{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter _ 99
📩
Hello

Chapter 98 : Blank

2K 317 16
By whitekiddy

<Unicode>
Chapter 98: Blank

       ဟေးချန်က အသာခေါင်းခါလိုက်ပြီး ဘာရီယန်မိန်းမကြီးကို တခုခုကို ရှင်းပြလိုက်သည်။ဘာဘာရီယန်မိန်းမကြီးကလည်း ဟေးချန်ကို သေချာပြန်ကြည့်ပြီးမှ နောက်ထပ်မီးမငြိမ်းရဘူးဆိုတာကို သဘောတူလိုက်သည်။

     သူမက ဟေးချန်အတွက် သိုးနို့တွေကို နွှေးဖို့ ထသွားလိုက်သည်။ ဒီတခါတော့ ဟေးချန်လည်း မတားတော့ပေ။

   ထိုမိန်းမကြီးက တဲထဲကထွက်သွားတော့မှ ဟေးချန်က ထိုတဲအိုကြီးကို စတင်အကဲခတ်တော့သည်။

   တဲရဲ့ထောင့်တနေရာက သိုးမွှေးစောင်ပေါ်မှာ လူငယ်၂ယောက်က အိပ်နေသည်။တယောက်က ၁၇ ၁၈ခန့်လောက်ရှိနိုင်ပြီး နောက်တစ်ယောက်ကတော့ ၁၀နှစ်အောက်လောက် ရှိနိုင်သည်။

     ထို၂ယောက်ရဲ့မျက်နာက ဖျော့တော့နေ၍ နေမကောင်းဖြစ်နေတယ်ဆိုတာ သိသာသည်။ပြီးတော့ တဲထဲက အနံ့ပြင်းပြင်းထဲမှာလည်း ဆေးနံ့သင်းသင်းလေးတွေ ပါနေသည်။

  အငယ်လေးက အိပ်နေသေးပေမယ့် အကြီးကတော့ ဟေးချန်တို့ တဲထဲကို ခြေစချကထဲက သတိအပြည့်နဲ့ မျက်စိဒေါက်ထောက် ကြည့်နေတာဖြစ်သည်။

   ဟေးချန်ရဲ့ပုံမှန် အေးစက်စက်မျက်နာထက်မှာ အပြုံးတစ်ခုတည်သွားသည်။ဆီမီးအိမ်က ရွှေဝါရောင်ခပ်ဖျော့ဖျာ့ အလင်းက သူ့မျက်နာချောချောထက် ဖျာကျနေပုံက မသေမျိူ းတစ်ယောက်က လူ့လောကကို ဆင်းသက်လာသလိုပင်။ စောင်ပေါ်လှဲနေတဲ့ ထိုလူငယ်လေးကလည်း မြင်ကွင်းကြောင့် အနည်းငယ် ကြောင်စီစီလေး ဖြစ်နေသည်။

  'Myeryen' ဒီလူငယ်လေးက သူ့အရင်ဘဝတုန်းက စတွေ့ခဲ့တဲ့ပုံနဲ့ တစ်ပုံစံထဲပင်။

သူ့မျက်လုံးတွေထဲက သတိအပြည့်ရှိနေတဲ့အချက်ကတောင် ပြောင်းမသွားပေ။

   သူ့အရင်ဘဝတုန်းကဆို ဒီလူငယ်လေးက သူ့ရှေ့မှာ ဒိုင်းသဖွယ် မားမားမတ်မတ်ရပ်တည်ပေးခဲ့ပေမယ့် အသတ်ခံခဲ့ရသည်။ ဒီဘဝမှာတော့ သူက ၃နှစ်စောတွေ့ခွင့်ရခဲ့ပြီး သူ့ကိုကော သူ့မိသားစုကိုပါ ကာကွယ်ပေးတော့မှာဖြစိသည်။

      ဟေးချန်က လဲ့ရွမ်ကို တဲအပြင်ကို ခေါ်လာတော့ ညကောင်းကင်ယံက ကြယ်တွေနဲ့ ပြည့်နှက်နေသည်။ဘာဘာရီယန်စကားကို နားမလည်တဲ့ လဲ့ရွမ်ပင် ထိုဘာဘာရီယန်မိန်းမကြီးရဲ့နမည်က 'ယူရီဟန်'ဖြစ်ပြီး ကောင်လေး၂ယောက်ကိုတော့ 'မိုင်အာယင်' နဲ့ 'နရီဆောင်'လို့ခေါ်ကြကြောင်း သိလိုက်သည်။

   ယူရီဟန်က ဟေးချန်တို့ကို တဲနဲ့အတော်ဝေးဝေးထိ လိုက်ပို့ပေးပြီး သူတို့ရဲ့ပုံရိပ်က သူမမြင်ကွင်းထဲက ပျောက်ကွယ်သွားတာနဲ့ သူမလည်း အိမ်ပြန်လာလိုက်သည်။

    လဲ့ရွမ်လည်း ဟေးချန်အနောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားလိုက်သည်။သူတို့ရဲ့တိတ်ဆိတ်နေမှုက လင်းကျိူ းက အိမ်လေးကို ပြန်ရောက်တဲ့အထိပင်။

  သူတို့ပြန်ရောက်ကြတော့ သာမန်လောက်သာ ကြည့်ကောင်းတဲ့ယောကျာ်းတယောက်က ခြံထဲကိုဝင်လာပြီး ဟေးချန်ကို အိတ်အပြာလေးတစ်ထုတ်ကို ကမ်းပေးသည်။

လဲ့ရွမ်လည်း ဝမ်းသာသွားသည်။
  " သခင်လေး..အဲ့ဒါက မြို့တော်ကပဲ! "

  ဟေးချန်လည်း အိတ်ကိုကိုင်ထားရင်းနဲ့ သူ့ရင်ထဲမှာ ထူးဆန်းတဲ့အာရုံကို ခံစားနေမိသည်။ ဒါပေမယ့်လည်း သူဘာမြင်ချင်နေသလဲဆိုတာကို သူကိုယ်တိုင်လည်း နားမလည်ပေ။

  လဲ့ရွမ်က သူ့သခင်ဖြစ်သူက အိတ်ဖောက်ရင် ချောင်းကြည့်လို့ရအောင်လို့ သူ့သခင်လေးနောက်ကို နီးနီးကပ်ကပ်လိုက်သွားလိုက်သည်။
သခင်မလေးသာ အသားခြောက်ကို ပေးလိုက်သေးရင် သူလည်း ရအုံးမှာပင်!
ဒါပေမယ့် ဘယ်ထင်မိပါ့မလဲ ဟေးချန်က အထုတ်ကိုသယ်ပြီး အခန်းထဲဝင် တံခါးပိတ်ထားလိုက်မယ်လို့လေ။

     ဟေးချန်အခန်းထဲ ရောက်တာနဲ့တပြိုင်နက် မသိစိတ်အရ သူ့ခြေတံရှည်၂တွေက စားပွဲဆီ အချိန်မှီရောက်အောင် လျှောက်လှမ်းမိသွားသည်။ နောက်တချိန်မှာတော့ အိတ်ကို အသာဖြည်ကြည့်လိုက်သည်။

ဟေးချန်:....

