{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 75

2.1K 343 6
By whitekiddy

Ch75.စစ္တပ္ထဲက အသားဟင္း
#Translated by  Irisbellar &✌️

ၿမိဳ့ေတာ္ရဲ့ အခု လတ္တေလာ အေျခအေနကေတာ့ ေဆာင္းဦးေရာက္ၿပီမို့ ေလစိမ္းေတြ  တိုက္ခတ္လာၿပီး ေန႔စဥ္ေန႔တိုင္း ေအးခ်မ္း ေနပါေတာ့သည္။ ထိုသို့ဆိုလၽွင္ လူသူကင္းမဲ့တဲ့ ေျမာက္ပိုင္းနယ္စပ္ရဲ႕ အေျခအေနကေတာ့အထူးတလည္ ေျပာစရာကို မလိုေတာ့ၿပီ။ ခိုက္ခိုက္တုန္ေနၿပီေပါ့။

လန္က်ိဳးၿမိဳ့ရဲ့ ၅ ကီလိုမိတာ အကြာမွာေတာ့  တပ္စခန္း မွ စစ္သားေတြက ပုံမွန္လုပ္ငန္းေဆာင္တာမ်ားအျပင္ စစ္တိုက္ထြက္ရန္ အတြက္ပါ ေလ့က်င့္ေနၾကရသည္။

စခန္းထဲက ခ်က္ျပဳတ္ေဆာင္ထဲကေန မီးခိုး တလူလူ ထြက္ေနသည္။ အခ်ိန္အားျဖင့္ ညေနစာစားခ်ိန္ ေရာက္လာခဲ့ၿပီးျဖစ္သည္။

ေနမင္းႀကီးက ၿခံစည္းရိုးထက္ဝယ္ က်ဆင္းလာၿပီး သူ႔ရဲ့ အနီေတာက္ေတာက္ ေရာင္ျခည္မ်ားအား လြင္တီး​ေခါင္ျပင္.ေပၚအက်ယ္တဝငိ့ ျဖန္႔က်က္ ထားပုံကညေနခင္း ျမင္ကြင္းကို အလွတိုးေစသည္။ သို့ေပမယ့္လည္း ေႏြးေထြးစရာေကာင္းတဲ့ ေနေရာင္ျခည္က တည္ၿငိမ္ေအးစက္လွတဲ့ ေဆာင္းေလေအးေတြကို မဖ်က္နိုင္။မယွဥ္နိုင္ခဲ့ေပ။ေလ႐ူးေလေအးေတြက ဒီတစ္ရာသီလုံး လြင္တီး ေခါင္ျပင္ တစ္ေလၽွာက္ တသုန္သုန္ တိုက္ခတ္ရင္း သူတို့ အပိုင္ သိမ္းယူထားလိုက္ပါေတာ့သည္။

  က်ယ္ေလာင္ စူးရွတဲ့ အခ်က္ေပးသံ တစ္ခု စခန္းထဲက ထြက္ေပၚလာခဲ့ခ်ိန္မွာေတာ့ အားလုံးရဲ့ အၾကည့္ေတြ တူညီစြာ ေရာက္ရွိ သြားခဲ့ၾကပါေတာ့သည္။

  ေလ့က်င့္ေရးရဲ့ ေနာက္ဆုံး အခ်ိန္သို့ ေရာက္ရွိ လာခဲ့ၿပီးေနာက္မွာေတာ့ ေခါင္းေဆာင္မ်ားမွ 'ထမင္းစား ေတာ့' လို့ အမိန္႔ေပးသံမ်ား အစီအရီ ထြက္ေပၚလာသည္။

အခုခ်ိန္က ေဆာင္းရာသီထဲ ဝင္ေနၿပီ ျဖစ္ေပမယ့္လည္း ေျမာက္ပိုင္း နယ္စပ္က စစ္သား ေတြကေတာ့ အျမဲတမ္း အသင့္အေနထား ရွိေနရတာ ျဖစ္လို့ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္သာ ထမင္းစား ခြင့္ရၾကသည္။

တစ္ေန႔လုံး ေလ့က်င္းေရး ဆင္းခဲ့ရလို့
စစ္သားေတြခမ်ာ ေခၽြးေတြနဲ႔ ရႊဲေနၿပီး ဘယ္ေလာက္ထိစာ ၾကသလဲဆို ျမင္းတစ္ေကာင္လုံးေတာင္ တစ္ေယာက္ထဲ စားနိုင္တဲ့ အေနအထား ေရာက္ရွိ ေနၾကျခင္းျဖစ္သည္။ ေခါင္းေဆာင္က အမိန္႔ ေပးလိုက္သည့္ အခ်ိန္မွာေတာ့ သူတို့အကုန္လုံး စားေသာက္ ေဆာင္ထဲကို အေျပး ဝင္သြားၾကတာ ေခါင္းေဆာင္ရဲ့ အမိန္႔သံေတာင္ မဆုံးလိုက္ေပ။

တပ္မွဴ းကာင္း ရဲ့  လက္ေရြးစင္ တပ္သားေပါင္း သုံးေထာင္ေက်ာ္က ဆာေလာင္ေနတဲ့ ဝံပေလြေတြလို စားေသာက္ခန္းထဲ အေျပး ဝင္ေရာက္သြားခဲ့ၾကသည္။

အရပ္ရွည္ရွည္ ရင္အုံ ႀကီးႀကီးနဲ႔ ေခါင္းေဆာင္ေကာင္းကေတာ့ သူ႔ တပ္သားေတြ အေနာက္ကေန လိုက္သြားရင္း ေျခသုတ္သင္ သြားခဲ့ၾကတဲ့ လက္ေအာက္ ငယ္သားေတြကို ၾကည့္ၿပီး ျပဳံးပန္း ေဝေနခဲ့သည္။

  တပ္မွဴ းေကာင္းရဲ့ ေနာက္မွာ လူ ႏွစ္ေယာက္ လိုက္ပါလာခဲ့ၾကသည္။ တစ္ေယာက္က တပ္မွူးထပ္ ေခါင္းတစ္လုံး ပိုရွည္ၿပီး မ်က္ႏွာထားက မာမာ တင္းတင္း ႏွင့္။ သူ႔ မ်က္လုံးေတြက ေရးတြင္းေတြလို နက္ေမွာင္ ေနၿပီး ႏွာတံက ေတာ့ ဆင္းၿပီး ေျဖာင့္တန္းေန၏။  အသက္ ၂၀ ပန္းက်င္ေလာက္ ရွိမည္။ ဒါေပမယ့္ ၾကည့္ေကာင္းမယ့္ သူမ်က္နာေလးက ထူေပ်ာတဲ့ မုတ္ဆိတ္ေမႊးမ်ား ျဖင့္ မ်က္ႏွာ တစ္ဝက္နီးပါး ဖုံးအုပ္ ေနပါသည္။ ဘယ္လိုမ်ား အျဖစ္ဆိုးေနတာပါလိမ့္?

ညာဘက္က အျခားတစ္ေယာက္ကေတာ့ တပ္မွူးနဲ႔ အရပ္တူတူ ေလာက္ရွိၿပီး မ်က္ႏွာက ေလးေထာင့္,မ်က္လုံးက ေမွးေမွးႏွင့္။ သူ႔မွာေတာ့ မုတ္ဆိတ္ေမြး ေတြ ရွိမေနပါဘူး။ သူ႔ ကိုယ္က တပ္မွူးႀကီးထပ္ တစ္ဆိုဒ္ေလာက္ ပိုႀကီး ေနပုံရေပမယ့္ ေလးေထာင့္ မ်က္ႏွာႀကီး ကို ၾကည့္ရတာေတာ့ မသက္ငယ္ေသးပုံ ပဲ ျဖစ္သည္။

တပ္မွူးက ေနာက္ဘက္ကို ငွဲ႕ေစာင္းၿပီး လွမ္းေျပာလိုက္သည္။

"က်ိရွန္, ဟန္ယု မင္းတို့ ဒီေကာင္ေတြကို ေသခ်ာ ကိုင္တြယ္သင့္တယ္။ သူတို့ ေတာ္ေတာ္ ဗ႐ုတ္က် တာပဲကြာ!"

အင္း...က်ိရွန္က ေဟးခ်န္ နာမည္ဆိုေတာ့ ဟို မ်က္နာေလးေထာင့္နဲ႔ တစ္ေယာက္က ဟန္ယု ဆိုတာ ေသခ်ာသြားပါၿပီ။

က်င္းအန္အိမ္ေတာ္ရဲ့ အရွိန္အဝါနဲ႔ အတူ မင္းသားက်င္းရဲ့ ေက်းဇူးေၾကာင့္ ေဟးခ်န္က ဒီေျမာက္ပိုင္းနယ္စပ္ကတပ္မွဴ းေကာင္းရဲ႕လက္ေအာက္မွာ ပထမဆုံး တာဝန္ထမ္းေဆာင္ရ တာျဖစ္ေပမယ့္ အျခားသူေတထက္ ပိုအခြင့္အေရးရခဲ့သည္။ သူက ဒီေနရာကို ဒုတပ္မွဴ းရာထူးျဖင့္ ေလၽွာက္ထား ဝင္ေရာက္နိုင္ခဲ့၏။

တပ္မွဴ းေကာင္းဆီမွာ လက္ေထာက္သုံး ​ေယာက္ရွိသည္ ျဖစ္ရာ ေဟးခ်န္နဲ႔ ေရွာင္ဟန္ယုအျပင္ ေနာက္ထပ္ အသက္ ၃၀အရြယ္ က်န္းမိန္ဆိုတဲ့  တစ္ေယာက္ ရွိပါေသးသည္။

တပ္သားေတြ အစားအစာကို အလုအယက္ ယူစားေနၾကတာကို တပ္မွူးေကာင္း ျမင္လိုက္ရခ်ိန္မွာေတာ့ အျမန္ႏွုန္းကို ျမႇင့္တင္ၿပီး ေျပာလိုက္ခဲ့သည္။

"လာ ..ခပ္သြက္သြက္ေလး သြားၾကရေအာင္ !ဟို အငတ္ေတြ ငါတို့ေဝစုေတြပါ အကုန္ ကုန္ေအာင္ မစားလိုက္ခင္ အခ်ိန္မွီေအာင္ေပါ့။"

ဒါကေတာ့ တပ္မွဴ း/ေခါင္းေဆာင္ေကာင္းက သက္သက္ေနာက္လိုက္တာျဖစ္သည္။ အျမဲတမ္း ထမင္းခ်က္ႀကီးက တပ္မွူးနဲ႔ သူ႔လက္ေထာက္ သုံးေယာက္စာကို ဖယ္ထားေပးၿပီးသားပင္။

ဒါက ဘာမဟုတ္တဲ့ ယဥ္ေက်းမွုေလး တစ္ခု ဆိုေပမယ့္ တပ္မွူးႀကီးက အျမဲတမ္း သူ႔ တပ္သားေတြကို ညီအစ္ကိုလိုပဲ ဆက္ဆံခဲ့တာ ျဖစ္သည္။ သူ႔ ေဝစုက အနည္းငယ္ ပိုမ်ား တယ္ဆိုေပမယ့္ တပ္သား ေတြနဲ႔ေတာ့ အျမဲတမ္း အတူတူ ဟင္းတစ္မ်ိဳးထဲကိုပဲ စားေလ့ရွိသည္။ သူက ရိုးသားေျဖာင့္မတ္သူ ပီပီ စစ္တပ္ စားဖိုမွူး ဆီက ဘယ္ေတာ့မွု အခြင့္ေကာင္းမယူ, သီးျခားၿပီး ပိုေကာင္းတဲ့ အစားေတြကိုလဲ သူ႔အတြက္ ခ်က္ခြင္​့မေပးခဲ့ေပ။

သူ႔တပ္သားေတြနဲ႔တစ္မူထူးၿပီး စားခဲ့တာ ဆိုလို့ တစ္ခ်ိန္ပဲ ရွိခဲ့ပါတယ္။ အဲ့တာကေတာ့ ဟိုး တစ္ခါ သူ ေလ့က်င့္ေရး သင္ျကားၿပီးခ်ိန္ ေနမေကာင္း ျဖစ္ၿပီး ဖ်ားနာခဲ့ရတုန္းကပါ။ အဲ့တုန္းကဆို ထမင္းခ်က္ႀကီးက ဘယ္လိုမွ သည္းမခံနိုင္ မၾကည္ရက္ နိုင္ေတာ့ဘဲ သူ႔အတြက္ ၾကက္သား စြတ္ျပဳတ္ ​က်ဲက်ဲ ေလးတစ္ခြက္ ခ်က္ေပးခဲ့ျခင္း ျဖစ္သည္။ ထိုအျဖစ္ပ်က္က အခုဆို တစ္ႏွစ္ေတာင္ ၾကာသြားခဲ့ၿပီး ျဖစ္၏။

