{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

De whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... Mai multe

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 62

2.1K 342 3
De whitekiddy

ZAWGYI

Chapter 62: Chillis

    သခင္မက်ိဴ း သူမရဲ႕ေယာကၡမႀကီးကို နႈတ္ဆက္ၿပီးေတာ့ က်င္းအန္ကေတာ္အေဆာင္ကေန တင္းမာေနတဲ့ မ်က္နာထားျဖင့္ ထြက္လာခဲ့သည္။ အေနာက္က အေစခံေတြကေတာ့ အသက္ေတာင္ ရဲရဲမရွဴ ရဲၾကေပ။

    သခင္မက်ိဴ းက ရုတ္တရက္ ရပ္လိုက္ၿပီး သူမရဲ႕အေနာက္က အေစခံေခါင္းေဆာင္က္ု ေမးလိုက္သည္။
    " ဘယ္လိုလဲ? Songtao အေဆာင္က သတင္းေလးဘာေလး မရခဲ့ဘူးလား?"

အေစခံေခါင္းေဆာင္ကလည္း သူမရဲ႕သခင္မက စိတ္အေျခအေနမေကာင္းမွန္း သိ၍ စိတ္ကို ေလ်ာ့လ်က္ ေၾကာက္လန္႔ျခင္းမရွိစြာနဲ႔ပဲ ျပန္ေျဖလိုက္သည္။
     " သခင္မ, စိတ္မပူပါနဲ႔ ။  တတိယသခင္မေလးက အရင္အတိုင္းပဲလို႔ ဒီအေစခံၾကားခဲ့ရပါတယ္"

   တိက်တဲ့အေျဖက္ု ၾကားလိုက္မွသာ အေစခံက်ိဴ းရဲ႕ရင္ထဲက တင္းမာမႈတို႔က ေလ်ာ့က်သြားေတာ့သည္။
  
    ဘယ္လိုေတာင္ ကံေကာင္းလိုက္သလဲ အဲ့ခ်ဴ းလ်န္က ကိုယ္ဝန္မရေသးဘူးတဲ့ေလ ။ တကယ္လ္ု႔ ခ်ဴ းလ်န္သာ ကိုယ္ဝန္ရၿပီး အိမ္ေတာ္အတြက္ ေျမးဦးေလး ေမြးေပးလိုက္ရင္ သူမကေကာ က်င္းအန္ဆက္ခံသူရဲ႕ ဇနီးဆိုတဲ့ ေနရာကို ဘယ္လိုလုပ္ၿပီး ထိန္းထားနိုင္ေတာ့မွာလဲ?

  " အင္း, က်င္းအန္ဆက္ခံသူေကာ ဒီေန႔ဘယ္အခ်ိန္ ျပန္လာမယ္လို႔ ေျပာခဲ့ေသးလဲ?"

   သူမရဲ႕အေနာက္က အေစခံတစ္ေယာက္က ျပန္ေျဖသည္။
    " ဆက္ခံသူက ဒီမနက္ကို ေဟာင္လုဘုရားေက်ာင္းကို သြားမယ္လို႔ ေျပာပါတယ္ ။ၾကည့္ရတာေတာ့ အဲ့မွာ ေတြ႕ရမယ့္ လူရွိမယ္ထင္ပါတယ္ ။ သခင္ထြက္သြားတုန္းကလည္း သူ႔ကို ေန႔လည္စာအတြက္ ေစာင့္မေနဖို႔ မွာထားခဲ့ပါတယ္"

    " ဘာပဲျဖစ္ျဖစ္ စားဖိုေဆာင္ကို သူ႔အတြက္လည္းျပင္ထားဖို႔ ေျပာလိုက္။ အဲ့လိုအျပင္က အစားအေသာက္ေတြက ငါတို႔အိမ္ေတာ္ကို ဘယ္လိုလူပ္ၿပီး ယွဥ္နိုင္မွာတဲ့လဲ?"

  "ဟုတ္ကဲ့ပါ သခင္မေလး ။ ဒီအေစခံက အမိန္႔ေတြအတိုင္း လုပ္လိုက္ပါ့မယ္"

   အေစခံေခါင္းေဆာင္က သခင္မက်ိဴ းကို တြဲကူရန္ အေရွ႕ကို တက္လိုက္သည္။ သူမရဲ႕အသံထဲမွာ ခံစားခ်က္ေတြပါထည့္၍ ေျပာလိုက္သည္။
    " သခင္မက အၿမဲတမ္း ၾကင္နာတတ္တာပဲ။ ဆက္ခံသူျပန္လာတဲ့အခါက်ရင္ သခင္မရဲ႕ဂရုစိုက္မႈေတြကို ခံစားမိမွာပါ "

   သူမရဲ႕ လူယံုေတာ္ အေစခံက အခုလိုေျပာလာေပမယ့္လည္း သခင္မက်ိဴ းကေတာ့ စိတ္မသက္မသာ ျဖစ္ေနတုန္းပင္။သူမရဲ႕ေယာက်္ားက တကယ္ကို သူမအေပၚ ေကာင္းေကာင္းဆက္ဆံေပးသည္။ သူမက က်န္းမာေရးမေကာင္းျဖစ္ေနေသာ္လည္း သူမရဲ႕ေယာက်ာ္းက ကိုယ့္ဆႏၵကို ေျဖဖို႔အတြက္ အေစခံ ေတြကို သံုးတယ္ဆိုတာ တခါမွမရွိဖူးေပ။ထိုကဲ့သုိ႔ ကိုယ့္ကိုကို ထိန္းခ်ဴပ္နိုင္တဲ့ ေယာက်ာ္းမ်ိဴ းကို ၿမိဳ႕ေတာ္ထဲမွာဆို လက္တဖက္စာျပည့္ေအာင္ သူမ မေတြ႕ဖူးေသးေပ။

    က်င္းအန္အိမ္ေတာ္က ေယာက်ာ္းေတြအတြက္ ခ်ထားတဲ့စည္းမ်ဥ္းအရဆို အသက္၃၀ျပည့္လို႔ သားတစ္ေယာက္မရေသးရင္ ေနာက္ထပ္ ကိုယ္လုပ္ေတာ္တစ္ေယာက္ ထပ္ယူနိုင္တယ္တဲ့ေလ။ အခုဆို သူမေယာက်္ားရဲ႕အသက္က ၃၀နားလည္း ကပ္ေတာ့မယ္ သားဦးလည္း မရေသးဘူးဆိုေတာ့..... သူတို႔ရဲ႕ေပ်ာ္ရႊင္ဖြယ္ ခ်စ္ၾကည္ႏူးဖြယ္ေန႔ရက္ေတြက ဒီအတိုင္းပဲ အဆံုးသတ္သြားေတာ့မွာလား?

   သူမေတြးေလေလ သူမရဲ႕မ်က္ဝန္းထဲမွာ ပူပန္မႈေတြ ပိုၿပီး ထင္သာလာေလ ျဖစ္ေနသည္။ ေဟးခ်န္က်ဴ းက က်င္းအန္ဆက္ခံသူလို႔ သတ္မွတ္ခံထားရၿပီးၿပီ ။ သူ႔မွာေကာ ဆက္ခံသူ သားတစ္ေယာက္ မရွိလို႔ ဘယ္ျဖစ္မလဲ?

  ေဟးခ်န္က်ဴ းေတာင္မွ စိတ္ထဲထားမေနတာ အိမ္ေတာ္သခင္ , ကေတာ္နဲ႔ သခင္မႀကီးေဟးကေကာ ... စိတ္ထဲထားမေနေလာက္ၾကပါဘူး ။

   ခ်ဴ းလ်န္လြန္ခဲ့တဲ့ရက္ထဲက အခ်ဥ္ေဖာက္ထားတဲ့ စပ်စ္ဝိုင္ကေတာ့ ေသာက္လို႔ရေနၿပီျဖစ္သည္။ အေစခံကူက ထိုစပ်စ္ဝိုင္ဗူးကိုပါ ထည့္ေပးလိုက္ေၾကာင္း ၾကားလိုက္ရခ်ိန္က ခ်ဴ းလ်န္ အနည္းငယ္ေတာ့ စိတ္ဆိုးသြားသည္။ အခုက သူမေန႔လည္စာ စားရင္းနဲ႔ က်န္ေနတဲ့ ဗူးကို ေသာက္ေနတာျဖစ္သည္။

    ရလဒ္အေနနဲ႔ကေတာ့ သူမ စားတာမ်ားသြားၿပီး ဗိုက္ကယ္သြားသည္။ စားၿပီး့ပီးခ်င္း အိပ္လိုက္ရင္လည္း က်န္းမာေရးအတြက္ မေကာင္း၍ ခ်ဴ းလ်န္လည္း ဝမ္က်င္းနဲ႔ က်င္းယန္ကို ေခၚၿပီး ဥယာဥ္ထဲ အစာေၾကေအာင္ လမ္းေလ်ွာက္ထြက္လိုက္သည္။