   သူနောက်ထပ်တခါလောက် အိတ်ထဲကို ပြန်ကြည့်လိုက်ပြီးမှ မကောင်းတဲ့ ခံစားချက်က သူ့ရင်ထဲက ပေါ်ထွက်သွားသည်။သူ့အသိပြန်ဝင်လာချိန်မှာတော့ အိတ်ထဲက ပစ္စည်းအားလုံးကို ဆွဲထုတ်လိုက်တော့သည်။

အထုတ်က အရင်တခုနဲ့မတူပေ။ အထဲမှာ အဝတ်အစားတချိူ့ကလွဲပြီး စားစရာနဲ့ပက်သတ်တာ တစ်ခုလေးတောင် မပါပေ။

  အထဲမှာက ဈေးကြီးပြီး ကောင်းမွန်းတဲ့သိုးမွှေးထည်တို့ကို ထည့်ထားပေမယ့်လည်း မြောက်ဘက်နယ်စပ်မှာတော့ သူအဲ့လိုတွေကို မဝတ်နိုင်ပေ။

  ဟေးချန်လည်း အရင်တခါက အိမ်တော်ကပေးလိုက်တဲ့အထုတ်လေးကို သတိရမိသွားသည်။

  အရင်အထုတ်ထဲမှာဆို စားစရာတွေ ရေစိုခံဖိနပ်တွေ သက်တောင့်သက်သာရှိတဲ့အတွင်းဝတ်ရုံတွေ လေ့ကျင့်ရေးဆင်းရင်အဆင်ပြေမယ့် ပစ္စည်းတွေအကုန်ပါသည်။အဲ့တာတွေက နည်းနည်းစီလောက်ပဲပါပေမယ့် အကုန်လုံးက သူလိုအပ်နေတဲ့ဟာတွေပင်။အဲ့တာတွေ ထည့်ပေးလိုက်မယ်ဆိုတာတောင် သူမတွေးထားခဲ့မိပေ။

  လဲ့ရွမ်ပြောတာတော့ အဲ့ဒါတွေက သူ့အတွက် အဲ့ဒီမကောင်းတဲ့မိန်းမချူ းလျန်က ပြင်ဆင်ပေးလိုက်တာတဲ့လေ။

   ထိုကဲ့သို့ ဂရုတစိုက်နဲ့ပို့ပေးတာကို ခံရပြီးတဲ့ ဟေးချန်ကတော့ ဒီတခါအိတ်လေးကြောင့် စိတ်မကြည်မလင်ဖြစ်သွားတော့သည်။

   သူလည်း ထူးဆန်းတဲ့ခံစားချက်တွေကို ကြိုးစားဖိနှိမ်လိုက်ရပြီး အဝတ်တွေရဲ့အောက်ဆုံးမှာ ရှိနေတဲ့ စာတွေထည့်ထားတဲ့ သေတ္တာငယ်လေးကို ဟေးချန် ထုတ်ယူလိုက်သည်။ 

      သေတ္တာလေးကို ဖွင့်နေတဲ့ သူ့လက်တွေက မသိမသာတုန်နေပြီး သူ့ရင်ထဲမှာလည်း မရေမရာဖြစ်နေသည်။

  သို့ပေမယ့် သူ သေတ္တာကို ဖွင့်လိုက်တော့ ပထမဆုံးသူမြင်လိုက်တဲ့အရာက အောက်ဆုံးမှာရှိနေတဲ့ လယ်သာစာအိတ်အကြီးကြီးကိုပင်။

ဒီမကောင်းတဲ့မိန်းမ!ထပ်ပြီး ပုံတွေပဲ ဆွဲလိုက်ပြန်ပြီလား?!

ဟမ်! သူသိတာဆိုလို့ ဘယ်လိုအပါးခိုရမလဲပဲ!

  အခု အခန်းထဲမှာ ဟေးချန်တစ်ယောက်ထဲ ရှိနေသည်။ တကယ်လို့ လဲ့ရွမ်သာရှိနေခဲ့ရင် သူ့သခင်လေးရဲ့မျက်နာထက်က အပြုံးဖျော့လေးကို မြင်လိုက်ရမှာပင်။

   ဟေးချန်က အပေါ်ကစာတွေကို ဖယ်ထုတ်လိုက်ပြီး အောက်ဆုံးက စာအိတ်အထူကြီးကို ယူလိုက်သည်။သူလက်တွေနဲ့ အလျင်လိုစွာနဲ့ ဖွင့်ဖောက်နေမိတော့သည်။

   သို့ပေမယ့် ထိုအထဲက စာရွှက်တွေကို ဖြန့်လိုက်ပြီးချိန်မှာတော့ .... ဟေးချန် ပြောစရာစကားမဲ့သွားပြီး  ၁၀စက္ကန့်လောက် ငေးကြည့်နေမိသည်။

    သူ့ရဲ့နွှေးထွေးနေတဲ့မျက်လုံးတွေက ချက်ချင်းကို ဒေါသရိပ်တို့နဲ့ ပြည့်နှက်သွားသည်။ နောက်ဆုံးတော့ သူ့ရဲ့ချောမောတဲ့မျက်နာက သာမန်မျက်လုံးအလျင်နဲ့ မမြင်နိုင်လောက်အောင်ထိ ချက်ချင်းကို တင်းမာမှောင်မိုက်သွားတော့သည်။သို့ပေမယ့် မုတ်ဆိတ်ထူထူပါ ထပ်ပေါင်းလိုက်ရင်တော့ သူ့ပုံစံက  နည်းနည်းတော့ ရယ်စရာကောင်းသွားသည်။

   နောက်တစက္ကန့်လောက်အကြာမှာတော့ ဟေးချန်က ထိုစာရွှက်တွေကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး ထပ်နင်းချေလိုက်တော့သည်။

  ဒီစာရွှက်တွေအကုန်လုံးက ဗြောင်တွေချည်းပဲ!!

ဟေးချန် ဒေါသထွက်လွန်း၍ သူ့အဆုတ်တွေပါ ပေါက်ကွဲထွက်သွားပြီလို့တောင် ခံစားလိုက်ရသည်။

အဲ့...အဲ့ဒီမကောင်းတဲ့မိန်းမကတော့!
ဘယ်လိုတောင် လုပ်ဝံ့ရဲနေသလဲ!

   သူနဲ့ဆက်သွယ်ဖို့အတွက်ကို တကယ်ပဲ စာရွှက်ဗြောင်တွေကို ပို့လိုက်တယ်ပေါ့လေ!
  
  ဟေးချန်က  အခုချက်ချင်း ချူ းလျန်ဆီ သွားလို့မရတာကို မုန်းနေမိသည်။ မဟုတ်ရင် သူက ချူ းလျန်ကို မယားဝတ်ကျေပွန်ဖို့အတွက်ဆိုပြီး ကောင်းကောင်းကြီး ဆုံးမပေးလိုက်မှာပင်။

    စိတ်အခြေနေမကောင်းတဲ့ ဟေးချန်ကတော့ အခန်းထဲမှာပဲ ဟိုဟိုဒီဒီ လှည့်ပတ်လျှောက်နေမိတော့သည်။ သူ့ရဲ့သာမန်ထက်လွန်ကဲတဲ့ စိတ်ရှည်မှုကြောင့်သာမဟုတ်ရင် အခုလောက်ဆို ထိုအခန်းက ပျက်စီးနေလောက်ပြီ ဖြစ်သည်။

   ကျင်းအန်အိမ်တော်မှာတော့ ချူ းလျန်က ကုတင်ပေါ်မှာ တုံးလံူးလှဲနေသည်။ ဟေးချန်ဆီကို စာရွှက်တွေခေါက်ပြီး ထည့်ပေးလိုက်တယ်ဆိုတာတောင် သူမ မေ့နေပြီဖြစ်သည်။

