{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 76

3.1K 395 18
By whitekiddy

<Unicode>
Chapter 76: Lucky Star

  " ကယ်ကြပါ, တယောက်ယောက် လဲကျသွားလို့! သမားတော်ခေါ်ပေးကြပါ!"

   သူတို့တွေရှိနေတဲ့ နေရာကလည်း ထိုအကူညီတောင်းနေတဲ့ လူနဲ့ သိပ်မဝေး၍ ခေါင်းဆောင်ကောင်းက ဟေးချန်နဲ့အခြားလူတွေကို ဦးဆောင်ပြီး သွားကြည့်လိုက်သည်။

   သူတို့တွေ လူအုံနေတဲ့နေရာဆီရောက်တော့ ခေါင်းဆောင်ကောင်းက လူတွေကြားတိုးသွားပြီး လဲနေတဲ့ စစ်သားဘေး ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အာဏာသံပါပါနဲ့ မေးလိုက်သည်။
    " ဒီမှာ ဘာတွေဖြစ်နေတာလဲ?"

  " ခေါင်းဆောင်ကို ပြန်ဖြေပါတယ်...ကျောက်ချီ က အတော်လေး ဖျားနေပါတယ်!"

   ခေါင်းဆောင်ကောင်းလည်း ထိုစစ်သားရဲ့နဖူးကို စမ်းကြည့်လိုက်တော့ အတော်လေးပူနေတာကို တွေ့လိုက်ရသည်။
စစ်သားကလည်း အဖျားးကြောင့် မူးဝေနေပြီး အရူးတစ်ယောက်လိုပဲ ဂယောင်ဂတမ်းတွေ ပြောနေတော့သည်။

    သူတို့တွေ အတော်လေးကြာအောင် စောင့်နေပေမယ့်လည်း သမားတော်ကတော့ ရောက်မလာသေးပေ။ ခေါင်းဆောင်ကျောင်းရဲ့ မျက်ခုံးတို့ကတော့ အတော်လေးကို ကြုံ့ဝင်နေပြီဖြစ်သည်။သူအမိန့်ထပ်ပေးတော့မယ့် အချိန်မှာပဲ သမားတော်ကို သွားပင့်တဲ့ စစ်သားတစ်ယောက်က ကြောက်၂လန့်၂နဲ့ပဲ အမြန်ပြေးလာသည်။အချိန်ထပ်ဖြုန်းမနေတော့ပဲ ထိုစစ်သားက ပြောလိုက်သည်။
   " ခေါင်းဆောင် , သမားတော်က အခုလောလာဆယ် ဘယ်တောင်ပံတပ်စခန်းထဲမှာ ရှိမနေပါဘူး"

ဘာ! ခေါင်းဆောင်ကျောင်း ဒေါသထွက်ထွက်နဲ့ မြေပြင်ကို လက်သီးနဲ့ထိုးချလိုက်သည်။
ခေါင်းဆောင်ကောင်းက စစ်တပ်ရဲ့ညာတောင်ပံအပိုင်းက ဖြစ်ပြီး  ညာတောင်ပံတပ်သားတွေက မြင်းစီးတပ်သားတွေဖြစ်ပြီး သူကလည်း ရှေ့ပြေးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ထိုစစ်တပ်ထဲမှာဆို သူက ဘယ်တောင်ပံဘက်က ခေါင်းဆောင်ဖြစ်တဲ့ ကော်ကျန့်ဝေနဲ့က ကတော်ကဆနဲ့ အဆင်မပြေ ဖြစ်နေတာဖြစ်သည်။

    ဟေးချန်လည်း သူရောက်ကတည်းက ထိုစစ်သားရဲ့မျက်နာက အဖျားးကြောင့် ရဲနေပြီး သနားစရာအတော်ကောင်းနေတာကို တွေ့လိုက်ရတာဖြစ်သည်။ သူက အရှေ့ကို ဝင်သွားလိုက်ပြီး စိတ်တိုနေတဲ့ ခေါင်းဆောင်ကောင်းကို ပြောလိုက်သည်။
   " ခေါင်းဆောင်.. ကျွန်တော့ကို တချက်လောက် စမ်းကြည့်ခွင့်ပြုပါ"

   ဟေးချန် အရင်က ဆေးစာအုပ်တွေကို နည်းနည်းတော့ လေ့လာဖူးသည်။ သူ့အရင်ဘဝကဆိုလည်း ဒုက္ခသုတ်ခ ခံခဲ့ရတဲ့အချိန်တုန်းက ဘာဘာရီယန်အမျိူ းသမီး အာမာ ဆီကနေ အိမ်တွင်းဆေးကုနည်းလို အမြန်ကယ်ဆယ်နိုင်တဲ့ ကုသနည်းများကို သင်ခဲ့ဖူးသည်။အခုလောလောဆယ်တော့ သူ့ဆီမှာ ချူ းလျန်ထည့်ပေးလိုက်တဲ့ ဘက်စုံသုံးတရုတ်ဆေးဝါးအချိူ့လည်း ရှိနေသည်။အခုလိုအချိန်မျိူ းမှာ ထိုဆေးတွေက အနည်းနဲ့အများတော့ အသုံးဝင်နေနိုင်သည်။

    သူက စစ်သားဘေး ဒူးထောက်ထိုင်လိုက်ပြီး သွေးခုန်နှုန်း, မျက်ခွံတွင်းနဲ့ လျှာတို့ကို စစ်ကြည့်လိုက်သည်။ထို့နောက်တော့ သူ့အကျီထဲက ဆေးထည့်ထားတဲ့ အိတ်ရှုံ့အသေးလေးကို ထုတ်လိုက်သည်။ ထိုထဲက ပျားရည်ရောင်ဆေးတစ်လံူးထုတ်လိုက်ပြီး စစ်သားကို ကျွေးလိုက်ပေမယ့် စစ်သားရဲ့ပါးစပ်က အရမ်းခြောက်ကပ်လွန်းနေတဲ့အတွက် ဆေးကို မမျိူ ချနိုင်ဖြစ်နေသည်။ဟေးချန် သူ့ခါးက အိတ်တစ်လံူးထဲက ဘူးသီးခြောက်ဗူးကို ယူပြီး အဖံူးဖွင့်လိုက်တော့ : ချိူ မြ မွှေးကြိုင်တဲ့ဝိုင်အနံ့က စိမ့်ထွက်လာသည်။

   အနံ့က လေထုထဲ ပျံ့နှံ့သွားတော့ အချိူ့အရက်ဂျိူ းများက ထိုအနံ့နဲ့တင် မျှောပါသွားကြကုန်သည်။ဟေးချန်ကတော့ အခြားလူတွေကို ဂရုစိုက်မနေပဲ စစ်သားပါးစပ်ထဲကို တငုံစာ တိုက်ပေးလိုက်သည်။ နောက်တချိန်မှာတော့ သူ့ဗူးလေးကို အမြန်ပိတ်ပြီး ခါးမှာ ပြန်ချိတ်ထားလိုက်သည်။

     ကိစ္စဝိတ်စပြီးတော့ ဟေးချန်က ဘေးက စစ်သားအချိူ့ဘက် လှည့်ပြောလိုက်သည်။
   " အခုတော့ သူအဆင်ပြေသွားးပြီ။ သူ့ကို တဲဆီပြန်ပ်ု့ပေးလိုက်ကြတော့ ညဘက် ကောင်းကောင်းနားလိုက်ရင်တော့ သူသက်သာသွားမှာ"

  ခေါင်းဆောင်ကောင်းက ဟေးချန်ရဲ့ပုခုံးကို ပုတ်လိုက်ပြီး
   " ဒီကရဲဘော်က ဖျားနေတာကို ဘယ်လိုကုရမလဲဆိုတာကို သိတာပဲ။ ဒီစစ်သားကတော့ ဒီနေ့ မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ။ဒါပေမယ့်.... ခုနက မင်းသူ့ကို တိုက်လိုက်တာက ဘာဝိုင်လဲ? ဖျားနာနေတဲ့လူက အရက်မသောက်သင့်ဘူးလေ"

