{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

由 whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... 更多

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 63

2.2K 351 2
由 whitekiddy

ZAWGYI

Ch63.poached fish slices
# TRANSLATED BY Irisbellar

  သူတို့ အေဖသာ မင္က်ိဳးကို တာဝန္မက်ခဲ့ရင္ ...သူကလည္း မိသားစုရဲ့ အိမ္ဦးစီး တာဝန္ကိုသာ မယူခဲ့ရရင္... ေဟးခ်န္က်ဴ းကလည္း ေသခ်ာေပါက္ စစ္တပ္ထဲ ဝင္ခ်င္ခဲ့ျခင္း ျဖစ္သည္။ သို့ေပမယ့္လည္း သားႀကီး တစ္ေယာက္ ျဖစ္တာေၾကာင့္သူ႔ အိပ္မက္ ေတြကို စြန္႔ပစ္ၿပီး .သူ႔အေဖကိုယ္စား အိမ္တာဝန္ကို ယူကာ အိမ္မွာသာ ေနေနခဲ့သည္။

     ေဟးခ်န္က်ဴ းက  ဘာမွမဟုတ္တဲ့(ရာထူးနိမ့္) အဆင့္ေလး အရာရွိ ျဖစ္သလို စီးပြားေရးဘက္မွာလဲ မစြံသူ တစ္ေယာက္ပါ။ဒါ့ေၾကာင့္ သူ႔မွာ က်င္းအန္ အိမ္ေတာ္ရဲ့ အေမြဆက္ခံသူ တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း လက္ထဲတြင္ ေငြမ်ားမ်ားစားစား ရွိမေနေပ။

     အိမ္ေတာ္ႀကီးရဲ့ အေမြဆက္ခံသူ တစ္ေယာက္ အေနနဲ႔ သူစၿပီး ပိုက္ဆံအတြက္ စိတ္ပူလာခဲ့ရတဲ့ အခ်က္ကေတာ့ သူအေမရဲ့ က်န္းမာေရး အေျခအေနေၾကာင့္သာ ျဖစ္သည္။

   ခ်ဴးလန္က အိမ္ေတာ္ရဲ့ စီမံခန္႔ခြဲမွုမွာ မပါဝင္ေတာ့ သူမ ထိုအေၾကာင္းေတြကို ဘာမွ မသိထားေပ။ ေနာက္ကြယ္မွာေတာ့ ဒီလိုေတြ ျဖစ္ပ်က္ ေနတာေပါ့။ မူရင္း ဝတၳဳမွာလည္း ဒီအေၾကာင္းေတြကို အေသးစိတ္ အခ်က္က်က် မေဖာ္ျပထားခဲ့ေပ။

   လွည္းတစ္စီးစာအျပည့္ င႐ုတ္သီးေတြ ရလာခဲ့ၿပီးေနာက္ ခ်ဴးလန္က ေသေလာက္ေအာင္ (အရမ္း)ေပ်ာ္ရႊင္ ေနခဲ့သည္။

    သူမစိတ္ကူးထဲတြင္ င႐ုတ္ဆီ, ၾကက္သားအစပ္, သိုးသားျပဳတ္, ခ်ည္ငံစပ္ ဟင္းခ်ိဳ, အမဲေျခာက္မႊ အစပ္ေၾကာ္, တို့ဟူးအႏွစ္စပ္(mapo tufu)စတဲ့ စဥ္းစားလို့ရသမၽွ စပ္စပ္ၿပဲၿပဲဟင္းပြဲေတြ နဲ႔ ျပည့္ေနခဲ့ေတာ့သည္။

    ခ်ဴးလန္ တစ္ေယာက္ songtaoအေဆာင္ကို ျပန္ေရာက္တာနဲ႔ ေန႔လည္ဘက္ တစ္ေရး အိပ္ဖို့ေတာင္ အခ်ိန္မယူေတာ့ဘူး မီးဖိုေဆာင္အေသးေလးထဲကို ခ်က္ခ်င္း ေျပးဝင္ သြားခဲ့သည္။

   မီးဖိုေခ်ာင္ အေပါက္ဝက အထိန္းေတာ္ ေက်ာင္းနဲ႔ ဝမ္လန္တို့ ၂ေယာက္လည္း ဗန္းေတြတစ္ခုၿပီး တစ္ခု မီးဖိုခန္းထဲ သယ္လာေနၾကတဲ့ အေစခံေတြကို မ်က္လုံးျပဴးၾကည့္ရင္း ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။

   ထိုင႐ုတ္သီး တစ္လွည္းက သူတို့ရဲ့ စတိုခန္း ေသးေသးေလး တစ္ဝက္ အျပည့္ သြားခဲ့ သည္။

အထိန္းေတာ္ေက်ာင္းလည္း ခ်ဴးလန္ဆီ လွမ္းသြားၿပီး တအံ့တဩနဲ႔ ေမးလိုက္သည္။

"တတိယသခင္မေလး..,ဒါကဘာေတြ မ်ားလဲ?
ၿပီးေတာ့ ဘာလို့ အဲ့ေလာက္ေတာင္ မ်ားေနရတာလဲ? "

သူမမ်က္လုံးေတြ ေမွးက် သြားသည္အထိ ခ်ဴးလန္ အႀကီးႀကီးျပဳံးျပလိုက္သည္။ထို့ေနာက္ သူမ တမင္တကာ ေမးခြန္းကို ေရွာင္ၿပီး ျပန္ေျပာလိုက္သည္။

"မိုမို...ဘာမွမစိုးရိမ္ပါနဲ႔, ဒါကေကာင္းတဲ့ ပစၥည္းပါ။ ခဲအိုႀကီးက ကၽြန္မကို ဒါေတြအကုန္ ေပးလိုက္တာေလ"

"က်င္းအန္ဆက္ခံသူ ဆီကလား?!"

   အထိန္းေတာ္ေက်ာင္းက ခ်ဴးလန္ေနာက္ က လိုက္ၿပီး သူမ လင္ဗန္းအဆင့္ေတြကို ကို ဖြင့္ၿပီး အခ်ိဳ့တဝက္ကို အေစခံက်င္းယန္အား သစ္သားဇလုံဆီ ယူသြားခိုင္းေနတာကို ေစာင့္ၾကည့္ေနခဲ့သည္။ ခ်ဴးလန္က ေနာက္ေတာ့ လင္ဗန္းအဆင့္(ေျခာက္ေထာက္ ေလးဖက္ပါသည့္ ထည့္စရာစင္) ကို မၿပီး သူမ ကိုယ္တိုင္ သြားထည့္ကာ ဇလုံထဲ 'ေဟာခနဲ' က်သြားတဲ့ င႐ုတ္သီး ေျခာက္ အသံေတြကို သေဘာက် ေနခဲ့သည္။
(Mr. queen ထဲက ခၽြန္ဂၽြန္း အတိုင္းပဲ အမႊာညီမေတြ😆😚😚)

   အထိန္းေတာ္ ကူက သတင္းရလို့ အေျပး ေရာက္ခ်လာသည္။ ဒီေရာက္ေတာ့ ေဘစင္ထဲက ရဲရဲေတာက္နီေနတဲ့ ဟာေတြကို ေတြ႕ၿပီး ဘယ္ေျပာေကာင္းမလဲ! အသက္႐ူရပ္ သြားေတာ့သည္။

"ဒါဘာေလးေတြတုန္း!
ၾကည့္ရတာေတာ့ အေတာ္လွေနေရာ...!"

  ခ်ဴးလန္က င႐ုတ္စင္ နားလာၿပီး သူ႔လက္ေတြကို င႐ုတ္ေတာင့္ အနီေလးေတြၾကား လွုပ္ရမ္းေနခဲ့သည္။ ဒီ လတ္ဆတ္ ေတာက္ပ နီရဲေနတဲ့ င႐ုတ္ေတာင့္ ေတြကို ၾကည့္ေနရင္း စိတ္ထဲက ခေနာက္ခ်င္စိတ္က ခုန္ထြက္လာ ခဲ့၏။

   စု႐ုံးေရာက္ရွိ ေနၾကတဲ့ သူမရဲ့ အေစခံေတြ ဘက္ကို မ်က္လုံးလန္၍ လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။

"ဒါက...အျပင္က ယူလာခဲ့တဲ့ စားစရာတစ္မ်ိဳး။ မခ်က္ရေသးဘဲနဲ႔လည္း ဒီအတိုင္း စားလို့ရတယ္။နင္တို့..နည္းနည္းေလာက္ ျမည္းၾကည့္မလားး?"

ရွီးရန္,ဖူးယန္ နဲ႔ အျခားအေစခံငယ္ေတြက အရင္ဆုံး ေခါင္းညိမ့္ခဲ့ၾကသူမ်ား ျဖစ္သည္။ သူတို့ မ်က္ဝန္းထဲမွာက ေမၽွာ္လင့္မက္ေမာ မွုေတြ အျပည့္ရွိေနခဲ့၏။

'တတိယသခင္မေလးက အရမ္း အခ်က္အျပဳတ္ ေကာင္းတာ။ သူမ ဘာလုပ္လုပ္ အျမဲ အရသာရွိတာ ႀကီးပဲ! 'လို့ ထင္ထားၾကၿပီး အခုေတာင္မွ မွန္ထဲမွာ သူတို့ကိုယ္ သူတို့ နည္းနည္းေတာင္ ဝဝျပည့္ျပည့္ေလးေတြ ျဖစ္လာၾကသလိုပဲလို့ ေတြးေနခဲ့ၾကသည္။

    အစားစားခ်ိန္ တစ္ခါေရာက္တိုင္း 'အင္း..ဒီတစ္ခါေတာ့ နည္းနည္း ေလ်ာ့စား ရမယ္' လို့ သူတို့ကိုယ္ သူတို့သတိေပးေလ့ရွိၾကေပမယ့္လည္း အစားေတြကို ျမင္တာနဲ႔ လုံးဝ ထိန္းခ်ဳပ္လို့မရ ျဖစ္သြားခဲ့ၾကရသည္။ ဒါက ေတာ္ေတာ္ေလးကို စိတ္ဆင္းရဲစရာ ေကာင္းတာပါ!

