{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

Por whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... Más

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 94+95

1.8K 325 10
Por whitekiddy

Zawgyi

Chapter 94: A Test

    ခ်ဴ းလ်န္က ၿပံဳး၍
  " ၿမိဳ႕စားအိုကေတာ္က်န္းက ခဏေလာက္ေစာင့္ေပးပါရွင့္၊ အရင္ဆံုး ကြၽန္မက အဖြားနဲ႔တိုင္ပင္လိုက္ပါအံုးမယ္၊ ၿပီးေတာ့ ရလာဒ္ေၾကာင့္ စိတ္မညစ္ေစရပါဘူး "

   ကုိယ့္ဘက္က လြန္ေနတာကို သိတဲ့ ေယာကၡမနဲ႔ေခြၽးမတို႔လည္း တစ္ေယာက္နဲ႔တစ္ေယာက္အၾကည့္ဖလွယ္မိၾကၿပီး ခ်က္ခ်င္းသေဘာတူလိုက္ၾကသည္။ၿမိဳ႕စားအိုကေတာ္က သူတို႔အတြက္ အေစခံတစ္ေယာက္ကို အခန္းတစ္ခုကို လိုက္ျပေစသည္။

   အခန္းထဲေရာက္ေတာ့ သခင္မႀကီးေဟးက ခ်ဴ းလ်န္ရဲ႕လက္ကို ဆုတ္ကိုင္လိုက္ၿပီး
  " လ်န္အာ...ဒီကိစၥမွာ သူတို႔က မွားေနတဲ့သူပါ၊ မင္းသူတို႔ကို အားနာေနဖို႔ မလိုဘူး ကေလး"

   ခ်ဴ းလ်န္က သခင္မႀကီးေဟးကို ထိုင္ဖို႔ ကူေပးလိုက္ၿပီး
  " အဖြားက သမီးကို အခြင့္အေရးယူခံရမွာစုိးလို႔ ကာကြယ္ေပးေနတယ္ဆိုတာ သမီးသိပါတယ္၊ၿပီးေတာ့လည္း ဒီကိစၥက အဖြားထင္သေလာက္ မခက္ခဲေနပါဘူး၊ဒီေျမးမမွာ ေျဖရွင္းဖို႔ နည္းလမ္းေတြအမ်ားႀကီးရွိတယ္! အဖြားက ဒီမွာသာ ခဏေလာက္ေအးေဆးထိုင္ေနလိုက္...ဒီေျမးမက အဆင္ေျပေအာင္ ၾကည့္လုပ္လိုက္ပါ့မယ္ "

   သခင္မႀကီးေဟးလည္း သူ႔ေျမးေခြၽးမေလးကို ပိုလို႔ေတာင္ အထင္ႀကီးသြားေတာ့သည္။ အခုလိုလုပ္တာက နွစ္ဖက္လံုးအတြက္ အဆင္ေျပနိုင္တယ္ဆိုမွေတာ့ နွစ္ဦးနွစ္ဖက္ဆက္ဆံေရးကလည္း တင္းမာမႈေတြနဲ႔ အဆံုးသတ္ေတာ့မည္မဟုတ္ေပ။     

  " ေကာင္းပါၿပီ...အဖြားက မင္းရဲ႕စကားကို နားေထာင္ပါ့မယ္ "

  အခန္းထဲမွာက ခ်ဴ းလ်န္တို႔၂ေယာက္အျပင္ သူမရဲ႕အယံုၾကည္ရဆံုးအေစခံ၂ေယာက္လည္း ရွိေနခဲ့သည္။ခ်ဴ းလ်န္က ရွီးယန္နဲ႔မင္ယန္ကို တည့္တည့္စိုက္ၾကည့္လိုက္သည္။

   ခ်ဴ းလ်န္ရဲ႕အၾကည့္ေၾကာင့္ သူတို႔၂ေယာက္လည္း ေတာင့္တင္းသြားၿပီး တၿပိဳင္နက္ထဲ ခ်ဴ းလ်န္ဘာေတြးေနတာလဲဆိုတာကိုလည္း သူတို႔ရိပ္မိသြားသည္။

   ခ်ဴ းလ်န္က သူတို႔ရဲ႕မ်က္နာေပၚက ေျပာင္းလဲမႈေတြကို အကဲခတ္ရင္းနဲ႔ ေျပာလိုက္သည္။
  " ငါေတြးေနတဲ့ဟာကို နင္တို႔လည္း ရိပ္မိေလာက္ၿပီလို႔ ငါထင္တယ္၊ ၿမိဳ႕စားအိုအတြက္ ျပဳစုေပးဖို႔ တစ္ေယာက္ေယာက္လိုေနတယ္ ဒါေပမယ့္ ငါကလည္း က်န္းအိမ္ေတာ္မွာ ေနဖို႔မသင့္ဘူး၊ နင္တို႔ငါ့အနားမွာေနလာခဲ့တာၾကာၿပီ ၊ ငါလည္း ခ်က္ျပဳတ္နည္းေတြကို နင္တို႔မသိရေစေအာင္ဆိုၿပီး တခါမွ ဖံုးကြယ္မထားခဲ့ဘူး၊
နင္တို႔လည္း အေတာ္ေလး လုပ္တတ္ေနၾကၿပီ၊ အင္း...အခုနင္တို႔ရဲ႕အရည္အေသြးကို ထုတ္ျပလို႔ရမယ့္ အခြင့္အေရးက ရွိလာၿပီဆိုေတာ့....ဘယ္သူက ဒီအိမ္ေတာ္မွာေနရစ္ခဲ့ၿပီး ၿမိဳ႕စားအိုအတြက္ ခ်က္ျပဳတ္ေပးခ်င္လဲ?"

  ခ်ဴ းလ်န္ေျပာလို႔ဆံုးတာနဲ႔ ရွီးယန္ရဲ႕မ်က္နာထက္မွာ အလိုမရွိျခင္း စိုးရိမ္ျခင္းတို႔ ႀကီးစိုးသြားသည္။ေျပာင္းျပန္အားျဖင့္ မင္းယန္က ရွီးယန္ထက္ ပိုတည္ၿငိမ္ေနသည္။သူမက တခ်ိန္လံုး ေခါင္းငံု႔ထား၍ သူမဘာေတြးေနတာလဲဆိုတာကို ခ်ဴ းလ်န္မေျပာနိုင္ေပ။

   ခ်ဴ းလ်န္က သူတို႔ဘက္က ဘာမွေျပာမလာ၍ ဆက္ရွင္းျပလိုက္သည္။
  " နင္တို႔၂ေယာက္လံုးက ပထမတန္းစားအေစခံေတြဆိုေတာ့ ငါလည္း ဒီလိုမ်ိဴ းနင္တို႔ကို
မလႊတ္ခ်င္ပါဘူး၊ ၿမိဳ႕စားအိုသက္သာလာတာနဲ႔ ငါက ျပန္ေခၚဖို႔ စီစဥ္ထားၿပီးသား၊ နင္တို႔ မေနခဲ့ခ်င္ရင္လည္း ငါကအတင္းမတိုက္တြန္းပါဘူး၊ ငါတို႔စဥ္းစားလို႔ရနိုင္တဲ့ အေျဖေတြ အမ်ားႀကီးရွိပါေသးတယ္ "

  ခ်ဴ းလ်န္လည္း သူမ်ားကို တြန္းအားေပးၿပီး မခိုင္းခ်င္ေပ။သို႔ေပမယ့္လည္း ၿမိဳ႕စားအုိက်န္းကို ျပဳစုေပးရတာက သူတို႔အတြက္ ရွားပါးအခြင့္အေရးပင္။သူတို႔နွစ္ေယာက္ကလည္း မိုက္မဲတဲ့သူေတြ မဟုတ္ၾကေပ။ထိုအခြင့္ေရးကေန သူတို႔အတြက္ အက်ိဴ းရလာဒ္ေတြ ရွိလာနိုင္တယ္ဆိုတာ သူတို႔လည္း ေကာင္း၂သိၾကသည္။

     ခ်ဴ းလ်န္ရဲ႕ရွင္းျပျခင္းအၿပီး ရွီးယန္က သိသိသာသာ စိတ္ေအးသြားပံုရေပမယ့္ မင္ယန္ကေတာ့ ရုတ္တရက္ တင္း၂ၾကပ္၂ျဖစ္သြားသည္။

" နင္တို႔စိတ္ထဲကအတိုင္းသာ ရိုးရိုးသားသား ထုတ္ေျပာလိုက္၊ နင္တို႔ရဲ႕ေရႊးခ်ယ္မႈကို ငါအျပစ္မျမင္ပါဘူး"

   ခ်က္ခ်င္းဆိုသလိုပဲ ရွီးယန္က အသက္ျပင္းျပင္းတခ်က္ရႈထုတ္လိုက္ၿပီး သတၲိေမြး၍ တုန္၂ယင္၂နဲ႔ ေျပာသည္။
  " တတိယသခင္မေလး...ဒီအေစခံ မေနခဲ့ခ်င္ပါဘူး..ဒီအေစခံက...သခင္မေလးနားမွာပဲ ခစားခ်င္တာပါ "

   ခ်ဴ းလ်န္ အံ့အားသင့္မိေပမယ့္လည္း ၿပံဳးလ်က္  " ဒါဆိုလည္း ငါ့နားမွာပဲေန ၊ မင္ယန္ကေကာ?"