   အိမ်စောင့်တပ်သားခေါင်းဆောင်က Songtaoအဆောင်ကို လာပြီး ဟေးစန်းလန်အတွက် စာများပေးလိုက်အုံးမလား လာမေးတော့ ချူ းလျန်ကလည်း ဟေးချန်ဆီက ပြန်စာရလားလို့ ပြန်မေးလိုက်သည်။
    ခေါင်းဆောင်ကလည်း ဟမ်တွေဟင်းတွေနဲ့ အချိန်အတော်ကြာလုပ်နေပြီး နောက်ဆုံးကျမှ သခင်လေးက ပြန်စာမပို့လိုက်ကြောင်းကို ပြောပြလာတော့သည်။

  ချူ းလျန်လည်း မျက်လုံးတွေကိုသာ လှည့်လိုက်တော့သည်။ ပြီးတာနဲ့ သူမလည်း စာဖတ်ဆောင်ထဲကို သွားလိုက်ပြီး စာရွှက်တွေကိုခေါက်_ စာအိတ်ထဲသေချာထည့်ပြီးမှ ခေါင်းဆောင်ကို ပေးလိုက်သည်။

မျက်လုံးတလုံးအတွက် မျက်လုံးတစ်လံူး။သူကျ ပြန်စာမပို့ပဲ သူမဆီကနေ စာတွေပို့လာအုံးမယ်လို့ ထင်နေရင်တော့ အိမ်မက်ထဲမှာပဲရမယ်!

    ထိုအချိန်မှာ ဟေးစန်းလန်ကလည်း ထိုစာရွှက်ဗြောင်တွေရခဲ့တဲ့ အကြောင်းရင်းက သူ့ပြန်စာမပို့တာကြောင့်ဆိုတာကို မသိပေ။

   လဲ့ရွမ်က သူ့သခင်လေးရဲ့အခန်းကို စောင့်ကြည့်နေတာဖြစ်သည်။ သူက အထဲက ခြေသံတွေကို နားထောင်ရင်းနဲ့ ဘာလို့လဲဆိုတာ သိချင်သွားသည်။
  'သခင်မလေးဆီက စာရလို့ သခင်လေးက အဲ့လောက်တောင် ပျော်နေတာလား? '

   နောက်ထပ် မိနစ်၅၀ခန့်အကြာမှာတော့ ဟေးချန် သူ့ရဲ့ဒေါသတွေကို လုံးဝ ချူ ပ်ထိန်းနိုင်လိုက်သည်။ သူလည်း ခုံမှာပြန်ထိုင်လိုက်ပြီး အခြားစာတွေကို ဖောက်ဖတ်လိုက်သည်။

  ထိုစာတွေကို ဖတ်ပြီးတော့ သူ့မျက်ခုံးတို့က တွန့်ကျိူ းသွားတော့သည်။

   ကြည့်ရတာတော့ မြို့တော်မှာက သူထင်သလောက်တောင် ငြိမ်းချမ်းမနေဘူးပဲ။

  အဲ့ဒီမုန်းစရာကောင်းတဲ့မိန်းမချူ းလျန်ကတော့ တယောက်ထဲနဲ့ အတော်လေး ခရီးရောက်နေပါ့လား။

   သူမက သူမဘာသာ ' ဘွဲ့ ' တစ်ခုရအောင် ယူနိုင်ပြီး ဧကရာဇ်ကိုယ်တိုင် နမည်ချီးမြှင့်တာကိုတောင် ခံလိုက်ရသေးသည်။သူမက နန်းတော်မှာကျင်းပတဲ့ ဆောင်းလယ်ပွဲတော်စားသောက်ပွဲကိုတောင် အဖွားနဲ့အတူ သွားလိုက်သေးသည်။ မြို့စားအိုကျန်းရဲ့ပြန်လည်ကျန်းမာလာမှုကလည်း သူမနဲ့ပက်သက်နေသည်။
ထို့အပြင်က သူမက အဖွားပေးထားတဲ့ဆိုင်နဲ့တောင် စားသောက်ဆိုင်ပြန်ဖွင့်တော့မည်။

  အကြောင်းအချိူ့ကြောင့် လဲ့ရွမ်ပြောခဲ့တဲ့ ဟာသစကားကို ဟေးချန် သတိရမိသွားသည်။
  " သခင်လေးရဲ့ ရာထူးတက်နှုန်းက အရမ်းမြန်တာပဲ! သခင်လေးက မကြာခင်မှာပဲ စစ်သူကြီးဖြစ်လာနိုင်ပြီး သခင်မလေးကလည်း ရာထူးရှိတဲ့သခင်မ ဖြစ်သွားတော့မှာ! "

    ကိုယ်တိုင်ချွပ်ချွပ်ချွန်ချွန် ကြိုးစားအားထုတ်ပြီးရလာတဲ့ အောင်မြင်မှုတွေနဲ့ ကိုယ့်ဇနီးအတွက် အဆင့်အတန်း တစ်ခုကို ရှာဖွေပေးနိုင်တာက ယောကျားတစ်ယောက်အတွက်တော့ ဂုဏ်ယူစရာကိစ္စတစ်ခုပင်။သို့ပေမယ့် သူ့ကြောင့်မဟုတ်ပဲ ဘွဲ့တစ်ခုကိုရသွားတဲ့ အနှီမိန်းမကတော့ ထိုထဲမှာမပါပေ။

  သူ ဂရုစိုက်နေစရာတောင်မလိုပေမယ့်လည်း အကြောင်းတစ်ချိူ့ကြောင့် သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေမိသည်။

   သူက အနာဂတ်မှာ ရားထူးမြင့်တဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရမယ်လို့ ဟေးချန် ကျိန်ဆိုလိုက်သည်။သူက သူမအတွက် ' ပထမအဆင့်ဘွဲ့ရသခင်မ' ဖြစ်အောင် လုပ်ပေးမှာဖြစ်ပြီး သူမရဲ့ လက်ရှိ မဖြစ်စလောက် ' အဆင့်၅ဘွဲ့'လေးကို ရိုက်ချပစ်လိုက်မှာပင်။

သူမက ဟေးစန်းလန်ရဲ့ဇနီးဆိုတဲ့ နမည်နဲ့ပဲ ကမ္ဘာကြီးကို အသိပေးသွားမှာဖြစ်ပြီး ထိုအသေးအဖွဲဘွဲ့ရအမျူိ းသမီးကျင်းယီဆိုတဲ့ နမည်နဲ့တော့ မဟူတ်ပေ။

     သူ့ဒေါသတွေထဲမှာပဲ နစ်မြှပ်နေရင်း  ချူ းလျန်အပေါ်ထားတဲ့ သူ့ခံစားချက်တွေက ပြောင်းလဲသွားတာကို ဟေးချန် မသိလိုက်ပေ။

   ထိုစာတွေအားလုံးထဲမှာမှ မင်းသားကျင်းရဲ့စာက အသေးစိတ်ဆုံးပင်။အကုန်လုံးကို ဖတ်ပြီးသွားတော့ သူ့ရင်ထဲက ယောက်ယက်ခတ်နေတဲ့ခံစားချက်တွေက ထွက်ပေါ်လာပြီး သူလည်း စဉ်းစားမိလိုက်သည်။

   သူ့ရဲ့လျှိ့ဝှက်ဆန်းကြယ်စွာနဲ့ရာထူးတိုးခံရခြင်းရဲ့အကြောင်းကို နောက်ဆုံးတော့ သူသိလိုက်ရသည်။

     အကုန်လုံးက ချူ းလျန်ကြောင့်ဆိုတာကို သိသွားချိန်မှာတော့ သူ့ရင်ထဲက ခံစားချက်တွေကို ဘယ်လိုနမည်တပ်ရမလဲဆိုတာကိုှတောင် ဟေးချန်မသိတော့ပေ။သူသိတာဆိုလို့ အခုပဲ အဲ့ဒီမကောင်းတဲ့မိန်းမကို ဆွဲခေါ် သူ့ရှေ့မှာ ထိုင်စေပြီး ' မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ' လို့ သူမေးလိုက်ချင်တာပင်။

  သူ့စိတ်ထဲက ဝိုးတဝါးအတွေးတွေထဲမှာပဲ တစ်ခုခုက တဖြည်းဖြည်းနဲ့ စတင်ပြီး ထင်ရှားလာသည်။

တကယ်ပဲ သူက ငါ့ကိုကူညီဖို့ကြိုးစားနေတာလား?