  ဟေးချန်က မတ်တပ်ထရပ်လိုက်ပြီး ခေါင်းဆောင်ကောင်းက်ု အရိုသေပြုလိုက်သည်။
  " ဒီစစ်သားက အအေးဒဏ်ကြောင့် ဖျားနေရုံပါ။ ကျွန်တော် သူ့ကိုတိုက်လိုက်တဲ့ဆေးက မြို့တော်က ဆေးဆိုင်ကပါ။ဝိုင်ကတော့ အပြင်းစားတော့မဟုတ်ပါဘူး ကျွန်တော့်အိမ်က ပို့လိုက်တဲ့ စပျစ်ဝိုင်ပါ"

   စပျစ်ဝိုင်မှာက အအေးဒဏ်ကြောင့် ဖြစ်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျတ်နိုင်တဲ့ anti-bac ဂုဏ်သတ္တိရှိသည်။ဟေးချန်လည်း ထိုအကြောင်းက ဘယ်လိုပေါ်လာလဲဆိုတာ မသိပေမယ့် သူ့အရင်ဘဝတုန်းက ဆေးသမားတော်တစ်ယောက်က သုံးခဲ့တာကိုတော့ မြင်ခဲ့ဖူးသည်။ထို့ကြောင့်လည်း ထိုသမားတော်လုပ်ခဲ့တာကို ပြန်မြင်ယောင်မိပြီး ထိုစစ်သားကို တိုက်လိုက်တာဖြစ်သည်။

  " ကောင်းပြီ ကောင်းပြီ ကောင်းပြီ ။ ကောင်စုတ်လေး မင်းက ငါတို့ကိုတောင် မမျှပဲ ပစ္စည်းကောင်းတွေကို သိမ်းထားတာပေါ့လေ!"

   ခေါင်းဆောင်ကောင်းက ဟေးချန်ဆီက စပျစ်ဝိုင်ကို မြည်းစမ်းကြည့်ဖို့ အခွင့်ရှာချိန်ပင်မရလိုက် ကျယ်လောင်ဩရှတဲ့အသံကြီးက ထွက်လာသည်။
   "စပျစ်ဝိုင်?! ဘယ်သူ့မှာ ရှိနေတာလဲ? မြန်မြန် ထုတ်ယူလာခဲ့စမ်း!"

  ခေါင်းဆောင်ကောင်း တောင့်တင်းသွားသည်။ သူအသိပြန်ဝင်လာချိန်မှာတော့ မြန်မြန်ထပြီး မမျှော်လင့်ပဲရောက်လာတဲ့ ဧည့်သည်ကို ကြိုဆိုလိုက်ရသည်။
   " စစ်သူကြီး! ဒီကိုလာတာ ဘာကိစ္စများရှိလို့ပါလဲ?"

   ထိုဧည့်သည်က ငွေရောင်သံချပ်ကာအကျီကို ဝတ်ထားသည်။ သူ့မှာ အဖြူ ရောင်မုတ်ဆိတ်တွေရှိနေပြီး အသားကနည်းနည်းညိုသည်။ ခေါင်းမှ ခြေအဆုံး သန်မာကြံ့ခိုင်မှုရှိပြီး အထူးသဖြင့် သူ့မျက်လုံးတွေက တောက်ပနေသည်။

   လုမြို့စားကြီး ,စစ်သူကြီးချီအန်းက ဟောက်လိုက်သည်။
   " ဘာလို့လာရတာလဲဟုတ်လား? ငါက ဒီကိုလာခွင့်မရှိဘူးလား? ဒီမှာ စပျစ်ဝိုင်ရှိတယ်လို့ ဘယ်သူပြောတာလဲ? ထုတ်ယူလာခဲ့!"

   ခေါင်းဆောင်ကောင်းက တုတ်တုတ်မလှုပ်ပဲ နေရာမှာတင် ကြောင်စီစီလေးရပ်နေတဲ့ ဟေးချန်ကို မျက်စပစ်အချက်ပြလိုက်သည်။ ဟေးချန်လည်း အဲ့တော့မှ အရှေ့သွားလိုက်ပြီး
အရိုသေပြု ပြီးမှ သူ့ခါးက ဗူးကို တုံ့ဆိုင်းခြင်းမရှိ ကမ်းပေးလိုက်သည်။

   စစ်သူကြီး ချီအန်းဆိုသူကလည်း အခြားကြိုက်တတ်တဲ့ အရာဆိုလို့ မရှိသလောက်ပင်: ဝိုင်က လွှဲလို့ပေါ့။

       မြောက်ဘက်နယ်စပ်က စစ်သားတွေအဖို့ စားစရာ ကုန်ကြမ်းပစ္စည်းတွေကိုသာ ရကြပေမယ့် ရာထူးအမြင့်ဆုံး စစ်သူကြီးအနေနဲ့ကတော့ စစ်သူကြီးချီအန်းက ထမင်းဝိုင်းတည်တိုင်း ဝိုင်အနည်းငယ်တော့ သောက်ခွင့်ရသည် အကောင်းကြီးမဟုတ်တာတောင်မှပေါ့။

    ထိုအရက်ဂျိူ း စစ်သူကြီးချီအန်းက အရက်နံ့ဆို အတော်လေး ခံစားမိလွယ်သည်။အခုလေးတင် ထိုနေရာမှာ ဟေးချန်က ဝိုင်ဗူးကို ဖွင့်လိုက်တော့ သူက ချက်ချင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာသည်။

    ဝူအင်ပါယာမှာတော့ ဆန်အရက်တွေကိုသာ အထုတ်များတာကြောင့် စပျစ်ဝိုင်ရဖို့ဆိုတာက ခက်ခဲသည်။ တချိူ့ဆို စပျစ်ဝိုင်ကို ဆေးရည်အဖြစ် အသုံးပြု ကြသည်။

   မြို့တော်မှာဆိုရင်တောင် စပျစ်ဝိုင်ကို မြည်းစမ်းခွင့်ရှိတဲ့သူက နည်းနည်းပဲရှိသည်။ ထိုကဲ့သို့ ချောင်ကျကျ နယ်စပ်ဘက်ဆိုရင်တော့ မြင်ဖူးကြမှာတောင် မဟုတ်ပေ။

      အရက်ကြိုက်တဲ့စစ်သူကြီး ချီအန်းတောင် သူ့ဘဝမှာ အရက်မျိူ းစုံကို စမ်းသောက်ကြည့်ဖူးပေမယ့် ထိုစပျစ်ဝိုင်ကိုတော့ အခုမှ ပထမဆုံး တွေ့ဖူးခြင်းပင်။

     သူ့လက်ထဲ ဗူးရောက်လာတာနဲ့ ချက်ချင်း အဖုံးဖွင့်လိုက်ပြီး အခြားသူတွေရှေ့မှာပဲ အနံ့ကို တဝကြီး ရှုရှိုက်လိုက်သည်။ချိူ မြမွှေးကြိုင်တဲ့ အနံ့သင်းသင်းလေးက သောက်ပါသောက်ပါလို့ မြူ နေပေမယ့် စစ်သူကြီးကတော့ အလျင်မလိုပဲ အဖုံးပြန်ပိတ်ပြီး ခါးမှာချိတ်လိုက်သည်။

   စစ်သူကြီး ချီအန်းက ဟေးချန်ကို ညွှန်ပြလျက် ခေါင်းဆောင်ကောင်းကို မေးလိုက်သည်။
  " ဒီကလေးက ဘယ်သူလဲ ပြီးတော့ ဘယ်အချိန်က စစ်တပ်ထဲဝင်လာတာလဲ?"