   ရွီးယန္ရဲ႕တံု႔ျပန္ပံုေၾကာင့္ မင္ယန္ကပိုၿပီးေတာင္ တုန္လႈပ္သြားသည္။သို႔ေပမယ့္လည္း သူမကေတာ့ ပိုၿပီးအက်ိဴ းရွိနိုင္မယ့္ဘက္ကိုသာ ေရႊးခ်ယ္မိေနဆဲပင္။သူမက ခ်ဴ းလ်န္ရဲ႕မ်က္လံုးေတြထဲကို ၾကည့္ၿပီးေတာ့
  " တတိယသခင္မေလး ... ဒီအေစခံက ၿမိဳ႕စားအုိက်န္းကို ျပဳစုေပးဖို႔အတြက္ ေနခဲ့ခ်င္ပါတယ္"

  မင္ယန္က မ်က္ဝန္းက်ယ္က်ယ္ေလးေတြနဲ႔ မ်က္ရစ္နွစ္ရစ္ရွိသည္။ဖုယန္နဲ႔ယွဥ္လိုက္ရင္ေတာ့ သူမက ပိုၿပီးေတာင္ ေဖာ္ေရႊမႈမရွိေပ။
မူလဝတၳဳထဲမွာ မင္ယန္ရဲ႕အေၾကာင္းကို မ်ားမ်ားစားစား မေဖာ္ျပထားေပ။ၿပီးေတာ့ သူမနဲ႔အတူ ေနလာတဲ့တေလ်ွာက္လံုးမွာလည္း မင္ယန္ရဲ႕ခ်ိဴ ႕တဲ့ခ်က္ကို ခ်ဴ းလ်န္သတိမျပဳမိေပ။
သို႔ေပမယ့္ သူမတို႔က နီး၂ကပ္၂ေနရ၍ မင္ယန္ရဲ႕စိတ္သေဘာထားကို အၿမဲတမ္း စစ္ေဆးၾကည့္လို႔ရသည္။ ဒီေန႔ကိစၥကလည္း စစ္ေဆးဖို႔အတြက္ အခြင့္အလမ္းျဖစ္ၿပီး ကံမေကာင္းစြာနဲ႔ မင္ယန္က သူမကို စိတ္ပ်က္သြားေစသည္။

   သု္႔ေပမယ့္ ဒါက သူမရဲ႕ကိုယ္ပိုင္ေရႊးခ်ယ္မႈျဖစ္၍ ခ်ဴ းလ်န္ကလည္း အျပစ္တင္ေနမွာ မဟုတ္ေပ။

   ခ်ဴ းလ်န္ရဲ႕မ်က္နာထားက အေတြးေတြကို ေဖာ္ျပထားျခင္းမရွိေပ။ သူမက ခ်ိဴ ၂သာ၂ၿပံဳးလ်က္
  " ဟုတ္ပီ..ဒါဆို နင္ေနခဲ့ၿပီး ၿမိဳ႕စားအိုက်န္းကို ျပဳစုေပးေခ်၊၊ နင္ကငါ့အေစခံဆိုေတာ့ ငါ့နမည္ ပ်က္ရေအာင္ မလုပ္နဲ႔ေနာ္၊ ငါ့ဆီက သင္ယူထားတဲ့နည္းလမ္းေတြကို မတြန္႔တိုပဲနဲ႔ ၿမိဳ႕စားအိုအတြက္ အလ်င္းသင့္သလို သံုးရမယ္၊ က်န္တဲ့ကိစၥေတြကေတာ့ ငါနဲ႔အဖြားဆီသာ လႊဲထားလိုက္ "

   ခ်ဴ းလ်န္က အျမန္ႀ္ကီး သေဘာတူလိမ့္မယ္မွန္း မထင္ထားခဲ့၍ မင္ယန္ရဲ႕ေပ်ာ္ရႊင္သြားမႈက မ်က္နာထက္ အတိုင္းသားေပၚေနေတာ့သည္။သို႔ေပမယ့္ သူမက ခ်ဴ းလ်န္နဲ႔သခင္မႀကီးေဟးကို မသိမသာအကဲခတ္လိုက္ၿပီးမွ  စိတ္ေအးသြားရေတာ့သည္။

က်န္းအိမ္ေတာ္မွာ သူမရဲ႕ဘဝကို အေကာင္းဆံုးျဖစ္ေအာင္ စတင္ရေတာ့မယ္။ဒါေပမယ့္လည္း
အဆံုးမွာေတာ့ ဘယ္ေလာက္ပဲ ပါးနပ္မႈရွိေနပါေစ မင္ယန္က ကမာၻႀကီးရဲ႕အေၾကာင္းကို အမ်ားႀကီးမႀကံဳေတြ႕ဖူးေသးတဲ့ ငယ္ရႊယ္ေသးတဲ့မိန္းကေလးတစ္ေယာက္ပဲ ျဖစ္သည္။
  
  ေဆြးေနႊးမႈၿပီးသြားတာေၾကာင့္ ခ်ဴ းလ်န္လည္း မင္ယန္ကိုမွာစရာရွိတာ မွာၿပီး သခင္မႀကေဟးကို ကူတြဲၿပီး အခန္းျပင္ကို ျပန္ထြက္လာလိုက္သည္။

    ခ်ဴ းလ်န္ကို ခစားေနရတဲ့အေစခံတစ္ေယာက္က လ်ွိ႔ဝွက္နည္းေတြ အမ်ားႀကီးကို သိတယ္ဆိုတာက ၿမိဳ႕စားအိုကေတာ္ကို ထိန္႔လန္႔သြားေစသည္။သူမက အံ့ၾသထိန္႔လန္႔သြားသလို မယံုနိုင္လည္းျဖစ္ေနေသးသည္။ 'လ်ွိ႔ဝွက္နည္းတစ္မ်ိဴ း' ထဲကပဲ အေတာ္ေလးကို လံုေလာက္ေနၿပီျဖစ္သည္။ ခ်ဴ းလ်န္က ေကာင္း၂ခ်က္တတ္ေပမယ့္လည္း အခုလိုမ်ိဴ း သူမရဲ႕အေစခံျဖစ္သူကို အကုန္သင္ေပးတာကေတာ့ မဟုတ္ေသးဘူးေလ!

  ျပန္ဖို႔အခ်ိန္က်လာၿပီ ျဖစ္တာေၾကာင့္ ခ်ဴ းလ်န္တို႔က စကားစလိုက္ေတာ့ ၿမိဳ႕စားအိုကေတာ္တို႔ကလည္း အိမ္အေပါက္ဝအထိကို လိုက္ပို႔ေပးသည္။သူတို႔ေတြ ရထားလံုးထဲ မဝင္ခင္မွာပဲ ဆက္ခံသူက်န္းက အေျပးေရာက္ခ်လာသည္။

  ဆက္ခံသူက်န္း ေရာက္လာေတာ့ သခင္မႀကီးေဟးကို နႈတ္ဆက္အရိုေသျပဳ ၿပီး ခ်ဴ းလ်န္ကို အရင္ေန႔က ထမင္းဝို္င္းအတြက္ ေက်းဇူးတင္စကားဆိုလိုက္သည္။ေနာက္ဆံုးေတာ့ သူက ကူလင္းဆိုင္အေၾကာင္းကို ေမးလာခဲ့သည္။

  ထိုအေမးေၾကာင့္ ခ်ဴ းလ်န္လည္း နည္းနည္းေတာ့ အံ့ၾသသြားသည္။
   "ကြၽန္မ စားေသာက္ဆိုင္ဖြင့္မယ္ဆိုတာ ဆက္ခံသူက်န္းက ဘယ္လိုမ်ားသိသြားတာပါလိမ့္?"

ဆက္ခံသူက်န္းက သြားေပၚေအာင္ ၿပံဳးျပၿပီး
  " အကိုေဟးေျပာတာကို ၾကားခဲ့ရတာပါ၊ အခ်ိန္က်လာရင္ေတာ့ အမ်ိဴ းသမီးက်င္းယီက ကြၽန္ေတာ့္ကိုလည္း ဖိတ္စာတစ္ေစာင္ပို႔ဖို႔အတြက္ မေမ့ေနပါနဲ႔ေနာ္ "

  " ေသခ်ာတာေပါ့ "

  ဆက္ခံသူက်န္းက ပြင့္လင္းတဲ့သူျဖစ္တာေၾကာင့္ သူ႔ေၾကာင့္နဲ႔ စိတ္ဆင္းရဲရတာမ်ိဴ းက ရွားပါးလြန္းသည္။

  သူတို႔ရဲ႕အျပန္အလွန္ စကားေျပာျခင္းၿပီးသြားေတာ့ ခ်ဴ းလ်န္တို႔လည္း က်င္းအန္အိမ္ေတာ္ကို ျပန္လိုက္ၾကသည္။
  အိမ္ေတာ္ကို ျပန္ေရာက္ၾကေတာ့ ခ်ဴ းလ်န္က သခင္မႀကီးေဟးကို အရင္လိုက္ပို႔ေပးလိုက္သည္။
က်င္းခ်ီေဆာင္ကိုေရာက္ေတာ့ သခင္မႀကီးေဟးက အေစခံေတြကို အျပင္ထြက္ေစၿပီး ခ်ဴ းလ်န္ရဲ႕လက္ကို ကိုင္လ်က္ ေျပာလိုက္သည္။
   " အရူးမေလး..မင္းရဲ႕အေစခံကို ဘာလို႔ ထားခဲ့ရတာလဲ? အခုေတာ့ မင္းကိုခစားဖို႔ လူ၁ေယာက္ေလ်ာ့သြားၿပီေလ ၊ အဖြားရဲ႕မုခ်င္းကို မင္းကို ခစားခိုင္းရင္ေကာ? ဘယ္လိုလဲ? "

Chapter 95: Filled with Their Own Thoughts

   မုခ်င္းက သခင္မႀကီးေဟးရဲ႕ ယံုၾကည္ရတဲ့အေစအပါးေလ..ခ်ဴ းလ်န္က ဘယ္လိုလုပ္လက္ခံရဲပါ့မလဲ?