    ခ်ဴ းလ်န္လည္း ေန႔လည္ဘက္ျဖစ္၍ အမ္ုးရွိတဲ့ေကာ္ရစ္တာေတြကေန ေလ်ွာက္သြားလိုက္ကာ အတြင္းေဆာင္နဲ႔အျပင္ေဆာင္ကို ဆက္ထားတဲ့ ဝင္ေပါက္ထိေရာက္သြားသည္။

   ဝင္ေပါက္နားမွာ စိုက္ထားတဲ့ ဝါးရံုေတာရဲ႕အရိပ္ေအာက္မွာ ေက်ာက္ထိုင္ခံုတစ္စံုစာ ခင္းက်င္းထား၍ ခ်ဴ းလ်န္လည္း ခဏေလး ထိုင္နားလိုက္ၿပီး ၿပီးရင္ေတာ့ အေဆာင္ျပန္ၿပီး တေရးတေမာအိပ္ရန္ ဆံုးျဖတ္လိုက္သည္။

   ခ်ဴ းလ်န္ထိုင္လိုက္တာနဲ႔ခ်က္ခ်င္း အျပင္ေဆာင္ဘက္ကေန ထြက္လာတဲ့ စကားေျပာသံေတြကို ၾကားလိုက္ရသည္။ သူမရဲ႕မူလအစီအစဥ္ေလးက ဒီလိုမ်ိဴ းပဲ ပ်က္သြားလိမ့္မယ္လို႔ ဘယ္သူသိမွာတဲ့လဲ?

   " ဆက္ခံသူက်င္းအန္, ဒီငရုတ္သီးလွည္းအျပည့္ႀကီးကို ကြၽန္ေတာ္တို႔ ဘာလုပ္ၾကမလဲ? အဲ့ေကာင္က ျပန္စရာေငြမရွိလို႔ပါလို႔ ေျပာလိုက္တာနဲ႔တင္ ဒီလိုလွည္းတစီးလံုးက္ု ဝ
္လိုက္တာကေတာ့ လြန္ပါတယ္ဗ်ာ!"

   " အေစာင့္ေခါင္းေဆာင္ကို အရင္ဆံုးလက္လႊဲထားလိုက္။ တကယ္လို႔ အသံုးမဝင္ရင္ေတာင္ အကုန္လႊင့္ပစ္လိုက္ေတာ့။ အဲ့ကေလးက သနားစရာေကာင္းလြန္းလို႔ သူအိမ္ျပန္ဖို႔အတြက္ကို ငါက ေငြနည္းနည္းေလာက္ေပးခ်င္တာပါ"

   ခ်ဴ းလ်န္လည္း သူတို႔ေျပာေနတာကို ေသခ်ာမသိလိုက္ေပမယ့္ သူမခဲအိုရဲ႕ အသံေၾကာင့္ အနညး္္ငယ္ေတာ့ စပ္စုခ်င္စိတ္ျဖစ္သြားသည္။ထို႔ေၾကာင့္ သူမလည္း ဘာေတြျဖစ္ေနလဲဆိုတာသိရေအာင္ ဝမ္က်င္းကို သြားနားေထာင္ခိုင္းလိုက္သည္။

  တခဏအတြင္းမွာပဲ ေဟးခ်န္က်ဴ းက သူ႔ရဲ႕ေယာက်္ားအေစခံျဖစ္တဲ့ ေကာင္းရႈနဲ႔အတူ အထဲကို ဝင္လာၾကသည္။ ခ်ဴ းလ်န္လည္း အျမန္ထနႈတ္ဆက္လိုက္သည္။

    " တတိယခယ္မေလး ေန႔လည္ႀကီး ဘာလို႔ ဒီမွာရွိေနရတာလဲ?"

   ခ်ဴ းလ်န္လည္း ၿပံဳးလိုက္ၿပီး
   " ခဲအိုကို ျပန္ေျဖပါတယ္ , ေန႔လည္က ညီမ စားတာအရမ္းမ်ားသြားလို႔ အစာေၾကေအာင္ လမ္းေလ်ွာက္ထြက္လာတာပါ ။ ညီမလည္း ေလ်ွာက္ရင္းနဲ႔ ဒီက္ု ေရာက္မွန္းမသိေရာက္လာတာ ၿပီးေတာ့ ခဲအိုရဲ႕အသံကို ၾကားလိုက္လို႔ ကြၽန္မရဲ႕အေစခံတစ္ေယာက္က္ု သြားၾကည့္ခိုင္းလိုက္တာပါ ။ အကိုႀကီးက ဘယ္ကေနျပန္လာတာလဲဟင္? ေန႔လည္စာေကာ စားၿပီးၿပီလား?"

   ခ်ဴ းလ်န္ရဲ႕ပံုေလးက ခ်စ္စရာေလး ျဖစ္ေနသည္။ အိမ္ေတာ္ထဲကို ေရာက္ခါစထဲက နာနာခံခံ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ပဲ ေနခဲ့ၿပီး Dingyuanအိမ္ေတာ္မွာလည္း နမည္ေကာင္းရခဲ့တဲ့အတြက္ ေဟးခ်န္က်ဴ းကေတာ့ သူ႔ရဲ႕ ခယ္မေလးအေပၚ အျမင္ေကာင္းေကာင္းရွိေနသည္။

   သူက အျပင္ပန္းပံုက ေၾကာက္စရာေကာင္းတယ္လို႔ ထင္ရေပမယ့္ အတြင္းစိတ္ထားကေတာ့ ၾကင္နာတတ္သည္။သူ႔ညီငယ္ေလးရဲ႕ မိန္းမျဖစ္တဲ့ ခ်ဴ းလ်န္ကိုဆိုရင္ေတာ့ သူက သူ႔ရဲ႕ညီမေလးတစ္ေယာက္လိုေတာင္ ဆက္ဆံေပးမွာ ျဖစ္သည္။

   " အကို ေန႔လည္စာ စားၿပီးပါၿပီ ။ အကို မနက္ကထဲက အျပင္မိတ္ေဆြေတြနဲ႔ေတြ႕ရေအာင္ ေဟာင္လုဘုရားေက်ာင္းကိုသြားခဲ့တာေလ... တတိယညီမေလး သိလား?
အဲ့ဒီလူေတြက တကယ္ကို ဆံပင္အနီေရာင္ မ်က္လံုးအစိမ္းေရာင္ေတြ ရွိၾကတာေလ!"

   ေဟးခ်န္က်ဴ းကလည္း စိတ္ဝင္စားစြာနဲ႔ ေျပာေနၿပီး ခ်ဴ းလ်န္ကလည္း မ်က္လံုးေလးေတာက္ပစြာနဲ႔ နားေထာင္ေနသည္။

   " အဲ့ဒါဆို အကိုႀကီး အဲ့ဒီအျပင္လူေတြလုပ္ခဲ့တဲ့ အစားအစာေတြကို စားခဲ့တာလား?"

  " အမွန္ပဲေပါ့!"

    " သူတို႔ရဲ႕အစားအစာေတြက ညီမတို႔ရဲ႕ ဝူအင္ပါယာနဲ႔ ကြာလားဟင္?"

     ခ်ဴ းလ်န္ရဲ႕အေမးေၾကာင့္ ေဟးခ်န္က်ဴ းရဲ႕မ်က္နာထက္မွာ ဝမ္းခ်ဴ ပ္ေနတဲ့အမူအယာမ်ိဴ းျဖစ္သြားသည္။ သူ႔ရဲ႕ညိဳညစ္ညစ္အသားအေရနဲ႔ မ်က္နာေဖာင္းေဖာင္းတို႔နဲ႔ ေပါင္းလိုက္ရင္ေတာ့ သူ႔ပံုစံက နႈတ္ခမ္းဆူထားတဲ့ ဝက္ဝံလိုပဲ ျဖစ္ေနသည္။ ထိုပံုက ရယ္စရာေကာင္းလြန္းေနေပမယ့္ ခ်ဴ းလ်န္နဲ႔ သူမရဲ႕အေစခံ၂ေယာက္ကေတာ့ ရယ္ခ်င္စိတ္ကိုသာ ထိန္းထားၾကရေတာ့သည္။

    " အဲ့ဒီအစားအစာေတြက.....အာ.... အဲ့အေၾကာင္း ဆက္မေျပာၾကရေအာင္..."