   ခေါင်းဆောင်ကောင်းလည်း စစ်သူကြီးချီအန်းက ဝိုင်ထုတ်ပေးသူရဲ့ အချက်အလက်တွေကို မေးလာမယ်မထင်ထားခဲ့ပေ။ သူလည်း အံ့ဩသွားပြီးမှ ဟေးချန်က်ု ကြည့်လိုက်ပြီး ' ကိုယ့်ကိုကို မိတ်ဆက်သင့်ကြောင်း' အကြည့်နဲ့ အသ်ပေးလိုက်သည်။

   ဟေးချန်ကလည်း ထိုစစ်သူကြီးချီအန်းနဲ့ တွေ့ခွင့်ရဖို့ကို ကြို းစားနေခဲ့ရတာဖြစ်သည်။
အခုလိုမ်ျူ း စပျစ်ဝိုင်လေးက သူ့အတွက် လမ်းဖောက်ပေးသွားလိမ့်မယ်လို့လည်း သူမထင်ထားမိခဲ့ပေ။သူလည်း အခွင့်ရေးကို အမိအရယူပြီး တရိုတသေပဲ ပြန်ဖြေလိုက်သည်။
   " စစ်သူကြီးကို ပြန်ဖြေပါတယ်, ဒီငယ်သားက ကျင်းအန်အိမ်တော်က တတိယသား ဟေးချန်ဒီပါ။ ဒီငယ်သား နယ်စပ်စခန်းကို ဝင်လာတာက တလရှိပါပြီ ပြီးတော့ ဒီငယ်သားက ညာဘက်တောင်ပံတပ်မှာ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်"

    စစ်သူကြီးချီအန်းကတော့ ဟေးချန်ကို မယုံနိုင်စွာနဲ့ပဲ တအံ့တဩစိုက်ကြည့်နေမိတော့သည်။ တချိန်တုန်းက မင်းသားကျင်းနဲ့ ဟေးစန်းလန်လို့ခေါ်တဲ့ အနှီကောင်စုတ်လေးကို သူ ကိုယ်ခံပညာအရပ်ရပ်ကို သင်ကြားပေးခဲ့ဖူးသည်။သို့ပေမယ့် အခု ထိုကောင်စုတ်လေးက အရပ်ရှည်လာပြီး ချောလာတယ်မလား?ဒါပေမယ့် ဘာလို့ အခုလိုမျိူ း မုတ်ဆိတ်ထူထူနဲ့လူဝံတစ်ယောက်လို ဖြစ်နေရတာလဲ?သူသိသလောက်ဆို ဟေးစန်းလန်ရဲ့ အသက်က ၂၀တော့ မကျော်လောက်သေးပါဘူး။

     စစ်သူကြီးရဲ့အတွေးကလည်း မမှားပေ။ ထိုခေတ်က လူတွေဆိုတာကလည်း အလှကိုကြိုက်ကြတဲ့သူက ခပ်များများလေ။ မြို့တော်ထဲက ယောကျာ်းအချိူ့ဆို သူတို့ခေါင်းမှာ ပန်းတောင်ပန်ကြလိမ့်အုံးမည်။လူအများစုက အသက်၃၀ လောက်ဆ်ုရင်တောင် မျက်နာပေါ်က အမွှေးအမျှင်တွေကိုတော့ ရိတ်ကြလိမ့်အုံးမည်။ ယင်အိမ်တော်က ဒုတိယသခင်,ချူ းကျီ ချန်းကတော့ စံပြမော်ဒယ်ပေါ့လေ။

   လမ်းပေါ်မှာ သွားလာနေကြတဲ့ မုတ်ဆိတ်နဲ့လူတွေဆိုတာကလည်း အသက်၅၀နားတွေချည်းပင်။ ထိုဟေးချန်လို အသက်ငယ်ငယ် မုတ်ဆိတ်နဲ့ လူဆိုတာကလည်း ရှိမနေပေ။
ဟေးချန်ရဲ့ မုတ်ဆိတ်တွေက သူ့ရဲ့ချောမောမှုကြီး တဝက်လောက်ကို ဖျက်ဆီးနေသည်။စစ်သူကြီးချီအန်းက သူ့ကို မမှတ်မိတာကလည်း 
အံ့ဩစရာမရှိတော့ပေ။

   " ဒီကောင်စုတ်လေး! မင်းက ဒီကို ဘာကြောင့်နဲ့ ရောက်လာရတာလဲ?"
စစ်သူကြီးချီအန်းရဲ့ ပထမဆုံးတုံ့ပြန်ချက်က အံ့ဩနေပုံဖြစ်နေပေမယ့် သူက ချက်ချင်း မကျေမနပ် အာဏာသံပါပါနဲ့ ပြောဆိုလိုက်သည်။

     ဟေးချန်က ပြန်ဖြေမလို့ ပါးစပ်ဟတုန်းပဲရှိသေး စစ်သူကြီးက ဒေါသကို ဖိနှိမ်ပြီး သူပဲ ဆက်ပြောလိုက်သည်။
   " အခုငါနဲ့ လိုက်ခဲ့!"

  ခေါင်းဆောင်ကောင်းလည်း ထိုပုံရိပ်နှစ်ခုပျောက်သွားတဲ့အထိကို လိုက်ကြည့်နေပြီးမှ သက်ပြင်းချလျက်
   " အဲ့ဒီကောင်စုတ်လေးက အတော်ကံကောင်းတာပဲ"

   ခေါင်းဆောင်ကောင်းအနောက်မှာ ရပ်နေတဲ့ ကျန်းမိန်က ပြုံးလျက်
   " နောက်များကျ အခွင့်ကြုံရင် ကျွန်တော်တို့လည်း ကျွန်တော်တို့ညီငယ်လေးရဲ့ဇနီးနဲ့ တွေ့မိချင်ပါရဲ့"

    ဟေးချန်က ခေါင်းဆောင်ကောင်းနဲ့ စစ်သူကြီး ချီအန်းတို့နဲ့ ဆုံခွင့်ရတာက သူ့ဇနီးပို့ပေးလိုက်တဲ့ ပစ္စည်းလေး၂ခုကြောင့်ပင်။ ထိုပစ္စည်းလေး၂ခုက သူ့အတွက်တော့ အများကြီး အကူအညီရလိုက်သည်။ သူ့ရဲ့ထိုဇနီးသည်လေးက သူ့အတွက်တော့ တကယ့်ကို ကံကောင်းစေတဲ့ကြယ်လေးပင်။

     ခေါင်းဆောင်ကောင်းက သူ့အနောက်က ရဲဘော်ဟောင်းကြီးဘက် လှည့်ကြည့ြပြီး ပြောလိုက်သည်။
   " မင်းသူ့ကို အဲ့လောက်အားကျနေရင် ဘာလို့ နောက်မိန်းမတစ်ယောက်လောက် ထပ်မယူလိုက်လဲ?ဘာပဲဖြစ်ဖြစ် ၁၀နှစ်တောင်ရှိနေပြီပဲကို"

  ကျန်းမိန်က စစ်တပ်မိသားစုတစ်စုကနေ မွေးလာခဲ့တာဖြစ်ပြီး စစ်မှုထမ်းရမယ့်အမိန့်ကကျလာ၍ သူ့ရဲ့ ၆လသာပေါင်းဖက်ရသေးတဲ့ ဇနီးလေးရယ် သူ့အဖေအိုကြီးရယ် အိမ်ရယ်ကို မခွဲချင်ပဲ ခွဲခဲ့ရတာဖြစ်သည်။

    သူမသွားခင်ကပဲ သူ့ဇနီးက ကိုယ်ဝန်လွယ်ထားရပြီဖြစ်သည်။ သူ့ဇနီးလေးက သူ့အလိုလိုက်ပေးလို့ရမယ့် သားလေး မွေးပေးမလား သမီးလေး မွေးပေးမလားနဲ့ သူစိတ်ကူးတွေ ယဉ်ခဲ့ဖူးသည်။ ဒါပေမယ့် ဘယ်သူက မျှော်လင့်ထားလိမ့်မတုန်း? သူ့မိန်းမ ကိုယ်ဝန်ခုနှစ်လ ရှိနေတဲ့အချိန်မှာ တောပုန်းဓားပြတွေက သူတို့ရွှာလေးကို ဝင်တိုက်ခိုက်ကြတယ်လေ။

  သူ့အဖေက သူ့ဇနီးကို အသက်ပေးကာကွယ်ပေးခဲ့ပေမယ့်လည်း နောက်ဆုံးတော့ သူ့အဖေကော မမွေးရသေးတဲ့ ကလေးလေးနဲ့အတူ သူ့ဇနီးပါ သေဆုံးသွားကြတယ်။

   ကျန်းမိန် ထွက်မသွားခင်တုန်းကဆို သူ့မှာ မိသားစုရှိသေးသည်။ သို့ပေမယ့် တနှစ်တောင် မကြာလိုက် သူက တစ်ကောင်ကြွက်ဖြစ်သွားသည်။ထို့ကြောင့်ပဲ ဒဏ်ရာရနေတာတောင်မှပဲ သူက စစ်တပ်ထဲမှာ အမြစ်တွယ်နေထိုင်နေခဲ့တာ ဖြစ်သည်။

   ကျန်းမိန်က ခေါင်းရမ်းလိုက်ပြီး ခေါင်းစဉ်ပြောင်းပြောလိုက်သည်။
  " ကြည့်ရတာ အဲ့ဒီကောင်စုတ်လေးက အခြားကောင်းတာတွေကိုလည်း ဝှက်ထားသေးမယ့်ပုံပဲ။တပ်ထဲ ပြန်ရောက်သွားရင်တော့ ရှာဖွေကြည့်အုံးမှပဲ။ စားလို့ကောင်းမယ့် တစ်ခုခုကတော့ ရှိနေအုံးမှာပဲလေ!"