  သူမက ခ်က္ခ်င္း ေခါင္းယမ္းလိုက္သည္။
  " သမီး အဆင္ေျပပါတယ္အဖြားရဲ႕၊ ၿပီးေတာ့ ခင္ပြန္းျဖစ္သူက မရွိေတာ့ အခုဆို အေဆာင္ထဲမွာ သမီးတေယာက္ထဲကိုပဲ သူတို႔က ခစားရတာပါ၊ ၿပီးေတာ့ စန္းလန္က ေျမာက္ဘက္နယ္စပ္ကိုမသြားခင္ အေစခံက်ိဴ း ၊ ဝမ္က်င္းနဲ႔ဝမ္လန္တို႔ကို ထားေပးခဲ့ေသးတယ္၊မင္ယန္မရွိေတာ့ရင္ေတာင္ သူ႔ေနရာမွာ ဝမ္က်င္းကို အစားထိုးလိုက္လို႔ရပါတယ္ "

" ေကာင္းပါၿပီ ၊ မင္းမွာ လူအလံုအေလာက္ရွိေနရင္လည္း အဖြားက မုခ်င္းကို မေပးေတာ့ပါဘူး၊ ဒီေန႔ မင္းလုပ္ခဲ့တာေကာင္းတယ္၊ ေနာက္ပိုင္းက် မင္ယန္ျပန္လာဖို႔ ဆံုးျဖတ္ခဲ့ရင္ေတာင္ သူမရဲ႕အဆင့္ကို ေလ်ာ့ခ်ဖို႔ လုပ္လိုက္ေတာ့၊ အနည္းဆံုးေတာ့ ရွီးယန္ေလးကမွ ပိုၿပီးသိတတ္ေသးတယ္ "
သခင္မႀကီးေဟးကလည္း ခ်ဴ းလ်န္ရဲ႕အႀကံအစည္ကို ရိပ္မိၿပီးသားျဖစ္သည္။

ခ်ဴ းလ်န္ ၿပံဳးမိသြားသည္။
" အဖြားက အၿမဲတမ္း အျမင္စူးရွေနတာပဲ!"

သခင္မႀကီးက ခ်ဴ းလ်န္ရဲ႕နဖူးကို ဖြဖြေတာက္လိုက္ၿပီး
  "မင္းလည္း လူေတြရဲ႕စိတ္ကို ဖတ္တတ္လိမ့္မယ္လို႔ အဖြားမသိခဲ့ဘူး၊ ေကာင္းတယ္၊ ဒီအေစခံေတြက ေနာက္ပိုင္းက်ရင္ လူယံုေတြ ျဖစ္လာမွာဆိုေတာ့ အခုထဲက ခြဲထုတ္ထားတာအေကာင္းဆံုးပဲ "

  ခ်ဴ းလ်န္လည္း သေဘာတူေၾကာင္း ေခါင္းၿငိမ့္လိုက္သည္။

သူတို႔စကားေျပာလို႔ ၿပီးၾကေတာ့ ခ်ဴ းလ်န္လည္း Songtaoအေဆာင္ကို ျပန္လာလိုက္သည္။

ခ်ဴ းလ်န္အိပ္တဲ့အခန္းရဲ႕ တဖက္ကအခန္းငယ္ေလးထဲမွာ ဖုယန္နဲ႔က်င္းယန္တို႔က မုန္႔စားလိုက္ လက္ဖက္ရည္ေသာက္လိုက္နဲ႔ စကားစျမည္ေျပာေနၾကသည္။

  က်င္းယန္က စန္ခ်ာတစ္ငံုေသာက္ၿပီး ေလး၂ကန္၂သက္ျပင္းခ်လိုက္သည္။
  " မင္ယန္က အေတာ္ေလးကံေကာင္းတာပဲ"

  ဖုရန္က က်င္းယန္ကို တခ်က္ၾကည့္လိုက္ၿပီး
  " တတိယသခင္မေလးရဲ႕ က်န္းအိမ္ေတာ္ခရီးစဥ္မွာ ငါတို႔အတြက္ ဒီလိုအခြင့္အေရးမ်ိဴ းက ရွိေနလိမ့္မယ္လို႔ ငါတို႔မွ မသိခဲ့ပဲ "

  အမွန္ပဲ! သူမသာ အေစာထဲကသိခဲ့ရင္ တတိယသခင္မေလးနဲ႔ လိုက္သြားရဖို႔အတြက္ ့ငင္းခုန္ပစ္လိုက္မွာပင္။သူမသာ သခင္မေလးနဲ႔လိုက္သြားျဖစ္ခဲ့ရင္ အခု က်န္ေနခဲ့တဲ့တေယာက္က သူမပဲျဖစ္ေနေလာက္မွာ!

   ၿမိဳ႕စားအိုက်န္းဆိုတာက ဧကရာဇ္ကိုယ္တိုင္ ေလးစားရတဲ့သူပဲေလ! အကယ္၍ သူမသာ ၿမိဳ႕စားအိုႀကီးရဲ႕နွစ္သက္မႈကို အရယူနိုင္ရင္ သူ႔သမီးအျဖစ္ေတာင္ ေမြးစားခံရနိုင္တယ္!
ၿပီးေတာ့ က်င္းအန္အိမ္ေတာ္ကို ျပန္လာရင္ေတာင္မွပဲ သူမက ပိုၿပီးအဆင့္ျမင့္သြားနိုင္တယ္။သူမက ဖုန္ယန္တို႔ ရွီးယန္တို႔လို သာမန္အေစခံသာသာပဲ မဟုတ္ေလာက္ေတာ့ေပ။

  ၿပီးေတာ့ က်န္းအိမ္ေတာ္ရဲ႕ တစ္ဦးတည္းေသာ ဆက္ခံသူကလည္း အရႊယ္ေရာက္ၿပီးသား လူငယ္တစ္ေယာက္ျဖစ္ေနၿပီ! အိမ္ေထာင္ဖက္ေရႊးခ်ယ္ဖို႔ အသင့္ေတာ္ဆံုး အခ်ိန္ကို ေရာက္ေနၿပီေလ!

    ဖုယန္က က်င္းယန္ကို စိတ္ပ်က္စြာနဲ႔ၾကည့္ေနမိသည္။က်င္းယန္ရဲ႕ အမ်ိဴ းမ်ိဴ းေျပာင္းလဲေနတဲ့ မ်က္နာသြင္ျပင္ေၾကာင့္ သူမမွာ မုန္႔ေတာင္ စားမဝင္ေတာ့ေပ။

   က်င္းယန္က စိတ္ညိွးငယ္စြာနဲ႔ ေမးသည္။
  " ဖုယန္...နင္ေကာ က်န္းအိမ္ေတာ္ကို မသြားခ်င္ဘူးလား?"

   ဖုယန္က က်န္ေနတဲ့ ငါးအေရခြံေၾကာ္နဲ႔ေျမပဲတို႔ကို လက္စသတ္လိုက္ၿပီး လက္ကိုခါ၍ မတ္တပ္ထရပ္လိုက္သည္။
  "မသြားခ်င္ပါဘူး၊ ငါငယ္ငယ္ထဲက သခင္္ေလးနားမွာပဲ ခစားလာခဲ့တာ၊ ၿမိဳ႕စားအိုက်န္းကို ျပဳစုလို႔ရလာမယ့္ အက်ိဴ းအျမတ္ေလးကို ေခါင္းထဲထည့္မေနဘူး၊ နင္တို႔လို လူေတြပဲ အေျမာ္အျမင္မရွိၾကတာ "

  ၿပီးတာနဲ႔ ခ်ဴ းလ်န္ရဲ႕ ညႊန္ၾကားမႈကို ေစာင့္ဖို႔အတြက္ အျပင္ေဆာင္ကို သြားလိုက္ေတာ့သည္။

   ဖုယန္က ထိုကဲ့သုိ႔ ေျပာမယ္မထင္ထား၍ က်င္းယန္လည္း စိတ္တိုသြားသည္။ သူမက အံကိုႀကိတ္လ်က္ တစ္ကိုယ္လံုးတုန္ရီေနၿပီး ထြက္သြားတဲ့ ဖုယန္ကို ၾကည့္ေနမိသည္။သုိ႔ေပမယ့္လည္း အျခားသူေတြရွိေနေသး၍ ဖုယန္ကို သူမ မက်ိန္ဆဲရဲေပ။

  သို႔ေပမယ့္လည္း သူမရဲ႕စိတ္ထဲမွာေတာ့ ဆဲဆိုေနလိုက္သည္။ဖုယန္က စိတ္ပုပ္တာသိသာေပမယ့္ သူမက အျပင္ပန္းမွာေတာ့ သေဘာထားႀကီးသူလို ျပဳမူေနခဲ့သည္။ဘယ္လို အမိႈက္မမ်ိဴ းလဲ!

  က်င္းအန္အိမ္ေတာ္ရဲ႕အတြင္းေဆာင္မွာ ေနလို႔ေကာ သူမတို႔မွာ ဘာအက်ိဴ းမ်ား ရွိလာနိုင္လို႔လဲ? သူ႔တို႔သခင္ေလးျဖစ္သူက နယ္စပ္ကို ထြက္သြားလို႔ ရင္းနွီးခြင့္ေတာင္ မရလိုက္ဘူး။ ဒုတိယသခင္ေလးျဖစ္သူကလည္း
အိမ္ေတာ္ကို တလေနမွ ၁ခါ၂ခါပဲ ျပန္လာလို႔ သူ႔နဲ႔နီးစပ္ဖို႔ကလည္း ပိုေတာင္ မျဖစ္နိုင္ျပန္ဘူး။ေနာက္ပိုင္းက် သူတို႔အသက္ရႊယ္ရလာလို႔ သခင္မေလးသာ စိတ္ေပ်ာ္ရင္ သူတို႔က အိမ္ေတာ္ရဲ႕ အေစာင့္တပ္သား၁ေယာက္နဲ႔ လက္ထပ္ခြင့္ရလိမ့္မယ္။ စိတ္မၾကည္ရင္ေတာ့ အေစခံနဲ႔ပဲ လက္ထပ္ရေလာက္ၿပီး သူတို႔ရဲ႕ဘဝႀကီးကို ဆင္းရဲခ်ိဴ ႕တဲ့ျခင္းနဲ႔ပဲ နွစ္ပါးသြားေနရလိမ့္မယ္။

  မင္ယန္ကေတာ့ အခုလို အခြင့္ေကာင္းရဖို႔အတြက္ကို ကံေကာင္းလြန္းေနခဲ့တယ္။သူမက ဆက္ခံသူက်န္းရဲ႕အိပ္ယာထဲကို မတက္နိုင္ရင္ေတာင္ အဆင့္နိမ့္အရာရွိေလာက္ကိုေတာ့ လက္ထပ္ခြင့္ရနိုင္ၿပီး တရားဝင္ဇနီးေတာင္ ျဖစ္နိုင္ေသးတယ္။

  သူမကေတာ့ သခင္မေလးရဲ႕ေဘးမွာ ေျခလိမ္ေနရေတာ့မယ္၊ သူမရဲ႕အနာဂတ္က ဘယ္လိုမ်ား ျဖစ္လာမွာပါလိမ့္...?