ဘာကြောင့်လဲ?

ရှောင်ဝူကျင်း(ရှောင်ပိုင်ကျင်း)က သူမ တကယ်ချစ်တဲ့တစ်ယောက် မဟုတ်ဘူးလား?

  ဟေးချန်လည်း နားကို မလည်နိုင်ဖြစ်နေတော့သည်။

   သူအသက်ပြင်းပြင်းတချက် ရှိုက်ရှူ လိုက်သည်။ သူ့အတွေးတွေကို အနည်ကျဖို့လုပ်တော့ ညလယ်ခေါင်ပင် ရောက်သွားပြီဖြစ်သည်။

   သူလည်း ဖယောင်းတိုင်အသစ်ကို ထွန်းလိုက်ပြီး ခုံမှာပြန်ထိုင်၍ စာရွှက်တရွှက်ကို ထုတ်ယူလိုက်သည်။သူ့စိတ်က တည်ငြိမ်နေ၍ ဒီတခါလက်ရေးကတော့ အရင်တုန်းက ဒေါသတကြီးရေးလိုက်သလို အထွန့်အတက်တွေ ဖြစ်မနေတော့ပေ။ဒီတခါမှာတော့ စာရွှက်ပေါ်က မင်တံက ခိုင်မြဲပြီး အားပါတဲ့ဆွဲချက်တွေနဲ့ ရေးဆွဲနေတော့သည်။

  ထိုစာကို ရေးလို့ပြီးတော့မှပဲ သူလည်း ပင်ပန်းစွာနဲ့ အိပ်ယာထဲ ဝင်လိုက်တော့သည်။

  စားပွဲပေါ်မှာ စာသုံးအိတ်ရှိသည်။ အောက်ဆုံးတစ်အိတ်က အထူဆုံးဖြစ်ပြီး အထဲမှာ စာ၇ရွှက် ၈ရွှက်လောက်ပါသည်။ စာအိတ်ရဲ့အပြင်ဘက်မှာတော့
' ကိုယ်ချစ်ရတဲ့ဇနီး ,သခင်မချူ း ' လို့ရေးထားသည်။

မျက်စိတမှိတ်အတွင်းမှာပဲ စက်တင်ဘာပထမရက်ကို ရောက်သွားခဲ့သည်။

   အချိန်က ဆောင်းတွင်းကာလဖြစ်ပြီး အအေးဓာတ်က မနက်အစောပိုင်းနဲ့ညပိုင်းဆို အမြင့်ဆုံးဖြစ်သည်။

  ထိုရာသီမျိူ းမှာ လုပ်သင့်တဲ့အကောင်းဆုံးအရာကတော့ တနေကုန်အိပ်ယာထဲမှာ နေနေတာပင်။

    အခန်းထဲကို နေရောင်ဖြာကျလာ၍ အရမ်းမအေးသလို အရမ်းလည်း ပူမနေပဲ နေရတာ အဆင်ပြေနေစေသည်။ချူ းလျန်က တကိုယ်လုံးကို စောင်နဲ့ပတ်ထားပြီး မျက်နာလေးပဲဖော်ထားပြီး ပါးနှစ်ဖက်ကလည်း အနည်းငယ်ရဲနေသည်။သူမက နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်မောကျနေဆဲပင်။

  အစေခံကူနဲ့ရှီးယန်တို့က အိပ်ခန်းထဲကို နှုတ်ဆက်ဖို့ ဝင်သွားကြသည်။

  အစေခံကူက လိုက်ကာကို ဖယ်လိုက်ပြီး ကုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။
သူမက ချူ းလျန်ကို ညင်ညင်သာသာ နှစ်ခါလောက် လှုပ်လိုက်ပြီး
  " အိုက်ယား...သခင်မလေးရေ၊  အချိန်ဘယ်လောက်ရှိပြီလဲကြည့်ပါအုံး ၊ သခင်မလေးက အခုထိအိပ်နိုင်နေတုန်းပဲလား?"

  ချူ းလျန်က အိပ်မှုန်စုန်ဖွားနဲ့ ကြည့်ပြီး မေးလိုက်သည်။
  " ဘယ်အချိန်ရှိပြီလဲဟင်? "

  အစေခံကူရဲ့မျက်နာထားက စတင်ပြီး မှောင်မိုက်စပြုလာသည်။
  " သခင်မလေး အခုက နဂါးအချိန်တောင် ရောက်နေပြီ "

  " နဂါးအချိန် ? "
ဒါဆို ၇ခွဲပေါ့။
ချူ းလျန် မျက်လုံးပြန်မှိတ်ပြီး ပြန်အိပ်လိုက်တော့သည်။








<Zawgyi>
Chapter 98: Blank

       ေဟးခ်န္က အသာေခါင္းခါလိုက္ၿပီး ဘာရီယန္မိန္းမႀကီးကို တခုခုကို ရွင္းျပလိုက္သည္။ဘာဘာရီယန္မိန္းမႀကီးကလည္း ေဟးခ်န္ကို ေသခ်ာျပန္ၾကည့္ၿပီးမွ ေနာက္ထပ္မီးမၿငိမ္းရဘူးဆိုတာကို သေဘာတူလိုက္သည္။

     သူမက ေဟးခ်န္အတြက္ သုိးနို႔ေတြကို ေနႊးဖို႔ ထသြားလိုက္သည္။ ဒီတခါေတာ့ ေဟးခ်န္လည္း မတားေတာ့ေပ။

   ထိုမိန္းမႀကီးက တဲထဲကထြက္သြားေတာ့မွ ေဟးခ်န္က ထိုတဲအိုႀကီးကို စတင္အကဲခတ္ေတာ့သည္။

   တဲရဲ႕ေထာင့္တေနရာက သိုးေမႊးေစာင္ေပၚမွာ လူငယ္၂ေယာက္က အိပ္ေနသည္။တေယာက္က ၁၇ ၁၈ခန္႔ေလာက္ရွိနိုင္ၿပီး ေနာက္တစ္ေယာက္ကေတာ့ ၁၀နွစ္ေအာက္ေလာက္ ရွိနိုင္သည္။

     ထို၂ေယာက္ရဲ႕မ်က္နာက ေဖ်ာ့ေတာ့ေန၍ ေနမေကာင္းျဖစ္ေနတယ္ဆိုတာ သိသာသည္။ၿပီးေတာ့ တဲထဲက အနံ႔ျပင္းျပင္းထဲမွာလည္း ေဆးနံ႔သင္းသင္းေလးေတြ ပါေနသည္။

