Zawgyi
Chapter 82: Offering Round Cakes
" ခ်စ္ရတဲ့ အမဝမ္းကြဲက အေတာ္ေလး အစြမ္းအစရွိေနပါ့လားဟင္? အမက ဒီလိုလူမ်ိဴ းနဲ႔ အေဖာ္ျပဳေနတယ္! "
ထိုကေလးဆန္ၿပီး ေဒါသစြတ္တဲ့အသံေၾကာင့္ ခ်ဴ းလ်န္လည္း ျပန္အသိဝင္လာသည္။အသံလာတဲ့ဘက္ကို ၾကည့္လိုက္ေတာ့ သိပ္မေဝးတဲ့တေနရာမွာ ရွိေနတဲ့ မင္းသမီးလီေယာင္ကို ျမင္လိုက္ရသည္။သူမရဲ႕ေနာက္မွာ ရွိေနတဲ့ သူနွစ္ေယာက္က Dingyuanအိမ္ေတာ္တုန္းကအတိုင္းပင္:သခင္မေလး၅ျဖစ္တဲ့ က်ိဴ းယြင္ခ်င္းနဲ႔ မင္းသမီးအန္မင္ တို႔ပင္။
ခ်ဴ းလ်န္ရဲ႕ မ်က္ခံူးတဖက္ လႈပ္ခတ္သြားသည္။ သူမေျပာမလို႔လုပ္ေတာ့ ေတာ္ဝင္မင္းသမီးက သူမကို လက္သီးဆုပ္နဲ႔ ဖြဖြထိုးလိုက္ၿပီး အေစာက စကားကို ျပန္ေခ်ပေတာ့သည္။
"လီေယာင္ ဘယ္တုန္းထဲက နင္က ငါ့ကိစၥကို လိုက္ၿပီး ေဝဖန္ခြင့္ရွိေနရတာလဲ? နင္ ဒီေလာက္ေတာင္ အားယားေနမွေတာ့ ဘာလို႔ နင့္ဘာသာနင္ပဲ ေဝဖန္သံုးသပ္မေနလိုက္လဲ! "
မိဖုရားေခါင္ႀကီးနန္းေဆာင္ကို သြားေနခ်ိန္မွာ ခ်ဴ းလ်န္က Tingyuဥယာဥ္မွာ ျဖစ္ခဲ့တဲ့အေၾကာင္းကို မင္းသမီးကို ေျပာျပထား၍ မင္းသမီးတြမ္က်ားက မင္းသမီးလီေယာင္ရဲ႕ စိတ္ေနသေဘာထားကို သိထားၿပီးျဖစ္သည္။
အင္ပါယာမင္းသမီးလီေယာင္က ေတာ္ဝင္မင္းသမီးတြမ္က်ားထက္ အဆင့္ပိုျမင့္သည္။ သို႔ေပမယ့္ မင္းသားေဝနဲ႔ ဧကရာဇ္က ေသြးနီးစပ္ညီအကိုေတြျဖစ္ၿပီး ဧကရာဇ္ကလည္း မင္းသားေဝကို ခ်စ္သည္။ မင္းသမီးတြမ္က်ားကလည္း မင္းသားေဝရဲ႕ တစ္ဦးတည္းေသာ သမီးျဖစ္တာေၾကာင့္ ဧကရာဇ္နဲ႔မိဖုရားေခါင္ႀကီးကလည္း သူမကို ခ်စ္ၾကသည္။သူမက မင္းသမီးလီေယာင္ထက္ မေပါ့တဲ့ အခ်စ္ခံရျခင္းကို ရထားသူျဖစ္သည္။
မင္းသမီးလီေယာင္ကလည္း မင္းသမီးတြမ္က်ားကို ရင္းရင္းနွိးနွိးဆက္ဆံတတ္တာပင္။ သို႔ေပမယ့္ ေတာ္ဝင္မင္းသမီးက ခ်ဴ းလ်န္ဘက္ကို ေရာက္သြားလိမ့္မယ္လို႔ ဘယ္သူသိပါ့မလဲ?
လီေယာင္ရဲ႕မ်က္နာက ေဒါသေၾကာင့္ ခ်က္ခ်င္း ျဖဴ ေဖ်ာ့သြားသည္။ သူမက ေတာ္ဝင္မင္းသမီးတြမ္က်ားကို မနိုင္နိုင္ပါဘူး ဒါေပမယ့္ တကယ္ပဲ ခ်ဴ းလ်န္လို အဆင့္နိမ့္တဲ့သူဆီမွာ သူမ ရႈံးနိမ့္ရေတာ့မွာလား?
ထူးဆန္းလြန္းေနတာက ထိုအင္ပါယာမင္းသမီးလီေယာင္က ေတာ္ဝင္မင္းသမီးတြမ္က်ားရဲ႕ စကားကို ဘာမွျပန္တံု႔ျပန္ၿပီး မေျပာတာပင္။ထိုအစား သူမက ေဒါသကို ျပန္ထိန္းခ်ဴပ္လိုက္သည္။သို႔ေပမယ့္ တခ်ိန္တည္းမွာပဲ ခ်ဴ းလ်န္ကို ေၾကာက္စရာေကာင္းေလာက္တဲ့ အၾကည့္နဲ႔ၾကည့္ၿပီး မဲ့ၿပံဳးၿပံဳးလိုက္သည္။။
ခ်ဴ းလ်န္ရဲ႕မ်က္ခံုးတို႔ တြန္႔က်ိဴ းသြားသည္။ ထိုအၿပံဳးမ်ိဴ းက သူမကို ကသိကေအာက္ျဖစ္ေစသည္။
ခ်ဴ းလ်န္ မေပ်ာ္မရႊင္ျဖစ္ေနတာကို ေတြ႕၍ ေတာ္ဝင္မင္းသမီးက သူမနည္းသူမဟန္ျဖင့္ နွစ္သိမ့္ေပးလိုက္သည္။
" ခ်ဴ းလ်ွိ႔ နင္သူ႔ကို ဂရုစိုက္ေနစရာမလိုဘူး၊
သူက အလိုလိုက္ခံရပါ မ်ားၿပီး ဆိုးေနတာ၊ သူ႔ဦးေနွာက္ဖြံ႕ၿဖိဳ းလာအံုးမယ္ဆိုတာ ဘယ္သူသိပါ့မလဲ! "
ခ်ဴ းလ်န္က မင္းသမီးကို ၿပံဳးျပလိုက္ေပမယ့္လည္း သူမရဲ႕ ညာဘက္မ်က္ခြံကေတာ့ အခ်ိဴ ႕အေၾကာင္းေတြေၾကာင့္ လႈပ္ခတ္ေနေတာ့သည္။
၁၀မိနစ္ေလာက္ေနေတာ့ သခင္မႀကီးေဟးရဲ႕ အေစခံ မုခ်င္းက တစ္ေနရာကေန အေျပးေရာက္လာသည္။သူမရဲ႕မ်က္နာက ျပသနာတစ္စံုတစ္ရာရွိေနသလို ျဖစ္ေနသည္။ သူမက ခ်ဴ းလ်န္ကို ေတြ႕ေတာ့ ကယ္တင္ရွင္ကို ေတြ႕သလို အေျပးတပိုင္းနဲ႔ ေရာက္ခ်လာသည္။
ခ်ဴ းလ်န္လည္း ဘာျဖစ္သလဲေမးဖို႔ ရွိေသး မုခ်င္းက အရင္ေျပာလာေတာ့သည္။
" တတိယသခင္မေလး တခုခုမေကာင္းတာျဖစ္ေနတယ္! သခင္မႀကီးက သခင္မေလးကို ေခၚခိုင္းလိုက္ပါတယ္! "
ခ်ဴ းလ်န္ရဲ႕မ်က္ခံူးတို႔ ျမႇင့္တက္သြားသည္။ဒီကိစၥက မင္းသမီးလီေယာင္နဲ႔ ကင္းမွာမဟုတ္ဖူးလို႔ သူမ အၾကားအျမင္ရေနသည္။
ခ်ဴ းလ်န္က အျမန္လိုေနတာကို ေတြ႕ေတာ့ မင္းသမီးတြမ္က်ားက ဆြဲထားၿပီး ေမးလိုက္သည္။
"ခ်ဴ းလ်ွိ႔ ဘာျဖစ္ေနလို႔လဲ?"