ေျမာက္ပိုင္း နယ္စပ္ဆိုတာ အစကတည္းက အရမ္းဆင္းရဲခ်ိဳ့တဲ့ တဲ့ေနရာျဖစ္သည္။ လမ္းပန္းဆက္သြယ္ေရးကလည္း ခက္ခဲေတာ့ စစ္သားေတြက ေထာက္ပံ့ေၾကး ပုံမွန္ရတယ္ ဆိုရင္ေတာင္ စားေကာင္းေသာက္ဖြယ္ေတြကို လိုသလို မွာယူလို့ မရနိုင္ၾကပါ။ ဒါ့ေၾကာင့္ စစ္ပြဲအတြက္ မျပင္ရေသးတဲ့ ေန႔ရက္ေတြဆို သူတို့ ဗိုက္ျပည့္တယ္ ဆို႐ုံေလး စားေနခဲ့ၾကရသည္။ ထို့ေၾကာင့္ တပ္မွူးက ပိုေကာင္းတာေလးစားခ်င္တယ္ ဆိုရင္ေတာင္ ရနိုင္မွာလဲ မဟုတ္။

သူတို့ သုံးေယာက္ စားဖိုေဆာင္ထဲ ဝင္ေရာက္ လာခ်ိန္မွာေတာ့ ထမင္းခ်က္ႀကီးက ေခြးခ်ီ ေလးလုံး ဝိုင္းထားတဲ့ သစ္သားခုံေလးတစ္လုံးေပၚသို့ ေႂကြပန္ကန္လုံးႀကီး သုံးလုံးနဲ႔ သူတို့ေဝစု ကို အလ်င္အျမန္ လာခ် ေပးသည္။ အခ်ိန္အားျဖင့္ေတာ့ ေနဝင္ရီတေရာ အခ်ိန္ျဖစ္၍ ေမွာင္စပ်ိဳး ေနတုန္းပင္။ ရြက္ဖ်င္တဲ အမိုး ေအာက္ကေန ေလဒဏ္ကို အကာအကြယ္ ယူၿပီး မိန္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္ႏွင့္အတူ စစ္တပ္ ညစာစားပြဲကို က်င္းပေနၾကျခင္း ျဖစ္သည္။

ေခါင္းေဆာင္ေကာင္းက မထိုင္ခင္ သူ႔လက္ေထာက္ ၂ေယာက္ကို ခုံေပၚက ပန္းကန္ လုံးေတြဆီ ညႊန္ျပရင္း .."ဒီေန႔ ပင္ပန္းတဲ့ ေန႔ပဲ.,ကဲ စားလိုက္ၾကရေအာင္ကြာ!"

ေဟးခ်န္နဲ႔ ဟန္ယုတို့ ၂ ေယာက္လည္း တူကို အျမန္ေကာက္ကိုင္ၿပီး ပလုပ္ပေလာင္း ထည့္စားလိုက္ခဲ့ၾကသည္။

ဒီေန႔ရဲ့ ညစာကေတာ့ တ႐ုတ္ရိုးရာ သံလြင္သီးဆန္ျပဳတ္ကို ေဂၚဖီႏွင့္တြဲခ်က္ ထားခဲ့သည္။ ဆန္ျပဳတ္ေပၚမွာ အျဖဴေရာင္ ဂ်ဳံလုံး ႏွစ္လုံး ေမ်ာေနၿပီး အသားကေတာ့ လုံးဝမပါတာပါ။
ဒီအစာကို သူတို့ အရသာခံေနလို့ မရပါဘူး။ အဲ့ဒီအစား ဗိုက္ျပည့္႐ုံတာ ရည္ရြယ္ၿပီး စားၾကပုံ ျဖစ္ပါလိမ့္မည္။

ဟန္ယုတစ္ေယာက္ ဆန္ျပဳတ္ကို အငန္းမရေသာက္ၿပီး ဂ်ဳံလုံးကို ၂ ကိုက္ထဲျဖင့္ အတင္းမ်ိဳခ်
စားေသာက္လိုက္၏။
ၿပီးေနာက္ မ်က္နာႀကီး နီရဲလာခဲ့ၿပီး သူ႔ပန္းကန္လုံးကိုျပန္ စိုက္ၾကည္​့ေနလိုက္သည္။

သူ႔ပုံစံက ကၽြဲရိုင္းႀကီး တစ္ေကာင္လို သန္မာေနေပမယ့္ တစ္ကယ္တမ္းက်ေတာ့ ေဟးခ်န္ထက္ ငယ္ၿပီး ၁၉ႏွစ္ပဲ ရွိေသးသည္။ မႏွစ္ကမွ တပ္ထဲကို စဝင္လာခဲ့ျခင္း ျဖစ္သည္။သူ႔မိသားစုက စစ္တပ္မ်ိဳးရိုး ျဖစ္၍ ပညာေရးႏွင့္ ပက္သက္ၿပီး စည္းကမ္း တင္းၾကပ္သည္ ဆိုေပမယ့္လည္း ဘယ္ေသာအခါမွ အစားဆင္းရဲ ခံခဲ့ရဖူးသည္မဟုတ္။

"အစ္ကိုႀကိးေကာင္း...,အစ္ကိုေဟး..., ကၽြန္ေတာ္ အစားစားခ်ိန္ ေရာက္တိုင္း အိမ္က အေမခ်က္ေကၽြးတဲ့ အသားဟင္းကို တကယ္ပဲ လြမ္းတယ္ဗ်ာ။. အဲ့တုန္းကဆို အသားေတြက အဆီမ်ားတယ္ ဝိတ္တက္တယ္ထင္ခဲ့တာ။ ခုခ်ိန္မ်ား တစ္အိုးလုံးေတာင္ ကုန္ေအာင္ စားၿပီး ေျပာင္ေနေအာင္ လၽွာနဲ႔ လ်က္ျပလိုက္ခ်င္ေသး ပါတယ္ဗ်ာ!"လို့ ဟန္ယုက ဆိုလိုက္၏။

ေခါင္းေဆာင္ေကာင္းလည္း ရယ္စရာေကာင္းတာေၾကာင့္ သူ႔ခြက္ကို ျပန္ထိုးျပၿပီး
"ဘာလဲ...? မင္း ခြက္ထဲမွာ တစ္ဝက္ေတာင္ က်န္ေနေသးတာပဲ။ မစားနိုင္ေတာ့ဘူးဆိုလည္း ငါ့ေပး။ ငါကူစားေပးမယ္ကြာ" လို့ တမင္က်ီစယ္ လိုက္သည္။

ထိုအခ်ိန္မွာေတာ့ ဟန္ယုက သူ႔ခြက္ေလးကို အမိအရ ျပန္ယူဆြဲလိုက္ပုံက ေခြးငယ္ေလးက သူ႔အစာကို ကာကြယ္ေနခဲ့သလိုမ်ိဳးပဲ။ ဒီေတာ့ က်န္တဲ့ သူေတြလဲ မထိန္းနိုင္ေတာ့ပဲ တဟားဟားထရယ္ကုန္ၾကပါေတာ့သည္။

"မျဖစ္နိုင္တာ အစ္ကိုႀကီးေကာင္းကလည္း...,ကၽြန္ေတာ္စားလို့ေတာင္ မၿပီးေသးပါဘူးဗ်ာ"

"ဟမ္.....မင္းပဲ အသားစားခ်င္တယ္လို့ ေျပာခဲ့တာ မဟုတ္လား"

"ဒါေပမယ့္..ဒီမွာ တစ္ခုမွ မရွိတာ။ တကယ္လို့ ရွိမယ္ဆိုရင္ေတာ့ ဒီဆန္ျပဳတ္နဲ႔ ဆန္ကိတ္ကို ဘယ္သူကစားေနအုံးမွာတုန္း"လို့ ဟန္ယုက ျပန္ေျပာလိုက္၏။

ေဟးခ်န္ကေတာ့ သူ႔ေဘးက ၂ ေယာက္​ေပါေနတာေတြကို ဘာမွမၾကားရသလိုမ်ိဳးႏွင့္ ဆန္ျပဳတ္ကို ေအးေအးေဆးေဆးေလး ဆက္စားေနခဲ့သည္။ သူ ဗိုက္ဆာေနေပမယ့္ ဆာေလာင္ေနတဲ့ ေျမေခြး ပုံစံနဲ႔ေတာ့မဟုတ္။ ေျဖေျဖးမွန္မွန္ ေလး စားေနခဲ့တာက တကယ္ေလးစားစရာပဲ။ တစ္ခုပဲ အစားေတြက သူ႔မုတ္ဆိတ္ေတြေပၚ ခဏခဏ က်ေနတာကေတာ့ သူ႔အတြက္ ေနရခက္ေန၏။

ဟန္ယုတို့စကားေျပာေနတာ ၿပီးၿပီးခ်င္းပဲ တက္ႂကြလန္းဆန္းေနတဲ့ ေယာက္်ားအသံတစ္သံ ဝင္ေရာက္လာခဲ့သည္။

"ဒီမွာ အသားမရွိဘူးလို့ ဘယ္သူေျပာလဲကြ?"

"ဒါဆို!. ..အသားရွိတယ္ေပါ့?" ေရွာင္ဟန္ယု စိတ္လွုပ္ရွားမွုနဲ႔ အတူ ခ်က္ခ်င္းထရပ္ၿပီး မ်က္လုံးေတြက ဆာေလာင္မွုအျပည့္နဲ႔ နီရဲ တက္လာခဲ့ၿပီ။ သူအသားမစား ရတာ လခ်ီေနပါၿပီ။ အခုေတာ့ သူ႔ရဲ့ လွုပ္ရွားသြားတဲ့ ခံစားခ်က္ကိုပဲ ေက်းဇူးတင္ရေတာ့ မလိုပဲ။ သူ႔​ေငးေနတဲ့ မ်က္လုံးေလးေတာင္ ျပဴးက်ယ္ခြင့္ရသြားတဲ့ အတြက္ေၾကာင့္ေပါ့။

ပန္းကန္အလြတ္ တစ္လုံးကိုင္ၿပီး လမ္းေလၽွာက္ လာေနတဲ့ ထိုသူကေတာ့ တပ္မွူးရဲ့ လက္ေထာက္ တတိယ တပ္မွဴ း ျဖစ္တဲ့ က်န္းမိန္ပါပဲ။ သူက ေဟးခ်န္ထက္ အရပ္ပိုရွည္ၿပီး မ်က္နာေပၚမွာ မုတ္ဆိတ္ေမႊး တစ္မၽွင္မွ မရွိေနေပမယ့္ သိသိသာသာ ႀကီးကို ေဟးခ်န္ထက္ ၁၀ စုႏွစ္ တစ္ခုေလာက္ အသက္ပိုႀကီးမယ့္ ပုံပါပဲ။

အေၾကာင္းျပခ်က္ တစ္ခ်ိဳ့ေအာင္ ေအးေဆးတိတ္ေနတဲ့ ေဟးခ်န္ေတာင္ ေတာင့္တင္းသြားခဲ့ရသည္။

ဟန္ယုလည္း အသားစားေရး တို့အေရး ျဖစ္ေနတာဆိုေတာ့ က်န္းမိန္နား ခ်က္ခ်င္း ေျပးကပ္ သြားၿပီး ေျပာလိုက္၏။

"အစ္ကိုက်န္း... ခင္ဗ်ားခု ေလးတင္ပဲ ဒီေနရာမွာ အသားရွိတယ္လို့ ေျပာလိုက္တာေနာ္။ ခင္ဗ်ားရဲ့ ဒီညီငယ္ေလးကိုေတာ့ မေမ့ဘူး မဟုတ္လား ဟီး.."