   ထိုအရသာက အရမ္းဆိုးရႊားလြန္း၍ သူလည္း ဆြဲလႊင့္ပစ္ခ်င္စိတ္ေတြ ျဖစ္ေနခဲ့တာ ျဖစ္သည္။  ထိုထူးဆန္းတဲ့ အစားအစာေတြကို စားၾကည့္ၿပီးေနာက္မွာေတာ့ ေဟးခ်န္က်ဴ းလည္း ထိုလူေတြကို သနားစိတ္ျဖစ္မိသြားသည္။
အဲ့လိုမွမဟုတ္ရင္ သူလည္း ထိုအသံုးမဝင္တဲ့ ငရုတ္လွည္းတစ္စီးကို ေငြ ၁၀တံုး ေပးၿပီး ဝယ္မွာ မဟုတ္ေပ။

      ထိုလူေတြေျပာတဲ့ ' ဒီငရုတ္သီးေတြကလည္း အစားအစာတစ္မ်ိဴ းပါ ' ဆိုတဲ့စကားကို ျပန္သတိရမိသြားသည္။ သုိ႔ေပမယ့္ သူနဲ႔ေကာင္းရႈတို႔ တစ္ေယာက္တစ္ကိုက္စားၾကည့္လိုက္ေတာ့ သူတို႔ပါးစပ္ထဲ မီးၿမိႈက္ခံလိုက္ရသလို ခံစားလိုက္ၾကရသည္!သူတို႔လည္း ေလာင္ကြၽမ္းေတာ့မယ္လို႔ ထင္ရတဲ့လ်ွာကို သက္သာသြားေအာင္ လက္ဖက္ရည္နွစ္ခြက္ေလာက္ ေသာက္လိုက္ရေသးသည္။

   သိခ်င္စိတ္ျပင္းပ်စြာနဲ႔ အေရာင္ေတာက္ေနတဲ့ မ်က္လံုးေလးေတြနဲ႔ သူ႔ရဲ႕ ခယ္မေလးေၾကာင့္ ေဟးခ်န္က်ဴ းလည္း ရုတ္တရက္ အႀကံတစ္ခု ရသြားသည္။

  " အမွန္ပဲ အကိုႀကီး အဲ့ဒီလူေတြဆီကေန တခုခု ဝယ္ခဲ့တယ္ သူတို႔ေျပာတာေတာ့...
အဲ့ဒါက အစားအစာတစ္မ်ိဴ းပဲတဲ့ ။ တတိယညီမေလးေကာ ၾကည့္ခ်င္ေသးလား?"

  ခ်ဴ းလ်န္က အေတာ့္အေတာ္ကို စပ္စုခ်င္စိတ္ေတြ ပ်င္းျပေနတာ ျဖစ္တဲ့အတြက္ သူမက ဘယ္လိုလုပ္ၿပီး ျငင္းမွာတဲ့လဲ?

  ထို႔ေၾကာင့္ သူမလည္း ေဟးခ်န္က်ဴ းအေနာက္ကေန အျပင္ေဆာင္အေပါက္ကို လိုက္သြားလိုက္သည္။ေဟးခ်န္က်ဴ းက သူ႔အေစခံ၂ေယာက္ကို လွည္းေပၚက ကုန္ပစၥည္းေတြကို ခ်ဖို႔ လက္ဟန္ျပလိုက္သည္။ ေဟးခ်န္က်ဴ းက ဦးေဆာင္ေခၚသြားၿပီး အိတ္တလံုးကို ေဖာက္ၿပီး ခ်ဴ းလ်န္ကို ျပလိုက္သည္။

  ခ်ဴ းလ်န္လည္း ေခ်ာင္းၾကည့္လိုက္ေတာ့ ငရုတ္ေျခာက္ေတြ ျဖစ္ေနတာကို ေတြ႕လိုက္ရသည္။ ငရုတ္ေတြက အနီရဲရဲနဲ႔ အေရာင္ေကာင္းၿပီး ေသးေသးလံုးလံူးေလးေတြ ျဖစ္သည္။ ခ်စ္စရာေလးေတြ!

  ခ်ဴ းလ်န္ ပံုမွန္အတိုင္းပဲ ေနဖို႔ႀကိဳးစားေပမယ့္လည္း စိတ္လႈပ္ရွားေနတာက္ုေတာ့ မရပ္တန္႔နိုင္ျဖစ္ေနသည္။
     "အကိုႀကီး ... ဒါက ဘာေတြလဲဟင္?"

  ေဟးခ်န္က်ဴ းကေတာ့ ထိုကုန္စည္ကို အသံုးဝင္တယ္လို႔ ထင္မေနေပ။ သူက အိတ္ကိုျပန္ပိတ္လိုက္ၿပီး လွည္းေပၚ ျပစ္တင္လိုက္သည္။
   " အကို႔က္ု ေရာင္းခဲ့တဲ့လူေျပာတာေတာ့ ဒါကို ငရုတ္သီး လို႔ေခၚတယ္တဲ့"

   ခ်ဴ းလ်န္လည္း မသိလိုက္စြာနဲ႔ တံေထြးမ်ိဴ ခ်မိလိုက္သည္ ။
   " အမ္္္္္..ညီမသိ္ခ်င္တာက... အကိုႀကီးက ဒီငရုတ္သီးေလးနည္းနည္းေလာက္ကို ညီမကို ေပးနိုင္မလားဟင္? ညီမဒီဟာကို ဟင္းခ်က္တဲ့အခါက်ရင္ သံုးခ်င္လို႔ပါ"

ခ်က္ရင္သံူးမလို႔?

  ခ်ဴ းလ်န္က အစားအေသာက္အေၾကာင္း ေျပာလာမွ ေရွ႕ရက္ေတြက ခ်ဴ းလ်န္လုပ္တဲ့ မုန္႔အခ်ိဴ ႕ကို သတိရသြားသည္။ဘာပဲျဖစ္ျဖစ္ သူ႔အတြက္ဆို ဒီငရုတ္သီးေတြက အသံုးဝင္တာမဟုတ္ေတာ့ ခ်ဴ းလ်န္ကို ဘာလို႔ မေပးလိုက္နိုင္ရမွာလဲ?

  " တတိယညီမေလး လိုခ်င္ရင္ အကုန္ယူလို႔ရပါတယ္ ဒီဟာေတြက အကို႔အတြက္ အသံုးမဝင္ဘူးေလ"

    ခ်ဴ းလ်န္လည္း သူမရဲ႕ခဲအိုက အခုလိုႀကီး ရက္ရက္ေရာေရာနဲ႔ အကုန္လံုးေပးလာမယ္ မထင္မိထား၍ နည္းနည္းေတာ့ ေရွာ႔ျဖစ္သြားသည္။ သူမက ျငင္းခ်င္ေပမယ့္လည္း ေဟးခ်န္က်ဴ းရဲ႕ အေစခံက ေျပာလာသည္။
   " တတိယသခင္မေလး ဒီငရုတ္သီးေတြက အရမ္းႀကီးတန္ဖိုးရွိတာ မဟုတ္ပါဘုူး ; အဲ့တာေတြက နိုင္ငံျခားသား လူငယ္တစ္ေယာက္ လာေရာင္းတဲ့ ကုန္စည္ေလးပါပဲ ။ သူက ေစ်းေကာင္းေကာင္းနဲ႔ ေရာင္းခ်င္ေပမယ့္ ဝယ္တဲ့သူက တစ္ေယာက္မွ မရွိဘူးေလ ။ သူက အိမ္ကိုျပန္ခ်င္ေနတဲ့အတြက္ ဆက္ခံသူကို အကူအညီေတာင္းခဲ့တာေလ ။ ဆက္ခံသူကလည္း သူ႔ကို သနားသြားၿပီး ေငြတံုးအနည္းငယ္နဲ႔ သူအိမ္ျပန္လို႔ရေအာင္ ကူညီလိုက္တာပါ။ ဒီငရုတ္လွည္းကေတာ့ အပိုပစၥည္းျဖစ္ရံုပါပဲ ။ သခင္မေလးသာ ဒါေတြကို မယူရင္ အေစာင့္ေခါင္းေဆာင္ကလည္း လႊင့္ပစ္မွာပါပဲ!"