   ခေါင်းဆောင်ကောင်းကတော့ အကူအညီမဲ့စွာနဲ့ပဲ ခေါင်းခါလိုက်တော့သည်။

--

   ချူ းလျန် ကျင်းအန်အိမ်တော်ကို ပြန်ရောက်တော့ ကျင်းချီခန်းမဆီ အရင် သွားလိုက်သည်။အစေခံလဲ့ကလည်း သူမကို လာကြိုပေးပြီး  သူမက ဝမ်မိသားစုရဲ့ အပြစ်ပေးခံရမှုတို့ကို အရင်ကြိုပြောပြထားပြီး သခင်မကြီးဟေးဆီ လိုက်ပို့ပေးလိုက်သည်။

     သခင်မကြီးဟေးကလည်း ချူ းလျန်ကို နန်းတွင်းထဲမှာ ကျင်းပတဲ့ ' ဆောင်းဦးလယ်စားသောက်ပွဲတော်' ကို တက်ရောက်ဖို့လိုကြောင်း အသိပေးလာသည်။ ထိုပွဲမှာ ချူ းလျန်က တော်ဝင်ဘွဲ့အပ်နှံပေးခြင်း ခံရတာကို ကျေးဇူးတင်ကြောင်း ပြောရမှာဖြစ်ပြီး သခင်မကြီးဟေးကလည်း သေချာပြင်ဆင်ထားလို့ရကြောင်း သတိပေးလိုက်တာဖြစ်သည်။

    ချူ းလျန်လည်း သာမန်ဆို ထိုပွဲကို သူမရဲ့အဆောင်မှာပဲ ကောင်မလေးတွေနဲ့အတူတူ ကျင်းပလို့ရပေမယ့် အခုက သူမရဲ့ အဆင့်၅ဘွဲ့ကြီးကြောင့် မဖြစ်မနေ သွားကို သွားရတော့မည်။

   ချူ းလျန် Songtaoအဆာင်ကို ပြန်ရောက်တော့ အစေခံကူနဲ့ကျိူ းက ဆောင်းဦးလယ်စားသောက်ပွဲမှာ သူမဝတ်ရမယ့် ဝတ်ရုံကို ပြလာသည်။ချူ းလျန်လည်း စည်းမျဉ်းစည်းကမ်းတွေ ဘာမှမသိတဲ့အတွက် အစေခံခေါင်းဆောင်တွေကိုသာ အဆင်ပြေအောင်လုပ်ပေးဖို့ ပြောလိုက်သည်။

    ထို့နောက်တော့ သူမလည်း လက်ရေးနည်းနည်းကျင့်လိုက်ပြီး စားသောက်ဆိုင်ကိစ္စကို အစီစဉ်ချလိုက်သည်။နောက်၂ရက်လောက်နေတော့ ချူ းလျန်က သူမစုထားတဲ့ ငွေတွေကို သခင်မကြီးဟေးဆီအပ်လိုက်ပြီး အလုပ်သမားရှာပေးဖို့ ခွင့်ပန်လိုက်သည်။ သူမရဲ့အစီစဉ်အတိုင်း စားသောက်ဆိုင်ကို ပြု ပြင်ဖို့အတွက်ဆို အကူညီတော့ လိုနေသေးသည်။

   အချိန်တွေက မျက်တောင်တခတ်စာအတွင်းမှာပဲ ကုန်လွန်သွားပြီး ဆောင်းဦးလယ်ပွဲကိုတောင် ရောက်သွားခဲ့သည်။ဝူအင်ပါယာရဲ့ ထုံးတမ်းအရဆို ထို့နေ့မှာ ကိတ်အလုံးမုန့်တွေကို စားရသည်။ ထိုမုန့်က ကောက်ညှင်းဆန်နဲ့လုပ်တာဖြစ်ပြီး ပျော့ပြီး စေးကပ်သည်။ကောက်ညှင်းဆန်ကို ချက်ပြီး အလုံးပုံလုပ် ပြီးရင် အမှုန့်တွေနဲ့ကပ်ပြီး ပုံသွင်းထားကြတာ ဖြစ်သည်။အရသာတွေအနေနဲ့ကတော့ နှမ်း , Soybean, မြေပဲ တို့ကို အမှုန့်လုပ်ပြီး ကပ်ကြသည်။

   ထိုမုန့်က မော်ဒန်က mochi နဲ့တောင် ခပ်ဆင်ဆင်ပင်။လုပ်ရတာ အတော်လွယ်ပြီး ကွာခြားတာဆိုလို့ အပြင်ဘက်က ကပ်တဲ့ အမှုန့်တွေပဲ ဖြစ်သည်။

    ချူ းလျန် နိုးလာတော့ ပထမဆုံး မြင်မိတာက  ကိတ်လုံးမုန့်တွေ လုပ်ဖို့ ညွှန်ကြားနေတဲ့ အစေခံကူကိုပင်။ ချူ းလျန်ကတော့ ထိုမုန့်လုံးလုံးတွေကို ကြည့်ပြီး စားချင်စိတ်ရှိမနေပေ။ ထိုအစား သူမက အခုလိုမျိူ း ဆောင်းဦးလယ်ပွဲမှာဆို စားနေကြဖြစ်တဲ့ လမုန့်တွေကို သတိရသွားသည်။

    အဆုံးမှာတော့ ချူ းလျန်လည်း မနေနိုင်တော့၍ လမုန့်နည်းနည်းလောက် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။အခြားသူတွေကို မပေးရင်တောင်မှပဲ သူမရဲ့မော်ဒန်ခေတ်လေးကို အောင့်မေ့တမ်းတရင်း စားလို့ရသေးသည်လေ။



<Zawgyi>
Chapter 76: Lucky Star

  " ကယ္ၾကပါ, တေယာက္ေယာက္ လဲက်သြားလို႔! သမားေတာ္ေခၚေပးၾကပါ!"

   သူတို႔ေတြရွိေနတဲ့ ေနရာကလည္း ထိုအကူညီေတာင္းေနတဲ့ လူနဲ႔ သိပ္မေဝး၍ ေခါင္းေဆာင္ေကာင္းက ေဟးခ်န္နဲ႔အျခားလူေတြကို ဦးေဆာင္ၿပီး သြားၾကည့္လိုက္သည္။

   သူတို႔ေတြ လူအုံေနတဲ့ေနရာဆီေရာက္ေတာ့ ေခါင္းေဆာင္ေကာင္းက လူေတြၾကားတိုးသြားၿပီး လဲေနတဲ့ စစ္သားေဘး ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး အာဏာသံပါပါနဲ႔ ေမးလိုက္သည္။
    " ဒီမွာ ဘာေတြျဖစ္ေနတာလဲ?"

  " ေခါင္းေဆာင္ကို ျပန္ေျဖပါတယ္...ေက်ာက္ခ်ီ က အေတာ္ေလး ဖ်ားေနပါတယ္!"