က်န္းမိန္လဲ ထူးဆန္းတဲ့ အျပဳံးႀကီး ျပဳံးျပၿပီး ေဟးခ်န္ဘက္ကို လက္ညႇိုး ထိုးျပလိုက္ေလသည္။

ဟန္ယုနဲ႔ တပ္မွူးေကာင္းတို့ရဲ့ ၿပိဳင္တူ အၾကည့္ေတြက ေဟးခ်န္ဆီ ေရာက္သြားခဲ့သည္။ ေဟးခ်န္ရဲ့ နက္ေမွာင္တဲ့ မ်က္လုံးေတြက သူတို့အာ႐ုံကို ဖမ္းစားေနေပမယ့္ အတြင္းထဲက​ေ နသူရိုးသားေၾကာင္း ေအာ္ဟစ္ ေျပာဆိုေနသည့္ ပုံစံ ရွိေနခဲ့သည္။

က်န္းမိန္က အေျခအေနအရ ေခ်ာင္းတစ္ခ်က္ ဟန္႔ၿပီး မသက္မသာနဲ႔ ေျပာလိုက္၏။

"ေခါင္းေဆာင္ ကၽြန္ေတာ့္စကားက အေလာတႀကီး ျဖစ္သြားပါတယ္။
ကၽြန္ေတာ္ ေတြ႕ခဲ့တဲ့ အသားက က်ိရွန္ရဲ့ အမ်ိဳးသမီးက သူ႔အတြက္ လူၾကဳံနဲ႔ ထည္​လိဳက္တဲ့ ဟာကို ေျပာတာပါ"

က်န္းမိန္က ေဟးခ်န္နဲ႔ တဲတစ္ခုထဲ အတူေနရတဲ့အခန္းေဖာ္ျဖစ္သည္။ သူက ေဟးခ်န္ထက္အမ်ားႀကီး ႀကီးသူ ျဖစ္ၿပီး  ေတာ္​ေတာ္ဂ႐ုစိုက္ ေပးသူျဖစ္သည္။ သူက ဟိုးအရင္ထဲက စစ္ထဲ ဝင္လာခဲ့သူမို့ အေတြ႕အၾကဳံမ်ားၿပီး တပ္မွူးရဲ့ ယုံၾကည္ အားကိုးရဆုံး လူတစ္ေယာက္ ျဖစ္သည္။ မေရမတြက္နိုင္တဲ့ တိုက္ပြဲေတြမွာ ပါဝင္ဆင္ႏႊဲခဲ့ရလို့ သူ႔ကိုယ္ေပၚမွာ ဒါဏ္ရာေဟာင္းေတြ က်န္ေနခဲ့၏။ ဒါ့ေၾကာင့္လည္း အျခားသူေတြနဲ႔ ယွဥ္ရင္ေတာ့ က်န္းမာေရးက အနည္းငယ္ ခ်ဴခ်ာသည္ဟု ဆိုနိုင္ ပါသည္။

ထို့အျပင္ လန္က်ိဳးၿမိဳ့ရဲ့ ေဆာင္းရာသီ ဝင္လာၿပီးျဖစ္သည္။ ေလ့က်င့္ေရး ကြင္းထဲ ေခၽြးေတြနဲ႔ ရႊဲေနခဲ့ၿပီးေနာက္ တရစပ္ တိုက္ခတ္လာတဲ့ ေဆာင္းေလေအး ေလစိမ္းေတြေၾကာင့္ သူ႔ ဒါဏ္ရာေဟာင္းေတြ ကိုက္ခဲလာမွုႏွင့္အတူ ခ်မ္းစိမ့္စိမ့္ ျဖစ္ကာ အဖ်ားအရမ္းႀကီးခဲ့တာမို့ အိပ္ရာထဲ လဲေနခဲ့ရသည့္အထိပင္။

သမားေတာ္က တစ္ခ်က္လာၾကည့္ခဲ့ေပးၿပိး သူတတ္နိုင္သေလာက္ အပ္စိုက္ကုထုံးနဲ႔ အတူ ေဆးအခ်ိဳ့ ေသာက္ရန္ ေပးသြားခဲ့သည္။ ထို့ျပင္ အစားႏွင့္ ေရကို ေထာက္ပံ့ေပးဖို့ လူနာရဲ့ တာဝန္ရွိသူေတြကို မွားၾကားသြားခဲ့လိုက္သည္။

တပ္မွူးေကာင္းလည္း သူ႔အေၾကာင္းၾကားၿပီး ထမင္းခ်က္ကို  ဆန္ျပဳတ္တစ္အိုးခ်က္ခိုင္းလိုက္သည္။ ဒါက သူတတ္နိုင္တဲ့အေကာင္းဆုံး ဟင္းလ်ာပါပဲ။

ေဟးခ်န္က လူနာရဲ့ အခန္းေဖာ္ဆိုေတာ့ သူ႔ကို ၾကည့္ရွုေစာင့္ေရွာက္ဖို့ တာဝန္ကို ယူခဲ့ရသည္။ က်န္းမိန္က တစ္ေန႔တစ္ျခား အဖ်ားပိုတက္လာၿပိး ျဖဴဖက္ ျဖဴေရာ္ ျဖစ္လာတာေၾကာင့္ ေဟးခ်န္က ခ်ဴးလန္ပို့လိုက္တဲ့ အမဲသားမြေၾကာ္ ပုလင္းကို ဖြင့္ၿပီး လက္တစ္ဆုပ္ေလာက္ က်န္းမိန္ရဲ့ ဆန္ျပဳတ္ထဲ ေရာထည့္ေပးလိုက္ေသးသည္။

အိပ္ယာထဲက က်န္းမိန္လည္း ဘာမွမပါတဲ့ ဆန္ျပဳတ္ျဖဴ ေပၚ ေရာက္လာတဲ့ အမဲသားမြေၾကာ္ေခ်ာင္းေလးေတြကိုၾကည့္ၿပီး မ်က္လုံးျပဴးသြားခဲ့သည္။

က်န္းမိန္လည္း သိကၡာေတာင္ မထိန္းနိုင္ေတာ့ဘဲ ဆန္ျပဳတ္ အလုတ္ႀကီး တစ္လုတ္ ေသာက္ခ်လိုက္ၿပီး အံဩတ​ႀကိးေမးလိုက္သည္။

"ဒါဘယ္ကေရာက္လာတာလဲ?"

ေဟးခ်န္လည္း တည္ၿငိမ္စြာ ျပန္ေျဖလိုက္ခဲ့သည္။(တစ္ခြန္းေမး တစ္ခြန္း ေျဖ သမားဆိုေတာ့)

"ကၽြန္ေတာ့ မိန္းမ ပို့လိုက္တာ"

က်န္းမိန္က တဟားဟားထရယ္ၿပီး ေနာက္ဆုံးေတာ့ ေခ်ာင္းပါဆိုးသြားခဲ့ရသည္။

"မင္းမိန္းမ ပို့လိုက္တယ္ ဆိုမွေတာ့ အရင္က မင္းအမ်ားႀကီးစားခဲ့ဖူးၿပီးၿပီပဲ။ အခုက်န္တာေလးေတြကို ဒီအစ္ကိုႀကီးကို ေပးလိုက္ေတာ့။ ဒါေလးနဲ႔ဆို ငါျပန္အားျပည့္လာမွာကြ"

ေဟးခ်န္ကေတာ့ သူေျပာတာ ဘာမွ အေျဖ ျပန္မေပးဘဲ မသိခ်င္ေယာင္ေဆာင္ၿပီး ႏွုတ္ဆိတ္ ေနလိုက္သည္။ ၿပီးေနာက္ ဘူးထဲက ေနာက္ထပ္နည္းနည္း ထုတ္ေပးလိုက္သည္။ ေနာက္ပိုင္း က်န္းမိန္ ေနေကာင္းသြားၿပီးတဲ့အခ်ိန္ ထိုဗူးကို ေနရာတိုင္း နွ႔ံေနေအာင္ လိုက္ရွာ ေပမယ့္လည္း လုံးဝမေတြ႕ရေတာ့ေပ။ ေဟးခ်န္ ဘယ္မွာ ဖြက္ထားသလဲ ဆိုတာ လုံးဝ အစအန ကို ရွာလို့ မရ ျဖစ္ေနခဲ့သည္။ က်န္းမိန္တစ္ေယာက္ ျပဳံးရင္း ေခါင္းသာရမ္းေနခဲ့ရသည္။

အခုေတာ့ သူက ေကာင္ေလးဟန္ယုက အသားစားခ်င္ေနတာကို လွမ္းၾကားလိုက္ၿပီး သေဘာရိုးရိုးျဖင့္ ေဟးခ်န္ဆီက အသားမြေၾကာာ္ကို ေဖာ္ျပလိုက္ျခင္း ျဖစ္သည္။

တပ္မွူးေကာင္းက သူ႔တပ္သားေတြကို ညီအစ္ကို လို ရင္းရင္းနီွးနွီးဆက္ဆံေပမယ့္ သူ႔အတြင္းစိတ္ကို အပိုင္သိမ္းနိုင္ဖို့ေတာ့ မလြယ္ကူေပ။ တပ္သားေတြအေပၚ ေကာင္းေပမယ့္ စည္းကမ္းတင္းၾကပ္သည့္သူလည္းျဖစ္သည္။

ဒီအေၾကာင္းကို ေနာက္မွ ေရာက္လာတဲ့ ေဟးခ်န္တို့ထက္ က်န္းမိန္က ေကာင္းေကာင္းႀကိးသိၿပိးျဖစ္သည္။ တကယ္ေတာ့ တပ္မွူးေကာင္းရဲ့ ႏွလုံးသားကို အပိုင္သိမ္းနိုင္ဖို့ရာ လွည့္ကြက္ေသးေသးေလးေတြပဲ လိုတာပါ။ ဥပမာ အခု အသားစားရမယ္ဆိုရင္ေပါ့..။

အမွန္ေတာ့ အစတုန္းကဆို က်န္းမိန္ က ေဟးခ်န္ကို အရမ္းအျမင္ကပ္ခဲ့သူ ျဖစ္သည္။ အဘယ္ေၾကာင့္ဆို သူဆယ္ႏွစ္ဆယ္မိုး လုံးႀကိဳးစားၿပီးမွ ရယူနိုင္ခဲ့တဲ့ တပ္မွူးလက္ေထာက္ေနရာကို ေဟးခ်န္က မင္းသားက်င္းရဲ့ စာတစ္ေစာင္ေလးထဲနဲ႔ အလြယ္ေလး ရယူၿပိး ဝင္ေရာက္လာခဲ့လို႔ပင္။

ဒါေပမယ့္ ေနာက္ပိုင္းေတာ့ သူနဲ႔ အတူေနတာမ်ားၿပီးမွ သူ႔အေၾကာင္းပို သိလာတာျဖစ္မည္။ အထူးသျဖင့္ သူ ေနမေကာင္းတုန္းကဆို ေဟးခ်န္က သူ႔ကို အထူးဂ႐ုစိုက္ေပးခဲ့တာ ျဖစ္သည္။
ေဟးခ်န္ရဲ့ ျပဳစု လုပ္ကိုင္ပုံကို ၾကည့္တာနဲတင္ အရင္က တစ္ခါမွ ဘယ္သူ႔ကိုမွ မျပဳစုေပးဖူးမွန္း က်န္းမိန္ သိခဲ့လိုက္ရသည္။ အျပင္ပိုင္းမွာသာ ေအးတိေအးစက္နဲ႔တကယ္ေတာ့စိတ္ထားေကာင္းတဲ့ ကေလးပဲလို့ မွတ္ခ်က္ ခ် ခဲ့ေလ၏။
အခုလဲ ေဟးခ်န္ကို ကူညီဖို့ သူထြက္ေပၚလာခဲ့ ျခင္းျဖစ္ပင္။

ဟန္ယုရဲ့ မ်က္လုံးေတြက သက္ဝင္လွုပ္ရွားေနခဲ့သည္။ သူ ေဟးခ်န္ေဘး ေျပးကပ္ၿပီး ေမးလိုက္သည္။
"အစ္ကိုႀကီး....မင္းဆီမွာ တကယ္ပဲ အသားရွိတာလား?"

သူေမးလိုက္တဲ့ စကားက တကယ္သိခ်င္လို့ ေမးတဲ့ ပုံ ျဖစ္ၿပီး စားခ်င္တယ္လို့ စကားက ထုတ္မေျပာေပမယ့္ သြားရည္ေတြကိုေတာ့ မ်ိဳခ် ေနခဲ့ရသည္။

တပ္မွူးေကာင္းလည္း ေဟးခ်န္ကို ဖိအား လုံးဝ မေပးပဲ သူ႔ဆန္ျပဳတ္သာ သူဆက္စားလို့ေနရင္း ေဟးခ်န္ကို ၿပံဳးၿပံဳးႀကီးပဲ ၾကည့္ေနသည္။

က်န္းမိန္လည္း ထိုေခါင္းမာတဲ့ေကာင္ေလးကို ကူညီဖို႔ လမ္းဖြင့္ေပးလိုက္မိတဲ့ သူ႔ကိုယ္သူသာ ဆဲဆိုေနမိေတာ့သည္။ သူက ေဟးခ်န္ရဲ႕ခံုကို ေျခေထာက္နဲ႔ကန္လိုက္ၿပီး ေျပာလိုက္သည္။
"ေကာင္စုတ္ေလး, မင္းဘာေတြ ေတြးေနရေသးတာလဲ? အဲ့ဒါက မင္းမိန္းမပို႔ေပးလိုက္တဲ့ ဟာေလးပဲကို။ ငါတို႔ကိုေကြၽးဖို႔ မစဥ္းစားေပးရင္ေတာင္မွပဲ ထားလိုက္အံုး။ အခုေခါင္းေဆာင္ေကာင္းကို မ်ွေဝေပးဖို႔ကိုေတာင္မွပဲ မင္းက ခ်ီတံုခ်တံု ျဖစ္ေနရေသးလား?"
  