   ခ်ဴ းလ်န္ကေတာ့ ရယ္ရမလား ငိုရမလား မသိေတာ့ေပ။ အဲ့ဒီနိုင္ငံျခားသားက ရတဲ့ပိုက္ဆံပဲ ယူလိုက္ရတာ အံ့ၾသစရာမရွိေတာ့ပါဘူးေလ ဒီကလူေတြဘယ္သူကမွ ဒီလိုဟင္းခ်က္တဲ့အခါ သံုးရတဲ့ ပစၥည္းေကာင္းကို မသိၾကဘူးကိုး။

  အခုလို ထိုငရုတ္သီးေတြကို အလကားရလိုက္ေတာ့လည္း ခ်ဴ းလ်န္ျငင္းမေနေတာ့ေပ ။ အမွန္အတိုင္းေျပာရမယ္ဆိုရင္လည္း ဒီငရုတ္ေတြက သူမလက္ထဲေရာက္မွပဲ အသံုးဝင္မွာေလ။

   " ဒါဆို ခဲအိုက္ု ေက်းဇူးတင္ပါတယ္ ။ ညီမ ဒီငရုတ္သီးပါတဲ့ ဟင္းလ်ာခ်က္တိုင္း အကိုႀကီးကိုလည္း ပို႔ေပးပါ့မယ္!"

  " ဒါဆိုလည္း အဲ့ဒါကသေဘာတူညီခ်က္ ျဖစ္သြားၿပီေနာ္ ။ေကာင္းရႈ အေစခံနွစ္ေယာက္ကို ေခၚႀပီး ဒီငရုတ္သီးေတြအကုန္ Songtaoအေဆာင္ကို ပို႔ခိုင္းလိုက္"

   ထိုအပိုပစၥည္းသက္သက္ပဲ ျဖစ္တဲ့ ငရုတ္သီးေတြကို ေပးၿပီးတဲ့အခ်ိန္မွာေတာ့ ေဟးခ်န္က်ဴ းလည္း ေပါ့ပါးသြားသလို ခံစားလိုက္ရသည္။ သူလည္း သူ႔အေဆာင္ကိုသူ ျပန္လိုက္ေတာ့သည္။

  ဒါေပါ့ သခင္မက်ိဴ းကေတာ့ အဲ့အေၾကာင္းကို သိေနၿပီးၿပီေပါ့။ သခင္မက်ိဴ းက အျပင္ဧည့္ေဆာင္မွာ မ်က္နာမသာမယာနဲ႔ ထိုင္ေနသည္။
ေဟးခ်န္က်ဴ း ဝင္လာေတာ့ သူ႔မိန္းမ မ်က္နာ မေကာင္းတာကို ခ်က္ခ်ငိးသိလိုက္သည္။သူလည္း သခင္မက်ိဴ းရဲ႕ ေဘးနားမွာပဲ ဝင္ထိုင္လိုက္သည္။
    " ယန္က်င္း, ဘာျဖစ္လို႔လဲ? အဲ့ဒီအရူးအေစခံေတြက မင္းကို ေဒါသထြက္ေအာင္ လုပ္လိုက္တာလား?"

    ထိုစကားေၾကာင့္ သခင္မက်ိဴ းမွာ ပိုၿပီးေတာင္ ေဒါသျဖစ္လာေသာ္လည္း သူမရဲ႕ခ်စ္ခင္ပြန္းကိုေတာ့ အျပစ္မျမင္ရကိေပ။ သူမရဲ႕ စိတ္ကိုတတ္နိုင္သမ်ွ ထိန္းခ်ဴပ္လိုက္ၿပီးမွ တိုးတိုးညႇင္းညႇင္းပဲ ေမးလိုက္သည္ ။
   " ေယာက်ာ္း , ရွင္ ဒီေန႔ ေဟာင္လုဘုရားေက်ာင္းကေန ေသတၲာအျပည့္တခုခုကို သယ္ခဲ့တယ္မလား?"

   ေဟးခ်န္က်ဴ းရဲ႕ပံုက ၾကမ္းၾကမ္းတမ္းတမ္း ေယာက်ာ္းၿကီးလို ျဖစ္ေနေသာ္လည္း ထိုစကားရဲ႕ေနာက္ကြယ္က အဓိပၸါယ္ကို မျမင္တတ္တာေတာ့ မဟုတ္ေပ။ ထို႔ေၾကာင့္ သူလည္း သူ႔မိန္းမရဲ႕ အေတြးေခ်ာ္ေနပံုကို ခ်က္ခ်င္း သတိျပဳမိလိုက္သည္။

   "အို မင္း! မင္းဘာေတြ ေတြးေနတာလဲ? အဲ့ဒါေတြက အျခားနိုင္ငံက ကေလးတေယာက္ ရဲ႕ ေရာင္းမရတဲ့ ကုန္စည္သက္သက္ပဲ။ သူလည္း ဒီၿမိဳ႕ေတာ္ထိေရာက္ေအာင္ သယ္လာၿပီး ေရာင္းေပမယ့္ နွစ္ဝက္တိတိရွိၿပီ ေရာင္းမထြက္လို႔ဆိုလို႔ ငါလည္း သူ႔ကိုသနားၿပီး ေငြ၁၀တံုးနဲ႔ဝယ္ၿပီး လမ္းစရိတ္ေပးလိုက္တဲ့သေဘာပဲ"

  သခင္မက်ိဴ းလည္း ထိုအခါမွ စိတ္သက္သာရာ ရသြားသည္ ။
    "အဲ့ဒါေတြက ဘာေတြလဲ?"

  " ငရုတ္သီးေတြ"

မိန္းမကေတြ နည္းနည္းျဖစ္ျဖစ္ေတာ့ စိတ္သေဘာထား က်ဥ္းေျမာင္းၾကသည္။ Dingyuanလိုအိမ္ေတာ္ႀကီးမွာ ႀကီးပ်င္းခဲ့တဲ့ သခင္မက်ဴိ းကလည္း ႃခြင္းခ်က္ေတာ့ မဟုတ္ေပ။

   သူမက ေဟးခ်န္က်ဴ းကို အသာထုလိုက္ၿပီးမွ
   "အဲ့ဒါျဖစ္ရင္ေတာင္မွပဲ ရွင္ တတိယေယာင္းမေလးကို အကုန္မေပးလိုက္သင့္ဘူးေလ!"

   " ကိုယ္က သူ႔ကိုမေပးလိုက္ရဘူးဆိုရင္ေကာ လႊင့္ပစ္လိုက္ရမွာလား? ကိုယ္လည္း အဲ့ဒါေတြကို ဘယ္မွာသံုးရမွန္းမသိသလို မင္းလည္း မသိဘူးေလ။ ကိုယ္တို႔ အဲ့ဒါေတြကို သိမ္းထားရင္ေတာင္ ျဖဳန္းတီးပစ္ရာပဲ က်မွာပဲ ။ အဲ့ဒါက ေငြ၁၀တံုးေလးပါပဲ , ဘာလို႔ ဂရုစုိက္ေနရအံုးမွာလဲ?"

  သခင္မက်ိဴ းလည္း ဆက္မျငင္းနိုင္ေတာ့၍ ေဟးခ်န္က်ဴ းကို ေက်ာခိုင္းလိုက္သည္။

  " ေကာင္းပါၿပီ ေကာင္းပါၿပီဗ်ာ , ယန္က်င္း , ကိုယ္ မနက္ျဖန္က်ရင္ မင္းအတြက္ ဝတ္စံုတစ္ထည္္ဝယ္လာခဲ့ပါ့မယ္ အဲ့လိုဆိုရင္ေကာ? အဲ့ဒါက က်င္းရွီကထုတ္တဲ့ ေနာက္ဆံုးေပၚပံုပဲေနာ္။ မင္းအတြက္ဆိုၿပီး အရင္ရက္ေတြထဲက ကိုယ္မွာထားတာ ။ အခုေတာ့ အဲ့ဒါက ၿပီးေလာက္ပါၿပီ"

  သခင္မက်ိဴ းလည္း ထိုအခါမွပဲ တေန႔လံုး တင္းမာေနတဲ့စိတ္ေတြ ေျဖေလ်ာ့သြားေတာ့သည္။ က်င္းစီကလည္း ေတာ္ဝင္မ်ိဴ းႏြယ္ေတြသာအမ်ားဆံုး သြားေလ့ရွိတဲ့ ေစ်းႀကီးတဲ့ ဆိုင္ျဖစ္သည္ေလ။ ေဟးခ်န္က်ဴ းလည္း သူ႔မိန္းမနဲ႔ဲ႔ ေန႔လည္စာ နည္းနည္းေလာက္ စားၿပီးမွ သူ႔အေစခံ ေကာင္းရႈနဲ႔အတူ စာၾကည့္ေဆာင္ကို ထြက္သြားလိုက္သည္။

   ေဟးခ်န္က်ဴ းက စာၾကည့္စားပြဲမွာ ထိုင္လိုက္ၿပီးမွ ညႊန္ၾကားလိုက္သည္။
     "ေကာင္းရႈ , က်င္းစီဆိုင္ကို ေငြတံုး၁၀၀ ေပးၿပီး  ဝတ္ရံုကို ခ်က္ခ်င္း ခ်ဴပ္ၿပီး ယူလာခဲ့။ ၿပီးေတာ့ ဆိုင္ရွင္ကို ေျပာလိုက္ ဘာအမွားမွမလိုခ်င္ဘူးလို႔"