   ေခါင္းေဆာင္ေကာင္းလည္း ထိုစစ္သားရဲ႕နဖူးကို စမ္းၾကည့္လိုက္ေတာ့ အေတာ္ေလးပူေနတာကို ေတြ႕လိုက္ရသည္။
စစ္သားကလည္း အဖ်ားးေၾကာင့္ မူးေဝေနၿပီး အရူးတစ္ေယာက္လိုပဲ ဂေယာင္ဂတမ္းေတြ ေျပာေနေတာ့သည္။

    သူတို႔ေတြ အေတာ္ေလးၾကာေအာင္ ေစာင့္ေနေပမယ့္လည္း သမားေတာ္ကေတာ့ ေရာက္မလာေသးေပ။ ေခါင္းေဆာင္ေက်ာင္းရဲ႕ မ်က္ခံုးတို႔ကေတာ့ အေတာ္ေလးကို ႀကံဳ႕ဝင္ေနၿပီျဖစ္သည္။သူအမိန္႔ထပ္ေပးေတာ့မယ့္ အခ်ိန္မွာပဲ သမားေတာ္ကို သြားပင့္တဲ့ စစ္သားတစ္ေယာက္က ေၾကာက္၂လန္႔၂နဲ႔ပဲ အျမန္ေျပးလာသည္။အခ်ိန္ထပ္ျဖဳန္းမေနေတာ့ပဲ ထိုစစ္သားက ေျပာလိုက္သည္။
   " ေခါင္းေဆာင္ , သမားေတာ္က အခုေလာလာဆယ္ ဘယ္ေတာင္ပံတပ္စခန္းထဲမွာ ရွိမေနပါဘူး"

ဘာ! ေခါင္းေဆာင္ေက်ာင္း ေဒါသထြက္ထြက္နဲ႔ ေျမျပင္ကို လက္သီးနဲ႔ထိုးခ်လိုက္သည္။
ေခါင္းေဆာင္ေကာင္းက စစ္တပ္ရဲ႕ညာေတာင္ပံအပိုင္းက ျဖစ္ၿပီး  ညာေတာင္ပံတပ္သားေတြက ျမင္းစီးတပ္သားေတြျဖစ္ၿပီး သူကလည္း ေရွ႕ေျပးအဖြဲ႕ဝင္တစ္ေယာက္ျဖစ္သည္။ထိုစစ္တပ္ထဲမွာဆို သူက ဘယ္ေတာင္ပံဘက္က ေခါင္းေဆာင္ျဖစ္တဲ့ ေကာ္က်န္႔ေဝနဲ႔က ကေတာ္ကဆနဲ႔ အဆင္မေျပ ျဖစ္ေနတာျဖစ္သည္။

    ေဟးခ်န္လည္း သူေရာက္ကတည္းက ထိုစစ္သားရဲ႕မ်က္နာက အဖ်ားးေၾကာင့္ ရဲေနၿပီး သနားစရာအေတာ္ေကာင္းေနတာကို ေတြ႕လိုက္ရတာျဖစ္သည္။ သူက အေရွ႕ကို ဝင္သြားလိုက္ၿပီး စိတ္တုိေနတဲ့ ေခါင္းေဆာင္ေကာင္းကို ေျပာလိုက္သည္။
   " ေခါင္းေဆာင္.. ကြၽန္ေတာ့ကို တခ်က္ေလာက္ စမ္းၾကည့္ခြင့္ျပဳပါ"

   ေဟးခ်န္ အရင္က ေဆးစာအုပ္ေတြကို နည္းနည္းေတာ့ ေလ့လာဖူးသည္။ သူ႔အရင္ဘဝကဆိုလည္း ဒုကၡသုတ္ခ ခံခဲ့ရတဲ့အခ်ိန္တုန္းက ဘာဘာရီယန္အမ်ိဴ းသမီး အာမာ ဆီကေန အိမ္တြင္းေဆးကုနည္းလို အျမန္ကယ္ဆယ္နိုင္တဲ့ ကုသနည္းမ်ားကို သင္ခဲ့ဖူးသည္။အခုေလာေလာဆယ္ေတာ့ သူ႔ဆီမွာ ခ်ဴ းလ်န္ထည့္ေပးလိုက္တဲ့ ဘက္စံုသံုးတရုတ္ေဆးဝါးအခ်ိဴ ႕လည္း ရွိေနသည္။အခုလိုအခ်ိန္မ်ိဴ းမွာ ထိုေဆးေတြက အနည္းနဲ႔အမ်ားေတာ့ အသံုးဝင္ေနနိုင္သည္။

    သူက စစ္သားေဘး ဒူးေထာက္ထိုင္လိုက္ၿပီး ေသြးခုန္နႈန္း, မ်က္ခြံတြင္းနဲ႔ လ်ွာတို႔ကို စစ္ၾကည့္လိုက္သည္။ထို႔ေနာက္ေတာ့ သူ႔အက်ီထဲက ေဆးထည့္ထားတဲ့ အိတ္ရံႈ႕အေသးေလးကို ထုတ္လိုက္သည္။ ထိုထဲက ပ်ားရည္ေရာင္ေဆးတစ္လံူးထုတ္လိုက္ၿပီး စစ္သားကို ေကြၽးလိုက္ေပမယ့္ စစ္သားရဲ႕ပါးစပ္က အရမ္းေျခာက္ကပ္လြန္းေနတဲ့အတြက္ ေဆးကို မမ်ိဴ ခ်နိုင္ျဖစ္ေနသည္။ေဟးခ်န္ သူ႔ခါးက အိတ္တစ္လံူးထဲက ဘူးသီးေျခာက္ဗူးကို ယူၿပီး အဖံူးဖြင့္လိုက္ေတာ့ : ခ်ိဴ ျမ ေမႊးႀကိဳင္တဲ့ဝိုင္အနံ႔က စိမ့္ထြက္လာသည္။

   အနံ႔က ေလထုထဲ ပ်ံ့နံွ႔သြားေတာ့ အခ်ိဴ ႕အရက္ဂ်ိဴ းမ်ားက ထိုအနံ႔နဲ႔တင္ ေမ်ွာပါသြားၾကကုန္သည္။ေဟးခ်န္ကေတာ့ အျခားလူေတြကို ဂရုစိုက္မေနပဲ စစ္သားပါးစပ္ထဲကို တငံုစာ တိုက္ေပးလိုက္သည္။ ေနာက္တခ်ိန္မွာေတာ့ သူ႔ဗူးေလးကို အျမန္ပိတ္ၿပီး ခါးမွာ ျပန္ခ်ိတ္ထားလိုက္သည္။

     ကိစၥဝိတ္စၿပီးေတာ့ ေဟးခ်န္က ေဘးက စစ္သားအခ်ိဴ ႕ဘက္ လွည့္ေျပာလိုက္သည္။
   " အခုေတာ့ သူအဆင္ေျပသြားးၿပီ။ သူ႔ကို တဲဆီျပန္ပ္ု႔ေပးလိုက္ၾကေတာ့ ညဘက္ ေကာင္းေကာင္းနားလိုက္ရင္ေတာ့ သူသက္သာသြားမွာ"

  ေခါင္းေဆာင္ေကာင္းက ေဟးခ်န္ရဲ႕ပုခံုးကို ပုတ္လိုက္ၿပီး
   " ဒီကရဲေဘာ္က ဖ်ားေနတာကို ဘယ္လိုကုရမလဲဆိုတာကို သိတာပဲ။ ဒီစစ္သားကေတာ့ ဒီေန႔ မင္းအေပၚ ေက်းဇူးေႂကြးတင္သြားၿပီ။ဒါေပမယ့္.... ခုနက မင္းသူ႔ကို တိုက္လိုက္တာက ဘာဝိုင္လဲ? ဖ်ားနာေနတဲ့လူက အရက္မေသာက္သင့္ဘူးေလ"

  ေဟးခ်န္က မတ္တပ္ထရပ္လိုက္ၿပီး ေခါင္းေဆာင္ေကာင္းက္ု အရိုေသျပဳလိုက္သည္။
  " ဒီစစ္သားက အေအးဒဏ္ေၾကာင့္ ဖ်ားေနရံုပါ။ ကြၽန္ေတာ္ သူ႔ကိုတိုက္လိုက္တဲ့ေဆးက ၿမိဳ႕ေတာ္က ေဆးဆိုင္ကပါ။ဝိုင္ကေတာ့ အျပင္းစားေတာ့မဟုတ္ပါဘူး ကြၽန္ေတာ့္အိမ္က ပို႔လိုက္တဲ့ စပ်စ္ဝိုင္ပါ"

   စပ်စ္ဝိုင္မွာက အေအးဒဏ္ေၾကာင့္ ျဖစ္လာတဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်တ္နိုင္တဲ့ anti-bac ဂုဏ္သတိၲရွိသည္။ေဟးခ်န္လည္း ထိုအေၾကာင္းက ဘယ္လိုေပၚလာလဲဆိုတာ မသိေပမယ့္ သူ႔အရင္ဘဝတုန္းက ေဆးသမားေတာ္တစ္ေယာက္က သံုးခဲ့တာကိုေတာ့ ျမင္ခဲ့ဖူးသည္။ထို႔ေၾကာင့္လည္း ထိုသမားေတာ္လုပ္ခဲ့တာကို ျပန္ျမင္ေယာင္မိၿပီး ထိုစစ္သားကို တိုက္လိုက္တာျဖစ္သည္။

  " ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ ။ ေကာင္စုတ္ေလး မင္းက ငါတို႔ကိုေတာင္ မမ်ွပဲ ပစၥည္းေကာင္းေတြကို သိမ္းထားတာေပါ့ေလ!"