  အငယ္ေလးက အိပ္ေနေသးေပမယ့္ အႀကီးကေတာ့ ေဟးခ်န္တို႔ တဲထဲကို ေျခစခ်ကထဲက သတိအျပည့္နဲ႔ မ်က္စိေဒါက္ေထာက္ ၾကည့္ေနတာျဖစ္သည္။

   ေဟးခ်န္ရဲ႕ပံုမွန္ ေအးစက္စက္မ်က္နာထက္မွာ အၿပံဳးတစ္ခုတည္သြားသည္။ဆီမီးအိမ္က ေရႊဝါေရာင္ခပ္ေဖ်ာ့ဖ်ာ့ အလင္းက သူ႔မ်က္နာေခ်ာေခ်ာထက္ ဖ်ာက်ေနပံုက မေသမ်ိဴ းတစ္ေယာက္က လူ႔ေလာကကို ဆင္းသက္လာသလိုပင္။ ေစာင္ေပၚလွဲေနတဲ့ ထိုလူငယ္ေလးကလည္း ျမင္ကြင္းေၾကာင့္ အနည္းငယ္ ေၾကာင္စီစီေလး ျဖစ္ေနသည္။

  'Myeryen' ဒီလူငယ္ေလးက သူ႔အရင္ဘဝတုန္းက စေတြ႕ခဲ့တဲ့ပံုနဲ႔ တစ္ပံုစံထဲပင္။

သူ႔မ်က္လံုးေတြထဲက သတိအျပည့္ရွိေနတဲ့အခ်က္ကေတာင္ ေျပာင္းမသြားေပ။

   သူ႔အရင္ဘဝတုန္းကဆို ဒီလူငယ္ေလးက သူ႔ေရွ႕မွာ ဒိုင္းသဖြယ္ မားမားမတ္မတ္ရပ္တည္ေပးခဲ့ေပမယ့္ အသတ္ခံခဲ့ရသည္။ ဒီဘဝမွာေတာ့ သူက ၃နွစ္ေစာေတြ႕ခြင့္ရခဲ့ၿပီး သူ႔ကိုေကာ သူ႔မိသားစုကိုပါ ကာကြယ္ေပးေတာ့မွာျဖစိသည္။

      ေဟးခ်န္က လဲ့႐ြမ္ကို တဲအျပင္ကို ေခၚလာေတာ့ ညေကာင္းကင္ယံက ၾကယ္ေတြနဲ႔ ျပည့္နွက္ေနသည္။ဘာဘာရီယန္စကားကို နားမလည္တဲ့ လဲ့႐ြမ္ပင္ ထိုဘာဘာရီယန္မိန္းမႀကီးရဲ႕နမည္က 'ယူရီဟန္'ျဖစ္ၿပီး ေကာင္ေလး၂ေယာက္ကိုေတာ့ 'မိုင္အာယင္' နဲ႔ 'နရီေဆာင္'လို႔ေခၚၾကေၾကာင္း သိလိုက္သည္။

   ယူရီဟန္က ေဟးခ်န္တို႔ကို တဲနဲ႔အေတာ္ေဝးေဝးထိ လိုက္ပို႔ေပးၿပီး သူတို႔ရဲ႕ပံုရိပ္က သူမျမင္ကြင္းထဲက ေပ်ာက္ကြယ္သြားတာနဲ႔ သူမလည္း အိမ္ျပန္လာလိုက္သည္။

    လဲ့႐ြမ္လည္း ေဟးခ်န္အေနာက္ကေန ထပ္ၾကပ္မကြာ လိုက္သြားလိုက္သည္။သူတို႔ရဲ႕တိတ္ဆိတ္ေနမႈက လင္းက်ိဴ းက အိမ္ေလးကို ျပန္ေရာက္တဲ့အထိပင္။

  သူတို႔ျပန္ေရာက္ၾကေတာ့ သာမန္ေလာက္သာ ၾကည့္ေကာင္းတဲ့ေယာက်ာ္းတေယာက္က ၿခံထဲကိုဝင္လာၿပီး ေဟးခ်န္ကို အိတ္အျပာေလးတစ္ထုတ္ကို ကမ္းေပးသည္။

လဲ့႐ြမ္လည္း ဝမ္းသာသြားသည္။
  " သခင္ေလး..အဲ့ဒါက ၿမိဳ႕ေတာ္ကပဲ! "

  ေဟးခ်န္လည္း အိတ္ကိုကိုင္ထားရင္းနဲ႔ သူ႔ရင္ထဲမွာ ထူးဆန္းတဲ့အာရံုကို ခံစားေနမိသည္။ ဒါေပမယ့္လည္း သူဘာျမင္ခ်င္ေနသလဲဆိုတာကို သူကိုယ္တိုင္လည္း နားမလည္ေပ။

  လဲ့႐ြမ္က သူ႔သခင္ျဖစ္သူက အိတ္ေဖာက္ရင္ ေခ်ာင္းၾကည့္လို႔ရေအာင္လို႔ သူ႔သခင္ေလးေနာက္ကို နီးနီးကပ္ကပ္လိုက္သြားလိုက္သည္။
သခင္မေလးသာ အသားေျခာက္ကို ေပးလိုက္ေသးရင္ သူလည္း ရအံုးမွာပင္!
ဒါေပမယ့္ ဘယ္ထင္မိပါ့မလဲ ေဟးခ်န္က အထုတ္ကိုသယ္ၿပီး အခန္းထဲဝင္ တံခါးပိတ္ထားလိုက္မယ္လို႔ေလ။

     ေဟးခ်န္အခန္းထဲ ေရာက္တာနဲ႔တၿပိဳင္နက္ မသိစိတ္အရ သူ႔ေျခတံရွည္၂ေတြက စားပြဲဆီ အခ်ိန္မွီေရာက္ေအာင္ ေလ်ွာက္လွမ္းမိသြားသည္။ ေနာက္တခ်ိန္မွာေတာ့ အိတ္ကို အသာျဖည္ၾကည့္လိုက္သည္။

ေဟးခ်န္:....

   သူေနာက္ထပ္တခါေလာက္ အိတ္ထဲကို ျပန္ၾကည့္လိုက္ၿပီးမွ မေကာင္းတဲ့ ခံစားခ်က္က သူ႔ရင္ထဲက ေပၚထြက္သြားသည္။သူ႔အသိျပန္ဝင္လာခ်ိန္မွာေတာ့ အိတ္ထဲက ပစၥည္းအားလံုးကို ဆြဲထုတ္လိုက္ေတာ့သည္။

အထုတ္က အရင္တခုနဲ႔မတူေပ။ အထဲမွာ အဝတ္အစားတခ်ိဴ ႕ကလြဲၿပီး စားစရာနဲ႔ပက္သတ္တာ တစ္ခုေလးေတာင္ မပါေပ။

  အထဲမွာက ေစ်းႀကီးၿပီး ေကာင္းမြန္းတဲ့သုိးေမႊးထည္တို႔ကို ထည့္ထားေပမယ့္လည္း ေျမာက္ဘက္နယ္စပ္မွာေတာ့ သူအဲ့လိုေတြကို မဝတ္နိုင္ေပ။