   တဖက္က အျပင္ေဆာင္ကို သြားေနတဲ့ ဖုယန္ကေကာ မင္ယန္ကို မနာလိုမျဖစ္ပဲ ဘယ္ေနပါ့မလဲ?!သုိ႔ေပမယ့္ သူမရဲ႕စိတ္ထဲမွာ အျခားအေတြးေတြ ရွိေနတာမလို႔ က်င္းယန္ထက္စာရင္ေတာ့ သူမက ပိုစိတ္ရွည္ရွည္ထားနိုင္သည္။

     ေဟးခ်န္ရဲ႕ ၾကည့္ေကာင္းတဲ့ကိုယ္အသြင္အျပင္၊ ေခ်ာေမာတဲ့မ်က္နာ၊ ေအးစက္စက္နဲ႔ဆြဲေဆာင္မႈရွိပံုတို႔ကို ေတြးမိလိုက္ေတာ့ ဖုယန္ရဲ႕နွလံုးသားေလးက တုန္လႈပ္သြားေတာ့သည္။
ဘယ္နနွစ္ပဲၾကာၾကာ...သူမေစာင့္နိုင္တယ္!
သူမက တတိယသခင္ေလး ျပန္လာမယ့္ေန႔ကို ေစာင့္ေနတာျဖစ္သည္။ သူမလက္ထဲက စာနဲ႔ဆို တတိယသခင္ေလးရဲ႕နွစ္သက္မႈကို သူမ ရနိုင္မွာ ေသခ်ာသည္။

   ထိုအခ်ိန္မွာပဲ ခ်ဴ းလ်န္က ေပ်ာ့ေပ်ာင္းတဲ့ အိပ္ရာထက္မွာ ေစာင္ပါးေလးၿခံဳ ၿပီး လဲေလွာင္းေနသည္။သူမက သူမရဲ႕အေစခံေတြ ဘာေတြးေနလဲဆိုတာကို စဥ္းစားေနခ်ိန္မရွိပဲ နွစ္၂ၿခိဳက္၂ပဲ အိပ္ေပ်ာ္ေနသည္။

   ထို႔ေန႔ေတြမွာ ခ်ဴ းလ်န္က ကူလင္းဆိုင္ဖြင့္ဖို႔အေရးနဲ႔ အလုပ္ရႈပ္ေနခဲ့သည္။အခ်ိန္က မ်က္စိတစ္မွိတ္အတြင္းမွာပဲ ကုန္သြားခဲ့ၿပီး ကူလင္းစားေသာက္ဆိုင္ဖြင့္ဖို႔ ၁ရက္သာလိုေတာ့သည္။

  မင္ယန္ ၿမိဳ႕စားအိုကို ျပဳစုေပးေနတာကလည္း ၆ရက္ေတာင္ ရွိသြားၿပီျဖစ္သည္။

   မင္ယန္ခ်က္ျပဳတ္ေပးတဲ့ အရသာရွိလွတဲ့အစားအေသာက္ေတြေၾကာင့္ ၿမိဳ႕စားအိုက်န္းလည္း ျပန္သက္သာလာၿပီျဖစ္သည္။ေလးရက္ေျမာက္ေန႔မွာ သူက အိပ္ယာကထနိုင္ၿပီ ဟိုဟုိဒီဒီသြားနိူင္ခဲ့ၿပီး ၆ရက္ေျမာက္ေန႔မွာေတာ့ တိရစၦာန္၅ေကာင္ 'Qigong' ေလ့က်င့္ခန္းေတာင္ လုပ္နိုင္ေနၿပီျဖစ္သည္။

    ထို႔ေန႔က ၿမိဳ႕စားအိုက ေပါ့ပါးတဲ့ဝတ္ရံုကို ဝတ္ၿပီး ေလ့က်င့္ခန္းလုပ္ေတာ့မယ့္အခ်ိန္မွာပဲ ဆက္ခံသူက်န္းက ေရာက္လာခဲ့သည္။ သူကလည္း အားပါးတရပဲ ေျမးျဖစ္သူကို ဖိတ္ေခၚလိုက္သည္။
  " ထ်န္ခ်န္း အဖိုးနဲ႔အတူ ေလ့က်င့္ခန္းလာလုပ္ေခ် ! "

   သူ႔အဖိုးရဲ႕ဖိတ္ေခၚခ်က္ေၾကာင့္ ဆက္ခံသူက်န္းက သြား၃၂ေခ်ာင္းေပၚေအာင္ထိကို သေဘာတက် ၿပံဳးမိလိုက္သည္။သူလည္း အျပင္ဝတ္ရံုကို အျမန္ခြၽတ္လိုက္ၿပီး အေစခံကို ကမ္းေပးလိုက္သည္။ထို႔ေနာက္ေတာ့ သူ႔အဖိုးရဲ႕ေဘးကို သြားၿပီး အဖိုးနဲ႔အတူတူ ေလ့က်င့္ခန္းစလုပ္လိုက္ၾကေတာ့သည္။

  " ေကာင္စုတ္ေလး..မင္းက အဖိုးရဲ႕အခန္းကို အေစာႀကီးေရာက္ေနပါ့လား? မင္းက အစားေကာင္းအတြက္ ေရာက္ေနတာမလား?"
ၿမိဳ႕စားအိုက ေျမးျဖစ္သူရဲ႕အၿကံကို ထုတ္ေျပာလိုက္သည္။

  ဆက္ခံသူက်န္းကလည္း စကားတတ္သူပင္။
  " အဖိုးက ေျမးကို နားလည္ေပးနိုင္ဆံုးပဲ!
ဒါေပမယ့္ ေျမး ဒီကိုလာတာက စားဖို႔အတြက္ပဲ မဟုတ္ဘူး "

  "အို? ဘာကိစၥလဲ? ေျပာစမ္း "

  " က်င္းအန္အိမ္ေတာ္က တတိယသခင္မ, က်င္းယီက မနက္ျဖန္ဆို စားေသာက္ဆိုင္တစ္ဆိုင္ ဖြင့္မွာ၊
ေျမးက ဖိတ္စာ၂ေစာင္ရထားတာဆိုေတာ့ အဖိုးေကာ ေျမးနဲ႔အတူ လိုက္ခ်င္လား? "

  " က်င္းယီဆိုတာက အဲ့ေန႔က သခင္မေဟးနဲ႔အတူလိုက္လာတဲ့ ကေလးမလား?"

" သူမပဲေပါ့၊ အဲ့ဒီအေစခံကလည္း က်င္းယီထားခဲ့တဲ့သူပဲေလ "

" စိတ္ဝင္စားစရာေတာ့ ေကာင္းသားပဲ....ဒါဆိုလည္း အဖိုးဖို႔ ဖိတ္စာတစ္ေစာင္ ထားခဲ့ေခ် ! "
ဆက္ခံသူက်န္းလည္း ေပ်ာ္သြားေတာ့သည္။

  အဖိုးျဖစ္သူနဲ႔ေျမးျဖစ္သူတို႔က တနာရီၾကာေအာင္ထိ ေလ့က်င့္ခန္းလုပ္လိုက္ၾကၿပီး ေရမိုးခ်ိဴ းၿပီးခ်ိန္ၾကေတာ့ အေစခံေခါင္းတစ္ေယာက္က မနက္စာအဆင္သင့္ျဖစ္ၿပီ ျဖစ္ေၾကာင္း အစီရင္ခံလာသည္။

  ၿမိဳ႕စားအိုကလည္း ေျမးျဖစ္သူကို အျပင္ေဆာင္က ထမင္းဝိုင္းဆီ ေခၚသြားလိုက္သည္။
ဆန္မုန္႔ေပါင္း၊ ပန္းလိပ္(ပလာတာလိုကိုမွ ပန္းပံုစံေဖာ္ၿပီး ၾကက္သြန္ၿမိတ္ျဖဴ းၿပီး ေပါင္းထားတာ)၊ ဖက္ထုတ္ျပဳတ္၊ အီၾကာေကြးနဲ႔ ဝက္သားဆန္ျပဳတ္တို႔ကို ထမင္းဝိုင္းမွာ အစီအရီ ျပင္ဆင္ထားသည္။

   အျပင္ေဆာင္တခုလံုးမွာလည္း အေမႊးနံ႔တို႔က ျကိဳင္ေနေတာ့သည္။ေယာက်ာ္း၂ေယာက္ကလည္း ဆာေလာင္ေနၿပီျဖစ္တာေၾကာင့္ စားပြဲဆီ တိုက္ရိုက္သြားၿပီး ေနရာယူလိုက္ၾကသည္။

   ၿမိဳ႕စားအိုလည္း သူတခါမွ မျမင္ဖူးတဲ့အစားအစာေတြကို ၾကည့္ေနၿပီးမွ တဖက္မွာ ေစာင့္ေနတဲ့ မင္ယန္ကို တခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။
  " မင္ယန္..ျမန္ျမန္..ဒါေတြက ဘာလဲဆိုတာ ေျပာျပအံုး "

   ၿမိဳ႕စားအိုေျပာလိုက္မွပဲ ဆက္ခံသူက်န္းလည္း တဖက္မွာရပ္ေနတဲ့မင္ယန္ကို လွည့္ၾကည့္လိုက္သည္။ဆက္ခံသူက်န္းက ၾကည့္ေနေၾကာင္းကို မ်က္လံုးေထာင့္ကေနေတြ႕လိုက္၍ မင္ယန္ရဲ႕ပါးေတြက ရွက္ေသြးျဖန္းသြားသည္။သို႔ေပမယ့္ သူမက ရွင္းျပလိုက္သည္။
  " ၿမိဳ႕စားအိုက်န္းနဲ႔ဆက္ခံသူက်န္းကို ျပန္ေျဖပါတယ္၊ ဒီဘက္အဆံုးက ပြဲကေတာ့ ' Double golden spears' လို႔ေခၚပါတယ္၊ အျပင္ဘက္က ႂကြပ္ရႊၿပီး အတြင္းဘက္ကေတာ့ ႏူးညံ့ပါတယ္...."
{ အီၾကာေကြးဆို အီၾကာေကြးေပါ့ ဘယ့္နဲ႔ ' ေရႊလွံနွစ္လက္ပူး 'လဲ??? 😆 }

မင္ယန္ရဲ႕ညင္သာတဲ့အသံက တခုၿပီးတခုကို ရွင္းျပေနၿပီး ဆက္ခံသူက်န္းကလည္း နားေထာင္ေနသည္။ သုိ႔ေပမယ့္ တခုခုမွားေနတာကို သူခံစားမိေနသည္။

   ထိုမိန္းကေလးက ဟင္းပြဲေတြအေၾကာင္းကို နွံ႔၂စပ္၂နဲ႔ ရွင္းျပေနေပမယ့္လည္း က်င္းယီကို တခါမွ မေဖာ္ျပသြားေပ။သူမေျပာေနတဲ့ပံုက သူမကပဲ ဒီအစားအစာေတြကို တီထြင္ခဲ့သလိုမ်ိဴ း!