   ေခါင္းေဆာင္ေကာင္းက ေဟးခ်န္ဆီက စပ်စ္ဝိုင္ကို ျမည္းစမ္းၾကည့္ဖို႔ အခြင့္ရွာခ်ိန္ပင္မရလိုက္ က်ယ္ေလာင္ၾသရွတဲ့အသံႀကီးက ထြက္လာသည္။
   "စပ်စ္ဝိုင္?! ဘယ္သူ႔မွာ ရွိေနတာလဲ? ျမန္ျမန္ ထုတ္ယူလာခဲ့စမ္း!"

  ေခါင္းေဆာင္ေကာင္း ေတာင့္တင္းသြားသည္။ သူအသိျပန္ဝင္လာခ်ိန္မွာေတာ့ ျမန္ျမန္ထၿပီး မေမ်ွာ္လင့္ပဲေရာက္လာတဲ့ ဧည့္သည္ကို ႀကိဳဆိုလိုက္ရသည္။
   " စစ္သူႀကီး! ဒီကိုလာတာ ဘာကိစၥမ်ားရွိလို႔ပါလဲ?"

   ထိုဧည့္သည္က ေငြေရာင္သံခ်ပ္ကာအက်ီ္ကို ဝတ္ထားသည္။ သူ႔မွာ အျဖဴ ေရာင္မုတ္ဆိတ္ေတြရွိေနၿပီး အသားကနည္းနည္းညိဳသည္။ ေခါင္းမွ ေျခအဆံုး သန္မာႀကံ့ခိုင္မႈရွိၿပီး အထူးသျဖင့္ သူ႔မ်က္လံုးေတြက ေတာက္ပေနသည္။

   လုၿမိဳ႕စားႀကီး ,စစ္သူႀကီးခ်ီအန္းက ေဟာက္လိုက္သည္။
   " ဘာလို႔လာရတာလဲဟုတ္လား? ငါက ဒီကိုလာခြင့္မရွိဘူးလား? ဒီမွာ စပ်စ္ဝိုင္ရွိတယ္လို႔ ဘယ္သူေျပာတာလဲ? ထုတ္ယူလာခဲ့!"

   ေခါင္းေဆာင္ေကာင္းက တုတ္တုတ္မလႈပ္ပဲ ေနရာမွာတင္ ေၾကာင္စီစီေလးရပ္ေနတဲ့ ေဟးခ်န္ကို မ်က္စပစ္အခ်က္ျပလိုက္သည္။ ေဟးခ်န္လည္း အဲ့ေတာ့မွ အေရွ႕သြားလိုက္ၿပီး
အရိုေသျပဳ ၿပီးမွ သူ႔ခါးက ဗူးကို တံု႔ဆိုင္းျခင္းမရွိ ကမ္းေပးလိုက္သည္။

   စစ္သူႀကီး ခ်ီအန္းဆိုသူကလည္း အျခားႀကိဳက္တတ္တဲ့ အရာဆိုလို႔ မရွိသေလာက္ပင္: ဝိုင္က လႊဲလို႔ေပါ့။

       ေျမာက္ဘက္နယ္စပ္က စစ္သားေတြအဖို႔ စားစရာ ကုန္ၾကမ္းပစၥည္းေတြကိုသာ ရၾကေပမယ့္ ရာထူးအျမင့္ဆံုး စစ္သူႀကီးအေနနဲ႔ကေတာ့ စစ္သူႀကီးခ်ီအန္းက ထမင္းဝိုင္းတည္တိုင္း ဝိုင္အနည္းငယ္ေတာ့ ေသာက္ခြင့္ရသည္ အေကာင္းႀကီးမဟုတ္တာေတာင္မွေပါ့။

    ထိုအရက္ဂ်ိဴ း စစ္သူႀကီးခ်ီအန္းက အရက္နံ႔ဆို အေတာ္ေလး ခံစားမိလြယ္သည္။အခုေလးတင္ ထိုေနရာမွာ ေဟးခ်န္က ဝိုင္ဗူးကို ဖြင့္လိုက္ေတာ့ သူက ခ်က္ခ်င္းကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး ေရာက္ခ်လာသည္။

    ဝူအင္ပါယာမွာေတာ့ ဆန္အရက္ေတြကိုသာ အထုတ္မ်ားတာေၾကာင့္ စပ်စ္ဝိုင္ရဖို႔ဆိုတာက ခက္ခဲသည္။ တခ်ိဴ ႕ဆို စပ်စ္ဝိုင္ကို ေဆးရည္အျဖစ္ အသံုးျပဳ ၾကသည္။

   ၿမိဳ႕ေတာ္မွာဆိုရင္ေတာင္ စပ်စ္ဝိုင္ကို ျမည္းစမ္းခြင့္ရွိတဲ့သူက နည္းနည္းပဲရွိသည္။ ထိုကဲ့သို႔ ေခ်ာင္က်က် နယ္စပ္ဘက္ဆိုရင္ေတာ့ ျမင္ဖူးၾကမွာေတာင္ မဟုတ္ေပ။

      အရက္ႀကိဳက္တဲ့စစ္သူႀကီး ခ်ီအန္းေတာင္ သူ႔ဘဝမွာ အရက္မ်ိဴ းစံုကို စမ္းေသာက္ၾကည့္ဖူးေပမယ့္ ထိုစပ်စ္ဝိုင္ကိုေတာ့ အခုမွ ပထမဆံုး ေတြ႕ဖူးျခင္းပင္။

     သူ႔လက္ထဲ ဗူးေရာက္လာတာနဲ႔ ခ်က္ခ်င္း အဖံုးဖြင့္လိုက္ၿပီး အျခားသူေတြေရွ႕မွာပဲ အနံ႔ကို တဝႀကီး ရႈရႈိက္လိုက္သည္။ခ်ိဴ ျမေမႊးႀကိဳင္တဲ့ အနံ႔သင္းသင္းေလးက ေသာက္ပါေသာက္ပါလို႔ ျမဴ ေနေပမယ့္ စစ္သူႀကီးကေတာ့ အလ်င္မလိုပဲ အဖံုးျပန္ပိတ္ၿပီး ခါးမွာခ်ိတ္လိုက္သည္။

   စစ္သူႀကီး ခ်ီအန္းက ေဟးခ်န္ကို ညႊန္ျပလ်က္ ေခါင္းေဆာင္ေကာင္းကို ေမးလိုက္သည္။
  " ဒီကေလးက ဘယ္သူလဲ ၿပီးေတာ့ ဘယ္အခ်ိန္က စစ္တပ္ထဲဝင္လာတာလဲ?"