    သူတို့ င႐ုတ္သီးေတြကို လိုလိုလားလား စမ္းစားၾကည့္ခ်င္ေနၾကတာကို ျမင္ၿပီး ခ်ဴးလန္ သူမ ႏွုတ္ခမ္းေပၚက အျပဳံးကို ထိန္းခ်ဳပ္လို့ မရေတာ့ဘူး။ သူမ ေဘးတစ္ဖက္ကို ေရြ႕ၿပီး သစ္သားဇလုံနား သူတို့ကို လွမ္းလာ ခိုင္းလိုက္သည္။

အေစခံငယ္ေလးေတြက တစ္ေယာက္
တစ္ေတာင့္ဆီ ယူသြားၾကသည္။ ၿပီးေနာက္ တစ္ခ်က္ ႏွစ္ခ်က္ေလာက္ စူးစိုက္ၾကည့္ၿပီး ဘယ္လို အရသာလဲ ဆိုတာကို ေမးမေနေတာ့ဘဲ ပါးစပ္ထဲကို တန္းၿပီး ထိုးထည့္လိုက္ၾကသည္။

   ၂ စကၠန္႔ မၾကာေသးခင္ သူတို႔ပါးစပ္ထဲ မီးေလာင္သြားသလို ခံစားလိုက္ၾကရေတာ့သည္! ထိုအခါမွ ျမန္ျမန္ဆန္ဆန္ ေထြးထုတ္ၿပီး ေရေသာက္ဖို့  ေျပးသြားၾကေတာ့သည္။

   အထိန္းေတာ္ ၂ ေယာက္က ေဘးနားကေန အျဖစ္အပ်က္ တစ္ခုလုံးကို ရပ္ၾကည့္ ေနခဲ့ၾကတာ ျဖစ္သည္။ အေစခံေတြ ထြက္ေျပး သြားၾကတာျမင္ေတာ့ သူတို့လည္း အႀကီးအက်ယ္ စိတ္ရွုပ္သြားခဲ့ရသည္။

"ဘာ..ဘာျဖစ္သြားၾကတာလဲ?!"

  အထိန္းေတာ္ကူ က  အဆင္ေျပရဲ့လားလို့ ေနာက္က လိုက္သြားၾကည့္ခ်င္ေနခဲ့ေပမယ့္ ခ်ဴးလန္က မ်က္နာေပၚက အျပဳံးႀကီးကို မနည္းထိန္းခ်ဳပ္ၿပီးအထိ္န္းေတာ္ႀကီးကို အတင္းျပန္ ဆြဲထားလိုက္သည္။

" မိုမို..ဘာမွမျဖစ္ပါဘူး. သူတို့ အဆင္ေျပၾကပါတယ္။ အကုန္လုံး င႐ုတ္သီး တစ္ေတာင့္စီ စားၿပီး စပ္သြားၾက႐ုံေလးပါ။ ေရေအး နည္းနည္းေလာက္ ေသာက္ၿပီးရင္ ေကာင္းသြားျကမွာ "

ထိုသို့ ရွင္းျပၿပီးေနာက္ ခ်ဴးလန္က ဘယ္လိုမွ ထိန္းမရေတာ့ပဲ အားရပါးရရယ္ခ်လိုက္ေတာ့သည္။ အထိန္႔းေတာ္ကူ လဲ ဒီလိုၾကားၿပီးမွ စိတ္ေအးသြားေတာ့သည္။ သို့ေပမယ့္ 'အေစခံငယ္ ေလးေတြကို ဟာသလုပ္ဖို့ ေတာ္ေတာ္ အစသန္တဲ့ ငါ့ သခင္မေလး ' ဆိုတဲ့ မ်က္နာထားနဲ႔ ခ်ဴးလန္ကို ျပန္ၾကည့္လိုက္၏။

    အထိန္းေတာ္ ေက်ာင္းကေတာ့ အလ်င္စလို လွည့္ထြက္သြားၿပီး အျခား အေစခံေတြကို မီးဖိုေဆာင္ထဲက ေကာင္မေလးေတြ အတြက္ ေရသြားယူေပးဖို့ ညႊန္ၾကားလိုက္သည္။

   ထို့ေနာက္ မွာေတာ့ မ်က္လုံးေတြရဲပီး မ်က္ရည္ေတြ ဝိုင္းေနၾကတဲ့ အေစခံငယ္ ေလးေတြ ျပန္ေရာက္ ရွိလာခဲ့ၾကသည္။ၿပီးေတာ့ သူတို့ အနိုင္က်င့္ခံလိုက္ရလို့ ခ်ဴးလန္ဆီ သနားစဖြယ္ ရင္နာေနရသည့္ အၾကည့္မ်ားျဖင့္ ပစ္လႊတ္ ေနေတာ့သည္။

ခ်ဴးလန္လည္း မသိသလိုလိုနဲ႔ ခပ္တည္တည္ပဲ ထပ္ေဟာက္ေပးလိုက္သည္။

"ေနာက္တစ္ခါ, နင္တို့ မစဥ္းစား မဆင္ျခင္ဘဲ စားရဲေသးလား ၾကည့္ၾကတာေပါ့!
အမွား တစ္ခုခု လုပ္တာနဲ႔ အခုခ်ိန္ကစၿပီး အျပစ္ဒဏ္က ဒီင႐ုတ္သီးေတြ တစ္ပန္းကန္ အျပည့္စားရမယ္ဆိုတာ မွတ္ထားလိုက္ေတာ့!"

အေစခံငယ္ေတြလည္း ခ်က္ခ်င္း ေခါင္း ငုံ႔ သြားျကသည္။ တစ္ခ်က္ေတာင္ ျပန္မၾကည့္ရဲ ၾကတာ့ဘူး။ တစ္ခ်ိန္ထဲမွာဘဲ အထိန္းေတာ္ႀကီးေတြရဲ့ အမူအရာကလည္း ခပ္တင္းတင္း ေျပာင္းသြား၏။

  တကယ္ေတာ့ ခ်ဴးလန္က ဒီစကား ေတြကို ရည္ရႊယ္ခ်က္ရွိရွိ တမင္တကာ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

   လြန္ခဲ့ေသာ ႏွစ္ရက္, ေဟးခ်န္အတြက္ ပစၥည္းပို့တုန္းကေပါ့။ ရွီးယန္နဲ႔ အျခားသူေတြက သူမမုန္႔ေတြကို ယူသြားခဲ့ၾကၿပီး အထိန္းေတာ္ကူက ဝိုင္ပုလင္းတစ္လုံးကို ခြင့္ျပဳခ်က္မေတာင္းဘဲ ယူသြားခဲ့၏။ ဒါ့အျပင္ ဒီအေဆာင္မွာ သိးသန္႔ ထမင္းဟင္း စခ်က္တဲ့ ေန႔ထဲကစၿပီး ခ်ဴးလန္ရဲ့ လက္ရာက အရမ္းေကာင္းေတာ့ မုန္႔ေတြလုပ္လုပ္ၿပီးရင္ အခ်ိန္တိုင္း ေလ်ာ့ေလ်ာ့ကုန္ၿပီး ေပ်ာက္သြားတတ္သည္။ ခ်ဴးလန္က မသိဟန္ေတာင္ၿပိး ဘာမွမေျပာဘဲေနေတာ့ အခုေနာက္ပိုင္း သူတို့က
ေတာ္ေတာ္ေလး တရားလြန္ ျဖစ္လာၾကသည္။

   အထိန္းေတာ္ကူနဲ႔ ရွိးယန္ တို့က သူမအစား ေဟးခ်န္ဆီ ဝိုင္ေတြ မုန္႔ေတြ ထည့္ေပးခဲ့ျကတယ္ဆိုေပမယ့္ ဒီေနရာမွာ သူတို့ စည္းမေက်ာ္သင့္ဘူး။ေျပာမယ္ဆို ခ်ဴးလန္က ဒီ Songtao ေဆာင္ တစ္ခုလုံးရဲ့ တစ္ဦးတည္းေသာ သခင္မ။ အျပင္က ၾကည့္မယ္ဆိုလည္း က်င္းအန္အိမ္ေတာ္ရဲ့ အခြင့္ထူးခံ ေျမးေခၽြးမ တစ္ေယာက္။

အစားေလး နည္းနည္း ယူစားလိုက္ တာက ကိစၥေသးေသးေလး တစ္ခု ျဖစ္ခ်င္ ျဖစ္မယ္။ ဒါေပမယ့္ သူမ ဒါကို လက္သင့္မခံခ်င္ေပ။ ဒီအတိုင္း ဘာမွမလုပ္ဘဲ ဆက္ထားထားလိုက္ရင္ ၾကာလာတာနဲ႔အမၽွ အေစခံေတြ စိတ္ထဲ အေမွာင္လႊမ္းၿပီး ေလာဘ ေဇာႀကီး လာၾကလိမ့္မယ္။ ဒါ့ေၾကာင့္ ခ်ဴးလန္က အခုလို အခြင့္ေကာင္းယူၿပီး အေစခံေတြကို သူမတစ္ေယာက္လုံး ရွိေနေသးတယ္ ဆိုတဲ့ အေၾကာင္း ပညာသားပါပါနဲ႔ သတိေပးလိုက္ခဲ့ျခင္းပင္။ ေနာက္တစ္ခါ ဘယ္သူမဆို ကိုယ့္ေနရာ ကိုယ္မသိဘဲ စညး္ေက်ာ္တာနဲ႔ သူမ အျပစ္ေပးတာ့မွာ ျဖစ္ၿပီး အထိန္းေတာ္ကူ ေတာင္ ဒီစည္းကမ္းခ်က္ကို ေဖာက္ဖ်က္ရဲေတာ့မည္ မထင္။

