္ကုိ သူတို႔ဘယ္လိုမ်ားပ်ိဳးေထာင္ႏိုင္မွာလဲ?
သူက မင္႐ွီအတြက္ဗီတာမင္နဲ႔ အားျဖည့္ေဆးေတြဝယ္ေပးၿပီး သူမကုိေန႔တိုင္းစားခိုင္းတယ္။မင္႐ွီက သူ႔ကုိပိုက္ဆံေပးၿပီး ေက်းဇူးတင္ေၾကာင္းေျပာလာၿပီးေနာက္ပိုင္း ဆယ့္ႏွစ္ရာသီအတန္းက ေက်ာက္ယြမ္ ဘယ္လိုမ်ားလုပ္ေနလဲ သိဖို႔ သူသြားမၾကည့္ဘဲမေနႏိုင္ခဲ့ဘူး။အဆံုးက် သူျမင္ေတြ႔သမွ်က လံုးဝကဲြျပားျခားနားၿပီး အခ်စ္ေတြနဲ႔ပ်ိဳးေထာင္ခံလာရတဲ့ ယံုၾကည္ခ်က္႐ွိတဲ့ကေလးတစ္ေယာက္ပဲျဖစ္တယ္။
သူက သူမရဲ႕အတန္းပိုင္ဆရာပဲဆိုေပမဲ့ သူ႔ႏွလံုးသားနာက်င္သြားရတယ္။
ထို႔ေၾကာင့္ သဘာဝအေလ်ာက္ပဲ ေက်ာက္မိသားစုအေပၚ သူ,မေက်နပ္ခ်က္ထားခဲ့တယ္။
"မႏွစ္ကေက်ာင္းအားကစားပဲြမွာ သူမဒူးျခစ္မိသြားတုန္းကလည္း သူမမိသားစုဝင္ေတြတစ္ေယာက္မွမလာခဲ့ဘူး" ဆရာကဆက္ၿပီးမေက်မနပ္ေျပာေနခဲ့တယ္။ "ေနာက္ေတာ့သူမမ်က္ႏွာဒဏ္ရာရၿပီး သူမစာေလ့လာရာမွာ ေနာက္ေရာက္သြားခဲ့တယ္။သူမေက်ာင္းမွာအေဆာင္ေနတဲ့အေၾကာင္း ငါၾကားေတာ့ သူမကိုယ္စားငါဝမ္းသာမိတယ္။အခုဆိုသူမညစာထပ္လုပ္ေပးစရာမလိုေတာ့ဘူး ၊ သူမစာေလ့လာဖို႔ အခ်ိန္ဘယ္ေလာက္ပိုရလာမလဲ မင္းေတြးႏိုင္လား ?!"
"ကေလးတစ္ေယာက္ရဲ႕ႀကီးထြားမႈနဲ႔ ပတ္သက္လာရင္ ေငြေၾကးေထာက္ပံ့ေပးေနရံုနဲ႔ မလံုေလာက္ဘူး။မင္းရဲ႕ တျခားညီမေလးကုိေရာ မင္းဒီလိုဆိုးဆိုးရြားရြားဆက္ဆံလား ?"
ေက်ာက္က်န္႔ဟိြဳက္ သူ႔ႏွလံုးသားထဲ စူး႐ွတဲ့ထိုးဆြမႈတစ္ခုကုိခံစားလိုက္ရတယ္။
အတန္းပိုင္ဆရာရဲ႕စကားေတြက ထက္႐ွတဲ့ဓားတစ္ေခ်ာင္းလိုပဲ သူ႔ႏွလံုးသားကို ထပ္ခါထပ္ခါထိုးစိုက္ေနခဲ့တယ္။
ဆက္ဆံမွာမဟုတ္ဘူး_
ဘာေၾကာင့္ဆို ေက်ာက္ယြမ္က သူမစိတ္ထဲ႐ွိတာ ထုတ္ေျပာႏိုင္တယ္။သူမကပ်ားရည္အိုးထဲႀကီးျပင္းလာၿပီး အျပစ္ကင္းစင္ဖို႔နဲ႔ အရိပ္အကဲၾကည့္စရာမလိုေအာင္ သင္ျပခံခဲ့ရတယ္။သူမတစ္ခုခုလိုအပ္တာ႐ွိတိုင္း သူမထုတ္ေျပာလိမ့္မယ္။
သို႔ေသာ္ေက်ာက္မင္႐ွီကေတာ့ အဲ့လိုလုပ္မွာမဟုတ္ဘူး။သူမငယ္စဥ္တည္းက လံုးဝကဲြျပားတဲ့ပတ္ဝန္းက်င္မွာႀကီးျပင္းခဲ့ၿပီး သူမရဲ႕ကိုယ္ပိုင္ဝန္ထုတ္ဝန္ပိုးကုိ သူမဘာသာတာဝန္ယူေနက်ျဖစ္တယ္။
ဒါေတာင္ သူတို႔မိသားစုက မတူညီတဲ့ကိုယ္ရည္ကိုယ္ေသြးေတြနဲ႔ ကေလးႏွစ္ေယာက္ကုိ တူညီတဲ့နည္းလမ္းနဲ႔ဆက္ဆံခဲ့တယ္။
သူတို႔စိတ္ႀကီးဝင္လြန္းေနခဲ့တာလား ဒါမွမဟုတ္ သူတို႔အခ်စ္ေတြခ်ိဳ႕တဲ့ေနခဲ့တာလား ?
သူတို႔ မင္႐ွီကုိပိုဂ႐ုတစိုက္နဲ႔ဆက္ဆံေပးခဲ့သင့္ေပမဲ့ သူတို႔မလုပ္ေပးႏိုင္ခဲ့ဘူး။
သူ႔ညီမေလးရဲ႕ပထမဆံုးဆယ့္ငါးႏွစ္တာဘဝကုိ သူလဲြေခ်ာ္သြားခဲ့ရံုေလးပဲလို႔ ေက်ာက္က်န္႔ဟိြဳက္ေတြးခဲ့ဖူးေပမဲ့ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကုိလည္း သူလဲြေခ်ာ္သြားခဲ့တယ္ဆိုတာ ယခုသူနားလည္သြားခဲ့တယ္။
အတန္းပိုင္ဆရာက သိသိသာသာကုိ သူ႔ကုိသေဘာမက်ဘူး။သူကထြက္သြားဖို႔ျပင္လိုက္ၿပီး မသြားခင္မွာ မယံုၾကည္မႈေတြျပည့္ႏွက္ေနတဲ့ ေလသံနဲ႔ တံဆိပ္ခတ္ထားတဲ့ စာေမးပဲြအေျဖလႊာေတြကုိ မထိဖို ့ေျပာသြားတယ္။
ေက်ာက္က်န္႔ဟိြဳက္ : "...."
ေက်ာက္က်န္႔ဟိြဳက္ စိတ္ဓာတ္က်သြားတယ္။
အတန္းပိုင္ဆရာေျပာတာမွန္တယ္။သူတို႔မိသားစုသာ သူတို႔တာဝန္ေက်ပြန္ခဲ့ရင္ ဘာေၾကာင့္မင္႐ွီက သူတို႔ကိုစိတ္ေက်နပ္ေအာင္လုပ္ေနမွာလဲ ? မင္႐ွီကုိ အေႂကြးတင္ေနတာ သူတို႔မဟုတ္ဘူးလား ?
မင္႐ွီရဲ႕ေက်ာင္းမွာေနဖို႔ ဆံုးျဖတ္ခ်က္က မွန္ကန္တဲ့ေရြးခ်ယ္မႈပဲလို႔ ေက်ာက္က်န္႔ဟိြဳက္ ႐ုတ္တရက္ခံစားလိုက္ရတယ္။သူမအိမ္မွာ ဒီလိုဆိုးရြားတဲ့ဆက္ဆံမႈမ်ိဳးပဲရ႐ွိေနရင္ အျပင္ထြက္ၿပီး သူမဘာသာေနႏိုင္တယ္။
ယခုအခ်ိန္တြင္ ေက်ာက္က်န္႔ဟိြဳက္အလြန္စိတ္မသက္မသာျဖစ္ေနခဲ့တယ္။သူ မင္႐ွီကုိအျမန္ေတြ႔ခ်င္ေနတယ္။
အေျပာင္းအေ႐ႊ႔လုပ္ထံုးလုပ္နည္းေတြေျဖ႐ွင္းဖို႔
မင္႐ွီကုိ ပထမဆံုးသူေက်ာင္းေခၚလာခ်ိန္ သူမရဲ႕မ်က္လံုးေတြက ေကာင္မေလးတစ္ေယာက္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ၊ တက္ၾကြမႈေတြနဲ႔ေတာက္ပေနတာကုိ သူမွတ္မိေနေသးတယ္။
သူ႔ေနာက္ကတံခါးဖြင့္လာခ်ိန္မွ ေက်ာက္က်န္႔ဟိြဳက္အသိျပန္ဝင္လာခဲ့တယ္။
မင္႐ွီကသူ႔ကိုျမင္တာနဲ႔ ဌာနမႉးရဲ႕ရံုးခန္းပတ္လည္ကို ခ်က္ခ်င္းၾကည့္လိုက္တယ္။ထိုေနရာမွာ ေက်ာက္က်န္႔ဟိြဳက္တစ္ေယာက္တည္းသာ ႐ွိတယ္ဆိုတာသတိထားမိသြားေတာ့ သူမကိုဒီလာဖို႔ ဌာနမႉးကိုေတာင္းဆိုလိုက္တဲ့လူက ေက်ာက္က်န္႔ဟိြဳက္ပဲဆိုတာ သေဘာေပါက္သြားၿပီး သူမမ်က္ေမွာင္ၾကဳတ္သြားတယ္။
မင္႐ွီလွည့္ထြက္သြားခဲ့တယ္။
ဒီတစ္ခါေတာ့ သူမကိုဘယ္လိုဆက္ဆံရမလဲ ေက်ာက္က်န္႔ဟိြဳက္မသိဘူး။
ယခင္လာေရာက္လည္ပတ္တုန္းက သူ႔မွာ႐ွိတဲ့ေမာက္မာမႈနဲ႔ယွဥ္လွ်င္ ဒီတစ္ႀကိမ္ေတာ့ သူတို႔အိမ္က မင္႐ွီအတြက္ ႏွိပ္စက္ညႇင္းပန္းေနတဲ့ငရဲတြင္းတစ္ခုျဖစ္ႏိုင္တယ္ဆိုတာ သူသေဘာေပါက္သြားခဲ့တယ္။သူလုပ္သင့္တာက သူမကိုအိမ္ျပန္လာဖို႔ဖိအားမေပးဖို႔ပဲ။
"မင္႐ွီ" ေက်ာက္က်န္႔ဟိြဳက္အသက္ျပင္းျပင္း႐ႈၿပီး သူမကိုလွမ္းေခၚလိုက္တယ္။
"အစ္ကိုဒီတစ္ခါလာတာက မင္းအိမ္ျပန္မလာခ်င္ဘူးဆိုရင္ မလာပါနဲ႔လို႔အစ္ကိုေျပာမလို႔ပါ။ဒါေပမဲ့ အစ္ကိုက မင္းရဲ႕အစ္ကိုႀကီးျဖစ္ေနေသးမယ္လို႔ အစ္ကိုေမွ်ာ္လင့္မိတယ္ ၿပီးေတာ့ မင္းတစ္ခုခုလိုအပ္တာ႐ွိရင္ အစ္ကိုကူညီေပးမယ္။"
ေက်ာက္မင္႐ွီက သူ႔ကိုဂ႐ုမစိုက္ဘဲ ေအာက္ထပ္ကိုဆက္ေလွ်ာက္သြားတာျမင္ေတာ့ ေက်ာက္က်န္႔ဟိြဳက္စိတ္ထဲအလြန္ႀကီးမားတဲ့အျပစ္႐ွိစိတ္ေတြ ခံစားလာရၿပီး သူမေနာက္အျမန္ေျပးလိုက္သြားတယ္။သူကကဒ္တစ္ကဒ္ကို သူမလက္ထဲထည့္ေပးလိုက္ၿပီး "ဒါကအစ္ကို႔ရဲ႕အပိုေဆာင္းကဒ္ပဲ။မင္းသြားၿပီး သံုးပစ္လိုက္။အစ္ကိုတို႔မိသားစုထဲက ဘယ္သူ႔ကိုမွ အစ္ကိုေျပာမွာမဟုတ္ဘူး။ဒါအစ္ကိုတို႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ပဲ။"
ေက်ာက္မင္႐ွီက ေက်ာက္က်န္႔ဟိြဳက္ရဲ႕ရည္ရြယ္ခ်က္ကိုမမွန္းဆႏိုင္ဘူး။
သူမက "အပိုေဆာင္းကဒ္ ? သံုးလို႔ရတဲ့ ကန္႔သတ္ခ်က္ကဘယ္ေလာက္လဲ ? ဒီထဲမွာ႐ွိသမွ် ညီမအကုန္သံုးပစ္လိုက္ရင္ ဘယ္လိုလုပ္မလဲ ? အစ္ကို ေက်ာက္ယြမ္ကိုမႀကိဳက္ဘူးလား ? ဒါကို အစ္ကိုနဲ႔သူမရဲ႕လက္ထပ္ပဲြအတြက္ သိမ္းထားတာမဟုတ္ဘူးလား ? အခ်ိန္ေရာက္လာရင္ အစ္ကိုတို႔ႏွစ္ေယာက္ ထာဝရတည္ျမဲတဲ့ထိမ္းျမားပဲြေလးျဖစ္ပါေစလို႔ ညီမ ဒီပိုက္ဆံကိုသံုးၿပီး ဆုေတာင္းေပးရမွာလား ?"