   ေခါင္းေဆာင္ေကာင္းလည္း စစ္သူႀကီးခ်ီအန္းက ဝိုင္ထုတ္ေပးသူရဲ႕ အခ်က္အလက္ေတြကို ေမးလာမယ္မထင္ထားခဲ့ေပ။ သူလည္း အံ့ၾသသြားၿပီးမွ ေဟးခ်န္က္ု ၾကည့္လိုက္ၿပီး ' ကုိယ့္ကိုကို မိတ္ဆက္သင့္ေၾကာင္း' အၾကည့္နဲ႔ အသ္ေပးလိုက္သည္။

   ေဟးခ်န္ကလည္း ထိုစစ္သူႀကီးခ်ီအန္းနဲ႔ ေတြ႕ခြင့္ရဖို႔ကို ႀကိဳ းစားေနခဲ့ရတာျဖစ္သည္။
အခုလိုမ်္ူ း စပ်စ္ဝိုင္ေလးက သူ႔အတြက္ လမ္းေဖာက္ေပးသြားလိမ့္မယ္လို႔လည္း သူမထင္ထားမိခဲ့ေပ။သူလည္း အခြင့္ေရးကို အမိအရယူၿပီး တရိုတေသပဲ ျပန္ေျဖလိုက္သည္။
   " စစ္သူႀကီးကို ျပန္ေျဖပါတယ္, ဒီငယ္သားက က်င္းအန္အိမ္ေတာ္က တတိယသား ေဟးခ်န္ဒီပါ။ ဒီငယ္သား နယ္စပ္စခန္းကို ဝင္လာတာက တလရွိပါၿပီ ၿပီးေတာ့ ဒီငယ္သားက ညာဘက္ေတာင္ပံတပ္မွာ လက္ေထာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္"

    စစ္သူႀကီးခ်ီအန္းကေတာ့ ေဟးခ်န္ကို မယံုနိုင္စြာနဲ႔ပဲ တအံ့တၾသစိုက္ၾကည့္ေနမိေတာ့သည္။ တခ်ိန္တုန္းက မင္းသားက်င္းနဲ႔ ေဟးစန္းလန္လို႔ေခၚတဲ့ အနွီေကာင္စုတ္ေလးကို သူ ကိုယ္ခံပညာအရပ္ရပ္ကို သင္ၾကားေပးခဲ့ဖူးသည္။သို႔ေပမယ့္ အခု ထိုေကာင္စုတ္ေလးက အရပ္ရွည္လာၿပီး ေခ်ာလာတယ္မလား?ဒါေပမယ့္ ဘာလို႔ အခုလိုမ်ိဴ း မုတ္ဆိတ္ထူထူနဲ႔လူဝံတစ္ေယာက္လို ျဖစ္ေနရတာလဲ?သူသိသေလာက္ဆို ေဟးစန္းလန္ရဲ႕ အသက္က ၂၀ေတာ့ မေက်ာ္ေလာက္ေသးပါဘူး။

     စစ္သူႀကီးရဲ႕အေတြးကလည္း မမွားေပ။ ထိုေခတ္က လူေတြဆိုတာကလည္း အလွကိုႀကိဳက္ၾကတဲ့သူက ခပ္မ်ားမ်ားေလ။ ၿမိဳ႕ေတာ္ထဲက ေယာက်ာ္းအခ်ိဴ ႕ဆို သူတို႔ေခါင္းမွာ ပန္းေတာင္ပန္ၾကလိမ့္အံုးမည္။လူအမ်ားစုက အသက္၃၀ ေလာက္ဆ္ုရင္ေတာင္ မ်က္နာေပၚက အေမႊးအမ်ွင္ေတြကိုေတာ့ ရိတ္ၾကလိမ့္အံုးမည္။ ယင္အိမ္ေတာ္က ဒုတိယသခင္,ခ်ဴ းက်ီ ခ်န္းကေတာ့ စံျပေမာ္ဒယ္ေပါ့ေလ။

   လမ္းေပၚမွာ သြားလာေနၾကတဲ့ မုတ္ဆိတ္နဲ႔လူေတြဆိုတာကလည္း အသက္၅၀နားေတြခ်ည္းပင္။ ထိုေဟးခ်န္လို အသက္ငယ္ငယ္ မုတ္ဆိတ္နဲ႔ လူဆိုတာကလည္း ရွိမေနေပ။
ေဟးခ်န္ရဲ႕ မုတ္ဆိတ္ေတြက သူ႔ရဲ႕ေခ်ာေမာမႈႀကီး တဝက္ေလာက္ကို ဖ်က္ဆီးေနသည္။စစ္သူႀကီးခ်ီအန္းက သူ႔ကို မမွတ္မိတာကလည္း 
အံ့ၾသစရာမရွိေတာ့ေပ။

   " ဒီေကာင္စုတ္ေလး! မင္းက ဒီကို ဘာေၾကာင့္နဲ႔ ေရာက္လာရတာလဲ?"
စစ္သူႀကီးခ်ီအန္းရဲ႕ ပထမဆံုးတံု႔ျပန္ခ်က္က အံ့ၾသေနပံုျဖစ္ေနေပမယ့္ သူက ခ်က္ခ်င္း မေက်မနပ္ အာဏာသံပါပါနဲ႔ ေျပာဆိုလိုက္သည္။

     ေဟးခ်န္က ျပန္ေျဖမလို႔ ပါးစပ္ဟတုန္းပဲရွိေသး စစ္သူႀကီးက ေဒါသကို ဖိနွိမ္ၿပီး သူပဲ ဆက္ေျပာလိုက္သည္။
   " အခုငါနဲ႔ လိုက္ခဲ့!"

  ေခါင္းေဆာင္ေကာင္းလည္း ထိုပံုရိပ္နွစ္ခုေပ်ာက္သြားတဲ့အထိကို လိုက္ၾကည့္ေနၿပီးမွ သက္ျပင္းခ်လ်က္
   " အဲ့ဒီေကာင္စုတ္ေလးက အေတာ္ကံေကာင္းတာပဲ"

   ေခါင္းေဆာင္ေကာင္းအေနာက္မွာ ရပ္ေနတဲ့ က်န္းမိန္က ၿပံဳးလ်က္
   " ေနာက္မ်ားက် အခြင့္ႀကံဳရင္ ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔ညီငယ္ေလးရဲ႕ဇနီးနဲ႔ ေတြ႕မိခ်င္ပါရဲ႕"

    ေဟးခ်န္က ေခါင္းေဆာင္ေကာင္းနဲ႔ စစ္သူႀကီး ခ်ီအန္းတို႔နဲ႔ ဆံုခြင့္ရတာက သူ႔ဇနီးပို႔ေပးလိုက္တဲ့ ပစၥည္းေလး၂ခုေၾကာင့္ပင္။ ထိုပစၥည္းေလး၂ခုက သူ႔အတြက္ေတာ့ အမ်ားႀကီး အကူအညီရလိုက္သည္။ သူ႔ရဲ႕ထိုဇနီးသည္ေလးက သူ႔အတြက္ေတာ့ တကယ့္ကို ကံေကာင္းေစတဲ့ၾကယ္ေလးပင္။

     ေခါင္းေဆာင္ေကာင္းက သူ႔အေနာက္က ရဲေဘာ္ေဟာင္းႀကီးဘက္ လွည့္ၾကညၿ့္ၿပီး ေျပာလိုက္သည္။
   " မင္းသူ႔ကို အဲ့ေလာက္အားက်ေနရင္ ဘာလို႔ ေနာက္မိန္းမတစ္ေယာက္ေလာက္ ထပ္မယူလိုက္လဲ?ဘာပဲျဖစ္ျဖစ္ ၁၀နွစ္ေတာင္ရွိေနၿပီပဲကို"

  က်န္းမိန္က စစ္တပ္မိသားစုတစ္စုကေန ေမြးလာခဲ့တာျဖစ္ၿပီး စစ္မႈထမ္းရမယ့္အမိန္႔ကက်လာ၍ သူ႔ရဲ႕ ၆လသာေပါင္းဖက္ရေသးတဲ့ ဇနီးေလးရယ္ သူ႔အေဖအိုႀကီးရယ္ အိမ္ရယ္ကို မခြဲခ်င္ပဲ ခြဲခဲ့ရတာျဖစ္သည္။

    သူမသြားခင္ကပဲ သူ႔ဇနီးက ကိုယ္ဝန္လြယ္ထားရၿပီျဖစ္သည္။ သူ႔ဇနီးေလးက သူ႔အလိုလိုက္ေပးလို႔ရမယ့္ သားေလး ေမြးေပးမလား သမီးေလး ေမြးေပးမလားနဲ႔ သူစိတ္ကူးေတြ ယဥ္ခဲ့ဖူးသည္။ ဒါေပမယ့္ ဘယ္သူက ေမ်ွာ္လင့္ထားလိမ့္မတုန္း? သူ႔မိန္းမ ကိုယ္ဝန္ခုနွစ္လ ရွိေနတဲ့အခ်ိန္မွာ ေတာပုန္းဓားျပေတြက သူတို႔ရႊာေလးကို ဝင္တိုက္ခိုက္ၾကတယ္ေလ။

  သူ႔အေဖက သူ႔ဇနီးကို အသက္ေပးကာကြယ္ေပးခဲ့ေပမယ့္လည္း ေနာက္ဆံုးေတာ့ သူ႔အေဖေကာ မေမြးရေသးတဲ့ ကေလးေလးနဲ႔အတူ သူ႔ဇနီးပါ ေသဆံုးသြားၾကတယ္။