  မင္ယန္ကို ေနာက္တခါထပ္ၾကည့္လိုက္ၿပီး ဆက္ခံသူက်န္းက မ်က္ေမွာင္ၾကဳတ္သြားသည္။ ဒီတခါမွာေတာ့ မင္ယန္လည္း သူနဲ႔အၾကည့္ဆံုသြားသည္။ သူမရဲ႕မ်က္လံုးေတြက  ဆႏၵေတြနဲ႔ ေရာင္ျပန္ဟပ္ေနေတာ့သည္။

  ဆက္ခံသူက်န္းလည္း ေတာင့္တင္းသြားၿပီး အျမန္အၾကည့္လႊဲလိုက္ေတာ့သည္။

  ထိုကဲ့သုိ႔ အျဖစ္အပ်က္ေသးေသးေလးက ၿမိဳ႕စားအိုရဲ႕အျမင္စူးရွမႈေအာက္ကေန ေျပးမလႊတ္သြားေပ။

Zawgyi

Chapter 94: A Test

    ချူ းလျန်က ပြုံး၍
  " မြို့စားအိုကတော်ကျန်းက ခဏလောက်စောင့်ပေးပါရှင့်၊ အရင်ဆုံး ကျွန်မက အဖွားနဲ့တိုင်ပင်လိုက်ပါအုံးမယ်၊ ပြီးတော့ ရလာဒ်ကြောင့် စိတ်မညစ်စေရပါဘူး "

   ကိုယ့်ဘက်က လွန်နေတာကို သိတဲ့ ယောက္ခမနဲ့ချွေးမတို့လည်း တစ်ယောက်နဲ့တစ်ယောက်အကြည့်ဖလှယ်မိကြပြီး ချက်ချင်းသဘောတူလိုက်ကြသည်။မြို့စားအိုကတော်က သူတို့အတွက် အစေခံတစ်ယောက်ကို အခန်းတစ်ခုကို လိုက်ပြစေသည်။

   အခန်းထဲရောက်တော့ သခင်မကြီးဟေးက ချူ းလျန်ရဲ့လက်ကို ဆုတ်ကိုင်လိုက်ပြီး
  " လျန်အာ...ဒီကိစ္စမှာ သူတို့က မှားနေတဲ့သူပါ၊ မင်းသူတို့ကို အားနာနေဖို့ မလိုဘူး ကလေး"

   ချူ းလျန်က သခင်မကြီးဟေးကို ထိုင်ဖို့ ကူပေးလိုက်ပြီး
  " အဖွားက သမီးကို အခွင့်အရေးယူခံရမှာစိုးလို့ ကာကွယ်ပေးနေတယ်ဆိုတာ သမီးသိပါတယ်၊ပြီးတော့လည်း ဒီကိစ္စက အဖွားထင်သလောက် မခက်ခဲနေပါဘူး၊ဒီမြေးမမှာ ဖြေရှင်းဖို့ နည်းလမ်းတွေအများကြီးရှိတယ်! အဖွားက ဒီမှာသာ ခဏလောက်အေးဆေးထိုင်နေလိုက်...ဒီမြေးမက အဆင်ပြေအောင် ကြည့်လုပ်လိုက်ပါ့မယ် "

   သခင်မကြီးဟေးလည်း သူ့မြေးချွေးမလေးကို ပိုလို့တောင် အထင်ကြီးသွားတော့သည်။ အခုလိုလုပ်တာက နှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်တယ်ဆိုမှတော့ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကလည်း တင်းမာမှုတွေနဲ့ အဆုံးသတ်တော့မည်မဟုတ်ပေ။     

  " ကောင်းပါပြီ...အဖွားက မင်းရဲ့စကားကို နားထောင်ပါ့မယ် "

  အခန်းထဲမှာက ချူ းလျန်တို့၂ယောက်အပြင် သူမရဲ့အယုံကြည်ရဆုံးအစေခံ၂ယောက်လည်း ရှိနေခဲ့သည်။ချူ းလျန်က ရှီးယန်နဲ့မင်ယန်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

   ချူ းလျန်ရဲ့အကြည့်ကြောင့် သူတို့၂ယောက်လည်း တောင့်တင်းသွားပြီး တပြိုင်နက်ထဲ ချူ းလျန်ဘာတွေးနေတာလဲဆိုတာကိုလည်း သူတို့ရိပ်မိသွားသည်။

   ချူ းလျန်က သူတို့ရဲ့မျက်နာပေါ်က ပြောင်းလဲမှုတွေကို အကဲခတ်ရင်းနဲ့ ပြောလိုက်သည်။
  " ငါတွေးနေတဲ့ဟာကို နင်တို့လည်း ရိပ်မိလောက်ပြီလို့ ငါထင်တယ်၊ မြို့စားအိုအတွက် ပြုစုပေးဖို့ တစ်ယောက်ယောက်လိုနေတယ် ဒါပေမယ့် ငါကလည်း ကျန်းအိမ်တော်မှာ နေဖို့မသင့်ဘူး၊ နင်တို့ငါ့အနားမှာနေလာခဲ့တာကြာပြီ ၊ ငါလည်း ချက်ပြုတ်နည်းတွေကို နင်တို့မသိရစေအောင်ဆိုပြီး တခါမှ ဖုံးကွယ်မထားခဲ့ဘူး၊
နင်တို့လည်း အတော်လေး လုပ်တတ်နေကြပြီ၊ အင်း...အခုနင်တို့ရဲ့အရည်အသွေးကို ထုတ်ပြလို့ရမယ့် အခွင့်အရေးက ရှိလာပြီဆိုတော့....ဘယ်သူက ဒီအိမ်တော်မှာနေရစ်ခဲ့ပြီး မြို့စားအိုအတွက် ချက်ပြုတ်ပေးချင်လဲ?"

  ချူ းလျန်ပြောလို့ဆုံးတာနဲ့ ရှီးယန်ရဲ့မျက်နာထက်မှာ အလိုမရှိခြင်း စိုးရိမ်ခြင်းတို့ ကြီးစိုးသွားသည်။ပြောင်းပြန်အားဖြင့် မင်းယန်က ရှီးယန်ထက် ပိုတည်ငြိမ်နေသည်။သူမက တချိန်လုံး ခေါင်းငုံ့ထား၍ သူမဘာတွေးနေတာလဲဆိုတာကို ချူ းလျန်မပြောနိုင်ပေ။

   ချူ းလျန်က သူတို့ဘက်က ဘာမှပြောမလာ၍ ဆက်ရှင်းပြလိုက်သည်။
  " နင်တို့၂ယောက်လုံးက ပထမတန်းစားအစေခံတွေဆိုတော့ ငါလည်း ဒီလိုမျိူ းနင်တို့ကို
မလွှတ်ချင်ပါဘူး၊ မြို့စားအိုသက်သာလာတာနဲ့ ငါက ပြန်ခေါ်ဖို့ စီစဉ်ထားပြီးသား၊ နင်တို့ မနေခဲ့ချင်ရင်လည်း ငါကအတင်းမတိုက်တွန်းပါဘူး၊ ငါတို့စဉ်းစားလို့ရနိုင်တဲ့ အဖြေတွေ အများကြီးရှိပါသေးတယ် "

  ချူ းလျန်လည်း သူများကို တွန်းအားပေးပြီး မခိုင်းချင်ပေ။သို့ပေမယ့်လည်း မြို့စားအိုကျန်းကို ပြုစုပေးရတာက သူတို့အတွက် ရှားပါးအခွင့်အရေးပင်။သူတို့နှစ်ယောက်ကလည်း မိုက်မဲတဲ့သူတွေ မဟုတ်ကြပေ။ထိုအခွင့်ရေးကနေ သူတို့အတွက် အကျိူ းရလာဒ်တွေ ရှိလာနိုင်တယ်ဆိုတာ သူတို့လည်း ကောင်း၂သိကြသည်။

     ချူ းလျန်ရဲ့ရှင်းပြခြင်းအပြီး ရှီးယန်က သိသိသာသာ စိတ်အေးသွားပုံရပေမယ့် မင်ယန်ကတော့ ရုတ်တရက် တင်း၂ကြပ်၂ဖြစ်သွားသည်။

" နင်တို့စိတ်ထဲကအတိုင်းသာ ရိုးရိုးသားသား ထုတ်ပြောလိုက်၊ နင်တို့ရဲ့ရွှေးချယ်မှုကို ငါအပြစ်မမြင်ပါဘူး"

   ချက်ချင်းဆိုသလိုပဲ ရှီးယန်က အသက်ပြင်းပြင်းတချက်ရှုထုတ်လိုက်ပြီး သတ္တိမွေး၍ တုန်၂ယင်၂နဲ့ ပြောသည်။
  " တတိယသခင်မလေး...ဒီအစေခံ မနေခဲ့ချင်ပါဘူး..ဒီအစေခံက...သခင်မလေးနားမှာပဲ ခစားချင်တာပါ "

   ချူ းလျန် အံ့အားသင့်မိပေမယ့်လည်း ပြုံးလျက်  " ဒါဆိုလည်း ငါ့နားမှာပဲနေ ၊ မင်ယန်ကကော?"