သူမေျပာၿပီးတဲ့အဆံုး ေက်ာက္က်န္႔ဟိြဳက္ ဘယ္ေလာက္ေတာင္ အံ့အားသင့္သြားလဲဆိုတာ သူမျမင္ရေတာ့ မင္႐ွီ တစ္စံုတစ္ခုကိုသေဘာေပါက္သြားတယ္။အိုး ေသစမ္း ေက်ာက္က်န္႔ဟိြဳက္က ေက်ာက္ယြမ္နဲ႔မခ်စ္ႀကိဳက္ေသးဘူးလို႔ ငါမထင္ခဲ့မိဘူး။
"ညီမ ဒါကိုမလိုခ်င္ဘူး။"မင္႐ွီကကဒ္ကို
ေက်ာက္က်န္႔ဟိြဳက္ဆီျပန္ထည့္ေပးလိုက္တယ္။
"ဒီထဲမွာ ယြမ္၃၀,၀၀၀ပဲ႐ွိတာပါ။ဒါငါတို႔မင္းကို အေႂကြးတင္ေနတာပဲ။ငါတို႔မင္းကိုအေႂကြးတင္ေနတာရဲ႕တစ္စိတ္တစ္ပိုင္းကုိအရင္ဆံုး ငါေပးေနတာ။"
ေက်ာက္မိသားစုက ဒီေလာက္ၾကင္နာမယ္လို႔ မင္႐ွီမယံုၾကည္ဘူး။အဲဒါအျပင္ အမ်ိဳးသားဇာတ္လိုက္ကို ဝန္းရံေနတဲ့ေရာင္ဝါက သူမကိုလြယ္လြယ္ေလး လႊတ္ေပးမယ္လို႔ သူမ,မထင္ဘူး_အမ်ိဳးသားဇာတ္လိုက္ရဲ႕ ပိုက္ဆံကိုသူမ,ယူရဲရင္ သူမဆီကိုကံဆိုးျခင္းေတြပိုယူေဆာင္လာမွာမဟုတ္ဘူးလား ? သူမရ႐ွိဖို႔ ခက္ခက္ခဲခဲႀကိဳးစားထားတဲ့ ကံေလးေတြ မူလအေျခအေနကိုျပန္ေရာက္သြားႏိုင္တယ္။
မင္႐ွီေနာက္ျပန္လွည့္မၾကည့္ဘဲ ထြက္သြားခဲ့တယ္။
ေက်ာက္က်န္႔ဟိြဳက္ ကူကယ္ရာမဲ့ေနခဲ့တယ္။သူ ေနရာမွာမိနစ္အနည္းငယ္ေလာက္ ရပ္ေနၿပီးေနာက္ သူ႔စိတ္ေတြၾကည္လင္လာတယ္။အခုေလးတင္ သူနဲ႔ဆံုခဲ့တဲ့ အတန္းပိုင္ဆရာကို႐ွာၿပီး သူ႔ကဒ္ကိုေပးလိုက္တယ္။သူအေျခအေနကို႐ွင္းျပၿပီး မင္႐ွီကိုေကာင္းေကာင္းဂ႐ုစိုက္ေပးဖို႔ေတာင္းဆိုလိုက္တယ္။သူေနာက္ထပ္သေရာ္မႈကိုရ႐ွိခဲ့ေပမဲ့လည္း ဆရာလီကသေဘာတူခဲ့တယ္။
ထိုမွသာ ေက်ာက္က်န္႔ဟိြဳက္ စိတ္ထဲအနည္းငယ္သက္သာသြားခဲ့တယ္။
သူေလးလံတဲ့စိတ္နဲ႔ ေက်ာင္းအျပင္ဘက္က ကားပါကင္ဆီျပန္သြားခဲ့တယ္။သူ႔အတြင္းေရးမႉးပစၥည္းေတြ သယ္ထားတာျမင္ေတာ့ သုန္မႈန္ေနတဲ့ေလသံနဲ႔ သူေျပာလိုက္တယ္ "သူမဒါေတြကိုမလိုခ်င္ဘူး။ထားလိုက္ေတာ့ ကုမၸဏီကိုအရင္ျပန္သြားၾကမယ္။"
ေက်ာက္ယြမ္အေနနဲ႔ သူမေဟာ့ေပါ့စားၿပီးသြားေတာ့ ေက်ာက္က်န္႔ဟိြဳက္က ဒီေန႔ သူမကိုလာႀကိဳတယ္လို႔ သူမေတြးေနခဲ့တယ္_သို႔ေသာ္အဆံုးက် သူေပၚမလာခဲ့ဘူး ?
အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ သူမဖုန္းေခၚတာေတြကိုလည္း သူ,မကိုင္ခဲ့ဘူး။
သူေမ့သြားျပန္တာလား ?
ဌာနမႉးကိုစကားေျပာၿပီး လက္ေဆာင္ပို႔ေပးတာ ဒီေလာက္ၾကာလား ?
ေက်ာက္ယြမ္က စိုးရိမ္ေနၿပီး မတတ္ႏိုင္ဘဲ ဖူ႐ႈအန္းနဲ႔ေက်ာင္းကိုျပန္သြားခဲ့တယ္။သူတို႔ ဌာနမႉးရံုးခန္းကိုေရာက္ေတာ့ တံခါးေသာ့ခတ္ထားတာေတြ႔လိုက္ရတယ္။
ေက်ာက္က်န္႔ဟိြဳက္ရဲ႕ကားကလည္း ေက်ာင္းျပင္မွာရပ္မထားခဲ့ဘူး။ေက်ာက္က်န္႔ဟိြဳက္က အခ်ိန္အေတာ္ၾကာတည္းက ထြက္သြားပံုရတယ္။
ေက်ာက္ယြမ္က ေဒါသထြက္ၿပီး ႐ွက္ရြ႔ံေနခဲ့တယ္။သူမမ်က္ႏွာေပၚက အမူအရာပ်က္လုနီးပါးျဖစ္သြားတယ္။ "ငါ့အစ္ကိုႀကီးက ဌာနမႉးကိုလက္ေဆာင္ပို႔ေပးဖို႔ သြား႐ွာတယ္လို႔ နင္ေျပာတာမဟုတ္ဘူးလား ?"
ဖူ႐ႈအန္းက ႐ွက္ကိုး႐ွက္ကန္းနဲ႔ျပန္ေျဖလိုက္တယ္
"အဲ့ဒါကခန္႔မွန္းရံုပါပဲ။ဌာနမႉးရဲ႕ရံုးခန္းဘယ္မွာ႐ွိလဲဆိုတာပဲ ငါ့ကိုသူေမးခဲ့တာ။ဒါေပမဲ့ သူအဲ့ကို နင့္အတြက္သြားတာမဟုတ္ဘူးဆိုရင္ ေက်ာက္မင္႐ွီရဲ႕အက်ိဳးအတြက္ သြားတာေတာ့မျဖစ္ႏိုင္ဘူးမလား ?"
သူတကယ္ပဲ ေက်ာက္မင္႐ွီအတြက္သြားခဲ့တာ ျဖစ္ႏိုင္လား ? ဖူ႐ႈအန္းကခန္႔မွန္းေနခဲ့တယ္။ေက်ာက္ယြမ္ရဲ႕မ်က္ႏွာကို သူမျမင္ေတာ့ ေက်ာက္မိသားစုက သူတို႔ကိုငါေတြးထားသေလာက္ ေက်ာက္ယြမ္ကိုမခ်စ္တာမ်ား ျဖစ္ႏိုင္လားလို႔ သူမေတြးေနခဲ့တယ္။
ေက်ာက္ယြမ္က ဖူ႐ႈအန္းရဲ႕အၾကည့္ကိုခံစားရေတာ့ သူမမ်က္ႏွာ႐ိုက္ခ်ခံရသလို ခံစားလိုက္ရတယ္။သူမဒီကိစၥကိုထပ္မေတြးခ်င္ေတာ့ဘဲ ဒ႐ိုင္ဘာလာႀကိဳတဲ့ကားေပၚတက္ကာ အိမ္ျပန္သြားခဲ့တယ္။
သူမအိမ္ျပန္ေရာက္တာနဲ႔ အန္တီက်န္႔အလုပ္ျဖဳတ္ခံရတာကို ေတြ႔လိုက္ရတယ္။
ေက်ာက္ယြမ္ကမယံုႏိုင္ျဖစ္ေနခဲ့တယ္။
"သူမကိုအလုပ္မထုတ္ခင္ ဘာလို႔ကြၽန္မရဲ႕ခြင့္ျပဳခ်က္ကိုမေတာင္းရတာလဲ ?"
ေက်ာက္ယြမ္က က်န္႔ယီြဖန္ရဲ႕အခန္းကို အျမန္ေျပးသြားခဲ့တယ္။အခန္းလြတ္ကို သူမျမင္ေတာ့ သူမရဲ႕မ်က္လံုးေထာင့္ေတြနီရဲလာတယ္။
"သူမဘာလုပ္မိလို႔လဲ ? သူမအလုပ္ထုတ္ခံရေအာင္ ဘာအမွားက်ဴးလြန္မိလို႔လဲ ?"
သူတို႔ရဲ႕အေမက အျပင္မွာေစ်းဝယ္ထြက္ေနၿပီး အိမ္ျပန္မေရာက္ေသးဘူး။အိမ္မွာ ေက်ာက္ယီြနင္နဲ႔ အလုပ္သမားအနည္းငယ္သာ႐ွိေနခဲ့တယ္။
ေက်ာက္ယီြနင္က ဒီကိစၥေတြကို ဘယ္ေတာ့မွဂ႐ုမစိုက္ခဲ့ဘူး။ထို႔အျပင္ ဒီေန႔ေက်ာက္မင္႐ွီဆီ ေက်ာက္က်န္႔ဟိြဳက္သြားလည္ပတ္မႈရဲ႕ရလဒ္ကို သူသိခ်င္ေနမိတယ္။
ထို႔ေၾကာင့္ သူက ေက်ာက္ယြမ္ကိုသာမန္ကာလွ်ံႏွစ္သိမ့္စကားနည္းနည္းေပးလိုက္တယ္။
သို႔ေသာ္ သူေျပာတာကို သူမနားေထာင္ေလ သူမပိုစိတ္မေကာင္းျဖစ္လာေလျဖစ္ၿပီး ျခံထဲကဒန္းေပၚသြားထိုင္ေနခဲ့တယ္။
ဒ႐ိုင္ဘာက ေက်ာက္ယြမ္ကို႐ွင္းျပလာတယ္
"သခင္မေလး သခင္မေလးကစာေမးပဲြေျဖေနေတာ့ ကြၽန္ေတာ္တို႔ဒီအေၾကာင္း သခင္မေလးကိုသတိမေပးႏိုင္ခဲ့ဘူး။သခင္မေလးရဲ႕အစ္ကိုက အန္တီက်န္႔ကို ေက်ာင္းကသခင္မေလးမင္႐ွီဆီ တစ္ခုခုသြားပို႔ခိုင္းခဲ့တယ္။ဒါေပမဲ့ သူမရဲ႕ဆိုးရြားတဲ့သေဘာထားနဲ႔ အလိမ္အညာေတြေၾကာင့္ သခင္မေလးရဲ႕အစ္ကိုကေဒါသထြက္ၿပီး သူမကိုအလုပ္ထုတ္ခဲ့တယ္။"
"ကြၽန္မအစ္ကိုႀကီးကလား ? " ေက်ာက္ယြမ္ ဒါကိုမယံုႏိုင္ဘူး။ "ဒါေပမဲ့ ကြၽန္မကအန္တီက်န္႔နဲ႔အရမ္းရင္းႏွီးတယ္ဆိုတာ သူသိတယ္။သူမက ကြၽန္မကိုတကယ္ တကယ္ကိုေကာင္းေကာင္းဆက္ဆံတယ္။သူမအမွားေသးေသးေလးလုပ္မိရင္ေတာင္ သူ,မလုပ္သင့္__"
ဒ႐ိုင္ဘာက စကားမေျပာရဲဘူး။သူတို႔လည္း အတူတူပဲ ခံစားရေပမဲ့ မေန႔က ေက်ာက္က်န္႔ဟိြဳက္ရဲ႕ေဒါသအရမ္းထြက္ေနပံုကို ျမင္ၿပီးေနာက္ပိုင္း က်န္႔ယီြဖန္ရဲ ့ဘက္မွာမရပ္တည္ေပးတာ အေကာင္းဆံုးျဖစ္မယ္လို႔ သူတို႔ခံစားရတယ္။
ေက်ာက္ယြမ္ ဘာတံု႔ျပန္ခ်က္မွမရေတာ့ သူမႏွလံုးသားထဲဆိုးရြားတဲ့ခံစားခ်က္တစ္ခုကို ခံစားလိုက္ရတယ္။
ဘာေၾကာင့္သူမရဲ႕အစ္ကိုႀကီးက ေက်ာက္မင္႐ွီရဲ႕အေသးအဖဲြကိစၥေလးေၾကာင့္ သူမနဲ႔အရင္းႏွီးဆံုးလူကို အလုပ္ထုတ္လိုက္ရတာလဲ ?