ခ်ဴ းလ်န္လည္း စိတ္ေစာေနတာကို ခ်ဴပ္ထိန္းၿပီး ျပန္ေျဖလိုက္သည္။
" ေတာ္ဝင္မင္းသမီး .. ကြၽန္မအဖြားက ကြၽန္မကို ရွာေနလို႔ အရင္သြားဖို႔လိုတယ္"
" ငါ့ကိုေကာ လိုက္ေစခ်င္လား?"
ခ်ဴ းလ်န္က ေခါင္းယမ္းျပလိုက္သည္။
ေတာ္ဝင္မင္းသမီးကလည္း ကိစၥကို ရွည္လ်ားေအာင္ ဆက္မလုပ္ေတာ့ေပ။ ခ်ဴ းလ်န္ ထိုအေစခံနဲ႔အတူ ထြက္သြားတာကို ၾကည့္ၿပီးေနာက္မွ သူမလည္း ေဘးခန္းမတစ္ခုဘက္ကို ထြက္သြားလိုက္သည္။
မင္းသမီးလည္း ထိုအျဖစ္ပ်က္ကို သတိျပဳမိသြားၿပီး ေတာ္ဝင္မင္းသမီးကို သြားေခၚေစ၍ ေမးျမန္းလိုက္သည္။
" က်င္းအန္အိမ္ေတာ္က တစ္ခုခုျဖစ္ေနပံုပဲ၊ ခ်ဴ းလ်ွိ႔ကို ေဟးသခင္မႀကီးက ေခၚခိုင္းလိုက္တယ္တဲ့ေလ"
မင္းသမီးေဝက သူမရဲ႕လက္ကိုင္ပဝါကို ဆုပ္ကိုင္လ်က္ ခဏေလာက္ စဥ္းစားလိုက္သည္။ထို႔ေနာက္ေတာ့ သူမရဲ႕အေစခံတေယာက္ကို ေခၚၿပီး ညႊန္ၾကားလိုက္သည္။
" တစ္ေယာက္ေယာက္ကို လႊတ္ၿပီး ၾကည့္ခိုင္းလိုက္၊ ေျဖးရွင္းမရတဲ့ တခုခုျဖစ္ေနရင္ ငါ့ကို သတင္းျပန္ပို႔ေပး "
မုခ်င္းက ခ်ဴ းလ်န္ကို ခန္းမတခုဆီကို ေခၚသြားလိုက္သည္။ခ်ဴ းလ်န္ပါ အထဲကုိေရာက္ေတာ့ မုခ်င္းက တံခါးပိတ္ထားလိုက္သည္။ ထင္တဲ့အတိုင္းပဲ သခင္မႀကီးေဟးက စားပြဲေဘးကခံုေပၚမွာ ထိုင္ေနၿပီး သခင္မက်ိဴ းကေတာ့ သခင္မႀကီးရဲ႕ေဘးမွာ ရိုရိုေသေသ ရပ္ေနသည္။
မုခ်င္းက ခ်ဴ းလ်န္ကို သခင္မႀကီးေဟးဆီကို ေခၚသြားလိုက္ေတာ့ သခင္မႀကီးေဟးက သူမရဲ႕ႀကိမ္တံနဲ႔ ၾကမ္းျပင္ကို ရိုက္ခ်လိုက္ၿပီး ေအာ္ေျပာလိုက္သည္။
" Dalangရဲ႕ဇနီး ! ဒီမွာ ဘာေတြျဖစ္ေနရတာလဲ? ဘယ္လိုလုပ္ၿပီး မင္းက ငါတို႔ရဲ႕ မုန္႔ဝိုင္းကိတ္ေတြကို ေပ်ာက္အာင္ လုပ္ရတာလဲ?"
(dalang - ပထမသား)
သခင္မက်ိဴ းရဲ႕မ်က္နာက ျဖဴ ေဖ်ာ့ေနၿပီး ေခါင္းငံု႔ထားလ်က္ တုန္ယင္ေနတဲ့အသံနဲ႔ ျပန္ေျဖသည္။
" အဖြား ၊ ဒီေျမးေခြၽးမ အိမ္ေတာ္က ထြက္မလာခင္က အကုန္လံုးကို ေသေသခ်ာခ်ာ စစ္ေဆးခဲ့ပါတယ္ ၊ ဒီေျမးေခြၽးမ နန္းေတာ္ထဲေရာက္ေတာ့လည္း မုန္႔ဝိုင္းကိတ္ေတြက ရွိေနပါေသးတယ္ ၊ ဒါေပမယ့္ ဒီNingheနန္းေဆာင္ထဲေရာက္ခါမွ... ေျမးေခြၽးမ... အဲ့ဒီမုန္႔ေတြ ဘယ္ေရာက္ကုန္မွန္း ဒီေျမးေခြၽးမလည္း မသိေတာ့ပါဘူး... "
သခင္မႀကီးေဟးက သခင္မက်ိဴ းကို ရိုက္ပစ္ခ်င္ေနတဲ့စိတ္ကို ထိန္းၿပီး သူမရဲ႕ႀကိမ္တံကို ေနာက္တႀကိမ္ ၾကမ္းျပင္ကို ရိုက္လိုက္ျပန္သည္။
" Dalangဇနီး ၊ ငါ့ကိုေျပာစမ္း! မင္းနန္းေတာ္ထဲကို ေရာက္ေတာ့ အဲ့ဒီမုန္႔ဗူးကို ဘယ္သူကိုင္ထားခဲ့သလဲ? "
နန္းေတာ္ထဲက ေဆာင္းလယ္ပြဲေတာ္အတြက္ လာၾကတဲ့ အိမ္ေတာ္တိုင္းက သခင္မေတြကိုဆို အေနာက္ပါအေစခံမ်ားကို ေခၚေဆာင္လာခြင့္မျပဳေပ။ သခင္မက်ိဴ းလို လူေတြကိုသာ အမ်ားဆံူး ၂ေယာက္ ေခၚလာခြင့္ျပဳသည္။
သူမက သူမရဲ႕လူယံုျဖစ္တဲ့ အေစခံေခါင္းေဆာင္ က်ဴ း နဲ႔ အေစခံက်င္းရႈ တို႔ကို ေခၚခဲ့တာျဖစ္သည္။
ကိစၥႀကီးတခုလံုးက အေတာ္ေလး ထင္ရွားေန၍ သခင္မက်ိဴ းလည္း ဘာကိုမွ ဖံုးခ်န္မထားေပ။သို႔ေပမယ့္ သူမက သူမရဲ႕အေစခံေတြကိုလည္း ကာကြယ္ေပးခ်င္ေနသည္။
အနည္းငယ္ေလာက္ေျပာၿပီးတာနဲ႔ သူမလည္း ဘာမွဆက္မေျပာလိုက္ေတာ့ေပ။ ေဘးဘက္က ၾကည့္ေနရတဲ့ ခ်ဴ းလ်န္က မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
" သခင္မက်ိဴ း! ဘာေတြျဖစ္ခဲ့သလဲ ၾကည့္လိုက္စမ္း! မင္းငါ့ကို ျပန္မေျဖေပးနိုင္ေတာ့ဘူးလား? ငါတို႔တအိမ္ေတာ္လံုးကို သိကၡာခ်ဖို႔ ႀကိဳးစားေနတာလား?! "