  ေဟးခ်န္က နႈတ္ခမ္းေတြကို ေစ့ထားလ်က္ မတ္တပ္ထရပ္လိုက္ၿပီး ေခါင္းေဆာင္ေကာင္းကို တရိုတေသအရိုေသျပဳလိုက္ၿပီး
  " ခဏေလးေစာင့္ေပးပါအံုး ေခါင္းေဆာင္"

   တခဏပဲၾကာၿပီးေတာ့ ေဟးခ်န္က ဗူးေလးတစ္ခုနဲ႔ ျပန္ေရာက္လာသည္။ သူက ဗူးကို ခံုေပၚတင္ၿပီး အဖံုးဖြင့္လိုက္ေတာ့ အမဲသားအႂကြပ္မႊေၾကာ္အနံ႔ေလးက အခန္းထဲ ပ်ံ့နွ႔ံသြားသည္။

  " ေခါင္းေဆာင္, ျမည္းၾကည့္ပါအံုး"

ေဟးခ်န္က တေယာက္ေယာက္ကို ပန္းကန္တစ္ခုယူလာဖို႔ အမိန္႔ေပးလိုက္ၿပီး ဗူးထဲက အမဲသားေၾကာ္အကုန္လံုးကို သြန္ထည့္လိုက္သည္။

   ေခါင္းေဆာင္ေကာင္းက တူနဲ႔ အသားကို ညႇပ္ယူ ျမည္းၾကည့္လိုက္ၿပီးေနာက္ သူ႔မ်က္လံုးတို႔ အေရာင္လဲ့လာၿပီး ခ်ီးက်ဴ းေျပာဆိုလိုက္သည္။
   " အေတာ္ေကာင္းတာပဲ။ ခယ္မေလးက အေတာ္အခ်က္ျပဳတ္ေတာ္တာပဲ"
ေျပာရင္းနဲ႔ သူ႔လက္ထဲကတူနဲ႔ ေဟးခ်န္ကို ညႊန္လ်က္
  " ကံေကာင္းတဲ့ေကာင္စုတ္ေလး။ မင္းက မိန္းမေကာင္းေလးတေယာက္ကို လက္ထပ္ယူခဲ့တာပဲ! ဒီလို နယ္စပ္ဘက္ကိုေတာင္ လာေနရေအာင္ မင္းကအေတာ္ရႈးေနတာပဲ ဒါေပမယ့္ မင္းမိန္းမကေတာ့ မကန္႔ကြက္တဲ့အျပင္ ဒီလိုစားစရာေကာင္းေလးေတြကိုေတာင္ ထည့္ေပးလိုက္ေသးတယ္။ ငါၾကားမိပါေသးတယ္ မင္းက လက္ထပ္ၿပီးဘယ္ေလာက္မွမၾကာပဲ ဒီကိုလာခဲ့တာဆို!"

ေရွာင္ဟန္ယုကေတာ့ ထိုသတင္းေတြကို မၾကားမိေသးေပ။ သူက သတင္းလည္းနားေထာင္ရင္း အမဲသားေၾကာ္ေတြကိုလည္း အရသာတၿမံဳ႕ၿမံဳ႕ဝါးရင္း ဝင္ေမးလိုက္သည္။
  "အကိုေဟး,ဘာမ်ား ျပသနာရွိလို႔လဲ? အမက မလွလို႔လား?"

  ေခါင္းေဆာင္ေကာင္းကလည္း ဝင္ေျပာသည္။
  " မလွဘူး? မလွေတာ့ေကာ ဘာျဖစ္လဲ? သူမက အခုလို အိမ္မႈကိစၥကို နိုင္နင္းၿပီး သားေယာက်ာ္းေလးေမြးေပးနိုင္ရင္ မိန္းမေကာင္းပဲေပါ့! အဲ့ဒါအျပင္က္ု ငါၾကားေသးတာက သူက ယင္အိမ္ေတာ္က တရားဝင္သမီးတဲ့ေလ!"

  ေရွာင္ဟန္ယုလည္း က်န္းမိန္ဆီက သတိေပးအၾကည့္ေၾကာင့္ ရုတ္တရက္ႀကီး သူ႔စကားမွားသြားတာကိုသူ သေဘာေပါက္သြားေတာ့သည္။ေခါင္းေဆာင္ေကာင္းရဲ႕ မိန္းမက ရုပ္ဆိုးတဲ့သူျဖစ္သည္။ သို႔ေပမယ့္ ေခါင္းေဆာင္ကေတာ့ အေတာ္ေလး အေလးေပးဆက္ဆံေပးသည္။ေရွာင္ယုဟန္က သာမန္တန္းစားမိသားစုကေပမယ့္ သူ႔အေမတို႔အဖြဲ႕ရဲ႕ေျပာစကား{အတင္းတုတ္}ေတြေၾကာင့္ သိေနတာျဖစ္သည္။သူၾကားမိသေလာက္က ယင္အိမ္ေတာ္က ယိုင္နဲ႔ေနေပမယ့္ ယင္အိမ္ေတာ္က သခင္မေလးေတြကေတာ့ ရုပ္ရည္ေခ်ာေမာၾကသည့္အျပင္ သားေယာက်ာ္းေလးေတြပဲ ေမြးေပးၾကသည္တဲ့ေလ။ အကိုေဟးက သူ႔မိန္းမကို ထားခဲ့ရတဲ့အေၾကာင္းကလည္း ထိုမလွတဲ့ ကိစၥေၾကာင့္ေတာ့မဟုတ္ေလာက္ေပ။
 
   ေနာက္ဆံုးေတာ့လည္း စကားမွားခဲ့တဲ့သူ႔အျပစ္ေၾကာင့္ ေခါင္းမေဖာ္ပဲ ကိုယ့္ပန္းကန္ထဲသာ ေခါင္းနွစ္ၿပီးစားေနလိုက္ေတာ့သည္။
တဖက္က က်န္းမိန္လည္း အေျခေနကို ဝင္ျဖန္ေျဖေပးလိုက္သည္။
  " ေခါင္းေဆာင္ေျပာတာမွန္တယ္။ ေနာင္က်လို႔ ၿမိဳ႕ေတာ္ကို ျပန္ရင္ ကြၽန္ေတာ္တို႔ေတြ ေခါင္းေဆာင္အိမ္ေတာ္ကို လာလည္ၿပီး အမႀကီးကိုလည္း အေသအခ်ာကို လာေတြ႕ပါအံုးမယ္"

   ထိုေတာ့မွပဲ ေခါင္းေဆာင္ေကာင္းလည္း စိတ္ေက်နပ္သြားသည္။ သူက ေဟးခ်န္ကို ညႊန္လ်က္ပဲ သင္ခန္းစာထပ္ေပးလိုက္သည္။
   " မင္းေရာက္လာၿပီဆိုမွေတာ့ ဒီကစည္းကမ္းကို မလိုက္နာလို႔ မရေတာ့သလို မင္းရဲ႕အိမ္ကိုလည္ အခ်ိန္အေတာ္ၾကာ ျပန္လို႔မရနိုင္ေတာ့ဘူး။မင္းရဲ႕ေခါင္းကို သဲထဲပဲ နွစ္ထားလို႔မရေတာ့ဘူးကြ! မင္းက ဇနီးငယ္ေလးတစ္ေယာက္ကို အိမ္မွာထားခဲ့တာကြ နွလံုးသားမရွိတဲ့ ေကာင္စုတ္ရ!သူမက က်န္ေနခဲ့ေပမယ့္လည္း မင္းကို ပို႔ေပးစရာေတြ ပို႔ေပးလိုက္ဖို႔ ေမ့မေနခဲ့ဘူး။ မင္းမွာ အခ်ိန္ရွိရင္ သူမဆီ စာမ်ားမ်ားေရးၿပီး ပို႔လိုက္။ မင္းမွာ ေငြရွိရင္လည္း ေကာင္းတာေလးေတြ ဝယ္ၿပီး မင္းရဲ႕ဇနီးနဲ႔ မင္းရဲ႕မိသားစုဆီ ပို႔လိုက္အံုး"

  က်န္းမိန္ကေတာ့ ေဘးကေန ၿပံဳးၿပံဳးႀကီးျဖစ္ေနသည္။ ေဟးခ်န္ကလည္း အသံတိတ္ေနေနခဲ့ၿပီးမွ ခ်က္ခ်င္းထလိုက္ၿပီး ေခါင္းေဆာင္ေကာင္းရဲ႕သင္ျပေပးမႈေတြအတြက္ကို ရိုေသေလးစားစြာျဖင့္ အရိုေသျပဳလိုက္သည္။ထိုအမဲသားမြေၾကာ္ေလးေၾကာင့္ ေခါင္းေဆာင္ေကာင္းနဲ႔ ရင္းနွီးမႈတဆင့္တက္သြားၿပီလို႔ သူလည္း ခံစားမိလိုက္သည္။ေဟးခ်န္လည္း ဗူးအလြတ္ေလးကို ၾကည့္လ်က္ ရင္ထဲမွာ ခံစားခ်က္တို႔ ေရာႁပြန္ေနသည္။

     ၿငိမ္ေနတဲ့ ေရွာင္ဟန္ယုက အမဲသားမြေၾကာ္ပန္းကန္ကို လက္ညႇိးထိုးလ်က္ ေျပာလိုက္သည္။
  " ညီေနာင္တို႔ မစားၾကေတာ့ရင္ ဒီညီငယ္ေလးက အကုန္စားပစ္လိုက္ေတာ့မွာေနာ္!"
သူ႔စကားဆံူးတာနဲ႔ ခ်က္ခ်င္း က်န္တဲ့သူေတြရဲ႕ တူေတြက ထိုပန္းကန္ဆီ ခ်က္ခ်င္းေရာက္သြားၾကသည္။ သူတို႔ေတြရဲ႕ တူတိုက္ပြဲၿပီးဆံူးခ်ိန္မွာေတာ့ ပန္းကန္လည္း ေျပာင္စင္သြားေတာ့သည္။ ေခါင္းေဆာင္ေကာင္းက ေဟးခ်န္ကိုၾကည့္လ်က္ ေျပာလိုက္သည္။
  " မင္းက ဘာကိုစားေနေသးရတာလဲ?မင္းမိန္းမက ဒါကိုလုပ္ေပးလိုက္တာဆိုေတာ့ အရင္ကလည္း မင္းက စားေနခဲ့ရတာပဲေလ။ အဲ့တာကိုေတာင္မွပဲ မင္းက ငါတို႔နဲ႔ အၿပိဳင္လုစားေနနိုင္ေသးတယ္ေနာ္?"

  ဒီတခ်ိန္မွာေတာ့ ေဟးခ်န္က တကယ္ကို အမ်ားႀကီး မ်က္နာအေရထူလာခဲ့သည္။ သူက သူ႔ပန္းကန္ထဲမွာ က်န္ေနေသးတဲ့ အမဲသားအစေလးကို ပါးစပ္ထဲထည့္ရင္း အသံနိမ့္နိမ့္နဲ႔ပဲ ေျပာလိုက္သည္။
  " ကြၽန္ေတာ္ လက္ထပ္ၿပီး သိပ္မၾကာခင္ပဲ အိမ္က ထြက္လာတာ။ ကြၽန္ေတာ့္မိန္းမ ခ်က္တာကို စားရတာလည္း ဒါက ပထမဆံူးပဲ။
အဲ့ဒါေၾကာင့္ ကြၽန္ေတာ္က ဘာလို႔မစားပဲ ေနေနရမွာလဲ?"

  က်န္းမိန္က ေဟးခ်န္ရဲ႕ပခံုးကို ပုတ္လိုက္ၿပီး အက်ယ္ႀကီး ေအာ္ရယ္မိလိုက္သည္။
  " ေကာင္းပါၿပီကြာ ၾကည့္စမ္းပါအံုး အခုဆို ဘယ္သူက အလြမ္းသမားႀကီး ျဖစ္ေနတာလဲလို႔!"

   ထိုအမဲေၾကာ္ ပန္းကန္ေလးက လူေလးေယာက္အတြက္ စိတ္ေက်နပ္ေအာင္ ဘယ္လိုမွ မလုပ္ေပးနိုင္ေပ။ အဆံုးမွာေတာ့ ေရွာင္ဟန္ယုက ထိုပန္းကန္ထဲက ဆီေတြကို ဆန္ျပဳတ္ထဲေလာင္းထည့္လိုက္ၿပီး ဆက္စားေနလိုက္သည္။

  စားၿပီးေတာ့ သူကေဟးခ်န္ကို ေမးလိုက္ျပန္သည္။
  " အကိုေဟး , အမက ဘာေတြ ထပ္ၿပီး ပို႔ေပးလိုက္ေသးလဲ?"