သူမက သူမအစ္ကိုႀကီးရဲ႕ႏွလံုးသားထဲမွာ အေရးႀကီးဆံုးလူျဖစ္ခဲ့ဖူးတယ္။
အျပင္ဘက္က ကားဘရိတ္အုပ္သံကို ၾကားလိုက္ရတယ္။
ေက်ာက္ယြမ္က တံခါးဂိတ္ဆီ သူမရဲ႕နီရဲေနတဲ့မ်က္ဝန္းေတြ ၊ ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာနဲ႔ ေလွ်ာက္သြားခဲ့တယ္။ေက်ာက္က်န္႔ဟိြဳက္ ကားေပၚကဆင္းလာတာျမင္တာနဲ ့သူမႏွလံုးသားထဲခံစားေနရတဲ့ ေၾကကဲြဝမ္းနည္းမႈေတြကို သူမဆက္မထိန္းထားႏိုင္ေတာ့ဘူး။
ေက်ာက္မင္႐ွီက ႐ုတ္တရက္ေက်ာင္းပန္းေလးျဖစ္လာတယ္ ၊ သူမအစ္ကိုႀကီးက သူမကိုႏွစ္ႀကိမ္ဆက္တိုက္လာမႀကိဳခဲ့ဘူး ၊ အေၾကာင္းျပခ်က္ေရေရရာရာမ႐ွိဘဲ အန္တီက်န္႔ပါအလုပ္ထုတ္ခံလိုက္ရတယ္။
သူမက သူမရဲ႕ဖိနပ္ေတြကိုေတာင္မလဲဘဲ ေက်ာက္က်န္႔ဟိြဳက္ရဲ႕လက္ေမာင္းထဲေျပးဝင္သြားခဲ့တယ္။
ဒ႐ိုင္ဘာနဲ႔ ေက်ာက္ယီြနင္က ဒီလိုျမင္ကြင္းမ်ိဳးကိုျမင္ေနက်ျဖစ္တယ္။ေက်ာက္ယီြနင္လည္း ေျပးသြားၿပီး ေက်ာက္က်န္႔ဟိြဳက္ကို ေက်ာက္မင္႐ွီရဲ႕ကိစၥအေၾကာင္းေမးခ်င္ခဲ့ေပမဲ့ အဆံုးမွာ ေက်ာက္ယြမ္ဆီကလုယက္ခံလိုက္ရၿပီး သူ႔ကိုအနည္းငယ္မေက်မနပ္နဲ႔ မ်က္ေမွာင္ၾကဳပ္သြားေစခဲ့တယ္။
အခုတစ္ေလာ သူတို႔ၾကားႏႈိင္းယွဥ္မႈတစ္ခ်ိဳ႕ျပဳလုပ္ၿပီးေနာက္ပိုင္း ေက်ာက္မင္႐ွီရဲ႕ေကာင္းတဲ့အခ်က္ေတြကို သူစၿပီးနားလည္လာတယ္။သူမကအရသာ႐ွိတဲ့ ဟင္းလ်ာေတြကိုခ်က္ျပဳတ္ႏိုင္ရံုသာမက သူနဲ႔အတူဂိမ္းေဆာ့ေပးၿပီး ေၾကာင္ေလးေတြလည္းေမြးျမဴေပးတယ္။ေက်ာက္ယြမ္အေနနဲ႔ သူတို႔ငယ္စဥ္က သူမရဲ႕အေဖာ္ျပဳေပးမႈကလဲြၿပီး သူမႀကီးျပင္းလာေတာ့ သူတို႔ရဲ႕အစ္ကိုႀကီးကိုပဲ သူမတြယ္ကပ္ေနခဲ့တယ္။
ရံဖန္ရံခါ အဲ့ဒီအခ်ိန္ေတြကို သူေတြးမိရင္ ေက်ာက္မင္႐ွီကသာ အမွန္တကယ္သူနဲ႔ဆက္ႏြယ္ေနတဲ့လူဆိုတာ သူနားလည္လာတယ္__
ဒီမိသားစုထဲက ဘယ္သူမွ ေၾကာင္ေတြ ဒါမွမဟုတ္ ေျမပဲေတြနဲ႔ အလက္ဂ်စ္မ႐ွိၾကဘူး။
ေက်ာက္က်န္႔ဟိြဳက္က သူ႔လက္ေတြကိုဖြင့္ဟျပီး ေက်ာက္ယြမ္ကိုေပြ႔ဖက္ခြင့္ျပဳထားတယ္။မသိစိတ္အေလ်ာက္ သူ႔အသံကညင္သာသြားတယ္ "ဘာျဖစ္လို႔လဲ ? တစ္ေယာက္ေယာက္ မင္းကိုအႏိုင္က်င့္လို႔လား ?"
သူမအစ္ကိုႀကီးရဲ႕ သိမ္ေမြ႔တဲ့အသံကိုၾကားခ်ိန္မွသာ သူမစိတ္သက္သာရာရသြားခဲ့တယ္။သူမအရမ္းမွားယြင္းခံရသလို ခံစားရၿပီး သူမမ်က္ရည္ေတြလြတ္လပ္စြာက်ဆင္းလာခဲ့တယ္။သူမက သူ႔ရဲ႕ရင္ဘတ္ကို ပြတ္သပ္လိုက္ရင္း "ဘာလို႔ အစ္ကိုအန္တီက်န္႔ကိုအလုပ္ထုတ္လိုက္ရတာလဲ ? ညီမကိုေျဖေပး ! "
ေက်ာက္ယြမ္ကခါတိုင္းဆိုလွ်င္ သေဘာထားႀကီးကာ ၾကင္နာေလတယ္ ဒီလိုႏူးညံ့သိမ္ေမြ႔ၿပီး အျပစ္ကင္းစင္တဲ့ေလသံမ်ိဳးက ေက်ာက္က်န္႔ဟိြဳက္ရဲ႕နားေတြအတြက္သာ အထူးတလည္သိမ္းထားျခင္းျဖစ္တယ္။
ယခင္ကဆိုလွ်င္ ေက်ာက္က်န္႔ဟိြဳက္ ၎ကိုပံုမွန္လိုပဲျပဳမူလိုက္မွာျဖစ္ေပမဲ့ အခုေတာ့ ေက်ာက္မင္႐ွီေျပာခဲ့တဲ့စကားေတြက သူ႔စိတ္ထဲေပၚေပၚလာေနခဲ့တယ္__"အစ္ကိုတို႔ႏွစ္ေယာက္လံုး ထာဝရတည္ျမဲတဲ့ထိမ္းျမားမႈေလးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။"
သူမဘာကိုေျပာခ်င္တာလဲ ? သူကေက်ာက္ယြမ္ကိုႀကိဳက္တယ္လို႔ မင္႐ွီထင္ေနတာလား ? ဒါမွမဟုတ္
ေက်ာက္ယြမ္က သူ႔ကိုႀကိဳက္ေနတာလား ? ဒါေပမဲ့ သူကေက်ာက္ယြမ္ကို သူ႔ရဲ႕ညီမေလးအျဖစ္အျမဲတမ္ ေတြးထားခဲ့ၿပီး ဘာရည္ရြယ္မွမ႐ွိခဲ့ဘူး။ဒါဘယ္လိုျဖစ္ႏိုင္မွာလဲ ? မင္႐ွီအေတြးလြန္ေနတာလား ?
သို႔ေသာ္ ေက်ာက္ယြမ္ရဲ႕ေလသံနဲ႔ သူ႔လက္ေမာင္းထဲမွာ သူမရဲ႕ကေလးတစ္ေယာက္လိုျပဳမူေနပံုကို ေက်ာက္က်န္႔ဟိြဳက္ ႐ုတ္တရက္သတိထားမိသြားတယ္။
"အစ္ကိုႀကီး ၊ ညီမတို႔ငယ္ငယ္တုန္းကလိုမ်ိဳး ညီမေလး ဒီညအစ္ကိုႀကီးအခန္းထဲသြားလို႔ရမလား ?"
ေက်ာက္က်န္႔ဟိြဳက္ရဲ႕မ်က္ႏွာက ႐ုတ္တရက္ေျပာင္းလဲသြားတယ္။
ယြမ္ယြမ္ကမ်ား___?
ဒါမျဖစ္ႏိုင္ဘူး။
ေျမာက္မ်ားစြာေသာအမူအရာေတြ ေက်ာက္က်န္႔ဟိြဳက္ရဲ႕မ်က္ႏွာေပၚျဖတ္သန္းသြားတယ္။
ဒီေန႔ သူ႔ကို ေက်ာက္မင္႐ွီသတိမေပးခဲ့ရင္ သဘာဝက်စြာပဲ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို ဒီဦးတည္ခ်က္အတိုင္း ႀကီးထြားသြားဖို႔ သူခြင့္ျပဳေပးေနေလာက္တယ္။သို္ ့ေသာ္ ဒီေန႔မင္႐ွီဆီကစကားကိုၾကားေတာ့ ၎ကသူ႔စိတ္ထဲစူးဝင္ေနတဲ့ ငါး႐ိုးတစ္ေခ်ာင္းလိုျဖစ္လာခဲ့တယ္။
ေက်ာက္ယြမ္ရဲ႕သူ႔အေပၚခံစားခ်က္ေတြကို အခုသူသတိျပဳမိသြားေတာ့ ဒါကိုဆက္ခြင့္ျပဳထားဖို႔ဆိုတာ သူ႔အတြက္မျဖစ္ႏိုင္ဘူး။
ေက်ာက္ယြမ္က သူမရဲ႕မေက်နပ္ခ်က္ေတြကို ဆက္ေျပာရန္ျပင္ေနတုန္းမွာပဲ ေက်ာက္က်န္႔ဟိြဳက္ ကျပင္းထန္စြာနဲ႔သူမကိုအေဝးတြန္းပို႔လိုက္တာကို သူမခံစားလိုက္ရတယ္။သူကသူ ့အၾကည့္ေတြကိုေ႐ွာင္လဲႊရင္း ေလွကားဆီေလွ်ာက္သြားခဲ့တယ္။
"မင္းကအရြယ္ေနၿပီ။ဒီလိုကိစၥအေသးအမႊားေလးေၾကာင့္ ငိုေနတာရပ္လိုက္ေတာ့။ကိုယ့္အခန္းထဲမွာပဲ ကိုယ္အိပ္ရမယ္။"
သူမရဲ႕အစ္ကိုႀကီးက ကသိကေအာက္နဲ႔သူတို႔ၾကားအကြာအေဝးျခားလိုက္တာကို ေက်ာက္ယြမ္ အံ့ျသတႀကီးၾကည့္ေနခဲ့တယ္။သူက သူ႔အခန္းထဲတိုက္႐ိုက္ဝင္သြားခဲ့ၿပီး သူမကိုျငင္းပယ္သြားခဲ့တယ္။
သူမ႐ိုက္ခ်ခံလိုက္ရသလို သူမႏႈတ္ခမ္းကထြက္လာမဲ့ တိုင္တန္းတဲ့စကားလံုးေတြ ရပ္တန္႔သြားခဲ့တယ္။
ေက်ာက္ယြမ္ ဒီျမင္ကြင္းကိုၾကည့္ၿပီး သူမရဲ႕ေသြးေတြ ေအးခဲသြားခဲ့တယ္။တစ္ခုခုမွားေနၿပီဆိုတာ သူမအခ်ိန္ေႏွာင္းမွ သေဘာေပါက္သြားခဲ့ၿပီး သူမရဲ႕ႏွလံုးသားထဲေၾကာက္ရြံ႔လာခဲ့တယ္။
ယခင္ကေက်ာက္က်န္႔ဟိြဳက္က ဘယ္ေတာ့မွ သူမကိုျငင္းဆန္မွာမဟုတ္ဘူး။
ဘယ္ခ်ိန္တည္းက သူ....?