သခင္မႀကီးက ေအးေအးေဆးေဆးသာ ေနတတ္ၿပီး ေဒါသထြက္ခဲသည္။ အခုေတာ့ ေဒါသမထြက္ခဲ့ရတဲ့ နွစ္ေတြကို အကုန္ေပါင္းၿပီး ပံုခ်လိုက္သလိုျဖစ္ေနၿပီး ခ်ဴ းလ်န္ေတာင္ လန္႔ေနရ၍ အျပစ္လုပ္ထားတဲ့ သခင္မက်ိဴ းဆို ေျပာဖို႔ေတာင္ မလိုေတာ့ေပ။
" အဖြား ေက်းဇူးျပဳ ၿပီး စိတ္ေလ်ာ့ပါ! ေျမးေခြၽးမ ရွင္းျပပါ့မယ္ ! အဲ့တာ .. အဲ့တာက ေျမးေခြၽးမရဲ႕ အေစခံ က်င္းရႈက... "
သခင္မက်ိဴ း ထိုနမည္ကို ေျပာလိုက္တာနဲ႔ သခင္မၿကီးေဟးေဘးမွာ ခစားေနတဲ့ အေစခံေခါင္းေဆာင္ေက်ာင္းက ရုတ္တရက္ ေအာ္ေျပာလာသည္။
" ဘယ္လိုေတာင္ရဲတင္းလိုက္တဲ့ အေစခံလဲ! ျပစ္မႈက်ဴ းလြန္ၿပီးတာေတာင္ ဝန္ခံဖို႔ တြန္႔ဆုတ္ေနေသးတယ္လား? ဒူးေထာက္စမ္း! "
က်င္းရႈက အိမ္ေတာ္ရဲ႕မုန္႔ဗူး ေပ်ာက္သြားထဲက ေၾကာက္လန္႔ေနခဲ့တာျဖစ္သည္။အခု အေစခံေခါင္းေဆာင္ေက်ာင္းက ေအာ္လိုက္တာေၾကာင့္ သူမရဲ႕ဒူးေတြက ဂ်ယ္လီလို ေပ်ာ့အိလာၿပီး ၾကမ္းျပင္ေပၚ ေခြက်သြားေတာ့သည္။သူမက သူမရဲ႕တုန္ရီေနတဲ့ လက္ေမာင္းကို အားျပဳေထာက္ေနေပမယ့္ အႀကိမ္ႀကိမ္ျပန္လဲက်ေနၿပီး အဆံုးမွာေတာ့ သခင္မႀကီးဆီကို တြားသြားၿပီး သြားလိုက္ေတာ့သည္။
" သခင္မႀကီး သခင္မႀကီး ေက်းဇူးျပဳ ၿပီး ဒီအေစခံကို ညႇာတာေပးပါ! ဒီအေစခံက မုန္႔ဗူးကို ရည္ရႊယ္ခ်က္ရွိရွိနဲ႔ ေပ်ာက္ေအာင္ လုပ္လိုက္တာ မဟုတ္ပါဘုး၊ Ningheနန္းေဆာင္ကို လာတဲ့တေလ်ွာက္လံုး ဒီအေစခံက မုန္႔ဗူးကို ေသေသခ်ာခ်ာ ကိုင္လာပါတယ္ ၊ ဒါေပမယ့္ ဒီအေစခံက ေထာင့္တေနရာကို ျဖတ္ေလ်ွာက္ေတာ့ ကုန္းကုန္းတစ္ေယာက္က ဒီအေစခံကို တြန္းတိုက္လာပါတယ္ ၊ ၿပီးေတာ့ ဒီအေစခံက ထူးဆန္းအနံ႔တခုကိုရမိၿပီး ရုတ္တရက္ သတိလစ္သြားပါတယ္၊ ဒီအေစခံသတိျပန္လည္လာေတာ့ မုန္႔ဗူးက ရွိမေနေတာ့ပါဘူး၊ သခင္မႀကီး ဒီအေစခံက တစ္ေယာက္ေယာက္ရဲ႕ ေခ်ာက္ခ်တာကို ခံလိုက္ရတာပါ! "
ခ်ဴ းလ်န္ မ်က္ေမွာင္ၾကဳတ္မိသြားသည္။ ဒီလိုအေျခေနျဖစ္ပံုအရ က်င္းရႈက လိမ္ေနတာ မျဖစ္နိုင္ေပ။ သူမက သခင္မက်ိဴ းရဲ႕ လူယံုပဲ။ သခင္မက်ိဴ းကလည္း အေျခအျမစ္ကို မစစ္ေဆးထားပဲနဲ႔ လူယံုလို သေဘာထားမွာ မဟုတ္ဘူး။
ဒါက သခင္မက်ိဴ းလုပ္တာ မဟုတ္ရင္ တျခားတေယာက္ေပါ့၊ အေစာက မင္းသမီးလီေယာင္ရဲ႕အၿပံဳးကို ျပန္ျမင္ေယာင္လာၿပီး ခ်ဴ းလ်န္လည္း ကသိကေအာက္ျဖစ္သြားသည္။
သခင္မႀကီးရဲ႕ ေဒါသတႀကီးပံုရိပ္ကို ၾကည့္ၿပီး သခင္မက်ိဴ းလည္း ေတာင္းပန္လိုက္သည္။
" အဖြား ေက်းဇုးျပဳ ၿပီး က်င္းရႈကို အျပစ္မေပးပါနဲ႔၊ အဲ့တာက တေယာက္ေယာက္က သူမဆီကေန မုန္႔ဗူးကို ခိုးယူသြားတာပါ! "
သခင္မႀကီးေဟးလည္း ေဒါသထြက္လြန္း၍ လက္ထဲက ႀကိမ္တံနဲ႔ သခင္မက်ိဴ းကို ရိုက္မိမတတ္ပင္ ျဖစ္ေနေတာ့သည္။
" အခု ဘယ္အခ်ိန္ျဖစ္ေနၿပီလဲဆိုတာ မင္းသိရဲ႕လား? မင္းသာ သူမအစား ေတာင္းပန္ေပးဖို႔ စိတ္ကူးရွိေနေသးရင္ ဒီျပသနာကို ေျဖရွင္းနိုင္တဲ့ နည္းလမ္းကို စဥ္းစားပါအံုးလား!"
သခင္မႀကီးေဟးက အသက္ကို ျပင္းျပင္းရွဴ လ်က္ သခင္မက်ိဴ းဆီကေန အၾကည့္ေရႊ႕လိုက္သည္။
သခင္မက်ိဴ းရဲ႕ ခနၶာကိုယ္ကလည္း ဂ်ယ္လီလိုပဲ ေပ်ာ့ခ်င္လာေတာ့သည္။ ဒီလိုကိစၥမ်ိဴ း ျဖစ္လာမယ္လို႔ သူမလည္း ဘယ္ထင္မိပါ့မလဲ?
တကယ္လို႔ သူတို႔ရဲ႕အိမ္ေတာ္က မုန္႔ဗူးကို မေပးလိုက္နိုင္ရင္ ဧကရီနဲ႔ မိဖုရားေခါင္ႀကီးက အျပစ္တင္ေတာ့မွာပင္!