   ေကာင္းရႈက ထြက္သြားဖို႔ ျပင္ေနတုန္း ေဟးခ်န္က်ဴ းက သူ႔ကို ျပန္ေခၚလိုက္သည္။
   "  အိမ္ေတာ္ရဲ႕ သံုးေငြထဲက ယူမသြားနဲ႔ ငါ့ကိုယ္ပိုင္ေငြထဲကပဲ ယူသြားလိုက္"

    " ဟုတ္ကဲ့!"
ေကာင္းရႈလည္း အမိန္႔ကို ေဆာင္ရႊက္ရန္ ခပ္သြက္သြက္ပဲ ထြက္သြားလိုက္သည္။

   ေဟးခ်န္က်ဴ းလည္း သူ႔အေမရဲ႕ ေဆးဖိုးအတြက္ သူ႔ကိ္ုယ္ပိုင္ေငြထဲကေန တိတ္တိတ္ေလး ကူညီေပးေနတဲ့အတြက္ သူ႔ရဲ႕ ဝင္ေငြပိုင္းက္ု နည္းနည္းေတာ့ စုိးရိမ္ေနရသည္။ တကယ့္လို႔ ေငြေတာင္ႀကီးျဖစ္ေနရင္ေတာင္  အဲ့ဒါက ခဏေလးနဲ႔ ကုန္သြားေစသည္။ အခုလည္ း သူ႔ဇနီးက ဒီရက္ပိုင္းအတြင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနလို႔သာ ထိုေငြကို သံုးလိုက္ရတာျဖစ္သည္။ အေၾကာင္းမရွိပဲနဲ႔ေတာ့ သူလည္း ထိုသို႔ မလုပ္နိုင္ေပ။သူလည္း သူ႔ဇနီးေပ်ာ္ဖို႔အတြက္သာ လုပ္လိုက္ရတာ ျဖစ္သည္။

UNICODE

Chapter 62: Chillis

    သခင်မကျိူ း သူမရဲ့ယောက္ခမကြီးကို နှုတ်ဆက်ပြီးတော့ ကျင်းအန်ကတော်အဆောင်ကနေ တင်းမာနေတဲ့ မျက်နာထားဖြင့် ထွက်လာခဲ့သည်။ အနောက်က အစေခံတွေကတော့ အသက်တောင် ရဲရဲမရှူ ရဲကြပေ။

    သခင်မကျိူ းက ရုတ်တရက် ရပ်လိုက်ပြီး သူမရဲ့အနောက်က အစေခံခေါင်းဆောင်က်ု မေးလိုက်သည်။
    " ဘယ်လိုလဲ? Songtao အဆောင်က သတင်းလေးဘာလေး မရခဲ့ဘူးလား?"

အစေခံခေါင်းဆောင်ကလည်း သူမရဲ့သခင်မက စိတ်အခြေအနေမကောင်းမှန်း သိ၍ စိတ်ကို လျော့လျက် ကြောက်လန့်ခြင်းမရှိစွာနဲ့ပဲ ပြန်ဖြေလိုက်သည်။
     " သခင်မ, စိတ်မပူပါနဲ့ ။  တတိယသခင်မလေးက အရင်အတိုင်းပဲလို့ ဒီအစေခံကြားခဲ့ရပါတယ်"

   တိကျတဲ့အဖြေက်ု ကြားလိုက်မှသာ အစေခံကျိူ းရဲ့ရင်ထဲက တင်းမာမှုတို့က လျော့ကျသွားတော့သည်။
  
    ဘယ်လိုတောင် ကံကောင်းလိုက်သလဲ အဲ့ချူ းလျန်က ကိုယ်ဝန်မရသေးဘူးတဲ့လေ ။ တကယ်လ်ု့ ချူ းလျန်သာ ကိုယ်ဝန်ရပြီး အိမ်တော်အတွက် မြေးဦးလေး မွေးပေးလိုက်ရင် သူမကကော ကျင်းအန်ဆက်ခံသူရဲ့ ဇနီးဆိုတဲ့ နေရာကို ဘယ်လိုလုပ်ပြီး ထိန်းထားနိုင်တော့မှာလဲ?

  " အင်း, ကျင်းအန်ဆက်ခံသူကော ဒီနေ့ဘယ်အချိန် ပြန်လာမယ်လို့ ပြောခဲ့သေးလဲ?"

   သူမရဲ့အနောက်က အစေခံတစ်ယောက်က ပြန်ဖြေသည်။
    " ဆက်ခံသူက ဒီမနက်ကို ဟောင်လုဘုရားကျောင်းကို သွားမယ်လို့ ပြောပါတယ် ။ကြည့်ရတာတော့ အဲ့မှာ တွေ့ရမယ့် လူရှိမယ်ထင်ပါတယ် ။ သခင်ထွက်သွားတုန်းကလည်း သူ့ကို နေ့လည်စာအတွက် စောင့်မနေဖို့ မှာထားခဲ့ပါတယ်"

    " ဘာပဲဖြစ်ဖြစ် စားဖိုဆောင်ကို သူ့အတွက်လည်းပြင်ထားဖို့ ပြောလိုက်။ အဲ့လိုအပြင်က အစားအသောက်တွေက ငါတို့အိမ်တော်ကို ဘယ်လိုလူပ်ပြီး ယှဉ်နိုင်မှာတဲ့လဲ?"

  "ဟုတ်ကဲ့ပါ သခင်မလေး ။ ဒီအစေခံက အမိန့်တွေအတိုင်း လုပ်လိုက်ပါ့မယ်"

   အစေခံခေါင်းဆောင်က သခင်မကျိူ းကို တွဲကူရန် အရှေ့ကို တက်လိုက်သည်။ သူမရဲ့အသံထဲမှာ ခံစားချက်တွေပါထည့်၍ ပြောလိုက်သည်။
    " သခင်မက အမြဲတမ်း ကြင်နာတတ်တာပဲ။ ဆက်ခံသူပြန်လာတဲ့အခါကျရင် သခင်မရဲ့ဂရုစိုက်မှုတွေကို ခံစားမိမှာပါ "

   သူမရဲ့ လူယုံတော် အစေခံက အခုလိုပြောလာပေမယ့်လည်း သခင်မကျိူ းကတော့ စိတ်မသက်မသာ ဖြစ်နေတုန်းပင်။သူမရဲ့ယောက်ျားက တကယ်ကို သူမအပေါ် ကောင်းကောင်းဆက်ဆံပေးသည်။ သူမက ကျန်းမာရေးမကောင်းဖြစ်နေသော်လည်း သူမရဲ့ယောကျာ်းက ကိုယ့်ဆန္ဒကို ဖြေဖို့အတွက် အစေခံ တွေကို သုံးတယ်ဆိုတာ တခါမှမရှိဖူးပေ။ထိုကဲ့သို့ ကိုယ့်ကိုကို ထိန်းချူပ်နိုင်တဲ့ ယောကျာ်းမျိူ းကို မြို့တော်ထဲမှာဆို လက်တဖက်စာပြည့်အောင် သူမ မတွေ့ဖူးသေးပေ။

    ကျင်းအန်အိမ်တော်က ယောကျာ်းတွေအတွက် ချထားတဲ့စည်းမျဉ်းအရဆို အသက်၃၀ပြည့်လို့ သားတစ်ယောက်မရသေးရင် နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက် ထပ်ယူနိုင်တယ်တဲ့လေ။ အခုဆို သူမယောက်ျားရဲ့အသက်က ၃၀နားလည်း ကပ်တော့မယ် သားဦးလည်း မရသေးဘူးဆိုတော့..... သူတို့ရဲ့ပျော်ရွှင်ဖွယ် ချစ်ကြည်နူးဖွယ်နေ့ရက်တွေက ဒီအတိုင်းပဲ အဆုံးသတ်သွားတော့မှာလား?

   သူမတွေးလေလေ သူမရဲ့မျက်ဝန်းထဲမှာ ပူပန်မှုတွေ ပိုပြီး ထင်သာလာလေ ဖြစ်နေသည်။ ဟေးချန်ကျူ းက ကျင်းအန်ဆက်ခံသူလို့ သတ်မှတ်ခံထားရပြီးပြီ ။ သူ့မှာကော ဆက်ခံသူ သားတစ်ယောက် မရှိလို့ ဘယ်ဖြစ်မလဲ?