    ခ်ဴးလန္က တန္းစီရပ္ေနၾကတဲ့ အေစခံေတြကို တစ္ခ်က္ ေဝွ႕ယမ္းၾကည့္လိုက္သည္။ သူမရဲ့ ေနာက္ဆုံး သတိေပးခ်က္ကို ခပ္တည္တည္ အၾကည့္တစ္ခ်က္ျဖင့္ အဆုံးသတ္ခဲ့ျပီးေနာက္မွာေတာ့ ခ်ဴးလန္ရဲ့ နဂိုေႏြးေထြး ေဖာ္ေရြတဲ့ မ်က္နာထားေလး ျပန္ေရာက္လာေတာ့သည္။

"ဖူးယန္.., ဒီေန႔ မီးဖိုေခ်ာင္ထဲမွာ ငါးက်န္ေသးလား သြားၿပိး ၾကည့္လာခဲ့။ ဝမ္လန္နဲ႔ မင္ယန္ က ဒီင႐ုတ္သိးေတြ ထည့္ဖို့ ဇလုံံ ၂ လုံး သြားယူလာခဲ့။ က်င္းယန္က.. ငါ့ကို ၾကက္သြန္ျဖဴ ၾကက္သြန္နီ,ဂ်င္းနဲ႔ ႏွမ္းနည္းနည္း ယူလာေပး"

   ခ်ဴးလန္ ထိုသို့ မွာၾကားၿပီး ေဘးတစ္ဖက္မွာ ရပ္ကာ အျခား အေစခံေတြကိုလည္း င႐ုတ္သီးေျခာက္ေတြ ဘယ္လို ေဆးၿပီး,ေထာင္းရမလဲဆိုတာ ညႊန္ျပေပးလိုက္သည္။

   မိးဖိုထဲက သူတို့ေတြလည္း င႐ုတ္သိးမႊန္မႊန္နဲ႔ ေနေနခဲ့ၾကၿပီး တစ္ေန႔ခင္းလုံးကေတာ့ Songtao အေဆာင္မွာ င႐ုတ္နံ့ေတြခ်ည္း မႊန္ထူေနခဲ့ေတာ့သည္။

    ခ်ဴးလန္က ရွိးယန္ကို သစ္သားကုလားထိုင္ တစ္လုံး ေရြ႕ခိုင္းလိုက္သည္။ ၿပီးေနာက္ သူမက ခံုမွာ ထိုင္ရင္း Guilinစားေသာက္ဆိုင္ရဲ့ စာရင္းစာအုပ္ကို တစ္ခ်ိန္လုံးၾကည့္ၿပီး အမွတ္အသား ေတြ ျပဳလုပ္ေနခဲ့သည္။ တစ္ဖက္က အလုပ္ရွုပ္ေနတဲ့ အေစခံေတြကိုလည္း မ်က္စိေဒါက္ေထာက္ ၾကည့္ေနရင္း ေပါ့။

  သူမလက္ရမ္းျပ လိုက္ခ်ိန္မွာေတာ့ ရွီးယန္က မက္မြန္သီးေတြကို ​သြားၾကားတုတ္ ထိုးထားတဲ့ ပန္းကန္ကို လွမ္းေပးလိုက္သည္။

ခ်ဴးလန္လည္း သြားၾကားတုတ္တစ္ခုနဲ႔ ယူစား့ိုက္ၿပီး  စိတ္အေမာေျဖ လိုက္၏။ရွိးယန္လည္း သူမစိတ္ေပ်ာင္းသြားတာ ျမင္ၿပီး ေရွ႕ကိုခပ္ျမန္ျမန္ တိုးၿပီး ပုခုံးကိုႏွိပ္ေပးမလို့ လုပ္လိုက္သည္။

ခဏေနေတာ့ ခ်ဴးလန္ရဲ႕ အသံထြက္လာသည္။

"ဘယ္ဘက္ ကိုနည္းနည္း..ေရႊ႕"

ရွိးယန္လည္း သူမအမိန္႔တိုင္း လုပ္လိုက္သည္။

ခ်ဴးလန္ တစ္ေယာက္ မ်က္လုံးမွိတ္ၿပီး အပန္းေျဖေနခဲ့သည္။ ဒါက လုံးဝသူမရဲ့ ဇိတ္ခံတတ္တဲ့ ပုံစံပါပဲ!

   သိပ္မၾကာခင္မွာပဲ ဖူးယန္နဲ႔ အျခားအေစခံေတြက ခ်ဴးလန္ေဘးကို ေရာက္လာၾကသည္။ သူတို့ကိုယ္ေပၚမွာ အမဲဆီေတြ မီးခိုးေတြ ကပ္ေနၿပီး မ်က္ႏွာ ေတြကလည္း ႀကိဳးစားအားထုတ္မွုနဲ႔ အပူခ်ိန္တို့ ေရာသြားမူေၾကာင့္ နီရဲ ေနခဲ့ၾကသည္။ ခ်ဴးလန္ နားေရာက္ေတာ့ သူတို့ အဆက္မျပတ္ ေခ်ာင္းဆိုးေနၾကေသးသည္။

   ခ်ဴးလန္က စတိုင္က်က် လက္သီးဆုပ္ထဲ ေခ်ာင္းတစ္ခ်က္ဟန္႔ၿပီး မိမိမိုက္မိုက္ ေျပာလိုက္သည္။

"အားလုံး ၿပီးၿပီးလား?"

"တတိယသခင္မေလးကို ေလၽွာက္တင္ပါတယ္။ သခင္မေလး ညႊန္ၾကားခ်က္ အတိုင္း င႐ုတ္ဆီကို လုပ္လို့ ၿပိးပါၿပီး။ စုစုေပါင္း ၂ပုလင္း ေလာက္ရွိပါတယ္။ ေအးသြားတာနဲ႔ ခ်က္ခ်င္း ကၽြန္မတို့ ပုလင္းထဲ ထည့္ လို့ ရပါၿပီ" လို့ က်င္းယန္က ျပန္ေျဖလိုက္သည္။

"ကဲ..ၿပီးသြားၿပီ ဆိုမွေတာ့ ကိုယ့္အခန္း ကိုယ္ ျပန္ၿပီး ေရမိုးခ်ိဳး, ဒီအန႔ံေတြ ေပ်ာက္သြားေအာင္ အဝတ္အစားေတြ လဲလိုက္ၾက "

  အေစခံေတြ အကုန္လုံး လြတ္ၿငိမ္းခ်မ္းသာ ခြင့္ ရသြားသလိုမ်ိဳး အုပ္စုလိုက္ အေျပးျပန္သြားၾကေတာ့သည္။

   ေက်နပ္ေနတဲ့ ခ်ဴးလန္က အသီးေနာက္ တစ္ခု ထပ္စားလိုက္သည္။

"ရွိးယန္...,နင္ေကာင္း၂ ​ေတြ႕လိုက္တယ္မလား?
ဒါ ငါ့မုန္႔ေတြ ခိုးၿပီး အျခားတစ္ေယာက္ကို ေပးခ်င္ သူေတြရဲ့ ကံၾကမၼာပဲ! ဒါေပမယ့္ စိတ္မပူပါနဲ႔ ငါ့မွာအျခားမုန႔္ေတြေရာ, င႐ုတ္သီးပါတဲ့ မုန္႔အစပ္ေတြေရာ အမ်ားႀကီးက်န္ေနေသးတာပဲ!"

ရွိးယန္လည္း သူ႔သခင္မေလးရဲ့ အေျပာေၾကာင့္ ေၾကာက္လန္႔ ေတာင့္တင္းသြားခဲ့သည္။

သူမ သန္မာခ်င္ေယာင္ေဆာင္ ဖို့ ႀကိဳးစားခဲ့ေပမယ့္ ေနာက္ဆုံးေတာ့လည္း မေနနိုင္ခဲ့ေပ။

"တတိယသခင္မေလးရွင့္, ဒီအေစခံက ေနာက္ေနာင္ သခင္မေလး ခြင့္ျပဳမိန္႔မရဘဲ သခင္မေလးရဲ့ ဘယ္ပိုင္ဆိုင္မွုကိုမဆို မထိရဲေတာ့ပါဘူး။
တတိယသခင္မေလးရွင့္, ေက်းဇူးျပဳၿပီးေတာ့ ဒီအေစခံကို ဒီတစ္ႀကိမ္ေတာ့ သက္ညႇာေပးလိုက္ပါေနာ္?!"

ခ်ဴးလန္က ရွိးယန္ကို တစ္ခ်က္ စိုက္ၾကည့္ၿပီး
"ရွီးယန္...,ဒီလို မင္းနားလည္တာ ေကာင္းတယ္။
ေရွ႕ေလ်ွာက္ ဘာမဟုတ္တာ ေလးတစ္ခုအတြက္ မင္း..ႀကီးႀကိးမားမား တစ္ခုခု အဆုံးရွုံး မခံေတာ့ဘူးလို့ ငါေမၽွာ္လင့္တယ္"

  ဒီမုန္႔ေတြ အကုန္လုံးက လုပ္ဖို့ မလြယ္ကူဘူး ဆိုတာ မွန္ေပမယ့္လည္း ဒါေတြက အေပ်ာ္သေဘာေဘာ သက္သက္ပါပဲ။ ခ်ဴးလန္က တမင္တကာ ဒီအခြင့္အေရးကို သုံးၿပီး ရွီးယန္ ကို သတိေပးလိုက္ျခင္းျဖစ္သည္။ ရွီးယန္က သူမ လုံျခဳံ စိတ္ခ်ရမွုအတြက္ အေႏွာက္အယွက္ ျဖစ္ေစတဲ့အရာ မွန္သမၽွကိ​ု ကာကြယ္ေပးရမယ့္ သူတစ္ေယာက္​ျဖစ္သည္။ တကယ္လို့ ဒီလို အမွားမ်ိဳး သူမ ေနာက္တစ္ခါ ထပ္လုပ္လာအုံးမယ္ ဆိုရင္ေတာ့ အျပစ္ဒဏ္ ေတြက အဆင့္သင့္ေစာင့္ေနၾကမွာပဲ။