အေစခံေခါင္းေဆာင္ေက်ာင္းက တနည္းေျပာလာသည္။
" သခင္မႀကီး ကြၽန္မတို႔ အျခားသခင္မေတြဆီကေန မုန္႔အခ်ိဴ ႕ကို ေခ်းလိုက္မယ္ဆိုရင္ေကာ? "
" ေခ်းမယ္? ဘယ္လို? အိမ္ေတာ္အမ်ားစုက သူတို႔ရဲ႕မုန္႔ေတြကို ေပးလိုက္ၿပီးၿပီး ငါတို႔က ဘယ္သူ႔ဆီက သြားေခ်းရမွာလဲ? ၿပီးေတာ့ အိမ္ေတာ္တိုင္းက သူတို႔အေကာင္းဆံုးျဖစ္ေအာင္ ျပင္ဆင္လာတဲ့ မုန္႔ေတြကို ငါ့ကို ေခ်းေပးမယ္တဲ့လား? "
တစ္ေယာက္ေယာက္က အေမွာင္ထဲကေန သူတို႔ က်င္းအန္အိမ္ေတာ္ကို သင္ခန္းစာေပးလိုက္တယ္ဆိုထဲက သူတို႔ကို အဲ့လူက အေသခ်ာ ေစာင့္ၾကည့္ေနအံုးမွာပင္။ သူတို႔သာ တစ္စံုတစ္ေယာက္ဆီက မုန္႔ေတြကို ေခ်းလိုက္တယ္ဆိုရင္ သူတို႔မုန္႔ေတြကို သြားေပးလိုက္တာနဲ႔ ခ်ကိခ်င္း အေဖာ္ခံရမွာပင္။ ၿပီးေတာ့ အဲ့ဒါက သူတို႔အိမ္ေတာ္သိကၡာက်ရသလို ဧကရာဇ္ကို မေလးမစားျပဳရာလဲ က်ေပသည္။
သခင္မႀကီးရဲ႕ တံု႔ျပန္မႈေၾကာင့္ အေစခံေခါင္းေဆာင္ေက်ာင္းလည္း တိတ္က်သြားေတာ့သည္။
ခ်ဴ းလ်န္လည္း မေက်မခ်မ္းျဖစ္ေနေတာ့သည္။ ဒါက ေျဖရွင္းဖို႔ ခက္တဲ့ ျပသနာတစ္ခုပင္။အိမ္ေတာ္တိုင္းကလည္း သူတို႔မုန္႔ေတြကို သူတို႔ဘာသာ ျပင္ဆင္လာၾကတာပင္။ ေခ်းငွားတာကလည္း ေကာင္းတဲ့ေျဖရွင္းနည္းေတာ့ မဟုတ္ေပ။
တဖက္မွာ ရွိေနတဲ့ စန္းလန္မိန္းမကို ျမင္ေတာ့ သခင္မႀကီးေဟးလည္း ေျဖရွင္းဖို႔နည္းလမ္းမ်ားရွိေလမလား ေမးမလို႔လုပ္ေတာ့ သခင္မက်ိဴ းက အျမန္ေျပာလာသည္။
" အဖြား .. ညီမ၃က မုန္႔ေတြကို ဘယ္လိုလုပ္ရမလဲ သိတယ္ဆိုေတာ့ ညီမ၃ကို မုန္႔ပံုစံကို ၾကည့္ၿပီး လုပ္ခိုင္းမယ္ဆိုရင္ေကာ? အဲ့တာ အရမ္းေတာ့ မခက္ခဲေလာက္ပါဘူး "
သူမ ေျပာလို႔ၿပီးသြားေတာ့ ခ်ဴ းလ်န္ေကာ သခင္မႀကီးေဟးေကာ မ်က္ေမွာင္ၾကဳတ္သြားၾကသည္။
မုန္႔ပံုစံကို ၾကည့္ၿပီး လုပ္ရမယ္?
ဟ! သခင္မက်ိဴ းက သူမက အထင္ေသးေနတာ မဟုတ္ဘူးလား? ခ်ဴ းလ်န္က ထို္ုမုန္႔မ်ိဴ းကို အရင္က တခါမွ မလုပ္ဖူးခဲ့ေပ။တကယ္လို႔ အဲ့တာေတြသာ ေကာင္းေကာင္းထြက္မလာရင္ သူမကပဲ အေျပာခံအဆိုခံရမယ့္သူ ျဖစ္မသြားေရာ႕ဘူးလား?
သခင္မက်ိဴ းက သူမရဲ႕ အစြမ္းအစကို ယံုၾကည္လို႔ပဲျဖစ္ျဖစ္ သူမကို ေရေနႊးပူအိုင္ထဲကို တြန္းခ်ခ်င္လို႔ပဲျဖစ္ျဖစ္ အေရးႀကီးမေနေပ။ သခင္မက်ိဴ းက သူမရဲ႕ျဖစ္လာမယ့္ က်ိဴ းေၾကာင္းကိစၥအဝဝကို ဂရုစိုက္မေနတာေတာ့ ရွင္းေနတာပင္!
သို႔ေပမယ့္ သခင္မက်ိဴ းက အခုဘာပဲေတြးေနေန ခ်ဴ းလ်န္ကေတာ့ သခင္မႀကီးေဟးနဲ႔ က်င္းအန္အိမ္ေတာ္ရဲ႕ ေနာက္ဆံုး ေမ်ွာ္လင့္ခ်က္ကေလးပင္။ခ်ဴ းလ်န္ကို ၾကည့္ေနတဲ့ သခင္မၿကီးရဲ႕ မ်က္လံုးေတြထဲမွာ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ေတြ သမ္းေနေတာ့သည္။
" စန္းလန္မိန္းမေလး မင္းမွာ ဒီအေရးႀကီးကိစၥအတြက္ ေျဖရွင္းဖို႔ နည္းလမ္းရွိလား?"
ခ်ဴ းလ်န္က သခင္မက်ိဴ းကို ၾကည့္လိုက္ေတာ့ ; သူမရဲ႕ အရည္ရႊမ္းေနတဲ့ မ်က္လံုးအိမ္ေၾကာင့္ သခင္မက်ိဴ းလည္း အနည္းငယ္ေတာ့ ရွက္မိသြားသည္။
ခ်ဴ းလ်န္က သူမဆီက အၾကည့္ဖယ္ၿပီး တခဏေလာက္ေတြးၾကည့္လိုက္၍ သက္ျပင္းခ်လ်က္ ေျပာလိုက္သည္။
" အဖြား ေျမးေခြၽးမ တစ္ခုေတာ့ စဥ္းစားမိတယ္။ ဒါေပမယ့္ အဲ့ဒါက သင့္ေတာ္ပါ့မလားဆုိတာေတာ့ ေျမးေခြၽးမလည္း မသိဘူး... "
ထိုျပသနာကို ဝင္မပါခ်င္ေပမယ့္လည္း သူမက က်င္းအန္အိမ္ေတာ္ရဲ႕ တစ္စိတ္တပိုင္း ျဖစ္ေနၿပီျဖစ္သည္။သူတို႔နမည္ေတြက ေကာင္းေကာင္း ဆိုးဆိုး အတူတူပဲ သြားၾကမွာျဖစ္သည္။
ခ်ဴ းလ်န္ရဲ႕ စကားကိုၾကားေတာ့ သခင္မႀကီးေဟးလည္း အနည္းငယ္စိတ္ေအးသြားသည္။ သူမက ခ်ဴ းလ်န္ရဲ႕ လက္ေတြကို ယူၿပိး နွိပ္နယ္လ်က္
" လိမၼာလိုက္တဲ့ကေလး ၊ အဖြားမင္းကို ထိန္႔လန္႔ေစမိၿပီ ။ ျမန္ျမန္.. မင္းရဲ႕ စိတ္ကူးက ဘာလဲဆိုတာ အဖြားကိုေျပာစမ္း"
ခ်ဴ းလ်န္လည္း သူမရဲ႕အၿကံကို အျမန္ရွင္းျပလိုက္ေပမယ့္ ေနာက္ဆံုးဆံုးျဖတ္ခ်က္ကိုေတာ့ သခင္မႀကီးလက္ထဲပဲ ထည့္လိုက္သည္။
" အဖြား ဒီနည္းက သင့္ေတာ္ပါ့မလား? "
စဥ္းစားခ်င့္ခ်ိန္တတ္တဲ့ သခင္မႀကီးေဟးရဲ႕ မ်က္လံုးေတြက အေရာင္ေတာက္သြားသည္။
တခ်ိဴ ႕အေၾကာင္းေတြေၾကာင့္ သူမရဲ႕ထိုေျမးေခြၽးမေလးကို သူမ ယံုၾကည္သည္။
သခင္မႀကီးက ခ်ဴ းလ်န္ရဲ႕လက္ေတြကို ပုတ္ေပးလိုက္ၿပီး
" ေကာင္းၿပီ.. အဖြားတို႔ မင္းေျပာသလိုပဲ လုပ္ၾကတာေပါ့"
ခ်ဴ းလ်န္ကေတာ့ စိတ္မေအးသြားေပ။ သူမက သူမေနာက္ကို လိုက္လာတဲ့ ရွီးယန္ကို ျပင္ဆင္စရာရွိတာေတြအတြက္ လွည့္ၿပီး ညႊန္ၾကားလိုက္ေတာ့သည္။ သူမ Ningheနနိးေဆာင္ကို လာေတာ့ ရွီးယန္နဲ႔ အေစခံကူတို႔ကိုပါ တပါတည္း ေခၚလာခဲ့တာျဖစ္သည္။
သခင္မႀကီးေဟးက ခ်ဴ းလ်န္နဲ႔ ေျပာဆိုၿပီးေတာ့ တခ်ိန္လံုး ေခါင္းငံု႔ရပ္ေနတဲ့ သခင္မက်ိဴ းဘက္ကို အာရံုျပန္ေရာက္သြားသည္။ခြင့္မလြတ္နိုင္တဲ့ ေအးစက္စက္အသံနဲ႔ သူမက အမိန္႔ေပးလိုက္သည္။