  ေဟးခ်န္ရဲ႕အၾကည့္ကေတာ့ ေျမျပင္နဲ႔ သံမိႈရိုက္ထားသလို ျဖစ္သြားေတာ့သည္။ ထိုအမဲသားေၾကာ္ကို သူတို႔ကို ေပးခဲ့မိတာကိုလည္း ေနာင္တေတြရေနေတာ့သည္။ အမဲသားက သူ႔အတြက္ အဖိုးတန္လြန္းတာေၾကာင့္ ဗူးကို ဖြင့္တဲ့အခါတိုင္းလည္း သူနည္းနည္းသာ စားနိုင္သည္။ဒီလိုေန႔မ်ိဴ းေရာက္လာမယ္ဆိုတာကိုသာ ႀကိဳသိမိခဲ့ရင္ အခုလို အသဲမကြဲေနရေအာင္ ရလာထဲက အကုန္စားပလိုက္မိမွာျဖစ္သည္!

   သို႔ေပမယ့္လည္း သူ႔ဝွက္ဖဲေတြကိုေတာ့ သူမေဖာ္ထုတ္ပစ္လိုက္နိုင္ေပ။သူ႔မွာက်န္ေနေသးတဲ့ ခ်ဴ းလ်န္ထည့္ေပးလိုက္တဲ့ အမဲသားေျခာက္ေတြ ဝက္သားေျခာက္ေတြကိုေတာ့ လံုးဝလံုးဝကို မထုတ္ေပးနိုင္ေတာ့ေပ။' ငါ့မိန္းမက မင္းလိုမ်ိဴ းေကာင္အတြက္ ထည့္ေပးလိုက္တာ မဟုတ္ဘူးကြ! အိမ္မက္သာမက္ေနလိုက္!'
  ေရွာင္ဟန္ယုလည္း သူအေျဖအေနနဲ႔ ေဟးခ်န္ဆီက ေအးစက္စက္အၾကည့္ကိုသာ ရလိုက္သည္။သူလည္း ရွက္ရွက္ေၾကာက္ေၾကာက္နဲ႔ နွာေခါင္းသာ ပြတ္ေနမိေတာ့သည္။ 'အကိုေဟးက ေပါင္းသင္းဆက္ဆံရလြယ္တယ္ထင္ရၿပီး ဘာလို႔အခုမွ စိတ္ပုတ္ေနရတာလဲ? ေရွာင္ဟန္ယု ဆံုးျဖတ္ခ်က္ခ်လိုက္သည္: တေန႔က်ရင္ သူလည္း ယင္အိမ္ေတာ္က အခ်က္ျပဳတ္ေတာ္တဲ့သူကို ေသခ်ာေပါက္လက္ထပ္နိုင္ရမယ္ဟုပင္!'

   သူတို႔စားေသာက္လို႔ၿပီးၾကေတာ့ စာဖိုးေဆာင္အျပင္ကေန  တေယာက္ေယာက္ရဲ႕ေအာ္ေျပာသံက ထြက္ေပၚလာသည္။

Unicode

Ch75.စစ်တပ်ထဲက အသားဟင်း
#Translated by  Irisbellar & ✌️

မြို့တော်ရဲ့ အခု လတ်တလော အခြေအနေကတော့ ဆောင်းဦးရောက်ပြီမို့ လေစိမ်းတွေ  တိုက်ခတ်လာပြီး နေ့စဉ်နေ့တိုင်း အေးချမ်း နေပါတော့သည်။ ထိုသို့ဆိုလျှင် လူသူကင်းမဲ့တဲ့ မြောက်ပိုင်းနယ်စပ်ရဲ့ အခြေအနေကတော့အထူးတလည် ပြောစရာကို မလိုတော့ပြီ။ ခိုက်ခိုက်တုန်နေပြီပေါ့။

လန်ကျိုးမြို့ရဲ့ ၅ ကီလိုမိတာ အကွာမှာတော့  တပ်စခန်း မှ စစ်သားတွေက ပုံမှန်လုပ်ငန်းဆောင်တာများအပြင် စစ်တိုက်ထွက်ရန် အတွက်ပါ လေ့ကျင့်နေကြရသည်။

စခန်းထဲက ချက်ပြုတ်ဆောင်ထဲကနေ မီးခိုး တလူလူ ထွက်နေသည်။ အချိန်အားဖြင့် ညနေစာစားချိန် ရောက်လာခဲ့ပြီးဖြစ်သည်။

နေမင်းကြီးက ခြံစည်းရိုးထက်ဝယ် ကျဆင်းလာပြီး သူ့ရဲ့ အနီတောက်တောက် ရောင်ခြည်များအား လွင်တီး​ခေါင်ပြင်.ပေါ်အကျယ်တဝငိ့ ဖြန့်ကျက် ထားပုံကညနေခင်း မြင်ကွင်းကို အလှတိုးစေသည်။ သို့ပေမယ့်လည်း နွေးထွေးစရာကောင်းတဲ့ နေရောင်ခြည်က တည်ငြိမ်အေးစက်လှတဲ့ ဆောင်းလေအေးတွေကို မဖျက်နိုင်။မယှဉ်နိုင်ခဲ့ပေ။လေရူးလေအေးတွေက ဒီတစ်ရာသီလုံး လွင်တီး ခေါင်ပြင် တစ်လျှောက် တသုန်သုန် တိုက်ခတ်ရင်း သူတို့ အပိုင် သိမ်းယူထားလိုက်ပါတော့သည်။

  ကျယ်လောင် စူးရှတဲ့ အချက်ပေးသံ တစ်ခု စခန်းထဲက ထွက်ပေါ်လာခဲ့ချိန်မှာတော့ အားလုံးရဲ့ အကြည့်တွေ တူညီစွာ ရောက်ရှိ သွားခဲ့ကြပါတော့သည်။

  လေ့ကျင့်ရေးရဲ့ နောက်ဆုံး အချိန်သို့ ရောက်ရှိ လာခဲ့ပြီးနောက်မှာတော့ ခေါင်းဆောင်များမှ 'ထမင်းစား တော့' လို့ အမိန့်ပေးသံများ အစီအရီ ထွက်ပေါ်လာသည်။

အခုချိန်က ဆောင်းရာသီထဲ ဝင်နေပြီ ဖြစ်ပေမယ့်လည်း မြောက်ပိုင်း နယ်စပ်က စစ်သား တွေကတော့ အမြဲတမ်း အသင့်အနေထား ရှိနေရတာ ဖြစ်လို့ မနက်တစ်ကြိမ် ညတစ်ကြိမ်သာ ထမင်းစား ခွင့်ရကြသည်။

တစ်နေ့လုံး လေ့ကျင်းရေး ဆင်းခဲ့ရလို့
စစ်သားတွေခမျာ ချွေးတွေနဲ့ ရွှဲနေပြီး ဘယ်လောက်ထိစာ ကြသလဲဆို မြင်းတစ်ကောင်လုံးတောင် တစ်ယောက်ထဲ စားနိုင်တဲ့ အနေအထား ရောက်ရှိ နေကြခြင်းဖြစ်သည်။ ခေါင်းဆောင်က အမိန့် ပေးလိုက်သည့် အချိန်မှာတော့ သူတို့အကုန်လုံး စားသောက် ဆောင်ထဲကို အပြေး ဝင်သွားကြတာ ခေါင်းဆောင်ရဲ့ အမိန့်သံတောင် မဆုံးလိုက်ပေ။

တပ်မှူ းကာင်း ရဲ့  လက်ရွေးစင် တပ်သားပေါင်း သုံးထောင်ကျော်က ဆာလောင်နေတဲ့ ဝံပလွေတွေလို စားသောက်ခန်းထဲ အပြေး ဝင်ရောက်သွားခဲ့ကြသည်။

အရပ်ရှည်ရှည် ရင်အုံ ကြီးကြီးနဲ့ ခေါင်းဆောင်ကောင်းကတော့ သူ့ တပ်သားတွေ အနောက်ကနေ လိုက်သွားရင်း ခြေသုတ်သင် သွားခဲ့ကြတဲ့ လက်အောက် ငယ်သားတွေကို ကြည့်ပြီး ပြုံးပန်း ဝေနေခဲ့သည်။

  တပ်မှူ းကောင်းရဲ့ နောက်မှာ လူ နှစ်ယောက် လိုက်ပါလာခဲ့ကြသည်။ တစ်ယောက်က တပ်မှူးထပ် ခေါင်းတစ်လုံး ပိုရှည်ပြီး မျက်နှာထားက မာမာ တင်းတင်း နှင့်။ သူ့ မျက်လုံးတွေက ရေးတွင်းတွေလို နက်မှောင် နေပြီး နှာတံက တော့ ဆင်းပြီး ဖြောင့်တန်းနေ၏။  အသက် ၂၀ ပန်းကျင်လောက် ရှိမည်။ ဒါပေမယ့် ကြည့်ကောင်းမယ့် သူမျက်နာလေးက ထူပျောတဲ့ မုတ်ဆိတ်မွှေးများ ဖြင့် မျက်နှာ တစ်ဝက်နီးပါး ဖုံးအုပ် နေပါသည်။ ဘယ်လိုများ အဖြစ်ဆိုးနေတာပါလိမ့်?

ညာဘက်က အခြားတစ်ယောက်ကတော့ တပ်မှူးနဲ့ အရပ်တူတူ လောက်ရှိပြီး မျက်နှာက လေးထောင့်,မျက်လုံးက မှေးမှေးနှင့်။ သူ့မှာတော့ မုတ်ဆိတ်မွေး တွေ ရှိမနေပါဘူး။ သူ့ ကိုယ်က တပ်မှူးကြီးထပ် တစ်ဆိုဒ်လောက် ပိုကြီး နေပုံရပေမယ့် လေးထောင့် မျက်နှာကြီး ကို ကြည့်ရတာတော့ မသက်ငယ်သေးပုံ ပဲ ဖြစ်သည်။

တပ်မှူးက နောက်ဘက်ကို ငှဲ့စောင်းပြီး လှမ်းပြောလိုက်သည်။

"ကျိရှန်, ဟန်ယု မင်းတို့ ဒီကောင်တွေကို သေချာ ကိုင်တွယ်သင့်တယ်။ သူတို့ တော်တော် ဗရုတ်ကျ တာပဲကွာ!"

အင်း...ကျိရှန်က ဟေးချန် နာမည်ဆိုတော့ ဟို မျက်နာလေးထောင့်နဲ့ တစ်ယောက်က ဟန်ယု ဆိုတာ သေချာသွားပါပြီ။

ကျင်းအန်အိမ်တော်ရဲ့ အရှိန်အဝါနဲ့ အတူ မင်းသားကျင်းရဲ့ ကျေးဇူးကြောင့် ဟေးချန်က ဒီမြောက်ပိုင်းနယ်စပ်ကတပ်မှူ းကောင်းရဲ့လက်အောက်မှာ ပထမဆုံး တာဝန်ထမ်းဆောင်ရ တာဖြစ်ပေမယ့် အခြားသူတေထက် ပိုအခွင့်အရေးရခဲ့သည်။ သူက ဒီနေရာကို ဒုတပ်မှူ းရာထူးဖြင့် လျှောက်ထား ဝင်ရောက်နိုင်ခဲ့၏။

တပ်မှူ းကောင်းဆီမှာ လက်ထောက်သုံး ​ယောက်ရှိသည် ဖြစ်ရာ ဟေးချန်နဲ့ ရှောင်ဟန်ယုအပြင် နောက်ထပ် အသက် ၃၀အရွယ် ကျန်းမိန်ဆိုတဲ့  တစ်ယောက် ရှိပါသေးသည်။

တပ်သားတွေ အစားအစာကို အလုအယက် ယူစားနေကြတာကို တပ်မှူးကောင်း မြင်လိုက်ရချိန်မှာတော့ အမြန်နှုန်းကို မြှင့်တင်ပြီး ပြောလိုက်ခဲ့သည်။

"လာ ..ခပ်သွက်သွက်လေး သွားကြရအောင် !ဟို အငတ်တွေ ငါတို့ဝေစုတွေပါ အကုန် ကုန်အောင် မစားလိုက်ခင် အချိန်မှီအောင်ပေါ့။"

ဒါကတော့ တပ်မှူ း/ခေါင်းဆောင်ကောင်းက သက်သက်နောက်လိုက်တာဖြစ်သည်။ အမြဲတမ်း ထမင်းချက်ကြီးက တပ်မှူးနဲ့ သူ့လက်ထောက် သုံးယောက်စာကို ဖယ်ထားပေးပြီးသားပင်။