  ညေနစာ အတြက္ကိုေတာ့ ခ်ဴးလန္ က သူမကိုယ္တိုင္ပဲ ခ်က္ျပဳတ္လိုက္သည္။ ငါးျပဳတ္ အလႊာျပားတစ္ခ်ိဳ့နဲ႔ အတူ ခ်ဥ္ငံစပ္
စြပ္ျပဳတ္တစ္ခြက္တို့ပဲ ျဖစ္သည္။ က်န္တာေတြကေတာ့ သူတို့ Songtao ေဆာင္မွာ ပုံမွန္ စားေနက် ဟင္းပြဲေတြ ပါဝင္ၾကသည္။

     ဲျဖဴေဖြးေနတဲ့ ငါးအလႊာေလးေတြကို ပဲပင္ျပဳတ္ေတြရဲ့ အေပၚ တင္ထားၿပီး အေပၚက အနီေရာင္ င႐ုတ္ေတာင့္ေလးေတြ ျဖန္႔က်ဲ ထားရွိခဲ့သည္။ ဒီအလႊာျပား ေလးေတြက မ်က္စိအစာ ေကၽြးသလို ျဖစ္ေနခဲ့သည္။ ငါးအသားက ႏူးအိအိေလး။ အထဲမွာ င႐ုတ္သီးတစ္ထပ္ အစာသြပ္ ထားခဲ့ေပမယ့္ အရမ္းႀကီး စပ္ မေနခဲ့ပါဘူး။ ငါးျပားေလး တစ္ဖက္ကို ခ်ဴးလန္, ပါးစပ္ထဲ ထည့္လိုက္ၿပီးၿပိးခ်င္းမွာပဲ သူမမ်က္လုံးမွိတ္ရသည္အထိ.ၾကည္ႏူးပီတိျဖာၿပီး ႏွုတ္ခမ္း ေထာင့္စြန္းေတြက ေကာ့တက္သြားေတာ့သည္။

   သူမတစ္ေယာက္ထဲ စားေနရတာ တကယ့္ကို သနားစရာပဲ။ ပန္းကန္ အႀကီးႀကီးထဲ အမ်ားႀကိးထည့္ၿပီး အကုန္လုံး ဝိုင္းစားမွ ဒီဟင္းပြဲအရသာက ပိုေပၚလြင္ ျပည့္စုံသြားမွာ။ ဒါေပမယ့္လည္း သူမတစ္ေယာက္ထဲပဲ ရွိေတာ့ ပန္းကန္လုံးထဲ ငါးထည့္စားဖို့ ရွီးယန္ကို ေျပာလိုက္သည္။

   က်န္တာေတြကို ႏွစ္ပုံခဲြဲၿပီး က်င္းခ်ီခန္းမနဲ႔ အိမ္ေတာ္ရဲ့ အဓိကအေဆာင္ဆီ ခြဲေပးရန္ ရွီးယန္ကို အမိန္႔ေပးလိုက္သည္။

   အထိန္းေတာ္ကူက ကိုယ္တိုင္ သယ္သြားခဲ့ၿပီး အထိန္းေတာ္လဲ့က လက္ခံရယူလိုက္ခဲ့သည္။

  "ဒါက တတိယသခင္မေလး ဒီေန႔ လုပ္လိုက္တဲ့ ဟင္းပြဲ အသစ္ပါ။ ေဟးသခင္မႀကီး ကို ျမည္းၾကည့္ ေစခ်င္တဲ့ တတိယသခင္မေလးရဲ့ အမိန္႔အရ ယူလာခဲ့တာပါ။ ၿပီးေတာ့ သခင္ေလးက သတိေပးစကား မွာ လိုက္ပါေသးတယ္။ ဒီငါးအလႊာျပဳတ္ေတြက အနည္းငယ္အစပ္ပါပါတယ္။ တကယ္လို့ သခင္မႀကီး ေဟးက အရမ္းစပ္သြားခဲ့ရင္ အစပ္ေပါ့ေပါ့ ျပန္လုပ္ေပးပါ့မယ္တဲ့"

အထိန္းေတာ္လဲ့လည္း ျပဳံးျပၿပီး အမွာစကားကို အသိအမွတ္ျပဳလိုက္သည္။ သူမက ဟင္းပြဲကို လက္ခံၿပီး အေနာက္က အေစခံကို လြဲေျပာင္းေပးကာ သခင္မႀကီးေဟးဆီ ယူသြားေစခဲ့သည္။ထို့ေနာက္မွာေတာ့ အထိန္းေတာ္လၽွို့က အထိန္းေတာ္ကူကို အေဆာင္အျပင္ဘက္ထိ ကိုယ္တိုင္လိုက္ပါ ပို့ေဆာင္ေပးခဲ့သည္။

   ထို့ျပင္ ဆက္ခံသူ အေဆာင္ကလည္း သူတို့ ေဝစုကို ရရွိခဲ့သည္။ ရမွာေပါ့ ေဟးခ်န္က်ဴးက လက္ေဆာင္ေပးလိုက္တာေလ!

ေဟးခ်န္က်ဴ းက ဘူးအဖုံးကို ဖြင့္ၿပီး ထိပ္ဆုံးက င႐ုတ္သီး ေတြဆီ တန္းၾကည့္မိသြား၏။ သူအ့ံအားတႀကီး ေျပာခ်လိုက္သည္။

"ဒါ...ဒီေန႔လည္တုန္းက ငါယူလာခဲ့တဲ့ င႐ုတ္သီးေတြနဲ႔ လုပ္ထားခဲ့တာလား? "

"က်င္းအန္ ဆက္ခံသူကို ေလၽွာက္တင္ပါတယ္။ အဲ့လိုပါပဲ။ ကၽြန္မတို့ တတိယသခင္မေလးက ဒီဟင္းလ်ာကို ကိုယ္တိုင္ ခ်က္ျပဳတ္ ခဲ့တာျဖစ္ၿပီး အမွာ စကားလည္း ပါးလိုက္ပါေသးတယ္။ တကယ္လို့ ဒီ ငါးအလႊာျပဳတ္က အရမ္းစပ္ ေနရင္, ေက်းဇူးျပဳၿပီး အမ်ားႀကီး မစားပါနဲ႔"တဲ့။

"ကဲ....ဒီဟင္းကို ဟို င႐ုတ္သီး ေတြနဲ႔ ခ်က္ထားမွေတာ့ ငါက ျမည္းျဖစ္ေအာင္ကို ျမည္းၾကည့္ရမွာေပါ့"

ရွိးယန္ ျပန္ထြက္မလာခင္ပဲ ေဟးခ်န္က်ဴးက အထိန္းေတာ္ကို ညေနစာ ျပင္ေပးဖို့ မွာၾကားလိုက္သည္။

ေဟးခ်န္က်ဴ းတစ္ေယာက္ ဒီင႐ုတ္သီးေတြနဲ႔ ဘယ္လိုဟင္းမ်ိဳး ျပဳလုပ္ခဲ့သလဲ ဆိုၿပီး စားၾကည့္ခ်င္ေနတာကေတာ့ လုံးဝကို ထပ္မေစာင့္နိုင္ျဖစ္ေနခဲ့ရသည္။

   ေနာက္တစ္ေန႔ မနက္မွာေတာ့ မနက္ခင္းအရိုအေသေပးရန္ ခ်ဴးလန္တစ္ေယာက္ ထုံးစံအတိုင္း ေရာက္ရွိလာစဥ္ သူ႔ခဲအိုႀကီး ေဟးခ်န္က်ဴ းနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ တိုးသြားသည္။

ေဟးသခင္မႀကီးက ျပဳံးျပၿပီး ခ်ဴးလန္ကို သူမေဘးနား ဝင္ထိုင္ေစလိုက္သည္။ ထို့ေနာက္
"မင္းရဲ့ အစ္ကိုႀကီးက မင္းမလာခင္ ထဲက ႀကိဳေစာင့္ေနခဲ့တာ မိႏွစ္ ၂၀ ေလာက္ရွိၿပီ ေဟ့!"

ခ်ဴးလန္လည္း အထူးတဆန္းနဲ႔ ေမးလိုက္သည္။

"ခဲအိုႀကီး....တစ္ခုခု ေျပာစရာ ရွိလို့လား?"

ေဟးခ်န္က်ဴ းရဲ႕ မ်က္ႏွာႀကီးႀကီး ရွည္ရွည္ႀကီးက အနည္းငယ္ နီျမန္းသြားၿပီး ထုတ္ေျပာရမွာကို စိတ္မသက္မသာ ျဖစ္ေနခဲ့သည္။ ေနာက္ဆုံးေတာ့ သခင္မႀကီးေဟး ဆီပဲ လွည့္ၾကည့္ၿပီ းအကူ အညီေတာင္းလိုက္သည္။

"နင္ကို ၾကည့္ပါအုံး! ဒီကိစၥေလးကိုေတာင္ ဘာ မေျပာနိုင္ ျဖစ္ေနရတာတုန္း! စန္းလန္ မိန္းခေလးက ငါတို့ မိသားစုနဲ႔ လက္ဆက္ ​လိုက္ၿပီးကတည္းက မင္းက သူ႔အကိုႀကီး ျဖစ္သြားၿပီေလ"

သခင္မႀကီးက ေဟးခ်န္က်ဴ းကို ဆူလိုက္ၿပီး ခ်ဴးလန္ လက္ကေလးေတြကို ဆုပ္ကိုင္ထားလိုက္သည္။ၿပီးေတာ့ ျပဳံးျပဳံးေလးနဲ႔
"ေနာက္ ၂ရက္ေလာက္ ေနရင္ မင္းအကိုႀကိးရဲ့ သူငယ္ခ်င္းေတြ အလည္လာၾကမယ္။ မေန႔ညက မင္းပို့ေပးတဲ့ ငါးအလႊာျပဳတ္ကို စားရၿပီး သူက အရသာရွိတယ္လို့ ေတြးေနခဲ့တာ။ ဒီေတာ့..သူတို့ အထင္ႀကီးသြားေအာင္ မင္းထပ္ခ်က္ေပးၿပီး ကူညီနိုင္မလားလို့ အကိုႀကီးကေမးခ်င္ေနခဲ့တာေလ"

  အရင္တုန္းကေတာ့ က်င္းအန္က သူတို့ရဲ့ ေကာင္းလြန္းတဲ့ အထူးဟင္းလ်ာေတြေၾကာင့္ နာမည္ႀကီးခဲ့တယ္ေလ။ ေနာက္ေတာ့ စားဖိုမွဴ း ဆုံးသြားခဲ့ၿပီး ေဟးခ်န္က်ဴ းက ထမင္းဖိတ္ေကၽြးမယ္လို့ ကတိေပးထားခဲ့တဲ့ သူငယ္ခ်င္းေတြကို အျမဲရက္ေရႊ႕ေနခဲ့ရတာ ျဖစ္သည္။ အခုေတာ့ သူဒီအခြင့္အေရးကို အမိအရ ဖမ္းဆုပ္ေတာ့မယ္ေလ။!