" သခင္မက်ိဴ း.. တေအာင့္ေနလို႔ မုန္႔ေတြကို ေပးတဲ့အခ်ိန္က်ရင္ မင္းသြားဖို႔မလိုေတာ့ဘူး၊ အခ်ိန္က်လာရင္ မင္းရဲ႕အေစခံေတြကို ေခၚထားၿပီး မင္းက ငါ့ေနာက္မွာပဲ ရွိေနရမယ္၊ စားေသာက္ပြဲ မၿပီးခင္အထိကို ဘယ္သူမွ ထြက္သြားခြင့္မရွိဘူး! "
ဒီတခ်ိန္မွာေတာ့ သခင္မႀကီးေဟးက တကယ္ကို စိတ္တိုေနတာျဖစ္သည္။
အခုလို ေတာ္ဝင္စားေသာက္ပြဲက ရာထူးဂုဏ္ပုဒ္ရွိတဲ့ အိမ္တိုင္းက သူတိုရဲ႕ အိမ္ေတာ္ကိုယ္စားျပဳ မုန္႔ေတြကို ဧကရီနဲ႔မိဖုရားေခါင္ႀကီးဆီ ေပးအပ္ရတာျဖစ္ၿပီး သခင္မႀကီးေဟးရဲ႕ မုန္႔ကို ျဖတ္လုခံရတယ္ဆိုတာကလည္း သခင္မႀကီးေဟးကို ပါးရိုက္လိုက္သလိုပင္။အက်ိဴ းဆက္အေနနဲ႔ သခင္မက်ိဴ းလည္း ထိုၿမိဳ႕ထဲမွာ အခ်ိန္ေတာ္ေတာ္ၾကာ ေခါင္းေဖာ္လို႔ ရေတာ့မွာ မဟူတ္ေပ။
ထိုျပစ္ဒဏ္က သူမရဲ႕ လူယံုအေစခံ၂ေယာက္ကို အေဝးပို႔လိုက္တာထက္ေတာင္ ပိုျပင္းထန္သည္။
Unicode
Chapter 82: Offering Round Cakes
" ချစ်ရတဲ့ အမဝမ်းကွဲက အတော်လေး အစွမ်းအစရှိနေပါ့လားဟင်? အမက ဒီလိုလူမျိူ းနဲ့ အဖော်ပြုနေတယ်! "
ထိုကလေးဆန်ပြီး ဒေါသစွတ်တဲ့အသံကြောင့် ချူ းလျန်လည်း ပြန်အသိဝင်လာသည်။အသံလာတဲ့ဘက်ကို ကြည့်လိုက်တော့ သိပ်မဝေးတဲ့တနေရာမှာ ရှိနေတဲ့ မင်းသမီးလီယောင်ကို မြင်လိုက်ရသည်။သူမရဲ့နောက်မှာ ရှိနေတဲ့ သူနှစ်ယောက်က Dingyuanအိမ်တော်တုန်းကအတိုင်းပင်:သခင်မလေး၅ဖြစ်တဲ့ ကျိူ းယွင်ချင်းနဲ့ မင်းသမီးအန်မင် တို့ပင်။
ချူ းလျန်ရဲ့ မျက်ခံူးတဖက် လှုပ်ခတ်သွားသည်။ သူမပြောမလို့လုပ်တော့ တော်ဝင်မင်းသမီးက သူမကို လက်သီးဆုပ်နဲ့ ဖွဖွထိုးလိုက်ပြီး အစောက စကားကို ပြန်ချေပတော့သည်။
"လီယောင် ဘယ်တုန်းထဲက နင်က ငါ့ကိစ္စကို လိုက်ပြီး ဝေဖန်ခွင့်ရှိနေရတာလဲ? နင် ဒီလောက်တောင် အားယားနေမှတော့ ဘာလို့ နင့်ဘာသာနင်ပဲ ဝေဖန်သုံးသပ်မနေလိုက်လဲ! "
မိဖုရားခေါင်ကြီးနန်းဆောင်ကို သွားနေချိန်မှာ ချူ းလျန်က Tingyuဥယာဉ်မှာ ဖြစ်ခဲ့တဲ့အကြောင်းကို မင်းသမီးကို ပြောပြထား၍ မင်းသမီးတွမ်ကျားက မင်းသမီးလီယောင်ရဲ့ စိတ်နေသဘောထားကို သိထားပြီးဖြစ်သည်။
အင်ပါယာမင်းသမီးလီယောင်က တော်ဝင်မင်းသမီးတွမ်ကျားထက် အဆင့်ပိုမြင့်သည်။ သို့ပေမယ့် မင်းသားဝေနဲ့ ဧကရာဇ်က သွေးနီးစပ်ညီအကိုတွေဖြစ်ပြီး ဧကရာဇ်ကလည်း မင်းသားဝေကို ချစ်သည်။ မင်းသမီးတွမ်ကျားကလည်း မင်းသားဝေရဲ့ တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် ဧကရာဇ်နဲ့မိဖုရားခေါင်ကြီးကလည်း သူမကို ချစ်ကြသည်။သူမက မင်းသမီးလီယောင်ထက် မပေါ့တဲ့ အချစ်ခံရခြင်းကို ရထားသူဖြစ်သည်။
မင်းသမီးလီယောင်ကလည်း မင်းသမီးတွမ်ကျားကို ရင်းရင်းနှိးနှိးဆက်ဆံတတ်တာပင်။ သို့ပေမယ့် တော်ဝင်မင်းသမီးက ချူ းလျန်ဘက်ကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူသိပါ့မလဲ?
လီယောင်ရဲ့မျက်နာက ဒေါသကြောင့် ချက်ချင်း ဖြူ ဖျော့သွားသည်။ သူမက တော်ဝင်မင်းသမီးတွမ်ကျားကို မနိုင်နိုင်ပါဘူး ဒါပေမယ့် တကယ်ပဲ ချူ းလျန်လို အဆင့်နိမ့်တဲ့သူဆီမှာ သူမ ရှုံးနိမ့်ရတော့မှာလား?
ထူးဆန်းလွန်းနေတာက ထိုအင်ပါယာမင်းသမီးလီယောင်က တော်ဝင်မင်းသမီးတွမ်ကျားရဲ့ စကားကို ဘာမှပြန်တုံ့ပြန်ပြီး မပြောတာပင်။ထိုအစား သူမက ဒေါသကို ပြန်ထိန်းချူပ်လိုက်သည်။သို့ပေမယ့် တချိန်တည်းမှာပဲ ချူ းလျန်ကို ကြောက်စရာကောင်းလောက်တဲ့ အကြည့်နဲ့ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။။
ချူ းလျန်ရဲ့မျက်ခုံးတို့ တွန့်ကျိူ းသွားသည်။ ထိုအပြုံးမျိူ းက သူမကို ကသိကအောက်ဖြစ်စေသည်။
ချူ းလျန် မပျော်မရွှင်ဖြစ်နေတာကို တွေ့၍ တော်ဝင်မင်းသမီးက သူမနည်းသူမဟန်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။
" ချူ းလျှိ့ နင်သူ့ကို ဂရုစိုက်နေစရာမလိုဘူး၊
သူက အလိုလိုက်ခံရပါ များပြီး ဆိုးနေတာ၊ သူ့ဦးနှောက်ဖွံ့ဖြို းလာအုံးမယ်ဆိုတာ ဘယ်သူသိပါ့မလဲ! "
ချူ းလျန်က မင်းသမီးကို ပြုံးပြလိုက်ပေမယ့်လည်း သူမရဲ့ ညာဘက်မျက်ခွံကတော့ အချိူ့အကြောင်းတွေကြောင့် လှုပ်ခတ်နေတော့သည်။
၁၀မိနစ်လောက်နေတော့ သခင်မကြီးဟေးရဲ့ အစေခံ မုချင်းက တစ်နေရာကနေ အပြေးရောက်လာသည်။သူမရဲ့မျက်နာက ပြသနာတစ်စုံတစ်ရာရှိနေသလို ဖြစ်နေသည်။ သူမက ချူ းလျန်ကို တွေ့တော့ ကယ်တင်ရှင်ကို တွေ့သလို အပြေးတပိုင်းနဲ့ ရောက်ချလာသည်။
ချူ းလျန်လည်း ဘာဖြစ်သလဲမေးဖို့ ရှိသေး မုချင်းက အရင်ပြောလာတော့သည်။
" တတိယသခင်မလေး တခုခုမကောင်းတာဖြစ်နေတယ်! သခင်မကြီးက သခင်မလေးကို ခေါ်ခိုင်းလိုက်ပါတယ်! "
ချူ းလျန်ရဲ့မျက်ခံူးတို့ မြှင့်တက်သွားသည်။ဒီကိစ္စက မင်းသမီးလီယောင်နဲ့ ကင်းမှာမဟုတ်ဖူးလို့ သူမ အကြားအမြင်ရနေသည်။
ချူ းလျန်က အမြန်လိုနေတာကို တွေ့တော့ မင်းသမီးတွမ်ကျားက ဆွဲထားပြီး မေးလိုက်သည်။
"ချူ းလျှိ့ ဘာဖြစ်နေလို့လဲ?"