  ေဟးခ်န္လည္း အရင္တခါက အိမ္ေတာ္ကေပးလိုက္တဲ့အထုတ္ေလးကို သတိရမိသြားသည္။

  အရင္အထုတ္ထဲမွာဆို စားစရာေတြ ေရစိုခံဖိနပ္ေတြ သက္ေတာင့္သက္သာရွိတဲ့အတြင္းဝတ္ရံုေတြ ေလ့က်င့္ေရးဆင္းရင္အဆင္ေျပမယ့္ ပစၥည္းေတြအကုန္ပါသည္။အဲ့တာေတြက နည္းနည္းစီေလာက္ပဲပါေပမယ့္ အကုန္လံုးက သူလိုအပ္ေနတဲ့ဟာေတြပင္။အဲ့တာေတြ ထည့္ေပးလိုက္မယ္ဆိုတာေတာင္ သူမေတြးထားခဲ့မိေပ။

  လဲ့႐ြမ္ေျပာတာေတာ့ အဲ့ဒါေတြက သူ႔အတြက္ အဲ့ဒီမေကာင္းတဲ့မိန္းမခ်ဴ းလ်န္က ျပင္ဆင္ေပးလိုက္တာတဲ့ေလ။

   ထိုကဲ့သုိ႔ ဂရုတစိုက္နဲ႔ပို႔ေပးတာကို ခံရၿပီးတဲ့ ေဟးခ်န္ကေတာ့ ဒီတခါအိတ္ေလးေၾကာင့္ စိတ္မၾကည္မလင္ျဖစ္သြားေတာ့သည္။

   သူလည္း ထူးဆန္းတဲ့ခံစားခ်က္ေတြကို ႀကိဳးစားဖိနိွမ္လိုက္ရျပီး အဝတ္ေတြရဲ႕ေအာက္ဆံုးမွာ ရွိေနတဲ့ စာေတြထည့္ထားတဲ့ ေသတၲာငယ္ေလးကို ေဟးခ်န္ ထုတ္ယူလိုက္သည္။ 

      ေသတၱာေလးကို ဖြင့္ေနတဲ့ သူ႔လက္ေတြက မသိမသာတုန္ေနၿပီး သူ႔ရင္ထဲမွာလည္း မေရမရာျဖစ္ေနသည္။

  သို႔ေပမယ့္ သူ ေသတၱာကို ဖြင့္လိုက္ေတာ့ ပထမဆံုးသူျမင္လိုက္တဲ့အရာက ေအာက္ဆံုးမွာရွိေနတဲ့ လယ္သာစာအိတ္အႀကီးႀကီးကိုပင္။

ဒီမေကာင္းတဲ့မိန္းမ!ထပ္ၿပီး ပံုေတြပဲ ဆြဲလိုက္ျပန္ၿပီလား?!

ဟမ္! သူသိတာဆိုလို႔ ဘယ္လိုအပါးခိုရမလဲပဲ!

  အခု အခန္းထဲမွာ ေဟးခ်န္တစ္ေယာက္ထဲ ရွိေနသည္။ တကယ္လို႔ လဲ့႐ြမ္သာရွိေနခဲ့ရင္ သူ႔သခင္ေလးရဲ႕မ်က္နာထက္က အၿပံဳးေဖ်ာ့ေလးကို ျမင္လိုက္ရမွာပင္။

   ေဟးခ်န္က အေပၚကစာေတြကို ဖယ္ထုတ္လိုက္ၿပီး ေအာက္ဆံုးက စာအိတ္အထူႀကီးကို ယူလိုက္သည္။သူလက္ေတြနဲ႔ အလ်င္လိုစြာနဲ႔ ဖြင့္ေဖာက္ေနမိေတာ့သည္။

   သို႔ေပမယ့္ ထိုအထဲက စာရႊက္ေတြကို ျဖန္႔လိုက္ၿပီးခ်ိန္မွာေတာ့ .... ေဟးခ်န္ ေျပာစရာစကားမဲ့သြားၿပီး  ၁၀စကၠန္႔ေလာက္ ေငးၾကည့္ေနမိသည္။

    သူ႔ရဲ႕ေနႊးေထြးေနတဲ့မ်က္လံုးေတြက ခ်က္ခ်င္းကို ေဒါသရိပ္တို႔နဲ႔ ျပည့္နွက္သြားသည္။ ေနာက္ဆံုးေတာ့ သူ႔ရဲ႕ေခ်ာေမာတဲ့မ်က္နာက သာမန္မ်က္လံုးအလ်င္နဲ႔ မျမင္နိုင္ေလာက္ေအာင္ထိ ခ်က္ခ်င္းကို တင္းမာေမွာင္မိုက္သြားေတာ့သည္။သို႔ေပမယ့္ မုတ္ဆိတ္ထူထူပါ ထပ္ေပါင္းလိုက္ရင္ေတာ့ သူ႔ပံုစံက  နည္းနည္းေတာ့ ရယ္စရာေကာင္းသြားသည္။

   ေနာက္တစကၠန္႔ေလာက္အၾကာမွာေတာ့ ေဟးခ်န္က ထိုစာရႊက္ေတြကို ေျမျပင္ေပၚ ပစ္ခ်လိုက္ၿပီး ထပ္နင္းေခ်လိုက္ေတာ့သည္။

  ဒီစာရႊက္ေတြအကုန္လံုးက ေျဗာင္ေတြခ်ည္းပဲ!!

ေဟးခ်န္ ေဒါသထြက္လြန္း၍ သူ႔အဆုတ္ေတြပါ ေပါက္ကြဲထြက္သြားၿပီလို႔ေတာင္ ခံစားလိုက္ရသည္။

အဲ့...အဲ့ဒီမေကာင္းတဲ့မိန္းမကေတာ့!
ဘယ္လိုေတာင္ လုပ္ဝံ့ရဲေနသလဲ!

   သူနဲ႔ဆက္သြယ္ဖို႔အတြက္ကို တကယ္ပဲ စာရႊက္ေျဗာင္ေတြကို ပို႔လိုက္တယ္ေပါ့ေလ!
  
  ေဟးခ်န္က  အခုခ်က္ခ်င္း ခ်ဴ းလ်န္ဆီ သြားလို႔မရတာကို မုန္းေနမိသည္။ မဟုတ္ရင္ သူက ခ်ဴ းလ်န္ကို မယားဝတ္ေက်ပြန္ဖို႔အတြက္ဆိုၿပီး ေကာင္းေကာင္းႀကီး ဆံုးမေပးလိုက္မွာပင္။

    စိတ္အေျခေနမေကာင္းတဲ့ ေဟးခ်န္ကေတာ့ အခန္းထဲမွာပဲ ဟိုဟိုဒီဒီ လွည့္ပတ္ေလ်ွာက္ေနမိေတာ့သည္။ သူ႔ရဲ႕သာမန္ထက္လြန္ကဲတဲ့ စိတ္ရွည္မႈေၾကာင့္သာမဟုတ္ရင္ အခုေလာက္ဆို ထိုအခန္းက ပ်က္စီးေနေလာက္ၿပီ ျဖစ္သည္။

   က်င္းအန္အိမ္ေတာ္မွာေတာ့ ခ်ဴ းလ်န္က ကုတင္ေပၚမွာ တံုးလံူးလဲွေနသည္။ ေဟးခ်န္ဆီကို စာရႊက္ေတြေခါက္ၿပီး ထည့္ေပးလိုက္တယ္ဆိုတာေတာင္ သူမ ေမ့ေနၿပီျဖစ္သည္။