    ခ်ဴးလန္က သူမအတြက္ခက္ခဲမယ့္ ဟာ တစ္ခုခု ျဖစ္မယ္လို့ မွန္းထားခဲ့တာ။ အခုေတာ့ သူ႔အစ္ကိုႀကီး သူငယ္ခ်င္းေတြအတြက္ ေနာက္ ဟင္း ၂ ပြဲ ၃ ပြဲေလာက္ ထပ္လုပ္ေပး႐ုံပဲဆိုေတာ့ အရမ္းလြယ္ေနခဲ့တာေပါ့။ ခ်ဴးလန္လည္း ခ်က္ခ်င္း ဆိုသလို ေခါင္းၿငိမ့္ျပၿပီး ေတာင္းဆိုမွုကို လက္ခံ လိုက္သည္။

ခဏေနေတာ့..,
"သခင္မႀကီး..., အျပင္ဘက္အေဆာင္ရဲ႕ ဒီ
အေစာင့္  သတင္းပို့ပါတယ္။ ဧည့္ေတြ႕ဖို့ ေတာင္းဆိုေနတဲ့ နန္းေတာ္က တစ္စုံတစ္ေယာက္ ေရာက္ေနပါတယ္ "

UNICODE

Ch63.poached fish slices
# TRANSLATED BY Irisbellar

  သူတို့ အဖေသာ မင်ကျိုးကို တာဝန်မကျခဲ့ရင် ...သူကလည်း မိသားစုရဲ့ အိမ်ဦးစီး တာဝန်ကိုသာ မယူခဲ့ရရင်... ဟေးချန်ကျူ းကလည်း သေချာပေါက် စစ်တပ်ထဲ ဝင်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့်လည်း သားကြီး တစ်ယောက် ဖြစ်တာကြောင့်သူ့ အိပ်မက် တွေကို စွန့်ပစ်ပြီး .သူ့အဖေကိုယ်စား အိမ်တာဝန်ကို ယူကာ အိမ်မှာသာ နေနေခဲ့သည်။

     ဟေးချန်ကျူ းက  ဘာမှမဟုတ်တဲ့(ရာထူးနိမ့်) အဆင့်လေး အရာရှိ ဖြစ်သလို စီးပွားရေးဘက်မှာလဲ မစွံသူ တစ်ယောက်ပါ။ဒါ့ကြောင့် သူ့မှာ ကျင်းအန် အိမ်တော်ရဲ့ အမွေဆက်ခံသူ တစ်ယောက် ဖြစ်နေပေမယ့်လည်း လက်ထဲတွင် ငွေများများစားစား ရှိမနေပေ။

     အိမ်တော်ကြီးရဲ့ အမွေဆက်ခံသူ တစ်ယောက် အနေနဲ့ သူစပြီး ပိုက်ဆံအတွက် စိတ်ပူလာခဲ့ရတဲ့ အချက်ကတော့ သူအမေရဲ့ ကျန်းမာရေး အခြေအနေကြောင့်သာ ဖြစ်သည်။

   ချူးလန်က အိမ်တော်ရဲ့ စီမံခန့်ခွဲမှုမှာ မပါဝင်တော့ သူမ ထိုအကြောင်းတွေကို ဘာမှ မသိထားပေ။ နောက်ကွယ်မှာတော့ ဒီလိုတွေ ဖြစ်ပျက် နေတာပေါ့။ မူရင်း ဝတ္ထုမှာလည်း ဒီအကြောင်းတွေကို အသေးစိတ် အချက်ကျကျ မဖော်ပြထားခဲ့ပေ။

   လှည်းတစ်စီးစာအပြည့် ငရုတ်သီးတွေ ရလာခဲ့ပြီးနောက် ချူးလန်က သေလောက်အောင် (အရမ်း)ပျော်ရွှင် နေခဲ့သည်။

    သူမစိတ်ကူးထဲတွင် ငရုတ်ဆီ, ကြက်သားအစပ်, သိုးသားပြုတ်, ချည်ငံစပ် ဟင်းချို, အမဲခြောက်မွှ အစပ်ကြော်, တို့ဟူးအနှစ်စပ်(mapo tufu)စတဲ့ စဉ်းစားလို့ရသမျှ စပ်စပ်ပြဲပြဲဟင်းပွဲတွေ နဲ့ ပြည့်နေခဲ့တော့သည်။

    ချူးလန် တစ်ယောက် songtaoအဆောင်ကို ပြန်ရောက်တာနဲ့ နေ့လည်ဘက် တစ်ရေး အိပ်ဖို့တောင် အချိန်မယူတော့ဘူး မီးဖိုဆောင်အသေးလေးထဲကို ချက်ချင်း ပြေးဝင် သွားခဲ့သည်။

   မီးဖိုချောင် အပေါက်ဝက အထိန်းတော် ကျောင်းနဲ့ ဝမ်လန်တို့ ၂ယောက်လည်း ဗန်းတွေတစ်ခုပြီး တစ်ခု မီးဖိုခန်းထဲ သယ်လာနေကြတဲ့ အစေခံတွေကို မျက်လုံးပြူးကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

   ထိုငရုတ်သီး တစ်လှည်းက သူတို့ရဲ့ စတိုခန်း သေးသေးလေး တစ်ဝက် အပြည့် သွားခဲ့ သည်။

အထိန်းတော်ကျောင်းလည်း ချူးလန်ဆီ လှမ်းသွားပြီး တအံ့တဩနဲ့ မေးလိုက်သည်။

"တတိယသခင်မလေး..,ဒါကဘာတွေ များလဲ?
ပြီးတော့ ဘာလို့ အဲ့လောက်တောင် များနေရတာလဲ? "

သူမမျက်လုံးတွေ မှေးကျ သွားသည်အထိ ချူးလန် အကြီးကြီးပြုံးပြလိုက်သည်။ထို့နောက် သူမ တမင်တကာ မေးခွန်းကို ရှောင်ပြီး ပြန်ပြောလိုက်သည်။

"မိုမို...ဘာမှမစိုးရိမ်ပါနဲ့, ဒါကကောင်းတဲ့ ပစ္စည်းပါ။ ခဲအိုကြီးက ကျွန်မကို ဒါတွေအကုန် ပေးလိုက်တာလေ"

"ကျင်းအန်ဆက်ခံသူ ဆီကလား?!"

   အထိန်းတော်ကျောင်းက ချူးလန်နောက် က လိုက်ပြီး သူမ လင်ဗန်းအဆင့်တွေကို ကို ဖွင့်ပြီး အချို့တဝက်ကို အစေခံကျင်းယန်အား သစ်သားဇလုံဆီ ယူသွားခိုင်းနေတာကို စောင့်ကြည့်နေခဲ့သည်။ ချူးလန်က နောက်တော့ လင်ဗန်းအဆင့်(ခြောက်ထောက် လေးဖက်ပါသည့် ထည့်စရာစင်) ကို မပြီး သူမ ကိုယ်တိုင် သွားထည့်ကာ ဇလုံထဲ 'ဟောခနဲ' ကျသွားတဲ့ ငရုတ်သီး ခြောက် အသံတွေကို သဘောကျ နေခဲ့သည်။
(Mr. queen ထဲက ချွန်ဂျွန်း အတိုင်းပဲ အမွှာညီမတွေ😆😚😚)

   အထိန်းတော် ကူက သတင်းရလို့ အပြေး ရောက်ချလာသည်။ ဒီရောက်တော့ ဘေစင်ထဲက ရဲရဲတောက်နီနေတဲ့ ဟာတွေကို တွေ့ပြီး ဘယ်ပြောကောင်းမလဲ! အသက်ရူရပ် သွားတော့သည်။

"ဒါဘာလေးတွေတုန်း!
ကြည့်ရတာတော့ အတော်လှနေရော...!"

  ချူးလန်က ငရုတ်စင် နားလာပြီး သူ့လက်တွေကို ငရုတ်တောင့် အနီလေးတွေကြား လှုပ်ရမ်းနေခဲ့သည်။ ဒီ လတ်ဆတ် တောက်ပ နီရဲနေတဲ့ ငရုတ်တောင့် တွေကို ကြည့်နေရင်း စိတ်ထဲက ခနောက်ချင်စိတ်က ခုန်ထွက်လာ ခဲ့၏။

   စုရုံးရောက်ရှိ နေကြတဲ့ သူမရဲ့ အစေခံတွေ ဘက်ကို မျက်လုံးလန်၍ လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ဒါက...အပြင်က ယူလာခဲ့တဲ့ စားစရာတစ်မျိုး။ မချက်ရသေးဘဲနဲ့လည်း ဒီအတိုင်း စားလို့ရတယ်။နင်တို့..နည်းနည်းလောက် မြည်းကြည့်မလားး?"