ချူ းလျန်လည်း စိတ်စောနေတာကို ချူပ်ထိန်းပြီး ပြန်ဖြေလိုက်သည်။
" တော်ဝင်မင်းသမီး .. ကျွန်မအဖွားက ကျွန်မကို ရှာနေလို့ အရင်သွားဖို့လိုတယ်"
" ငါ့ကိုကော လိုက်စေချင်လား?"
ချူ းလျန်က ခေါင်းယမ်းပြလိုက်သည်။
တော်ဝင်မင်းသမီးကလည်း ကိစ္စကို ရှည်လျားအောင် ဆက်မလုပ်တော့ပေ။ ချူ းလျန် ထိုအစေခံနဲ့အတူ ထွက်သွားတာကို ကြည့်ပြီးနောက်မှ သူမလည်း ဘေးခန်းမတစ်ခုဘက်ကို ထွက်သွားလိုက်သည်။
မင်းသမီးလည်း ထိုအဖြစ်ပျက်ကို သတိပြုမိသွားပြီး တော်ဝင်မင်းသမီးကို သွားခေါ်စေ၍ မေးမြန်းလိုက်သည်။
" ကျင်းအန်အိမ်တော်က တစ်ခုခုဖြစ်နေပုံပဲ၊ ချူ းလျှိ့ကို ဟေးသခင်မကြီးက ခေါ်ခိုင်းလိုက်တယ်တဲ့လေ"
မင်းသမီးဝေက သူမရဲ့လက်ကိုင်ပဝါကို ဆုပ်ကိုင်လျက် ခဏလောက် စဉ်းစားလိုက်သည်။ထို့နောက်တော့ သူမရဲ့အစေခံတယောက်ကို ခေါ်ပြီး ညွှန်ကြားလိုက်သည်။
" တစ်ယောက်ယောက်ကို လွှတ်ပြီး ကြည့်ခိုင်းလိုက်၊ ဖြေးရှင်းမရတဲ့ တခုခုဖြစ်နေရင် ငါ့ကို သတင်းပြန်ပို့ပေး "
မုချင်းက ချူ းလျန်ကို ခန်းမတခုဆီကို ခေါ်သွားလိုက်သည်။ချူ းလျန်ပါ အထဲကိုရောက်တော့ မုချင်းက တံခါးပိတ်ထားလိုက်သည်။ ထင်တဲ့အတိုင်းပဲ သခင်မကြီးဟေးက စားပွဲဘေးကခုံပေါ်မှာ ထိုင်နေပြီး သခင်မကျိူ းကတော့ သခင်မကြီးရဲ့ဘေးမှာ ရိုရိုသေသေ ရပ်နေသည်။
မုချင်းက ချူ းလျန်ကို သခင်မကြီးဟေးဆီကို ခေါ်သွားလိုက်တော့ သခင်မကြီးဟေးက သူမရဲ့ကြိမ်တံနဲ့ ကြမ်းပြင်ကို ရိုက်ချလိုက်ပြီး အော်ပြောလိုက်သည်။
" Dalangရဲ့ဇနီး ! ဒီမှာ ဘာတွေဖြစ်နေရတာလဲ? ဘယ်လိုလုပ်ပြီး မင်းက ငါတို့ရဲ့ မုန့်ဝိုင်းကိတ်တွေကို ပျောက်အာင် လုပ်ရတာလဲ?"
(dalang - ပထမသား)
သခင်မကျိူ းရဲ့မျက်နာက ဖြူ ဖျော့နေပြီး ခေါင်းငုံ့ထားလျက် တုန်ယင်နေတဲ့အသံနဲ့ ပြန်ဖြေသည်။
" အဖွား ၊ ဒီမြေးချွေးမ အိမ်တော်က ထွက်မလာခင်က အကုန်လုံးကို သေသေချာချာ စစ်ဆေးခဲ့ပါတယ် ၊ ဒီမြေးချွေးမ နန်းတော်ထဲရောက်တော့လည်း မုန့်ဝိုင်းကိတ်တွေက ရှိနေပါသေးတယ် ၊ ဒါပေမယ့် ဒီNingheနန်းဆောင်ထဲရောက်ခါမှ... မြေးချွေးမ... အဲ့ဒီမုန့်တွေ ဘယ်ရောက်ကုန်မှန်း ဒီမြေးချွေးမလည်း မသိတော့ပါဘူး... "
သခင်မကြီးဟေးက သခင်မကျိူ းကို ရိုက်ပစ်ချင်နေတဲ့စိတ်ကို ထိန်းပြီး သူမရဲ့ကြိမ်တံကို နောက်တကြိမ် ကြမ်းပြင်ကို ရိုက်လိုက်ပြန်သည်။
" Dalangဇနီး ၊ ငါ့ကိုပြောစမ်း! မင်းနန်းတော်ထဲကို ရောက်တော့ အဲ့ဒီမုန့်ဗူးကို ဘယ်သူကိုင်ထားခဲ့သလဲ? "
နန်းတော်ထဲက ဆောင်းလယ်ပွဲတော်အတွက် လာကြတဲ့ အိမ်တော်တိုင်းက သခင်မတွေကိုဆို အနောက်ပါအစေခံများကို ခေါ်ဆောင်လာခွင့်မပြုပေ။ သခင်မကျိူ းလို လူတွေကိုသာ အများဆံူး ၂ယောက် ခေါ်လာခွင့်ပြုသည်။
သူမက သူမရဲ့လူယုံဖြစ်တဲ့ အစေခံခေါင်းဆောင် ကျူ း နဲ့ အစေခံကျင်းရှု တို့ကို ခေါ်ခဲ့တာဖြစ်သည်။
ကိစ္စကြီးတခုလုံးက အတော်လေး ထင်ရှားနေ၍ သခင်မကျိူ းလည်း ဘာကိုမှ ဖုံးချန်မထားပေ။သို့ပေမယ့် သူမက သူမရဲ့အစေခံတွေကိုလည်း ကာကွယ်ပေးချင်နေသည်။
အနည်းငယ်လောက်ပြောပြီးတာနဲ့ သူမလည်း ဘာမှဆက်မပြောလိုက်တော့ပေ။ ဘေးဘက်က ကြည့်နေရတဲ့ ချူ းလျန်က မျက်မှောင်ကြုတ်လိုက်မိသည်။
" သခင်မကျိူ း! ဘာတွေဖြစ်ခဲ့သလဲ ကြည့်လိုက်စမ်း! မင်းငါ့ကို ပြန်မဖြေပေးနိုင်တော့ဘူးလား? ငါတို့တအိမ်တော်လုံးကို သိက္ခာချဖို့ ကြိုးစားနေတာလား?! "
သခင်မကြီးက အေးအေးဆေးဆေးသာ နေတတ်ပြီး ဒေါသထွက်ခဲသည်။ အခုတော့ ဒေါသမထွက်ခဲ့ရတဲ့ နှစ်တွေကို အကုန်ပေါင်းပြီး ပုံချလိုက်သလိုဖြစ်နေပြီး ချူ းလျန်တောင် လန့်နေရ၍ အပြစ်လုပ်ထားတဲ့ သခင်မကျိူ းဆို ပြောဖို့တောင် မလိုတော့ပေ။
" အဖွား ကျေးဇူးပြု ပြီး စိတ်လျော့ပါ! မြေးချွေးမ ရှင်းပြပါ့မယ် ! အဲ့တာ .. အဲ့တာက မြေးချွေးမရဲ့ အစေခံ ကျင်းရှုက... "
သခင်မကျိူ း ထိုနမည်ကို ပြောလိုက်တာနဲ့ သခင်မကြီးဟေးဘေးမှာ ခစားနေတဲ့ အစေခံခေါင်းဆောင်ကျောင်းက ရုတ်တရက် အော်ပြောလာသည်။
" ဘယ်လိုတောင်ရဲတင်းလိုက်တဲ့ အစေခံလဲ! ပြစ်မှုကျူ းလွန်ပြီးတာတောင် ဝန်ခံဖို့ တွန့်ဆုတ်နေသေးတယ်လား? ဒူးထောက်စမ်း! "