===========
[Unicode]
ကျောက်ကျန့်ဟွိုက်က သူ့အမေရဲ့ရှော့ရပြီး ဟန့်တားနတာကို တိုက်ရိုက်ပဲလျစ်လျူရှုခဲ့တယ်။
ကျန့်ယွီဖန်ကို အလုပ်ထုတ်ပြီးသွားတော့ ကျောက်မင်ရှီဆီ နောက်တစ်ကြိမ် အလေးအနက်ထားသွားလည်ပတ်ဖို့ သူစီစဉ်လိုက်တယ်။
ဒီတစ်ခါတော့ သူတို့ကောင်းမွန်တဲ့စကားဝိုင်းရှိရမယ်။
မွေးနေ့ပွဲမစခင် တစ်ပတ်သာကျန်တော့ပြီး သူမကိုပြန်ခေါ်လာဖို့ သူဝန်ပိနေခဲ့တယ်။
သူတို့စာမေးပွဲဖြေနေတဲ့အကြောင်း သူကြားတော့ သူစိတ်ရှည်ရှည်နဲ့ နောက်နှစ်ရက်ထပ်စောင့်ခဲ့တယ်။နှစ်ရက်ကြာပြီးနောက် သူတို့စာမေးပွဲပြီးတဲ့နေ့လယ်ပိုင်းမှာ သူ့အတွင်းရေးမှူးကို ကားမောင်းခိုင်းပြီး နှစ်ယောက်သား အရင်ကနန်နီအိမ်ကိုပြန်ယူလာတဲ့အဝတ်အစားတွေနဲ့ Aအထက်တန်းကျောင်းကို တိုက်ရိုက်သွားကြတယ်။
ဤတစ်ကြိမ်တော့ ကျောက်မင်ရှီကို သူနိုင်ငံတကာအတန်းမှာ သွားမရှာခဲ့ဘူး။သဘာဝကျကျပဲ ဘာဖြစ်မလဲဆိုတာ သူသိတယ်။အရင်ကလို သူလုပ်ခဲ့ရင် မင်ရှီလှည့်ထွက်ပြီး အတန်းထဲပြန်ဝင်မသွားခင် သူစကားလေးနည်းနည်းတောင် ပြောလိုက်နိုင်မှာမဟုတ်ဘူး။ဒါဆိုဘာတိုးတက်မှုမှ သူလုပ်နိုင်မှာမဟုတ်ဘူး။
ကျောက်မင်ရှီရဲ့ ဌာနမှူးနဲ့ အတန်းပိုင်ဆရာကို သူအရင်ဆုံးသွားရှာရမယ် ဒါဆို ကျောက်မင်ရှီရောက်လာအောင် သူတို့ကိုတောင်းဆိုနိုင်တယ်။ထို့နောက်
ကျောက်မင်ရှီနဲ့စကားပြောရန် သူ့ကိုအချိန်နည်းနည်းပေးဖို့ သူတို့ကိုတောင်းဆိုလိုက်မယ်။
ကျောက်ကျန့်ဟွိုက်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းကိုက်နေခဲ့တယ်။ သူ့လို အသက်၂၅နှစ်အရွယ်လူကြီးတစ်ယောက်အနေနဲ့ ပုန်ကန်ထကြွတဲ့ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းရတာ ဒါကပထမဆုံးအကြိမ်ပဲ။
ထို့အပြင် ကျောက်ယွမ် အထက်တန်းပထမနှစ်တုန်းက သူမအတွက် မိဘဆရာတွေ့ပွဲတစ်ကြိမ်သာ သူ တတ်ရောက်ခဲ့ဖူးတယ်။မင်ရှီအတွက် သူတစ်ခါမှမလုပ်ပေးခဲ့ဖူးဘူး_ထို့ကြောင့် အပြင်မှာကားရပ်ပြီး ကျောင်းထဲဝင်လာပြီးနောက်ပိုင်း သူကမျက်ကန်းတစ်ယောက်လိုပဲ ဌာနမှူးနဲ့ ကျောက်မင်ရှီရဲ့အတန်းပိုင်ဆရာကို ဘယ်မှာရှာရမလဲ သူ,မသိဘူး။
စာမေးပွဲကပြီးရုံရှိသေးတော့ သူတို့ရုံးခန်းမှာမရှိလောက်ဘူးမလား?
ကျောက်ကျန့်ဟွိုက်က ကားရပ်နိုင်အောင် အတွင်းရေးမှူးဆီကားသော့ပစ်ပေးလိုက်ပြီး ရုတ်တရက် ကုန်စုံဆိုင်ကနေ ရင်းနှီးနေတဲ့လူတစ်ယောက်ထွက်လာတာ မြင်လိုက်တယ်။
ထိုကောင်မလေးရဲ့ လက်ထဲမှာမုန့်များစွာကိုင်ထားခဲ့တယ်။သူမက သူ့ကိုမြင်တော့ အံ့အားတသင့်နဲ့လှမ်းခေါ်လာတယ်"အစ်ကိုကျန့်ဟွိုက် !"
ကျောက်ကျန့်ဟွိုက်ကပြန်ဖြေလိုက်တယ်
"မင်းက?"
ထိုကောင်မလေးက သူ့ဆီလျှောက်လာတယ်။
"ညီမကဖူရှုအန်းပါ။ညီမက ကျောက်ယွမ်ရဲ့အရင်နှီးဆုံးသူငယ်ချင်းပါ။ညီမအရင်က အစ်ကိုတို့အိမ်ရောက်ဖူးတယ် ဒါပေမဲ့ အဲ့နေ့က အစ်ကိုကအလုပ်ကနေပြန်လာပြီးတာနဲ့ စာဖတ်ခန်းထဲ တန်းဝင်သွားခဲ့တော့ ညီမကိုသတိမထားမိလောက်ဘူး။"
ကျောက်ကျန့်ဟွိုက် ခေါင်းညိတ်ပြလိုက်တယ်။
"အစ်ကိုသိပြီ။တွေ့ရတာဝမ်းသာပါတယ်။"
ကျောက်ကျန့်ဟွိုက်က အလွန်ချောမောရုံသာမက ငယ်လည်းငယ်ရွယ်တယ်။သူ့ရဲ့လက်ရာမြောက်စွာချုပ်လုပ်ထားတဲ့ ရှပ်အင်္ကျီဖြူနဲ့ အနက်ရောင်ဝတ်စုံပြည့်က ကျောင်းဝင်းထဲက သူတို့ကိုဖြတ်သွားတဲ့လူတိုင်းကို နောက်တစ်ကြိမ်လှည့်ကြည့်စေတယ်။
ပြီးရင် သူတို့က ဖူရှုအန်းကိုလည်းကြည့်ကြလိမ့်မယ်။
ဖူရှုအန်းက သူမမျက်နှာပူလောင်လာတာကို ခံစားရတယ်။သူမက"အစ်ကို ဒီမှာကျောက်ယွမ်ကိုရှာဖို့ရောက်လာတာလား?"
"မဟုတ်ဘူး။"ကျောက်ကျန့်ဟွိုက် ခေါင်းခါလိုက်တယ်။ထို့နောက် ဖူရှုအန်းနဲ့ ကျောက်ယွမ်က တစ်တန်းဆိုတာတွေးမိသွားတယ် ၊ ဆယ့်နှစ်ရာသီအတန်းနဲ့ နိုင်ငံတကာအတန်းက စာသင်ဆောင်တစ်ခုတည်းဆိုတော့ သူတို့ရဲ့ဌာနမှူးလည်းအတူတူပဲဖြစ်သင့်တယ်။ဒါကြောင့် သူမေးလိုက်တယ်"အစ်ကိုက မင်းတို့ရဲ့ဌာနမှူးကိုရှာနေတာ။သူအခုဘယ်မှာရှိနေလောက်လဲ မင်းသိလား?"
ကျောက်ကျန့်ဟွိုက်က အလွန်ချောမောနေတော့ ဖူရှုအန်းမနေနိုင်ဘဲ ထပ်မေးလိုက်တယ်
"အစ်ကိုက ညီမတို့ဌာနမှူးနဲ့ ဘာကိစ္စရှိလို့လဲ?"
သို့သော် ကျောက်ကျန့်ဟွိုက်က"သူဘယ်မှာလဲဆိုတာပဲ အစ်ကို့ကိုပြောပြပါ။မင်းမသိရင် အကိုအနားမှာပတ်မေးလိုက်မယ်။"
ဖူရှုအန်းက သူ့အနောက်ကိုကြည့်လိုက်ပြီး သူ့ရဲ့အတွင်းရေးမှူးက ပစ္စည်းတွေတစ်ပုံကြီးသယ်ထားပြီး ကားနားမှာရပ်နေတာ တွေ့လိုက်တယ်။
အဲ့ဒီပစ္စည်းတွေက လက်ဆောင်တွေဖြစ်ပုံပဲ။
ကျောက်ယွမ်ရဲ့မွေးနေ့ပွဲအတွက် သူတို့ရဲ့ ဌာနမှူးနဲ့ အတန်းပိုင်ဆရာကို အဲ့ဒီလက်ဆောင်တွေပေးပြီး ဖိတ်ဖို့များလား ? အဲဒါကြောင့် သူမကို သူဘာမှမပြောနိုင်တာလား ?
ဖူရှုအန်း ဒါကိုသဘောပေါက်သွားတော့ ကျောက်ယွမ်ကို သူမပိုလို့တောင်မနာလိုဖြစ်သွားတယ်။သူမရဲ့အစ်ကိုကြီးကအရမ်းချောမောပြီး သေချာပေါက် သူမကိုအလိုလိုက်မှာပဲ။သူမကိုယ်စား သူမရဲ့ဆရာတွေကိုလက်ဆောင်ပေးတဲ့ထိ သူကအသေးစိတ်လေးကိုတောင် အရမ်းဂရုစိုက်တယ်။
ဌာနမှူးနဲ့ သူတို့ရဲ့အတန်းပိုင်ဆရာက အမြဲတမ်း ကျောက်ယွမ်ကိုပိုအာရုံစိုက်ကြတာ အံသြစရာမရှိဘူးပဲ။
ဖူရှုအန်းက ဝမ်းသာအားရနဲ့ကမ်းလှမ်းလိုက်တယ်
"ညီမ အဲ့နေရာဆီ အကို့ကိုခေါ်သွားပေးမယ်။"
ကျောက်ကျန့်ဟွိုက် ဌာနမှူးရုံးခန်းထဲဝင်သွားပြီးနောက်ပိုင်း ဖူရှုအန်းလည်းလှည့်ထွက်သွားခဲ့တယ်။
ဌာနမှူးရုံးခန်းက သူမထွက်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ စန္ဒယားခန်းကထွက်လာတဲ့ ကျောက်ယွမ်ကိုတွေ့လိုက်တယ်။သူမလျှောက်သွားပြီး သူမ(ZY) လက်ကိုလှမ်းဖက်လိုက်တယ်။
"ငါတို့ကျောင်းကို ဘယ်သူအလည်လာလဲ ခန့်မှန်းကြည့်ပါလား?"
ကျောက်ယွမ်က"ဘယ်သူလဲ?"