ဒါက ဘာမဟုတ်တဲ့ ယဉ်ကျေးမှုလေး တစ်ခု ဆိုပေမယ့် တပ်မှူးကြီးက အမြဲတမ်း သူ့ တပ်သားတွေကို ညီအစ်ကိုလိုပဲ ဆက်ဆံခဲ့တာ ဖြစ်သည်။ သူ့ ဝေစုက အနည်းငယ် ပိုများ တယ်ဆိုပေမယ့် တပ်သား တွေနဲ့တော့ အမြဲတမ်း အတူတူ ဟင်းတစ်မျိုးထဲကိုပဲ စားလေ့ရှိသည်။ သူက ရိုးသားဖြောင့်မတ်သူ ပီပီ စစ်တပ် စားဖိုမှူး ဆီက ဘယ်တော့မှု အခွင့်ကောင်းမယူ, သီးခြားပြီး ပိုကောင်းတဲ့ အစားတွေကိုလဲ သူ့အတွက် ချက်ခွင့်မပေးခဲ့ပေ။

သူ့တပ်သားတွေနဲ့တစ်မူထူးပြီး စားခဲ့တာ ဆိုလို့ တစ်ချိန်ပဲ ရှိခဲ့ပါတယ်။ အဲ့တာကတော့ ဟိုး တစ်ခါ သူ လေ့ကျင့်ရေး သင်ကြားပြီးချိန် နေမကောင်း ဖြစ်ပြီး ဖျားနာခဲ့ရတုန်းကပါ။ အဲ့တုန်းကဆို ထမင်းချက်ကြီးက ဘယ်လိုမှ သည်းမခံနိုင် မကြည်ရက် နိုင်တော့ဘဲ သူ့အတွက် ကြက်သား စွတ်ပြုတ် ​ကျဲကျဲ လေးတစ်ခွက် ချက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအဖြစ်ပျက်က အခုဆို တစ်နှစ်တောင် ကြာသွားခဲ့ပြီး ဖြစ်၏။

မြောက်ပိုင်း နယ်စပ်ဆိုတာ အစကတည်းက အရမ်းဆင်းရဲချို့တဲ့ တဲ့နေရာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတော့ စစ်သားတွေက ထောက်ပံ့ကြေး ပုံမှန်ရတယ် ဆိုရင်တောင် စားကောင်းသောက်ဖွယ်တွေကို လိုသလို မှာယူလို့ မရနိုင်ကြပါ။ ဒါ့ကြောင့် စစ်ပွဲအတွက် မပြင်ရသေးတဲ့ နေ့ရက်တွေဆို သူတို့ ဗိုက်ပြည့်တယ် ဆိုရုံလေး စားနေခဲ့ကြရသည်။ ထို့ကြောင့် တပ်မှူးက ပိုကောင်းတာလေးစားချင်တယ် ဆိုရင်တောင် ရနိုင်မှာလဲ မဟုတ်။

သူတို့ သုံးယောက် စားဖိုဆောင်ထဲ ဝင်ရောက် လာချိန်မှာတော့ ထမင်းချက်ကြီးက ခွေးချီ လေးလုံး ဝိုင်းထားတဲ့ သစ်သားခုံလေးတစ်လုံးပေါ်သို့ ကြွေပန်ကန်လုံးကြီး သုံးလုံးနဲ့ သူတို့ဝေစု ကို အလျင်အမြန် လာချ ပေးသည်။ အချိန်အားဖြင့်တော့ နေဝင်ရီတရော အချိန်ဖြစ်၍ မှောင်စပျိုး နေတုန်းပင်။ ရွက်ဖျင်တဲ အမိုး အောက်ကနေ လေဒဏ်ကို အကာအကွယ် ယူပြီး မိန်ဖျော့ဖျော့ အလင်းရောင်နှင့်အတူ စစ်တပ် ညစာစားပွဲကို ကျင်းပနေကြခြင်း ဖြစ်သည်။

ခေါင်းဆောင်ကောင်းက မထိုင်ခင် သူ့လက်ထောက် ၂ယောက်ကို ခုံပေါ်က ပန်းကန် လုံးတွေဆီ ညွှန်ပြရင်း .."ဒီနေ့ ပင်ပန်းတဲ့ နေ့ပဲ.,ကဲ စားလိုက်ကြရအောင်ကွာ!"

ဟေးချန်နဲ့ ဟန်ယုတို့ ၂ ယောက်လည်း တူကို အမြန်ကောက်ကိုင်ပြီး ပလုပ်ပလောင်း ထည့်စားလိုက်ခဲ့ကြသည်။

ဒီနေ့ရဲ့ ညစာကတော့ တရုတ်ရိုးရာ သံလွင်သီးဆန်ပြုတ်ကို ဂေါ်ဖီနှင့်တွဲချက် ထားခဲ့သည်။ ဆန်ပြုတ်ပေါ်မှာ အဖြူရောင် ဂျုံလုံး နှစ်လုံး မျောနေပြီး အသားကတော့ လုံးဝမပါတာပါ။
ဒီအစာကို သူတို့ အရသာခံနေလို့ မရပါဘူး။ အဲ့ဒီအစား ဗိုက်ပြည့်ရုံတာ ရည်ရွယ်ပြီး စားကြပုံ ဖြစ်ပါလိမ့်မည်။

ဟန်ယုတစ်ယောက် ဆန်ပြုတ်ကို အငန်းမရသောက်ပြီး ဂျုံလုံးကို ၂ ကိုက်ထဲဖြင့် အတင်းမျိုချ
စားသောက်လိုက်၏။
ပြီးနောက် မျက်နာကြီး နီရဲလာခဲ့ပြီး သူ့ပန်းကန်လုံးကိုပြန် စိုက်ကြည့်နေလိုက်သည်။

သူ့ပုံစံက ကျွဲရိုင်းကြီး တစ်ကောင်လို သန်မာနေပေမယ့် တစ်ကယ်တမ်းကျတော့ ဟေးချန်ထက် ငယ်ပြီး ၁၉နှစ်ပဲ ရှိသေးသည်။ မနှစ်ကမှ တပ်ထဲကို စဝင်လာခဲ့ခြင်း ဖြစ်သည်။သူ့မိသားစုက စစ်တပ်မျိုးရိုး ဖြစ်၍ ပညာရေးနှင့် ပက်သက်ပြီး စည်းကမ်း တင်းကြပ်သည် ဆိုပေမယ့်လည်း ဘယ်သောအခါမှ အစားဆင်းရဲ ခံခဲ့ရဖူးသည်မဟုတ်။

"အစ်ကိုကြိးကောင်း...,အစ်ကိုဟေး..., ကျွန်တော် အစားစားချိန် ရောက်တိုင်း အိမ်က အမေချက်ကျွေးတဲ့ အသားဟင်းကို တကယ်ပဲ လွမ်းတယ်ဗျာ။. အဲ့တုန်းကဆို အသားတွေက အဆီများတယ် ဝိတ်တက်တယ်ထင်ခဲ့တာ။ ခုချိန်များ တစ်အိုးလုံးတောင် ကုန်အောင် စားပြီး ပြောင်နေအောင် လျှာနဲ့ လျက်ပြလိုက်ချင်သေး ပါတယ်ဗျာ!"လို့ ဟန်ယုက ဆိုလိုက်၏။

ခေါင်းဆောင်ကောင်းလည်း ရယ်စရာကောင်းတာကြောင့် သူ့ခွက်ကို ပြန်ထိုးပြပြီး
"ဘာလဲ...? မင်း ခွက်ထဲမှာ တစ်ဝက်တောင် ကျန်နေသေးတာပဲ။ မစားနိုင်တော့ဘူးဆိုလည်း ငါ့ပေး။ ငါကူစားပေးမယ်ကွာ" လို့ တမင်ကျီစယ် လိုက်သည်။

ထိုအချိန်မှာတော့ ဟန်ယုက သူ့ခွက်လေးကို အမိအရ ပြန်ယူဆွဲလိုက်ပုံက ခွေးငယ်လေးက သူ့အစာကို ကာကွယ်နေခဲ့သလိုမျိုးပဲ။ ဒီတော့ ကျန်တဲ့ သူတွေလဲ မထိန်းနိုင်တော့ပဲ တဟားဟားထရယ်ကုန်ကြပါတော့သည်။

"မဖြစ်နိုင်တာ အစ်ကိုကြီးကောင်းကလည်း...,ကျွန်တော်စားလို့တောင် မပြီးသေးပါဘူးဗျာ"

"ဟမ်.....မင်းပဲ အသားစားချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား"

"ဒါပေမယ့်..ဒီမှာ တစ်ခုမှ မရှိတာ။ တကယ်လို့ ရှိမယ်ဆိုရင်တော့ ဒီဆန်ပြုတ်နဲ့ ဆန်ကိတ်ကို ဘယ်သူကစားနေအုံးမှာတုန်း"လို့ ဟန်ယုက ပြန်ပြောလိုက်၏။

ဟေးချန်ကတော့ သူ့ဘေးက ၂ ယောက်ပေါနေတာတွေကို ဘာမှမကြားရသလိုမျိုးနှင့် ဆန်ပြုတ်ကို အေးအေးဆေးဆေးလေး ဆက်စားနေခဲ့သည်။ သူ ဗိုက်ဆာနေပေမယ့် ဆာလောင်နေတဲ့ မြေခွေး ပုံစံနဲ့တော့မဟုတ်။ ဖြေဖြေးမှန်မှန် လေး စားနေခဲ့တာက တကယ်လေးစားစရာပဲ။ တစ်ခုပဲ အစားတွေက သူ့မုတ်ဆိတ်တွေပေါ် ခဏခဏ ကျနေတာကတော့ သူ့အတွက် နေရခက်နေ၏။

ဟန်ယုတို့စကားပြောနေတာ ပြီးပြီးချင်းပဲ တက်ကြွလန်းဆန်းနေတဲ့ ယောက်ျားအသံတစ်သံ ဝင်ရောက်လာခဲ့သည်။

"ဒီမှာ အသားမရှိဘူးလို့ ဘယ်သူပြောလဲကွ?"

"ဒါဆို!. ..အသားရှိတယ်ပေါ့?" ရှောင်ဟန်ယု စိတ်လှုပ်ရှားမှုနဲ့ အတူ ချက်ချင်းထရပ်ပြီး မျက်လုံးတွေက ဆာလောင်မှုအပြည့်နဲ့ နီရဲ တက်လာခဲ့ပြီ။ သူအသားမစား ရတာ လချီနေပါပြီ။ အခုတော့ သူ့ရဲ့ လှုပ်ရှားသွားတဲ့ ခံစားချက်ကိုပဲ ကျေးဇူးတင်ရတော့ မလိုပဲ။ သူ့​ငေးနေတဲ့ မျက်လုံးလေးတောင် ပြူးကျယ်ခွင့်ရသွားတဲ့ အတွက်ကြောင့်ပေါ့။

ပန်းကန်အလွတ် တစ်လုံးကိုင်ပြီး လမ်းလျှောက် လာနေတဲ့ ထိုသူကတော့ တပ်မှူးရဲ့ လက်ထောက် တတိယ တပ်မှူ း ဖြစ်တဲ့ ကျန်းမိန်ပါပဲ။ သူက ဟေးချန်ထက် အရပ်ပိုရှည်ပြီး မျက်နာပေါ်မှာ မုတ်ဆိတ်မွှေး တစ်မျှင်မှ မရှိနေပေမယ့် သိသိသာသာ ကြီးကို ဟေးချန်ထက် ၁၀ စုနှစ် တစ်ခုလောက် အသက်ပိုကြီးမယ့် ပုံပါပဲ။

အကြောင်းပြချက် တစ်ချို့အောင် အေးဆေးတိတ်နေတဲ့ ဟေးချန်တောင် တောင့်တင်းသွားခဲ့ရသည်။

ဟန်ယုလည်း အသားစားရေး တို့အရေး ဖြစ်နေတာဆိုတော့ ကျန်းမိန်နား ချက်ချင်း ပြေးကပ် သွားပြီး ပြောလိုက်၏။

"အစ်ကိုကျန်း... ခင်ဗျားခု လေးတင်ပဲ ဒီနေရာမှာ အသားရှိတယ်လို့ ပြောလိုက်တာနော်။ ခင်ဗျားရဲ့ ဒီညီငယ်လေးကိုတော့ မမေ့ဘူး မဟုတ်လား ဟီး.."