ရှီးရန်,ဖူးယန် နဲ့ အခြားအစေခံငယ်တွေက အရင်ဆုံး ခေါင်းညိမ့်ခဲ့ကြသူများ ဖြစ်သည်။ သူတို့ မျက်ဝန်းထဲမှာက မျှော်လင့်မက်မော မှုတွေ အပြည့်ရှိနေခဲ့၏။

'တတိယသခင်မလေးက အရမ်း အချက်အပြုတ် ကောင်းတာ။ သူမ ဘာလုပ်လုပ် အမြဲ အရသာရှိတာ ကြီးပဲ! 'လို့ ထင်ထားကြပြီး အခုတောင်မှ မှန်ထဲမှာ သူတို့ကိုယ် သူတို့ နည်းနည်းတောင် ဝဝပြည့်ပြည့်လေးတွေ ဖြစ်လာကြသလိုပဲလို့ တွေးနေခဲ့ကြသည်။

    အစားစားချိန် တစ်ခါရောက်တိုင်း 'အင်း..ဒီတစ်ခါတော့ နည်းနည်း လျော့စား ရမယ်' လို့ သူတို့ကိုယ် သူတို့သတိပေးလေ့ရှိကြပေမယ့်လည်း အစားတွေကို မြင်တာနဲ့ လုံးဝ ထိန်းချုပ်လို့မရ ဖြစ်သွားခဲ့ကြရသည်။ ဒါက တော်တော်လေးကို စိတ်ဆင်းရဲစရာ ကောင်းတာပါ!

    သူတို့ ငရုတ်သီးတွေကို လိုလိုလားလား စမ်းစားကြည့်ချင်နေကြတာကို မြင်ပြီး ချူးလန် သူမ နှုတ်ခမ်းပေါ်က အပြုံးကို ထိန်းချုပ်လို့ မရတော့ဘူး။ သူမ ဘေးတစ်ဖက်ကို ရွေ့ပြီး သစ်သားဇလုံနား သူတို့ကို လှမ်းလာ ခိုင်းလိုက်သည်။

အစေခံငယ်လေးတွေက တစ်ယောက်
တစ်တောင့်ဆီ ယူသွားကြသည်။ ပြီးနောက် တစ်ချက် နှစ်ချက်လောက် စူးစိုက်ကြည့်ပြီး ဘယ်လို အရသာလဲ ဆိုတာကို မေးမနေတော့ဘဲ ပါးစပ်ထဲကို တန်းပြီး ထိုးထည့်လိုက်ကြသည်။

   ၂ စက္ကန့် မကြာသေးခင် သူတို့ပါးစပ်ထဲ မီးလောင်သွားသလို ခံစားလိုက်ကြရတော့သည်! ထိုအခါမှ မြန်မြန်ဆန်ဆန် ထွေးထုတ်ပြီး ရေသောက်ဖို့  ပြေးသွားကြတော့သည်။

   အထိန်းတော် ၂ ယောက်က ဘေးနားကနေ အဖြစ်အပျက် တစ်ခုလုံးကို ရပ်ကြည့် နေခဲ့ကြတာ ဖြစ်သည်။ အစေခံတွေ ထွက်ပြေး သွားကြတာမြင်တော့ သူတို့လည်း အကြီးအကျယ် စိတ်ရှုပ်သွားခဲ့ရသည်။

"ဘာ..ဘာဖြစ်သွားကြတာလဲ?!"

  အထိန်းတော်ကူ က  အဆင်ပြေရဲ့လားလို့ နောက်က လိုက်သွားကြည့်ချင်နေခဲ့ပေမယ့် ချူးလန်က မျက်နာပေါ်က အပြုံးကြီးကို မနည်းထိန်းချုပ်ပြီးအထိန်းတော်ကြီးကို အတင်းပြန် ဆွဲထားလိုက်သည်။

" မိုမို..ဘာမှမဖြစ်ပါဘူး. သူတို့ အဆင်ပြေကြပါတယ်။ အကုန်လုံး ငရုတ်သီး တစ်တောင့်စီ စားပြီး စပ်သွားကြရုံလေးပါ။ ရေအေး နည်းနည်းလောက် သောက်ပြီးရင် ကောင်းသွားကြမှာ "

ထိုသို့ ရှင်းပြပြီးနောက် ချူးလန်က ဘယ်လိုမှ ထိန်းမရတော့ပဲ အားရပါးရရယ်ချလိုက်တော့သည်။ အထိန့်းတော်ကူ လဲ ဒီလိုကြားပြီးမှ စိတ်အေးသွားတော့သည်။ သို့ပေမယ့် 'အစေခံငယ် လေးတွေကို ဟာသလုပ်ဖို့ တော်တော် အစသန်တဲ့ ငါ့ သခင်မလေး ' ဆိုတဲ့ မျက်နာထားနဲ့ ချူးလန်ကို ပြန်ကြည့်လိုက်၏။

    အထိန်းတော် ကျောင်းကတော့ အလျင်စလို လှည့်ထွက်သွားပြီး အခြား အစေခံတွေကို မီးဖိုဆောင်ထဲက ကောင်မလေးတွေ အတွက် ရေသွားယူပေးဖို့ ညွှန်ကြားလိုက်သည်။

   ထို့နောက် မှာတော့ မျက်လုံးတွေရဲပီး မျက်ရည်တွေ ဝိုင်းနေကြတဲ့ အစေခံငယ် လေးတွေ ပြန်ရောက် ရှိလာခဲ့ကြသည်။ပြီးတော့ သူတို့ အနိုင်ကျင့်ခံလိုက်ရလို့ ချူးလန်ဆီ သနားစဖွယ် ရင်နာနေရသည့် အကြည့်များဖြင့် ပစ်လွှတ် နေတော့သည်။

ချူးလန်လည်း မသိသလိုလိုနဲ့ ခပ်တည်တည်ပဲ ထပ်ဟောက်ပေးလိုက်သည်။

"နောက်တစ်ခါ, နင်တို့ မစဉ်းစား မဆင်ခြင်ဘဲ စားရဲသေးလား ကြည့်ကြတာပေါ့!
အမှား တစ်ခုခု လုပ်တာနဲ့ အခုချိန်ကစပြီး အပြစ်ဒဏ်က ဒီငရုတ်သီးတွေ တစ်ပန်းကန် အပြည့်စားရမယ်ဆိုတာ မှတ်ထားလိုက်တော့!"

အစေခံငယ်တွေလည်း ချက်ချင်း ခေါင်း ငုံ့ သွားကြသည်။ တစ်ချက်တောင် ပြန်မကြည့်ရဲ ကြတာ့ဘူး။ တစ်ချိန်ထဲမှာဘဲ အထိန်းတော်ကြီးတွေရဲ့ အမူအရာကလည်း ခပ်တင်းတင်း ပြောင်းသွား၏။

  တကယ်တော့ ချူးလန်က ဒီစကား တွေကို ရည်ရွှယ်ချက်ရှိရှိ တမင်တကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

   လွန်ခဲ့သော နှစ်ရက်, ဟေးချန်အတွက် ပစ္စည်းပို့တုန်းကပေါ့။ ရှီးယန်နဲ့ အခြားသူတွေက သူမမုန့်တွေကို ယူသွားခဲ့ကြပြီး အထိန်းတော်ကူက ဝိုင်ပုလင်းတစ်လုံးကို ခွင့်ပြုချက်မတောင်းဘဲ ယူသွားခဲ့၏။ ဒါ့အပြင် ဒီအဆောင်မှာ သိးသန့် ထမင်းဟင်း စချက်တဲ့ နေ့ထဲကစပြီး ချူးလန်ရဲ့ လက်ရာက အရမ်းကောင်းတော့ မုန့်တွေလုပ်လုပ်ပြီးရင် အချိန်တိုင်း လျော့လျော့ကုန်ပြီး ပျောက်သွားတတ်သည်။ ချူးလန်က မသိဟန်တောင်ပြိး ဘာမှမပြောဘဲနေတော့ အခုနောက်ပိုင်း သူတို့က
တော်တော်လေး တရားလွန် ဖြစ်လာကြသည်။

   အထိန်းတော်ကူနဲ့ ရှိးယန် တို့က သူမအစား ဟေးချန်ဆီ ဝိုင်တွေ မုန့်တွေ ထည့်ပေးခဲ့ကြတယ်ဆိုပေမယ့် ဒီနေရာမှာ သူတို့ စည်းမကျော်သင့်ဘူး။ပြောမယ်ဆို ချူးလန်က ဒီ Songtao ဆောင် တစ်ခုလုံးရဲ့ တစ်ဦးတည်းသော သခင်မ။ အပြင်က ကြည့်မယ်ဆိုလည်း ကျင်းအန်အိမ်တော်ရဲ့ အခွင့်ထူးခံ မြေးချွေးမ တစ်ယောက်။

အစားလေး နည်းနည်း ယူစားလိုက် တာက ကိစ္စသေးသေးလေး တစ်ခု ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် သူမ ဒါကို လက်သင့်မခံချင်ပေ။ ဒီအတိုင်း ဘာမှမလုပ်ဘဲ ဆက်ထားထားလိုက်ရင် ကြာလာတာနဲ့အမျှ အစေခံတွေ စိတ်ထဲ အမှောင်လွှမ်းပြီး လောဘ ဇောကြီး လာကြလိမ့်မယ်။ ဒါ့ကြောင့် ချူးလန်က အခုလို အခွင့်ကောင်းယူပြီး အစေခံတွေကို သူမတစ်ယောက်လုံး ရှိနေသေးတယ် ဆိုတဲ့ အကြောင်း ပညာသားပါပါနဲ့ သတိပေးလိုက်ခဲ့ခြင်းပင်။ နောက်တစ်ခါ ဘယ်သူမဆို ကိုယ့်နေရာ ကိုယ်မသိဘဲ စညးကျော်တာနဲ့ သူမ အပြစ်ပေးတာ့မှာ ဖြစ်ပြီး အထိန်းတော်ကူ တောင် ဒီစည်းကမ်းချက်ကို ဖောက်ဖျက်ရဲတော့မည် မထင်။

    ချူးလန်က တန်းစီရပ်နေကြတဲ့ အစေခံတွေကို တစ်ချက် ဝှေ့ယမ်းကြည့်လိုက်သည်။ သူမရဲ့ နောက်ဆုံး သတိပေးချက်ကို ခပ်တည်တည် အကြည့်တစ်ချက်ဖြင့် အဆုံးသတ်ခဲ့ပြီးနောက်မှာတော့ ချူးလန်ရဲ့ နဂိုနွေးထွေး ဖော်ရွေတဲ့ မျက်နာထားလေး ပြန်ရောက်လာတော့သည်။