   ရှီးယန်ရဲ့တုံ့ပြန်ပုံကြောင့် မင်ယန်ကပိုပြီးတောင် တုန်လှုပ်သွားသည်။သို့ပေမယ့်လည်း သူမကတော့ ပိုပြီးအကျိူ းရှိနိုင်မယ့်ဘက်ကိုသာ ရွှေးချယ်မိနေဆဲပင်။သူမက ချူ းလျန်ရဲ့မျက်လုံးတွေထဲကို ကြည့်ပြီးတော့
  " တတိယသခင်မလေး ... ဒီအစေခံက မြို့စားအိုကျန်းကို ပြုစုပေးဖို့အတွက် နေခဲ့ချင်ပါတယ်"

  မင်ယန်က မျက်ဝန်းကျယ်ကျယ်လေးတွေနဲ့ မျက်ရစ်နှစ်ရစ်ရှိသည်။ဖုယန်နဲ့ယှဉ်လိုက်ရင်တော့ သူမက ပိုပြီးတောင် ဖော်ရွှေမှုမရှိပေ။
မူလဝတ္ထုထဲမှာ မင်ယန်ရဲ့အကြောင်းကို များများစားစား မဖော်ပြထားပေ။ပြီးတော့ သူမနဲ့အတူ နေလာတဲ့တလျှောက်လုံးမှာလည်း မင်ယန်ရဲ့ချိူ့တဲ့ချက်ကို ချူ းလျန်သတိမပြုမိပေ။
သို့ပေမယ့် သူမတို့က နီး၂ကပ်၂နေရ၍ မင်ယန်ရဲ့စိတ်သဘောထားကို အမြဲတမ်း စစ်ဆေးကြည့်လို့ရသည်။ ဒီနေ့ကိစ္စကလည်း စစ်ဆေးဖို့အတွက် အခွင့်အလမ်းဖြစ်ပြီး ကံမကောင်းစွာနဲ့ မင်ယန်က သူမကို စိတ်ပျက်သွားစေသည်။

   သု့ပေမယ့် ဒါက သူမရဲ့ကိုယ်ပိုင်ရွှေးချယ်မှုဖြစ်၍ ချူ းလျန်ကလည်း အပြစ်တင်နေမှာ မဟုတ်ပေ။

   ချူ းလျန်ရဲ့မျက်နာထားက အတွေးတွေကို ဖော်ပြထားခြင်းမရှိပေ။ သူမက ချိူ ၂သာ၂ပြုံးလျက်
  " ဟုတ်ပီ..ဒါဆို နင်နေခဲ့ပြီး မြို့စားအိုကျန်းကို ပြုစုပေးချေ၊၊ နင်ကငါ့အစေခံဆိုတော့ ငါ့နမည် ပျက်ရအောင် မလုပ်နဲ့နော်၊ ငါ့ဆီက သင်ယူထားတဲ့နည်းလမ်းတွေကို မတွန့်တိုပဲနဲ့ မြို့စားအိုအတွက် အလျင်းသင့်သလို သုံးရမယ်၊ ကျန်တဲ့ကိစ္စတွေကတော့ ငါနဲ့အဖွားဆီသာ လွှဲထားလိုက် "

   ချူ းလျန်က အမြန်ြကီး သဘောတူလိမ့်မယ်မှန်း မထင်ထားခဲ့၍ မင်ယန်ရဲ့ပျော်ရွှင်သွားမှုက မျက်နာထက် အတိုင်းသားပေါ်နေတော့သည်။သို့ပေမယ့် သူမက ချူ းလျန်နဲ့သခင်မကြီးဟေးကို မသိမသာအကဲခတ်လိုက်ပြီးမှ  စိတ်အေးသွားရတော့သည်။

ကျန်းအိမ်တော်မှာ သူမရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် စတင်ရတော့မယ်။ဒါပေမယ့်လည်း
အဆုံးမှာတော့ ဘယ်လောက်ပဲ ပါးနပ်မှုရှိနေပါစေ မင်ယန်က ကမ္ဘာကြီးရဲ့အကြောင်းကို အများကြီးမကြုံတွေ့ဖူးသေးတဲ့ ငယ်ရွှယ်သေးတဲ့မိန်းကလေးတစ်ယောက်ပဲ ဖြစ်သည်။
  
  ဆွေးနွှေးမှုပြီးသွားတာကြောင့် ချူ းလျန်လည်း မင်ယန်ကိုမှာစရာရှိတာ မှာပြီး သခင်မကြဟေးကို ကူတွဲပြီး အခန်းပြင်ကို ပြန်ထွက်လာလိုက်သည်။

    ချူ းလျန်ကို ခစားနေရတဲ့အစေခံတစ်ယောက်က လျှိ့ဝှက်နည်းတွေ အများကြီးကို သိတယ်ဆိုတာက မြို့စားအိုကတော်ကို ထိန့်လန့်သွားစေသည်။သူမက အံ့ဩထိန့်လန့်သွားသလို မယုံနိုင်လည်းဖြစ်နေသေးသည်။ 'လျှိ့ဝှက်နည်းတစ်မျိူ း' ထဲကပဲ အတော်လေးကို လုံလောက်နေပြီဖြစ်သည်။ ချူ းလျန်က ကောင်း၂ချက်တတ်ပေမယ့်လည်း အခုလိုမျိူ း သူမရဲ့အစေခံဖြစ်သူကို အကုန်သင်ပေးတာကတော့ မဟုတ်သေးဘူးလေ!

  ပြန်ဖို့အချိန်ကျလာပြီ ဖြစ်တာကြောင့် ချူ းလျန်တို့က စကားစလိုက်တော့ မြို့စားအိုကတော်တို့ကလည်း အိမ်အပေါက်ဝအထိကို လိုက်ပို့ပေးသည်။သူတို့တွေ ရထားလုံးထဲ မဝင်ခင်မှာပဲ ဆက်ခံသူကျန်းက အပြေးရောက်ချလာသည်။

  ဆက်ခံသူကျန်း ရောက်လာတော့ သခင်မကြီးဟေးကို နှုတ်ဆက်အရိုသေပြု ပြီး ချူ းလျန်ကို အရင်နေ့က ထမင်းဝိုင်းအတွက် ကျေးဇူးတင်စကားဆိုလိုက်သည်။နောက်ဆုံးတော့ သူက ကူလင်းဆိုင်အကြောင်းကို မေးလာခဲ့သည်။

  ထိုအမေးကြောင့် ချူ းလျန်လည်း နည်းနည်းတော့ အံ့ဩသွားသည်။
   "ကျွန်မ စားသောက်ဆိုင်ဖွင့်မယ်ဆိုတာ ဆက်ခံသူကျန်းက ဘယ်လိုများသိသွားတာပါလိမ့်?"

ဆက်ခံသူကျန်းက သွားပေါ်အောင် ပြုံးပြပြီး
  " အကိုဟေးပြောတာကို ကြားခဲ့ရတာပါ၊ အချိန်ကျလာရင်တော့ အမျိူ းသမီးကျင်းယီက ကျွန်တော့်ကိုလည်း ဖိတ်စာတစ်စောင်ပို့ဖို့အတွက် မမေ့နေပါနဲ့နော် "

  " သေချာတာပေါ့ "

  ဆက်ခံသူကျန်းက ပွင့်လင်းတဲ့သူဖြစ်တာကြောင့် သူ့ကြောင့်နဲ့ စိတ်ဆင်းရဲရတာမျိူ းက ရှားပါးလွန်းသည်။

  သူတို့ရဲ့အပြန်အလှန် စကားပြောခြင်းပြီးသွားတော့ ချူ းလျန်တို့လည်း ကျင်းအန်အိမ်တော်ကို ပြန်လိုက်ကြသည်။
  အိမ်တော်ကို ပြန်ရောက်ကြတော့ ချူ းလျန်က သခင်မကြီးဟေးကို အရင်လိုက်ပို့ပေးလိုက်သည်။
ကျင်းချီဆောင်ကိုရောက်တော့ သခင်မကြီးဟေးက အစေခံတွေကို အပြင်ထွက်စေပြီး ချူ းလျန်ရဲ့လက်ကို ကိုင်လျက် ပြောလိုက်သည်။
   " အရူးမလေး..မင်းရဲ့အစေခံကို ဘာလို့ ထားခဲ့ရတာလဲ? အခုတော့ မင်းကိုခစားဖို့ လူ၁ယောက်လျော့သွားပြီလေ ၊ အဖွားရဲ့မုချင်းကို မင်းကို ခစားခိုင်းရင်ကော? ဘယ်လိုလဲ? "

Chapter 95: Filled with Their Own Thoughts

   မုချင်းက သခင်မကြီးဟေးရဲ့ ယုံကြည်ရတဲ့အစေအပါးလေ..ချူ းလျန်က ဘယ်လိုလုပ်လက်ခံရဲပါ့မလဲ?

  သူမက ချက်ချင်း ခေါင်းယမ်းလိုက်သည်။
  " သမီး အဆင်ပြေပါတယ်အဖွားရဲ့၊ ပြီးတော့ ခင်ပွန်းဖြစ်သူက မရှိတော့ အခုဆို အဆောင်ထဲမှာ သမီးတယောက်ထဲကိုပဲ သူတို့က ခစားရတာပါ၊ ပြီးတော့ စန်းလန်က မြောက်ဘက်နယ်စပ်ကိုမသွားခင် အစေခံကျိူ း ၊ ဝမ်ကျင်းနဲ့ဝမ်လန်တို့ကို ထားပေးခဲ့သေးတယ်၊မင်ယန်မရှိတော့ရင်တောင် သူ့နေရာမှာ ဝမ်ကျင်းကို အစားထိုးလိုက်လို့ရပါတယ် "

" ကောင်းပါပြီ ၊ မင်းမှာ လူအလုံအလောက်ရှိနေရင်လည်း အဖွားက မုချင်းကို မပေးတော့ပါဘူး၊ ဒီနေ့ မင်းလုပ်ခဲ့တာကောင်းတယ်၊ နောက်ပိုင်းကျ မင်ယန်ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရင်တောင် သူမရဲ့အဆင့်ကို လျော့ချဖို့ လုပ်လိုက်တော့၊ အနည်းဆုံးတော့ ရှီးယန်လေးကမှ ပိုပြီးသိတတ်သေးတယ် "
သခင်မကြီးဟေးကလည်း ချူ းလျန်ရဲ့အကြံအစည်ကို ရိပ်မိပြီးသားဖြစ်သည်။

ချူ းလျန် ပြုံးမိသွားသည်။
" အဖွားက အမြဲတမ်း အမြင်စူးရှနေတာပဲ!"