ကျန်းမိန်လဲ ထူးဆန်းတဲ့ အပြုံးကြီး ပြုံးပြပြီး ဟေးချန်ဘက်ကို လက်ညှိုး ထိုးပြလိုက်လေသည်။

ဟန်ယုနဲ့ တပ်မှူးကောင်းတို့ရဲ့ ပြိုင်တူ အကြည့်တွေက ဟေးချန်ဆီ ရောက်သွားခဲ့သည်။ ဟေးချန်ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက သူတို့အာရုံကို ဖမ်းစားနေပေမယ့် အတွင်းထဲက​ ေနသူရိုးသားကြောင်း အော်ဟစ် ပြောဆိုနေသည့် ပုံစံ ရှိနေခဲ့သည်။

ကျန်းမိန်က အခြေအနေအရ ချောင်းတစ်ချက် ဟန့်ပြီး မသက်မသာနဲ့ ပြောလိုက်၏။

"ခေါင်းဆောင် ကျွန်တော့်စကားက အလောတကြီး ဖြစ်သွားပါတယ်။
ကျွန်တော် တွေ့ခဲ့တဲ့ အသားက ကျိရှန်ရဲ့ အမျိုးသမီးက သူ့အတွက် လူကြုံနဲ့ ထည်လိုက်တဲ့ ဟာကို ပြောတာပါ"

ကျန်းမိန်က ဟေးချန်နဲ့ တဲတစ်ခုထဲ အတူနေရတဲ့အခန်းဖော်ဖြစ်သည်။ သူက ဟေးချန်ထက်အများကြီး ကြီးသူ ဖြစ်ပြီး  တော်တော်ဂရုစိုက် ပေးသူဖြစ်သည်။ သူက ဟိုးအရင်ထဲက စစ်ထဲ ဝင်လာခဲ့သူမို့ အတွေ့အကြုံများပြီး တပ်မှူးရဲ့ ယုံကြည် အားကိုးရဆုံး လူတစ်ယောက် ဖြစ်သည်။ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ရလို့ သူ့ကိုယ်ပေါ်မှာ ဒါဏ်ရာဟောင်းတွေ ကျန်နေခဲ့၏။ ဒါ့ကြောင့်လည်း အခြားသူတွေနဲ့ ယှဉ်ရင်တော့ ကျန်းမာရေးက အနည်းငယ် ချူချာသည်ဟု ဆိုနိုင် ပါသည်။

ထို့အပြင် လန်ကျိုးမြို့ရဲ့ ဆောင်းရာသီ ဝင်လာပြီးဖြစ်သည်။ လေ့ကျင့်ရေး ကွင်းထဲ ချွေးတွေနဲ့ ရွှဲနေခဲ့ပြီးနောက် တရစပ် တိုက်ခတ်လာတဲ့ ဆောင်းလေအေး လေစိမ်းတွေကြောင့် သူ့ ဒါဏ်ရာဟောင်းတွေ ကိုက်ခဲလာမှုနှင့်အတူ ချမ်းစိမ့်စိမ့် ဖြစ်ကာ အဖျားအရမ်းကြီးခဲ့တာမို့ အိပ်ရာထဲ လဲနေခဲ့ရသည့်အထိပင်။

သမားတော်က တစ်ချက်လာကြည့်ခဲ့ပေးပြိး သူတတ်နိုင်သလောက် အပ်စိုက်ကုထုံးနဲ့ အတူ ဆေးအချို့ သောက်ရန် ပေးသွားခဲ့သည်။ ထို့ပြင် အစားနှင့် ရေကို ထောက်ပံ့ပေးဖို့ လူနာရဲ့ တာဝန်ရှိသူတွေကို မှားကြားသွားခဲ့လိုက်သည်။

တပ်မှူးကောင်းလည်း သူ့အကြောင်းကြားပြီး ထမင်းချက်ကို  ဆန်ပြုတ်တစ်အိုးချက်ခိုင်းလိုက်သည်။ ဒါက သူတတ်နိုင်တဲ့အကောင်းဆုံး ဟင်းလျာပါပဲ။

ဟေးချန်က လူနာရဲ့ အခန်းဖော်ဆိုတော့ သူ့ကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ကို ယူခဲ့ရသည်။ ကျန်းမိန်က တစ်နေ့တစ်ခြား အဖျားပိုတက်လာပြိး ဖြူဖက် ဖြူရော် ဖြစ်လာတာကြောင့် ဟေးချန်က ချူးလန်ပို့လိုက်တဲ့ အမဲသားမွကြော် ပုလင်းကို ဖွင့်ပြီး လက်တစ်ဆုပ်လောက် ကျန်းမိန်ရဲ့ ဆန်ပြုတ်ထဲ ရောထည့်ပေးလိုက်သေးသည်။

အိပ်ယာထဲက ကျန်းမိန်လည်း ဘာမှမပါတဲ့ ဆန်ပြုတ်ဖြူ ပေါ် ရောက်လာတဲ့ အမဲသားမွကြော်ချောင်းလေးတွေကိုကြည့်ပြီး မျက်လုံးပြူးသွားခဲ့သည်။

ကျန်းမိန်လည်း သိက္ခာတောင် မထိန်းနိုင်တော့ဘဲ ဆန်ပြုတ် အလုတ်ကြီး တစ်လုတ် သောက်ချလိုက်ပြီး အံဩတ​ကြိးမေးလိုက်သည်။

"ဒါဘယ်ကရောက်လာတာလဲ?"

ဟေးချန်လည်း တည်ငြိမ်စွာ ပြန်ဖြေလိုက်ခဲ့သည်။(တစ်ခွန်းမေး တစ်ခွန်း ဖြေ သမားဆိုတော့)

"ကျွန်တော့ မိန်းမ ပို့လိုက်တာ"

ကျန်းမိန်က တဟားဟားထရယ်ပြီး နောက်ဆုံးတော့ ချောင်းပါဆိုးသွားခဲ့ရသည်။

"မင်းမိန်းမ ပို့လိုက်တယ် ဆိုမှတော့ အရင်က မင်းအများကြီးစားခဲ့ဖူးပြီးပြီပဲ။ အခုကျန်တာလေးတွေကို ဒီအစ်ကိုကြီးကို ပေးလိုက်တော့။ ဒါလေးနဲ့ဆို ငါပြန်အားပြည့်လာမှာကွ"

ဟေးချန်ကတော့ သူပြောတာ ဘာမှ အဖြေ ပြန်မပေးဘဲ မသိချင်ယောင်ဆောင်ပြီး နှုတ်ဆိတ် နေလိုက်သည်။ ပြီးနောက် ဘူးထဲက နောက်ထပ်နည်းနည်း ထုတ်ပေးလိုက်သည်။ နောက်ပိုင်း ကျန်းမိန် နေကောင်းသွားပြီးတဲ့အချိန် ထိုဗူးကို နေရာတိုင်း နှံ့နေအောင် လိုက်ရှာ ပေမယ့်လည်း လုံးဝမတွေ့ရတော့ပေ။ ဟေးချန် ဘယ်မှာ ဖွက်ထားသလဲ ဆိုတာ လုံးဝ အစအန ကို ရှာလို့ မရ ဖြစ်နေခဲ့သည်။ ကျန်းမိန်တစ်ယောက် ပြုံးရင်း ခေါင်းသာရမ်းနေခဲ့ရသည်။

အခုတော့ သူက ကောင်လေးဟန်ယုက အသားစားချင်နေတာကို လှမ်းကြားလိုက်ပြီး သဘောရိုးရိုးဖြင့် ဟေးချန်ဆီက အသားမွကြောာ်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

တပ်မှူးကောင်းက သူ့တပ်သားတွေကို ညီအစ်ကို လို ရင်းရင်းနှီးနှီးဆက်ဆံပေမယ့် သူ့အတွင်းစိတ်ကို အပိုင်သိမ်းနိုင်ဖို့တော့ မလွယ်ကူပေ။ တပ်သားတွေအပေါ် ကောင်းပေမယ့် စည်းကမ်းတင်းကြပ်သည့်သူလည်းဖြစ်သည်။

ဒီအကြောင်းကို နောက်မှ ရောက်လာတဲ့ ဟေးချန်တို့ထက် ကျန်းမိန်က ကောင်းကောင်းကြိးသိပြိးဖြစ်သည်။ တကယ်တော့ တပ်မှူးကောင်းရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်ဖို့ရာ လှည့်ကွက်သေးသေးလေးတွေပဲ လိုတာပါ။ ဥပမာ အခု အသားစားရမယ်ဆိုရင်ပေါ့..။

အမှန်တော့ အစတုန်းကဆို ကျန်းမိန် က ဟေးချန်ကို အရမ်းအမြင်ကပ်ခဲ့သူ ဖြစ်သည်။ အဘယ်ကြောင့်ဆို သူဆယ်နှစ်ဆယ်မိုး လုံးကြိုးစားပြီးမှ ရယူနိုင်ခဲ့တဲ့ တပ်မှူးလက်ထောက်နေရာကို ဟေးချန်က မင်းသားကျင်းရဲ့ စာတစ်စောင်လေးထဲနဲ့ အလွယ်လေး ရယူပြိး ဝင်ရောက်လာခဲ့လို့ပင်။

ဒါပေမယ့် နောက်ပိုင်းတော့ သူနဲ့ အတူနေတာများပြီးမှ သူ့အကြောင်းပို သိလာတာဖြစ်မည်။ အထူးသဖြင့် သူ နေမကောင်းတုန်းကဆို ဟေးချန်က သူ့ကို အထူးဂရုစိုက်ပေးခဲ့တာ ဖြစ်သည်။
ဟေးချန်ရဲ့ ပြုစု လုပ်ကိုင်ပုံကို ကြည့်တာနဲတင် အရင်က တစ်ခါမှ ဘယ်သူ့ကိုမှ မပြုစုပေးဖူးမှန်း ကျန်းမိန် သိခဲ့လိုက်ရသည်။ အပြင်ပိုင်းမှာသာ အေးတိအေးစက်နဲ့တကယ်တော့စိတ်ထားကောင်းတဲ့ ကလေးပဲလို့ မှတ်ချက် ချ ခဲ့လေ၏။
အခုလဲ ဟေးချန်ကို ကူညီဖို့ သူထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပင်။

ဟန်ယုရဲ့ မျက်လုံးတွေက သက်ဝင်လှုပ်ရှားနေခဲ့သည်။ သူ ဟေးချန်ဘေး ပြေးကပ်ပြီး မေးလိုက်သည်။
"အစ်ကိုကြီး....မင်းဆီမှာ တကယ်ပဲ အသားရှိတာလား?"

သူမေးလိုက်တဲ့ စကားက တကယ်သိချင်လို့ မေးတဲ့ ပုံ ဖြစ်ပြီး စားချင်တယ်လို့ စကားက ထုတ်မပြောပေမယ့် သွားရည်တွေကိုတော့ မျိုချ နေခဲ့ရသည်။

တပ်မှူးကောင်းလည်း ဟေးချန်ကို ဖိအား လုံးဝ မပေးပဲ သူ့ဆန်ပြုတ်သာ သူဆက်စားလို့နေရင်း ဟေးချန်ကို ပြုံးပြုံးကြီးပဲ ကြည့်နေသည်။

ကျန်းမိန်လည်း ထိုခေါင်းမာတဲ့ကောင်လေးကို ကူညီဖို့ လမ်းဖွင့်ပေးလိုက်မိတဲ့ သူ့ကိုယ်သူသာ ဆဲဆိုနေမိတော့သည်။ သူက ဟေးချန်ရဲ့ခုံကို ခြေထောက်နဲ့ကန်လိုက်ပြီး ပြောလိုက်သည်။
"ကောင်စုတ်လေး, မင်းဘာတွေ တွေးနေရသေးတာလဲ? အဲ့ဒါက မင်းမိန်းမပို့ပေးလိုက်တဲ့ ဟာလေးပဲကို။ ငါတို့ကိုကျွေးဖို့ မစဉ်းစားပေးရင်တောင်မှပဲ ထားလိုက်အုံး။ အခုခေါင်းဆောင်ကောင်းကို မျှဝေပေးဖို့ကိုတောင်မှပဲ မင်းက ချီတုံချတုံ ဖြစ်နေရသေးလား?"
  
  ဟေးချန်က နှုတ်ခမ်းတွေကို စေ့ထားလျက် မတ်တပ်ထရပ်လိုက်ပြီး ခေါင်းဆောင်ကောင်းကို တရိုတသေအရိုသေပြုလိုက်ပြီး
  " ခဏလေးစောင့်ပေးပါအုံး ခေါင်းဆောင်"

   တခဏပဲကြာပြီးတော့ ဟေးချန်က ဗူးလေးတစ်ခုနဲ့ ပြန်ရောက်လာသည်။ သူက ဗူးကို ခုံပေါ်တင်ပြီး အဖုံးဖွင့်လိုက်တော့ အမဲသားအကြွပ်မွှကြော်အနံ့လေးက အခန်းထဲ ပျံ့နှံ့သွားသည်။

  " ခေါင်းဆောင်, မြည်းကြည့်ပါအုံး"

ဟေးချန်က တယောက်ယောက်ကို ပန်းကန်တစ်ခုယူလာဖို့ အမိန့်ပေးလိုက်ပြီး ဗူးထဲက အမဲသားကြော်အကုန်လုံးကို သွန်ထည့်လိုက်သည်။

   ခေါင်းဆောင်ကောင်းက တူနဲ့ အသားကို ညှပ်ယူ မြည်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတို့ အရောင်လဲ့လာပြီး ချီးကျူ းပြောဆိုလိုက်သည်။
   " အတော်ကောင်းတာပဲ။ ခယ်မလေးက အတော်အချက်ပြုတ်တော်တာပဲ"
ပြောရင်းနဲ့ သူ့လက်ထဲကတူနဲ့ ဟေးချန်ကို ညွှန်လျက်
  " ကံကောင်းတဲ့ကောင်စုတ်လေး။ မင်းက မိန်းမကောင်းလေးတယောက်ကို လက်ထပ်ယူခဲ့တာပဲ! ဒီလို နယ်စပ်ဘက်ကိုတောင် လာနေရအောင် မင်းကအတော်ရှုးနေတာပဲ ဒါပေမယ့် မင်းမိန်းမကတော့ မကန့်ကွက်တဲ့အပြင် ဒီလိုစားစရာကောင်းလေးတွေကိုတောင် ထည့်ပေးလိုက်သေးတယ်။ ငါကြားမိပါသေးတယ် မင်းက လက်ထပ်ပြီးဘယ်လောက်မှမကြာပဲ ဒီကိုလာခဲ့တာဆို!"