"နင့်ရဲ့အစ်ကိုကြီး" ဖူရှုအန်းကပြုံးပြီး ကျောက်ယွမ်နား,နားကပ်ပြောလိုက်တယ်။
"ငါတို့ရဲ့ဌာနမှူးနဲ့ အတန်းပိုင်ဆရာဆီသူသွားလည်တုန်းက သူ့ရဲ့အတွင်းရေးမှူးက ပစ္စည်းတွေတစ်ပုံကြီးကိုင်ထားတာ။သူဒီကို နင့်ရဲ့မွေးနေ့ပွဲအတွက်လာတာလို့ ငါထင်တယ်။အဆုံးကျ ငါတို့ကတတိယနှစ်ကိုရောက်နေပြီ။သူ ဆရာတွေကို တိတ်တိတ်လေး လက်ဆောင်လာပေးမှတော့ နင့်ကိုအပိုဂရုစိုက်စေချင်လို့နေမှာ။"
ကျောက်ယွမ်က ဌာနမှူးရုံးခန်းဆီကြည့်လိုက်ပြီး သူမရဲ့ပါးပြင်တွေ နီမြန်းသွားတယ်။
သူမရဲ့တစ်မိသားစုလုံးက သူမကိုအရမ်းအလိုလိုက်ကြတယ်။အထူးသဖြင့် ဒုတိယအစ်ကိုကျောက်မိုက သူမကိုအကာအကွယ်အပေးဆုံးလို့ပြောနိုင်ပေမဲ့ အကြောင်းအရင်းတချို့ကြောင့် သူမရဲ့အစ်ကိုကြီးကျောက်ကျန့်ဟွိုက်ကသာ သူမကိုအမြဲတမ်းအထူးဆွဲဆောင်နိုင်တယ်။
သူလုပ်သမျှအရာတိုင်းက သိမ်မွေ့ပြီး လူကြီးလူကောင်းဆန်တာကြောင့်လည်း ဖြစ်နိုင်သည်။
သူမငယ်ငယ်တုန်းက သူမအစ်ကိုကြီးနားကပ်နေရတာ သဘောကျတယ်။သို့သော် သူမအရွယ်ရောက်လာပြီး သူမကကျောက်မိသားစုရဲ့သမီးအရင်းမဟုတ်မှန်း သိလိုက်ရတော့ အစပိုင်းမှာ သူမဝမ်းနည်းပြီး စိုးရိမ်နေခဲ့တယ်။ထို့နောက် ကျောက်ကျန့်ဟွိုက်ကို သူမကြည့်လိုက်ချိန် သူမနှလုံးသားအောက်ခြေကနေ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။
ကျောက်ယွမ်ရဲ့နှလုံးသားထဲ ရေးရေးမျှခုန်ပေါက်သွားပေမဲ့ ဤခံစားချက်ကဘာလဲဆိုတာ သူမ,မသေချာသေးဘူး။
မည်သို့ပင်ဆိုစေကာမူ အစ်ကိုကြီးက သူမအပေါ်ကောင်းကောင်းဆက်ဆံတယ်ဆိုတာ ငြင်းပယ်မရတဲ့အချက်ပဲ။
ထိုနေ့က သူမအစ်ကိုကြီးအိမ်ပြန်လာတော့ ဧည့်ခန်းထဲမှာ သူမကိုလာမချော့တဲ့ မကျေနပ်မှုသေးသေးလေးက ချက်ချင်းပျောက်ကွယ်သွားတယ်။
ထိုနေ့က သူစိတ်အခြေအနေမကောင်းတာ ကုမ္ပဏီမှာကိစ္စတစ်ခုခုရှိရမယ်လို့ သူမမှန်းဆလိုက်တယ်။
"ဒီနေ့ နင့်ကိုငါဟော့ပေါ့လိုက်ကျွေးမယ်။"
ကျောက်ယွမ်ကပျော်ရွှင်စွာပြောလိုက်တယ်"ဒါဆိုငါတို့စားပြီးသွားရင် ငါ့အစ်ကိုကြီးကိုခေါ်ပြီး ငါတို့ိကိုအိမ်လိုက်ပို့ဖို့ပြောလို့ရတယ်။"
ဖူရှုအန်းက မနာလိုဘဲမနေနိုင်ဘူး။
"နင်ကမင်းသမီးလေးတစ်ယောက်လိုပဲလို့ ခံစားရတယ်။နင်အရမ်းကံကောင်းတာပဲ။"
သူတို့အောက်ထပ်ကိုလျှောက်သွားရင်း စကားပြောနေစဉ်မှာပဲ အပေါ်ထပ်ကိုတက်လာတဲ့ ကျောက်မင်ရှီကို သူတို့မြင်လိုက်ရတယ်။
လှေကားထစ်နားမှာ သူတို့ဆုံသွားကြတယ်။
ဖူရှုအန်းက ကျောက်မင်ရှီကိုမြင်တော့ တမင်တကာ သူမအသံကိုမြင့်လိုက်တယ်။
"ယွမ်ယွမ် နင့်အစ်ကိုကြီးက နင့်ကိုကျောင်းမှာထပ်လာရှာပြန်ပြီ။နင့်ကိုလက်ဆောင်တွေအများကြီးတောင်ပေးသွားတယ်။သူက နင့်ကိုအရမ်းကောင်းကောင်းဆက်ဆံတာပဲ။"
ကျောက်မင်ရှီ "...."
ဒီတော့ သူမကဘာလုပ်ရမှာလဲ?
ပူးပေါင်းပြီး မနာလိုတဲ့အကြည့်နဲ့ ကြည့်ပေးရမှာလား?
ကျောက်ယွမ်က ဖူရှုအန်းရဲ့ပါးစပ်ကို အမြန်ကာလိုက်တယ်။သူမက မင်ရှီကိုခေါင်းညိတ်ပြပြီးနောက် ရယ်မောလျက် ဖူရှုအန်းကိုဆွဲကာထွက်ပြေးသွားတယ်။
မင်ရှီက အပေါ်ထပ်ကိုဆက်တက်ရင်း ဌာနမှူးက သူမနဲ့ဘာကိစ္စများရှိလို့လဲဆိုတာ သိချင်နေခဲ့တယ်။
=======
ထိုစဉ် ဌာနမှူး၏ရုံးခန်းတွင်
ပုံမှန်အတန်း၆ရဲ့ အတန်းပိုင်ဆရာက အဖြေလွှာတွေသိမ်းဆည်းတဲ့နေရာမှာ အနည်းငယ်နောက်ကျသွားတာကြောင့် ဌာနမှူးရုံးခန်းဆီအပြေးသွားပို့ချိန် ဌာနမှူးကိုစောင့်နေတဲ့ ကျောက်ကျန့်ဟွိုက်နဲ့မတော်တဆတိုးမိသွားတယ်။
သူက ကျောက်ကျန့်ဟွိုက်ကိုအမှတ်တမဲ့ကြည့်လိုက်တယ်။အနီးကပ်စိုက်ကြည့်လိုက်ပြီး နည်းနည်းရင်းနှီးနေသလို သူခံစားရတယ်။သူစာသင်ပေးနေကျ တစ်ယောက်ယောက်နဲ့တူနေသလို...ကျောက်မင်ရှီရဲ့ အုပ်ထိန်းသူလား?
ကျောက်ကျန့်ဟွိုက်က မျက်မှန်တပ်ထားတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က သူ့ကိုစိုက်ကြည့်နေတာမြင်တော့ သူချက်ချင်းထပြီး လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းလိုက်တယ်။
"ဟယ်လို လူကြီးမင်းက_?"
"ကျွန်တော်က ပုံမှန်အတန်း၆ရဲ့အတန်းပိုင်ဆရာ လီရုန်ပါ။"ဆရာက သူလက်ဆွဲနှုတ်ဆက်တာကို လက်မခံခဲ့ဘူး။ထိုအစား မပြောခင်သူက ဒေါသတကြီးနဲ့ အဖြေလွှာတွေကို စားပွဲပေါ်တင်လိုက်ပြီး
"မင်းရဲ့ ညီမလေးနောက်တစ်ယောက်ကို ကျောင်းကြိုဖို့လာပြန်တာလား?"
"ဆရာက မင်ရှီရဲ့အတန်းပိုင်ဆရာဟောင်းလား?"
ဘာကြောင့် ဒီအတန်းပိုင်ဆရာက ရုတ်တရက်ကြီး သူ့အပေါ်ရန်လိုနေရသလဲဆိုတာ ကျောက်ကျန့်ဟွိုက် မသိပေမဲ့လည်း သူကယဉ်ကျေးတဲ့အမူအရာကိထြိန်းထားပြီး ရှင်းပြလိုက်တယ်
"ဒီနေ့ကျွန်တော် ဒီကိုယွမ်ယွမ်နဲ့တွေ့ဖို့လာတာမဟုတ်ဘူး မင်ရှီကိုလာရှာတာပါ။"
"ဟမ့်" အတန်း၆မှဆရာက သရော်လိုက်တယ်။
"မင်းတို့မိသားစုထဲကတစ်ယောက်ယောက် သူမကိုလာရှာတာ ဘယ်လောက်တောင်ရှားလိုက်လဲ။မနှစ်က စာမေးပွဲအလယ်မှာ သူမရုတ်တရက်အစာအိမ်အောင့်တော့ သူမမိသားစုထဲက တစ်ယောက်မှမလာခဲ့ဘူး။ကျောင်းသားတွေက သူမကိုဆေးရုံခေါ်သွားလိုက်ရတယ်။"
"သူမဒီအကြောင်း မပြောခဲ့ဘူး !" ကျောက်ကျန့်ဟွိုက်က စိုးရိမ်တကြီးဖြစ်နေခဲ့တယ်။ကျောက်မင်ရှီမှာ အစာအိမ်ရောဂါရှိမှန်း သူ,မသိခဲ့ဘူး။၎င်းကိုသူ့စိတ်ထဲပြန်တွေးပြီး အတည်ပြုလိုက်တယ် "သူမကကျွန်တော်တို့ထဲကဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး !"
"ဟုတ်တာပေါ့ သူမကမင်းကို ဒီအကြောင်းဘယ်တော့မှပြောမှာမဟုတ်ဘူး ! မင်းကိုပြောတာ ဘာအကျိုးရှိမှာလဲ ?" ဆရာက သူ့ကိုအနည်းငယ်အထင်တသေးကြည့်လိုက်တယ်။"မင်းတို့မိသားစုထဲက တစ်ယောက်မှ သူမရဲ့မိဘဆရာတွေ့ဆုံပွဲကို မတက်ရာက်ခဲ့ဖူးဘူး ! မနှစ်က ဒီအကြောင်းကို ငါကိုယ်တိုင်လာမေးချင်ခဲ့တယ်။ဘာလို့ ဆယ့်နှစ်ရာသီအတန်းကကျောက်ယွမ်မှာ လာတဲ့မိသားစုဝင်တွေရှိပေမဲ့ ငါတို့မင်ရှီမှာကျဘယ်သူမှမရှိရတာလဲ ?
မင်းတို့မိသားစုဘာတွေတွေးနေလဲ ငါသိချင်ခဲ့တယ်
ဒါပေမဲ့ မင်းက မင်းရဲ့တခြားညီမကို ကားထဲခေါ်ပြီးထွက်သွားတာပဲ ငါမြင်ခဲ့တယ် !"
ကျောက်ကျန့်ဟွိုက်က သူ့နှလုံးသားထဲဓားထက်ထက်နဲ့ ထိုးစိုက်ခံရသလို ခံစားလိုက်ရတယ်။
ကျောက်ယွမ်ရဲ့မိဘဆရာတွေ့ဆုံပွဲကို သူတက်ရောက်ခဲ့တယ်ဆိုတာအမှန်ပဲ။ပြီးတော့ သူတို့ရဲ့အမေကို မင်ရှီအတွက်တက်ခိုင်းခဲ့တယ်။သို့သော် ထိုနေ့ကသူတို့ရဲ့အမေက ကဒ်ကစားရင်းအလုပ်များနေခဲ့ပြီး မေ့သွားခဲ့တာကြောင့် မသွားဖြစ်ခဲ့ဘူး။
"ကျွန်တော့်အမေအဲ့အကြောင်း မေ့သွားခဲ့တယ်။"
ကျောက်ကျန့်ဟွိုက် တောင်းပန်ရုံသာတက်နိုင်တယ်။ "ကျွန်တော်တောင်းပန်ပါတယ်။ဒါပေမဲ့ ဒီကိစ္စတစ်ခုတည်း...."
" 'ဒီကိစ္စတစ်ခုတည်း'ဆိုတာ မင်းဘာပြောချင်တာလဲ ? ဒီကိစ္စတစ်ခုတည်းလို့ မင်းထင်နေတာလား?"
ဆရာက ကျောက်ကျန့်ဟွိုက်ရဲ့မျက်နှာဆီစာရွက်တွေနဲ့ ပစ်မပေါက်ခင် သူ့ကိုယ်သူဟန့်တားလိုက်တယ်။
"ကျောက်မင်ရှီလို စာကြိုးစားတဲ့ကျောင်းသားတစ်ယောက်က အတန်းထဲအိပ်ငိုက်နေတဲ့ အချိန်တွေတောင်ရှိခဲ့တယ်။သူမကို ငါအကြိမ်ကြိမ်မေးခဲ့တယ်။ဒါက သူမတစ်နေ့လုံးချက်ပြုတ်တာနဲ့ အလုပ်ရှုပ်နေပြီး နေ့ခင်းဘက်အိမ်စာရေးဖို့အချိန်မရှိတော့လို့ အိမ်စာပြီးအောင်ညဉ့်နက်ထိနေနေရပြီးသူမ အတန်းထဲအိပ်ပျော်သွားတယ်ဆိုတာ ဖွင့်မပြောခင်ထိ ငါသူမကိုကောင်းကောင်းကြိမ်းမောင်းခဲ့ရတယ်_မင်းတို့မိသားစုက ချမ်းသာတဲ့မိသားစုကမဟုတ်ဘူးလား? ယွမ်သန်းနဲ့ချီတဲ့ကားတွေကို မင်းတို့မောင်းနိုင်နေမှတော့ ဘာလို့ကျောက်မင်ရှီက မင်းတို့အတွက် နေ့တိုင်းချက်ပြုတ်ပေးနေရမှာလဲ?!
ဒုတိယနှစ်ကျောင်းသားတစ်ယောက်အနေနဲ့ သူမအရမ်းပင်ပန်းနေရပြီ။မင်းတို့ သူမကိုတက္ကသိုလ်မတက်စေချင်ဘူးလား?"
ကျောက်ကျန့်ဟွိုက်ကအံ့သြသွားတယ်။
"မင်ရှီက အတန်းထဲအိပ်ငိုက်တယ်...?"