သခင်မကြီးက ချူ းလျန်ရဲ့နဖူးကို ဖွဖွတောက်လိုက်ပြီး
  "မင်းလည်း လူတွေရဲ့စိတ်ကို ဖတ်တတ်လိမ့်မယ်လို့ အဖွားမသိခဲ့ဘူး၊ ကောင်းတယ်၊ ဒီအစေခံတွေက နောက်ပိုင်းကျရင် လူယုံတွေ ဖြစ်လာမှာဆိုတော့ အခုထဲက ခွဲထုတ်ထားတာအကောင်းဆုံးပဲ "

  ချူ းလျန်လည်း သဘောတူကြောင်း ခေါင်းငြိမ့်လိုက်သည်။

သူတို့စကားပြောလို့ ပြီးကြတော့ ချူ းလျန်လည်း Songtaoအဆောင်ကို ပြန်လာလိုက်သည်။

ချူ းလျန်အိပ်တဲ့အခန်းရဲ့ တဖက်ကအခန်းငယ်လေးထဲမှာ ဖုယန်နဲ့ကျင်းယန်တို့က မုန့်စားလိုက် လက်ဖက်ရည်သောက်လိုက်နဲ့ စကားစမြည်ပြောနေကြသည်။

  ကျင်းယန်က စန်ချာတစ်ငုံသောက်ပြီး လေး၂ကန်၂သက်ပြင်းချလိုက်သည်။
  " မင်ယန်က အတော်လေးကံကောင်းတာပဲ"

  ဖုရန်က ကျင်းယန်ကို တချက်ကြည့်လိုက်ပြီး
  " တတိယသခင်မလေးရဲ့ ကျန်းအိမ်တော်ခရီးစဉ်မှာ ငါတို့အတွက် ဒီလိုအခွင့်အရေးမျိူ းက ရှိနေလိမ့်မယ်လို့ ငါတို့မှ မသိခဲ့ပဲ "

  အမှန်ပဲ! သူမသာ အစောထဲကသိခဲ့ရင် တတိယသခင်မလေးနဲ့ လိုက်သွားရဖို့အတွက့်ငင်းခုန်ပစ်လိုက်မှာပင်။သူမသာ သခင်မလေးနဲ့လိုက်သွားဖြစ်ခဲ့ရင် အခု ကျန်နေခဲ့တဲ့တယောက်က သူမပဲဖြစ်နေလောက်မှာ!

   မြို့စားအိုကျန်းဆိုတာက ဧကရာဇ်ကိုယ်တိုင် လေးစားရတဲ့သူပဲလေ! အကယ်၍ သူမသာ မြို့စားအိုကြီးရဲ့နှစ်သက်မှုကို အရယူနိုင်ရင် သူ့သမီးအဖြစ်တောင် မွေးစားခံရနိုင်တယ်!
ပြီးတော့ ကျင်းအန်အိမ်တော်ကို ပြန်လာရင်တောင်မှပဲ သူမက ပိုပြီးအဆင့်မြင့်သွားနိုင်တယ်။သူမက ဖုန်ယန်တို့ ရှီးယန်တို့လို သာမန်အစေခံသာသာပဲ မဟုတ်လောက်တော့ပေ။

  ပြီးတော့ ကျန်းအိမ်တော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူကလည်း အရွှယ်ရောက်ပြီးသား လူငယ်တစ်ယောက်ဖြစ်နေပြီ! အိမ်ထောင်ဖက်ရွှေးချယ်ဖို့ အသင့်တော်ဆုံး အချိန်ကို ရောက်နေပြီလေ!

    ဖုယန်က ကျင်းယန်ကို စိတ်ပျက်စွာနဲ့ကြည့်နေမိသည်။ကျင်းယန်ရဲ့ အမျိူ းမျိူ းပြောင်းလဲနေတဲ့ မျက်နာသွင်ပြင်ကြောင့် သူမမှာ မုန့်တောင် စားမဝင်တော့ပေ။

   ကျင်းယန်က စိတ်ညှိးငယ်စွာနဲ့ မေးသည်။
  " ဖုယန်...နင်ကော ကျန်းအိမ်တော်ကို မသွားချင်ဘူးလား?"

   ဖုယန်က ကျန်နေတဲ့ ငါးအရေခွံကြော်နဲ့မြေပဲတို့ကို လက်စသတ်လိုက်ပြီး လက်ကိုခါ၍ မတ်တပ်ထရပ်လိုက်သည်။
  "မသွားချင်ပါဘူး၊ ငါငယ်ငယ်ထဲက သခင်လေးနားမှာပဲ ခစားလာခဲ့တာ၊ မြို့စားအိုကျန်းကို ပြုစုလို့ရလာမယ့် အကျိူ းအမြတ်လေးကို ခေါင်းထဲထည့်မနေဘူး၊ နင်တို့လို လူတွေပဲ အမြော်အမြင်မရှိကြတာ "

  ပြီးတာနဲ့ ချူ းလျန်ရဲ့ ညွှန်ကြားမှုကို စောင့်ဖို့အတွက် အပြင်ဆောင်ကို သွားလိုက်တော့သည်။

   ဖုယန်က ထိုကဲ့သို့ ပြောမယ်မထင်ထား၍ ကျင်းယန်လည်း စိတ်တိုသွားသည်။ သူမက အံကိုကြိတ်လျက် တစ်ကိုယ်လုံးတုန်ရီနေပြီး ထွက်သွားတဲ့ ဖုယန်ကို ကြည့်နေမိသည်။သို့ပေမယ့်လည်း အခြားသူတွေရှိနေသေး၍ ဖုယန်ကို သူမ မကျိန်ဆဲရဲပေ။

  သို့ပေမယ့်လည်း သူမရဲ့စိတ်ထဲမှာတော့ ဆဲဆိုနေလိုက်သည်။ဖုယန်က စိတ်ပုပ်တာသိသာပေမယ့် သူမက အပြင်ပန်းမှာတော့ သဘောထားကြီးသူလို ပြုမူနေခဲ့သည်။ဘယ်လို အမှိုက်မမျိူ းလဲ!

  ကျင်းအန်အိမ်တော်ရဲ့အတွင်းဆောင်မှာ နေလို့ကော သူမတို့မှာ ဘာအကျိူ းများ ရှိလာနိုင်လို့လဲ? သူ့တို့သခင်လေးဖြစ်သူက နယ်စပ်ကို ထွက်သွားလို့ ရင်းနှီးခွင့်တောင် မရလိုက်ဘူး။ ဒုတိယသခင်လေးဖြစ်သူကလည်း
အိမ်တော်ကို တလနေမှ ၁ခါ၂ခါပဲ ပြန်လာလို့ သူ့နဲ့နီးစပ်ဖို့ကလည်း ပိုတောင် မဖြစ်နိုင်ပြန်ဘူး။နောက်ပိုင်းကျ သူတို့အသက်ရွှယ်ရလာလို့ သခင်မလေးသာ စိတ်ပျော်ရင် သူတို့က အိမ်တော်ရဲ့ အစောင့်တပ်သား၁ယောက်နဲ့ လက်ထပ်ခွင့်ရလိမ့်မယ်။ စိတ်မကြည်ရင်တော့ အစေခံနဲ့ပဲ လက်ထပ်ရလောက်ပြီး သူတို့ရဲ့ဘဝကြီးကို ဆင်းရဲချိူ့တဲ့ခြင်းနဲ့ပဲ နှစ်ပါးသွားနေရလိမ့်မယ်။

  မင်ယန်ကတော့ အခုလို အခွင့်ကောင်းရဖို့အတွက်ကို ကံကောင်းလွန်းနေခဲ့တယ်။သူမက ဆက်ခံသူကျန်းရဲ့အိပ်ယာထဲကို မတက်နိုင်ရင်တောင် အဆင့်နိမ့်အရာရှိလောက်ကိုတော့ လက်ထပ်ခွင့်ရနိုင်ပြီး တရားဝင်ဇနီးတောင် ဖြစ်နိုင်သေးတယ်။

  သူမကတော့ သခင်မလေးရဲ့ဘေးမှာ ခြေလိမ်နေရတော့မယ်၊ သူမရဲ့အနာဂတ်က ဘယ်လိုများ ဖြစ်လာမှာပါလိမ့်...?