  ဟေးချန်ကျူ းတောင်မှ စိတ်ထဲထားမနေတာ အိမ်တော်သခင် , ကတော်နဲ့ သခင်မကြီးဟေးကကော ... စိတ်ထဲထားမနေလောက်ကြပါဘူး ။

   ချူ းလျန်လွန်ခဲ့တဲ့ရက်ထဲက အချဉ်ဖောက်ထားတဲ့ စပျစ်ဝိုင်ကတော့ သောက်လို့ရနေပြီဖြစ်သည်။ အစေခံကူက ထိုစပျစ်ဝိုင်ဗူးကိုပါ ထည့်ပေးလိုက်ကြောင်း ကြားလိုက်ရချိန်က ချူ းလျန် အနည်းငယ်တော့ စိတ်ဆိုးသွားသည်။ အခုက သူမနေ့လည်စာ စားရင်းနဲ့ ကျန်နေတဲ့ ဗူးကို သောက်နေတာဖြစ်သည်။

    ရလဒ်အနေနဲ့ကတော့ သူမ စားတာများသွားပြီး ဗိုက်ကယ်သွားသည်။ စားပြီး့ပီးချင်း အိပ်လိုက်ရင်လည်း ကျန်းမာရေးအတွက် မကောင်း၍ ချူ းလျန်လည်း ဝမ်ကျင်းနဲ့ ကျင်းယန်ကို ခေါ်ပြီး ဥယာဉ်ထဲ အစာကြေအောင် လမ်းလျှောက်ထွက်လိုက်သည်။

    ချူ းလျန်လည်း နေ့လည်ဘက်ဖြစ်၍ အမ်ုးရှိတဲ့ကော်ရစ်တာတွေကနေ လျှောက်သွားလိုက်ကာ အတွင်းဆောင်နဲ့အပြင်ဆောင်ကို ဆက်ထားတဲ့ ဝင်ပေါက်ထိရောက်သွားသည်။

   ဝင်ပေါက်နားမှာ စိုက်ထားတဲ့ ဝါးရုံတောရဲ့အရိပ်အောက်မှာ ကျောက်ထိုင်ခုံတစ်စုံစာ ခင်းကျင်းထား၍ ချူ းလျန်လည်း ခဏလေး ထိုင်နားလိုက်ပြီး ပြီးရင်တော့ အဆောင်ပြန်ပြီး တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည်။

   ချူ းလျန်ထိုင်လိုက်တာနဲ့ချက်ချင်း အပြင်ဆောင်ဘက်ကနေ ထွက်လာတဲ့ စကားပြောသံတွေကို ကြားလိုက်ရသည်။ သူမရဲ့မူလအစီအစဉ်လေးက ဒီလိုမျိူ းပဲ ပျက်သွားလိမ့်မယ်လို့ ဘယ်သူသိမှာတဲ့လဲ?

   " ဆက်ခံသူကျင်းအန်, ဒီငရုတ်သီးလှည်းအပြည့်ကြီးကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ? အဲ့ကောင်က ပြန်စရာငွေမရှိလို့ပါလို့ ပြောလိုက်တာနဲ့တင် ဒီလိုလှည်းတစီးလုံးက်ု ဝ
လိုက်တာကတော့ လွန်ပါတယ်ဗျာ!"

   " အစောင့်ခေါင်းဆောင်ကို အရင်ဆုံးလက်လွှဲထားလိုက်။ တကယ်လို့ အသုံးမဝင်ရင်တောင် အကုန်လွှင့်ပစ်လိုက်တော့။ အဲ့ကလေးက သနားစရာကောင်းလွန်းလို့ သူအိမ်ပြန်ဖို့အတွက်ကို ငါက ငွေနည်းနည်းလောက်ပေးချင်တာပါ"

   ချူ းလျန်လည်း သူတို့ပြောနေတာကို သေချာမသိလိုက်ပေမယ့် သူမခဲအိုရဲ့ အသံကြောင့် အနညးငယ်တော့ စပ်စုချင်စိတ်ဖြစ်သွားသည်။ထို့ကြောင့် သူမလည်း ဘာတွေဖြစ်နေလဲဆိုတာသိရအောင် ဝမ်ကျင်းကို သွားနားထောင်ခိုင်းလိုက်သည်။

  တခဏအတွင်းမှာပဲ ဟေးချန်ကျူ းက သူ့ရဲ့ယောက်ျားအစေခံဖြစ်တဲ့ ကောင်းရှုနဲ့အတူ အထဲကို ဝင်လာကြသည်။ ချူ းလျန်လည်း အမြန်ထနှုတ်ဆက်လိုက်သည်။

    " တတိယခယ်မလေး နေ့လည်ကြီး ဘာလို့ ဒီမှာရှိနေရတာလဲ?"

   ချူ းလျန်လည်း ပြုံးလိုက်ပြီး
   " ခဲအိုကို ပြန်ဖြေပါတယ် , နေ့လည်က ညီမ စားတာအရမ်းများသွားလို့ အစာကြေအောင် လမ်းလျှောက်ထွက်လာတာပါ ။ ညီမလည်း လျှောက်ရင်းနဲ့ ဒီက်ု ရောက်မှန်းမသိရောက်လာတာ ပြီးတော့ ခဲအိုရဲ့အသံကို ကြားလိုက်လို့ ကျွန်မရဲ့အစေခံတစ်ယောက်က်ု သွားကြည့်ခိုင်းလိုက်တာပါ ။ အကိုကြီးက ဘယ်ကနေပြန်လာတာလဲဟင်? နေ့လည်စာကော စားပြီးပြီလား?"

   ချူ းလျန်ရဲ့ပုံလေးက ချစ်စရာလေး ဖြစ်နေသည်။ အိမ်တော်ထဲကို ရောက်ခါစထဲက နာနာခံခံ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ နေခဲ့ပြီး Dingyuanအိမ်တော်မှာလည်း နမည်ကောင်းရခဲ့တဲ့အတွက် ဟေးချန်ကျူ းကတော့ သူ့ရဲ့ ခယ်မလေးအပေါ် အမြင်ကောင်းကောင်းရှိနေသည်။

   သူက အပြင်ပန်းပုံက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမယ့် အတွင်းစိတ်ထားကတော့ ကြင်နာတတ်သည်။သူ့ညီငယ်လေးရဲ့ မိန်းမဖြစ်တဲ့ ချူ းလျန်ကိုဆိုရင်တော့ သူက သူ့ရဲ့ညီမလေးတစ်ယောက်လိုတောင် ဆက်ဆံပေးမှာ ဖြစ်သည်။

   " အကို နေ့လည်စာ စားပြီးပါပြီ ။ အကို မနက်ကထဲက အပြင်မိတ်ဆွေတွေနဲ့တွေ့ရအောင် ဟောင်လုဘုရားကျောင်းကိုသွားခဲ့တာလေ... တတိယညီမလေး သိလား?
အဲ့ဒီလူတွေက တကယ်ကို ဆံပင်အနီရောင် မျက်လုံးအစိမ်းရောင်တွေ ရှိကြတာလေ!"

   ဟေးချန်ကျူ းကလည်း စိတ်ဝင်စားစွာနဲ့ ပြောနေပြီး ချူ းလျန်ကလည်း မျက်လုံးလေးတောက်ပစွာနဲ့ နားထောင်နေသည်။

   " အဲ့ဒါဆို အကိုကြီး အဲ့ဒီအပြင်လူတွေလုပ်ခဲ့တဲ့ အစားအစာတွေကို စားခဲ့တာလား?"

  " အမှန်ပဲပေါ့!"

    " သူတို့ရဲ့အစားအစာတွေက ညီမတို့ရဲ့ ဝူအင်ပါယာနဲ့ ကွာလားဟင်?"

     ချူ းလျန်ရဲ့အမေးကြောင့် ဟေးချန်ကျူ းရဲ့မျက်နာထက်မှာ ဝမ်းချူ ပ်နေတဲ့အမူအယာမျိူ းဖြစ်သွားသည်။ သူ့ရဲ့ညိုညစ်ညစ်အသားအရေနဲ့ မျက်နာဖောင်းဖောင်းတို့နဲ့ ပေါင်းလိုက်ရင်တော့ သူ့ပုံစံက နှုတ်ခမ်းဆူထားတဲ့ ဝက်ဝံလိုပဲ ဖြစ်နေသည်။ ထိုပုံက ရယ်စရာကောင်းလွန်းနေပေမယ့် ချူ းလျန်နဲ့ သူမရဲ့အစေခံ၂ယောက်ကတော့ ရယ်ချင်စိတ်ကိုသာ ထိန်းထားကြရတော့သည်။

    " အဲ့ဒီအစားအစာတွေက.....အာ.... အဲ့အကြောင်း ဆက်မပြောကြရအောင်..."