သူဒီအကြောင်း ဘယ်တုန်းကမှမတွေးခဲ့မိဘူး။
သူတို့အတွက်ညစာလုပ်ပေးတဲ့အချိန်တိုင်း မင်ရှီပျော်နေခဲ့တယ်လို့ သူထင်ခဲ့တယ်။သူမကဟင်းချက်တာတော်ပြီး မိသားစုကိုကျေနပ်စေချင်တယ်။
သို့သော် ဒီကိစ္စရဲ့မင်ရှီအပေါ်သက်ရောက်မှုကို သူဘယ်တုန်းကမှဂရုမစိုက်ခဲ့ဘူး။
ကျောက်ယွီနင်နဲ့ ကျောက်ယွမ်တို့ အိမ်ပြန်ရောက်တာနဲ့ အရင်ဆုံး သူတို့အိမ်စာတွေကိုရေးနေချိန် သူမကမီးဖိုချောင်ထဲမှာ သူမကိုဆိုးရွားစွာဆက်ဆံတဲ့နန်နီနဲ့ သူမလက်တွေကိုရေထဲနှစ်ထားခဲ့တယ်။
သူမလည်းလူသားပဲ ၊ အိပ်ငိုက်လာမှာပေါ့။
သူတို့အိမ်ကို သူမပထမဆုံးရောက်ချိန်က သူမဆယ့်ငါးနှစ်သာရှိသေးတယ် ; သူမရဲ့ခေါင်းကိုတောင်မော့မကြည့်ရဲတဲ့ ပိန်ပါးပါးကလေးမလေးတစ်ယောက်ပဲ။
ထိုအချိန်က သူတို့အတွက်ညစာလုပ်ပေးစရာမလိုအပ်ဘူးလို့ သူမကို သူပြောခဲ့တယ်။
ဒါပေမဲ့ ကျောက်ယွီနင်က မရင့်ကျက်သေးတဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူက ကျောက်မင်ရှီချက်တာတွေကိုသာ စားချင်တယ်။
ဒီလိုနဲ့သူမရဲ့မျက်လုံးတွေတောက်ပလာပြီး ကျောက်မင်ရှီက သူ့ကိုပြောလာခဲ့တယ် "အဆင်ပြေပါတယ် အစ်ကိုကြီး။ဒါညီမအတွက် အချိန်တွေအများကြီးယူရတာလည်းမဟုတ်ဘူး။"
ကျောက်ကျန့်ဟွိုက်က ကျောက်မင်ရှီနဲ့ သိပ်မနီးကပ်သေးဘဲ သူတို့ဆက်ဆံရေးက နေရခက်တဲ့အခြေအနေမှာပဲရှိနေသေးတော့ သူမသဘောအတိုင်းသာ သူထားခဲ့တယ်။
သို့သော် အဲ့ဒါကကျောက်ယွမ်သာဆိုရင်_
စန္ဒယားတီးခတ်နေကျ ကျောက်ယွမ်ရဲ့လက်တွေကို ထိုအစား အသီးအရွက်တွေဆေးကြောဖို့ သူတို့တစ်မိသားစုလုံး ဘယ်လိုခွင့်ပြုပေးမလဲဆိုတာ ကျောက်ကျန့်ဟွိုက် မတွေးတောနိုင်ဘူး။
ကျောက်ကျန့်ဟွိုက်ရဲ့နှလုံးသားက နာကျင်စွာဆုပ်ကိုင်ခံလိုက်ရတယ်။
"သူမကသံနဲ့လုပ်ထားတာမဟုတ်ဘူး။ဘယ်လိုလို့ အိပ်မငိုက်ဘဲနေမှာလဲ?" ဆရာကအေးစက်စွာသရော်လိုက်တယ်။
မင်ရှီမှာ ပင်ကိုအစွမ်းအစတွေအများအပြားရှိတယ်လို့ သူအမြဲတမ်းခံစားရတယ်။သူမရဲ့မေးခွန်းတွေဖြေဆိုပုံကနေ သူမကအလွန်လိမ္မာပါးနပ်တဲ့ကျောင်းသူတစ်ယောက်မှန်း သူမြင်နိုင်တယ် ၊ သို့သော် သူမစာမေးပွဲဖြေဆိုတိုင်း သူမဖျားနာတာ ဒါမှမဟုတ် အဆင်မပြေတာအမြဲတမ်းဖြစ်နေတာကြောင့် အရင်ကစာမေးပွဲတစ်ခုကိုမည်မည်ရရ သူမ,မဖြေဆိုခဲ့ဖူးဘူး။
၎င်းကမင်ရှီရဲ့ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်တချို့များ ချို့တဲ့နေတာကြောင့်လားလို့ သူ့အံ့အားသင့်မိတယ်_သို့သော် ကျောက်မိသားစုကအလွန်ကြွယ်ဝပြီး ဗီတာမင်ဓာတ်ချို့တဲ့နေတဲ့ကလေးတစ်ယောက်ကို သူတို့ဘယ်လိုများပျိုးထောင်နိုင်မှာလဲ?
သူက မင်ရှီအတွက်ဗီတာမင်နဲ့ အားဖြည့်ဆေးတွေဝယ်ပေးပြီး သူမကိုနေ့တိုင်းစားခိုင်းတယ်။မင်ရှီက သူ့ကိုပိုက်ဆံပေးပြီး ကျေးဇူးတင်ကြောင်းပြောလာပြီးနောက်ပိုင်း ဆယ့်နှစ်ရာသီအတန်းက ကျောက်ယွမ် ဘယ်လိုများလုပ်နေလဲ သိဖို့ သူသွားမကြည့်ဘဲမနေနိုင်ခဲ့ဘူး။အဆုံးကျ သူမြင်တွေ့သမျှက လုံးဝကွဲပြားခြားနားပြီး အချစ်တွေနဲ့ပျိုးထောင်ခံလာရတဲ့ ယုံကြည်ချက်ရှိတဲ့ကလေးတစ်ယောက်ပဲဖြစ်တယ်။
သူက သူမရဲ့အတန်းပိုင်ဆရာပဲဆိုပေမဲ့ သူ့နှလုံးသားနာကျင်သွားရတယ်။
ထို့ကြောင့် သဘာဝအလျောက်ပဲ ကျောက်မိသားစုအပေါ် သူ,မကျေနပ်ချက်ထားခဲ့တယ်။
"မနှစ်ကကျောင်းအားကစားပွဲမှာ သူမဒူးခြစ်မိသွားတုန်းကလည်း သူမမိသားစုဝင်တွေတစ်ယောက်မှမလာခဲ့ဘူး" ဆရာကဆက်ပြီးမကျေမနပ်ပြောနေခဲ့တယ်။ "နောက်တော့သူမမျက်နှာဒဏ်ရာရပြီး သူမစာလေ့လာရာမှာ နောက်ရောက်သွားခဲ့တယ်။သူမကျောင်းမှာအဆောင်နေတဲ့အကြောင်း ငါကြားတော့ သူမကိုယ်စားငါဝမ်းသာမိတယ်။အခုဆိုသူမညစာထပ်လုပ်ပေးစရာမလိုတော့ဘူး ၊ သူမစာလေ့လာဖို့ အချိန်ဘယ်လောက်ပိုရလာမလဲ မင်းတွေးနိုင်လား ?!"
"ကလေးတစ်ယောက်ရဲ့ကြီးထွားမှုနဲ့ ပတ်သက်လာရင် ငွေကြေးထောက်ပံ့ပေးနေရုံနဲ့ မလုံလောက်ဘူး။မင်းရဲ့ တခြားညီမလေးကိုရော မင်းဒီလိုဆိုးဆိုးရွားရွားဆက်ဆံလား ?"
ကျောက်ကျန့်ဟွိုက် သူ့နှလုံးသားထဲ စူးရှတဲ့ထိုးဆွမှုတစ်ခုကိုခံစားလိုက်ရတယ်။
အတန်းပိုင်ဆရာရဲ့စကားတွေက ထက်ရှတဲ့ဓားတစ်ချောင်းလိုပဲ သူ့နှလုံးသားကို ထပ်ခါထပ်ခါထိုးစိုက်နေခဲ့တယ်။
ဆက်ဆံမှာမဟုတ်ဘူး_
ဘာကြောင့်ဆို ကျောက်ယွမ်က သူမစိတ်ထဲရှိတာ ထုတ်ပြောနိုင်တယ်။သူမကပျားရည်အိုးထဲကြီးပြင်းလာပြီး အပြစ်ကင်းစင်ဖို့နဲ့ အရိပ်အကဲကြည့်စရာမလိုအောင် သင်ပြခံခဲ့ရတယ်။သူမတစ်ခုခုလိုအပ်တာရှိတိုင်း သူမထုတ်ပြောလိမ့်မယ်။
သို့သော်ကျောက်မင်ရှီကတော့ အဲ့လိုလုပ်မှာမဟုတ်ဘူး။သူမငယ်စဉ်တည်းက လုံးဝကွဲပြားတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပြီး သူမရဲ့ကိုယ်ပိုင်ဝန်ထုတ်ဝန်ပိုးကို သူမဘာသာတာဝန်ယူနေကျဖြစ်တယ်။
ဒါတောင် သူတို့မိသားစုက မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကလေးနှစ်ယောက်ကို တူညီတဲ့နည်းလမ်းနဲ့ဆက်ဆံခဲ့တယ်။
သူတို့စိတ်ကြီးဝင်လွန်းနေခဲ့တာလား ဒါမှမဟုတ် သူတို့အချစ်တွေချို့တဲ့နေခဲ့တာလား ?
သူတို့ မင်ရှီကိုပိုဂရုတစိုက်နဲ့ဆက်ဆံပေးခဲ့သင့်ပေမဲ့ သူတို့မလုပ်ပေးနိုင်ခဲ့ဘူး။
သူ့ညီမလေးရဲ့ပထမဆုံးဆယ့်ငါးနှစ်တာဘဝကို သူလွဲချော်သွားခဲ့ရုံလေးပဲလို့ ကျောက်ကျန့်ဟွိုက်တွေးခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကိုလည်း သူလွဲချော်သွားခဲ့တယ်ဆိုတာ ယခုသူနားလည်သွားခဲ့တယ်။
အတန်းပိုင်ဆရာက သိသိသာသာကို သူ့ကိုသဘောမကျဘူး။သူကထွက်သွားဖို့ပြင်လိုက်ပြီး မသွားခင်မှာ မယုံကြည်မှုတွေပြည့်နှက်နေတဲ့ လေသံနဲ့ တံဆိပ်ခတ်ထားတဲ့ စာမေးပွဲအဖြေလွှာတွေကို မထိဖို့ပြောသွားတယ်။
ကျောက်ကျန့်ဟွိုက် : "...."
ကျောက်ကျန့်ဟွိုက် စိတ်ဓာတ်ကျသွားတယ်။
အတန်းပိုင်ဆရာပြောတာမှန်တယ်။သူတို့မိသားစုသာ သူတို့တာဝန်ကျေပွန်ခဲ့ရင် ဘာကြောင့်မင်ရှီက သူတို့ကိုစိတ်ကျေနပ်အောင်လုပ်နေမှာလဲ ? မင်ရှီကို အကြွေးတင်နေတာ သူတို့မဟုတ်ဘူးလား ?