"ဖူးယန်.., ဒီနေ့ မီးဖိုချောင်ထဲမှာ ငါးကျန်သေးလား သွားပြိး ကြည့်လာခဲ့။ ဝမ်လန်နဲ့ မင်ယန် က ဒီငရုတ်သိးတွေ ထည့်ဖို့ ဇလုံ ၂ လုံး သွားယူလာခဲ့။ ကျင်းယန်က.. ငါ့ကို ကြက်သွန်ဖြူ ကြက်သွန်နီ,ဂျင်းနဲ့ နှမ်းနည်းနည်း ယူလာပေး"

   ချူးလန် ထိုသို့ မှာကြားပြီး ဘေးတစ်ဖက်မှာ ရပ်ကာ အခြား အစေခံတွေကိုလည်း ငရုတ်သီးခြောက်တွေ ဘယ်လို ဆေးပြီး,ထောင်းရမလဲဆိုတာ ညွှန်ပြပေးလိုက်သည်။

   မိးဖိုထဲက သူတို့တွေလည်း ငရုတ်သိးမွှန်မွှန်နဲ့ နေနေခဲ့ကြပြီး တစ်နေ့ခင်းလုံးကတော့ Songtao အဆောင်မှာ ငရုတ်နံ့တွေချည်း မွှန်ထူနေခဲ့တော့သည်။

    ချူးလန်က ရှိးယန်ကို သစ်သားကုလားထိုင် တစ်လုံး ရွေ့ခိုင်းလိုက်သည်။ ပြီးနောက် သူမက ခုံမှာ ထိုင်ရင်း Guilinစားသောက်ဆိုင်ရဲ့ စာရင်းစာအုပ်ကို တစ်ချိန်လုံးကြည့်ပြီး အမှတ်အသား တွေ ပြုလုပ်နေခဲ့သည်။ တစ်ဖက်က အလုပ်ရှုပ်နေတဲ့ အစေခံတွေကိုလည်း မျက်စိဒေါက်ထောက် ကြည့်နေရင်း ပေါ့။

  သူမလက်ရမ်းပြ လိုက်ချိန်မှာတော့ ရှီးယန်က မက်မွန်သီးတွေကို ​သွားကြားတုတ် ထိုးထားတဲ့ ပန်းကန်ကို လှမ်းပေးလိုက်သည်။

ချူးလန်လည်း သွားကြားတုတ်တစ်ခုနဲ့ ယူစား့ိုက်ပြီး  စိတ်အမောဖြေ လိုက်၏။ရှိးယန်လည်း သူမစိတ်ပျောင်းသွားတာ မြင်ပြီး ရှေ့ကိုခပ်မြန်မြန် တိုးပြီး ပုခုံးကိုနှိပ်ပေးမလို့ လုပ်လိုက်သည်။

ခဏနေတော့ ချူးလန်ရဲ့ အသံထွက်လာသည်။

"ဘယ်ဘက် ကိုနည်းနည်း..ရွှေ့"

ရှိးယန်လည်း သူမအမိန့်တိုင်း လုပ်လိုက်သည်။

ချူးလန် တစ်ယောက် မျက်လုံးမှိတ်ပြီး အပန်းဖြေနေခဲ့သည်။ ဒါက လုံးဝသူမရဲ့ ဇိတ်ခံတတ်တဲ့ ပုံစံပါပဲ!

   သိပ်မကြာခင်မှာပဲ ဖူးယန်နဲ့ အခြားအစေခံတွေက ချူးလန်ဘေးကို ရောက်လာကြသည်။ သူတို့ကိုယ်ပေါ်မှာ အမဲဆီတွေ မီးခိုးတွေ ကပ်နေပြီး မျက်နှာ တွေကလည်း ကြိုးစားအားထုတ်မှုနဲ့ အပူချိန်တို့ ရောသွားမူကြောင့် နီရဲ နေခဲ့ကြသည်။ ချူးလန် နားရောက်တော့ သူတို့ အဆက်မပြတ် ချောင်းဆိုးနေကြသေးသည်။

   ချူးလန်က စတိုင်ကျကျ လက်သီးဆုပ်ထဲ ချောင်းတစ်ချက်ဟန့်ပြီး မိမိမိုက်မိုက် ပြောလိုက်သည်။

"အားလုံး ပြီးပြီးလား?"

"တတိယသခင်မလေးကို လျှောက်တင်ပါတယ်။ သခင်မလေး ညွှန်ကြားချက် အတိုင်း ငရုတ်ဆီကို လုပ်လို့ ပြိးပါပြီး။ စုစုပေါင်း ၂ပုလင်း လောက်ရှိပါတယ်။ အေးသွားတာနဲ့ ချက်ချင်း ကျွန်မတို့ ပုလင်းထဲ ထည့် လို့ ရပါပြီ" လို့ ကျင်းယန်က ပြန်ဖြေလိုက်သည်။

"ကဲ..ပြီးသွားပြီ ဆိုမှတော့ ကိုယ့်အခန်း ကိုယ် ပြန်ပြီး ရေမိုးချိုး, ဒီအနံ့တွေ ပျောက်သွားအောင် အဝတ်အစားတွေ လဲလိုက်ကြ "

  အစေခံတွေ အကုန်လုံး လွတ်ငြိမ်းချမ်းသာ ခွင့် ရသွားသလိုမျိုး အုပ်စုလိုက် အပြေးပြန်သွားကြတော့သည်။

   ကျေနပ်နေတဲ့ ချူးလန်က အသီးနောက် တစ်ခု ထပ်စားလိုက်သည်။

"ရှိးယန်...,နင်ကောင်း၂ ​တွေ့လိုက်တယ်မလား?
ဒါ ငါ့မုန့်တွေ ခိုးပြီး အခြားတစ်ယောက်ကို ပေးချင် သူတွေရဲ့ ကံကြမ္မာပဲ! ဒါပေမယ့် စိတ်မပူပါနဲ့ ငါ့မှာအခြားမုန့်တွေရော, ငရုတ်သီးပါတဲ့ မုန့်အစပ်တွေရော အများကြီးကျန်နေသေးတာပဲ!"

ရှိးယန်လည်း သူ့သခင်မလေးရဲ့ အပြောကြောင့် ကြောက်လန့် တောင့်တင်းသွားခဲ့သည်။

သူမ သန်မာချင်ယောင်ဆောင် ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့လည်း မနေနိုင်ခဲ့ပေ။

"တတိယသခင်မလေးရှင့်, ဒီအစေခံက နောက်နောင် သခင်မလေး ခွင့်ပြုမိန့်မရဘဲ သခင်မလေးရဲ့ ဘယ်ပိုင်ဆိုင်မှုကိုမဆို မထိရဲတော့ပါဘူး။
တတိယသခင်မလေးရှင့်, ကျေးဇူးပြုပြီးတော့ ဒီအစေခံကို ဒီတစ်ကြိမ်တော့ သက်ညှာပေးလိုက်ပါနော်?!"

ချူးလန်က ရှိးယန်ကို တစ်ချက် စိုက်ကြည့်ပြီး
"ရှီးယန်...,ဒီလို မင်းနားလည်တာ ကောင်းတယ်။
ရှေ့လျှောက် ဘာမဟုတ်တာ လေးတစ်ခုအတွက် မင်း..ကြီးကြိးမားမား တစ်ခုခု အဆုံးရှုံး မခံတော့ဘူးလို့ ငါမျှော်လင့်တယ်"

  ဒီမုန့်တွေ အကုန်လုံးက လုပ်ဖို့ မလွယ်ကူဘူး ဆိုတာ မှန်ပေမယ့်လည်း ဒါတွေက အပျော်သဘောဘော သက်သက်ပါပဲ။ ချူးလန်က တမင်တကာ ဒီအခွင့်အရေးကို သုံးပြီး ရှီးယန် ကို သတိပေးလိုက်ခြင်းဖြစ်သည်။ ရှီးယန်က သူမ လုံခြုံ စိတ်ချရမှုအတွက် အနှောက်အယှက် ဖြစ်စေတဲ့အရာ မှန်သမျှကိ​ု ကာကွယ်ပေးရမယ့် သူတစ်ယောက်ဖြစ်သည်။ တကယ်လို့ ဒီလို အမှားမျိုး သူမ နောက်တစ်ခါ ထပ်လုပ်လာအုံးမယ် ဆိုရင်တော့ အပြစ်ဒဏ် တွေက အဆင့်သင့်စောင့်နေကြမှာပဲ။

  ညနေစာ အတွက်ကိုတော့ ချူးလန် က သူမကိုယ်တိုင်ပဲ ချက်ပြုတ်လိုက်သည်။ ငါးပြုတ် အလွှာပြားတစ်ချို့နဲ့ အတူ ချဉ်ငံစပ်
စွပ်ပြုတ်တစ်ခွက်တို့ပဲ ဖြစ်သည်။ ကျန်တာတွေကတော့ သူတို့ Songtao ဆောင်မှာ ပုံမှန် စားနေကျ ဟင်းပွဲတွေ ပါဝင်ကြသည်။

     ဲဖြူဖွေးနေတဲ့ ငါးအလွှာလေးတွေကို ပဲပင်ပြုတ်တွေရဲ့ အပေါ် တင်ထားပြီး အပေါ်က အနီရောင် ငရုတ်တောင့်လေးတွေ ဖြန့်ကျဲ ထားရှိခဲ့သည်။ ဒီအလွှာပြား လေးတွေက မျက်စိအစာ ကျွေးသလို ဖြစ်နေခဲ့သည်။ ငါးအသားက နူးအိအိလေး။ အထဲမှာ ငရုတ်သီးတစ်ထပ် အစာသွပ် ထားခဲ့ပေမယ့် အရမ်းကြီး စပ် မနေခဲ့ပါဘူး။ ငါးပြားလေး တစ်ဖက်ကို ချူးလန်, ပါးစပ်ထဲ ထည့်လိုက်ပြီးပြိးချင်းမှာပဲ သူမမျက်လုံးမှိတ်ရသည်အထိ.ကြည်နူးပီတိဖြာပြီး နှုတ်ခမ်း ထောင့်စွန်းတွေက ကော့တက်သွားတော့သည်။