   အိမ္ေစာင့္တပ္သားေခါင္းေဆာင္က Songtaoအေဆာင္ကို လာၿပီး ေဟးစန္းလန္အတြက္ စာမ်ားေပးလိုက္အံုးမလား လာေမးေတာ့ ခ်ဴ းလ်န္ကလည္း ေဟးခ်န္ဆီက ျပန္စာရလားလို႔ ျပန္ေမးလိုက္သည္။
    ေခါင္းေဆာင္ကလည္း ဟမ္ေတြဟင္းေတြနဲ႔ အခ်ိန္အေတာ္ၾကာလုပ္ေနၿပီး ေနာက္ဆံုးက်မွ သခင္ေလးက ျပန္စာမပို႔လိုက္ေၾကာင္းကို ေျပာျပလာေတာ့သည္။

  ခ်ဴ းလ်န္လည္း မ်က္လံုးေတြကိုသာ လွည့္လိုက္ေတာ့သည္။ ၿပီးတာနဲ႔ သူမလည္း စာဖတ္ေဆာင္ထဲကို သြားလိုက္ၿပီး စာရႊက္ေတြကိုေခါက္_ စာအိတ္ထဲေသခ်ာထည့္ၿပီးမွ ေခါင္းေဆာင္ကို ေပးလိုက္သည္။

မ်က္လံုးတလံုးအတြက္ မ်က္လံုးတစ္လံူး။သူက် ျပန္စာမပို႔ပဲ သူမဆီကေန စာေတြပို႔လာအံုးမယ္လို႔ ထင္ေနရင္ေတာ့ အိမ္မက္ထဲမွာပဲရမယ္!

    ထိုအခ်ိန္မွာ ေဟးစန္းလန္ကလည္း ထိုစာရႊက္ေျဗာင္ေတြရခဲ့တဲ့ အေၾကာင္းရင္းက သူ႔ျပန္စာမပို႔တာေၾကာင့္ဆိုတာကို မသိေပ။

   လဲ့႐ြမ္က သူ႔သခင္ေလးရဲ႕အခန္းကို ေစာင့္ၾကည့္ေနတာျဖစ္သည္။ သူက အထဲက ေျခသံေတြကို နားေထာင္ရင္းနဲ႔ ဘာလို႔လဲဆိုတာ သိခ်င္သြားသည္။
  'သခင္မေလးဆီက စာရလို႔ သခင္ေလးက အဲ့ေလာက္ေတာင္ ေပ်ာ္ေနတာလား? '

   ေနာက္ထပ္ မိနစ္၅၀ခန္႔အၾကာမွာေတာ့ ေဟးခ်န္ သူ႔ရဲ႕ေဒါသေတြကို လံုးဝ ခ်ဴ ပ္ထိန္းနိုင္လိုက္သည္။ သူလည္း ခံုမွာျပန္ထိုင္လိုက္ၿပီး အျခားစာေတြကို ေဖာက္ဖတ္လိုက္သည္။

  ထိုစာေတြကို ဖတ္ၿပီးေတာ့ သူ႔မ်က္ခံုးတို႔က တြန္႔က်ိဴ းသြားေတာ့သည္။

   ၾကည့္ရတာေတာ့ ၿမိဳ႕ေတာ္မွာက သူထင္သေလာက္ေတာင္ ၿငိမ္းခ်မ္းမေနဘူးပဲ။

  အဲ့ဲဒီမုန္းစရာေကာင္းတဲ့မိန္းမခ်ဴ းလ်န္ကေတာ့ တေယာက္ထဲနဲ႔ အေတာ္ေလး ခရီးေရာက္ေနပါ့လား။

   သူမက သူမဘာသာ ' ဘြဲ႕ ' တစ္ခုရေအာင္ ယူနိုင္ၿပီး ဧကရာဇ္ကိုယ္တိုင္ နမည္ခ်ီးျမႇင့္တာကိုေတာင္ ခံလိုက္ရေသးသည္။သူမက နန္းေတာ္မွာက်င္းပတဲ့ ေဆာင္းလယ္ပြဲေတာ္စားေသာက္ပြဲကိုေတာင္ အဖြားနဲ႔အတူ သြားလိုက္ေသးသည္။ ၿမိဳ႕စားအိုက်န္းရဲ႕ျပန္လည္က်န္းမာလာမႈကလည္း သူမနဲ႔ပက္သက္ေနသည္။
ထို႔အျပင္က သူမက အဖြားေပးထားတဲ့ဆိုင္နဲ႔ေတာင္ စားေသာက္ဆိုင္ျပန္ဖြင့္ေတာ့မည္။

  အေၾကာင္းအခ်ိဴ ႕ေၾကာင့္ လဲ့႐ြမ္ေျပာခဲ့တဲ့ ဟာသစကားကို ေဟးခ်န္ သတိရမိသြားသည္။
  " သခင္ေလးရဲ႕ ရာထူးတက္နႈန္းက အရမ္းျမန္တာပဲ! သခင္ေလးက မၾကာခင္မွာပဲ စစ္သူႀကီးျဖစ္လာနိုင္ၿပီး သခင္မေလးကလည္း ရာထူးရွိတဲ့သခင္မ ျဖစ္သြားေတာ့မွာ! "

    ကိုယ္တိုင္ခြၽပ္ခြၽပ္ခြၽန္ခြၽန္ ႀကိဳးစားအားထုတ္ၿပီးရလာတဲ့ ေအာင္ျမင္မႈေတြနဲ႔ ကိုယ့္ဇနီးအတြက္ အဆင့္အတန္း တစ္ခုကို ရွာေဖြေပးနိုင္တာက ေယာက်ား္တစ္ေယာက္အတြက္ေတာ့ ဂုဏ္ယူစရာကိစၥတစ္ခုပင္။သို႔ေပမယ့္ သူ႔ေၾကာင့္မဟုတ္ပဲ ဘြဲ႕တစ္ခုကိုရသြားတဲ့ အနွီမိန္းမကေတာ့ ထိုထဲမွာမပါေပ။

  သူ ဂရုစိုက္ေနစရာေတာင္္မလိုေပမယ့္လည္း အေၾကာင္းတစ္ခ်ိဴ ႕ေၾကာင့္ သူ႔ကိုယ္သူ မေက်မနပ္ ျဖစ္ေနမိသည္။

   သူက အနာဂတ္မွာ ရားထူးျမင့္တဲ့ပုဂၢိဳလ္တစ္ဦး ျဖစ္လာရမယ္လို႔ ေဟးခ်န္ က်ိန္ဆိုလိုက္သည္။သူက သူမအတြက္ ' ပထမအဆင့္ဘြဲ႕ရသခင္မ' ျဖစ္ေအာင္ လုပ္ေပးမွာျဖစ္ၿပီး သူမရဲ႕ လက္ရွိ မျဖစ္စေလာက္ ' အဆင့္၅ဘြဲ႕'ေလးကို ရိုက္ခ်ပစ္လိုက္မွာပင္။

သူမက ေဟးစန္းလန္ရဲ႕ဇနီးဆိုတဲ့ နမည္နဲ႔ပဲ ကမာၻႀကီးကို အသိေပးသြားမွာျဖစ္ၿပီး ထိုအေသးအဖြဲဘြဲ႕ရအမ်ဴိ းသမီးက်င္းယီဆိုတဲ့ နမည္နဲ႔ေတာ့ မဟူတ္ေပ။

     သူ႔ေဒါသေတြထဲမွာပဲ နစ္ျမႇပ္ေနရင္း  ခ်ဴ းလ်န္အေပၚထားတဲ့ သူ႔ခံစားခ်က္ေတြက ေျပာင္းလဲသြားတာကို ေဟးခ်န္ မသိလိုက္ေပ။