ကျင်းရှုက အိမ်တော်ရဲ့မုန့်ဗူး ပျောက်သွားထဲက ကြောက်လန့်နေခဲ့တာဖြစ်သည်။အခု အစေခံခေါင်းဆောင်ကျောင်းက အော်လိုက်တာကြောင့် သူမရဲ့ဒူးတွေက ဂျယ်လီလို ပျော့အိလာပြီး ကြမ်းပြင်ပေါ် ခွေကျသွားတော့သည်။သူမက သူမရဲ့တုန်ရီနေတဲ့ လက်မောင်းကို အားပြုထောက်နေပေမယ့် အကြိမ်ကြိမ်ပြန်လဲကျနေပြီး အဆုံးမှာတော့ သခင်မကြီးဆီကို တွားသွားပြီး သွားလိုက်တော့သည်။
" သခင်မကြီး သခင်မကြီး ကျေးဇူးပြု ပြီး ဒီအစေခံကို ညှာတာပေးပါ! ဒီအစေခံက မုန့်ဗူးကို ရည်ရွှယ်ချက်ရှိရှိနဲ့ ပျောက်အောင် လုပ်လိုက်တာ မဟုတ်ပါဘုး၊ Ningheနန်းဆောင်ကို လာတဲ့တလျှောက်လုံး ဒီအစေခံက မုန့်ဗူးကို သေသေချာချာ ကိုင်လာပါတယ် ၊ ဒါပေမယ့် ဒီအစေခံက ထောင့်တနေရာကို ဖြတ်လျှောက်တော့ ကုန်းကုန်းတစ်ယောက်က ဒီအစေခံကို တွန်းတိုက်လာပါတယ် ၊ ပြီးတော့ ဒီအစေခံက ထူးဆန်းအနံ့တခုကိုရမိပြီး ရုတ်တရက် သတိလစ်သွားပါတယ်၊ ဒီအစေခံသတိပြန်လည်လာတော့ မုန့်ဗူးက ရှိမနေတော့ပါဘူး၊ သခင်မကြီး ဒီအစေခံက တစ်ယောက်ယောက်ရဲ့ ချောက်ချတာကို ခံလိုက်ရတာပါ! "
ချူ းလျန် မျက်မှောင်ကြုတ်မိသွားသည်။ ဒီလိုအခြေနေဖြစ်ပုံအရ ကျင်းရှုက လိမ်နေတာ မဖြစ်နိုင်ပေ။ သူမက သခင်မကျိူ းရဲ့ လူယုံပဲ။ သခင်မကျိူ းကလည်း အခြေအမြစ်ကို မစစ်ဆေးထားပဲနဲ့ လူယုံလို သဘောထားမှာ မဟုတ်ဘူး။
ဒါက သခင်မကျိူ းလုပ်တာ မဟုတ်ရင် တခြားတယောက်ပေါ့၊ အစောက မင်းသမီးလီယောင်ရဲ့အပြုံးကို ပြန်မြင်ယောင်လာပြီး ချူ းလျန်လည်း ကသိကအောက်ဖြစ်သွားသည်။
သခင်မကြီးရဲ့ ဒေါသတကြီးပုံရိပ်ကို ကြည့်ပြီး သခင်မကျိူ းလည်း တောင်းပန်လိုက်သည်။
" အဖွား ကျေးဇုးပြု ပြီး ကျင်းရှုကို အပြစ်မပေးပါနဲ့၊ အဲ့တာက တယောက်ယောက်က သူမဆီကနေ မုန့်ဗူးကို ခိုးယူသွားတာပါ! "
သခင်မကြီးဟေးလည်း ဒေါသထွက်လွန်း၍ လက်ထဲက ကြိမ်တံနဲ့ သခင်မကျိူ းကို ရိုက်မိမတတ်ပင် ဖြစ်နေတော့သည်။
" အခု ဘယ်အချိန်ဖြစ်နေပြီလဲဆိုတာ မင်းသိရဲ့လား? မင်းသာ သူမအစား တောင်းပန်ပေးဖို့ စိတ်ကူးရှိနေသေးရင် ဒီပြသနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို စဉ်းစားပါအုံးလား!"
သခင်မကြီးဟေးက အသက်ကို ပြင်းပြင်းရှူ လျက် သခင်မကျိူ းဆီကနေ အကြည့်ရွှေ့လိုက်သည်။
သခင်မကျိူ းရဲ့ ခန္ဓာကိုယ်ကလည်း ဂျယ်လီလိုပဲ ပျော့ချင်လာတော့သည်။ ဒီလိုကိစ္စမျိူ း ဖြစ်လာမယ်လို့ သူမလည်း ဘယ်ထင်မိပါ့မလဲ?
တကယ်လို့ သူတို့ရဲ့အိမ်တော်က မုန့်ဗူးကို မပေးလိုက်နိုင်ရင် ဧကရီနဲ့ မိဖုရားခေါင်ကြီးက အပြစ်တင်တော့မှာပင်!
အစေခံခေါင်းဆောင်ကျောင်းက တနည်းပြောလာသည်။
" သခင်မကြီး ကျွန်မတို့ အခြားသခင်မတွေဆီကနေ မုန့်အချိူ့ကို ချေးလိုက်မယ်ဆိုရင်ကော? "
" ချေးမယ်? ဘယ်လို? အိမ်တော်အများစုက သူတို့ရဲ့မုန့်တွေကို ပေးလိုက်ပြီးပြီး ငါတို့က ဘယ်သူ့ဆီက သွားချေးရမှာလဲ? ပြီးတော့ အိမ်တော်တိုင်းက သူတို့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လာတဲ့ မုန့်တွေကို ငါ့ကို ချေးပေးမယ်တဲ့လား? "
တစ်ယောက်ယောက်က အမှောင်ထဲကနေ သူတို့ ကျင်းအန်အိမ်တော်ကို သင်ခန်းစာပေးလိုက်တယ်ဆိုထဲက သူတို့ကို အဲ့လူက အသေချာ စောင့်ကြည့်နေအုံးမှာပင်။ သူတို့သာ တစ်စုံတစ်ယောက်ဆီက မုန့်တွေကို ချေးလိုက်တယ်ဆိုရင် သူတို့မုန့်တွေကို သွားပေးလိုက်တာနဲ့ ချကိချင်း အဖော်ခံရမှာပင်။ ပြီးတော့ အဲ့ဒါက သူတို့အိမ်တော်သိက္ခာကျရသလို ဧကရာဇ်ကို မလေးမစားပြုရာလဲ ကျပေသည်။
သခင်မကြီးရဲ့ တုံ့ပြန်မှုကြောင့် အစေခံခေါင်းဆောင်ကျောင်းလည်း တိတ်ကျသွားတော့သည်။
ချူ းလျန်လည်း မကျေမချမ်းဖြစ်နေတော့သည်။ ဒါက ဖြေရှင်းဖို့ ခက်တဲ့ ပြသနာတစ်ခုပင်။အိမ်တော်တိုင်းကလည်း သူတို့မုန့်တွေကို သူတို့ဘာသာ ပြင်ဆင်လာကြတာပင်။ ချေးငှားတာကလည်း ကောင်းတဲ့ဖြေရှင်းနည်းတော့ မဟုတ်ပေ။
တဖက်မှာ ရှိနေတဲ့ စန်းလန်မိန်းမကို မြင်တော့ သခင်မကြီးဟေးလည်း ဖြေရှင်းဖို့နည်းလမ်းများရှိလေမလား မေးမလို့လုပ်တော့ သခင်မကျိူ းက အမြန်ပြောလာသည်။
" အဖွား .. ညီမ၃က မုန့်တွေကို ဘယ်လိုလုပ်ရမလဲ သိတယ်ဆိုတော့ ညီမ၃ကို မုန့်ပုံစံကို ကြည့်ပြီး လုပ်ခိုင်းမယ်ဆိုရင်ကော? အဲ့တာ အရမ်းတော့ မခက်ခဲလောက်ပါဘူး "
သူမ ပြောလို့ပြီးသွားတော့ ချူ းလျန်ကော သခင်မကြီးဟေးကော မျက်မှောင်ကြုတ်သွားကြသည်။
မုန့်ပုံစံကို ကြည့်ပြီး လုပ်ရမယ်?