   ထိုအရသာက အရမ်းဆိုးရွှားလွန်း၍ သူလည်း ဆွဲလွှင့်ပစ်ချင်စိတ်တွေ ဖြစ်နေခဲ့တာ ဖြစ်သည်။  ထိုထူးဆန်းတဲ့ အစားအစာတွေကို စားကြည့်ပြီးနောက်မှာတော့ ဟေးချန်ကျူ းလည်း ထိုလူတွေကို သနားစိတ်ဖြစ်မိသွားသည်။
အဲ့လိုမှမဟုတ်ရင် သူလည်း ထိုအသုံးမဝင်တဲ့ ငရုတ်လှည်းတစ်စီးကို ငွေ ၁၀တုံး ပေးပြီး ဝယ်မှာ မဟုတ်ပေ။

      ထိုလူတွေပြောတဲ့ ' ဒီငရုတ်သီးတွေကလည်း အစားအစာတစ်မျိူ းပါ ' ဆိုတဲ့စကားကို ပြန်သတိရမိသွားသည်။ သို့ပေမယ့် သူနဲ့ကောင်းရှုတို့ တစ်ယောက်တစ်ကိုက်စားကြည့်လိုက်တော့ သူတို့ပါးစပ်ထဲ မီးမြှိုက်ခံလိုက်ရသလို ခံစားလိုက်ကြရသည်!သူတို့လည်း လောင်ကျွမ်းတော့မယ်လို့ ထင်ရတဲ့လျှာကို သက်သာသွားအောင် လက်ဖက်ရည်နှစ်ခွက်လောက် သောက်လိုက်ရသေးသည်။

   သိချင်စိတ်ပြင်းပျစွာနဲ့ အရောင်တောက်နေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ရဲ့ ခယ်မလေးကြောင့် ဟေးချန်ကျူ းလည်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။

  " အမှန်ပဲ အကိုကြီး အဲ့ဒီလူတွေဆီကနေ တခုခု ဝယ်ခဲ့တယ် သူတို့ပြောတာတော့...
အဲ့ဒါက အစားအစာတစ်မျိူ းပဲတဲ့ ။ တတိယညီမလေးကော ကြည့်ချင်သေးလား?"

  ချူ းလျန်က အတော့်အတော်ကို စပ်စုချင်စိတ်တွေ ပျင်းပြနေတာ ဖြစ်တဲ့အတွက် သူမက ဘယ်လိုလုပ်ပြီး ငြင်းမှာတဲ့လဲ?

  ထို့ကြောင့် သူမလည်း ဟေးချန်ကျူ းအနောက်ကနေ အပြင်ဆောင်အပေါက်ကို လိုက်သွားလိုက်သည်။ဟေးချန်ကျူ းက သူ့အစေခံ၂ယောက်ကို လှည်းပေါ်က ကုန်ပစ္စည်းတွေကို ချဖို့ လက်ဟန်ပြလိုက်သည်။ ဟေးချန်ကျူ းက ဦးဆောင်ခေါ်သွားပြီး အိတ်တလုံးကို ဖောက်ပြီး ချူ းလျန်ကို ပြလိုက်သည်။

  ချူ းလျန်လည်း ချောင်းကြည့်လိုက်တော့ ငရုတ်ခြောက်တွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။ ငရုတ်တွေက အနီရဲရဲနဲ့ အရောင်ကောင်းပြီး သေးသေးလုံးလံူးလေးတွေ ဖြစ်သည်။ ချစ်စရာလေးတွေ!

  ချူ းလျန် ပုံမှန်အတိုင်းပဲ နေဖို့ကြိုးစားပေမယ့်လည်း စိတ်လှုပ်ရှားနေတာက်ုတော့ မရပ်တန့်နိုင်ဖြစ်နေသည်။
     "အကိုကြီး ... ဒါက ဘာတွေလဲဟင်?"

  ဟေးချန်ကျူ းကတော့ ထိုကုန်စည်ကို အသုံးဝင်တယ်လို့ ထင်မနေပေ။ သူက အိတ်ကိုပြန်ပိတ်လိုက်ပြီး လှည်းပေါ် ပြစ်တင်လိုက်သည်။
   " အကို့က်ု ရောင်းခဲ့တဲ့လူပြောတာတော့ ဒါကို ငရုတ်သီး လို့ခေါ်တယ်တဲ့"

   ချူ းလျန်လည်း မသိလိုက်စွာနဲ့ တံထွေးမျိူ ချမိလိုက်သည် ။
   " အမ်..ညီမသိချင်တာက... အကိုကြီးက ဒီငရုတ်သီးလေးနည်းနည်းလောက်ကို ညီမကို ပေးနိုင်မလားဟင်? ညီမဒီဟာကို ဟင်းချက်တဲ့အခါကျရင် သုံးချင်လို့ပါ"

ချက်ရင်သံူးမလို့?

  ချူ းလျန်က အစားအသောက်အကြောင်း ပြောလာမှ ရှေ့ရက်တွေက ချူ းလျန်လုပ်တဲ့ မုန့်အချိူ့ကို သတိရသွားသည်။ဘာပဲဖြစ်ဖြစ် သူ့အတွက်ဆို ဒီငရုတ်သီးတွေက အသုံးဝင်တာမဟုတ်တော့ ချူ းလျန်ကို ဘာလို့ မပေးလိုက်နိုင်ရမှာလဲ?

  " တတိယညီမလေး လိုချင်ရင် အကုန်ယူလို့ရပါတယ် ဒီဟာတွေက အကို့အတွက် အသုံးမဝင်ဘူးလေ"

    ချူ းလျန်လည်း သူမရဲ့ခဲအိုက အခုလိုကြီး ရက်ရက်ရောရောနဲ့ အကုန်လုံးပေးလာမယ် မထင်မိထား၍ နည်းနည်းတော့ ရှော့ဖြစ်သွားသည်။ သူမက ငြင်းချင်ပေမယ့်လည်း ဟေးချန်ကျူ းရဲ့ အစေခံက ပြောလာသည်။
   " တတိယသခင်မလေး ဒီငရုတ်သီးတွေက အရမ်းကြီးတန်ဖိုးရှိတာ မဟုတ်ပါဘုူး ; အဲ့တာတွေက နိုင်ငံခြားသား လူငယ်တစ်ယောက် လာရောင်းတဲ့ ကုန်စည်လေးပါပဲ ။ သူက ဈေးကောင်းကောင်းနဲ့ ရောင်းချင်ပေမယ့် ဝယ်တဲ့သူက တစ်ယောက်မှ မရှိဘူးလေ ။ သူက အိမ်ကိုပြန်ချင်နေတဲ့အတွက် ဆက်ခံသူကို အကူအညီတောင်းခဲ့တာလေ ။ ဆက်ခံသူကလည်း သူ့ကို သနားသွားပြီး ငွေတုံးအနည်းငယ်နဲ့ သူအိမ်ပြန်လို့ရအောင် ကူညီလိုက်တာပါ။ ဒီငရုတ်လှည်းကတော့ အပိုပစ္စည်းဖြစ်ရုံပါပဲ ။ သခင်မလေးသာ ဒါတွေကို မယူရင် အစောင့်ခေါင်းဆောင်ကလည်း လွှင့်ပစ်မှာပါပဲ!"

   ချူ းလျန်ကတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။ အဲ့ဒီနိုင်ငံခြားသားက ရတဲ့ပိုက်ဆံပဲ ယူလိုက်ရတာ အံ့ဩစရာမရှိတော့ပါဘူးလေ ဒီကလူတွေဘယ်သူကမှ ဒီလိုဟင်းချက်တဲ့အခါ သုံးရတဲ့ ပစ္စည်းကောင်းကို မသိကြဘူးကိုး။

  အခုလို ထိုငရုတ်သီးတွေကို အလကားရလိုက်တော့လည်း ချူ းလျန်ငြင်းမနေတော့ပေ ။ အမှန်အတိုင်းပြောရမယ်ဆိုရင်လည်း ဒီငရုတ်တွေက သူမလက်ထဲရောက်မှပဲ အသုံးဝင်မှာလေ။

   " ဒါဆို ခဲအိုက်ု ကျေးဇူးတင်ပါတယ် ။ ညီမ ဒီငရုတ်သီးပါတဲ့ ဟင်းလျာချက်တိုင်း အကိုကြီးကိုလည်း ပို့ပေးပါ့မယ်!"