   ထိုစာေတြအားလံုးထဲမွာမွ မင္းသားက်င္းရဲ႕စာက အေသးစိတ္ဆံုးပင္။အကုန္လံုးကို ဖတ္ၿပီးသြားေတာ့ သူ႔ရင္ထဲက ေယာက္ယက္ခတ္ေနတဲ့ခံစားခ်က္ေတြက ထြက္ေပၚလာၿပီး သူလည္း စဥ္းစားမိလိုက္သည္။

   သူ႔ရဲ႕လ်ွိ႔ဝွက္ဆန္းၾကယ္စြာနဲ႔ရာထူးတိုးခံရျခင္းရဲ႕အေၾကာင္းကို ေနာက္ဆံုးေတာ့ သူသိလိုက္ရသည္။

     အကုန္လံုးက ခ်ဴ းလ်န္ေၾကာင့္ဆိုတာကို သိသြားခ်ိန္မွာေတာ့ သူ႔ရင္ထဲက ခံစားခ်က္ေတြကို ဘယ္လိုနမည္တပ္ရမလဲဆိုတာကိုွေတာင္ ေဟးခ်န္မသိေတာ့ေပ။သူသိတာဆိုလို႔ အခုပဲ အဲ့ဒီမေကာင္းတဲ့မိန္းမကို ဆြဲေခၚ သူ႔ေရွ႕မွာ ထိုင္ေစၿပီး ' မင္း ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ' လို႔ သူေမးလိုက္ခ်င္တာပင္။

  သူ႔စိတ္ထဲက ဝိုးတဝါးအေတြးေတြထဲမွာပဲ တစ္ခုခုက တျဖည္းျဖည္းနဲ႔ စတင္ၿပီး ထင္ရွားလာသည္။

တကယ္ပဲ သူက ငါ့ကိုကူညီဖို႔ႀကိဳးစားေနတာလား?

ဘာေၾကာင့္လဲ?

ေရွာင္ဝူက်င္း(ေရွာင္ပိုင္က်င္း)က သူမ တကယ္ခ်စ္တဲ့တစ္ေယာက္ မဟုတ္ဘူးလား?

  ေဟးခ်န္လည္း နားကို မလည္နိုင္ျဖစ္ေနေတာ့သည္။

   သူအသက္ျပင္းျပင္းတခ်က္ ရိႈက္ရွဴ လိုက္သည္။ သူ႔အေတြးေတြကို အနည္က်ဖို႔လုပ္ေတာ့ ညလယ္ေခါင္ပင္ ေရာက္သြားၿပီျဖစ္သည္။

   သူလည္း ဖေယာင္းတိုင္အသစ္ကို ထြန္းလိုက္ၿပီး ခံုမွာျပန္ထိုင္၍ စာရႊက္တရႊက္ကို ထုတ္ယူလိုက္သည္။သူ႔စိတ္က တည္ၿငိမ္ေန၍ ဒီတခါလက္ေရးကေတာ့ အရင္တုန္းက ေဒါသတႀကီးေရးလိုက္သလို အထြန္႔အတက္ေတြ ျဖစ္မေနေတာ့ေပ။ဒီတခါမွာေတာ့ စာရႊက္ေပၚက မင္တံက ခိုင္ၿမဲၿပီး အားပါတဲ့ဆြဲခ်က္ေတြနဲ႔ ေရးဆြဲေနေတာ့သည္။

  ထိုစာကို ေရးလို႔ၿပီးေတာ့မွပဲ သူလည္း ပင္ပန္းစြာနဲ႔ အိပ္ယာထဲ ဝင္လိုက္ေတာ့သည္။

  စားပြဲေပၚမွာ စာသံုးအိတ္ရွိသည္။ ေအာက္ဆံုးတစ္အိတ္က အထူဆံုးျဖစ္ၿပီး အထဲမွာ စာ၇ရႊက္ ၈ရႊက္ေလာက္ပါသည္။ စာအိတ္ရဲ႕အျပင္ဘက္မွာေတာ့
' ကိုယ္ခ်စ္ရတဲ့ဇနီး ,သခင္မခ်ဴ း ' လို႔ေရးထားသည္။

မ်က္စိတမွိတ္အတြင္းမွာပဲ စက္တင္ဘာပထမရက္ကို ေရာက္သြားခဲ့သည္။

   အခ်ိန္က ေဆာင္းတြင္းကာလျဖစ္ၿပီး အေအးဓာတ္က မနက္အေစာပိုင္းနဲ႔ညပိုင္းဆို အျမင့္ဆံုးျဖစ္သည္။

  ထိုရာသီမ်ိဴ းမွာ လုပ္သင့္တဲ့အေကာင္းဆံုးအရာကေတာ့ တေနကုန္အိပ္ယာထဲမွာ ေနေနတာပင္။

    အခန္းထဲကို ေနေရာင္ျဖာက်လာ၍ အရမ္းမေအးသလို အရမ္းလည္း ပူမေနပဲ ေနရတာ အဆင္ေျပေနေစသည္။ခ်ဴ းလ်န္က တကုိယ္လံုးကို ေစာင္နဲ႔ပတ္ထားၿပီး မ်က္နာေလးပဲေဖာ္ထားၿပီး ပါးနွစ္ဖက္ကလည္း အနည္းငယ္ရဲေနသည္။သူမက နွစ္နွစ္ၿခိဳက္ၿခိဳက္ပဲ အိပ္ေမာက်ေနဆဲပင္။

  အေစခံကူနဲ႔ရွီးယန္တို႔က အိပ္ခန္းထဲကို နႈတ္ဆက္ဖို႔ ဝင္သြားၾကသည္။

  အေစခံကူက လိုက္ကာကို ဖယ္လိုက္ၿပီး ကုတင္ေဘးမွာ ဝင္ထိုင္လိုက္သည္။
သူမက ခ်ဴ းလ်န္ကို ညင္ညင္သာသာ နွစ္ခါေလာက္ လႈပ္လိုက္ၿပီး
  " အိုက္ယား...သခင္မေလးေရ၊  အခ်ိန္ဘယ္ေလာက္ရွိၿပီလဲၾကည့္ပါအံုး ၊ သခင္မေလးက အခုထိအိပ္နိုင္ေနတုန္းပဲလား?"

  ခ်ဴ းလ်န္က အိပ္မႈန္စုန္ဖြားနဲ႔ ၾကည့္ၿပီး ေမးလိုက္သည္။
  " ဘယ္အခ်ိန္ရွိၿပီလဲဟင္? "

  အေစခံကူရဲ႕မ်က္နာထားက စတင္ၿပီး ေမွာင္မိုက္စျပဳလာသည္။
  " သခင္မေလး အခုက နဂါးအခ်ိန္ေတာင္ ေရာက္ေနၿပီ "

  " နဂါးအခ်ိန္ ? "
ဒါဆို ၇ခြဲေပါ့။
ခ်ဴ းလ်န္ မ်က္လံုးျပန္မွိတ္ၿပီး ျပန္အိပ္လိုက္ေတာ့သည္။






Continue Reading

You'll Also Like

33.7K 1.7K 73
true love never exists right?? or If it does than only give pain. "It's amazing how someone can break your heart, and you can still love them with al...
160K 7.8K 92
𝑰𝒏𝒅𝒖𝒍𝒆𝒌𝒉𝒂, a young cheerful girl from Kaliyug, is reborn as the sister of the Pandavas after she dies. She was the apple of their eyes, thei...
9.6K 661 49
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
35.7K 5.3K 56
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း