ရှောင်ဟန်ယုကတော့ ထိုသတင်းတွေကို မကြားမိသေးပေ။ သူက သတင်းလည်းနားထောင်ရင်း အမဲသားကြော်တွေကိုလည်း အရသာတမြုံ့မြုံ့ဝါးရင်း ဝင်မေးလိုက်သည်။
  "အကိုဟေး,ဘာများ ပြသနာရှိလို့လဲ? အမက မလှလို့လား?"

  ခေါင်းဆောင်ကောင်းကလည်း ဝင်ပြောသည်။
  " မလှဘူး? မလှတော့ကော ဘာဖြစ်လဲ? သူမက အခုလို အိမ်မှုကိစ္စကို နိုင်နင်းပြီး သားယောကျာ်းလေးမွေးပေးနိုင်ရင် မိန်းမကောင်းပဲပေါ့! အဲ့ဒါအပြင်က်ု ငါကြားသေးတာက သူက ယင်အိမ်တော်က တရားဝင်သမီးတဲ့လေ!"

  ရှောင်ဟန်ယုလည်း ကျန်းမိန်ဆီက သတိပေးအကြည့်ကြောင့် ရုတ်တရက်ကြီး သူ့စကားမှားသွားတာကိုသူ သဘောပေါက်သွားတော့သည်။ခေါင်းဆောင်ကောင်းရဲ့ မိန်းမက ရုပ်ဆိုးတဲ့သူဖြစ်သည်။ သို့ပေမယ့် ခေါင်းဆောင်ကတော့ အတော်လေး အလေးပေးဆက်ဆံပေးသည်။ရှောင်ယုဟန်က သာမန်တန်းစားမိသားစုကပေမယ့် သူ့အမေတို့အဖွဲ့ရဲ့ပြောစကား{အတင်းတုတ်}တွေကြောင့် သိနေတာဖြစ်သည်။သူကြားမိသလောက်က ယင်အိမ်တော်က ယိုင်နဲ့နေပေမယ့် ယင်အိမ်တော်က သခင်မလေးတွေကတော့ ရုပ်ရည်ချောမောကြသည့်အပြင် သားယောကျာ်းလေးတွေပဲ မွေးပေးကြသည်တဲ့လေ။ အကိုဟေးက သူ့မိန်းမကို ထားခဲ့ရတဲ့အကြောင်းကလည်း ထိုမလှတဲ့ ကိစ္စကြောင့်တော့မဟုတ်လောက်ပေ။
 
   နောက်ဆုံးတော့လည်း စကားမှားခဲ့တဲ့သူ့အပြစ်ကြောင့် ခေါင်းမဖော်ပဲ ကိုယ့်ပန်းကန်ထဲသာ ခေါင်းနှစ်ပြီးစားနေလိုက်တော့သည်။
တဖက်က ကျန်းမိန်လည်း အခြေနေကို ဝင်ဖြန်ဖြေပေးလိုက်သည်။
  " ခေါင်းဆောင်ပြောတာမှန်တယ်။ နောင်ကျလို့ မြို့တော်ကို ပြန်ရင် ကျွန်တော်တို့တွေ ခေါင်းဆောင်အိမ်တော်ကို လာလည်ပြီး အမကြီးကိုလည်း အသေအချာကို လာတွေ့ပါအုံးမယ်"

   ထိုတော့မှပဲ ခေါင်းဆောင်ကောင်းလည်း စိတ်ကျေနပ်သွားသည်။ သူက ဟေးချန်ကို ညွှန်လျက်ပဲ သင်ခန်းစာထပ်ပေးလိုက်သည်။
   " မင်းရောက်လာပြီဆိုမှတော့ ဒီကစည်းကမ်းကို မလိုက်နာလို့ မရတော့သလို မင်းရဲ့အိမ်ကိုလည် အချိန်အတော်ကြာ ပြန်လို့မရနိုင်တော့ဘူး။မင်းရဲ့ခေါင်းကို သဲထဲပဲ နှစ်ထားလို့မရတော့ဘူးကွ! မင်းက ဇနီးငယ်လေးတစ်ယောက်ကို အိမ်မှာထားခဲ့တာကွ နှလုံးသားမရှိတဲ့ ကောင်စုတ်ရ!သူမက ကျန်နေခဲ့ပေမယ့်လည်း မင်းကို ပို့ပေးစရာတွေ ပို့ပေးလိုက်ဖို့ မေ့မနေခဲ့ဘူး။ မင်းမှာ အချိန်ရှိရင် သူမဆီ စာများများရေးပြီး ပို့လိုက်။ မင်းမှာ ငွေရှိရင်လည်း ကောင်းတာလေးတွေ ဝယ်ပြီး မင်းရဲ့ဇနီးနဲ့ မင်းရဲ့မိသားစုဆီ ပို့လိုက်အုံး"

  ကျန်းမိန်ကတော့ ဘေးကနေ ပြုံးပြုံးကြီးဖြစ်နေသည်။ ဟေးချန်ကလည်း အသံတိတ်နေနေခဲ့ပြီးမှ ချက်ချင်းထလိုက်ပြီး ခေါင်းဆောင်ကောင်းရဲ့သင်ပြပေးမှုတွေအတွက်ကို ရိုသေလေးစားစွာဖြင့် အရိုသေပြုလိုက်သည်။ထိုအမဲသားမွကြော်လေးကြောင့် ခေါင်းဆောင်ကောင်းနဲ့ ရင်းနှီးမှုတဆင့်တက်သွားပြီလို့ သူလည်း ခံစားမိလိုက်သည်။ဟေးချန်လည်း ဗူးအလွတ်လေးကို ကြည့်လျက် ရင်ထဲမှာ ခံစားချက်တို့ ရောပြွန်နေသည်။

     ငြိမ်နေတဲ့ ရှောင်ဟန်ယုက အမဲသားမွကြော်ပန်းကန်ကို လက်ညှိးထိုးလျက် ပြောလိုက်သည်။
  " ညီနောင်တို့ မစားကြတော့ရင် ဒီညီငယ်လေးက အကုန်စားပစ်လိုက်တော့မှာနော်!"
သူ့စကားဆံူးတာနဲ့ ချက်ချင်း ကျန်တဲ့သူတွေရဲ့ တူတွေက ထိုပန်းကန်ဆီ ချက်ချင်းရောက်သွားကြသည်။ သူတို့တွေရဲ့ တူတိုက်ပွဲပြီးဆံူးချိန်မှာတော့ ပန်းကန်လည်း ပြောင်စင်သွားတော့သည်။ ခေါင်းဆောင်ကောင်းက ဟေးချန်ကိုကြည့်လျက် ပြောလိုက်သည်။
  " မင်းက ဘာကိုစားနေသေးရတာလဲ?မင်းမိန်းမက ဒါကိုလုပ်ပေးလိုက်တာဆိုတော့ အရင်ကလည်း မင်းက စားနေခဲ့ရတာပဲလေ။ အဲ့တာကိုတောင်မှပဲ မင်းက ငါတို့နဲ့ အပြိုင်လုစားနေနိုင်သေးတယ်နော်?"

  ဒီတချိန်မှာတော့ ဟေးချန်က တကယ်ကို အများကြီး မျက်နာအရေထူလာခဲ့သည်။ သူက သူ့ပန်းကန်ထဲမှာ ကျန်နေသေးတဲ့ အမဲသားအစလေးကို ပါးစပ်ထဲထည့်ရင်း အသံနိမ့်နိမ့်နဲ့ပဲ ပြောလိုက်သည်။
  " ကျွန်တော် လက်ထပ်ပြီး သိပ်မကြာခင်ပဲ အိမ်က ထွက်လာတာ။ ကျွန်တော့်မိန်းမ ချက်တာကို စားရတာလည်း ဒါက ပထမဆံူးပဲ။
အဲ့ဒါကြောင့် ကျွန်တော်က ဘာလို့မစားပဲ နေနေရမှာလဲ?"

  ကျန်းမိန်က ဟေးချန်ရဲ့ပခုံးကို ပုတ်လိုက်ပြီး အကျယ်ကြီး အော်ရယ်မိလိုက်သည်။
  " ကောင်းပါပြီကွာ ကြည့်စမ်းပါအုံး အခုဆို ဘယ်သူက အလွမ်းသမားကြီး ဖြစ်နေတာလဲလို့!"

   ထိုအမဲကြော် ပန်းကန်လေးက လူလေးယောက်အတွက် စိတ်ကျေနပ်အောင် ဘယ်လိုမှ မလုပ်ပေးနိုင်ပေ။ အဆုံးမှာတော့ ရှောင်ဟန်ယုက ထိုပန်းကန်ထဲက ဆီတွေကို ဆန်ပြုတ်ထဲလောင်းထည့်လိုက်ပြီး ဆက်စားနေလိုက်သည်။

  စားပြီးတော့ သူကဟေးချန်ကို မေးလိုက်ပြန်သည်။
  " အကိုဟေး , အမက ဘာတွေ ထပ်ပြီး ပို့ပေးလိုက်သေးလဲ?"

  ဟေးချန်ရဲ့အကြည့်ကတော့ မြေပြင်နဲ့ သံမှိုရိုက်ထားသလို ဖြစ်သွားတော့သည်။ ထိုအမဲသားကြော်ကို သူတို့ကို ပေးခဲ့မိတာကိုလည်း နောင်တတွေရနေတော့သည်။ အမဲသားက သူ့အတွက် အဖိုးတန်လွန်းတာကြောင့် ဗူးကို ဖွင့်တဲ့အခါတိုင်းလည်း သူနည်းနည်းသာ စားနိုင်သည်။ဒီလိုနေ့မျိူ းရောက်လာမယ်ဆိုတာကိုသာ ကြိုသိမိခဲ့ရင် အခုလို အသဲမကွဲနေရအောင် ရလာထဲက အကုန်စားပလိုက်မိမှာဖြစ်သည်!

   သို့ပေမယ့်လည်း သူ့ဝှက်ဖဲတွေကိုတော့ သူမဖော်ထုတ်ပစ်လိုက်နိုင်ပေ။သူ့မှာကျန်နေသေးတဲ့ ချူ းလျန်ထည့်ပေးလိုက်တဲ့ အမဲသားခြောက်တွေ ဝက်သားခြောက်တွေကိုတော့ လုံးဝလုံးဝကို မထုတ်ပေးနိုင်တော့ပေ။' ငါ့မိန်းမက မင်းလိုမျိူ းကောင်အတွက် ထည့်ပေးလိုက်တာ မဟုတ်ဘူးကွ! အိမ်မက်သာမက်နေလိုက်!'
  ရှောင်ဟန်ယုလည်း သူအဖြေအနေနဲ့ ဟေးချန်ဆီက အေးစက်စက်အကြည့်ကိုသာ ရလိုက်သည်။သူလည်း ရှက်ရှက်ကြောက်ကြောက်နဲ့ နှာခေါင်းသာ ပွတ်နေမိတော့သည်။ 'အကိုဟေးက ပေါင်းသင်းဆက်ဆံရလွယ်တယ်ထင်ရပြီး ဘာလို့အခုမှ စိတ်ပုတ်နေရတာလဲ? ရှောင်ဟန်ယု ဆုံးဖြတ်ချက်ချလိုက်သည်: တနေ့ကျရင် သူလည်း ယင်အိမ်တော်က အချက်ပြုတ်တော်တဲ့သူကို သေချာပေါက်လက်ထပ်နိုင်ရမယ်ဟုပင်!'

   သူတို့စားသောက်လို့ပြီးကြတော့ စာဖိုးဆောင်အပြင်ကနေ  တယောက်ယောက်ရဲ့အော်ပြောသံက ထွက်ပေါ်လာသည်။

Continue Reading

You'll Also Like

11.3K 888 30
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
9.9M 750K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
Erica By Sam

Historical Fiction

2.8M 155K 89
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
5.8M 456K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...