  " ဒါဆိုလည်း အဲ့ဒါကသဘောတူညီချက် ဖြစ်သွားပြီနော် ။ကောင်းရှု အစေခံနှစ်ယောက်ကို ခေါ်ပြီး ဒီငရုတ်သီးတွေအကုန် Songtaoအဆောင်ကို ပို့ခိုင်းလိုက်"

   ထိုအပိုပစ္စည်းသက်သက်ပဲ ဖြစ်တဲ့ ငရုတ်သီးတွေကို ပေးပြီးတဲ့အချိန်မှာတော့ ဟေးချန်ကျူ းလည်း ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူလည်း သူ့အဆောင်ကိုသူ ပြန်လိုက်တော့သည်။

  ဒါပေါ့ သခင်မကျိူ းကတော့ အဲ့အကြောင်းကို သိနေပြီးပြီပေါ့။ သခင်မကျိူ းက အပြင်ဧည့်ဆောင်မှာ မျက်နာမသာမယာနဲ့ ထိုင်နေသည်။
ဟေးချန်ကျူ း ဝင်လာတော့ သူ့မိန်းမ မျက်နာ မကောင်းတာကို ချက်ချငိးသိလိုက်သည်။သူလည်း သခင်မကျိူ းရဲ့ ဘေးနားမှာပဲ ဝင်ထိုင်လိုက်သည်။
    " ယန်ကျင်း, ဘာဖြစ်လို့လဲ? အဲ့ဒီအရူးအစေခံတွေက မင်းကို ဒေါသထွက်အောင် လုပ်လိုက်တာလား?"

    ထိုစကားကြောင့် သခင်မကျိူ းမှာ ပိုပြီးတောင် ဒေါသဖြစ်လာသော်လည်း သူမရဲ့ချစ်ခင်ပွန်းကိုတော့ အပြစ်မမြင်ရကိပေ။ သူမရဲ့ စိတ်ကိုတတ်နိုင်သမျှ ထိန်းချူပ်လိုက်ပြီးမှ တိုးတိုးညှင်းညှင်းပဲ မေးလိုက်သည် ။
   " ယောကျာ်း , ရှင် ဒီနေ့ ဟောင်လုဘုရားကျောင်းကနေ သေတ္တာအပြည့်တခုခုကို သယ်ခဲ့တယ်မလား?"

   ဟေးချန်ကျူ းရဲ့ပုံက ကြမ်းကြမ်းတမ်းတမ်း ယောကျာ်းကြီးလို ဖြစ်နေသော်လည်း ထိုစကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို မမြင်တတ်တာတော့ မဟုတ်ပေ။ ထို့ကြောင့် သူလည်း သူ့မိန်းမရဲ့ အတွေးချော်နေပုံကို ချက်ချင်း သတိပြုမိလိုက်သည်။

   "အို မင်း! မင်းဘာတွေ တွေးနေတာလဲ? အဲ့ဒါတွေက အခြားနိုင်ငံက ကလေးတယောက် ရဲ့ ရောင်းမရတဲ့ ကုန်စည်သက်သက်ပဲ။ သူလည်း ဒီမြို့တော်ထိရောက်အောင် သယ်လာပြီး ရောင်းပေမယ့် နှစ်ဝက်တိတိရှိပြီ ရောင်းမထွက်လို့ဆိုလို့ ငါလည်း သူ့ကိုသနားပြီး ငွေ၁၀တုံးနဲ့ဝယ်ပြီး လမ်းစရိတ်ပေးလိုက်တဲ့သဘောပဲ"

  သခင်မကျိူ းလည်း ထိုအခါမှ စိတ်သက်သာရာ ရသွားသည် ။
    "အဲ့ဒါတွေက ဘာတွေလဲ?"

  " ငရုတ်သီးတွေ"

မိန်းမကတွေ နည်းနည်းဖြစ်ဖြစ်တော့ စိတ်သဘောထား ကျဉ်းမြောင်းကြသည်။ Dingyuanလိုအိမ်တော်ကြီးမှာ ကြီးပျင်းခဲ့တဲ့ သခင်မကျူိ းကလည်း ခြွင်းချက်တော့ မဟုတ်ပေ။

   သူမက ဟေးချန်ကျူ းကို အသာထုလိုက်ပြီးမှ
   "အဲ့ဒါဖြစ်ရင်တောင်မှပဲ ရှင် တတိယယောင်းမလေးကို အကုန်မပေးလိုက်သင့်ဘူးလေ!"

   " ကိုယ်က သူ့ကိုမပေးလိုက်ရဘူးဆိုရင်ကော လွှင့်ပစ်လိုက်ရမှာလား? ကိုယ်လည်း အဲ့ဒါတွေကို ဘယ်မှာသုံးရမှန်းမသိသလို မင်းလည်း မသိဘူးလေ။ ကိုယ်တို့ အဲ့ဒါတွေကို သိမ်းထားရင်တောင် ဖြုန်းတီးပစ်ရာပဲ ကျမှာပဲ ။ အဲ့ဒါက ငွေ၁၀တုံးလေးပါပဲ , ဘာလို့ ဂရုစိုက်နေရအုံးမှာလဲ?"

  သခင်မကျိူ းလည်း ဆက်မငြင်းနိုင်တော့၍ ဟေးချန်ကျူ းကို ကျောခိုင်းလိုက်သည်။

  " ကောင်းပါပြီ ကောင်းပါပြီဗျာ , ယန်ကျင်း , ကိုယ် မနက်ဖြန်ကျရင် မင်းအတွက် ဝတ်စုံတစ်ထည်ဝယ်လာခဲ့ပါ့မယ် အဲ့လိုဆိုရင်ကော? အဲ့ဒါက ကျင်းရှီကထုတ်တဲ့ နောက်ဆုံးပေါ်ပုံပဲနော်။ မင်းအတွက်ဆိုပြီး အရင်ရက်တွေထဲက ကိုယ်မှာထားတာ ။ အခုတော့ အဲ့ဒါက ပြီးလောက်ပါပြီ"

  သခင်မကျိူ းလည်း ထိုအခါမှပဲ တနေ့လုံး တင်းမာနေတဲ့စိတ်တွေ ဖြေလျော့သွားတော့သည်။ ကျင်းစီကလည်း တော်ဝင်မျိူ းနွယ်တွေသာအများဆုံး သွားလေ့ရှိတဲ့ ဈေးကြီးတဲ့ ဆိုင်ဖြစ်သည်လေ။ ဟေးချန်ကျူ းလည်း သူ့မိန်းမနဲ့ နေ့လည်စာ နည်းနည်းလောက် စားပြီးမှ သူ့အစေခံ ကောင်းရှုနဲ့အတူ စာကြည့်ဆောင်ကို ထွက်သွားလိုက်သည်။

   ဟေးချန်ကျူ းက စာကြည့်စားပွဲမှာ ထိုင်လိုက်ပြီးမှ ညွှန်ကြားလိုက်သည်။
     "ကောင်းရှု , ကျင်းစီဆိုင်ကို ငွေတုံး၁၀၀ ပေးပြီး  ဝတ်ရုံကို ချက်ချင်း ချူပ်ပြီး ယူလာခဲ့။ ပြီးတော့ ဆိုင်ရှင်ကို ပြောလိုက် ဘာအမှားမှမလိုချင်ဘူးလို့"

   ကောင်းရှုက ထွက်သွားဖို့ ပြင်နေတုန်း ဟေးချန်ကျူ းက သူ့ကို ပြန်ခေါ်လိုက်သည်။
   "  အိမ်တော်ရဲ့ သုံးငွေထဲက ယူမသွားနဲ့ ငါ့ကိုယ်ပိုင်ငွေထဲကပဲ ယူသွားလိုက်"

    " ဟုတ်ကဲ့!"
ကောင်းရှုလည်း အမိန့်ကို ဆောင်ရွှက်ရန် ခပ်သွက်သွက်ပဲ ထွက်သွားလိုက်သည်။

   ဟေးချန်ကျူ းလည်း သူ့အမေရဲ့ ဆေးဖိုးအတွက် သူ့ကိုယ်ပိုင်ငွေထဲကနေ တိတ်တိတ်လေး ကူညီပေးနေတဲ့အတွက် သူ့ရဲ့ ဝင်ငွေပိုင်းက်ု နည်းနည်းတော့ စိုးရိမ်နေရသည်။ တကယ့်လို့ ငွေတောင်ကြီးဖြစ်နေရင်တောင်  အဲ့ဒါက ခဏလေးနဲ့ ကုန်သွားစေသည်။ အခုလည် း သူ့ဇနီးက ဒီရက်ပိုင်းအတွင်းမှာ မပျော်မရွှင်ဖြစ်နေလို့သာ ထိုငွေကို သုံးလိုက်ရတာဖြစ်သည်။ အကြောင်းမရှိပဲနဲ့တော့ သူလည်း ထိုသို့ မလုပ်နိုင်ပေ။သူလည်း သူ့ဇနီးပျော်ဖို့အတွက်သာ လုပ်လိုက်ရတာ ဖြစ်သည်။

Continuă lectura

O să-ți placă și

65.4K 16K 4
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
9.9M 750K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
9.6K 661 49
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
11.6K 906 31
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...