   သူမတစ်ယောက်ထဲ စားနေရတာ တကယ့်ကို သနားစရာပဲ။ ပန်းကန် အကြီးကြီးထဲ အများကြိးထည့်ပြီး အကုန်လုံး ဝိုင်းစားမှ ဒီဟင်းပွဲအရသာက ပိုပေါ်လွင် ပြည့်စုံသွားမှာ။ ဒါပေမယ့်လည်း သူမတစ်ယောက်ထဲပဲ ရှိတော့ ပန်းကန်လုံးထဲ ငါးထည့်စားဖို့ ရှီးယန်ကို ပြောလိုက်သည်။

   ကျန်တာတွေကို နှစ်ပုံခွဲပြီး ကျင်းချီခန်းမနဲ့ အိမ်တော်ရဲ့ အဓိကအဆောင်ဆီ ခွဲပေးရန် ရှီးယန်ကို အမိန့်ပေးလိုက်သည်။

   အထိန်းတော်ကူက ကိုယ်တိုင် သယ်သွားခဲ့ပြီး အထိန်းတော်လဲ့က လက်ခံရယူလိုက်ခဲ့သည်။

  "ဒါက တတိယသခင်မလေး ဒီနေ့ လုပ်လိုက်တဲ့ ဟင်းပွဲ အသစ်ပါ။ ဟေးသခင်မကြီး ကို မြည်းကြည့် စေချင်တဲ့ တတိယသခင်မလေးရဲ့ အမိန့်အရ ယူလာခဲ့တာပါ။ ပြီးတော့ သခင်လေးက သတိပေးစကား မှာ လိုက်ပါသေးတယ်။ ဒီငါးအလွှာပြုတ်တွေက အနည်းငယ်အစပ်ပါပါတယ်။ တကယ်လို့ သခင်မကြီး ဟေးက အရမ်းစပ်သွားခဲ့ရင် အစပ်ပေါ့ပေါ့ ပြန်လုပ်ပေးပါ့မယ်တဲ့"

အထိန်းတော်လဲ့လည်း ပြုံးပြပြီး အမှာစကားကို အသိအမှတ်ပြုလိုက်သည်။ သူမက ဟင်းပွဲကို လက်ခံပြီး အနောက်က အစေခံကို လွဲပြောင်းပေးကာ သခင်မကြီးဟေးဆီ ယူသွားစေခဲ့သည်။ထို့နောက်မှာတော့ အထိန်းတော်လျှို့က အထိန်းတော်ကူကို အဆောင်အပြင်ဘက်ထိ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

   ထို့ပြင် ဆက်ခံသူ အဆောင်ကလည်း သူတို့ ဝေစုကို ရရှိခဲ့သည်။ ရမှာပေါ့ ဟေးချန်ကျူးက လက်ဆောင်ပေးလိုက်တာလေ!

ဟေးချန်ကျူ းက ဘူးအဖုံးကို ဖွင့်ပြီး ထိပ်ဆုံးက ငရုတ်သီး တွေဆီ တန်းကြည့်မိသွား၏။ သူအံ့အားတကြီး ပြောချလိုက်သည်။

"ဒါ...ဒီနေ့လည်တုန်းက ငါယူလာခဲ့တဲ့ ငရုတ်သီးတွေနဲ့ လုပ်ထားခဲ့တာလား? "

"ကျင်းအန် ဆက်ခံသူကို လျှောက်တင်ပါတယ်။ အဲ့လိုပါပဲ။ ကျွန်မတို့ တတိယသခင်မလေးက ဒီဟင်းလျာကို ကိုယ်တိုင် ချက်ပြုတ် ခဲ့တာဖြစ်ပြီး အမှာ စကားလည်း ပါးလိုက်ပါသေးတယ်။ တကယ်လို့ ဒီ ငါးအလွှာပြုတ်က အရမ်းစပ် နေရင်, ကျေးဇူးပြုပြီး အများကြီး မစားပါနဲ့"တဲ့။

"ကဲ....ဒီဟင်းကို ဟို ငရုတ်သီး တွေနဲ့ ချက်ထားမှတော့ ငါက မြည်းဖြစ်အောင်ကို မြည်းကြည့်ရမှာပေါ့"

ရှိးယန် ပြန်ထွက်မလာခင်ပဲ ဟေးချန်ကျူးက အထိန်းတော်ကို ညနေစာ ပြင်ပေးဖို့ မှာကြားလိုက်သည်။

ဟေးချန်ကျူ းတစ်ယောက် ဒီငရုတ်သီးတွေနဲ့ ဘယ်လိုဟင်းမျိုး ပြုလုပ်ခဲ့သလဲ ဆိုပြီး စားကြည့်ချင်နေတာကတော့ လုံးဝကို ထပ်မစောင့်နိုင်ဖြစ်နေခဲ့ရသည်။

   နောက်တစ်နေ့ မနက်မှာတော့ မနက်ခင်းအရိုအသေပေးရန် ချူးလန်တစ်ယောက် ထုံးစံအတိုင်း ရောက်ရှိလာစဉ် သူ့ခဲအိုကြီး ဟေးချန်ကျူ းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တိုးသွားသည်။

ဟေးသခင်မကြီးက ပြုံးပြပြီး ချူးလန်ကို သူမဘေးနား ဝင်ထိုင်စေလိုက်သည်။ ထို့နောက်
"မင်းရဲ့ အစ်ကိုကြီးက မင်းမလာခင် ထဲက ကြိုစောင့်နေခဲ့တာ မိနှစ် ၂၀ လောက်ရှိပြီ ဟေ့!"

ချူးလန်လည်း အထူးတဆန်းနဲ့ မေးလိုက်သည်။

"ခဲအိုကြီး....တစ်ခုခု ပြောစရာ ရှိလို့လား?"

ဟေးချန်ကျူ းရဲ့ မျက်နှာကြီးကြီး ရှည်ရှည်ကြီးက အနည်းငယ် နီမြန်းသွားပြီး ထုတ်ပြောရမှာကို စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ နောက်ဆုံးတော့ သခင်မကြီးဟေး ဆီပဲ လှည့်ကြည့်ပြီ းအကူ အညီတောင်းလိုက်သည်။

"နင်ကို ကြည့်ပါအုံး! ဒီကိစ္စလေးကိုတောင် ဘာ မပြောနိုင် ဖြစ်နေရတာတုန်း! စန်းလန် မိန်းခလေးက ငါတို့ မိသားစုနဲ့ လက်ဆက် ​လိုက်ပြီးကတည်းက မင်းက သူ့အကိုကြီး ဖြစ်သွားပြီလေ"

သခင်မကြီးက ဟေးချန်ကျူ းကို ဆူလိုက်ပြီး ချူးလန် လက်ကလေးတွေကို ဆုပ်ကိုင်ထားလိုက်သည်။ပြီးတော့ ပြုံးပြုံးလေးနဲ့
"နောက် ၂ရက်လောက် နေရင် မင်းအကိုကြိးရဲ့ သူငယ်ချင်းတွေ အလည်လာကြမယ်။ မနေ့ညက မင်းပို့ပေးတဲ့ ငါးအလွှာပြုတ်ကို စားရပြီး သူက အရသာရှိတယ်လို့ တွေးနေခဲ့တာ။ ဒီတော့..သူတို့ အထင်ကြီးသွားအောင် မင်းထပ်ချက်ပေးပြီး ကူညီနိုင်မလားလို့ အကိုကြီးကမေးချင်နေခဲ့တာလေ"

  အရင်တုန်းကတော့ ကျင်းအန်က သူတို့ရဲ့ ကောင်းလွန်းတဲ့ အထူးဟင်းလျာတွေကြောင့် နာမည်ကြီးခဲ့တယ်လေ။ နောက်တော့ စားဖိုမှူ း ဆုံးသွားခဲ့ပြီး ဟေးချန်ကျူ းက ထမင်းဖိတ်ကျွေးမယ်လို့ ကတိပေးထားခဲ့တဲ့ သူငယ်ချင်းတွေကို အမြဲရက်ရွှေ့နေခဲ့ရတာ ဖြစ်သည်။ အခုတော့ သူဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်တော့မယ်လေ။!

    ချူးလန်က သူမအတွက်ခက်ခဲမယ့် ဟာ တစ်ခုခု ဖြစ်မယ်လို့ မှန်းထားခဲ့တာ။ အခုတော့ သူ့အစ်ကိုကြီး သူငယ်ချင်းတွေအတွက် နောက် ဟင်း ၂ ပွဲ ၃ ပွဲလောက် ထပ်လုပ်ပေးရုံပဲဆိုတော့ အရမ်းလွယ်နေခဲ့တာပေါ့။ ချူးလန်လည်း ချက်ချင်း ဆိုသလို ခေါင်းငြိမ့်ပြပြီး တောင်းဆိုမှုကို လက်ခံ လိုက်သည်။

ခဏနေတော့..,
"သခင်မကြီး..., အပြင်ဘက်အဆောင်ရဲ့ ဒီ
အစောင့်  သတင်းပို့ပါတယ်။ ဧည့်တွေ့ဖို့ တောင်းဆိုနေတဲ့ နန်းတော်က တစ်စုံတစ်ယောက် ရောက်နေပါတယ်"

继续阅读

You'll Also Like

9.4K 652 48
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
95.1K 6K 56
-"And where do I reside?" -"You reside in my heart, Priye!" Two broken souls, who endured pain and loneliness all their life. Destiny united them and...
38.7K 3.4K 62
~ Dangerous Life Ahead ~ • Book 2 of LIFE OF PANCHALI TRILOGY • Panchali Rathore, Ex- CEO of Rathore Industries, now the Crown Princess of Hastinapur...
254K 16.6K 147
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...