မင်ရှီရဲ့ကျောင်းမှာနေဖို့ ဆုံးဖြတ်ချက်က မှန်ကန်တဲ့ရွေးချယ်မှုပဲလို့ ကျောက်ကျန့်ဟွိုက် ရုတ်တရက်ခံစားလိုက်ရတယ်။သူမအိမ်မှာ ဒီလိုဆိုးရွားတဲ့ဆက်ဆံမှုမျိုးပဲရရှိနေရင် အပြင်ထွက်ပြီး သူမဘာသာနေနိုင်တယ်။
ယခုအချိန်တွင် ကျောက်ကျန့်ဟွိုက်အလွန်စိတ်မသက်မသာဖြစ်နေခဲ့တယ်။သူ မင်ရှီကိုအမြန်တွေ့ချင်နေတယ်။
အပြောင်းအရွှေ့လုပ်ထုံးလုပ်နည်းတွေဖြေရှင်းဖို့
မင်ရှီကို ပထမဆုံးသူကျောင်းခေါ်လာချိန် သူမရဲ့မျက်လုံးတွေက ကောင်မလေးတစ်ယောက်ရဲ့မျှော်လင့်ချက်တွေ ၊ တက်ကြွမှုတွေနဲ့တောက်ပနေတာကို သူမှတ်မိနေသေးတယ်။
သူ့နောက်ကတံခါးဖွင့်လာချိန်မှ ကျောက်ကျန့်ဟွိုက်အသိပြန်ဝင်လာခဲ့တယ်။
မင်ရှီကသူ့ကိုမြင်တာနဲ့ ဌာနမှူးရဲ့ရုံးခန်းပတ်လည်ကို ချက်ချင်းကြည့်လိုက်တယ်။ထိုနေရာမှာ ကျောက်ကျန့်ဟွိုက်တစ်ယောက်တည်းသာ ရှိတယ်ဆိုတာသတိထားမိသွားတော့ သူမကိုဒီလာဖို့ ဌာနမှူးကိုတောင်းဆိုလိုက်တဲ့လူက ကျောက်ကျန့်ဟွိုက်ပဲဆိုတာ သဘောပေါက်သွားပြီး သူမမျက်မှောင်ကြုတ်သွားတယ်။
မင်ရှီလှည့်ထွက်သွားခဲ့တယ်။
ဒီတစ်ခါတော့ သူမကိုဘယ်လိုဆက်ဆံရမလဲ ကျောက်ကျန့်ဟွိုက်မသိဘူး။
ယခင်လာရောက်လည်ပတ်တုန်းက သူ့မှာရှိတဲ့မောက်မာမှုနဲ့ယှဉ်လျှင် ဒီတစ်ကြိမ်တော့ သူတို့အိမ်က မင်ရှီအတွက် နှိပ်စက်ညှင်းပန်းနေတဲ့ငရဲတွင်းတစ်ခုဖြစ်နိုင်တယ်ဆိုတာ သူသဘောပေါက်သွားခဲ့တယ်။သူလုပ်သင့်တာက သူမကိုအိမ်ပြန်လာဖို့ဖိအားမပေးဖို့ပဲ။
"မင်ရှီ" ကျောက်ကျန့်ဟွိုက်အသက်ပြင်းပြင်းရှုပြီး သူမကိုလှမ်းခေါ်လိုက်တယ်။
"အစ်ကိုဒီတစ်ခါလာတာက မင်းအိမ်ပြန်မလာချင်ဘူးဆိုရင် မလာပါနဲ့လို့အစ်ကိုပြောမလို့ပါ။ဒါပေမဲ့ အစ်ကိုက မင်းရဲ့အစ်ကိုကြီးဖြစ်နေသေးမယ်လို့ အစ်ကိုမျှော်လင့်မိတယ် ပြီးတော့ မင်းတစ်ခုခုလိုအပ်တာရှိရင် အစ်ကိုကူညီပေးမယ်။"
ကျောက်မင်ရှီက သူ့ကိုဂရုမစိုက်ဘဲ အောက်ထပ်ကိုဆက်လျှောက်သွားတာမြင်တော့ ကျောက်ကျန့်ဟွိုက်စိတ်ထဲအလွန်ကြီးမားတဲ့အပြစ်ရှိစိတ်တွေ ခံစားလာရပြီး သူမနောက်အမြန်ပြေးလိုက်သွားတယ်။သူကကဒ်တစ်ကဒ်ကို သူမလက်ထဲထည့်ပေးလိုက်ပြီး "ဒါကအစ်ကို့ရဲ့အပိုဆောင်းကဒ်ပဲ။မင်းသွားပြီး သုံးပစ်လိုက်။အစ်ကိုတို့မိသားစုထဲက ဘယ်သူ့ကိုမှ အစ်ကိုပြောမှာမဟုတ်ဘူး။ဒါအစ်ကိုတို့ရဲ့လျှို့ဝှက်ချက်ပဲ။"
ကျောက်မင်ရှီက ကျောက်ကျန့်ဟွိုက်ရဲ့ရည်ရွယ်ချက်ကိုမမှန်းဆနိုင်ဘူး။
သူမက "အပိုဆောင်းကဒ် ? သုံးလို့ရတဲ့ ကန့်သတ်ချက်ကဘယ်လောက်လဲ ? ဒီထဲမှာရှိသမျှ ညီမအကုန်သုံးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ? အစ်ကို ကျောက်ယွမ်ကိုမကြိုက်ဘူးလား ? ဒါကို အစ်ကိုနဲ့သူမရဲ့လက်ထပ်ပွဲအတွက် သိမ်းထားတာမဟုတ်ဘူးလား ? အချိန်ရောက်လာရင် အစ်ကိုတို့နှစ်ယောက် ထာဝရတည်မြဲတဲ့ထိမ်းမြားပွဲလေးဖြစ်ပါစေလို့ ညီမ ဒီပိုက်ဆံကိုသုံးပြီး ဆုတောင်းပေးရမှာလား ?"
သူမပြောပြီးတဲ့အဆုံး ကျောက်ကျန့်ဟွိုက် ဘယ်လောက်တောင် အံ့အားသင့်သွားလဲဆိုတာ သူမမြင်ရတော့ မင်ရှီ တစ်စုံတစ်ခုကိုသဘောပေါက်သွားတယ်။အိုး သေစမ်း ကျောက်ကျန့်ဟွိုက်က ကျောက်ယွမ်နဲ့မချစ်ကြိုက်သေးဘူးလို့ ငါမထင်ခဲ့မိဘူး။
"ညီမ ဒါကိုမလိုချင်ဘူး။"မင်ရှီကကဒ်ကို
ကျောက်ကျန့်ဟွိုက်ဆီပြန်ထည့်ပေးလိုက်တယ်။
"ဒီထဲမှာ ယွမ်၃၀,၀၀၀ပဲရှိတာပါ။ဒါငါတို့မင်းကို အကြွေးတင်နေတာပဲ။ငါတို့မင်းကိုအကြွေးတင်နေတာရဲ့တစ်စိတ်တစ်ပိုင်းကိုအရင်ဆုံး ငါပေးနေတာ။"
ကျောက်မိသားစုက ဒီလောက်ကြင်နာမယ်လို့ မင်ရှီမယုံကြည်ဘူး။အဲဒါအပြင် အမျိုးသားဇာတ်လိုက်ကို ဝန်းရံနေတဲ့ရောင်ဝါက သူမကိုလွယ်လွယ်လေး လွှတ်ပေးမယ်လို့ သူမ,မထင်ဘူး_အမျိုးသားဇာတ်လိုက်ရဲ့ ပိုက်ဆံကိုသူမ,ယူရဲရင် သူမဆီကိုကံဆိုးခြင်းတွေပိုယူဆောင်လာမှာမဟုတ်ဘူးလား ? သူမရရှိဖို့ ခက်ခက်ခဲခဲကြိုးစားထားတဲ့ ကံလေးတွေ မူလအခြေအနေကိုပြန်ရောက်သွားနိုင်တယ်။
မင်ရှီနောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ်။
ကျောက်ကျန့်ဟွိုက် ကူကယ်ရာမဲ့နေခဲ့တယ်။သူ နေရာမှာမိနစ်အနည်းငယ်လောက် ရပ်နေပြီးနောက် သူ့စိတ်တွေကြည်လင်လာတယ်။အခုလေးတင် သူနဲ့ဆုံခဲ့တဲ့ အတန်းပိုင်ဆရာကိုရှာပြီး သူ့ကဒ်ကိုပေးလိုက်တယ်။သူအခြေအနေကိုရှင်းပြပြီး မင်ရှီကိုကောင်းကောင်းဂရုစိုက်ပေးဖို့တောင်းဆိုလိုက်တယ်။သူနောက်ထပ်သရော်မှုကိုရရှိခဲ့ပေမဲ့လည်း ဆရာလီကသဘောတူခဲ့တယ်။
ထိုမှသာ ကျောက်ကျန့်ဟွိုက် စိတ်ထဲအနည်းငယ်သက်သာသွားခဲ့တယ်။
သူလေးလံတဲ့စိတ်နဲ့ ကျောင်းအပြင်ဘက်က ကားပါကင်ဆီပြန်သွားခဲ့တယ်။သူ့အတွင်းရေးမှူးပစ္စည်းတွေ သယ်ထားတာမြင်တော့ သုန်မှုန်နေတဲ့လေသံနဲ့ သူပြောလိုက်တယ် "သူမဒါတွေကိုမလိုချင်ဘူး။ထားလိုက်တော့ ကုမ္ပဏီကိုအရင်ပြန်သွားကြမယ်။"
ကျောက်ယွမ်အနေနဲ့ သူမဟော့ပေါ့စားပြီးသွားတော့ ကျောက်ကျန့်ဟွိုက်က ဒီနေ့ သူမကိုလာကြိုတယ်လို့ သူမတွေးနေခဲ့တယ်_သို့သော်အဆုံးကျ သူပေါ်မလာခဲ့ဘူး ?
အကြောင်းပြချက်တချို့ကြောင့် သူမဖုန်းခေါ်တာတွေကိုလည်း သူ,မကိုင်ခဲ့ဘူး။
သူမေ့သွားပြန်တာလား ?
ဌာနမှူးကိုစကားပြောပြီး လက်ဆောင်ပို့ပေးတာ ဒီလောက်ကြာလား ?
ကျောက်ယွမ်က စိုးရိမ်နေပြီး မတတ်နိုင်ဘဲ ဖူရှုအန်းနဲ့ကျောင်းကိုပြန်သွားခဲ့တယ်။သူတို့ ဌာနမှူးရုံးခန်းကိုရောက်တော့ တံခါးသော့ခတ်ထားတာတွေ့လိုက်ရတယ်။
ကျောက်ကျန့်ဟွိုက်ရဲ့ကားကလည်း ကျောင်းပြင်မှာရပ်မထားခဲ့ဘူး။ကျောက်ကျန့်ဟွိုက်က အချိန်အတော်ကြာတည်းက ထွက်သွားပုံရတယ်။
ကျောက်ယွမ်က ဒေါသထွက်ပြီး ရှက်ရွံ့နေခဲ့တယ်။သူမမျက်နှာပေါ်က အမူအရာပျက်လုနီးပါးဖြစ်သွားတယ်။ "ငါ့အစ်ကိုကြီးက ဌာနမှူးကိုလက်ဆောင်ပို့ပေးဖို့ သွားရှာတယ်လို့ နင်ပြောတာမဟုတ်ဘူးလား ?"
ဖူရှုအန်းက ရှက်ကိုးရှက်ကန်းနဲ့ပြန်ဖြေလိုက်တယ်
"အဲ့ဒါကခန့်မှန်းရုံပါပဲ။ဌာနမှူးရဲ့ရုံးခန်းဘယ်မှာရှိလဲဆိုတာပဲ ငါ့ကိုသူမေးခဲ့တာ။ဒါပေမဲ့ သူအဲ့ကို နင့်အတွက်သွားတာမဟုတ်ဘူးဆိုရင် ကျောက်မင်ရှီရဲ့အကျိုးအတွက် သွားတာတော့မဖြစ်နိုင်ဘူးမလား ?"
သူတကယ်ပဲ ကျောက်မင်ရှီအတွက်သွားခဲ့တာ ဖြစ်နိုင်လား ? ဖူရှုအန်းကခန့်မှန်းနေခဲ့တယ်။ကျောက်ယွမ်ရဲ့မျက်နှာကို သူမမြင်တော့ ကျောက်မိသားစုက သူတို့ကိုငါတွေးထားသလောက် ကျောက်ယွမ်ကိုမချစ်တာများ ဖြစ်နိုင်လားလို့ သူမတွေးနေခဲ့တယ်။
ကျောက်ယွမ်က ဖူရှုအန်းရဲ့အကြည့်ကိုခံစားရတော့ သူမမျက်နှာရိုက်ချခံရသလို ခံစားလိုက်ရတယ်။သူမဒီကိစ္စကိုထပ်မတွေးချင်တော့ဘဲ ဒရိုင်ဘာလာကြိုတဲ့ကားပေါ်တက်ကာ အိမ်ပြန်သွားခဲ့တယ်။
သူမအိမ်ပြန်ရောက်တာနဲ့ အန်တီကျန့်အလုပ်ဖြုတ်ခံရတာကို တွေ့လိုက်ရတယ်။
ကျောက်ယွမ်ကမယုံနိုင်ဖြစ်နေခဲ့တယ်။
"သူမကိုအလုပ်မထုတ်ခင် ဘာလို့ကျွန်မရဲ့ခွင့်ပြုချက်ကိုမတောင်းရတာလဲ ?"
ကျောက်ယွမ်က ကျန့်ယွီဖန်ရဲ့အခန်းကို အမြန်ပြေးသွားခဲ့တယ်။အခန်းလွတ်ကို သူမမြင်တော့ သူမရဲ့မျက်လုံးထောင့်တွေနီရဲလာတယ်။
"သူမဘာလုပ်မိလို့လဲ ? သူမအလုပ်ထုတ်ခံရအောင် ဘာအမှားကျူးလွန်မိလို့လဲ ?"