   က်န္းမိန္ ထြက္မသြားခင္တုန္းကဆို သူ႔မွာ မိသားစုရွိေသးသည္။ သို႔ေပမယ့္ တနွစ္ေတာင္ မၾကာလိုက္ သူက တစ္ေကာင္ႂကြက္ျဖစ္သြားသည္။ထို႔ေၾကာင့္ပဲ ဒဏ္ရာရေနတာေတာင္မွပဲ သူက စစ္တပ္ထဲမွာ အျမစ္တြယ္ေနထိုင္ေနခဲ့တာ ျဖစ္သည္။

   က်န္းမိန္က ေခါင္းရမ္းလိုက္ၿပီး ေခါင္းစဥ္ေျပာင္းေျပာလိုက္သည္။
  " ၾကည့္ရတာ အဲ့ဒီေကာင္စုတ္ေလးက အျခားေကာင္းတာေတြကိုလည္း ဝွက္ထားေသးမယ့္ပံုပဲ။တပ္ထဲ ျပန္ေရာက္သြားရင္ေတာ့ ရွာေဖြၾကည့္အံုးမွပဲ။ စားလို႔ေကာင္းမယ့္ တစ္ခုခုကေတာ့ ရွိေနအံုးမွာပဲေလ!"

   ေခါင္းေဆာင္ေကာင္းကေတာ့ အကူအညီမဲ့စြာနဲ႔ပဲ ေခါင္းခါလိုက္ေတာ့သည္။

--

   ခ်ဴ းလ်န္ က်င္းအန္အိမ္ေတာ္ကို ျပန္ေရာက္ေတာ့ က်င္းခ်ီခန္းမဆီ အရင္ သြားလိုက္သည္။အေစခံလဲ့ကလည္း သူမကို လာႀကိဳေပးၿပီး  သူမက ဝမ္မိသားစုရဲ႕ အျပစ္ေပးခံရမႈတို႔ကို အရင္ႀကိဳေျပာျပထားၿပီး သခင္မႀကီးေဟးဆီ လိုက္ပို႔ေပးလိုက္သည္။

     သခင္မႀကီးေဟးကလည္း ခ်ဴ းလ်န္ကို နန္းတြင္းထဲမွာ က်င္းပတဲ့ ' ေဆာင္းဦးလယ္စားေသာက္ပြဲေတာ္' ကို တက္ေရာက္ဖို႔လိုေၾကာင္း အသိေပးလာသည္။ ထိုပြဲမွာ ခ်ဴ းလ်န္က ေတာ္ဝင္ဘြဲ႕အပ္နွံေပးျခင္း ခံရတာကို ေက်းဇူးတင္ေၾကာင္း ေျပာရမွာျဖစ္ၿပီး သခင္မႀကီးေဟးကလည္း ေသခ်ာျပင္ဆင္ထားလို႔ရေၾကာင္း သတိေပးလိုက္တာျဖစ္သည္။

    ခ်ဴ းလ်န္လည္း သာမန္ဆို ထိုပြဲကို သူမရဲ႕အေဆာင္မွာပဲ ေကာင္မေလးေတြနဲ႔အတူတူ က်င္းပလို႔ရေပမယ့္ အခုက သူမရဲ႕ အဆင့္၅ဘြဲ႕ႀကီးေၾကာင့္ မျဖစ္မေန သြားကို သြားရေတာ့မည္။

   ခ်ဴ းလ်န္ Songtaoအဆာင္ကို ျပန္ေရာက္ေတာ့ အေစခံကူနဲ႔က်ိဴ းက ေဆာင္းဦးလယ္စားေသာက္ပြဲမွာ သူမဝတ္ရမယ့္ ဝတ္ရံုကို ျပလာသည္။ခ်ဴ းလ်န္လည္း စည္းမ်ဥ္းစည္းကမ္းေတြ ဘာမွမသိတဲ့အတြက္ အေစခံေခါင္းေဆာင္ေတြကိုသာ အဆင္ေျပေအာင္လုပ္ေပးဖို႔ ေျပာလိုက္သည္။

    ထို႔ေနာက္ေတာ့ သူမလည္း လက္ေရးနည္းနည္းက်င့္လိုက္ၿပီး စားေသာက္ဆိုင္ကိစၥကို အစီစဥ္ခ်လိုက္သည္။ေနာက္၂ရက္ေလာက္ေနေတာ့ ခ်ဴ းလ်န္က သူမစုထားတဲ့ ေငြေတြကို သခင္မႀကီးေဟးဆီအပ္လိုက္ၿပီး အလုပ္သမားရွာေပးဖို႔ ခြင့္ပန္လိုက္သည္။ သူမရဲ႕အစီစဥ္အတိုင္း စားေသာက္ဆိုင္ကို ျပဳ ျပင္ဖို႔အတြက္ဆို အကူညီေတာ့ လိုေနေသးသည္။

   အခ်ိန္ေတြက မ်က္ေတာင္တခတ္စာအတြင္းမွာပဲ ကုန္လြန္သြားၿပီး ေဆာင္းဦးလယ္ပြဲကိုေတာင္ ေရာက္သြားခဲ့သည္။ဝူအင္ပါယာရဲ႕ ထံုးတမ္းအရဆို ထို႔ေန႔မွာ ကိတ္အလံုးမုန္႔ေတြကို စားရသည္။ ထိုမုန္႔က ေကာက္ညႇင္းဆန္နဲ႔လုပ္တာျဖစ္ၿပီး ေပ်ာ့ၿပီး ေစးကပ္သည္။ေကာက္ညႇင္းဆန္ကို ခ်က္ၿပီး အလံုးပံုလုပ္ ၿပီးရင္ အမႈန္႔ေတြနဲ႔ကပ္ၿပီး ပံုသြင္းထားၾကတာ ျဖစ္သည္။အရသာေတြအေနနဲ႔ကေတာ့ နွမ္း , Soybean, ေျမပဲ တို႔ကို အမႈန္႔လုပ္ၿပီး ကပ္ၾကသည္။

   ထိုမုန္႔က ေမာ္ဒန္က mochi နဲ႔ေတာင္ ခပ္ဆင္ဆင္ပင္။လုပ္ရတာ အေတာ္လြယ္ၿပီး ကြာျခားတာဆိုလို႔ အျပင္ဘက္က ကပ္တဲ့ အမႈန္႔ေတြပဲ ျဖစ္သည္။

    ခ်ဴ းလ်န္ နိုးလာေတာ့ ပထမဆံုး ျမင္မိတာက  ကိတ္လံုးမုန္႔ေတြ လုပ္ဖို႔ ညႊန္ၾကားေနတဲ့ အေစခံကူကိူပင္။ ခ်ဴ းလ်န္ကေတာ့ ထိုမုန္႔လံုးလံုးေတြကို ၾကည့္ၿပီး စားခ်င္စိတ္ရွိမေနေပ။ ထိုအစား သူမက အခုလိုမ်ိဴ း ေဆာင္းဦးလယ္ပြဲမွာဆို စားေနၾကျဖစ္တဲ့ လမုန္႔ေတြကို သတိရသြားသည္။

    အဆံုးမွာေတာ့ ခ်ဴ းလ်န္လည္း မေနနိုင္ေတာ့၍ လမုန္႔နည္းနည္းေလာက္ လုပ္ဖို႔ ဆံုးျဖတ္လိုက္သည္။အျခားသူေတြကို မေပးရင္ေတာင္မွပဲ သူမရဲ႕ေမာ္ဒန္ေခတ္ေလးကို ေအာင့္ေမ့တမ္းတရင္း စားလို႔ရေသးသည္ေလ။

Continue Reading

You'll Also Like

14.3K 172 123
The ancient saying goes: Most generals come from Guan Xi, while ministers come from Guan Dong. He Lisa was born to be a Star General. She was merely...
816K 18.4K 35
Her Royal Highness The Princess Royal, is a beacon of regality, yet beneath her crown lies a woman determined to defy the conventional expectations o...
Erica By Sam

Historical Fiction

2.8M 155K 89
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
2M 68.7K 53
Woke up in the ancient era frightened the hell out of her. But she has to make a choice : Let the real plot take place or try to change it. ••• His p...