   တဖက်က အပြင်ဆောင်ကို သွားနေတဲ့ ဖုယန်ကကော မင်ယန်ကို မနာလိုမဖြစ်ပဲ ဘယ်နေပါ့မလဲ?!သို့ပေမယ့် သူမရဲ့စိတ်ထဲမှာ အခြားအတွေးတွေ ရှိနေတာမလို့ ကျင်းယန်ထက်စာရင်တော့ သူမက ပိုစိတ်ရှည်ရှည်ထားနိုင်သည်။

     ဟေးချန်ရဲ့ ကြည့်ကောင်းတဲ့ကိုယ်အသွင်အပြင်၊ ချောမောတဲ့မျက်နာ၊ အေးစက်စက်နဲ့ဆွဲဆောင်မှုရှိပုံတို့ကို တွေးမိလိုက်တော့ ဖုယန်ရဲ့နှလုံးသားလေးက တုန်လှုပ်သွားတော့သည်။
ဘယ်နနှစ်ပဲကြာကြာ...သူမစောင့်နိုင်တယ်!
သူမက တတိယသခင်လေး ပြန်လာမယ့်နေ့ကို စောင့်နေတာဖြစ်သည်။ သူမလက်ထဲက စာနဲ့ဆို တတိယသခင်လေးရဲ့နှစ်သက်မှုကို သူမ ရနိုင်မှာ သေချာသည်။

   ထိုအချိန်မှာပဲ ချူ းလျန်က ပျော့ပျောင်းတဲ့ အိပ်ရာထက်မှာ စောင်ပါးလေးခြုံ ပြီး လဲလှောင်းနေသည်။သူမက သူမရဲ့အစေခံတွေ ဘာတွေးနေလဲဆိုတာကို စဉ်းစားနေချိန်မရှိပဲ နှစ်၂ခြိုက်၂ပဲ အိပ်ပျော်နေသည်။

   ထို့နေ့တွေမှာ ချူ းလျန်က ကူလင်းဆိုင်ဖွင့်ဖို့အရေးနဲ့ အလုပ်ရှုပ်နေခဲ့သည်။အချိန်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားခဲ့ပြီး ကူလင်းစားသောက်ဆိုင်ဖွင့်ဖို့ ၁ရက်သာလိုတော့သည်။

  မင်ယန် မြို့စားအိုကို ပြုစုပေးနေတာကလည်း ၆ရက်တောင် ရှိသွားပြီဖြစ်သည်။

   မင်ယန်ချက်ပြုတ်ပေးတဲ့ အရသာရှိလှတဲ့အစားအသောက်တွေကြောင့် မြို့စားအိုကျန်းလည်း ပြန်သက်သာလာပြီဖြစ်သည်။လေးရက်မြောက်နေ့မှာ သူက အိပ်ယာကထနိုင်ပြီ ဟိုဟိုဒီဒီသွားနိုင်ခဲ့ပြီး ၆ရက်မြောက်နေ့မှာတော့ တိရစ္ဆာန်၅ကောင် 'Qigong' လေ့ကျင့်ခန်းတောင် လုပ်နိုင်နေပြီဖြစ်သည်။

    ထို့နေ့က မြို့စားအိုက ပေါ့ပါးတဲ့ဝတ်ရုံကို ဝတ်ပြီး လေ့ကျင့်ခန်းလုပ်တော့မယ့်အချိန်မှာပဲ ဆက်ခံသူကျန်းက ရောက်လာခဲ့သည်။ သူကလည်း အားပါးတရပဲ မြေးဖြစ်သူကို ဖိတ်ခေါ်လိုက်သည်။
  " ထျန်ချန်း အဖိုးနဲ့အတူ လေ့ကျင့်ခန်းလာလုပ်ချေ ! "

   သူ့အဖိုးရဲ့ဖိတ်ခေါ်ချက်ကြောင့် ဆက်ခံသူကျန်းက သွား၃၂ချောင်းပေါ်အောင်ထိကို သဘောတကျ ပြုံးမိလိုက်သည်။သူလည်း အပြင်ဝတ်ရုံကို အမြန်ချွတ်လိုက်ပြီး အစေခံကို ကမ်းပေးလိုက်သည်။ထို့နောက်တော့ သူ့အဖိုးရဲ့ဘေးကို သွားပြီး အဖိုးနဲ့အတူတူ လေ့ကျင့်ခန်းစလုပ်လိုက်ကြတော့သည်။

  " ကောင်စုတ်လေး..မင်းက အဖိုးရဲ့အခန်းကို အစောကြီးရောက်နေပါ့လား? မင်းက အစားကောင်းအတွက် ရောက်နေတာမလား?"
မြို့စားအိုက မြေးဖြစ်သူရဲ့အကြံကို ထုတ်ပြောလိုက်သည်။

  ဆက်ခံသူကျန်းကလည်း စကားတတ်သူပင်။
  " အဖိုးက မြေးကို နားလည်ပေးနိုင်ဆုံးပဲ!
ဒါပေမယ့် မြေး ဒီကိုလာတာက စားဖို့အတွက်ပဲ မဟုတ်ဘူး "

  "အို? ဘာကိစ္စလဲ? ပြောစမ်း "

  " ကျင်းအန်အိမ်တော်က တတိယသခင်မ, ကျင်းယီက မနက်ဖြန်ဆို စားသောက်ဆိုင်တစ်ဆိုင် ဖွင့်မှာ၊
မြေးက ဖိတ်စာ၂စောင်ရထားတာဆိုတော့ အဖိုးကော မြေးနဲ့အတူ လိုက်ချင်လား? "

  " ကျင်းယီဆိုတာက အဲ့နေ့က သခင်မဟေးနဲ့အတူလိုက်လာတဲ့ ကလေးမလား?"

" သူမပဲပေါ့၊ အဲ့ဒီအစေခံကလည်း ကျင်းယီထားခဲ့တဲ့သူပဲလေ "

" စိတ်ဝင်စားစရာတော့ ကောင်းသားပဲ....ဒါဆိုလည်း အဖိုးဖို့ ဖိတ်စာတစ်စောင် ထားခဲ့ချေ ! "
ဆက်ခံသူကျန်းလည်း ပျော်သွားတော့သည်။

  အဖိုးဖြစ်သူနဲ့မြေးဖြစ်သူတို့က တနာရီကြာအောင်ထိ လေ့ကျင့်ခန်းလုပ်လိုက်ကြပြီး ရေမိုးချိူ းပြီးချိန်ကြတော့ အစေခံခေါင်းတစ်ယောက်က မနက်စာအဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း အစီရင်ခံလာသည်။

  မြို့စားအိုကလည်း မြေးဖြစ်သူကို အပြင်ဆောင်က ထမင်းဝိုင်းဆီ ခေါ်သွားလိုက်သည်။
ဆန်မုန့်ပေါင်း၊ ပန်းလိပ်(ပလာတာလိုကိုမှ ပန်းပုံစံဖော်ပြီး ကြက်သွန်မြိတ်ဖြူ းပြီး ပေါင်းထားတာ)၊ ဖက်ထုတ်ပြုတ်၊ အီကြာကွေးနဲ့ ဝက်သားဆန်ပြုတ်တို့ကို ထမင်းဝိုင်းမှာ အစီအရီ ပြင်ဆင်ထားသည်။

   အပြင်ဆောင်တခုလုံးမှာလည်း အမွှေးနံ့တို့က ကြိုင်နေတော့သည်။ယောကျာ်း၂ယောက်ကလည်း ဆာလောင်နေပြီဖြစ်တာကြောင့် စားပွဲဆီ တိုက်ရိုက်သွားပြီး နေရာယူလိုက်ကြသည်။

   မြို့စားအိုလည်း သူတခါမှ မမြင်ဖူးတဲ့အစားအစာတွေကို ကြည့်နေပြီးမှ တဖက်မှာ စောင့်နေတဲ့ မင်ယန်ကို တချက်ကြည့်ပြီး ပြောလိုက်သည်။
  " မင်ယန်..မြန်မြန်..ဒါတွေက ဘာလဲဆိုတာ ပြောပြအုံး "

   မြို့စားအိုပြောလိုက်မှပဲ ဆက်ခံသူကျန်းလည်း တဖက်မှာရပ်နေတဲ့မင်ယန်ကို လှည့်ကြည့်လိုက်သည်။ဆက်ခံသူကျန်းက ကြည့်နေကြောင်းကို မျက်လုံးထောင့်ကနေတွေ့လိုက်၍ မင်ယန်ရဲ့ပါးတွေက ရှက်သွေးဖြန်းသွားသည်။သို့ပေမယ့် သူမက ရှင်းပြလိုက်သည်။
  " မြို့စားအိုကျန်းနဲ့ဆက်ခံသူကျန်းကို ပြန်ဖြေပါတယ်၊ ဒီဘက်အဆုံးက ပွဲကတော့ ' Double golden spears' လို့ခေါ်ပါတယ်၊ အပြင်ဘက်က ကြွပ်ရွှပြီး အတွင်းဘက်ကတော့ နူးညံ့ပါတယ်...."
{ အီကြာကွေးဆို အီကြာကွေးပေါ့ ဘယ့်နဲ့ ' ရွှေလှံနှစ်လက်ပူး 'လဲ??? 😆 }

မင်ယန်ရဲ့ညင်သာတဲ့အသံက တခုပြီးတခုကို ရှင်းပြနေပြီး ဆက်ခံသူကျန်းကလည်း နားထောင်နေသည်။ သို့ပေမယ့် တခုခုမှားနေတာကို သူခံစားမိနေသည်။

   ထိုမိန်းကလေးက ဟင်းပွဲတွေအကြောင်းကို နှံ့၂စပ်၂နဲ့ ရှင်းပြနေပေမယ့်လည်း ကျင်းယီကို တခါမှ မဖော်ပြသွားပေ။သူမပြောနေတဲ့ပုံက သူမကပဲ ဒီအစားအစာတွေကို တီထွင်ခဲ့သလိုမျိူ း!

  မင်ယန်ကို နောက်တခါထပ်ကြည့်လိုက်ပြီး ဆက်ခံသူကျန်းက မျက်မှောင်ကြုတ်သွားသည်။ ဒီတခါမှာတော့ မင်ယန်လည်း သူနဲ့အကြည့်ဆုံသွားသည်။ သူမရဲ့မျက်လုံးတွေက  ဆန္ဒတွေနဲ့ ရောင်ပြန်ဟပ်နေတော့သည်။

  ဆက်ခံသူကျန်းလည်း တောင့်တင်းသွားပြီး အမြန်အကြည့်လွှဲလိုက်တော့သည်။

  ထိုကဲ့သို့ အဖြစ်အပျက်သေးသေးလေးက မြို့စားအိုရဲ့အမြင်စူးရှမှုအောက်ကနေ ပြေးမလွှတ်သွားပေ။

Seguir leyendo

También te gustarán

13.6K 172 123
The ancient saying goes: Most generals come from Guan Xi, while ministers come from Guan Dong. He Lisa was born to be a Star General. She was merely...
253K 16.5K 146
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
9.1K 634 48
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
268K 7K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...