ဟ! သခင်မကျိူ းက သူမက အထင်သေးနေတာ မဟုတ်ဘူးလား? ချူ းလျန်က ထိုမုန့်မျိူ းကို အရင်က တခါမှ မလုပ်ဖူးခဲ့ပေ။တကယ်လို့ အဲ့တာတွေသာ ကောင်းကောင်းထွက်မလာရင် သူမကပဲ အပြောခံအဆိုခံရမယ့်သူ ဖြစ်မသွားရော့ဘူးလား?
သခင်မကျိူ းက သူမရဲ့ အစွမ်းအစကို ယုံကြည်လို့ပဲဖြစ်ဖြစ် သူမကို ရေနွှေးပူအိုင်ထဲကို တွန်းချချင်လို့ပဲဖြစ်ဖြစ် အရေးကြီးမနေပေ။ သခင်မကျိူ းက သူမရဲ့ဖြစ်လာမယ့် ကျိူ းကြောင်းကိစ္စအဝဝကို ဂရုစိုက်မနေတာတော့ ရှင်းနေတာပင်!
သို့ပေမယ့် သခင်မကျိူ းက အခုဘာပဲတွေးနေနေ ချူ းလျန်ကတော့ သခင်မကြီးဟေးနဲ့ ကျင်းအန်အိမ်တော်ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကလေးပင်။ချူ းလျန်ကို ကြည့်နေတဲ့ သခင်မကြီးရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်ရောင်ခြည်တွေ သမ်းနေတော့သည်။
" စန်းလန်မိန်းမလေး မင်းမှာ ဒီအရေးကြီးကိစ္စအတွက် ဖြေရှင်းဖို့ နည်းလမ်းရှိလား?"
ချူ းလျန်က သခင်မကျိူ းကို ကြည့်လိုက်တော့ ; သူမရဲ့ အရည်ရွှမ်းနေတဲ့ မျက်လုံးအိမ်ကြောင့် သခင်မကျိူ းလည်း အနည်းငယ်တော့ ရှက်မိသွားသည်။
ချူ းလျန်က သူမဆီက အကြည့်ဖယ်ပြီး တခဏလောက်တွေးကြည့်လိုက်၍ သက်ပြင်းချလျက် ပြောလိုက်သည်။
" အဖွား မြေးချွေးမ တစ်ခုတော့ စဉ်းစားမိတယ်။ ဒါပေမယ့် အဲ့ဒါက သင့်တော်ပါ့မလားဆိုတာတော့ မြေးချွေးမလည်း မသိဘူး... "
ထိုပြသနာကို ဝင်မပါချင်ပေမယ့်လည်း သူမက ကျင်းအန်အိမ်တော်ရဲ့ တစ်စိတ်တပိုင်း ဖြစ်နေပြီဖြစ်သည်။သူတို့နမည်တွေက ကောင်းကောင်း ဆိုးဆိုး အတူတူပဲ သွားကြမှာဖြစ်သည်။
ချူ းလျန်ရဲ့ စကားကိုကြားတော့ သခင်မကြီးဟေးလည်း အနည်းငယ်စိတ်အေးသွားသည်။ သူမက ချူ းလျန်ရဲ့ လက်တွေကို ယူပြိး နှိပ်နယ်လျက်
" လိမ္မာလိုက်တဲ့ကလေး ၊ အဖွားမင်းကို ထိန့်လန့်စေမိပြီ ။ မြန်မြန်.. မင်းရဲ့ စိတ်ကူးက ဘာလဲဆိုတာ အဖွားကိုပြောစမ်း"
ချူ းလျန်လည်း သူမရဲ့အကြံကို အမြန်ရှင်းပြလိုက်ပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ သခင်မကြီးလက်ထဲပဲ ထည့်လိုက်သည်။
" အဖွား ဒီနည်းက သင့်တော်ပါ့မလား? "
စဉ်းစားချင့်ချိန်တတ်တဲ့ သခင်မကြီးဟေးရဲ့ မျက်လုံးတွေက အရောင်တောက်သွားသည်။
တချိူ့အကြောင်းတွေကြောင့် သူမရဲ့ထိုမြေးချွေးမလေးကို သူမ ယုံကြည်သည်။
သခင်မကြီးက ချူ းလျန်ရဲ့လက်တွေကို ပုတ်ပေးလိုက်ပြီး
" ကောင်းပြီ.. အဖွားတို့ မင်းပြောသလိုပဲ လုပ်ကြတာပေါ့"
ချူ းလျန်ကတော့ စိတ်မအေးသွားပေ။ သူမက သူမနောက်ကို လိုက်လာတဲ့ ရှီးယန်ကို ပြင်ဆင်စရာရှိတာတွေအတွက် လှည့်ပြီး ညွှန်ကြားလိုက်တော့သည်။ သူမ Ningheနနိးဆောင်ကို လာတော့ ရှီးယန်နဲ့ အစေခံကူတို့ကိုပါ တပါတည်း ခေါ်လာခဲ့တာဖြစ်သည်။
သခင်မကြီးဟေးက ချူ းလျန်နဲ့ ပြောဆိုပြီးတော့ တချိန်လုံး ခေါင်းငုံ့ရပ်နေတဲ့ သခင်မကျိူ းဘက်ကို အာရုံပြန်ရောက်သွားသည်။ခွင့်မလွတ်နိုင်တဲ့ အေးစက်စက်အသံနဲ့ သူမက အမိန့်ပေးလိုက်သည်။
" သခင်မကျိူ း.. တအောင့်နေလို့ မုန့်တွေကို ပေးတဲ့အချိန်ကျရင် မင်းသွားဖို့မလိုတော့ဘူး၊ အချိန်ကျလာရင် မင်းရဲ့အစေခံတွေကို ခေါ်ထားပြီး မင်းက ငါ့နောက်မှာပဲ ရှိနေရမယ်၊ စားသောက်ပွဲ မပြီးခင်အထိကို ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး! "
ဒီတချိန်မှာတော့ သခင်မကြီးဟေးက တကယ်ကို စိတ်တိုနေတာဖြစ်သည်။
အခုလို တော်ဝင်စားသောက်ပွဲက ရာထူးဂုဏ်ပုဒ်ရှိတဲ့ အိမ်တိုင်းက သူတိုရဲ့ အိမ်တော်ကိုယ်စားပြု မုန့်တွေကို ဧကရီနဲ့မိဖုရားခေါင်ကြီးဆီ ပေးအပ်ရတာဖြစ်ပြီး သခင်မကြီးဟေးရဲ့ မုန့်ကို ဖြတ်လုခံရတယ်ဆိုတာကလည်း သခင်မကြီးဟေးကို ပါးရိုက်လိုက်သလိုပင်။အကျိူ းဆက်အနေနဲ့ သခင်မကျိူ းလည်း ထိုမြို့ထဲမှာ အချိန်တော်တော်ကြာ ခေါင်းဖော်လို့ ရတော့မှာ မဟူတ်ပေ။
ထိုပြစ်ဒဏ်က သူမရဲ့ လူယုံအစေခံ၂ယောက်ကို အဝေးပို့လိုက်တာထက်တောင် ပိုပြင်းထန်သည်။