သူတို့ရဲ့အမေက အပြင်မှာဈေးဝယ်ထွက်နေပြီး အိမ်ပြန်မရောက်သေးဘူး။အိမ်မှာ ကျောက်ယွီနင်နဲ့ အလုပ်သမားအနည်းငယ်သာရှိနေခဲ့တယ်။
ကျောက်ယွီနင်က ဒီကိစ္စတွေကို ဘယ်တော့မှဂရုမစိုက်ခဲ့ဘူး။ထို့အပြင် ဒီနေ့ကျောက်မင်ရှီဆီ ကျောက်ကျန့်ဟွိုက်သွားလည်ပတ်မှုရဲ့ရလဒ်ကို သူသိချင်နေမိတယ်။
ထို့ကြောင့် သူက ကျောက်ယွမ်ကိုသာမန်ကာလျှံနှစ်သိမ့်စကားနည်းနည်းပေးလိုက်တယ်။
သို့သော် သူပြောတာကို သူမနားထောင်လေ သူမပိုစိတ်မကောင်းဖြစ်လာလေဖြစ်ပြီး ခြံထဲကဒန်းပေါ်သွားထိုင်နေခဲ့တယ်။
ဒရိုင်ဘာက ကျောက်ယွမ်ကိုရှင်းပြလာတယ်
"သခင်မလေး သခင်မလေးကစာမေးပွဲဖြေနေတော့ ကျွန်တော်တို့ဒီအကြောင်း သခင်မလေးကိုသတိမပေးနိုင်ခဲ့ဘူး။သခင်မလေးရဲ့အစ်ကိုက အန်တီကျန့်ကို ကျောင်းကသခင်မလေးမင်ရှီဆီ တစ်ခုခုသွားပို့ခိုင်းခဲ့တယ်။ဒါပေမဲ့ သူမရဲ့ဆိုးရွားတဲ့သဘောထားနဲ့ အလိမ်အညာတွေကြောင့် သခင်မလေးရဲ့အစ်ကိုကဒေါသထွက်ပြီး သူမကိုအလုပ်ထုတ်ခဲ့တယ်။"
"ကျွန်မအစ်ကိုကြီးကလား ? " ကျောက်ယွမ် ဒါကိုမယုံနိုင်ဘူး။ "ဒါပေမဲ့ ကျွန်မကအန်တီကျန့်နဲ့အရမ်းရင်းနှီးတယ်ဆိုတာ သူသိတယ်။သူမက ကျွန်မကိုတကယ် တကယ်ကိုကောင်းကောင်းဆက်ဆံတယ်။သူမအမှားသေးသေးလေးလုပ်မိရင်တောင် သူ,မလုပ်သင့်__"
ဒရိုင်ဘာက စကားမပြောရဲဘူး။သူတို့လည်း အတူတူပဲ ခံစားရပေမဲ့ မနေ့က ကျောက်ကျန့်ဟွိုက်ရဲ့ဒေါသအရမ်းထွက်နေပုံကို မြင်ပြီးနောက်ပိုင်း ကျန့်ယွီဖန်ရဲ့ဘက်မှာမရပ်တည်ပေးတာ အကောင်းဆုံးဖြစ်မယ်လို့ သူတို့ခံစားရတယ်။
ကျောက်ယွမ် ဘာတုံ့ပြန်ချက်မှမရတော့ သူမနှလုံးသားထဲဆိုးရွားတဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်။
ဘာကြောင့်သူမရဲ့အစ်ကိုကြီးက ကျောက်မင်ရှီရဲ့အသေးအဖွဲကိစ္စလေးကြောင့် သူမနဲ့အရင်းနှီးဆုံးလူကို အလုပ်ထုတ်လိုက်ရတာလဲ ?
သူမက သူမအစ်ကိုကြီးရဲ့နှလုံးသားထဲမှာ အရေးကြီးဆုံးလူဖြစ်ခဲ့ဖူးတယ်။
အပြင်ဘက်က ကားဘရိတ်အုပ်သံကို ကြားလိုက်ရတယ်။
ကျောက်ယွမ်က တံခါးဂိတ်ဆီ သူမရဲ့နီရဲနေတဲ့မျက်ဝန်းတွေ ၊ ဖြူဖျော့နေတဲ့မျက်နှာနဲ့ လျှောက်သွားခဲ့တယ်။ကျောက်ကျန့်ဟွိုက် ကားပေါ်ကဆင်းလာတာမြင်တာနဲ့သူမနှလုံးသားထဲခံစားနေရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို သူမဆက်မထိန်းထားနိုင်တော့ဘူး။
ကျောက်မင်ရှီက ရုတ်တရက်ကျောင်းပန်းလေးဖြစ်လာတယ် ၊ သူမအစ်ကိုကြီးက သူမကိုနှစ်ကြိမ်ဆက်တိုက်လာမကြိုခဲ့ဘူး ၊ အကြောင်းပြချက်ရေရေရာရာမရှိဘဲ အန်တီကျန့်ပါအလုပ်ထုတ်ခံလိုက်ရတယ်။
သူမက သူမရဲ့ဖိနပ်တွေကိုတောင်မလဲဘဲ ကျောက်ကျန့်ဟွိုက်ရဲ့လက်မောင်းထဲပြေးဝင်သွားခဲ့တယ်။
ဒရိုင်ဘာနဲ့ ကျောက်ယွီနင်က ဒီလိုမြင်ကွင်းမျိုးကိုမြင်နေကျဖြစ်တယ်။ကျောက်ယွီနင်လည်း ပြေးသွားပြီး ကျောက်ကျန့်ဟွိုက်ကို ကျောက်မင်ရှီရဲ့ကိစ္စအကြောင်းမေးချင်ခဲ့ပေမဲ့ အဆုံးမှာ ကျောက်ယွမ်ဆီကလုယက်ခံလိုက်ရပြီး သူ့ကိုအနည်းငယ်မကျေမနပ်နဲ့ မျက်မှောင်ကြုပ်သွားစေခဲ့တယ်။
အခုတစ်လော သူတို့ကြားနှိုင်းယှဉ်မှုတစ်ချို့ပြုလုပ်ပြီးနောက်ပိုင်း ကျောက်မင်ရှီရဲ့ကောင်းတဲ့အချက်တွေကို သူစပြီးနားလည်လာတယ်။သူမကအရသာရှိတဲ့ ဟင်းလျာတွေကိုချက်ပြုတ်နိုင်ရုံသာမက သူနဲ့အတူဂိမ်းဆော့ပေးပြီး ကြောင်လေးတွေလည်းမွေးမြူပေးတယ်။ကျောက်ယွမ်အနေနဲ့ သူတို့ငယ်စဉ်က သူမရဲ့အဖော်ပြုပေးမှုကလွဲပြီး သူမကြီးပြင်းလာတော့ သူတို့ရဲ့အစ်ကိုကြီးကိုပဲ သူမတွယ်ကပ်နေခဲ့တယ်။
ရံဖန်ရံခါ အဲ့ဒီအချိန်တွေကို သူတွေးမိရင် ကျောက်မင်ရှီကသာ အမှန်တကယ်သူနဲ့ဆက်နွယ်နေတဲ့လူဆိုတာ သူနားလည်လာတယ်__
ဒီမိသားစုထဲက ဘယ်သူမှ ကြောင်တွေ ဒါမှမဟုတ် မြေပဲတွေနဲ့ အလက်ဂျစ်မရှိကြဘူး။
ကျောက်ကျန့်ဟွိုက်က သူ့လက်တွေကိုဖွင့်ဟပြီး ကျောက်ယွမ်ကိုပွေ့ဖက်ခွင့်ပြုထားတယ်။မသိစိတ်အလျောက် သူ့အသံကညင်သာသွားတယ် "ဘာဖြစ်လို့လဲ ? တစ်ယောက်ယောက် မင်းကိုအနိုင်ကျင့်လို့လား ?"
သူမအစ်ကိုကြီးရဲ့ သိမ်မွေ့တဲ့အသံကိုကြားချိန်မှသာ သူမစိတ်သက်သာရာရသွားခဲ့တယ်။သူမအရမ်းမှားယွင်းခံရသလို ခံစားရပြီး သူမမျက်ရည်တွေလွတ်လပ်စွာကျဆင်းလာခဲ့တယ်။သူမက သူ့ရဲ့ရင်ဘတ်ကို ပွတ်သပ်လိုက်ရင်း "ဘာလို့ အစ်ကိုအန်တီကျန့်ကိုအလုပ်ထုတ်လိုက်ရတာလဲ ? ညီမကိုဖြေပေး ! "
ကျောက်ယွမ်ကခါတိုင်းဆိုလျှင် သဘောထားကြီးကာ ကြင်နာလေတယ် ဒီလိုနူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်တဲ့လေသံမျိုးက ကျောက်ကျန့်ဟွိုက်ရဲ့နားတွေအတွက်သာ အထူးတလည်သိမ်းထားခြင်းဖြစ်တယ်။
ယခင်ကဆိုလျှင် ကျောက်ကျန့်ဟွိုက် ၎င်းကိုပုံမှန်လိုပဲပြုမူလိုက်မှာဖြစ်ပေမဲ့ အခုတော့ ကျောက်မင်ရှီပြောခဲ့တဲ့စကားတွေက သူ့စိတ်ထဲပေါ်ပေါ်လာနေခဲ့တယ်__"အစ်ကိုတို့နှစ်ယောက်လုံး ထာဝရတည်မြဲတဲ့ထိမ်းမြားမှုလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။"
သူမဘာကိုပြောချင်တာလဲ ? သူကကျောက်ယွမ်ကိုကြိုက်တယ်လို့ မင်ရှီထင်နေတာလား ? ဒါမှမဟုတ်
ကျောက်ယွမ်က သူ့ကိုကြိုက်နေတာလား ? ဒါပေမဲ့ သူကကျောက်ယွမ်ကို သူ့ရဲ့ညီမလေးအဖြစ်အမြဲတမ် တွေးထားခဲ့ပြီး ဘာရည်ရွယ်မှမရှိခဲ့ဘူး။ဒါဘယ်လိုဖြစ်နိုင်မှာလဲ ? မင်ရှီအတွေးလွန်နေတာလား ?
သို့သော် ကျောက်ယွမ်ရဲ့လေသံနဲ့ သူ့လက်မောင်းထဲမှာ သူမရဲ့ကလေးတစ်ယောက်လိုပြုမူနေပုံကို ကျောက်ကျန့်ဟွိုက် ရုတ်တရက်သတိထားမိသွားတယ်။
"အစ်ကိုကြီး ၊ ညီမတို့ငယ်ငယ်တုန်းကလိုမျိုး ညီမလေး ဒီညအစ်ကိုကြီးအခန်းထဲသွားလို့ရမလား ?"
ကျောက်ကျန့်ဟွိုက်ရဲ့မျက်နှာက ရုတ်တရက်ပြောင်းလဲသွားတယ်။
ယွမ်ယွမ်ကများ___?
ဒါမဖြစ်နိုင်ဘူး။
မြောက်များစွာသောအမူအရာတွေ ကျောက်ကျန့်ဟွိုက်ရဲ့မျက်နှာပေါ်ဖြတ်သန်းသွားတယ်။
ဒီနေ့ သူ့ကို ကျောက်မင်ရှီသတိမပေးခဲ့ရင် သဘာဝကျစွာပဲ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဒီဦးတည်ချက်အတိုင်း ကြီးထွားသွားဖို့ သူခွင့်ပြုပေးနေလောက်တယ်။သို့သော် ဒီနေ့မင်ရှီဆီကစကားကိုကြားတော့ ၎င်းကသူ့စိတ်ထဲစူးဝင်နေတဲ့ ငါးရိုးတစ်ချောင်းလိုဖြစ်လာခဲ့တယ်။
ကျောက်ယွမ်ရဲ့သူ့အပေါ်ခံစားချက်တွေကို အခုသူသတိပြုမိသွားတော့ ဒါကိုဆက်ခွင့်ပြုထားဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်ဘူး။
ကျောက်ယွမ်က သူမရဲ့မကျေနပ်ချက်တွေကို ဆက်ပြောရန်ပြင်နေတုန်းမှာပဲ ကျောက်ကျန့်ဟွိုက် ကပြင်းထန်စွာနဲ့သူမကိုအဝေးတွန်းပို့လိုက်တာကို သူမခံစားလိုက်ရတယ်။သူကသူ့အကြည့်တွေကိုရှောင်လွဲှရင်း လှေကားဆီလျှောက်သွားခဲ့တယ်။
"မင်းကအရွယ်နေပြီ။ဒီလိုကိစ္စအသေးအမွှားလေးကြောင့် ငိုနေတာရပ်လိုက်တော့။ကိုယ့်အခန်းထဲမှာပဲ ကိုယ်အိပ်ရမယ်။"
သူမရဲ့အစ်ကိုကြီးက ကသိကအောက်နဲ့သူတို့ကြားအကွာအဝေးခြားလိုက်တာကို ကျောက်ယွမ် အံ့သြတကြီးကြည့်နေခဲ့တယ်။သူက သူ့အခန်းထဲတိုက်ရိုက်ဝင်သွားခဲ့ပြီး သူမကိုငြင်းပယ်သွားခဲ့တယ်။
သူမရိုက်ချခံလိုက်ရသလို သူမနှုတ်ခမ်းကထွက်လာမဲ့ တိုင်တန်းတဲ့စကားလုံးတွေ ရပ်တန့်သွားခဲ့တယ်။
ကျောက်ယွမ် ဒီမြင်ကွင်းကိုကြည့်ပြီး သူမရဲ့သွေးတွေ အေးခဲသွားခဲ့တယ်။တစ်ခုခုမှားနေပြီဆိုတာ သူမအချိန်နှောင်းမှ သဘောပေါက်သွားခဲ့ပြီး သူမရဲ့နှလုံးသားထဲကြောက်ရွံ့လာခဲ့တယ်။
ယခင်ကကျောက်ကျန့်ဟွိုက်က ဘယ်တော့မှ သူမကိုငြင်းဆန်မှာမဟုတ်ဘူး။
ဘယ်ချိန်တည်းက သူ....?